← Chapters

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

အခန်း (၂၅၀) ဖော့ကျောင်း ဆရာသခင်ကျင်းယန်နှင့် ယခင်နေ့ရက်ဟောင်းများ

လုကျိုး၏ တပည့်များက သူ့စကား ဆိုလိုရင်းကို တန်းသိကြလေသည်။

ပထမဆုံး လှုပ်ရှားလာသူက အချိန်အတော်ကြာ သူ့ဘာသာ ထိန်းထားခဲ့ရသည့် တွမ့်မူရှန်း ဖြစ်၏။ သူက လက်မောင်းမြောက်ကာ နယ်ရှင်လှံကို အားအပြည့်ဖြင့် ဝေ့ယမ်းလိုက်သည်။

နယ်ရှင်လှံကို စွမ်းအားများ ရစ်ပတ်လာကာ လေထဲ လွင့်ထွက်သွားသောကြောင့် လှံဖျားက အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

မျက်လုံးပါသည့်သူတိုင်း ကောင်းကင်အဆင့် လက်နက်က မည်မျှအံ့ဩဖို့ကောင်းကြောင်း အလွယ်တကူ မြင်တွေ့နိုင်သည်။

ကောင်းကင်အဆင့် လက်နက်များကို အဆင့်ပြန်ခွဲနိုင်သည်။ သို့သော်လည်း အဆင့်များက နည်းနည်း ဝေဝါးနေသည်။ ကောင်းကင်အဆင့် လက်နက်များ၏ အဆင့်ကွာခြားချက်ကို ယွီရှန်းရုန်၏ သက်တော်ရှည်ဓားက ကျို့ဖင်း၏ အမြွှာဓားနှစ်လက်ကို ချိုးပစ်နိုင်သည်ကို ကြည့်၍ သိသာလေသည်။ ထိုအရာမှလွဲ၍ ကောင်းကင်အဆင့် လက်နက်များ၏ အင်အားက သူတို့ကိုင်ဆောင်သူ အင်အားဖြင့် ဆုံးဖြတ်နိုင်သည်။ ပွင့်ချပ်တစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူနှင့် ယှဉ်လိုက်လျှင် ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူက ကောင်းကင်အဆင့် လက်နက် ကိုင်ဆောင်လျှင် ပိုစွမ်းအားကြီးပေသည်။

တွမ့်မူရှန်း သူ့နယ်ရှင်လှံ ပစ်လွှတ်လိုက်သည့်အခါ လူအုပ်ကြီးဆီမှ အားပေးသံများ ထွက်လာသည်။

ဘန်း …

နယ်ရှင်လှံက ဖော့ကျောင်းဆရာသခင် ၀ူညန်နှင့် သုံးပေအကွာရှိ စကျင်ကျောက် ကြမ်းပြင်တွင် ထိုးစိုက်သွားသည်။

စကျင်ကျောက် ကြမ်းပြင်က အက်ကွဲကာ ဆယ်မီတာလောက် ပျံ့နှံသွားသည်။

ထိုစဉ် ရှောင်ယွမ်အာက နိဗာနခါးစည်းကို ထုတ်လိုက်သည်။ ထိုအရာက ကော်ဇောနီလိုမျိုး ထွက်လာသည်။ သူမက ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရင်း သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

မင်ရှစ်ရင်က စိတ်အေးလက်အေးဖြင့် မိုးထိအောင် ထောင်မတ်ထားသည့် တိုင်လုံးတစ်လုံးဆီ လျှောက်လာကာ ခွဲခွာချိတ်ကောက်ဖြင့် ထိုးချလိုက်သည်။ သူ့မျက်နှာအထက် အထင်သေးသည့် အပြုံးမျိုး ရှိနေသည်။

ပွဲကြည့်သူများက ထပ်အော်လိုက်ကြပြန်သည်။ သူတို့ပြိုင်ဘက်၏ ဇာစ်မြစ်ကြောင့် လူအုပ်ကြီးက အတော်လေး ဒေါသထွက်နေကြသည်။ ကောင်းကင်ဓားဂိုဏ်း၏ ရွံရှာဖွယ် ပြစ်မှုများကို သိပြီးနောက် သူတို့က တိမ်တောက်ရှိုးနွီမကျောင်းမှ ဟန်ဆောင်ပန်ဆောင် ရှိုးနွီများကို မရွံ့ဘဲ မနေနိုင်တော့ပေ။

၀ူညန်က နားမလည်စွာဖြင့် “အောမိတောဖော … ဒကာကြီး ဒါက ဘာအဓိပ္ပာယ်လဲ ”

လုကျိုးက ၀ူညန်ကို အထင်တသေး နှိမ့်ချကြည့်ပြီးနောက် မြင်းမြီးတုတ်ကို ကြည့်လိုက်သည်။

“ ခင်ဗျား ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီးတော့ ကျောက်စိမ်း မြင်းမြီးတုတ်ကို ထားပြီး ထွက်သွားချည် ”

ဖော့ကျောင်းဆရာသခင် ၀ူညန် “ … ”

လုကျိုးက အလျင်မလိုသည့် လေသံဖြင့် ပြောလိုက်သည်။ သူ့လေသံက ပေါ့ပါးခြင်း မရှိသလို လေးနက်ခြင်းလည်း မရှိချေ။ သူက အရေးမပါသည့် တစ်ခုခုကို ပြောနေသလိုမျိုး ဖြစ်၏။ သူ့အဆင့်အတန်းကြောင့်လေလား သူ စကားပြောလိုက်သည့်အခါ အားလုံးက တိတ်ဆိတ်သွားသည်။ ချီစွမ်းအားကို အသုံးမပြုဘဲဖြင့် အားလုံးက သူ့စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“ ဒကာကြီး တိမ်တောက်ရှိုးနွီမကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်ငြိုးမရှိပါဘူး။ ဘာလို့များ ခက်ခဲအောင် လုပ်ချင်ရတာလဲ” ၀ူညန်က ရိုးသားစွာ မေးလိုက်သည်။

လုကျိုးက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ သူက သူမကို ဘာမှမဖျော်ဖြေပေးချင်ပေ။ ထို့အစား သူက မေးလိုက်သည်။

“ကျင်းယန်က ဘာမှမပြောလိုက်ဘူးလား ”

၀ူညန်က စိတ်ရှုပ်သွားလေသည်။ သူမ အလိုလိုသိစိတ်က မိစ္ဆာဝေဟင်မျှော်နန်းသခင်သည် သူမဆရာ ကျင်းယန်နှင့် ထူးကဲသည့် ဆက်ဆံရေးမျိုး ရှိကြောင်း ပြောပြနေသည်။ သူမ ငယ်ရွယ်စဉ်ကတည်းက တိမ်တောက်ရှိုးနွီကျောင်းသို့ ဝင်ရောက်ခဲ့ပြီး ကြီးပြင်းလာခဲ့သည်။ သူမက ကျင်းယန်၏ သင်ပြမှုကို ရာစုနှစ် တစ်ခုလောက် ခံယူခဲ့သော်လည်း သူမ ဆရာသည် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ပြောသည်ကို မကြားဖူးပေ။ အဆုံးသတ်၌ သူမက လက်အုပ်တစ်ဖက်ချီကာ “ ဒကာကြီးရဲ့ စကားတွေကို သိပ်နားမလည်ပါဘူး။ ကျေးဇူးပြုပြီး ရှင်းပြပေးပါ ”

လုကျိုးက ပြောလိုက်သည်။ “ အယုတ်တမာ ”

ဤသည်မှာ ကျိထျန်းတောက်၏ မှတ်ဉာဏ်တစ်ခုကို ပြန်မြင်လိုက်ရသည်။ သူက အတိတ်တုန်းက အဖြစ်အပျက်ကို ပြန်မှတ်မိသွားပြီး အချိန်နှင့် လူများ ပြောင်းလဲသွားသော်လည်း တချို့အရာများက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။

“ ဒကာကြီး ဘာလို့ကျိန်ဆဲနေရတာပါလဲ ”

ရှိုးနွီ ဆယ်ယောက်က ရှေ့တိုးလာကာ ၀ူညန်နား ဝိုင်းလာကြသည်။

သူမ အဝိုင်းခံရသည့်အခါ ၀ူညန်က စတင် ရွတ်ဖတ်တော့သည်။

ရှိုးနွီဆယ်ယောက်သည်လည်း လက်အုပ်ချီကာ စတင် ရွတ်ဖတ်ကြသည်။

၀ူညန်က တိမ်ခွင်းရထားလုံးပျံပေါ်တွင် ရှိနေသည့် လုကျိုးအား ဦးညွှတ်ကာ ပြောလိုက်သည်။

“ ရှင်နဲ့ ဆရာကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး ရှိနေမှန်း မသိပေမဲ့ ကျွန်မ အပြစ်မဲ့တာတော့ သိတယ်။ တကယ်လို့ ရှင်သာ ဆန္ဒရှိမယ်ဆိုရင် ဒီကိစ္စအကြောင်း‌ ဆွေးနွေးဖို့ တိမ်တောက်ရှိုးနွီမကျောင်းဆီ ဖိတ်ခေါ်ချင်ပါတယ်။ နှုတ်ဆက်ပါတယ် ”

ဘန်း

ရှိုးနွီများ ခြေထောက်အောက်မှ အလင်းစက်ဝန်း တောက်ပလာသည်။ ဤသည်မှာ အဆင့်မြင့် တောက်ပကြေးမုံ ဖြစ်၏။ သူတို့က အသုံးပြုသူနှင့်အတူ ရွေ့လျားသွားလာနိုင်ကြသည်။ အစိမ်းရောင် အလင်စက်ဝန်းတွင် ရှုပ်ထွေးသည့် သင်္ကေတများ ရှိပြီး ထူးကဲသည့် စွမ်းအားကို ထုတ်လွှင့်နေသည်။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းများ၌ အများဆုံး တွေ့ရလေ့ရှိပြီး အခက်ခဲဆုံး နည်းစနစ် ဖြစ်ပေသည်။

၁၁ ယောက်လုံး လေထဲ ရောက်သွားကြသည်။ ၀ူညန်ကို ဗဟိုထားကာ အလင်းစက်ဝန်းက အားလုံးကို ခြုံလွှမ်းထားလေသည်။

တွမ့်မူရှန်းလည်း လေထဲ ပျံသန်းလာသည်။ မြေပေါ်မှ နယ်ရှင်လှံကို စွမ်းအားတချို့ဖြင့် ဆွဲနှုတ်လိုက်သည်။ ထိုအရာက တုန်ခါကာ သူ့လက်ထဲ ပြန်ရောက်လာသည်။

ဝှစ်

တွမ့်မူရှန်းက သည်းခံထားရသည် များလာပြီဖြစ်ရာ ရှိုးနွီများဆီ တန်းသွားလိုက်သည်။

ထိုအရာကို မြင်ပြီး ၀ူညန်က ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး “ အဲဒါ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တတိယမြောက် တပည့် တွမ့်မူရှန်းပဲ။ သူက နတ်ဒေဝါထိပ်သီးကျင့်စဉ်ကို ကျင့်ကြံပြီးတော့ ခက်ထန်တယ်လို့ ကြားတယ်။ ဒီနေ့ မြင်ရသလောက် သူ့ဂုဏ်သတင်းနဲ့ ကိုက်ညီသားပဲ ”

အလင်းစက်ဝန်းများက တောက်ပလာသည်။

နယ်ရှင်လှံက စက်ဝန်းနှင့် ထိသွားသော်လည်း ရှိုးနွီ ၁၁ ယောက်က လေထဲ ဆက်လက် ပျံတက်သွားသည်။

တွမ့်မူရှန်းက သူတို့အား စိုက်ကြည့်ကာ “ ဒုက္ခမိုင်တစ်ရာရှုကွင်း”

သူ့ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာသည်။ ပွင့်ချပ်နှစ်လွှာက မြန်မြန်ဆန်ဆန် ပွင့်လန်းလာကြသောကြောင့် ပုံရိပ်ပွားများ ဖြစ်လာကာ ပွင့်ချပ်ဆယ်လွှာက တစ်သားတည်းအဖြစ် ပေါင်းစပ်သွားသလို ထင်မှတ်ရစေသည်။

၀ူညန်က မျက်မှောင်အသာကြုတ်ကာ “ အောမိတောဖော .. ချိုးဖျက်ခြင်း ”

ကျောက်စိမ်း မြင်းမြီးတုတ်က ဖျတ်ခနဲ လင်းလက်သွားသည်။ စက်ဝန်းမှ သိပ်သည်းလွန်းသည့် စွမ်းအားအစက်များက မိုးသဖွယ် ရွာသွန်းလာသည်။

ရှိုးနွီ ဆယ်ယောက်လည်း ကျယ်ကျယ်လောင်လောင် ရွတ်ဖတ်လိုက်ကြသည်။

ဗုဒ္ဓဂိုဏ်းက တစ်ယောက်ယောက်က ဒီလိုမျိုး အပြုအမူနှင့် တိုက်ခိုက်သည်ကို မြင်ရဖို့ ရှားလှသည်။ ပွဲကြည့်သူများက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ တတိယမြောက် တပည့် တွမ့်မူရှန်းအပေါ် အာရုံစိုက်ထားကြသည်။

တွမ့်မူရှန်းက နယ်ရှင်လှံကို မြှောက်လိုက်သည်။

ဘန်း ဘန်း ဘန်း

သူက စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် စွမ်းအားမိုးစက်များကို ဖယ်ရှားလိုက်သော်လည်း တန်ပြန်အားကြောင့် လေထဲမှ ဆင်းသက်လိုက်ရသည်။

ဝုန်း

တွမ့်မူရှန်း၏ ခြေဖျား စကျင်ကျောက် ကြမ်းပြင်ကို ထိတွေ့လိုက်သည်နှင့် ပေါက်ကွဲသံကျယ်ကြီး ထွက်လာကာ အကျိုးအပဲ့များက နေရာအနှံ့ လွှင့်စင်သွားသည်။ စကျင်ကျောက် မျက်နှာပြင်က အက်ကြောင်း ပြည့်လုနီးပါး ဖြစ်နေသည်။

ပွဲကြည့်သူများလည်း နောက်ဆုတ်ပြီးကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

“ ကျွန်မကို ခွင့်ပြုပါ ” ဟွားယွဲ့ရှင်းက လက်မြှောက်လိုက်ပြီး စွမ်းအားမြားကို ဖွဲ့စည်းလိုက်သည်။ ပေါ့ပါးသွက်လက်သည့် လှုပ်ရှားမှုများဖြင့် သူမက မြားတစ်စင်း ပစ်လွှတ်လိုက်သည်။

ဝုန်း

စက်ဝန်းက ဟွားယွဲ့ရှင်း၏ မြားကို ကာဆီးပေးထားသည်။

“ သူတို့မှာ လေးသမားရော ရှိတာလား”

“ မိစ္ဆာဝေဟင်မျှော်နန်းက အရမ်းအားကောင်းတာပဲ ”

“ မြားက ဗုဒ္ဓတောက်ပကြေးမုံကို မထိုးဖောက်နိုင်ပေမဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် ကျင့်ကြံသူပဲ ဒီလိုမျိုး ပစ်ခတ်နိုင်မှာ ”

လူအုပ်ကြီး၏ အသံ လွင့်ပြယ်သွားသည်နှင့် နောက်ထပ် မြားဆယ်စင်း ပစ်လွှတ်လိုက်သည်။ သူတို့က လေထဲ ရွှေရောင်အလင်းတန်း ဆယ်ခုနှင့် ဆင်နေသည်။

ထိုစဉ် ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်က ရှိုးနွီများဆီ လျှပ်စီးလို အလျှင်ဖြင့် တဟုန်ထိုး ချီတက်လိုက်ကြသည်။

အနီတောက်တောက် နိဗာနခါးစည်းက ပွင့်လန်းလာသည့် နှင်းဆီပန်းလို ဖြစ်ကာ အာရုံဖမ်းစားနိုင်လွန်းသည်။

မင်ရှစ်ရင် မျက်နှာအထက် ဆုံးဖြတ်ချက် ချထားသည့် သွင်ပြင်မျိုး ရှိနေသည်။ သူ့လက်ထဲတွင် ခွဲခွာချိတ်ကောက်ကို ကိုင်ဆောင်ထား၏။

ထိုအရာကို မြင်ပြီး ၀ူညန်က ဆူလိုက်သည် “အောမိတောဖော … ဒကာတို့ တောင်းဆိုတာပဲ … ”

ဗုဒ္ဓစည်းတံဆိပ် လေးခုက ကျောက်စိမ်းမြင်းမြီးတုတ်မှ ထွက်ပေါ်လာသည်။

ရှိုးနွီဆယ်ယောက်တို့က အစီအရင်ပုံစံ ဖြန့်ကျက်ကာ စက်ဝိုင်းကြီး ပုံစံ ဖွဲ့လိုက်ကြသည်။ အလင်းစက်ဝန်းက သူတို့လှုပ်ရှားမှုနောက် လိုက်ပါလာကာ ကြီးမားလာသည်။ ထိုစဉ် ထိုအရာက ပဒုမ္မာစင်မြင့် ဗဟိုကို ဖုံးလွှမ်းသွားလေသည်။ ထိုစက်ဝန်းမှ စွမ်းအားများ ထွက်ပေါ်လာ၏။

“ လောကီချောက်နက်ကြီးက အဆုံးအစမရှိဘူး ”

စွမ်းအားလှိုင်းက လှိုင်းလုံးကြီးလိုမျိုး လိမ့်ထွက်လာသည်။ ရွတ်ဖတ်သံများက လေထဲ ဝမ်းနည်းသည့် ခံစားချက်တို့ကို ဆောင်ကျဉ်းလာသည်။ ထိုခံစားချက်များအတွင်း ပိတ်မိသွားသူများက သူတို့ဘာသာ ရုန်းထွက်ဖို့ အခက်တွေ့နေကြသည်။

ဟွားဝူတောက်က ထရပ်တော့မည်ဆဲဆဲတွင် လုကျိုးက လက်မြောက်ကာ ပြောလိုက်သည်။

“ ငါ စထားမှတော့ ငါပဲ အဆုံးသတ်ပေးရမယ် ”

ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။

ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့ကို စွမ်းအားခြုံလွှမ်းထားသောကြောင့် နည်းနည်းလေးမှ မလှုပ်ရှားနိုင်ပေ။ လုကျိုးက တိမ်ခွင်းရထားလုံးပျံမှ ထွက်လာလိုက်သည်။

အားလုံးက လုကျိုးကို လှည့်ကြည့်လိုက်ကြ၏။

လုကျိုး လက်မြောက်လိုက်သည့်အခါက သူ့အရှိန်အဝါသည် အားကောင်းနေပုံ မပေါ်သော်လည်း “အရိုင်းအစိုင်းတွေ”

သူ့လေသံက အားပြင်းလှပြီး အသံလှိုင်းက ပဒုမ္မာစင်မြင့်အထိ ပျံ့နှံ့သွားသည်။

၀ူညန်တို့ဆီလည်း ရောက်ရှိသွားသည်။ သူတို့က လုကျိုး သူတို့ဆီ လျှောက်လာသည်ကို မြင်လိုက်ရသည့်အခါ စိတ်မသက်မသာ ဖြစ်လာမိသည်။

မိစ္ဆာဝေဟင်မျှော်နန်းသခင်က လှုပ်ရှားတော့မှာပဲ …

လုကျိုးက အင်္ကျီလက်ဖျားကို ခါလိုက်သည်။ သူက လက်ဝါးချက် အသာရိုက်ထုတ်လိုက်၏။

….

အခန်း (၂၅၀) ဖော့ကျောင်း ဆရာသခင်ကျင်းယန်နှင့် ယခင်နေ့ရက်ဟောင်းများ (ခ)

ချီစွမ်းအား စုဝေးသွားသောကြောင့် လေထဲ တရှဲရှဲ အသံမြည်သွားစေသည်။ လုကျိုးရှေ့ရှိ လေက တွန့်လိမ့်သွားလေသည်။

ထိုစဉ် လက်ဖဝါးအရွယ် ချုပ်နှောင်ခြင်း စာလုံးက ပေါ်ထွက်လာသည်။

လူအုပ်ကြားတွင် ဗဟုသုတကြွယ်ဝသူများ ပါကြသောကြောင့် ထိုသူတို့က ဒီစာလုံးကို တန်းသိလိုက်ကြသည်။

“ချုပ်နှောင်ရေး မန္တန် “

ချုပ်နှောင်ရေး မန္တန်က ရှိုးနွီများဆီ ဟွားယွဲ့ရှင်း၏ မြားထက် မြန်ဆန်သော အလျှင်နှုန်းဖြင့် ဝင်ရောက်သွားသည်။ အရွယ်အစား ပြောင်းလဲခြင်း မရှိသလို အလင်းတန်းလည်း မထွက်လာပေ။

ဘန်း

စာလုံးက ကြယ်တံခွန်အလား ကျဆင်းလာကာ အလင်းစက်ဝန်းအား အခက်အခဲမရှိ ချိုးဖောက်သွားသည်။

“ဘယ် …ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

၀ူညန်က မတုံ့ပြန်နိုင်ခင် ချုပ်နှောင်ရေး မန္တန်က သူမအပေါ် ကျရောက်လာသည်။ သူမက ရွတ်ဆိုမှု ချက်ချင်း ရပ်တန့်လိုက်ရ၏။

အလင်းစက်ဝန်းသည် စွမ်းအားအမြောက်အများ လိုအပ်သောကြောင့် ရှိုးနွီ ဆယ်ယောက်လည်း စက်ဝန်းကို ဆက်မထိန်းထားနိုင်တော့ပေ။ သူတို့အစီအရင်က ချက်ချင်းဆိုသလို ပြိုလဲသွားသည်။

ဉာဏ်အလင်းပွင့်ခြင်းဆိုတာက ဒြပ်ထည် မရှိသလို ကြည်လင်နေတဲ့ နှလုံးသားလည်း အတူတူပါပဲ …

ဗုဒ္ဓတောက်ပကြေးမုံ ပိုအားကောင်းလေလေ စွမ်းအားအမြောက်အများ လိုအပ်လေလေ ဖြစ်၏။

ဗဟိုတွင် ၀ူညန် မရှိတော့ဘဲ သူတို့စွမ်းအား ပျောက်ဆုံးသွားကြသည်။ ခမ်းနားကြီးကျယ်သည့် အဆောက်အဦတစ်ခုမှ အလယ်တိုင်လုံးကို ဖယ်ရှားပစ်လိုက်သည့်အခါ မည်မျှပင် အံ့ဩဖို့ကောင်းနေစေကာမူ ပြိုလဲပျက်စီးသွားမည်သာ ဖြစ်သည်။

စွမ်းအားလှိုင်းလုံးက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားသည်။ ရှိုးနွီများလည်း နောက်ဆုတ်ကာ သွေးအန်သွားကြသည်။ သူတို့က ပဒုမ္မာစင်မြင့် အလယ်မှ မီတာရာချီ လွှင့်ထွက်သွားကြသည်။

၀ူညန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူမက ချီစွမ်းအားကို လှည့်ပတ်ဖို့ ကြိုးစားလိုက်သည့်အခါ သူမ ခန္ဓာကိုယ်က ဗလာကျင်းနေကြောင်း တွေ့လိုက်ရသည်။ စွမ်းအားစက်ဝန်း ပျောက်ကွယ်သွားသည်နှင့် သူမလည်း ပြုတ်ကျလာသည်။

ရှောင်ယွမ်အာက နိဗာနခါးစည်းကို ပြန်ရုတ်လိုက်သည်။

မင်ရှစ်ရင်က ထိုအရာကို မြင်လိုက်သည့်အခါ ကျိန်ဆဲလိုက်သည် “ ဘယ်လိုလှည့်ဖျားမှုမျိုးလဲ … ရှောင်တာ အကောင်းဆုံးပဲ”

ထို့နောက် သူက ဘေးကပ်လိုက်သည်။

တွမ့်မူရှန်းလည်း နယ်ရှင်လှံ၏ ဦးတည်ချက်ကို ထိန်းကာ မြေပြင်ဘက် ဦးဖျားလှည့်ထားလိုက်သည်။

ဘန်း

နယ်ရှင်လှံက စကျင်ကျောက် ကြမ်းပြင်နှင့် ထပ်မံ မိတ်ဆက်သွားပြန်သည်။ သူက ရင်ဘတ်၌ လက်နှစ်ဖက် ကြက်ခြေခတ်အနေအထားဖြင့် ကိုယ်ဟန်ကို ထိန်းလိုက်သည်။ သူက ၀ူညန်အား အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။

ဝုန်း

၀ူညန်က စကျင်ကျောက်ကြမ်းပေါ် ပြုတ်ကျလာသည်။ ကျင့်ကြံဆင့် မရှိသည့် ကျင့်ကြံသူတစ်ဦးအနေနှင့် လေ့ကျင့်ထားသော သူမခန္ဓာကိုယ်က ကြမ်းပြင်ပေါ် သတ္တုတုံးကြီးလို ကျရောက်လာသည်။ ကြမ်းပေါ် လူသားအရွယ် အပေါက်ကြီးတစ်ခု ဖြစ်သွားလေသည်။

ပဒုမ္မာစင်မြင့်အထက် တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။

ပွဲကြည့်သူများကလည်း မယုံနိုင်စွာ မျက်လုံးပွတ်ကာ ကြည့်လိုက်ကြသည်။

တိမ်တောက်ရှိုးနွီမကျောင်းက အားအကောင်းဆုံးသူတောင် မိစ္ဆာဝေဟင်မျှော်နန်းသခင်ရဲ့ တိုက်ကွက် တစ်ကွက်တည်းအောက်မှာ ရှုံးနိမ့်သွားတာပါ့လား …

တစ်ဖက်တွင် လုကျိုးက ငြိမ်သက်နေသည်။ သူက အားများစွာ စိုက်ထုတ်လိုက်ရပုံ မပေါ်ပေ။

ဟွားဝူတောက်က တအံ့တဩ ဝင်ပြောလိုက်သည် “ မျှော်နန်းသခင်ရဲ့ အရည်အချင်းက ကျုပ်ကို အမြင်ကျယ်လာစေပါတယ်”

သူက ဗဟုသုတကြွယ်ဝကာ အတွေ့အကြုံများသူဟု သတ်မှတ်နိုင်လေသည်။ သူက လူတစ်ယောက်တွင် အဆင့်မြင့် ကျင့်ကြံဆင့် မရှိဘဲ ချုပ်နှောင်ရေး မန္တန်ကို အသုံးမပြုနိုင်ကြောင်း သိထားသည်။ ထို့အပြင် ၀ူညန်က အဆင့်မြင့် တောက်ပကြေးမုံ စက်ဝန်းအတွင်း ရှိနေခဲ့စဉ်အခါက ထိမှန်သွားခဲ့ခြင်း ဖြစ်၏။

လုကျိုးက ဆင်းသက်လာသည်။ သူက လက်တစ်ဖက် နောက်ပစ်ကာ ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်အသာသပ်လိုက်သည်။

ပွဲကြည့်သူများက အသက်ပြင်းပြင်း မရှုရဲကြပေ။ သူတို့က တစ်မိုးအောက် အကြီးမြတ်ဆုံး မိစ္ဆာအိုကြီးအား တအံ့တဩ စိုက်ကြည့်နေကြသည်။

ရှောင်ယွမ်အာက ၀ူညန်အနား ရောက်လာသည်။

တိမ်တောက်ရှိုးနွီမကျောင်းမှ ရှိုးနွီ ဆယ်ယောက်လည်း မြေပေါ် လဲကျနေပြီး ခက်ခက်ခဲခဲ ခေါင်းထူနေရသည်။

လုကျိုးက ၀ူညန်အနား ရောက်လာပြီး ငုံ့ကြည့်လိုက်သည်။

၀ူညန်၏ မျက်ဝန်းများ၌ ကြောက်လန့်မှု၊ မယုံကြည်နိုင်မှုများ အပြည့် ဖြစ်နေသည်။ သူမ နှုတ်ခမ်းထောင့်မှ သွေးကြောင်း စီးကျနေပြီး မျက်နှာက ဖြူဖျော့နေသည်။ သူမ နှုတ်ခမ်းများလည်း တုန်ယင်နေလေ၏။ သူမက မြေတွင်းမှ ထဖို့ အကောင်းဆုံး ကြိုးစားသော်လည်း နည်းနည်းလေးမှ မလှုပ်နိုင်ပေ။

လုကျိုးက လက် ဝှေ့လိုက်သည့်အခါ ကျောက်စိမ်း မြင်းမြီးတုတ်က သူ့လက်ထဲ ပျံသန်းရောက်လာသည်။

“ တင်း … ကျောက်စိမ်း မြင်းမြီးတုတ်ကို လက်ခံရရှိပါတယ်။ အသုံးမပြုခင် ပြန်လည်သန့်စင်ဖို့ လိုအပ်ပါတယ် ”

လုကျိုးက အဖြစ်အပျက်များကို ပြန်လည် အမှတ်ရလိုက်သည်။ ထိုအရာများက ကျိထျန်းတောက်၏ မှတ်ဉာဏ်များ ဖြစ်သော်လည်း သူကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသလို ခံစားနေရသည်။ သူက တိမ်တောက်တောင်ထိပ်ပေါ်မှ စကားဝိုင်း၊ ရွှင်းယိချောင်တောင်ထိပ်မှ လကို ကြည့်နေခြင်းနှင့် သစ်ရွက်ရာချီကန်မှ ငါးတွေကို ကြည့်ရှုနေခြင်းအား မမေ့နိုင်သေးပေ။ ထိုအရာအားလုံးက မနေ့တနေ့ကလို ခံစားနေရဆဲ ဖြစ်၏။ သူက တစ်ခုခု အမှတ်ရသွားကာ မေးလိုက်သည်။

“ကျင်းယန် ဘယ်လိုနေလဲ ”

၀ူညန်က မျက်လုံးအပြူးသားဖြင့် “ ရှစ် … ရှစ်စွင်း ဆုံးပါးသွားတာ ကြာလှပါပြီ”

ထိုအရာကို ကြားကာ လုကျိုး၏ အမူအရာက မပြောင်းမလဲ တည်ငြိမ်နေဆဲ ဖြစ်၏။ သူက သက်ပြင်းချကာ “ ဘဝ၊ ကြီးထွားမှု၊ ဖျားနာမှုနဲ့ သေဆုံးမှု … ဒါက ဘဝတကွေ့ပဲ။ လောကမှာ ဒီလိုသံသရာမျိုး မရှိဘူး။ အသက်ရှင်နေတာ အကောင်းဆုံး အခြေအနေပဲ ”

ရှောင်ယွမ်အာက သူမ ရှစ်စွင်း တစ်ယောက် အထီးကျန်ပုံပေါက်သည်ကို ကြည့်နေရင်း အနည်းငယ် အံ့ဩမိသည်။ သူမ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်ကတည်းက သူမ ရှစ်စွင်းတွင် မိတ်ဆွေတစ်ယောက် ရှိခြင်း မကြားဖူးပေ။

ဖော့ကျောင်းဆရာသခင် တစ်ယောက်က ရှစ်စွင်းရဲ့ မိတ်ဆွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ …

သူမက သူတို့ဆက်ဆံရေးမှာ အတော်လေးကောင်းကြောင်း ပြောနိုင်လေသည်။

သူမက သိချင်စွာ မေးလိုက်သည်။

“ ရှစ်စွင်း … ကျင်းယန်က ဘယ်သူလဲ ”

လုကျိုးက ရှောင်ယွမ်အာကို ပြန်မဖြေပေ။ ထို့အစား သူက ၀ူညန်ကို ကြည့်ကာ မေးလိုက်သည်။ “ငါ့ကိစ္စတွေမှာ ဝင်ရှုပ်ဖို့ ဘယ်သူက အမိန့်ပေးထားတာလဲ ”

၀ူညန်က ခေါင်းခါမပြဘဲ မနေနိုင်တော့ပေ “ ဘယ် …. ဘယ်သူမှ မဟုတ်ပါဘူး။ ကျွန်မ အလောင်းအစား လုပ်ပြီး ကံစမ်းကြည့်တာပါ … ”

အလောင်းအစားတဲ့လား …

လုကျိုးက ၀ူညန်၏ လေသံ အပြောင်းအလဲကို သတိထားမိလိုက်သည်။

သူမက ဘာကို လောင်းတာလဲ …

ကောင်းကင်ဓားဂိုဏ်းဘက်က နိုင်မယ်ဆိုပြီးတော့လား … မိစ္ဆာဝေဟင်မျှော်နန်းက ရှုံးမယ်ဆိုပြီးတော့လား …

၀ူညန်က ချောင်းဆိုးလိုက်သည့်အခါ နောက်ထပ် သွေးအန်လိုက်ရသည်။ သူမက ထပ်ထဖို့ ကြိုးစားလိုက်သည်။ ဤတစ်ကြိမ် သူမက အားကုန်သုံးလိုက်ပြီး တွင်းပေါက်ထဲမှ ထွက်လာနိုင်သွားသည်။

သူမ၏ ဆိုးဆိုးရွားရွား သွင်ပြင်ကို မြင်ကာ ပွဲကြည့်သူများက တံတွေးမျိုချလိုက်ပြီး စိတ်ထဲမှ တုန်လှုပ်အံ့အားသင့်နေကြသည်။

မိစ္ဆာအိုကြီးက အခုအထိကို ကြောက်ဖို့ကောင်းနေတုန်းပဲ …

“ကျင်းယန်ကို ဘယ်မှာမြှုပ်နှံထားတာလဲ”လုကျိုးက မေးလိုက်သည်။

“တိမ်တောက် တောင်ထိပ်နဲ့ သစ်ရွက်ရာချီကန်နားမှာပါ ”

“ … ” လုကျိုးက ခေါင်းခါကာ “ ငါ မှတ်မိသလောက် ကျောက်စိမ်းမြင်းမြီးတုတ်က ကျင်းယန်ကို သခင်အဖြစ် အသိအမှတ်ပြုထားပြီးပြီ။ မင်းဆီမှာ ဘယ်လိုလုပ် ရောက်လာတာလဲ။ အမှန်အတိုင်း ဖြေ … မင်းစကားထဲ အလိမ်အညာအနည်းငယ် ပါတာနဲ့ နောက်နှစ် ဒီနေ့က မင်း သေနေ့ နှစ်ပတ်လည် ဖြစ်သွားမယ်”

၀ူညန်က တုန်လှုပ်သွားသည်။ သူမက သူမအင်အားဖြင့် အနည်းဆုံး လွတ်မြောက်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်း၏ သက်ညှာမှုအောက် ရောက်သွားရလိမ့်မည်ဟု မထင်ထားမိပေ။ ထိုစဉ် သူမအတွေးများက မည်မျှ ရယ်ဖို့ကောင်းကြောင်း သဘောပေါက်သွားသည်။ နောက်ဆုံးတွင် သူမက ပြောပြလိုက်သည်။

“ ရှစ်စွင်း ဆုံးပါးသွားတော့ ကျွန်မ ရွေးချယ်စရာ မရှိဘဲ ရှစ်စွင်းနေရာကို တာဝန်ယူခဲ့ရတယ်။ ကျောက်စိမ်း မြင်းမြီးတုတ်ကို ရှစ်စွင်း ပေးခဲ့တာပါ ” သူမက ပြောလိုက်ပြီးနောက် မြေပေါ် ပုံလျက်လဲကျသွားသည်။

လုကျိုးက ၀ူညန်ကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ “ ဗုဒ္ဓဂိုဏ်းက ကံဆိုးတာပဲ ”

၀ူညန်က တိတ်ဆိတ်နေလေသည်။ သူမက ဘာမှပြောစရာ မရှိပေ။

လုကျိုးက လက်နောက်ပစ်ကာ ပြောလိုက်သည် “ငါ ဒီကျောက်စိမ်းမြင်းမြီးတုတ်ကို ယူသွားမယ်။ မင်း ကျင့်ကြံဆင့် မရှိဘဲ နေချင်လား ”

၀ူညန်က ထိုအကြောင်းကြားသည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူမက အလျှင်စလို ထရပ်လိုက်ပြီး “ မလုပ် … မလုပ်ပါနဲ့ ”

သူမက လုကျိုးအနား ရောက်လာသည်။ သူမ၏ ဂုဏ်သိက္ခာနှင့် ဘဝင်မြင့်ခြင်းတို့က တမဟုတ်မချင်း ပျောက်ကွယ်သွားလေသည်။ သူမက လုကျိုး ခြေထောက်ကို ထိတော့မည့်ဆဲဆဲတွင် စွမ်းအားလှိုင်းကြောင့် လွှင့်ထွက်သွားသည်။

တိမ်တောက်ရှိုးနွီမကျောင်းမှ ရှိုးနွီဆယ်ယောက်လည်း တစ်ချိန်တည်းဆိုသလို စင်မြင့်အလယ်ဆီ ခုန်ဝင်လာကြသည်။

ထိုစဉ် ပဒုမ္မာစင်မြင့်နှင့် အဝေးတစ်နေရာ တတိယမျှော်နန်းဆောင်အတွင်း …

“နောက်ဆုတ်ကြ .. အစီအစဉ် ရှုံးနိမ့်သွားပြီ”

ငါးခုမြောက် မျှော်နန်းဆောင်အတွင်း

“ အစီအစဉ် ကျရှုံးသွားပြီ … နောက်ဆုတ်ကြ ”

ရှစ်ခုမြောက် မျှော်နန်းဆောင်အတွင်း

“အားလုံး နောက်ဆုတ်ကြတော့ … အစီအစဉ် ကျရှုံးသွားပြီ ”

မျှော်နန်းဆောင်တိုင်းမှ ကျင့်ကြံသူများက အဆောက်အဦများမှ အလျှင်စလို ထွက်လာကြသည်။ သူတို့က ပဒုမ္မာစင်မြင့်ကို နောက်လှည့်မကြည့်တော့ဘဲ ထွက်သွားကြသည်။

သို့သော်လည်း ကိုးခုမြောက် မျှော်နန်းဆောင်အတွင်း အမိန့်တစ်ခု ပေးလိုက်သည်။

“ လှုပ်ရှားဖို့ အသင့်ပြင်ထားကြ ”

…

အခန်း (၂၅၁) စတေးရန်ကမ်းလှမ်းခြင်း

လုကျိုးက ရှိုးနွီ ဆယ်ပါးကို ကြည့်တောင်ကြည့်မနေဘဲ ဝူညန်ဆီသို့ဆက်လျှောက်သွား လိုက်သည်။

ရှိုးနွီဆယ်ပါးက လေထဲ၌ ရှိနေစဉ် မင်ရှစ်ရင်က လျှပ်ပြက်သည့်အရှိန်ဖြင့်လှုပ်ရှားလိုက်ပြီး ရှောင်ယွမ်အာက နိဗာနခါးစည်းကို ဖြေချကာ တွမ့်မူရှန်းက သူ၏နယ်ရှင်လှံကို ဝှေ့ယမ်းလိုက်၏။

တိမ်ခွင်းရထားလုံးပေါ်၌ ဟွားယဲ့ရှင်းက အသက်အောင့်ထားလိုက်သည်။ သူမ၏မျက်လုံးထဲ၌ ခိုင်မာတည်ကြည်မှုတို့ တလှပ်လှပ်ဖြစ်နေလျက် ခြေလှမ်းကျဲကျဲထားကာ နေရာယူထားသည်။

“ကျွန်မကိုအပ်ထားလိုက်”

အလင်းထဲတွင် ခွဲခွာချိတ်ကောက်က အေးစက်စက်တောက်ပလာလျက် ရှိုးနွီ တစ်ယောက်ကိုထိသွားလေ၏။

နယ်ရှင်လှံက နောက်ထပ်ရှိုးနွီကို ထိုးဖောက်သွားသည်။ ယင်းက မပြီးသေးပေ။ နိဗာနခါးစည်းက ရှိုးနွီကို ဆွဲချသွား၏။

သုံးယောက်က ဟွားယဲ့ရှင်း၏ စကားကိုကြားပြီးဖြစ်၏။ ထို့ကြောင့် သူတို့က ပစ်မှတ်တစ်ခုဆီကို ထုတ်ယူပြီးနောက် ဟန်မဆောင်တော့ပေ။

“တင်း နတ်ဒေဝါဦးတည်နယ်ပယ်ပစ်မှတ်သုံးယောက်ကို သတ်ပြီးပါပြီ။ ဆုလာဒ်ကုသိုလ်မှတ် သုံးရာ”

“ဒါက အပြစ်ကျူးလွန်တာပဲ။ အပြစ်ပဲ” ဝူညန်၏မျက်လုံးများက နီရဲနေလျက် တပည့် ဆယ်ယောက်ကိုကြည့်လိုက်သည်။ သူမက သူတို့ကိုကယ်ချင်သော်ငြား အရာအားလုံး ဖြစ်ပျက်သွားတာက မြန်ဆန်လွန်း၏။ အချိန်မှီမတုံ့ပြန်နိုင်ပေ။

စွမ်းအင်ဖြင့်မြားခုနစ်စင်းဖွဲ့တည်လာပြီးနောက် မြန်ဆန်သည့်အရှိန်ဖြင့် လေထဲပစ်ထုတ်လိုက်၏။ သူတို့အားလုံးက အရပ်မျက်နှာအနှံ့ပျံ့ထွက်သွားပြီး တိမ်တောက်ရှျိုးနွီကျောင်းမှ ကျန်ရှိသည့် ရှိုးနွီ ခုနစ်ယောက်ဆီရောက်သွား၏။ ရှိုးနွီ ခုနစ်ယောက်က မြေပြင်ပေါ် ပြုတ်ကျကာ သွေးအန်တော့သည်။

ဟွားယဲ့ရှင်းက အနေခက်စွာပြောလိုက်၏။ “ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ကျွန်မ ပိုကြိုးစားဖို့လိုသေးတယ်”

မင်ရှစ်ရင်က ပြောလိုက်၏။ "မင်းလုပ်ခဲ့တာကောင်းတယ်။ မင်းရဲ့ရိုက်ချက်မှာ ဖိအားနဲနဲပိုထည့်ရုံပဲ”

“ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။ စတုတ္ထသခင်လေး”

ထိုစဉ် လုကျိုးက တွေဝေမနေဘဲ ညာလက်ကိုမြှောက်လိုက်၏။ နတ်ဒေဝါဦးတည်နယ်ပယ်ရှိ သူ၏ ကျင့်ကြံဆင့်ဖြင့်သူက ကျင့်ကြံဆင့်စည်းပိတ်ခံထားရသည့် တစ်စုံတစ်ယောက်ကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သူ့လက်ဖဝါးထဲကနဦးချီကိုစုဝေးလျက် စွမ်းအင်စည်းတစ်ခုပေါ်လာတော့သည်။ ပြီးနောက် သူကဝူညန်၏ စွမ်းအင်ဗဟိုချက်ကို ရိုက်ချလိုက်တော့သည်။

ဖုန်း

ဝူညန်က ငြီးတွားလျက်မြေပြင်ပေါ်လှိမ့်သွားတော့သည်။

လုကျိုးက သူ့တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းလိုက်ပြီး လက်နောက်ပစ်ထားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ကျောက်စိမ်းမြင်းမြီးတုတ်ရဲ့ ပိုင်ရှင်က လူ့လောကရဲ့အညစ်အကြေးတွေနဲ့ ငြိစွန်း ခြင်းမရှိသင့်သလို လူသားတွေရဲ့အရေးကိစ္စနဲ့လည်း သူ့ကိုသူ စိုးရိမ်ပူပန်သင့်တာ မဖြစ်သင့်ဘူး။ ဂုဏ်သတင်းနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ရင်ဆိုင်နေတဲ့အခါမှာ တည်ငြိမ်နေသင့်တယ်။ ဒါက မင်းအတွက် ပြစ်ဒဏ်လေးပဲ” ပြောပြီးနောက် သူက နောက်တွင် ရပ်နေသော ရှောင်ယွမ်အာအား ကျောက်စိမ်းမြင်းမြီးတုတ်ကိုပစ်ပေးလိုက်သည်။ ရှောင်ယွမ်အာက မြင်းမြီးတုတ်ကို လှမ်းဖမ်းလိုက်၏။ သူမကို ရှစ်စွင်းက ကျောက်စိမ်းမြင်းမြီးတုတ် ပေးမည်ဖြစ်ကြောင့် ကတိပေးခဲ့သည်။ ၎င်းကို တစ်ပါးသူထံ ပေးပြီးသည့်တိုင် လက်နက်ကို သူမ ပြင်းပြင်းပြပြတမ်းတခဲ့၏။ သို့သော် ယခုမူ မြင်းမြီးတုတ် ကို လေ့လာနေစဉ် ယင်းကို ရွံ့ရှာစက်ဆုပ်ဖွယ် ရှိုးနွီ အသုံးပြုခဲ့တာကို သတိရပြီး သူမက တွန့်ဆုတ်သလိုခံစားလိုက်ရ၏။ “ရှစ်စွင်း တပည့်မှာ နိဗာန ခါးစည်းရှိပြီးပြီဆိုတော့ ရှစ်ရှိုးကို ဒါပေးလိုက်လို့ရမလား” သူမက အမြန်ပြောပြီး တွမ့်မူရှန်းအား မြင်းမြီးတုတ်ပစ်ပေးလိုက်သည်။

ယင်းကို တွမ့်မူရှန်းမြင်သောအခါ သူက အမြန်စွမ်းအင်လှိုင်းထုတ်လျက် မြင်းမြီးတုတ်ကို တွန်းထုတ်လိုက်၏။ ၎င်းကို မင်ရှစ်ရင်ထံပေးပြီးပြောလိုက်တော့သည်။

“လောင်စစ် မင်းယူလိုက်တော့” မင်ရှစ်ရင်ကိုင်ဆောင်ထားသည့် အမှိုက်ကိုတွေးမိပြီး ကျောက်စိမ်း မြင်းမြီးတုတ်က တိုးတက်မှုကြီးတစ်ခုဖြစ်လိမ့်မည်ဟု သူတွေးမိသည်။

မင်ရှစ်ရင်က သဘောမတွေ့သည့်ပုံဖြင့် မြင်းမြီးတုတ်ကို ကြည့်ပြီးပြောလိုက်သည်။ “မရဘူး။ မရဘူး။ ဒီလက်နက်က ကျွန်တော်နဲ့မသင့်တော်ဘူး” သူက အမြန်လက်မြှောက်ပြီး တိမ်ခွင်း ရထားလုံးဆီသို့ ပစ်ထုတ်လိုက်သည်။ "အကြီးအကဲဟွား ယူပါစေ”

ဟွားဝူတောက်က မျက်မှောင်ကျုံ့လိုက်လေ၏။ ယင်းက သက်ကြီးမျိုးဆက်က အသုံးပြုနေကျ ဖြစ်သော မြင်းမြီးတုတ်ဆိုတာမှန်ပေ၏။ သို့သော် များသောအားဖြင့် တောက်ရသေ့များ သို့မဟုတ် ရဟန်းများသာလျှင် အသုံးပြုလေ့ရှိကြသည်။ သူက တောက်ရသေ့မဟုတ်သလို ရဟန်းတစ်ပါး လည်းမဟုတ်ပေ။ ယင်းကို မည်သည့်အတွက်အသုံးပြုရမည်နည်း။ ထိုအကြောင်းအရင်းကြောင့် သူက ခေါင်းခါကာပြောလိုက်တော့သည်။ “ဒါကို တခြားတစ်ယောက်ဆီပဲပေးလိုက်တော့မယ်”

ရထားလုံးပျံပေါ်ရှိ အမျိုးသမီးကျင့်ကြံသူများက ၎င်းကိုကြည့်နေစဉ် တောက်ပနေကြ၏။

သူတို့အဆင့်ရှိကျင့်ကြံသူများအတွက် ထိုကဲ့သို့ပစ္စည်းမျိုးက သူတို့ပိုင်ဆိုင်ခွင့်ရရန်အမြဲတမ်း အိမ်မက်မက်နေသည့်အရာဖြစ်သည်။ အခွင့်ကြုံမှသာလျှင် ရနိုင်သည့်ပစ္စည်းမျိုးဖြစ်၏။ မြင်းမြီးတုတ်က သူတို့နှင့်မသင့်တော်လျှင်တောင် သူတို့လိုချင်နေသေးဆဲဖြစ်သည်။

ဟွားယဲ့ရှင်းသည် ကျောက်စိမ်းမြင်းမြီးတုတ်ကိုလိုချင်သော်ငြား အမျိုးသမီးကျင့်ကြံသူများနှင့် ယှဉ်လျှင် သူမ၏ဆန္ဒက မခိုင်မာပေ။

ပွဲကြည့်ပရိသတ်များက ပါးစပ်အဟောင်းသားကြည့်နေလေ၏။ လူအများစုက တစ်ဘဝလုံး ရှာဖွေနေသည့် ပစ္စည်းတစ်ခုကို မိစ္ဆာဝေဟင်မျှော်နန်းမှလူများက အနည်းကျဉ်းမျှသာ တန်ဖိုးထား သည်။ သူတို့က မည်သူမှ မလိုချင်ကြသည့်အမှိုက်တစ်စနှယ်ပစ်ထုတ်နေကြ၏။ သူတို့ ခေါင်းခါရုံသာ တတ်နိုင်ကြသည်။ လုကျိုးက ၎င်းကိုတစ်ချက်ကြည့်ပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်တော့၏။ “သိက္ခာမဲ့လိုက်တာ”

တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။

ရှောင်ယွမ်အာက ထိတ်လန့်သွားတော့၏။ သူမက ခေါင်းငုံ့ကာပြောလိုက်တော့သည်။ “တပည့်အမှားလုပ်မိပါတယ်”

“ကျောက်စိမ်းမြင်းမြီးတုတ်ကိုယူလိုက်” လုကျိုးက တည်ငြိမ်ပုံပေါ်သော်ငြား သူ၏လေသံက ငြင်းဆန်မှုကိုလက်မခံပုံပေါ်၏။

ထိုစကားကိုကြားသောအခါ တိမ်ခွင်းရထားလုံးပေါ်ရှိ အမျိုးသမီးကျင့်ကြံသူများသည် မြင်းမြီးတုတ်အကြောင်း သူတို့အတွေးများကို ဖယ်ရှားလိုက်၏။ ယင်းက အဓိပ္ပါယ်မရှိဟု မထင်ကြပေ။ ဆိုရလျှင် သူတို့၏ကျင့်ကြံဆင့်ဖြင့် ကျောက်စိမ်းမြင်းမြီးတုတ်ကို ၎င်း၏အလား အလာ အပြည့်အဝဖြင့်သုံးနိုင်ခြင်းတောင် ရှိပါမည်လော။ ထို့အပြင် အပြစ်ကင်းသည့်လူ တစ်ယောက်သည် တန်ဖိုးရှိသည့်ပစ္စည်းကို ပိုင်ဆိုင်ခြင်းအတွက် ဒုက္ခတွေ့နိုင်၏။ လက်နက်ကို ကိုင်ဆောင်ရန်ခွန်အားမရှိလျှင် လက်နက်မကိုင်ဆောင်တာက သူတို့အတွက် ပိုကောင်း၏။

ထိုစဉ် ဝူညန်က ခက်ခက်ခဲခဲထထိုင်လိုက်ရ၏။ သူမနားတွင်ရပ်နေသော လုကျိုးကိုကြည့်ပြီး ဘာမှ မပြောခဲ့ပေ။ သူမက လော့ရှင်းခုံ၏အလောင်းကိုသာလှည့်ကြည့်လိုက်၏။ တောက်ပခြင်းကြေးမုံ၏ အာနိသင်များကမရှိတော့ပေ။ သူမ၏ မျက်ခွံများတွန့်ရှုံ့သွား၏။ “ငါ အမှားလုပ်ခဲ့မိတာပဲ”

လော့ရှင်းခုံ၏အလောင်းက ဖြည်းဖြည်းချင်းအရောင်ပြောင်းသွား၏။ သူ၏ အရေပြားက မည်းနက်သွားသည်မှာ အနက်ရောင်မီးချောင်းလောင်ကျွမ်းသွားသည့်ပမာဖြစ်နေ၏။

တိမ်တော်သူတော်စင်ကျောင်းသည် ကောင်းကင်ဓားဂိုဏ်းကိုကူညီသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ သူတို့သည် အနက်ရောင်မီးတောက် ရုတ်တရက်ပေါ်ပေါက်လာတာကို အခြေခံ ကြည့်လျှင် ကျန်သည့် အင်အားစုများနှင့် လျှို့ဝှက်ကြံစည်ထားပုံရသည်။

ဝူညန်ဖို့သူမလုပ်ရပ်များကို နောင်တရရန်သိပ်နောက်ကျလွန်းသွားပြီဖြစ်သည်။ လော့ရှင်းခုံဒဏ်ရာ ရသွားသည့်အကြောင်းကို သူမသိ၏။ သူ၏လက်ထဲ၌ အကွက်ရှိသေးပုံပေါ်သည်။ ပွဲကြည့်ပရိသတ်က ထိတ်လန့်သွားတော့၏။

“အဲဒါဘာလဲ”

“လော့ရှင်းခုံက ဆန်းကြယ်တဲ့အတတ်တချို့ကို ကျင့်ကြံနေတာလား”

ကောင်းကင်ဓားဂိုဏ်း၏တပည့်များကလည်း ထိုအရာကြောင့် ဇဝေဇဝါဖြစ်သွားသည်။

လုကျိုးကလည်း လော့ရှင်းခုံကိုကြည့်လိုက်၏။ “တစ်ခုခုစတေးဖို့ကမ်းလှမ်းတာလား”

ဟွားဝူတောက်က ယင်းကို မှတ်မိသွားသည်။ သူက လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။ “ကျုပ်တို့ ကြာကြာမနေသင့်တော့ဘူး။ ရထားလုံးပျံပေါ်တက်ပါ မျှော်နန်းသခင်”

လုကျိုးက ခေါင်းညိတ်လိုက်၏။

စတေးမှုကမ်းလှမ်းခြင်းသည် မဟာစွမ်းအားအချို့ဖြင့်ရေးဆွဲရတာဖြစ်သည်။ တနည်းဆိုရလျှင် လော့ရှင်းခုံရောက်မလာခင်က သူ၏ ခန္ဓာသို့မဟုတ် ဝိညာဉ်ကို တစ်စုံတစ်ယောက်ကိုရောင်းပြီးသား ဖြစ်သည်။ ပဒုမ္မာစင်မြင့်၌ တစ်စုံတစ်ယောက်က ထောင်ချောက်တစ်ခုထားထားတာပဲဖြစ်ရမည်။

လုကျိုးက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။ သူသည် ကောင်းကင်ဓားဂိုဏ်း၏ အဖော် အပေါင်းများ ရောက်လာမည်ကို စောင့်ဆိုင်းနေတာကြာပြီဖြစ်သည်။ သို့သော် တိမ်တော်သူတော်စင် ကျောင်းသားပေါ်လာသည်။ ပိုသန်မာသည့်ကြံရာပါများပေါ်လာမည်လော။ ပွဲကြည့်ပရိသတ်များ ကလည်း တစ်စုံတစ်ခုလွဲချော်နေတာကို သတိပြုမိပုံပေါ်၏။ မည်သည့်အရာက မှားမှန်းအတိအကျ မဖော်ထုတ်နိုင်သည့်တိုင် တစ်စုံတစ်ခုလွဲချော်နေသည်ဟု သတိပြုမိပုံပေါ်၏။ သူတို့က ပတ်ဝန်းကျင် ကို စတင်ကြည့်ရှုလာကြ၏။ အချို့သော ကျင့်ကြံသည့်သူများက အခွင့်အရေးယူပြီး ပဒုမ္မာစင်မြင့်က နေထွက်ပြေးတော့သည်။

ထိုစဉ်တတိယမျှော်စင်မြင့်ဘေးသို့ရထားလုံးပျံတစ်စင်းတက်လာပုံပေါ်၏။

“ငရဲဂိုဏ်းရဲ့ရထားလုံးပျံ”

“ငရဲဂိုဏ်းက ဒီမှာပဲ”

“သူတို့အခုထွက်လာနေပြီ။ သူတို့ထွက်ပြေးနေကြပြီ”

ရထားလုံးပျံက အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေ၏။ အမှန်တကယ်တွင် ငရဲဂိုဏ်း၏ ရထားလုံးပျံက တစ်စင်းထဲမဟုတ်ပေ။ ကျင့်ကြံသူများစွာက အဖွဲ့လေးများဖြင့် ပဒုမ္မာစင်မြင့်ကနေ ထွက်ပြေးနေကြ ၏။ “ပြေးကြဟေ့။ တစ်ခုခု မကောင်းတာဖြစ်တော့မယ်” ယင်းက လူသားများ၏ စိတ်ပညာ အလုပ်လုပ်ပုံဖြစ်သည်။ လူသားများသည် လူအုပ်ကြီးနောက်သာ လိုက်လေ့ရှိ၏။ ထို့အပြင် လော့ရှင်းခုံ၏ အလောင်းကယဇ်ပူဇော်သည့်အနေဖြင့် အသုံးပြုလိုက်တာကို သူတို့မြင်ရသည်။

နေရာတစ်ခုလုံးပရမ်းပတာဖြစ်သွားတော့သည်။

လုကျိုးက လေထဲပျံသန်းလျက် ပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးလိုက်သည်။

ငရဲဂိုဏ်း၏ ရထားလုံးပျံကို မြင်တွေ့သည့်အချိန်၌ ရှောင်ယွမ်အာက တက်ကြွသွားသည်။ “ရှစ်စွင်း အဲ့တာက ငရဲဂိုဏ်းရဲ့ရထားလုံးပျံပဲ။ တပည့်တို့လိုက်သင့်လား” လုကျိုးက ခေါင်းခါလိုက်၏။ ငရဲဂိုဏ်း၏ ရထားလုံးပျံက အတော်ဝေးဝေးပျံသန်းသွားပြီဖြစ်၏။ သူတို့မည်ကဲ့သို့ လိုက်မှီမည်နည်း။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက လေထဲပျံတက်လိုက်၏။

ဖုန်း ဖုန်း ဖုန်း

ထိုစဉ် ပဒုမ္မာစင်မြင့်နားတစ်ဝိုက်မြင့်မားသည့်မျှော်နန်းများထဲ၌ ပေါက်ကွဲသံများ ဆက်တိုက် ပေါ်ထွက်လာ၏။ အလယ်ရှိစင်မြင့်ဖြင့် အနက်ရောင်စွမ်းအင်များစွာက တလိမ့်လိမ့်ပေါ်ထွက် လာသည်။

ဟွားဝူတောက်က လက်သီးဆုပ်မိုးလိုက်၏။

“ဒါက စတေးခြင်းစွမ်းအားပဲ။ နတ်ဆရာတစ်ပါးက သူ့ရုပ်သေးကိုထိန်းချုပ်နေတာ”

လုကျိုးက ရထားလုံးပျံဆီသို့ တည်ငြိမ်စွာ ပျံသန်းသွား၏။ သူကလက်နောက်ပစ်ထားလျက် အောက်ရှိဖြစ်ရပ်ကို ဆက်လက်ကြည့်ရှုလိုက်သည်။

ဒါက လော့ရှင်းခုံရဲ့ ယုံကြည်ချက်အရင်းအမြစ်လား။ သူစိတ်ထဲတွက်ချက်နေ၏။ ဒါ မော့လီလုပ်တာလား။

သို့သော် မော့လီက ဒဏ်ရာရနေ၏။ သူက ကြီးမြတ်သည့်ခွန်အားကို ထုတ်ဖော်နိုင်မှာမဟုတ်ပေ။ ကြီးမြတ်သော နတ်ဆရာတစ်ပါးက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ဦးနှင့်ညီမျှသည်။

ထွက်ပြေးသွားသောကျင့်ကြံသူများထဲတွင် အချို့က များပြားသော အနက်ရောင်စက်ဝန်းများ ရစ်ဝဲနေသည်ကို မြင်ရ၏။

ဟွားဝူတောက်က မြင်ကွင်းကိုကြည့်ပြီးပြောလိုက်တော့သည်။

“ထိန်းချုပ်ရေးစွမ်းရည်။ ကောင်းကင်ဓားဂိုဏ်းက ဒီအတွက် ပြင်ဆင်ထားတာ အတော်ကြာပြီနဲ့ တူတယ်”

“ဒါက တခြားအဖွဲ့ရဲ့အကျိုးအမြတ်ပဲ” ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ရထားလုံးပျံ ဆီသို့ ပျံသန်းသွားကြသည်။ မလှမ်းမကမ်းရှိမျှော်နန်းနားရှိ ကျောက်ဆောင်နောက်တွင် ဖြစ်သည်။ စီးဝူယာ့က ပဒုမ္မာစင်မြင့်ထက်ရှိရထားလုံးပျံကို တိတ်တဆိတ်ကြည့်နေလေ၏။ “ကြည့်ရတာ ကောင်းကင်ဓားဂိုဏ်းက သွားပြီဖြစ်ပုံပဲ”

“ဂိုဏ်းချုပ် ဒီမှာ အန္တရာယ်များပါတယ်။ ကျွန်တော်တို့နောက်ဆုတ်သင့်တယ်။ အခုဆို ပဒုမ္မာ စင်မြင့် က ကြီးမြတ်တဲ့နတ်ဆရာရဲ့ထိန်းချုပ်မှုအောက်ရသွားပြီ။ တိမ်ခွင်းရထားလုံး လွတ်မြောက်တော့မှာ မဟုတ်ဘူး”

“မလိုဘူး” စီးဝူယာ့ကခေါင်းခါလိုက်၏။ "ခဏစောင့်ကြည့်ရအောင်”

…

အခန်း (၂၅၂) ကောင်းကင်ဓားဂိုဏ်း၏ ဝှက်ဖဲ

ပဒုမ္မာစင်မြင့်ဝန်းကျင်ရှိ တိုင်လုံးကိုးခုမှ အနက်ရောင်ချိန်းကြိုးနှင့် တူသည့် စွမ်းအားများ ထွက်လာကာ ဧရာမ ပိုက်ကွန်ကြီးသဖွယ် ပြောင်းလဲသွားသည်။

“ပြေးကြ ”

“ ကောင်းကင်ဓားဂိုဏ်းက အရိုင်းအစိုင်းတွေပဲ ”

ကောင်းကင်ဓားဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို ဒီအထိ မျှားခေါ်လာရဲသည့်အတွက် ဝှက်ဖဲမရှိဘဲ နေမည် မဟုတ်ပေ။ သူတို့က လက်စားချေဖို့ အသက်ပင် စွန့်စားထားကြသည်။

ဤသည်မှာ လော့ရှင်းခုံ၏ အကြံအစည် ဖြစ်ပေသည်။ စတေးမှုက အောင်မြင်သွားသော်လည်း သေသည့်အထိ တိုက်ခိုက်ရခြင်းမှာ သူ မျှော်မှန်းထားသည်နှင့် အနည်းငယ် ကွဲလွဲနေသည်။

ထိုစဉ် တိမ်ခွင်း ရထားလုံးပျံက စတင် ရွေ့လျားလာသည်။

“ မိစ္ဆာအိုကြီး … ခင်ဗျား ပြေးမလွတ်ပါဘူး ”

လူအုပ်ကြားမှ အသံတစ်သံ ထွက်လာသည်။

လုကျိုးက လက်မြောက်ကာ “ ရပ်လိုက် ”

တိမ်ခွင်းရထားလုံးပျံက ရပ်တန့်သွားသည်။

တိုင်လုံးကိုးလုံးက နေရာကျယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ မျှော်နန်းဆောင်အတွင်းနှင့် ပဒုမ္မာစင်မြင့်အထက်နှင့် စင်မြင့်အောက်တွင် မိုးမျှော်နေသည့် တိုင်လုံးများဖြင့် ကာရံထားသည်။ တခြားနည်းဖြင့်ဆိုရလျှင် အနက်ရောင် ပိုက်ကွန်က အားလုံးကို ဖမ်းဆီးထားဖို့ ဖြစ်၏။ ပွင့်ချပ်စင်မြင့်ပေါ်တွင် ရှိနေသည့် ပွဲကြည့်ပရိသတ်များလည်း ပါဝင်သည်။

ပဒုမ္မာစင်မြင့်အနား ပျံသန်းလာကြသည်။

အနက်ရောင် အငွေ့ ဖုံးလွှမ်းခံလိုက်ရသည့် ကျင့်ကြံသူများက သူတို့အနားမှ အားလုံးကို စတင်သတ်ဖြတ်တော့သည်။

လူများ၏ ကျင့်ကြံဆင့်က နိမ့်လွန်းသည့်အတွက် သူတို့ဘာသာ ကာကွယ်နိုင်စွမ်း မရှိကြပေ။

အနက်ရောင် ရုပ်သေးရုပ်များက နေရာအနှံ့ သောင်းကြမ်းကြသည်။

ပဒုမ္မာစင်မြင့်က ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ ထိုနေရာ၌ လူအများအပြား ရှိလွန်းနေသည်။

လုကျိုးက အမူအရာကင်းမဲ့စွာ ကြည့်နေသည်။

ထိုစဉ် ဟွားဝူတောက်နှင့် ဟွားယွဲ့ရှင်းက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ဖြောင့်မတ်ခြင်းလမ်းစဉ်မှ ဖြစ်ခဲ့ဖူးသည်။ သူတို့က ဒီလိုသတ်ဖြတ်မှုမျိုး လက်မခံနိုင်ပေ။

နတ်ဆရာကြီးက ရုပ်သေးရုပ်များကို ထိန်းချုပ်ကာ အခြားလူများကို ဝါးမျိုရင်း သူ့ဘာသာ အားကြီးလာအောင် လုပ်နေသည်။ ဤသည်မှာ အမှန်တကယ် ရက်စက်လှသည့် နည်းလမ်း ဖြစ်၏။

လုကျိုးက လုံးလုံး စိတ်မပူပေ။ သူက နောက်ကွယ်မှ လူ ထွက်မလာသည်ကိုသာ စိုးမိ၏။ သူက ဆက်စောင့်နေသည်။ ရထားလုံးပျံက ဒီနေရာမှ ထွက်သွားနိုင်သည် ဖြစ်စေ၊ မထွက်သွားနိုင်သည် ဖြစ်စေ ကိစ္စမရှိပေ။ သူက နောက်ကွယ်မှ ကြိုးကိုင်သူ ထွက်လာသည့်အခါ အသေရိုက်ချက်ကတ်ကို သုံးဖို့ စောင့်နေသည်။ နတ်ဆရာကြီးက အနည်းဆုံး ကုသိုလ်ရမှတ် ၁၅၀၀ တော့ တန်လောက်ပေသည်။

“ ရှစ်စွင်း … သူတို့ကို ကယ်ဖို့ မလိုဘူး။ အဲဒီလူတွေက အရှိန်မြင့်ချင်လို့ အခကြေးငွေ ပေးထားကြတာ … သူတို့သေခြင်းရှင်ခြင်းက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး ” မင်ရှစ်ရင်က ပြောလိုက်သည်။

ရှောင်ယွမ်အာလည်း ထပ်ဝင်ပြောလိုက်သည် “ ဟုတ်တယ် … သူတို့က တပည့်တို့ ရောက်မလာခင်တုန်းက ဆဲဆိုနေကြတာ သေချာတယ် ”

ထိုစဉ် အနက်ရောင် ရုပ်သေးရုပ် တစ်ရုပ်က သောင်းကြမ်းကာ တိမ်ခွင်းရထားလုံးပျံအထိ ကြမ်းတမ်းခက်ထန်သည့် သားရဲတစ်ကောင်သဖွယ် ခုန်တက်လာသည်။ သူ လှုပ်ရှားလိုက်တိုင်း အနက်ရောင်အငွေ့များက တရှဲရှဲ အသံထွက်နေလေ၏။

တွမ့်မူရှန်းက ဒေါသတကြီး အော်ပြောလိုက်သည် “ထွက်သွားစမ်း ”

သူက နယ်ရှင်လှံကို ဝေ့ယမ်းလိုက်သည်။

ဘန်း …

ရုပ်သေးရုပ်၏ မျက်နှာသွင်ပြင်ကို အနက်ရောင်အငွေ့များဖြင့် ဖုံးကွယ်ထားသည်။ သူ့မျက်ဝန်းကသာ ပုံမှန်မဟုတ်လောက်အောင် စိမ်းဖန့်နေသည်။ ရုပ်သေးရုပ်က လက်ကို မြောက်ကာ နယ်ရှင်လှံကို ကာဆီးလိုက်ချိန် လှံက လည်သွားသည်။

တွမ့်မူရှန်းက လက်မြောက်လိုက်သည့်အချိန် နယ်ရှင်လှံက သူ့လက်ထဲ ပြန်ရောက်လာသည်။

လုကျိုးက ပြောလိုက်သည် “အဲဒါကို ဖြေရှင်းလိုက် ”

“ဟုတ် ရှစ်စွင်း” တွမ့်မူရှန်းက သူ့ရှုံးနိမ့်မှုကို မကျေနပ်ပေ။ သူ့ပထမ တိုက်ခိုက်မှုက အလုပ်မဖြစ်၍ နောက်တစ်ခါ ထပ်တိုက်မည်။ သူက ရထားလုံးပျံပေါ်မှ ပျံသန်းသွားကာ သူ့ခြေဖျားမှ ပတ်ဝန်းကျင်အထိ စွမ်းအားလှိုင်း ထုတ်ဖော်လိုက်သည်။ ထိုအရာပေါ် မူတည်၍ သူသည် မည်မျှတက်ကြွနေမှန်း သိသာလှသည်။ သူ လှုပ်ရှားလိုက်သည်နှင့် အားကုန်ထုတ်တိုက်လိမ့်မည်။

ဘန်း ဘန်း ဘန်း …

တွမ့်မူရှန်းက ရုပ်သေးရုပ်ဆီ အားအပြည့်ဖြင့် ချီတက်သွားသည်။ ထို့နောက် လှံအရိပ်ထောင်ချီ ပေါ်ထွက်လာသည်။

“ ငါလည်း ပါပါရစေဦး ” မင်ရှစ်ရင်က ဝင်ပါဖို့ စိတ်အားထက်သန်နေသည်။ သူက သူတို့ဆီ ဝင်သွားဖို့ တုံ့ဆိုင်းမနေပေ။

ရှောင်ယွမ်အာက ပြုံးလိုက်ကာ “ ညီမလည်း ပါမယ်”

သူမက တိမ်ယံခြေလှမ်း ဖိနပ်ကို အသက်သွင်းကာ နိဗာနခါးစည်းဖြင့် ကိုယ့်ဘာသာ ရစ်ပတ်ရင်း တခြားအနက်ရောင် ရုပ်သေးရုပ်သုံးရုပ်ဆီ ဦးတည်လိုက်သည်။

ဟွားယွဲ့ရှင်းလည်း လေးကို မြောက်ကာ ပစ်ခတ်လိုက်သည်။ သူမ ဘယ်ဘက်လက်ညိုးနှင့် လက်ခလယ်ကြားမှ ငှက်မွေးမြှားတံ ဖြစ်ပေါ်လာသည်။

ဝှစ် ဝှစ် ဝှစ်

သူမ၏ ပစ်ခတ်မှုများက သူတို့အောက်မှ ရုပ်သေးရုပ်များဆီ ကျရောက်သွားသည်။

သို့သော်လည်း ရုပ်သေးရုပ်များက ခဏမျှသာ နောက်ဆုတ်သွားရပြီး လဲကျမသွားပေ။

ဟွားဝူတောက်က ပြောလိုက်သည် “သေစေမဲ့ နေရာမျိုး ပစ် ”

“ အာ ” ဟွားယွဲ့ရှင်းက ထပ်မံ ပစ်ခတ်လိုက်သည်။

ထိုစဉ် ပဒုမ္မာစင်မြင့်အနီး ရုပ်သေးရုပ်များစွာ ထပ်မံ ထွက်ပေါ်လာသည်။

ဟွားဝူတောက်က ပုံမှန်မဟုတ်တာကို သတိထားမိပြီး ပြောလိုက်သည် “ ဒါက စတေးခံတင် မဟုတ်တော့ဘူး။ သတ်တဲ့သူလည်း ထိန်းချုပ်ခံရလိမ့်မယ် ”

ကျောင်းယွဲ့က ရထားလုံးပျံ ပျံသန်းမှုကို အာရုံစိုက်ထားလေသည်။ သူမက ဟွားဝူတောက် စကားကို ကြားသည့်အခါ တအံ့တဩ ရေရွတ်လိုက်၏ “လူသေတွေက အသက်ပြန်ရှင်လာတာလား ”

“ ဒါက ပြန်လည်အသက်သွင်းတဲ့ နည်းစနစ်မျိုးတော့ မဟုတ်ဘူး … သာမန်ကျင့်ကြံသူတွေက ပစ္စည်းတွေကို ရွေ့လျားစေဖို့ ချီစွမ်းအားကို လှည့်ပတ်ဖွဲ့စည်းဖို့ လိုတယ်။ စုန်းအတတ်က ပတ်ဝန်းကျင်ကနေ ချီစွမ်းအား လှုံ့ဆော်ပေးဖို့ အစီအရင်တွေ၊ အစီအရင်သွေးကြောနဲ့ ရိုးရာဓလေ့ပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ စိတ်နှလုံးသားကို ထိန်းချုပ်ကြတယ် … ” ဟွားဝူတောက်က ရှင်းပြလိုက်သည်။

“ လန်လော့လို လူမျိုးတောင် အထိန်းချုပ်ခံရသေးတာပဲ။ ဒီလိုပါးမွှားလေးတွေတော့ ထည့်မပြောနဲ့တော့ ”

ကျောင်းယွဲ့က ပြောလိုက်သည် “ ဒါပေမဲ့ အဲဒါက အဓိပ္ပါယ်မရှိဘူးလေ။ အဲဒီအရုပ်တွေက ကျင့်ကြံဆင့် နိမ့်ကြတယ်။ သူတို့က ကျွန်မတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ”

“မဟုတ်ဘူး ” ဟွားဝူတောက်က ခေါင်းခါကာ “ လူသေ ကျင့်ကြံသူတွေကို သတ်ဖို့ ငါတို့ ပြုစားထားတဲ့သူကို သတ်မှပဲ ရမှာ။ ဒါမှမဟုတ် စွမ်းအားအပြင်းဆုံးနဲ့ သတ်မှ ရမယ်။ သူတို့က နာကျင်မှုကို မခံစားနိုင်တော့ အကြောက်အလန့် မရှိကြဘူး။ သူတို့က သာမန်လူသားတွေလို အကြောက်တရား မရှိတော့ဘူး။ ပြီးတော့ ဒီစတေးခံ အစီအရင်က လူသေတွေရဲ့ စွမ်းအားကို ဆက်စုပ်ယူနေမှာ။ သဲတစ်မှုန့်ချင်းစီကနေ တောင်ပို့ဖြစ်လာနိုင်တယ်။ ငါတို့ လျော့တွက်လို့ မဖြစ်ဘူး ”

ကျောင်းယွဲ့က လက်နှစ်ဖက်ယှက်ကာ “ ကျွန်မ သိပြီ”

လုကျိုးက အောက်မှ တိုက်ပွဲကို ကြည့်ရင်း တိတ်ဆိတ်လျက်ရှိသည်။ သူက သူ့ဘာသာ တွေးလိုက်မိ၏။

နတ်ဆရာကြီးက ဘယ်မှာပုန်းနေတာလဲ … သူက မော့လီနဲ့ ဘာဆက်ဆံရေး ရှိတာလဲ ဒါမှမဟုတ် ဟွားယွဲ့ရှင်း ပြောဖူးတဲ့ နယ်စပ်ဆီ နယ်နှင်ဒဏ်ပေးခံရတဲ့ လေးယောက်မြောက် မင်းသားလား …

ငါသာ နတ်ဆရာကြီးကို ခေါ်ထုတ်နိုင်ရင် ဘာမှကြောက်နေဖို့ မလိုတော့ဘူး …

ဘန်း ဘန်း ဘန်း

တွမ့်မူရှန်းက ကြောက်ခမန်းလိလိ စွမ်းအားဖြင့် ရှေ့ဆက်တက်သွားသည်။ နောက်ဆုံးတွင် လှံအရိပ်ထောင်ချီက ရုပ်သေးရုပ် တစ်ရုပ်ကို ဖျက်စီးနိုင်သွားသည်။

“သောက်ရမ်း ပင်ပန်းလိုက်တာ … ဒီအရုပ်တွေက သတ်ဖို့ ဘာလို့ ဒီလောက်ခက်နေရတာလဲ”

ဘန်း

ထိုစဉ် မင်ရှစ်ရင်၏ ခွဲခွာချိတ်ကောက်က ရုပ်သေးရုပ်ကို ဖျက်စီးပစ်လိုက်နိုင်သည်။ သူလည်း ပြောလိုက်သည် “စုန်းအတတ် မန္တန်ကိုပဲ ဖျက်စီးလိုက်။ သူတို့က အစကတည်းက သေနေပြီးသား ”

အခြားလူများက မင်ရှစ်ရင်အား ကြည့်လိုက်ကြသည်။

မင်ရှစ်ရင်က နေက်ဆုတ်လိုက်ပြီး လျှပ်စီးလိုအလျှင်ဖြင့် ရှေ့တိုးသွားပြန်သည်။ သူက ရုပ်သေးရုပ် ခန္ဓာပေါ်မှ အနက်ရောင် စွမ်းအားသွေးကြောများကို အဓိကထား တိုက်ခိုက်နေသည်။

ထိုအခိုက်အတန့်မှ အားလုံး သဘောပေါက်သွားကြသည်။

“လောင်စစ်က တကယ်ကို ဉာဏ်ကောင်းတယ် ” တွမ့်မူရှန်းက နောက်ထပ် ရုပ်သေးရုပ် တစ်ရုပ်ကို နယ်ရှင်လှံဖြင့် မြန်မြန် တိုက်ခိုက်လိုက်သည်။

ရုပ်သေးရုပ်များစွာ လဲကျသွားသည်။ သို့သော်လည်း နောက်ထပ်များစွာ ကျန်ရှိနေသေး၏။

ပဒုမ္မာစင်မြင့်အထက်တွင် ရုပ်သေးရုပ် ငါးဆယ်ကျော် ရှိနေသည်။

ဟွားယွဲ့ရှင်းက သွေးကြောများ၏ အားနည်းမှတ်ကို ဆက်လက် ပစ်ခတ်နေသည်။ သူမ ကျင့်ကြံဆင့်က နိမ့်နေသေးသော်လည်း သူမ မြှားပစ်စွမ်းရည်က အံ့ဩလောက်စရာ ဖြစ်၏။ အဝေးတစ်နေရာမှ သူမက တွမ့်မူရှန်းနှင့် အခြားလူများလို မလှုပ်ရှားဘဲ ရုပ်သေးရုပ်များစွာကို ကိုင်တွယ်နိုင်လိုက်သည်။

ရုပ်သေးရုပ်များက လဲကျသွားသည်။ သူတို့ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့များ ထွက်လာကာ သူတို့အထက်မှ သံကြိုးလို စွမ်းအားများဆီ စုပ်ယူခံလိုက်ရသည်။

ကုသိုလ်ရမှတ် မရဘူးလား …

ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်နဲ့ အောက် လူသေ ကျင့်ကြံသူတွေပဲ … မတန်လိုက်တာ

လုကျိုးက ခေါင်းခါလိုက်သည်။ ကံကောင်းစွာဖြင့် သူ့တွင် တပည့်များ ရှိနေလေသည်။ သူသာ အသုံးပြုပစ္စည်းကတ်များဖြင့် ထိုရုပ်သေးရုပ်များကို ကိုင်တွယ်ရလျှင် သူ ဘယ်လိုသေသွားမှန်း သိလိုက်ရမည်ပင် မဟုတ်ပေ။

ဟွားဝူတောက်က တိုက်ခိုက်ရေး ပညာရှင် မဟုတ်သောကြောင့် ရထားလုံးပျံပေါ်တွင် နေရစ်ဖို့ ရွေးချယ်ထားသည်။

ထင်ထားသည့်တိုင်း ရထားလုံးပျံဆီ ခုန်ဝင်လာသည့် နောက်ထပ် ရုပ်သေးရုပ်များစွာ ထွက်ပေါ်လာသည်။

“လျို့ဟယ် စည်းတံဆိပ် ” ဟွားဝူတောက်၏ လျို့ဟယ်စည်းတံဆိပ်က ရထားလုံးပျံကို အလင်းများ ခြုံလွှမ်းလျက် ပေါ်ထွက်လာသည်။

အနက်ရောင် ရုပ်သေးရုပ်များက စည်းတံဆိပ်ဆီ ပြေးဝင်ပြီးနောက် ချက်ချင်း တွန်းထုတ်ခံလိုက်ရသည်။

အဝေးမှ စီးဝူယာ့က ထိုအချင်းအရာကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

“ ဟွားဝူတောက်က ကျင့်ကြံဆင့် အဆင့်တက်သွားပုံပဲ။ သူက အားနည်းချက် ဖယ်ရှားလိုက်နိုင်ပြီလား ”

တိုင်လုံးကိုးခုလုံး တုန်ခါသွားသည်။ အနက်ရောင်စွမ်းအားကွန်ယက် ဗဟိုတွင် အနက်ရောင်စက်ဝန်းတစ်ခု စတင် ပေါ်ထွက်လာသည်။

စီးဝူယာ့၏ မျက်မှောင်ကြုတ်ထားမှုက မပြေလျော့သွားသေးဘဲ ထပ်မံ ရေရွတ်လိုက်သည် “ သူတို့က ဒီလိုမျိုး စွမ်းအားဖမ်းဆုပ်ဖို့ ကြိုးစားနေတာလား ”

အစီအရင်များကို ပဒုမ္မာစင်မြင့်ပေါ်တွင် မခင်းနိုင်သည်မှာ သာမန်အသိတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း စတေးခံ အစီအရင်က တိုင်လုံးကိုးလုံးနှင့် အတူတွဲဖက်ထားသည်။ လော့ရှင်းခုံက သူ့အသက်ကို စတေးခံအဖြစ် စတေးလိုနေသည်ကို မည်သူကသိမည်နည်း။

တိုင်လုံးကိုးလုံးက ယခု စတေးခံ ပေးဆပ်ရာ အင်အား ဖြစ်လာသည်။

“ ဂိုဏ်းချုပ် .. ငရဲဂိုဏ်း ပြန်လာပြီ။ ကျွန်တော်တို့ သွားနှုတ်ဆက်လိုက်ရမလား ”

ငရဲဂိုဏ်း၏ ရထားလုံးပျံကို တတိယ မျှော်နန်းဆောင်နား မြင်တွေ့နိုင်သည်။

“မလိုဘူး ”

“ နားလည်ပါပြီ ”

စီးဝူယာ့က ငရဲဂိုဏ်း၏ ရထားလုံးပျံကို ကြည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည် “တာ့ရှစ်ရှိုး … သူတို့ကို ဝင်ကူပေးမှာလား ”

…

All Chapters