အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
အခန်း (၂၅၆) ငမိုက်သားက ညှိနှိုင်းနေခွင့် မရှိဘူး
လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။
“ သူ့ကို ရှာနိုင်လား ”
“အာ ..” မင်ရှစ်ရင် မျက်နှာထက်တွင် နေရခက်သည့် အမူအရာမျိုး ပေါ်လာသည်။ နောက်ဆုံးတစ်ကြိမ် သူ စီးဝူယာ့ကို နောက်ယောင်ခံလိုက်ဖို့ ကြိုးစားခဲ့စဉ်အခါက အချိန်အတော်ကြာ ယူခဲ့ရပြီး ဒုက္ခမျိုးစုံ ဖြတ်ကျော်ခဲ့ရသည်။ သူ့ကို ချောက်လန့်လိုက်သလို ဖြစ်ပြီးနောက် စီးဝူယာ့တစ်ယောက် သတိကြီးကြီးထားနေလောက်လေပြီ။ စီးဝူယာ့ကို ရှာဖို့ မလွယ်လှပေ။ ထို့အပြင် သူက စီးဝူယာ့လောက် ဉာဏ်မကောင်းကြောင်း သိထားသည်။
ထိုစဉ် လုကျိုးသည် အရှေ့မျှော်နန်းဆောင်ရှိ သေတ္တာကို အမှတ်ရသွားသည်။ သူက ဖြည်းဖြည်းချင်း ထရပ်ကာ “ဒါအကုန်ပဲ …”
အခြားလူများလည်း ထရပ်ကာ နှုတ်ဆက်လိုက်ကြသည်။
………..
အလှမ်းဝေးလှသော တဲအိမ်လေးအတွင်း …
စီးဝူယာ့က အထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
“ဂိုဏ်းချုပ် … ကြွက်ငါးကောင်ဆီကနေ စာရောက်လာပါတယ်”
“ သူတို့ ကျရှုံးတယ်တဲ့လား ” စီးဝူယာ့က မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူတို့သာ အောင်မြင်လျှင် စာပို့နေမည် မဟုတ်ဘဲ ဒေါင်းမြီးယပ်တောင်နှင့်အတူ ပြန်ရောက်လာမည်မှန်း သိထားသည်။
“ ဟုတ်ပါတယ် … ကြွက်ငါးကောင်ရဲ့ ခေါင်းဆောင် ပိုင်ချင်းယွင်က စာထဲမှာ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိနေတုန်း လန်လော့နဲ့ ဆုံလို့ ထွက်ပြေးခဲ့ရတယ်တဲ့ … ”
“ လန်လော့ … ရှစ်စွင်းက သူ့လက်အောက်မှာ ဒီလိုမျိုး နာမည်ကျော် ရှိနေတာပဲ …” စီးဝူယာ့က ခေါင်းခါလိုက်သည်။
“အဲဒီလူက သေးသွယ်အနောက်ပိုင်းကန်မှာ မဟူရာစစ်သည်တော်တွေကို တစ်ကွက်တည်းနဲ့ ရှင်းပစ်ခဲ့တာ။ အရင်တုန်းက ကြွက်ငါးကောင်လည်း လန်လော့လက်ထဲ အဖမ်းခံဖူးတယ်။ သူတို့ လန်လော့ကို ကြောက်နေတာ ပုံမှန်ပါပဲ … ထားလိုက်တော့ ”
“အဲဆို ဒေါင်းမြီးယပ်တောင် …”
“ ကျွန်တော်တို့ နောက်ထပ် အခွင့်အရေး မရှိနိုင်တော့ဘူး ”
အကယ်၍ သူတို့တွင် အခွင့်အရေးအပြည့်အဝ ရှိနေစဉ်ကပင် မအောင်မြင်လျှင် နောက်တစ်ကြိမ် အောင်မြင်ဖို့ မဖြစ်နိုင်တော့ပေ။
“ ဒါပေမဲ့ … ကြွက်ငါးကောင်က ဒါကို ပြန်ယူခဲ့တယ် ” လက်အောက်ငယ်သားက အိတ်ကပ်ထဲမှ စာရွက်ထုပ်ကို ထုတ်ပေးလိုက်သည်။
စီးဝူယာ့က စာရွက်ထုပ်ကို ဖြေကြည့်လိုက်သည့်အခါ သေတ္တာပုံကြမ်း ပေါ်လာလေ၏။ ထိုအရာက မပြီးပြတ်သေးသော်လည်း သူက မှတ်မိလေသည်။
သူက ခပ်ယဲ့ယဲ့ ပြုံးကာ “ မိစ္ဆာဝေဟင်မျှော်နန်းဆီ စာပို့လိုက် ”
………..
ဒုတိယနေ့ရက်မြောက်၊ မိစ္ဆာဝေဟင်မျှော်နန်းတွင် …
အရှေ့မျှော်နန်းဆောင်၌ …
လုကျိုးက ညတွင်းချင်း ထူးခြားအံ့ဖွယ် စွမ်းအားကို အများကြီး မစုဆောင်းနိုင်ခဲ့ပေ။ သူက မျက်လုံးဖွင့်လိုက်ပြီး စနစ်ကို ကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၁၉၃၈၀
ငါ ပဒုမ္မာစင်မြင့်မှာ ကုသိုလ်ရမှတ် ၇၅၅၀ တောင် ရခဲ့တာပဲ … ဟူး ဒါတောင် နည်းရှစ်သွယ်ဆက်နွယ်ခြင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်နိုင်ဖို့ အမှတ် ခြောက်ရာ လိုနေသေးတယ် …
လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန် ဝယ်ယူဖို့ ဆုံးဖြတ်မထားပေ။ စနစ်အပေါ် နားလည်မှုအရ နောင်ကျ ကံစမ်းမဲ၌ ထိပ်တန်းဆုလာဘ် ပေါက်ဖို့ ခက်ခဲလာကြောင်း ခံစားချက်ရနေသည်။ သို့သော်လည်း လူဆိုတာက နိုင်နိုင်ခြေ နည်းနေမှန်း သိလျှင်ပင် ကံစမ်းကြည့်ချင်ကြသူများ မဟုတ်ပါလော။
“ငါက ကံစမ်းမဲ ငါးခါပဲ ဆွဲကြည့်မယ်” ကံစမ်းမဲ ငါးခါအပြီးတွင် လုကျိုးက သက်ပြင်းအသာချလိုက်၏။ သူက ရေရွတ်လိုက်သည် “ ထင်ထားတဲ့အတိုင်းပဲ ငါ ချွေတာပြီးတော့ စိတ်ဝိညာဉ်သဏ္ဌာန် ဝယ်သင့်နေပြီ ”
လုကျိုးက ကောင်းကင်ကျမ်းကို ဆက်လေ့လာတော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ အသံ ထွက်ပေါ်လာသည်။ မျှော်နန်းဆောင်အပြင်ဘက်မှ ကျောင်းယွဲ့က ဦးညွှတ်ကာ “ ရှစ်စွင်း … စီးဝူယာ့ဆီကနေ စာရောက်လာပါတယ်”
“ဖတ်လိုက် ” လုကျိုးက ပြောလိုက်သည်။
ကျောင်းယွဲ့က ဖတ်ပြလိုက်သည်။
“ စီးဝူယာ့က သူ့ဆီမှာ ရှစ်စွင်း ဖွင့်ချင်တဲ့ သေတ္တာနဲ့ ပတ်သက်ပြီး သတင်းရှိတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ သူ့ဆီမှာ တောင်းဆိုချက် ရှိနေတယ်။ သူက သတင်းအလဲအလှယ်အနေနဲ့ ဒေါင်းမြီးယပ်တောင်ကို ပြန်လိုချင်ပြီးတော့ ရှစ်စွင်းရဲ့ ချုပ်နှောင်ရေး မန္တန်ကို ဖြေပေးဖို့ တောင်းဆိုထားတယ် …”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လုကျိုးက ပြောလိုက်သည်။
“ငမိုက်သား ”
ကျောင်းယွဲ့က သူ့ရှစ်စွင်း၏ ဒေါသကို ခံစားမိကာ မြန်မြန် ပြောလိုက်သည်။
“ ရှစ်စွင်း ဒေါသထိန်းပါ ”
“အဲဒီငမိုက်သားက သူ့ဘာသာ အထင်ကြီးနေတာပဲ … သူက ရွှေနန်းဥယျာဉ်တောင်ကနေ ထွက်သွားတာနဲ့ ငါနဲ့ လာညှိနှိုင်းနိုင်မယ်များ ထင်နေလား ”
“ ရှစ်စွင်း ပြောတာ မှန်တယ်။ စီးဝူယာ့က မထီလေးစားလုပ်နေတာပဲ ” ကျောင်းယွဲ့က ပြောလိုက်သည်။
လုကျိုးက မပြောခင် ခဏတာ တိတ်ဆိတ်သွားပြီး “ကျန်းအိုက်ကျန့်ဆီက ဘာပြောသေးလဲ”
အချိန်အတော်ကြာ စာမပို့ဘဲ တိတ်ဆိတ်နေသည်မှာ ကျန်းအိုက်ကျန့်၏ ပုံစံ မဟုတ်ပေ။
“ ရှစ်စွင်း … ကျန်းအိုက်ကျန့်က ဘာမှပြောမလာသေးပါဘူး” ကျောင်းယွဲ့က ပြောလိုက်သည်။
“ကောင်းပြီ … အခု ထွက်သွားလို့ ရပြီ ”
“ တပည့် သွားလိုက်ပါဦးမယ်”
ကျောင်းယွဲ့ ထွက်သွားပြီးနောက် လုကျိုးက စနစ်ပေါ်ရှိ တာဝန်စာရင်းကို စစ်ဆေးလိုက်သည်။ သူ့တပည့်များကို သင်ကြားဆုံးမဲ့ပြုပြင်ရမည့် တာဝန်အပြင် သော့အကြောင်း ပြထားသည့် သဲလွန်စက မပြီးဆုံးသေးပေ။ သူက ထိုအကြောင်းကို တွေးကာ သေတ္တာပေါ်မှ အချက်အလက်များကို သူ့မှတ်ဉာဏ်ထဲမှ ရှာဖို့ ဆုံးဖြတ်လိုက်သည်။ ကံကောင်းလျှင် သူ သဲလွန်စ တွေ့လာနိုင်သည်။
သို့သော် မှတ်ဉာဏ်များက ကြာမြင့်လွန်းပြီ ဖြစ်၍ ဝေဝါးနေသည်။ သူက ခဏကြာ ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
သူက စဉ်းစားလိုက်သည်။
အဲဒါက ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်နဲ့ ပတ်သက်နေတာလား …
သူ ကူးပြောင်းလာစဉ်ကတည်းက လုကျိုးသည် ဒီခန္ဓာကိုယ်အိုကြီးနှင့် အသားကျလာခဲ့ပြီ ဖြစ်၏။ သူက အကြောင်းပြန်လှန်ကတ် ရှိထား၍ အိုမင်းသွားမည်ကို မစိုးရိမ်ပေ။ သို့သော်လည်း သူ့မှတ်ဉာဏ်များကို ပြန်လည်ရအောင် လုပ်နိုင်မည့် နည်းလမ်း ရှိပုံမပေါ်ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ့တွင် တိုးတက်မှု ရှိမလာပေ။ ထို့ကြောင့် သူက ခေါင်းခါလိုက်ရင်း ကောင်းကင်ကျမ်းကိုသာ ပြန်လေ့လာလိုက်တော့သည်။
နောက်တစ်ရက် မနက်ခင်း၌ …
ကျောင်းယွဲ့က စာဖြင့် ရောက်လာသည့်အခါ လုကျိုးက မျက်လုံးအသာဖွင့်လိုက်သည်။
ကျောင်းယွဲ့က သူမရှစ်စွင်းသည့် အရှေ့မျှော်နန်းဆောင် ခြံဝန်းအတွင်း ထူးထူးဆန်းဆန်း အပြုအမူများ လုပ်နေသည်ကို မြင်သောကြောင့် မနှောင့်ယှက်ရဲပေ။ သူမက ရှစ်စွင်း နိုးလာအောင်အထိ ဘေးနားကနေသာ စောင့်နေလိုက်သည်။
“ ရှစ်စွင်း စာရောက်လာပါတယ် ”
လုကျိုးက လုပ်လက်စကို ရပ်လိုက်ပြီး မေးလိုက်သည် “ ဘယ်သူ့ဆီကလဲ ”
“အစတော့ ကျွန်မ ဖွင့်ဖတ်ချင်ပေမဲ့ အရေးကြီးတယ်ထင်လို့ ကျွန်မ ဖတ်ဖို့ သင့်တော်တယ် မထင်ဘူး။ အဲဒါကြောင့် ဒီကို မြန်မြန် ယူလာလိုက်တာပါ” ကျောင်းယွဲ့က ပြောလိုက်သည်။
“ဖတ်လိုက်”
“ နားလည်ပါပြီ ” ကျောင်းယွဲ့က စာဖွင့်ဖောက်ကာ ဖတ်လိုက်သည်။
“ ကျွန်တော် မနေ့တုန်းက အရူးထမိခဲ့ပါတယ်။ ရှစ်စွင်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ရွှေနန်းဥယျာဉ်တောင်ကနေ ထွက်လာခဲ့ပေမဲ့ ရန်သူဖြစ်ဖို့ တစ်ခါမှ မတွေးထားဖူးပါဘူး။ ကျွန်တော်ရဲ့ စိတ်သဘောထားကို ပြသတဲ့အနေနဲ့ တစ်ယောက်ယောက်ကို အမိန့်ပေးပြီး ရှစ်စွင်းဆီ သတင်းအချက်အလက် ပို့ခိုင်းလိုက်ပါ့မယ်”
သူမက စာဖတ်လိုက်ပြီးနောက် ဘေးချထားကာ ပြောလိုက်သည်။
“ ဟုတ်တယ်။ တောင်ခြေမှာ တွေ့ခွင့်တောင်းနေတဲ့ ရှိုးနွီ(သီလရှင်)တစ်ပါး ရှိနေတယ်။ လောင်ချီကို သံသယဝင်မိလို့ သူမကို ဝင်ခွင့်မပေးသေးဘဲ ထားထားတယ်။ ရှစ်စွင်းရဲ့ အမိန့်ကို စောင့်နေပါတယ်”
“ရှိုးနွီတစ်ပါးလား” လုကျိုးက မရေမရာ ဖြစ်မိသွားသည်။
“ တိမ်တောက်ရှိုးနွီကျောင်းကပါ ”
သူက ထိုစကားကို ကြားလိုက်သည့်အခါ အပြင်ဘက်၌ တည်ငြိမ်နေသော်လည်း စိတ်ထဲ ရှုပ်ထွေးလာမိသည်။
ဒါက ကံတရားလား …
တိမ်တောက်ရှိုးနွီကျောင်းနှင့်ပတ်သက်သည့် မှတ်ဉာဏ်များက ထူးထူးဆန်းဆန်း ထင်ရှားနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူက ရှိုးနွီသည် သော့နှင့် ပတ်သက်နေလိမ့်မည်ဟု မထင်မိပေ။
“ သူမကို အထဲဝင်ခိုင်းလိုက် “
“ တပည့် သွားခေါ်လိုက်ပါ့မယ် ” ကျောင်းယွဲ့က အရှေ့မျှော်နန်းဆောင်မှ ထွက်သွားလိုက်သည်။
လုကျိုးက ဆက်လက် အကြော့ဆန့်နေသည်။
ခဏအကြာတွင် ကျောင်းယွဲ့က အရှေ့မျှော်နန်းဆောင်ဆီ ရှိုးနွီကို ခေါ်ဆောင်လာသည်။
“ ရှစ်စွင်း ဒါက တိမ်တောက်ရှိုးနွီကျောင်းက ဝါစဉ်မြင့် ရှိုးနွီ ရွှမ်ကျင်းပါ ”
“ တိမ်တောက်ရှိုးနွီကျောင်းက ရွှမ်ကျင်းက ဒကာကြီးကို တွေ့ဖို့ ရောက်လာတာပါ ”
လုကျိုးက လုပ်လက်စကို ရပ်ပြီး ရှိုးနွီကို ကြည့်လိုက်သည်။
သူမက ရှိုးနွီ ဝတ်ရုံ၊ ခေါင်းဆောင်းကို ဝတ်ဆင်ထားပြီး ဗုဒ္ဓပုတီးကုံးကို ကိုင်ထားလေသည်။ သူမက နည်းနည်း အသက်အရွယ်ရနေပြီး သူမ ဆံပင်တို့၌ ငွေမျှင်ရောင် ဆံပင်ဖြူဖြူတို့ မြင်နေရသည်။
လုကျိုးက ပြောလိုက်သည်။
“ထိုင်ပြီး ပြောပါ”
ရွှမ်ကျင်းက လျှောက်လှမ်းလာပြီးနောက် ကြက်သွေးရောင် ပိုးသေတ္တာကို ထုတ်လိုက်ပြီး “ဒါကို ပိုင်ရှင်ဆီ ပြန်လာပေးတာပါ …”
လုကျိုးက လက်ဝှေ့လိုက်သည့်အခါ သေတ္တာက သူ့လက်ထဲ ရောက်လာသည်။
ရွှမ်ကျင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ဆရာကျင်းယန်က ထားခဲ့တာပါ … ဒကာကြီးက ဒီပစ္စည်းကို အသည်းအသန်ရှာနေတယ် ကြားလို့ လာပေးတာပါ …”
“ကျင်းယန် ချန်ထားခဲ့တာလား”
“ ဟုတ်ပါတယ်။ ဒကာကြီး တောင်ထိပ်မှာ လာဆွေးနွေးတုန်းက ကျန်နေခဲ့တာပါ။ ဒီနှစ်တွေမှာ လာမယူဖြစ်တာနဲ့ သိမ်းထားပေးတာပါ” ရွှမ်ကျင်းက ပြောလိုက်သည်။
လုကျိုးက သေတ္တာကို ကြည့်လိုက်သည်။ သူက စွမ်းအားတချို့ စုစည်းလိုက်သည့်အခါ သေတ္တာက ပွင့်လာသည်။
“ တင်း … ပျောက်ဆုံးနေတဲ့ သော့ကို ရှာဖွေတဲ့ တာဝန် ပြီးမြောက်သွားပါပြီ။ ဆုလာဘ် - ကုသိုလ်ရမှတ် တစ်ထောင် ”
သေတ္တာထဲတွင် လက်ရာမြောက် သော့တစ်ချောင်း ပါရှိနေသည်။ အတိတ်မှ ပစ္စည်းဖြစ်နေသောကြောင့် သူ့မှတ်ဉာဏ်တို့က ဝေဝါးနေလေသည်။
လုကျိုးက သော့ကို သိမ်းလိုက်ပြီး မေးလိုက်သည်။
“ အခု တိမ်တောက်ရှိုးနွီကျောင်းရဲ့ အခြေအနေ ဘယ်လိုလဲ”
“အဲဒါမှ ဒကာကြီးကို ၀ူညန် အပြစ်ပေးတဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်။ ၀ူညန်က တိမ်တောက်ရှိုးနွီကျောင်းရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုပြီးတော့ နေရာအနှံ့မှာ အပြစ်တွေ ကျူးလွန်ခဲ့တယ်။ အခု သူမက ကျင့်ကြံဆင့် ဆုံးရှုံးသွားပြီဆိုတော့ တိမ်တောက်ရှိုးနွီကျောင်းရဲ့ ကျောင်းထိုင် မဟုတ်တော့ပါဘူး ”
လုကျိုးက ခေါင်းညိတ်ကာ “ငါက ဒါကို အလောတကြီးရှာနေတယ်ဆိုတာ ဘယ်လိုသိလဲ”
ရွှမ်ကျင်းက နားမလည်စွာဖြင့် “ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒကာစီးက စာပို့လိုက်တယ် မဟုတ်ဘူးလား ”
ကျောင်းယွဲ့က ဝင်ပြောလိုက်သည်။
“ ထင်ထားတဲ့အတိုင်း အဲဒီသစ္စာဖောက်ပဲ”
“သစ္စာဖောက်တဲ့လား ” ရွှမ်ကျင်းက နားမလည် ဖြစ်သွားသည်။
ကျောင်းယွဲ့က ပြောလိုက်၏ “အဲဒါ ဆရာလေးနဲ့ မဆိုင်ပါဘူး။ ဆရာလေးက ရှိုးနွီ ဖြစ်နေတာကြာလှပြီဆိုတော့ တချို့ကိစ္စတွေကို မသိတာ နားလည်လို့ ရပါတယ်။ တကယ်လို့ ကိစ္စမရှိတော့ရင် ထွက်သွားလို့ ရပါပြီ ”
…
အခန်း (၂၅၇) သေတ္တာဖွင့်ခြင်း
ကျောင်းယွဲ့က သူမရှစ်စွင်းနှင့် တိမ်တောက်ရှိးနွီ၏ ဆက်ဆံရေးအကြောင်း မသိပေ။ ပဒုမ္မာစင်မြင့်ရှိ အဖြစ်အပျက် ပြီးနောက် ရွှမ်ကျင်းသည် ယဉ်ကျေးနေပြီး ဝူညန်ကို ဝေဖန်သည့်တိုင် တိမ်တောက်ရှိးနွီအပေါ် ကျောင်းယွဲ့၏အမြင်က သိပ်မကောင်းပေ။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက ရွှမ်ကျင်း ရှိသင့်သည့်နေရာ မဟုတ်ပေ။
ရွှမ်ကျင်းက လက်ထောက်ပြီးနောက် ပြောလိုက်၏။
“တစ်ခု ပြောစရာ ရှိသေးတယ်”
“ဘာလဲ”
“ကျောက်စိမ်း မြင်းမြီးတုတ်က တိမ်တောက်ရှိးနွီရဲ့ အုတ်မြစ်ပဲ။ ဖြစ်နိုင်မယ် ဆိုရင် ဒကာကြီးက ပေးဖို့..”
လုကျိုးက ကြားဖြတ်ပြောလိုက်ပြီး ထူးမခြားနား ဆိုလိုက်လေ၏။
“ငါက ကျောက်စိမ်း မြင်းမြီးတုတ်ကို ကျင်းယန်ဆီ ပေးထားတာ အဲဒီအကြောင်း သူ မင်းကို မပြောထားဘူးလား”
“ဒါက..”
“ငါ သူ့ကို မြင်းမြီးတုတ် ပေးထားတယ် ဆိုရင် ဒါကို ပြန်ယူနိုင်တာပဲ”
လုကျိုးက ပြောလိုက်၏။
လုကျိုးက သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြပြီး ဖြစ်သောကြောင့် ရွှမ်ကျင်းက ထပ်မတောင်းဆိုရဲတော့ချေ။ သူမက သက်ပြင်းချလျက် မျက်နှာထက်တွင် ကူကယ်ရာမဲ့သည့် အမူအရာ ပေါ်လာလေ၏။ ထို့အတွက် မိစ္ဆာဝေဟင်မျှော်နန်းကို အပြစ်မတင်နိုင်ပေ။ ဝူညန်က အဆင်အခြင်မဲ့စွာ မပြုလုပ်ခဲ့လျှင် သူတို့က အစတည်းက ဤအခြေအနေသို့ ရောက်မှာ မဟုတ်ပေ။ နောက်ဆုံးတွင် သူမက အရိုအသေပေးပြီးနောက် ပြောလိုက်လေ၏။
“ဂရုစိုက်ပါ ဒကာကြီး ဆရာလေး အခု သွားတော့မယ်”
ပြီးနောက် သူမသည် မျှော်နန်းကနေ ထွက်သွားတော့၏။
“ကျွန်မလည်း ထွက်သွားတော့မယ် ရှစ်စွင်း”
ကျောင်းယွဲ့သည် ရှိးနွီထွက်သွားပြီးနောက် လိုက်ထွက်သွား၏။ အရှေ့ဘက် မျှော်နန်းက ထပ်မံ တိတ်ဆိတ်သွားလေ၏။
လုကျိုးက မျှော်နန်းထဲသို့ ဝင်သွားပြီး ထောင့်ဘက်ရှိ သေတ္တာကို တွေ့လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ သေတ္တာက သူ့ဆီ ပျံလာတော့သည်။ သူက ကြေးနီရောင်သေတ္တာဆီမှ သော့ကို ထုတ်လိုက်သည်။ သူ့လက်ချောင်းက သော့ကို ထိသွားချိန်၌ အေးစက်စက် အထိအတွေ့ အရေပြားပေါ် ရောက်လာလေ၏။ သော့က ထူးကဲသော ကုန်ကြမ်းဖြင့် သွန်းလုပ်ထားပုံပေါ်သည်။ ယိုယွင်းတိုက်စားမှု မရှိဘဲ အပြင်လောက၌ တည်ငြိမ်စွာ နေနိုင်ခြင်းမှာ အံ့ဩစရာမရှိပေ။ သေတ္တာပေါ်ရှိ သော့ပေါက်က မကြီးပေ။
လုကျိုးက သူ့လက်ထဲတွင် သေတ္တာလေးကို ကိုင်ထားပြီးနောက် သော့ကို ထည့်ကာ လှည့်ဖွင့်လိုက်၏။
ဂျွတ်
အသံတစ်သံ ထွက်လာလေ၏။ တစ်စုံတစ်ယောက်၏ လည်ပင်းကျိုးသွားသည့် ဆူညံသံနှင့် တူသည်။
မကြာမီ၌ သေတ္တာ၏ မျက်နှာပြင်ပေါ်ရှိ အကြောများက တောက်ပစွာ လင်းလာလေ၏။ လျှပ်စစ်စီးကြောင်းနှင့်တူသည့် အမှောင်ရောင်ခြည်က သော့ပေါက်ကနေ ပေါ်ထွက်လာပြီး သေတ္တာ၏မျက်နှာပြင်ပေါ်ရှိ အကြောများပေါ် ရောက်သွားတော့၏။
“သေသပ်လိုက်တဲ့ ဒီဇိုင်းပဲ”
လုကျိုးက ချီးကျူးလိုက်သည်။ လျှပ်စီးကဲ့သို့ ရောင်ခြည် လေထဲတွင် လျော့သွားချိန်၌ နောက်ထပ် ဆူညံသံ ထွက်ပေါ်လာသည်။
သေတ္တာကမူ တစ်ဖက်ခြမ်းတွင် ပွင့်လျက်သား ဖြစ်နေ၏။ ယင်းသည် အတော်ကြာ ပိတ်ထားခံရခြင်းကြောင့် အတော်ကြာ သေတ္တာထဲမှ ပုပ်အဲအဲ အနံ့ ပေါ်လာပုံပေါ်သည်။ လုကျိုးက အနံ့အသက်များ ပပျောက်သွားစေရန် လက်ယမ်းလိုက်၏။
“တင်း.. ကောင်းကင်ကျမ်းစာ ပေလွှာတစ်ခု လက်ခံရရှိပါပြီ”
“တင်း.. စက္ကူပုရပိုက်ပုံကြမ်းဟောင်း ရရှိပါပြီ”
“ဟမ်..”
လုကျိုးက ကောင်းကင်ကျမ်းစာ စာရွက်အကြွင်းအကျန်ကို ထိလိုက်၏။ စာရွက်က အလင်းမှုန်များထဲ ပျော်ဝင်ပြီး ပျောက်ကွယ်သွားသည်။
သူက စနစ်မျက်နှာပြင်ကို ကြည့်နေလိုက်သည်။ သူ၏ အသုံးပစ္စည်းစာရင်းထဲ၌ နောက်ထပ်တစ်ခု တိုးလာ၏။ ကောင်းကင်ကျမ်းစာ ကျင့်ကြံစာရွက်တစ်ရွက်..။ သူသည် ယခင်က ကောင်းကင်အပိုင်းအစမှ ကောင်းကင်ကျမ်းစာ စာလိပ်တစ်ခု ရခဲ့၏။ တစ်နည်းဆိုရလျှင် နောက်ထပ် ကျင့်စဉ်တစ်ခုကို ဖော်ဆောင်နိုင်သည့် အပိုင်းအစများ ရှိအုံးမည်။ သူက ထိုအကြောင်းအရင်းကြောင့် စိတ်တက်ကြွသွားတော့၏။
“စက္ကူပုရပိုက်ကုန်ကြမ်းဟောင်းလား..”
လုကျိုးက သေတ္တာ၏ အောက်ခြေရှိ ဆေးရေးခြယ်စာရွက်ကို ကြည့်လိုက်ပြီး ကောက်ကိုင်လိုက်လေ၏။ သူက ၎င်းကို သေတ္တာပေါ်ဂရုတစိုက် တင်လိုက်ပြီး အပြင်လွှာက ဆွေးမြည့်နေ၏ယ လုကျိုးက အပြင်လွှာကို ဖယ်လိုက်ပြီး ဖြည်းဖြည်းချင်း ဖယ်လိုက်ရာ ဝေဝါးဝါး ပန်းချီကားတစ်ချပ်ကို တွေ့လိုက်လေသည်။ ပန်းချီကားက ကြီးမားလေ၏။ စားပွဲတစ်ခုလုံး ပြည့်သွားသည်။ ယင်းက ရတနာမြေပုံတစ်ချပ်လားဟု လုကျိုးတွေးမိသွားသည်။
“မြေပုံလား”
ဝေဝါးနေသော်ငြား ယင်းက မြေပုံတစ်ချပ် ဖြစ်နေကြောင်း လုကျိုး ပြောနိုင်၏။ တာ့ရန်၏ ဗဟိုဒေသများထဲမှ တစ်ခု၏မြေပုံဖြစ်ပုံပေါ်သည်။ အပြင်ဘက်ဧရိယာက တာ့ယန်နှင့် ဆင်တူ၏။ ထို့ကြောင့် သူ မှန်ကြောင်း သိလိုက်သည်။
လုကျိုးက လက်နောက်ပစ်ထားလိုက်၏။ မြေပုံကို လေ့လာပြီး စဉ်းစားနေလိုက်ကာ သူက ကောင်းကင်ကျမ်းစာ ဖွင့်လှစ်ခြင်း၏ လုပ်ဆောင်ချက်များအကြောင်း သိသည်။ သို့သော်ငြား ထိုမြေပုံက ဘာအတွက်မှန်း မသိပေ။ ၎င်းကို ရှင်းရှင်းလင်းလင်းတောင် မတွေ့ရချေ။ ၎င်းပေါ်တွင် အမှတ်အသားများ မရှိ။ တောင်တန်းများ မြစ်များကို ညွှန်ပြမှု ရှိမနေပေ။ အချိန်အတော်ကြာ လေ့လာပြီးနောက် မြေပုံနှင့် ပတ်သက်၍ ထူးခြားတာ ဘာဆိုဘာမှ မတွေ့ခဲ့ရချေ။ ရုပ်ပုံကားချပ်ဟောင်းကို စားပွဲပေါ် တင်ထားလိုက်၏။
ပြီးနောက် သူ မူလနေရာသို့ ပြန်သွားကာ တင်ပျဉ်ခွေချိတ် ထိုင်လိုက်သည်။ သူက စနစ်မျက်နှာပြင်ကို ဖွင့်လိုက်တော့၏။
ကုသိုလ်မှတ် ၂၀၂၃၀မှတ်။
အမှတ်၂၃၀ ပိုလာသည်။
လုကျိုးက ကံစမ်းမဲလေးခု နှိုက်ခဲ့၏။ ထင်သည့်အတိုင်းပင် ကျေးဇူးတင်စကား လေးခွန်း ရရှိခဲ့သည်။ ကုသိုလ်မှတ် ၂၀၀၀၀ ကျန်ရှိတာက ကံကောင်းနေပြီဖြစ်၏။ သူ့ ကုသိုလ်မှတ်များကို သုံးတာ သိပ်မခံစားရပေ။
ငါ ဆက်ပြီး ကံစမ်းမဲ နှိုက်သင့်လား။ ဒါမှမဟုတ် နည်းလမ်း ရှစ်သွယ် ဆက်နွယ်မှုကို ဝယ်သင့်လား။ မဟုတ်ဘူး မဟုတ်ဘူး။ ငါ ဒီအတိုင်း လောင်းကစားသမားလို စဉ်းစားလို့ မရဘူး။
လုကျိုးက အကြမ်းဖျင်း စဉ်းစားလိုက်၏။ သူက ယခုအချိန်အတွက် မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် လုံခြုံနေသည်။ ထို့အပြင် သူ့၌ လုံလောက်သော အသုံးပစ္စည်းကတ်များ ရှိနေ၏။ ဖြောင့်မတ်ခြင်းလမ်းစဉ်က ရွှေနန်းဥယျာဉ်တောင်ကို ယခုအချိန်တွင် တိုက်ခိုက်လျှင်တောင် သူက သူတို့ကို အလွယ်တကူ ဖယ်ရှားနိုင်သည်။ စိတ်ဝိညာဉ်သဏ္ဍာန်ကို အချိန်မရွေး ဝယ်၍ ရ၏။ ဆိုရလျှင် သူက ကျင့်ကြံခြင်းအခြေခံနှင့် ပတ်သက်ပြီး မည်သည့်တစ်ဆို့မှုမှ ရှိမနေပေ။ သူ အဆင့်ချိုးဖျက်တက်ခဲ့လျှင် သူ၏ခွန်အားက လျင်မြန်စွာ တိုးသွားလိမ့်မည်။ သူက အလျင်မလိုပေ။ အသုံးပစ္စည်းများ၏ ဈေးနှုန်းတန်ဖိုးကို ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ထိုစဉ် ဝေးလံသော တဲအိမ်လေးထဲတွင် ဖြစ်၏။ စီးဝူယာ့က မျက်လုံးဖွင့်ပြီး ရေရွတ်ပြောလိုက်တော့သည်။
“ကံကောင်းလို့ ဒေါင်းမြီးယပ်တောင်က ဘေးကင်းနေတာ”
သူက ခေါင်းငုံ့လိုက်ပြီး သူ့ဝတ်ရုံကို ချွတ်လိုက်၏။ သူ့ရင်ဘတ်ပေါ်ရှိ ချုပ်နှောင်ခြင်းစာလုံးကို ကြည့်လိုက်ရာ သွေးနီရောင်အက္ခရာသည် မှိန်ဖျော့သွားမည့် အရိပ်အယောင် မပြပေ။ သူက မျက်မှောင်ကြုတ်လိုက်၏။
“ဒီမန္တန်က ဘာကြောင့် သိပ်ထူးဆန်းနေရတာလဲ”
ယခုအချိန်အထိ သူက နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သည်။ ထိုသို့တိုင် မန္တန်ကို မချိုးဖျက်နိုင်ခဲ့ပေ။
ထိုစဉ် မီးခိုးရောင်ဝတ်ရုံဖြင့် လက်အောက်ငယ်သားတစ်ဦးက ဝင်လာပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်တော့၏။
“ဂိုဏ်းချုပ် ပထမသခင်လေး ဒီရောက်နေပါတယ်”
“သူ့ကို ခေါ်လာခဲ့..”
စီးဝူယာ့က ထရပ်တော့မည့် အချိန်တွင် ယွီကျန့်ဟိုင်၏ ရယ်မောသံကို ကြားလိုက်ရ၏။
“ချီရှစ်တိ ငါတို့ ထပ်တွေ့ပါပြီ”
စီးဝူယာ့က လက်သီးဆုပ်လျက် ပြောလိုက်တော့၏။
“နှုတ်ဆက်ပါတယ် အာ့ရှစ်ရှိုး”
“ငါတို့ နှစ်ယောက်က ညီအစ်ကိုတွေပဲ တခမ်းတနား လုပ်နေဖို့ မလိုဘူး။ ငါနဲ့ အတူ ဘယ်သူ့ကို ခေါ်လာလဲ ကြည့်လိုက်လေ”
ယွီကျန့်ဟိုင်က အဝင်ပေါက်ကို လှည့်ကြည့်လိုက်၏။ တာအိုခမောက်ဝတ်ရုံတို့ဖြင့် အဘိုးအိုတစ်ဦးက လက်ထဲတွင် မြင်းမြီးတုတ်ကို ကိုင်ကာ လျှောက်လာလေ၏။
စီးဝူယာ့က သူ့ကို ကြည့်ပြီး တအံ့တဩပြောလိုက်သည်။
“တာအိုသူတော်စင် ယွမ်ရှန်းလား..”
“တာအိုသူတော်စင် ယွမ်ရှန်းက အဇဋာအကျော်အမော်ဂိုဏ်းရဲ့ မန္တန်ကျွမ်းကျင်သူတွေထဲက တစ်ယောက်ပဲ။ သူ့ကို ဖိတ်ခေါ်ဖို့ ဒုက္ခတွေ အများကြီး ခံခဲ့ရတာ”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ကျွန်တော့်အတွက် ဒုက္ခခံပေးတာ ကျေးဇူးတင်ပါတယ် အာ့ရှစ်ရှိုး..”
တာအိုသူတော်စင် ကျန့်ယွမ်ရှန်းက လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့၏။
“ပထမသခင်လေးကို လူချင်းသိပါတယ်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လတ်တလော အချင်းပွားမှုကြောင့် တောင်ကနေ မထွက်သွားနိုင်ဘူး နှေးဖင့်နေတာအတွက် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ သတ္တမသခင်လေး”
ယွီကျန့်ဟိုင်ကို ကိုယ်တိုင်သိသည် ဆိုသော်ငြား ယင်းက အမှန်ဖြစ်လိမ့်မည်ဟု မည်သူက သိမည်နည်း။ သို့သော် စီးဝူယာ့က ထိုအရေးကိစ္စကို ပြောရန် လိုသည်ဟု မထင်ပေ။ နောက်ဆုံးတွင် သူက ပြောလိုက်တော့၏။
“လာပေးတဲ့အတွက် ကျေးဇူးပါ”
ယွီကျန့်ဟိုင်က သူ့ကို လှည့်ပြီး စကားပြောလိုက်သည်။
“တာအိုသူတော်စင် ယွမ်ရှန်းကို ယုံကြည်လား"
ကျန့်ယွမ်ရှန်းက ပြောလိုက်၏။
“ရာစုနှစ်တစ်စုစာ မန္တန်တွေ ကျမ်းဂန်တွေကို လေ့လာခဲ့တာ။ ကျုပ်ရဲ့ ကျွမ်းကျင်မှုအကြောင်း ပြောနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ မန္တန်တွေကို ဖြိုခွဲဖို့အတွက် နည်းလမ်းတစ်ခုက အမြဲတမ်းရှိတယ်”
“ကောင်းလိုက်တာ”
“ငါတို့ကို ပြ..”
တာအိုသူတော်စင် ကျန့်ယွမ်ရှန်းနှင့် ယွီကျန့်ဟိုင်တို့က တဲအိမ်လေးထဲ လျှောက်သွားလိုက်၏။ စီးဝူယာ့သည် သူ့ကိုယ်အထက်ပိုင်းမှ အဝတ်များကို ဖယ်ရှားလိုက်ပြီး ချုပ်နှောင်ခြင်းဟူသော အက္ခရာက ကျန့်ယွမ်ရှန်း မျက်လုံးရှေ့၌ ပေါ်လာသည်။
ကျန့်ယွမ်ရှန်းက ချုပ်နှောင်ခြင်းဟူသော စကားလုံးကို စစ်ဆေးလိုက်၏။ ဘာတွေဖြစ်နေမှန်း သိနေသည့်ပမာ ခေါင်းညိတ်လိုက်သည်။
“ဒီမန္တန်ကို အချိန်မရွေး ဖျက်နိုင်တာ သေချာတယ်”
“ကြားရတဲ့အတွက် စိတ်သက်သာသွားပြီ”
ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ရပ်နေသည်။ ကျန့်ယွမ်ရှန်းက စီးဝူယာ့နောက်၌ နေလေ၏။
စီးဝူယာ့က သူ လုပ်ချင်တာကို နားလည်သည်။ ပြီးနောက် သူက တင်ပျဉ်ခွေချိတ် ထိုင်လိုက်သည်။
ကျန့်ယွမ်ရှန်းက ညာလက်ကို မြောက်လိုက်၏။ ရွှေရောင်စွမ်းအင် စည်းသင်္ကေတနှင့် ဆင်တူသည့် အက္ခရာက သူ့လက်ဖဝါးရှေ့၌ ပေါ်လာပြီးနောက် သူ့လက်ဖဝါးကို စီးဝူယာ့၏ နောက်ကျောဆီသို့ ကပ်လိုက်တော့သည်။
…
အခန်း (၂၅၈) သူ့တပည့်များကို ဆုံးမပြုပြင်ပေးဖို့ အဆုံးမရှိဘူး
သူ့လက်ဝါးက စီးဝူယာ့ ကျောကုန်းနှင့် ထိတွေ့သွားသည့်အခါ ထူးထူးဆန်းဆန်း အရာ ဖြစ်ပေါ်လာသည်။ စီးဝူယာ့၏ ကျောဘက်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။
ဘန်း
အနီးကပ်လေး ဖြစ်သောကြောင့် တာအိုသူတော်စင် ကျန့်ယွမ်ရှန်းက အချိန်မီ မတုံ့ပြန်နိုင်လိုက်ပေ။ သူက တန်ပြန်အားအနေနှင့် ရင်ဘတ်ဆီ ရွှေရောင်အလင်း လာမှန်စဉ်အထိ သူ့ကိုယ်သူ ကာကွယ်ဖို့ အချိန်ပင် မရလိုက်ရှာပေ။ ထို့နောက် သူက လွှင့်ထွက်သွားသည်။
သီးသန့်တဲအိမ်လေးက အစကတည်းက သစ်သား ဖြစ်၏။ ကျန့်ယွမ်ရှန်းက တိုင်လုံးကို ထိမှန်သွားသည့်အခါ ချက်ချင်းဆိုသလို ပြိုကျသွားတော့သည်။
စီးဝူယာ့က ဘာမှမခံစားရန်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
ယွီကျန့်ဟိုင်လည်း အံ့အားသင့်သွားသည်။ သူက တဲအိမ်လေးဆီ အပြေးအလွှား ရောက်လာပြီး ကြည့်လိုက်သည်။
“တာအိုသူတော်စင် … ”
ကျန့်ယွင်ရှန်းက ဒဏ်ရာရသွားပြီး သူ့အမူအရာတို့က နာကျင်နေပုံပေါ်သည်။ သို့သော်လည်း သူက ယွီကျန့်ဟိုင် အသံကို ကြားလိုက်သည့်အခါ မြန်မြန် မော့ကြည့်လိုက်သည်။ ထို့နောက် သူက အားတင်းပြုံးကာ “ ကျုပ် အဆင်ပြေပါတယ်။ ကျုပ် မန္တန်ရဲ့ အစွမ်းကို နည်းနည်းလောက် စမ်းကြည့်ရုံပါ။ အဲဒါမှ ချိုးဖျက်ကြည့်ဖို့ လွယ်မှာလေ ”
“ ကောင်းတယ် … ဆက်လုပ်ပါ ” ယွီကျန့်ဟိုင်က ဖိတ်ခေါ်သည့် လက်ဟန် လုပ်လိုက်သည်။
ကျန့်ယွမ်ရှန်းက စီးဝူယာ့၏ အနောက်ဘက် နေရာယူလိုက်သည်။ ယခု သူက ဉာဏ်ကောင်းသွားလေပြီ။ ယခင်အတွေ့အကြုံဖြင့် သူက ထိုမန္တန်ကို လျှော့မတွက်ရဲတော့ပေ။
“ အားကောင်းလိုက်တဲ့ မန္တန်ပဲ … ကျုပ် မန္တန်အများကြီး ချိုးဖျက်လာတာ ဒီလိုမျိုး တန်ပြန်အားကို တစ်ခါမှ မထိမှန်ဖူးဘူး ”
ကျန့်ယွမ်ရှန်းက သူ့လက်ထဲမှ မြင်းမြီးတုတ်ကို ချလိုက်ပြီး လက်နှစ်ဖက်ကို မြောက်လိုက်သည်။ ထိုအခါ ယခင်ထက် တောက်ပသည့် ရွှေရောင်စွမ်းအင် စည်းတံဆိပ်နှစ်ခု ထွက်ပေါ်လာသည်။ သူက စီးဝူယာ့ ကျောကုန်းကို မျက်တောင်မခတ် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လက်ဝါးဖြင့် ရိုက်ချကာ “ချိုးဖျက်စမ်း ”
ဘန်း
ရွှေရောင်စွမ်းအင် စည်းတံဆိပ်က စီးဝူယာ့ကျောပေါ် ရောက်သွားသည့်အခါ စွမ်းအားလှိုင်းများ ချက်ချင်း ပေါက်ထွက်သွားသည်။
ထိပ်တိုက်တွေ့ဆုံမှုသည် စီးဝူယာ့ကို ရှေ့သို့လွင့်စဉ်သွားစေပြီး သွေးအန်လိုက်ရသည်။
တာအိုသူတော်စင် ကျန့်ယွမ်ရှန်းအတွက်လည်း အတူတူဖြစ်ကာ နောက်ယိုင်သွားသည်။ ဤတစ်ကြိမ် သူလည်း သွေးအန်လိုက်ရသည်။
“ ချီရှစ်တိ …”ယွီကျန့်ဟိုင်၏ အမူအရာက မည်းမှောင်သွားကာ လက်ဝေ့လိုက်သည်။ ညင်သာသည့် စွမ်းအားလှိုင်းလေးက စီးဝူယာ့အား ဖမ်းဆုပ်ပေးကာ နဂိုနေရာသို့ ပြန်ခေါ်ဆောင်လာပေးသည်။ ယွီကျန့်ဟိုင်က ကျန့်ယွမ်ရှန်း၏ အခြေအနေကို စိုးရိမ်နေဖို့ အချိန်မရှိပေ။ သူက စီးဝူယာ့ဆီ သွားကာ စစ်ဆေးလိုက်သည်။
စီးဝူယာ့က ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကျရာ ရှိနေသည်။ သူက ဒဏ်ရာရသွားမှန်း သိသာလှ၏။
ထိုစဉ် …
“ တင်း … ငမိုက်သား စီးဝူယာ့ကို အပြစ်ပေးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ငါးရာ ရရှိပါတယ်”
“ သူက ချုပ်နှောင်ရေး မန္တန်ကို ချိုးဖောက်နိုင်မယ်များ ထင်နေတာလား” လုကျိုးက ခေါင်းခါကာ မျက်လုံးမှိတ်လိုက်သည်။
သူက ဒီလိုဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ ကြည့်ရသည်မှာ သူ့တပည့်များကို ဆုံးမပြုပြင်ပေးဖို့ အဆုံးမရှိပေ။ ထိုငမိုက်သားသည် မန္တန်ကို ချိုးဖောက်ဖို့ ကြိုးစားလိမ့်မည်မှန်း သိထား၏။ ရလဒ်အနေနှင့် တန်ပြန်အားကြောင့် ဒဏ်ရာရသွားလေသည်။ ဤသည်ကိုလည်း ပြစ်ဒဏ်အဖြစ် သတ်မှတ်နိုင်လေ၏။
ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျန့်ယွမ်ရှန်းကို ဒီနေရာခေါ်ဆောင်လာသူ ဖြစ်၏။ အကယ်၍ စီးဝူယာ့ ဒဏ်ရာရသွားလျှင် သူ့တာဝန်ကို ရှောင်လွဲ၍ မရပေ။ ထို့အပြင် စီးဝူယာ့က သူ့အတွက် အစားဝင်ခံပေးခဲ့ခြင်း ဖြစ်၏။ သူက စီးဝူယာ့ကို မန္တန်ဖျက်စီးဖို့ မကူညီပေးနိုင်ဘဲ ဒဏ်ရာရစေခဲ့သည်။
သူက ဘယ်လိုမျိုး အပြစ်မတင်ဘဲ နေနိုင်မှာလဲ …
“ တာ့ရှစ်ရှိုး .. ကျွန်တော် အဆင်ပြေပါတယ်။ ဒီလို ထင်ထားပြီးသားပါ ” စီးဝူယာ့က မတ်မတ်နေလိုက်ရင်း နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။
ယွီကျန့်ဟိုင်က တဲအိမ်လေးဆီ ပြန်လျှောက်သွားကာ မြေပေါ် လဲနေသည့် ကျန့်ယွမ်ရှန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ ကျန့်ယွမ်ရှန်း …”
ကျန့်ယွမ်ရှန်းက ယွီကျန့်ဟိုင်၏ လေသံမှ မူမမှန်မှုကို ခံစားမိကာ နှလုံးခုန် မြန်လာပြီး မြန်မြန် ထရပ်လိုက်သည်။ သူက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ကာ “ နောက်ထပ် အခွင့်အရေးပေးပါ။ ကျုပ် သတိလက်လွတ်ဖြစ်သွားလို့ပါ။ ဒီမန္တန်က ဒီလောက်အားကောင်းမယ် မထင်ထားမိဘူး။ ဒီလိုဟာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ မဟုတ်ရင် ချိုးဖောက်ဖို့ ကြိုးစားတိုင်း ဘာလို့ တန်ပြန်အား ထွက်လာမှာလဲ ”
ထိုအရာကို ကြားကာ ယွီကျန့်ဟိုင်က အေးစက်စက် ပြောလိုက်သည်။
“ အားနည်းသူတွေက အမြဲတမ်း အကြောင်းပြချက် ရှာတတ်ကြတယ် ”
“ဂိုဏ်းချုပ်ယွီ ဘာပြောတာလဲ”
“ခင်ဗျားကို အခွင့်အရေး ပေးထားပြီးသား … ဒါပေမဲ့ ခင်ဗျားမှ အလေးမထားခဲ့တာ ”
“ မင်း ..” ကျန့်ယွမ်ရှန်းက ယွီကျန့်ဟိုင်၏ ဆိုလိုရင်းကို တန်းသိလိုက်သည်။
ယွီကျန့်ဟိုင်က လှည့်လိုက်ကာ ကျန့်ယွမ်ရှန်းကို နောက်ကျောပေးထားလိုက်သည်။
ကျန့်ယွမ်ရှန်းက ပြောလိုက်သည်။
“ ငါသာ မန္တန်ကို ချိုးဖောက်နိုင်ရင် ငရဲဂိုဏ်းနဲ့ အဇဋာအကျော်အမော်များ ဂိုဏ်းကြားက မတည်ငြိမ်မှုကို မေ့ပေးမယ်လို့ ကတိပေးထားတယ်မလား။ အခု စကားကို ပြန်ရုပ်သိမ်းချင်တာလား ”
ယွီကျန့်ဟိုင်က လေကုန်မခံတော့ပေ။ သူက လက်ဝေ့ကာ ပြောလိုက်သည်။ “သူ့ကို ပြန်ပို့လိုက်တော့ ”
ပုံရိပ်တစ်ခုက သူတို့ရှိရာဆီ အလျင်အမြန် ရွေ့လျားလာသည်။
အာကာပြင်က တွန့်ချိုးသွားသည့်အလား ပတ်ဝန်းကျင်တွင် စွမ်းအားလှိုင်းများ ရင်သပ်ရှုမောဖွယ် ထွက်ပေါ်လာသည်။
ဘန်း
ကျန့်ယွမ်ရှန်းက ရင်ဘတ် စွမ်းအားထိမှန်ကာ လွင့်ထွက်သွားသည်။
သိပ်မကြာခင် ဟွားချုံးယန်၏ ပုံရိပ် ပေါ်ထွက်လာသည်။
“ ကံဆိုးတာက ခင်ဗျားက မန္တန်ကို မချိုးဖောက်နိုင်ခဲ့ဘူးလေ။ ပြီးတော့ သတ္တမသခင်လေးကိုတောင် ဒဏ်ရာရစေခဲ့သေးတယ် ”
ကျန့်ယွမ်ရှန်းက နောက်ထပ် သွေးအန်လိုက်ရသည်။ ထို့နောက် သူက အတင်းရုန်းကန် ထလိုက်ကာ ထွက်ပြေးတော့သည်။ ဟွားချုံးယန်က ကျန့်ယွမ်ရှန်း ထွက်ပြေးသွားသည်ကို စိတ်ထဲ ထားပုံမပေါ်ဘဲ ဆက်လက်ပြောနေသည်။
“ ခင်ဗျား မန္တန်ကို ချိုးဖောက်ဖို့ ကြိုးစားတုန်းက မန္တန်အသစ် ထည့်ဖို့ စဉ်းစားနေခဲ့သေးတယ်လေ … အဲကြောင့် တန်ပြန်အား ပြန်ခံရတာပဲ။ ခင်ဗျား သေဆုံးခြင်းအတွက် ကိုယ့်ဘာသာပဲ အပြစ်တင်လိုက်တော့ ”
ဟွားချုံးယန် စကားအဆုံးတွင် လေထဲ ပျောက်ကွယ်သွားပြီး ကျန့်ယွမ်ရှန်း အပေါ်ဘက်မှ ပြန်ပေါ်လာသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်တည်လာပြီး လက်သီးမြောက်ကာ ထိုးချလိုက်သည်။
ထိုစဉ် စီးဝူယာ့က ကျန့်ယွမ်ရှန်း ရှိရာဆီ လှည့်ပင် မကြည့်ချေ။ သူက ခေါင်းခါလိုက်ပြီး “ဒီလို လိုလို့လား”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ ငါ ဘာလုပ်နေတယ်ဆိုတာ သိပါတယ်”
“ တာ့ရှစ်ရှိုးက အဇဋာအကျော်အမော်များ ဂိုဏ်းကို တိုက်ဖို့ ကြံနေတာလား”
ယွီကျန့်ဟိုင်က ခေါင်းခါကာ “ ဒါက အနားယူနေချိန်လိုပါပဲ … သူက သေချင်နေမှတော့ သူ့ဆန္ဒ ဖြည့်ပေးလိုက်တာပေါ့ ”
စီးဝူယာ့က တိတ်ဆိတ်သွားသည်။
ယွီကျန့်ဟိုင်က သက်ပြင်းချကာ “ ဒီမန္တန်က ဒီလောက်အားကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး … ကျန့်ယွမ်ရှန်းတောင် မချိုးဖောက်နိုင်ဘူး။ ငါ မင်းကို ထိခိုက်စေမိတော့မလို့ ”
“ ဘာမှမဖြစ်ပါဘူး ” စီးဝူယာ့က ပြောလိုက်သည် “ ဒီနှစ်တွေမှာ ကျွန်တော် သိုင်းပညာကို သုံးခဲ့တာမှ မဟုတ်တာ ”
“ ချီရှစ်တိ … မင်းက သဘောထားကြီးလွန်းတယ်။ ငရဲဂိုဏ်းမှာ မင်း မရှိတာ တကယ်ကို နှမြောစရာပဲ။ ဗျူဟာရှင် ရာထူးက မင်းအတွက် ဖြစ်သင့်တာ …” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
စီးဝူယာ့က အနည်းငယ် ကူကယ်ရာမဲ့နေမိသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာကတည်းက ဗျူဟာရှင် ရာထူးကို ပေးကမ်းခံခဲ့ရသည်။
သူက အကြောင်းအရာ ပြောင်းပြောလိုက်၏။
“ အာ့ရှစ်ရှိုးတောင် စောစောလေးအထိ ဒီမှာရှိနေသေးတယ်”
“ အိုး …”
“ သူက တာ့ရှစ်ရှိုးဆီ သတင်းပါးချင်နေတာ။ သူက ဓားကို အမြဲတမ်း ထက်နေအောင် သွေးပေးဖို့ လိုတယ်လို့ ပြောခဲ့တယ်။ သူက နှစ်ဝက်အတွင်း တာ့ရှစ်ရှိုးနဲ့ တိုက်ပွဲလုပ်ချင်နေတာ ” စီးဝူယာ့က ယွီရှန်းရုန်၏ စကားများကို အရိုးသားဆုံး မကွေ့မပတ် တည့်တိုးအတိုင်း ပြန်ပြောပြလိုက်သည်။
ယွီကျန့်ဟိုင်က ရယ်မောလိုက်၏။
ဟွားချုံးယန်တစ်ယောက်က ကျန့်ယွမ်ရှန်းကို ရိုက်နှက်နေသံများ ထွက်ပေါ်လာစဉ် ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“အဲဒါ ငါ ဖြစ်ချင်တဲ့အတိုင်းပဲ ”
စီးဝူယာ့က မေးလိုက်သည်။ “ ရှစ်စွင်းက ပြောဖူးတယ်။ ကျွန်တော်တို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်လာကတည်းက လုပ်ချင်တာ လုပ်လို့ရပေမဲ့ ကိုယ့်အချင်းချင်း ပြန်သတ်ခွင့်မပြုဘူးတဲ့။ အဲဒါ မိစ္ဆာဝေဟင်မျှော်နန်း စတည်ထောင်ကတည်းက မပြောင်းလဲတဲ့ စည်းမျဉ်းပဲ။ တာ့ရှစ်ရှိုး တကယ်ကြီး တိုက်တော့မှာလား ”
“ အဲဒီမေးခွန်းကို အာ့ရှစ်တိဆီ မေးသင့်တယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ဒါပေမဲ့ …တာ့ရှစ်ရှိုးက အကြီးလေ ”
ဟုတ်တယ် … အကြီးဆုံးတွေက ပိုပြီး အလိုက်အထိုက်နေတတ်သင့်တယ်။ အကြီးဆုံးက သည်းခံသင့်တယ်။ အကြီးဆုံးက ပိုပြီး ဒူပေနာပေ ခံသင့်တယ် …
ယွီကျန့်ဟိုင်က တွေးလိုက်ပြီးနောက် တိတ်ဆိတ်သွားလေသည်။ ဤတစ်ကြိမ် ခြွင်းချက် မရှိပေ။
ခဏအကြာတွင် ယွီကျန့်ဟိုင်က စီးဝူယာ့ ပခုံးကို ပုတ်ကာ တဲအိမ်ထဲမှ ထွက်လာလိုက်သည်။ သူ ထွက်မသွားခင် ပြောလိုက်၏။
“ ဒီလိုမျိုး စိတ်ညစ်စရာမျိုး မပြောဘဲ နေရအောင်။ ငါ မင်းအတွက် မန္တန်ဖျက်ဖို့ နည်းလမ်း ရှာပေးမယ် ”
“ တာ့ရှစ်ရှိုး အလုပ်ရှုပ်စရာ မလိုပါဘူး။ ကျွန်တော့်ဘာသာ ချေဖျက်ဖို့ နည်းလမ်း စဉ်းစားလိုက်ပါ့မယ်။ ဒါက ရှစ်စွင်းလက်ချက်ဆိုတော့ သူတစ်ယောက်တည်းပဲ ပြန်ဖြေပေးနိုင်လောက်တယ်”
ယွီကျန့်ဟိုင်က ရပ်လိုက်ပြီး “ မင်းက ဘာလုပ်ဖို့ စီစဉ်ထားတာလဲ ”
စီးဝူယာ့က ဘာမှမပြောဘဲ ပြုံးလိုက်သည်။ သူက ယွီကျန့်ဟိုင်အား ဦးညွှတ်ကာ “ တာ့ရှစ်ရှိုး ကောင်းကောင်းသွားပါ ”
ထိုစဉ် လုကျိုးက ကောင်းကင်ကျမ်း လေ့လာနေရာမှ နိုးထလာသည်။ သူက တစ်ခုခုကို အမှတ်ရသွားဟန်ပေါ်၏။ သူက စက္ကူပုရပိုက် ပုံကြမ်းဟောင်းရှိရာ စားပွဲဆီ လျှောက်လာလိုက်သည်။ သူက သူ့ဘာသာ ရေရွတ်လိုက်မိ၏။
“ ကောင်းကင်ကျမ်းရဲ့ အကြွင်းအကျန်အပိုင်းအစကို ဒီပုံကြမ်းပေါ်မှာ ထားလိုက်ရင် … ”
သူက ပိုရှင်းလင်းလာသည့် ပုံကြမ်း၏ တခြားအပိုင်းများကို ကြည့်လိုက်သည် “ ဒါက ကောင်းကင်ကျမ်းရဲ့ အကြွင်းအကျန် အပိုင်းအစတွေ ရှိရမဲ့ နန်းတော် နေရာ မလား ”
…