အခန်း (၂၆၅-၂၆၇)
Vol. 18 Ch. 265-267
အခန်း (၂၆၅) ရှန့်စုရှုမြို့နှင့်အံ့ဖွယ်မြို့ရှိအနှောင့်အယှက်
လုကျိုးက အခန်းထဲမဝင် ပြန်လည်းမလှည့်ဘဲမေးလိုက်လေ၏။ “မင်းသေချာလား”
“သေချာပါတယ်” ဖန်လီထန်းက ပြုံးပြီးနောက်ပြောလိုက်၏။
“လီယွင်ကျောက်က မယ်တော်ကြီးဘေးမှာရှိတဲ့ ကျော်ကြားတဲ့မိန်းမစိုးတစ်ယောက်ပဲ။ သူ့မှာ တာအိုကျောရှိတယ်။ သူက လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်တချို့ကို ကျင့်ကြံခဲ့ပြီး သွေဖည်မှုထဲကျရောက်ခဲ့တာ။ ဒါပေမဲ့ ကံဆိုးရာကနေပြီး သူအမြတ်ရလိုက်တယ်လေ။ တစ်နည်းနည်းနဲ့သူ့ရဲ့ ကျင့်ကြံဆင့်က အဆပေါင်းများစွာ မြှင့်တက်ခဲ့တာ။ တာအိုဂိုဏ်းတွေက ဂုဏ်သတင်းကို အဖက်ဆယ်ဖို့သူ့နောက်လိုက်ခဲ့ကြတယ်။ နှစ်ပေါင်းများစွာကြာပြီးတော့ သူက လက်ရွေးစင်တစ်ယောက်ဖြစ်လာတာပဲ”
လုကျိုးက အနည်းငယ်ထိတ်လန့်သွားလေ၏။ လီယွင်ကျောက်က ကျော်ကြားသည့် အထိန်းတော်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမထင်ထားပေ။ သို့သော်ငြား သူက နန်းတော်ထဲသို့ မကြာခ ဏသွားလေ့မရှိသောကြောင့် နန်းတော်ထဲရှိလက်ရွေးစင်များနှင့် တိုက်ခိုက်လေ့ မရှိသောကြောင့် နန်းတော်ထဲ၌ ထိုမျှများပြားသည့်လက်ရွေးစင်များရှိနေတာကို မထူးဆန်းတော့ချေ။ နန်းတော်ရှိလက်ရွေးစင်များသည် တစ်မိုးအောက် အကြီးမြတ်ဆုံး မိစ္ဆာများအနေဖြင့် သူ၏ဘွဲ့အမည်ကို သတိထားနေကြတာဖြစ်နိုင်၏။ သို့တည်းမဟုတ် နန်းတော်၏ စည်းမျဉ်းများကြောင့် ကန့်သတ်ခံထားရတာဖြစ်နိုင်သည်။ မည်သူက သိမည်နည်း။
လီယွင်ကျောက်ကဲ့သို့ သိုင်းပညာရှင်ကြီးက အထိန်းတော်တစ်ယောက်ဖြစ်နေလျှင်တောင် လက်ရွေးစင်တစ်ယောက်ဆိုတာ လုကျိုးသေချာသိနေလေ၏။ သူ့ကို မျက်နှာချိုသွေးရန် ကြိုးစားသည့်သူ ပြတ်လပ်နေမှာမဟုတ်ပေ။ စစ်မှန်သည့်ယောက်ျားသားတစ်ယောက် မဖြစ်ခြင်းကသာလျှင် လီယွင်ကျောက်အတွက် နောင်တ ရင်းမြစ်တစ်ခုဖြစ်လောက်သည်။
နောက်ဆုံးတွင် လုကျိုးကပြောလိုက်တော့၏။ “အရင်တုန်းက သူမင်းကို လာရှာတဲ့အချိန် လီယွင်ကျောက်က မင်းကို ထိခိုက်အောင်ဘာကြောင့်လုပ်တာလဲ”
“တပည့်မသိဘူး” ကျောင်းယွဲ့၏ခန္ဓာကိုယ်ထဲရှိအအေးဓာတ်အဆိပ်ကိုဖယ်ရှားပြီးကာစဖြစ်သည်။ ထို့ကြောင့် သူမက အားနည်းနေသေး၏။ သူမလေသံကတောင် စကားပြောနေချိန်တွင် အားနည်းနေသည်။
လုကျိုးက ခေါင်းခါကာပြောလိုက်၏။
“ထားလိုက်တော့။ နှစ်ရက်လောက်နားလိုက်ဦး” သူက လက်ဝှေ့ယမ်းလျက် စကားပြောပြီးနောက် တောင်ပိုင်းမျှော်နန်းကနေထွက်သွားတော့သည်။
ကျောင်းယွဲ့သည် ခဲရာခဲဆစ်ခြေကြွလိုက်၏။ သူမ၏မျက်နှာထက်တွင် ကြောင်အသည့်အမူအရာ ရှိနေသည်။ သူမက တံခါးနားကလျှောက်သွားပြီး ရှစ်စွင်း၏ထွက်သွားသော နောက်ကျောကို ကြည့်လိုက်၏။ သူ၏စကားများက သူမကို အတော်လေးထိတ်လန့်စေသည်။ ‘ရှစ်စွင်း ရှစ်စွင်းက ကျွန်မကို စိုးရိမ်ပူပန်နေတာလား’
ကျောင်းယွဲ့က ချောင်းတစ်ချက်ဆိုးပြီးနောက် သူမအသက်ရှူနှုန်းက ဖြည်းဖြည်းချင်း တည်ငြိမ်သွားလေ၏။ “သွားပြီလား”
သူမကအတော်အံ့ဩသွားသည်။ ယခင်က အအေးဓာတ်အဆိပ်ကြောင့် သက်ရောက်မှုကြောင့်သူမ သတိမမူခဲ့ပေ။ ၎င်းက ပြောင်မြောက်ခြင်းကျောက်စိမ်းကျင့်စဉ်၏ အာနိသင်ကြောင့်ဟုသာ သူမယူဆခဲ့မိသည်။ သူမခံစားရသည့် အပူနှင့်အအေးသည် ပြောင်မြောက်ခြင်းကျောက်စိမ်း ကျင့်စဉ်နှင့် တစ်တန်းတည်းဖြစ်နေ၏။ ၎င်းသည် အထွတ်အထိပ်ထိ ရောက်အောင် ကျင့်ကြံပြီးနောက် အရေပြားပေါ်ရှိရေခဲအလွှာက သူမ၏ရန်သူများကို ခြိမ်းခြောက်နိုင်လိမ့်မည်။ ထိုမှတပါး သူမသည် အမှောင်ယင်လက်ဝါးမှ အအေးဓာတ်အဆိပ် ဖြစ်နေလိမ့်မည်ဟု သူမတကယ်မထင်ထားပေ။
ကျောင်းယွဲ့က သူ၏ကနဦးချီကိုလှည့်ပတ်လိုက်ပြီးနောက် သူမ၏ထူးကဲချီသွေးကြော ရှစ်ကြောကနေစီးဆင်းစေလိုက်သည်။ ၎င်းက အဟန့်အတားမရှိ ချောမွေ့စွာစီးဆင်းသွားလေ၏။ သူမ၏ကနဦးချီမှကိုယ်တိုင်ကုသခြင်းအာနိသင်က ယခုဆိုပိုတောင်သိသာလာပြီးဖြစ်သည်။
အစောတုန်းက သူမရှစ်စွင်း၏စကားများကို ပြန်တွေးမိသော် သူမထိတ်လန့်သွား၏။ ယင်းနှင့်ယှဉ်လျှင် ယခင်က သူမ တောင့်ခံခဲ့သည့်ဝေဒနာများက မသိသာပုံရသည်။
‘တင်း ကျောင်းယွဲ့ကို လမ်းညွှန်ပြီးပါပြီ။ ဆုလာဒ်ကုသိုလ်မှတ်နှစ်ရာ’
ဘာကို လမ်းညွှန်တာလို့သတ်မှတ်လို့ရလဲ။ အကြီးတစ်ယောက်က အငယ်တစ်ယောက်ကို လမ်းညွှန်တယ်။ သန်မာတဲ့သူက အားနွဲ့တဲ့သူကိုလမ်းညွှန်တယ်။ ဒါက ညွှန်ကြားသင်ပြပေးခြင်းပဲ။
လုကျိုးသည် အသိပေးစာကိုရလိုက်သည့်အခါ၌ အနည်းငယ်အံ့ဩသွားလေ၏။ သို့သော် သူက ထူးဆန်းသည်ဟုမထင်ပေ။ ခန်းမကျယ်ဆီသို့ သူက ဆက်လျှောက်သွား၏။ ဖန်လီထန်းနှင့် ဖန်ကျုံးက သူ့နောက်လိုက်လာတော့သည်။
လုကျိုးက ခန်းမကျယ်ထဲဝင်သွားပြီးနောက် ဖြည်းဖြည်းချင်းထိုင်ချကာ မေးလိုက်လေ၏။
“အကြီးအကဲဖန် လီယွင်ကျောက်ကိုခင်ဗျားသိလား” ဖန်လီထန်းက လက်သီးဆုပ်မိုးပြီး ပြောလိုက်၏။
"ကျင့်မင်ဂိုဏ်းကနေထွက်သွားပြီးနောက် နန်းတော်ကလူတွေနဲ့ဆက်သွယ်ခဲ့ ဖူးပါတယ်။ အမှန်အတိုင်းပြောရရင် အရင်တုန်းက တပ်ထဲဝင်ခဲ့ပြီး ရှေ့တန်းကိုသွားခဲ့ဖူးတယ်။ ယုံရှီးမှာ ရန်သူပေါင်းများစွာကို ကျုပ်သတ်ဖြတ်ခဲ့ဖူးတာ။ ဒီအကြောင်းအရင်းကြောင့် နန်းတော်က လူတွေနဲ့ တွေ့မိတာပဲ။ လီယွင်ကျောက်အကြောင်းတော့ ကျုပ်သိပ်မသိဘူး”
ဖန်လီထန်းသည် ထိုစကားကိုကြားသောအခါ အနည်းငယ်ထိတ်လန့်သွားလေ၏။ ဤညစ်ပေပေ သူတောင်းစားပုံပေါ်သည့်သူက ကြွားပြောရလောက်အောင်ထိုက်တန်သည့် ဂုဏ်သရေရှိအတိတ် တစ်ခု ရှိလိမ့်မည်ဟု သူမထင်ထားပေ။
ကျင့်ကြံသူများက တပ်ထဲသို့ဝင်ခြင်းသည် မြင်တွေ့ရခဲသည့် ဖြစ်စဉ်မဟုတ်သော်ငြား ကျင့်ကြံသူ အများစုသည် ကျင့်ကြံခြင်း၌သာ အာရုံစိုက်ကြ၏။ ပုံမှန်ဆို ကျင့်ကြံသူ ငါးယောက်၊ ခြောက်ယောက် ခန့်ကသာ ခမ်းနားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး သေမျိုးတပ်မှူးတစ်ရာမှ အယောက် တစ်ထောင်က သန်မာသည့် တပ်ဖွဲ့တစ်သောင်းထဲတွင်ရှိကြသည်။ ကျင့်ကြံသူအများစုက ကျင့်ကြံရာ၌ ပါရမီသိပ်မထူးဘဲ ခန္ဓာတည်ဖွဲ့ခြင်းနှင့် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်ခြင်း အဆင့်တွင်သာရှိကြ၏။ ထို့ကြောင့်သူတို့သည် အောင်မြင်မှုများရရှိရန် မျှော်လင့်ချက်ဖြင့်စစ်ထဲဝင်ကြတာပဲဖြစ်သည်။ သို့သော်ငြား ဖန်လီထန်းကဲ့သို့ လက်ရွေးစင်တစ်ယောက်က တပ်ထဲဝင်သွားသည်မှာ မထင်မှတ်ထားသည့်ကိစ္စဖြစ်သည်။
“မင်းရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် တိုက်ပွဲမှာရှိတဲ့ ဒီရေကို ပြောင်းလဲနိုင်မှာပဲ။ ရှေ့တန်းမှာရှိခဲ့တုန်းက မင်း ကျော်ကြားမှုကိုရဖို့က လွယ်မှာပဲမလား” လုကျိုးက မေးလိုက်၏။ သူဆိုလိုသည်က ဖန်လီထန်းသည် စစ်ပွဲအတွင်းအကျိုးထူးဆောင်ခဲ့တာသေချာသည့်အချိန်၌ မည်သည့် အတွက်ကြောင့်များ သူတောင်းစားအိုကြီး ဖြစ်လာရသလဲဟု မေးနေတာပဲဖြစ်သည်။
“ကျုပ် ကျင့်မင်တာအိုဂိုဏ်းက ထွက်ပြီးနောက် ကျုပ်ရဲ့ကျင့်ကြံဆင့်တွေက အတော်လေး အားနည်းသွားတယ်။ အဲဒီတုန်းက လက်ရွေးစင်တစ်ယောက်ဖြစ်ဖို့ ရပ်တန့်ခံလိုက်ရတယ်” ဖန်လီထန်းကပြော၏။
ဖန်ကျုံးက အထိတ်တလန့်ပြောလိုက်သည်။ "လောင်ဖန် ကျင့်မင်တာအိုဂိုဏ်းက တစ်ခုခု လုပ်ခဲ့တာလား”
ဖန်လီထန်းသည် ထိုသို့ခေါ်ခံရခြင်းကို အသားကျနေပုံပေါ်သည်။ သူက ပြန်ပြောသည်။
“အဲဒီအကြောင်း ပြောလို့ အကျိုးမထူးဘူး"
လုကျိုးက ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် အံ့ဖွယ်မြို့ကို ကိုယ်တိုင်သွားရမယ်”
ထိုစကားကို ကြားသောအခါ ဖန်လီထန်းကအမြန်ပြောလိုက်၏။ "ကျုပ် မျှော်နန်းသခင်နဲ့လိုက်ပါဖို့ ဆန္ဒရှိတယ်”
လုကျိုးက ခေါင်းညိတ်ပြီးနောက်ပြောလိုက်သည်။ "မင်းတို့ထွက်သွားလို့ရပြီ။"
“ကျွန်တော်သွားလိုက်ပါဦးမယ်”
“ကျုပ်လည်းသွားလိုက်ပါတော့မယ်”
ဖန်လီထန်းနှင့်ဖန်ကျုံးက ခန်းမထဲကထွက်သွားလေ၏။ ပြီးနောက် လုကျိုးက မုတ်ဆိတ်သပ်ကာ သူတို့နှစ်ယောက်ကိုလေ့လာကြည့်လိုက်သည်။ သူတို့နှစ်ယောက်အတူရှိနေပြီး မိစ္ဆာဝေဟင်မျှော်နန်း ထဲ၌ အဆင်ပြေပြေရှိနေပုံကြောင့် သူအနည်းငယ်အံ့ဩသွား၏။ ဟုတ်ပေသည်။ မည်သည့်နည်းနှင့် မဆိုယင်းက မိစ္ဆာဝေဟင်မျှော်နန်းထဲမှရှိသည့်သင့်ပုံစံဖြစ်သည်။ လုကျိုးက သိမ်မွေ့စွာခေါ်လိုက်၏။ “ယွမ်အာ”
“ရှစ်စွင်း” ရှောင်ယွမ်အာသည် ခန်းမကျယ်ထဲသို့ခုန်ဝင်လာပြီး နိဗာနခါးစည်းကို ရစ်ပတ်လိုက်၏။
“လောင်စစ်အကြောင်းသတင်းရှိသေးလား”
“မရှိပါဘူး။ စစ်ရှစ်ရှိုးက ဒီမနက်မှ ရှန့်စုရှုမြို့ကိုထွက်သွားတာပါ။ အခုလောက်ဆို သူရောက်လောက်ပြီ” ရှောင်ယွမ်အာက ပြောလိုက်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာထိုင်ပြီးပြောလိုက်သေးသည်။ “ငါ ပင်ပန်းနေပြီ”
“ဟုတ်ကဲ့။ တပည့်ထွက်သွားပါတော့မယ်”
လုကျိုးသည် ကျောင်းယွဲ့ကိုကူညီရန် သူမခန္ဓာကိုယ်ထဲမှ အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးဖို့ ထူးကဲအံ့ဖွယ်စွမ်းအားအချို့ကို သုံးစွဲခဲ့ရသည်။ နှစ်ရက်အတွင်း ကုန်ဆုံးခဲ့သည့်အရာကိုပြန်ဖြည့် ရမည်။ အသုံးကတ်များမရှိဘဲကောင်းကင်ကျမ်းစာမှ ထူးကဲအံ့ဖွယ်စွမ်းအားသည် သူ၏ အင်္ကျီလက်တွင်းရှိလျှို့ဝှက်ကတ်ဖြစ်နေ၏။
ကျောင်းယွဲ့၏ အတိတ်အတွက်မူ စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းထားရမည်။
နှစ်ရက်ကြာပြီးနောက် ရှန့်စုရှုမြို့တွင်ဖြစ်သည်။ လုံလေစားသောက်ဆိုင်၏ တတိယအလွှာရှိ အခန်းတစ်ခန်းထဲတွင် စီးဝူယာ့သည် ဘေးဘောင်ကိုမှီလျက် ရှန့်စုရှုမြို့ကို ကြည့်လိုက်၏။
ရှန့်စုရှုမြို့သည် တာ့ယန်၏ ယာယီမြို့တော်ဖြစ်ခဲ့ဖူးသည်။ သို့သော် လက်ရှိတွင်မူ ယခင်အရှိန်အဝါများ လျော့ပါးနေပြီဖြစ်သည်။
ကြွက်ငါးကောင်က ရှန့်စုရှုမြို့ထဲ၌ ဖရိုဖရဲကသောင်းကနင်းဖြစ်စေခဲ့သည်။ ထို့အပြင် သူပုန်တပ်ကလည်း ဤနေရာ၌ အနှောင့်အယှက်ဖြစ်စေခဲ့ပြီး မြို့ကိုဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်။ ကပ်ဘေး၏အကြွင်းအကျန်များက ရှန့်စုရှုမြို့ကိုစောင့်နေမှာမဟုတ်ပေ။ မကောင်းသည့်ကံကြမ္မာက ရှန့်စုရှုမြို့၌ ထပ်မံကျရောက်လာလေ၏။
မီးခိုရောင်ဝတ်စုံဖြင့်ကျင့်ကြံသူတစ်ယောက်က အရိုအသေပေးကာပြောလိုက်၏။ “ဂိုဏ်းချုပ် ကျွန်တော်တို့လူတွေရောက်နေပါပြီ။ အမိန့်ပေးတာနဲ့လှုပ်ရှားလို့ရပြီ”
စီးဝူယာ့က သူ့ကိုတစ်ချက်ကြည့်ပြီးနောက် ပြတင်းပေါက်အပြင်ဖက်ကိုထပ်ကြည့်ကာ ပြောလိုက်တော့၏။
ယဲ့ကျစ်ရှင်းက ထိုမေးခွန်းကြောင့် အနည်းငယ်ထိတ်လန့်သွားလေ၏။ သူ၏ဂိုဏ်းချုပ် ထိုမေးခွန်းမေးရသည့်အကြောင်းအရင်းကိုမသိပေ။ သို့သော်ငြား သူပြန်ပြောလိုက်၏။ “ဆယ်နှစ်ပါ”
“ဒီတော့ဆယ်နှစ်ရှိသွားပြီပဲ။"
“ဂိုဏ်းချုပ်နောက်သေတဲ့အထိလိုက်မယ်လို့ကျိန်ဆိုပါတယ်” ယဲ့ကျစ်ရှင်းက ပြော၏။
စီးဝူယာ့က သက်ပြင်းချပြီးခေါင်းခါလိုက်တော့သည်။ “ကျစ်ရှင်း ငါ့ကိုပြော။ ငါ အမှားလုပ်မိတာလား”
ယဲ့ကျစ်ရှင်းက အမြန်အရိုအသေပေးကာပြောလိုက်၏။ "ဘာကြောင့်များဒီလိုပြောရတာလဲ ဂိုဏ်းချုပ်။ အားလုံးက ယခုချိန်ထိ မဟူရာကွန်ယက် ရှင်သန်နိုင်တာ ဂိုဏ်းချုပ်ကြောင့်ပါ။ ဂိုဏ်းချုပ်က ယုံပေ့မှာ ကျင့်ကြံသူသောင်းချီကို ဟန့်တားနိုင်ခဲ့တဲ့သူ။ ငရဲဂိုဏ်းက ပထမသခင်လေးကိုပံ့ပိုးပေးခဲ့တဲ့သူ။ အမှောင်တောအုပ်ကို မီးရှို့ပြာချပစ်ခဲ့တဲ့သူပဲလေ”
စီးဝူယာ့က ယဲ့ကျစ်ရှင်းကို ဆက်မပြောရန်လက်တစ်ဖက်ထောင်ပြလိုက်၏။ ထိုအကြောင်းအရာ များကို ပြောချိန်၌ ယဲ့ကျစ်ရှင်းသည်သူက တန်ဖိုးကြီးရတနာအကြောင်းပြောနေသည့်ပမာ ပြုမူလိမ့် မည်။
“ငါပဲ ဖြစ်လောက်မှာပါလေ။ ဒါပေမဲ့ ကိစ္စတွေတော်တော်များများက ငါ့ရဲ့ထိန်းချုပ်မှုကနေ လွတ်ထွက်နေတယ်လို့ခံစားမိတယ်”
ယဲ့ကျစ်ရှင်းက စီးဝူယာ့ကို ရှုပ်ထွေးသောအကြည့်များဖြင့်ကြည့်ကာပြောလိုက်တော့၏။ “ဂိုဏ်းချုပ် ယုံကြည်ချက် ဆုံးရှုံးလို့မရပါဘူး။" ပြီးနောက်သူက ဒူးတစ်ဖက်ထောက်ကာပြောလိုက်၏။
ရွှီး ယဲ့ကျစ်ရှင်းက ဓားကိုဆွဲထုတ်လိုက်ပြီးနောက်ပြောလိုက်၏။
“ဂိုဏ်းချုပ် အဲ့လိုပြောတဲ့သူ ဘယ်သူ့ကိုမဆိုကျွန်တော်သတ်ပါ့မယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို သွားခိုင်းမယ်ဆိုရင်တောင် ကျွန်တော်တွေဝေနေမှာမဟုတ်ပါဘူး”
စီးဝူယာ့က မျက်မှောင်ကျုံ့ပြီးပြောလိုက်၏။ "မိုက်မဲလိုက်တာ”
“ကျွန်တော်စကားလုံးရွေးချယ်မှုက သတိမဲ့မိပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကို မလေးမစားမပြုရဲပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်”
“ထတော့” စီးဝူယာ့သည် သူ၏ယုံကြည်ရသောလက်အောက်ငယ်သားကို ဘယ်တော့မှ အပြစ်ပေးမှာမဟုတ်ပေ။ ဆိုရလျှင် မဟူရာကွန်ယက်ယနေ့အောင်မြင်နေသည့်အကြောင်းက အဓိက အဖွဲ့ဝင်များကြောင့်ဖြစ်သည်။
“ကျေးဇူးပါ ဂိုဏ်းချုပ်”
စီးဝူယာ့က ပြတင်းပေါက်ကိုထပ်ကြည့်လိုက်သည်။ ရှန့်စုရှုမြို့ရဲ့ ကြွက်ငါးကောင် သူတို့ဒီကို ဘယ်အချိန်လောက်ရောက်မလဲ”
ယဲ့ကျစ်ရှင်းက အရိုအသေပေးကာပြောလိုက်တော့၏။ “ဒီမနက်တွေ့မယ်လို့ပြောထားတာပါ။ ဒါပေမဲ့ ကျွန်တော် ကျွန်တော် ပြောသင့်လားတော့မသိဘူး”
“ပြောပါ။"
“ကြွက်ငါးကောင်က အဋ္ဌမသခင်လေးရဲ့ဇင်အဝတ်ကို ဂိုဏ်းချုပ်ရဲ့ခွင့်ပြုချက်မရဘဲ လုယက်ခဲ့တာ။ ဒါက လောင်ချန်းပေ့ကို သေချာပေါက်ဒေါသထွက်စေမှာပဲ။ အဋ္ဌမသခင်လေးက အမြဲတမ်း” ယဲ့ကျစ်ရှင်းက ရပ်လိုက်၏။ သူရဲဘောကြောင်သည်ထက်ပိုကောင်းသည့်စကားလုံးကို ရှာဖွေနေသော်ငြား အချည်းနှီးသာဖြစ်သည်။ သူက မှန်ကန်သည့်စကားလုံးကိုရှာရုံသာတတ်နိုင်၏။
“မင်းပြောဖို့ကြိုးစားနေတာကို ငါနည်းလည်တယ်။ လောင်ပါ့က ဆုံနေကျနေရာကို ဖော်ထုတ်လိုက်မှာကို မင်းစိုးရိမ်နေတာမလား” စီးဝူယာ့က မေးလိုက်၏။
“ဉာဏ်ထက်ပါပေတယ် ဂိုဏ်းချုပ်” ယဲ့ကျစ်ရှင်းက လက်သီးကိုဆုပ်မိုးလိုက်၏။ “ဂိုဏ်းချုပ်က အဋ္ဌမသခင်လေးနဲ့ရှင်းနှီးတာ ကျွန်တော်တို့သုံးနေကျနေရာတချို့ကိုသုံးတာရပ်သင့်တယ်။ လောင်ချန်းပေ့က ဒေါသထွက်ပြီး တစ်ယောက်ယောက်ပို့လိုက်မှာကိုစိုးရိမ်မိပါရဲ့” စီးဝူယာ့က ပြုံးပြီးပြောလိုက်သည်။ "စစ်ရှစ်ရှိုးကသာ ဖြေရှင်းရခက်တဲ့သူပဲ။ ဒါပေမဲ့သူငါ့ကို ဘာမှမလုပ်နိုင်ဘူး”
“လောင်ချန်းပေ့ကိုယ်တိုင်လာရင်ကော”
“ငါတို့ထွက်ပြေးရမှာပေါ့” ထိုစကားကိုပြောသည့်အချိန်၌ စီးဝူယာ့က မထီလေးစားနိုင်နေလေ၏။ ဆိုရလျှင် သူပြောသည့်အချိန်၌ လေသံထဲ၌ ရှက်ရွံ့ရိပ်တစ်စွန်းတစ်စမရှိချေ။
ယဲ့ကျစ်ရှင်းကလည်း ၎င်းကို ရှက်စရာကောင်းသည်ဟုမထင်ပေ။
ထိုစဉ်ခေါင်းမိုးပေါ်၌ ပုံရိပ်တစ်ခုဖျတ်ခနဲပေါ်လာပြီး ပျောက်သွားလေ၏။ လေကဲ့သို့ပင် မပျောက်ကွယ်သွားခင် ပုံရိပ်အချို့ကလည်းပေါ်လာ၏။ စီးဝူယာ့သည် မြင်ကွင်းထဲ တမင်တကာ ပေါ်လာပုံပေါ်၏။ တစ်ဖက်လူက သတိပြုမိပုံမရပေ။ သူ၏မျက်နှာချင်းဆိုင်တွင် ပုံရိပ်တချို့က ပေါ်လာ၏။ “အမြင်စူးရှတာပဲ ဂိုဏ်းချုပ်” အနက်ရောင်ဝတ်ရုံများဝတ်ထားသည့် မုတ်ဆိတ်နှင့်လူတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပျင်းတွဲ့စရာထိုင်ချလိုက်၏။
“လုချိုးဖင်း ခင်ဗျား ဒီကို တစ်ယောက်ထဲလာတာလား” စီးဝူယာ့ကမေးလိုက်၏။
“ဒါပေါ့။ ကျုပ် တစ်ယောက်နဲ့လုံလောက်ပြီ။ အစ်ကိုကြီးက ခင်ဗျားကို သိပ်ကြောက်စရာကောင်းတာပဲလို့ပြောလိုက်တယ်။ ကျုပ်တို့အားလုံးကို တစ်ခါတည်း ဖမ်းဖို့ ထောင်ချောက်ဆင်ထားမယ်ဆိုတာ ဘယ်သူကသိမှာလဲ” ကြမ်းပြင်ပေါ်၌ ပျင်းရိပျင်းတွဲ ထိုင်နေသော လုချိုးဖင်းသည် ထွက်ပြေးတာ၌ တော်သည့်ကြွက်ငါးကောင်ထဲမှ တစ်ကောင်ဖြစ်သည်။
စီးဝူယာ့ကပြောလိုက်၏။ "ဒါဆို ဘယ်လိုလုပ်ဖြစ်မှာလဲ”
“ငါတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေအရ မင်း ငါ့ကို အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လျော်ကြေးပေးရမယ်” လုချိုးဖင်းက ပြုံးပြီးပြောလိုက်၏။
ယဲ့ကျစ်ရှင်းက နှာခေါင်းရှုံ့လိုက်၏။ "မဟူရာကွန်ယက်ရဲ့ စည်းမျဉ်းအရ တာဝန်ကျရှုံးတဲ့သူတွေက အပြစ်ခံရမယ်။ ပေးချေရန်အတွက် ရာရာစစတောင်းရဲသေးတယ်လား”
“ငါက မင်းတို့အဖွဲ့ကမဟုတ်ဘူးလေ။ မင်းတို့စည်းမျဉ်းတွေက ငါ့အပေါ်သက်ရောက်မှုမရှိဘူးလေ”
“ငါတို့ကလည်း ကြွက်ငါးကောင်အဖွဲ့ဝင်မဟုတ်ဘူးလေ။ ဒီတော့ မင်းတို့စည်းမျဉ်းတွေနဲ့လာမလုပ်နဲ့” ယဲ့ကျစ်ရှင်းက ပြန်ပက်လိုက်၏။
“မင်းက တိုက်ခိုက်ချင်နေတာလား”
ကျီ ယဲ့ကျစ်ရှင်းက သူ့ဓားကိုဆွဲထုတ်လိုက်၏။ သူ့ဓားက အလင်းထဲ၌ အေးစက်စက်အလင်းတောက်လာ၏။ လုချိုးဖင်း၏မျက်နှာပေါ် နေရောင် ရောင်ပြန်ဟပ်သွားလေသည်။ လုချိုးဖင်းက ထိုင်မြဲထိုင်နေပြီး ရယ်မောလိုက်၏။
“ဟေ့ ဟေ့ ကျုပ်က စ နေရုံပဲ။ ဓားဆွဲထုတ်ဖို့လိုလို့လား”
“ဇင်အဝတ်ကိုပေး” စီးဝူယာ့ကတောင်းလိုက်၏။
“ဇင်အဝတ်က အစ်ကိုကြီးနဲ့ရှိနေတာ။ ကျုပ်နဲ့မရှိဘူး။ အဲ့လိုလာမကြည့်နဲ့။ ခင်ဗျားကိုနှုတ်ဆက်ဖို့ ဒီရောက်လာရုံပဲ။ ခင်ဗျားက ပြောရရင်မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်တစ်ယောက်ပဲလေ။ ကျုပ်တို့ ခင်ဗျားကိုမကျော်နိုင်ဘူးဆိုမှတော့ ဝှက်ထားနိုင်ရုံပဲတတ်နိုင်တယ်။ ဒီနေ့ကစပြီး ကျုပ်တို့ကြားက ဆက်ဆံရေးကိုဖြတ်တောက်ပြီးပြီ။ တစ်ယောက်နဲ့တစ်ယောက် အကြွေးမတင်တော့ဘူး” လုချိုးဖင်းက ပြောလိုက်၏။ ထိုစကားကိုကြားသောအခါ စီးဝူယာ့၏အမူအရာက မပြောင်းမလဲသေးဘဲရှိနေသေးသည်။
“ခင်ဗျားကို ဆက်သွယ်လိုက်တဲ့အကြောင်းအရင်းက ခင်ဗျားတို့ရဲ့စွမ်းရည်ကိုယုံကြည်တာကြောင့်ပဲ။ အသုံးဝင်မယ်လို့ ထင်ခဲ့တာ"
“ဟမ်”
စီးဝူယာ့က မျက်နှာသေဖြစ်နေသော်ငြား လုချိုးဖင်းက စီးဝူယာ့၏လေသံထဲ၌ မူမမှန်မှုကို အာရုံခံမိသည်။
“မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ ခင်ဗျားတို့တာဝန်ကျရှုံးတာကို တေးတာဖို့ရည်ရွယ်ချက်မရှိဘူး။ ဒါပေမဲ့ ဇင်အဝတ်ကို မယူသွားသင့်ဘူး”
“ဘာကို ဆိုလိုတာလဲ”
စီးဝူယာ့သည် သူ့လက်ထဲရှိ သေရည်ခွက်ကို ခွဲချလိုက်၏။ သေရည်ခွက်က လေထဲ၌ ပြီးပြည့်စုံသည့်လေးကိုင်းတစ်ခုဆွဲလိုက်ကာ လမ်းပေါ်ပြုတ်ကျသွားသည်။
ခွမ်း
ကွဲသွားလေ၏။ ယဲ့ကျစ်ရှင်းက စူးစိုက်စွာစိုက်ကြည့်နေစဉ် သူ၏ဓားက လှုပ်လာ၏။ ထင်း ထင်း တစ်ခန်းလုံးက ထူးကဲသော်စွမ်းအင်ဖြင့်ရစ်ပတ်ခံလိုက်ရသည်။ လုချိုးဖင်း၏အမူအရာကလည်း ပြောင်းလဲသွားလေ၏။ သူက ခြေဆောင့်နင်းက လျှပ်ပြက်သည့်အရှိန်ဖြင့် လေးကန်သော လှုပ်ရှားမှုများနှင့်အတူ လေထဲသို့ခုန်တက်လိုက်၏။ သူ၏လက်ဖဝါးထဲ၌ အစိမ်းရောင်စွမ်းအင် ဖျက်ခနဲပေါ်လာပြီး အခန်းကိုရစ်ပတ်နေသောစွမ်းအင်ကို တွန်းကန်လိုက်၏။
သူ့နားသို့ မီးခိုးရောင်ဝတ်ရုံဖြင့် လူနှစ်ယောက်ကချဉ်းကပ်လာလေ၏။
ဘန်း
လုချိုးဖင်းပြုတ်ကျသွားချေပြီ။ သို့သော်ငြား သူက ခေါင်မိုးကိုဖြတ်ကျော်သွားချေပြီ။ ငါးရှဉ့်တစ်ကောင်ပမာ ခေါင်မိုးက ပွတ်ကာသီကာ ဖြတ်ကျော်သွားနိုင်၏။ ယဲ့ကျစ်ရှင်းက တအံ့တဩပြောလိုက်သည်။
“ကြွက်ငါးကောင်အဖွဲ့ဝင်ဆိုတော့ ထင်တဲ့အတိုင်းပဲ” စီးဝူယာ့က အလျင်မလိုပေ။ သူက ဘာမှမဖြစ်သည့်ပမာဆက်ထိုင်နေသည်။ “ငါတို့ အခုလှုပ်ရှားလို့ရပြီ”
“နားလည်ပါပြီ”
ယဲ့ကျစ်ရှင်းက သူ၏အိတ်ထဲမှ အနက်ရောင်စလင်ဒါကိုထုတ်လိုက်၏။ ၎င်းကို ပြတင်းပေါက်၌ မီးညှိကာ မီးတောက်လာလေသည်။ လေထဲ၌ နားစူးစေသောလေချွန်သံကပေါ်ထွက်လာပြီး အလင်းဖျက်ခနဲပေါ်လာလေ၏။ ယင်းက လမ်းပေါ်ရှိဈေးသည်အားလုံး၏ အာရုံစိုက်မှုကိုရသွားသည်။ အားလုံးက လှမ်းကြည့်ရန်ရပ်တန့်လိုက်ကြသည်။
ကျင့်ကြံသူပေါင်းများစွာပါဝင်သည့် အဖွဲ့လေးတစ်ဒါဇင်ခန့်က လမ်းပေါ်၌စတင်လှုပ်ရှားတော့သည်။ ၎င်းတို့က သာမန်အရပ်သားများကို မထိခိုက်ဘဲ တစ်နေရာသို့ဦးတည်သွားတော့သည်။
ရှန့်စုရှုမြို့သည် ယခုအချိန်၌ ဖရိုဖရဲ ဖြစ်ကုန်၏။
ကြွက်ငါးကောင်ထဲမှတစ်ကောင်ဖြစ်သော လုချိုးဖင်းက မြေပြင်ပေါ်သို့ဆင်းသက်သည်နှင့် သူ့ဆီရောက်လာသော မီးခိုးရောင်ဝတ်စုံကျင့်ကြံသူနှစ်ယောက်ကိုတွေ့လိုက်ရ၏။
“စီးဝူယာ့ မင်းစောင့်နေလိုက်”
သူလှည့်ကြည့်သည့်အချိန်တွင် အသံကမှိန်ဖျော့သွားပြီး တစ်စုံတစ်ယောက်နှင့်တိုးတော့သည်။
တိုင်းတစ်ပါးဝတ်စုံကိုဝတ်ထားပြီး မုတ်ဆိတ်နှင့်လူက လုချိုးဖင်း၏လက်တစ်ဖက်ကို ဆွဲကိုင်လျက် တာ့ယန်၏ဘာသာစကားဖြင့်ပြောလိုက်တော့သည်။
“မင်း မင်း မင်းငါ့ကိုဝင်တိုက်တယ်”
“ငါ့လမ်းကဖယ်စမ်း။ ထွက်သွားစမ်း”
ဂျွတ်
တိုင်းတစ်ပါးဝတ်စုံဖြင့်လူက လက်ကိုပိုပြီးတင်းကြပ်လိုက်၏။
အားးးးး လုချိုးဖင်းသည် အရိုးများကျိုးသွားသည်ဟုခံစားလိုက်ရသည်။ တိုင်းတစ်ပါးဝတ်စုံဖြင့်လူက အမြန်ပြောလိုက်တော့သည်။
“ငါ ငါ တောင်းပန်ပါတယ်။ ငါ ငါ တမင်တကာလုပ်တာမဟုတ်ပါဘူး”
လုချိုးဖင်းက ငိုချင်သွားသည်။ သူက အရူးတစ်ယောက်မဟုတ်ပေ။ ထိုလူက သေမျိုးတစ်ယောက် သာဆိုလျှင် ခန္ဓာတည်ဖွဲ့ခြင်းအဆင့်သို့ရောက်သေးသည့် ကျင့်ကြံသူတစ်ယောက်၏လက်ကို အလွယ်တကူချိုးနိုင်မှာမဟုတ်ချေ။ သို့သော် ဤလူဖြင့် အချိန်ဖြုန်းရန် အချိန်မရှိချေ။ သူ့နောက်လိုက်သည့်သူများက ကပ်ပါလာပြီဖြစ်သည်။ ဖမ်းမိသွားလျှင်ကိစ္စချောသွားလိမ့်မည်။ သူထွက်ပြေးချင်၏။
“မ မသွားပါနဲ့” တိုင်းတပါးဝတ်စုံဖြင့်လူကလည်း ဆုပ်ကိုင်ထားတာကိုမလျော့လိုက်ပေ။
လုချိုးဖင်း၏အမူအရာကသုန်မှုန်သွားကာပြောလိုက်၏။
“အစ်ကိုကြီးရေ အခုခင်ဗျားဆုပ်ကိုင်ထားတာ ကျေးဇူးပြုပြီး လွှတ်ပေးနိုင်မလား”
“ငါ ငါ ငါမလုပ်နိုင်ဘူး”
မီးခိုးရောင်ဝတ်ရုံဖြင့်လူများကရောက်နေပြီဖြစ်သည်။ သူတို့က သူတို့နားကပ်နေပြီဖြစ်သည်။ ထိုအရာကိုမြင်သောအခါ လုချိုးဖင်းက ကိစ္စများသူ့အတွက်မကောင်းတော့မှန်းသိနေပေ၏။ သူ့လက်ထဲ၌ အစိမ်းရောင်အလင်းဖျတ်ခနဲ ပေါ်လာလျက် လုချိုးဖင်းအားကပ်သွားလိုက်သည်။ တိုင်းတစ်ပါးဝတ်စုံဖြင့်လူက မျက်လုံးများပြူးကျယ်သွား၏။
“အား မဟုတ်ဘူး။ မင်း... ကျုပ်ကိုသတ်ဖို့ကြိုးစားနေတာလား” ထိုသို့ပြောလိုက်သော်ငြား သူ၏ ဆုပ်ကိုင်မှုက ပိုတောင်တင်းကြပ်လာ၏။ ပြီးနောက် လုချိုးဖင်း၏လက်တစ်ဖက်လုံး ချိုးသွား သည်။ ထူးဆန်းသောအလင်းထုတ်လွှင့်နေသော သူ့လက်ထဲရှိဓားကလည်း မြေကြီးပေါ်လွှတ်ကျသွား၏။ သူမည်မျှရုန်းကန်ပြီးဆွဲထုတ်စေကာမူ သူ့လက်က မလွှတ်နိုင်။
မီးခိုးရောင်ဝတ်ရုံဖြင့်ကျင့်ကြံသူများက သူတို့နားချဉ်းကပ်လာပြီး လက်သီးကိုဆုပ်လိုက်၏။ “ကူညီပေးတာအတွက် ကျေးဇူးတင်ပါတယ် လူသန်ကြီး”
သူကပြောလိုက်သည်။ “လက်ဝှေ့ယမ်းပေးတာအတွက်ကျေးဇူးတင်ပါတယ်”
“အဲ အဲ အဲဒါက ဘာမှမဟုတ်ပါဘူး”
“ခင်ဗျားရဲ့ နာမည်ကိုသိခွင်ရမလား။ ဒီသူခိုးကို ဖမ်းဖို့ကူညီပေးတာဆိုတော့ ခင်ဗျားကိုကျေးဇူးတင်ဖို့ သေချာပေါက်လာခဲ့မှာပါ”
“ရ ရပါတယ်။ ကျုပ် မျိုး မျိုးရိုးနာမည်က ရီပါ”
တိုင်းတစ်ပါးဝတ်စုံဖြင့်လူက ပြောပြီးသည်နှင့် ယဲ့ကျစ်ရှင်းသည် စီးဝူယာ့ကူတွဲလိုက်သည်။ ပြီးနောက် သူတို့က တတိယအလွှာ၏ ပြတင်းပေါက်ကနေ ဆင်းသက်လာကာ ဖြည်းဖြည်းချင်း ဆင်းလာ၏။
လုချိုးဖင်း၏မျက်နှာ၌ စီးကြောင်းများရှိလာ၏။ နာကျင်မှုကို တင်းခံလိုက်ကာပြောလိုက်၏။ "လူ လူသန်ကြီး ဒီကိစ္စကို ဆွေးနွေးလို့ရမလား”
ဂျွတ်
တစ်နယ်သားသည် လုကျိုးဖင်းကို ရိုက်ချလိုက်သည်။ “ ငါ မင်းနဲ့ ဘာမှပြောစရာမရှိဘူး”
…
အခန်း (၂၆၆) ရှစ်စွင်းကို ကူညီပေးဖို့
လုချိုးဖင်းသည် ရိုက်ခံရပြီးနောက် ကြယ်များပင် မြင်သွားရလေသည်။ သူ့ပါးပြင်က ယောင်ကိုင်းလာလေ၏။
အစပိုင်း တိတ်ဆိတ်နေသည့် လမ်းမက အသက်ဝင်စည်ကားလာသည်။ ရံဖန်ရံခါ တိုက်ခိုက်သံများလည်း လေထဲ ထွက်ပေါ်လာသည်။ သိပ်မကြာခင် မီးတောက်လောင်လာကာ မီးခိုးလုံးကြီးက ကောင်းကင်ဆီ ပျံ့နှံ့သွားသည်။
စီးဝူယာ့ ဆင်းသက်လာပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးကာ “စစ်ရှစ်ရှိုး ဘာလို့ ရုပ်ဖျက်ထားတာလဲ”
စစ်ရှစ်ရှိုးတဲ့လား …
မီးခိုးရောင်ဝတ် ကျင့်ကြံသူနှစ်ယောက်နှင့် ယဲ့ကျစ်ရှင်း မျက်နှာအထက် အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာသည်။
လက်ကျိုးနေသည့် လုချိုးဖင်းက ကြောက်ကြောက်လန့်လန့် မော့ကြည့်လိုက်သည်။
ဒီလူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လေးယောက်မြောက် တပည့် မင်ရှစ်ရင် အစစ်ကြီးကိုး။
“လောင်ချီ … မင်းက ငါ ရုပ်ဖျက်ထားတာကို သိတယ်ပေါ့လေ ” မင်ရှစ်ရင်က မျက်လုံးဝှေ့ကြည့်လိုက်သည်။ သူက ရုပ်ရည်ကို အပြည့်အဝ ပြောင်းလဲပစ်ထားခဲ့ပြီး သူ့စကားပြောပုံနှင့် ဝတ်ဆင်ပုံတို့လည်း အပါအဝင် ဖြစ်၏။ သို့သော်လည်း စီးဝူယာ့က တစ်ချက်တည်းကြည့်ရုံဖြင့် တန်းမြင်သွားသည်။
“ ရီမျိုးရိုးသုံးတဲ့လူ သိပ်မရှိဘူးလေ ” စီးဝူယာ့က ထပ်ပြောလိုက်သည်။
“ … ” မင်ရှစ်ရင်က ဒီကိစ္စကို သိပ်မတွေးမိလိုက်ပေ။ ထိုအစား သူက ပြောလိုက်သည်။
“လောင်ချီ … မင်းအတွက် ကြွက်ဖမ်းပေးထားတယ်။ မင်း ငါ့ကို ကျေးဇူးမတင်ဘူးလား”
လုချိုးဖင်း၏ ဒူးများ ပျော့ခွေသွားလေသည်။ မင်ရှစ်ရင်သာ သူ့လက်မောင်းကို သေချာဆွဲထားတာသာ မဟုတ်လျှင် လဲကျသွားလောက်လေပြီ။ သူက သေးပေါက်ချလုမတတ် ဖြစ်နေလေ၏။
စီးဝူယာ့က ပြောလိုက်သည်။ “ စစ်ရှစ်ရှိုး ကျေးဇူးပါပဲ ”
လုချိုးဖင်းက ပြောလိုက်သည်။
“ အစ်ကိုကြီးရေ တတ်နိုင်သမျှ အသက်လေးကို ချမ်းသာပေးသင့်ပါတယ်ဗျာ … ”
“ပါးစပ်ပိတ်ထား ” မင်ရှစ်ရင်က လုချိုးဖင်းကို ကြည့်လိုက်ကာ “ မင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီကနေ ခိုးပြီးတော့ အသက်ချမ်းသာပေးဖို့ မျှော်လင့်နေတယ်ပေါ့။ အိပ်မက်သာ မက်နေလိုက် ”
လုချိုးဖင်းက စီးဝူယာ့အား ကြည့်လိုက်ပြီး “ ကြွက်ငါးကောင်က မဟူရာကွန်ယက်နဲ့ ဘာရန်ကြွေးမှ မရှိပါဘူး။ ကျုပ်တို့ကြား ဘာအခကြေးမှ မလိုဘူး။ စည်းမျဉ်းတွေကို လူတွေကပဲ လုပ်တာဆိုတော့ ပြောင်းလို့ ရပါတယ်။ ခင်ဗျားသဘောကရော ”
“ အား …” မင်ရှစ်ရင်က လက်ကို တင်းတင်းညှစ်လိုက်သောကြောင့် လုချိုးဖင်းက အော်ညည်းလိုက်ရသည်။
မင်ရှစ်ရင်၏ အသံထဲ ခြိမ်းခြောက်သည့် အရိပ်အယောင်များပါဝင်နေကာ “ငါက မဟူရာကွန်ယက်က မဟုတ်ဘူး … မဟူရာကွန်ယက်အကြောင်း လာပြောမနေနဲ့ ”
လုချိုးဖင်းက တိတ်ဆိတ်သွားလေသည်။
စီးဝူယာ့က ကူကယ်ရာမဲ့သည့် ပုံစံဖြင့် လက်ဆန့်လိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာသည့် တပည့်များက သူတို့အဖွဲ့အစည်းသူ တည်ထောင်ထားကြပြီး တခြားတစ်ယောက်၏ ဂိုဏ်းထဲ ဝင်မပါကြပေ။ မင်ရှစ်ရင်က မဟူရာကွန်ယက် အဖွဲ့သား မဟုတ်သောကြောင့် စည်းမျဉ်းက သူ့အပေါ် သက်ရောက်မှု မရှိချေ။ သူက မဟူရာကွန်ယက် အဖွဲ့သား ဖြစ်လျှင်ပင် စည်းမျဉ်း လိုက်နာမည့်သူ မဟုတ်ပေ။
သူက မေးလိုက်သည်။
“ဇင်အဝတ် ဘယ်မှာလဲ ”
လုချိုးဖင်းက နာကျင်မှုကို အံ့တုရင်း “ ကျုပ်ဆီ မရှိဘူး … ကျုပ်က ဂိုဏ်းချုပ်စီးကို လာတွေ့ရုံပဲ။ အခုကစပြီး မိစ္ဆာဝေဟင်မျှော်နန်းကိစ္စတွေမှာ ဝင်မပါတော့ပါဘူး။ အစ်ကိုကြီး ကျေးဇူးပြုပြီး သက်ညှာပေးပါ ”
“ ဘယ်သူက မင်းအစ်ကိုကြီးလဲ … မင်းက ချီးထုပ်ပဲ ”
“အား ” အရင်ထက် ကျယ်လောင်သည့် အော်သံ ထွက်လာသည်။
ဤတစ်ကြိမ် မင်ရှစ်ရင်က လုချိုးဖင်းလက်ကို မလွှတ်ပေးခင် ခြေထောက်အား ချိုးချလိုက်သည်။
လုချိုးဖင်းက မြေပေါ် လဲကျသွားသည်။ မင်ရှစ်ရင်က သူ့မုတ်ဆိတ်တုကို ဖယ်ကာ အပေါ်ဝတ်ကိုလည်း ဘေးပစ်ချလိုက်ပြီး နဂိုသွင်ပြင်အတိုင်း ပြန်နေလိုက်သည်။ ထို့နောက် သူက ပြုံးကာ “ဒီကြွက်ကို သေချာစောင့်ကြည့်ထား … မင်းတို့ဂိုဏ်းချုပ်နဲ့ ငါ လုပ်စရာရှိသေးတယ် ”
ယဲ့ကျစ်ရှင်းက ဓားကို မြောက်လိုက်ပြီး ပြောလိုက်သည်။
“စတုတ္ထသခင်လေးရဲ့ တောင်းဆိုချက်ကို သဘောမတူနိုင်တဲ့အတွက် တောင်းပန်ပါတယ်။”
“ထွက်သွားစမ်း” မင်ရှစ်ရင်က ခပ်တည်တည် ပြောလိုက်သည်။ ဒီနေ့တစ်ရက်လုံး အချိန်နှောင့်နှေးပြီ ဖြစ်ရာ သူက စိတ်မရှည်တော့ပေ။
စီးဝူယာ့က အေးဆေးပြောလိုက်သည်။
‘ကျစ်ရှင်း ဘေးဖယ်နေ ”
“ ဂိုဏ်းချုပ် ”
“ ငါ့စကား အာခံနတောလား ”
“ကျွန်တော် မလုပ်ရဲပါဘူး ” ယဲ့ကျစ်ရှင်းက ဘေးဆုတ်လိုက်သည်။
စီးဝူယာ့က လက်နောက်ပစ်လျက် မင်ရှစ်ရင်ရှေ့ လျှောက်လာသည်။ သူတို့ကြား မီတာဝက်မျှသာ ကွာဝေးတော့၏။
မင်ရှစ်ရင်က စီးဝူယာ့တစ်ယောက် လက်နောက်ပစ်ထားသည်ကို မြင်သည့်အခါ လိုက်လုပ်လိုက်သည်။ သူက ဒီလိုပုံစံဖြင့် အဆင့်မြင့်ပညာရှင်နှင့် ပိုတူလာသည်ဟု ခံစားရသည်။
စီးဝူယာ့က ပြုံးကာ “ စစ်ရှစ်ရှိုး အထဲဝင်ချင်ရဲ့လား ”
“အပိုတွေ လုပ်မနေနဲ့။ ဒီနေ့ အာ့ရှစ်ရှိုးလည်း ဒီမှာမရှိဘူးဆိုတော့ ဘယ်သူမှ မင်းကို မကာကွယ်ပေးနိုင်ဘူး ” မင်ရှစ်ရင်က စီးဝူယာ့အား ဖမ်းဆီးဖို့ ဆုံးဖြတ်ချက်ချထားဟန်ပေါ်သည်။
“ အဲဆို ကျွန်တော် ပြောတာ နားထောင်ပြီးရင် စိတ်ပြောင်းသွားလိမ့်မယ်”
“ ဒီလိုဆို ဘာမှနားမထောင်တော့ဘူး။ မင်းက အခြားလူတွေကို ပုံမှားရိုက်တာ တော်တယ်ဆိုတာ ငါ သိတယ်။ ငါ ပြောလိုက်မယ်။ မင်းရဲ့ ကျင့်ကြံဆင့် မရှိဘဲနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေက သစ္စာရှိသေးသားပဲ။ သူတို့ကို ဘာတွေများကျွေးမွေးထားတုံး …” မင်ရှစ်ရင်က ယဲ့ကျစ်ရှင်းကို ကြည့်ကာ ပြောလိုက်သည်။
“ ဟေး ဟိုးနားက ဓားနဲ့တစ်ယောက် … မင်း မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ချင်လား။ မဟုတ်သေးပါဘူး … ထားပါတော့ မင်းက အရည်အချင်း မပြည့်မီဘူး ”
ယဲ့ကျစ်ရှင်းက နားမလည်ဖြစ်သွားသည်။
စီးဝူယာ့က ပြောလိုက်သည်။
“ကျွန်တော့်ကျင့်ကြံဆင့် ပိတ်ဆို့ခံထားရတာကို သိတယ်ဆိုတော့ ကျွန်တော် ကိုယ့်ဘာသာ အားနည်းခံမယ် ထင်နေတာလား ”
“ဟမ်”
ထို့နောက် မီးခိုးများ သိပ်သည်းလာသလို တိုက်ခိုက်သံများလည်း ပိုပြင်းထန်လာသည်။ ပျံသန်းနိုင်သည့် တချို့ကျင့်ကြံသူများက ပျံသန်းရင်း တိုက်ခိုက်နေကြသည်။
မင်ရှစ်ရင်က ရေရွတ်လိုက်၏။
ရှန့်စုရှုမြို့က ဘာလို့ ကမောက်ကမ ဖြစ်နေရတာလဲ …
ယဲ့ကျစ်ရှင်းက ပြောလိုက်သည်။ “စတုတ္ထသခင်လေးကို အမှန်အတိုင်းပြောပြရရင် ဒီမြို့ထဲ အခုကျွန်တာ်တို့ လူသုံးထောင်ရှိတယ် ”
မင်ရှစ်ရင်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ကာ သဘောမတူစွာ ပြောလိုက်သည်။ “ မင်းတို့က ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ ပါမွှားကောင်တွေ …. လောင်ချီ ဒီတစ်ကြိမ် မင်း ဘယ်လိုဇာတ်ကြောင်းမျိုး ပြောမလဲ နားထောင်ရသေးတာပေါ့ ”
စီးဝူယာ့က ပြောလိုက်သည်။ “ စစ်ရှစ်ရှိုး ဒီဘက်ကို ကြွပါ ”
သူတို့က လေပြေညင်း စားသောက်ဆိုင် အပေါ်ထပ် တက်သွားလိုက်ကြသည်။
မီးခိုးရောင်ဝတ် ကျင့်ကြံသူနှစ်ယောက်က လုချိုးဖင်းအား စောင့်ကြပ်နေခဲ့သည်။ သူတို့က သူ့အား ထွက်ပြေးခွင့် မပေးပေ။
လေပြင်းညင်း စားသောက်ဆိုင်က လူသူမရှိဘဲ တိတ်ဆိတ်နေသည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
“ပြော ” မင်ရှစ်ရင်က စိတ်မရှည်စွာ ပြောလိုက်သည်။
စီးဝူယာ့က လက်ဝေ့လိုက်သည့်အခါ လက်အောက်ငယ်သားက အဖန်ရည် လာချပေးသည်။
စီးဝူယာ့က ပြောလိုက်သည်။
“တကယ်တော့ ရှစ်ရှိုးလာမယ်ဆိုတာ သိထားတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီအထိ ရောက်အောင် လာခဲ့တယ်။ ဘာလို့လဲ သိလား ”
“ငါက မင်းဗိုက်ထဲက သန်ကောင်မှ မဟုတ်တာ ဘယ်လိုလုပ်သိမှာလဲ ”
“ရှန့်စုရှုမြို့က အခု ရှုပ်ထွေးနေပြီ။ ဒီမှာတာဝန်ကျနေတဲ့ စစ်သူကြီးရှန်တော့ သေချာပေါက် ဒေါသထွက်မှာပဲ ” စီးဝူယာ့က ပြောလိုက်သည်။
မင်ရှစ်ရင်က ထိုအကြောင်းကြားသည့်အခါ ပြောလိုက်၏။
“မင်းက ဘာလုပ်ချင်နေတာလဲ”
“စစ်ရှစ်ရှိုးကို ပြောပြရင် ကျွန်တော်ကို ဖမ်းဖို့ လက်လျှော့လိုက်မှာလား”
“ဖွီ … မင်းက ငါနဲ့ ညှိနှိုင်းခွင့်ရှိတယ် ထင်နေလား ”
“ ရှစ်ရှိုး မယုံလောက်ပေမဲ့ ကျွန်တော်က ရှစ်စွင်းကို ကူညီပေးဖို့ ဒီရောက်လာတာ ” စီးဝူယာ့က ပြောလိုက်သည်။
“ ငါတော့ မင်းစကားတွေကို ဘာလို့ ယုံရခက်နေပါ့လိမ့်” မင်ရှစ်ရင်က သရော်ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကာအရံက အားပျော့လာပြီ။ ဖြောင့်မတ်ခြင်းလမ်းစဉ်က မိစ္ဆာဝေဟင်မျှော်နန်းကို မျက်စိကျနေကြတာ … ”
စီးဝူယာ့က အဖန်ရည်ခွက်မြောက်ကာ တစ်ငုံသောက်လိုက်ပြီးနောက် “ ကျွန်တော့်လူတွေက နေရာတိုင်းမှာ ရှိတော့ သတင်းတချို့ ရထားတယ်လေ ”
“ဘာသတင်းလဲ ”
“ နန်းတော်က မိစ္ဆာဝေဟင်မျှော်နန်းကို ချေမှုန်းဖို့ မကြုံစဖူး အစီအစဉ်တစ်ခု ရေးဆွဲနေတယ်တဲ့ ” စီးဝူယာ့က ဒီလိုစကားမျိုး ပြောလိုက်သော်လည်း သူ့အမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။ သူ့အမူအရာမှ ဒီကိစ္စသည် မင်ရှစ်ရင် ယုံယုံ၊ မယုံယုံ သူ့အတွက် ဘာမှမဟုတ်ကြောင်း ရှင်းလင်းနေသည်။ သူက အဖန်ရည်ကို ဆက်သောက်လိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းက ဒီလိုအစီအစဉ်မျိုးအတွက် မစိမ်းပါဘူး။ ငါတို့ သူတို့ကို တစ်ယောက်ချင်းစီ သတ်ပစ်မယ် ” မင်ရှစ်ရင်က ပြောလိုက်သည်။
စီးဝူယာ့က ခေါင်းခါလိုက်သည်။
“ ရှစ်စွင်းက အားကောင်းနေတုန်းဆိုတာ သိတယ်။ ဒါပေမဲ့ ဒီတစ်ခါ ကာကွယ်နိုင်လိုက်ရင်တောင် သူတို့ကို အမြဲတမ်း ခါချနိုင်မှာလား။ ရှစ်ရှိုးလည်း ကျွန်တော့်လို အဖြေကို သိမှာပါ … ကိုယ့်ဘာသာ ရူးချင်ယောင်ဆောင်မနေပါနဲ့တော့ ”
မင်ရှစ်ရင်က တိတ်ဆိတ်သွားသည်။
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ ဂိုဏ်းကြီးဆယ်ဂိုဏ်း ဝိုင်းတိုက်တာအပြင် နန်းတော်ကလည်း ထျန်းကျန့်မြစ်ကိစ္စတုန်းက ပါဝင်ပတ်သက်နေသေးတယ်။ ထန်းကျီမြို့ရဲ့ နတ်ဆရာဆယ်ယောက်နဲ့ ပဒုမ္မာစင်မြင့်အထက်က မဟာအစီအရင် … မော့လီတစ်ယောက်တည်း ဒီလောက်ပြဿနာတွေ ယူလာတာ။ မိစ္ဆာဝေဟင်မျှော်နန်းက အခုတလော အာရုံစိုက်စရာဖြစ်လွန်းနေတယ်။
နန်းတော်ထဲ ပဋိပက္ခရှိကြတဲ့ အင်အားစုအားလုံးကလည်း အခု စုဝေးပြီး မိစ္ဆာဝေဟင်မျှော်နန်းကို ဆန့်ကျင်နေကြပြီ။ ငါးနှစ်မပြောနဲ့ … မိစ္ဆာဝေဟင်မျှော်နန်းက နှစ်နှစ်အတွင်း အင်အားကြီးမားနေဦးမယ် ထင်လား”
မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့ အနာဂတ်အကြောင်း နောင်မှ ပြောကြတာပေါ့ ”
“အနာဂတ်တဲ့လား ” စီးဝူယာ့က ပြောလိုက်သည်။
“အခြားသူဆိုရင် ကျွန်တော် ဒီလောက်ရှင်းပြနေမှ မဟုတ်ဘူး။ ဒါပေမဲ့ ရှစ်ရှိုးက ကျွန်တော့်အစ်ကိုဆိုတော့ အရိုးသားဆုံး ပြောပြမယ်။ ပြီးတော့ ရှစ်ရှိုးက ဉာဏ်ထက်တယ်ဆိုတော့ ကျွန်တော် အရူးလုပ်လို့ မရဘူး ”
“မြှောက်ပင့်နေတာတွေ တခြားသူဆီ သွားပြော ” မင်ရှစ်ရင်က ပြောလိုက်သည်။
စီးဝူယာ့က ပြုံးလိုက်သည်။ သူက မင်ရှစ်ရင်အတွက် အဖန်ရည်တစ်ခွက် လောင်းထည့်ပေးလိုက်ပြီး “ လက်ရှိ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ဂိုဏ်းကြီးဆယ်ဂိုဏ်းက အရင်ကလို မဟုတ်တော့ဘူး။ ကျင့်မင်တာအိုဂိုဏ်းက မရှိတော့ဘူး။ သမာသမတ်လမ်းစဉ်ကလည်း ကျန့်ယွမ်ရှန်း အကူအညီနဲ့ ထိန်းထားနိုင်တယ်ဆိုရုံပဲ။
ဗုဒ္ဓငါးဂိုဏ်းလုံးလည်း တခြားဟာထက် သူတို့ဘေးကင်းမှုပဲ ဦးစားပေးကြတယ်။ ရှစ်စွင်းရဲ့ စွမ်းအားနဲ့ သူတို့တွေ သိပ်မကြာခင် လှုပ်ရှားလာဦးမယ်တော့ မထင်ဘူး။ ဒါပေမဲ့ နန်းတော်ကတော့ ဂိုဏ်းကြီးဆယ်ဂိုဏ်းလို မဟုတ်ဘူး။ တာ့ယန်က ဒီနေ့အထိ ဘယ်လိုရပ်တည်နေတယ်ဆိုတာ သိမှာပါ ”
အဖြေက သိသာလှသည်။ အကယ်၍ နန်းတော်၏ အင်အားသာ ဂိုဏ်းကြီးဆယ်ဂိုဏ်းထက် အားနည်းနေခဲ့လျှင် ဂိုဏ်းကြီးဆယ်ဂိုဏ်းက ပညာရှင်တွေက နန်းတော်ကို ချုပ်ကိုင်ပြီးလောက်လေပြီ။
“နန်းတော်က အဲလောက်တောင် အားကောင်းတယ်လား” မင်ရှစ်ရင်က မေးလိုက်သည်။
“ လူသားတွေရဲ့ စိတ်နှလုံးသားကို ဘယ်အရာက လှုပ်ရှားစေနိုင်လဲ သိလား” စီးဝူယာ့က ယုံကြည်ချက်အပြည့်ဖြင့် မေးလိုက်သည်။
မင်ရှစ်ရင်က ခေါင်းခါလိုက်သည်။
“ အာဏာ၊ အဆင့်အတန်း၊ ရွှေ၊ ချမ်းသာမှု၊ မိန်းမ … ကျင့်ကြံဆင့်၊ ကျင့်စဉ်၊ ဂုဏ်သတင်း၊ တွေ့နိုင်ပေမဲ့ မရနိုင်တဲ့ ရတနာ … ပြီးတော့ ကမ္ဘာကြီး ”
“ ရုပ်ဝါဒီ စွဲလမ်းလိုက်ကြတာ ”
“ အမျိုးသားတွေက သူတော်စင် မဟုတ်ဘူးလေ။ ကျွန်တော်တို့ထဲ ဘယ်လောက်ကများ ရုပ်ဝါဒီ မမက်မောဘဲ နေကြလို့လဲ။ တကယ်လို့ ရှစ်ရှိုး မပါရင် ကျွန်တော်ကို ခွဲခွာချိတ်ကောက် ပေးလိုက်လေ”
စီးဝူယာ့က ရယ်လိုက်သည်။
“ကျွန်တော် စ နေတာပါ။ ဘာဖြစ်ဖြစ် အကြောင်းအရာကို ပြန်ပြောရင် နန်းတော်က အဲအရာတွေအားလုံး ပေးနိုင်တယ်။ အဲကြောင့် နေရာအနှံ့နှံ့က ပညာရှင်တွေကို ဆွဲဆောင်နိုင်တယ်။ ရှစ်ရှိုး မမေ့လိုက်နဲ့ဦး။ တော်ဝင်အစောင့်တွေက အံ့ဖွယ်မြို့တော်ကနေ တစ်ခါမှ မထွက်သွားဖူးဘူး။ အန်းယန်းမြို့ထဲ ပုန်ကန်မှု ဖြစ်ခဲ့တာတောင် တော်ဝင်အစောင့်တွေက ဝင်မပါကြဘူး”
မိစ္ဆာဝေဟင်မျှော်နန်က ကောင်းကင်အဆင့် လက်နက်များနှင့် ကျင့်ကြံရေး နည်းစနစ်များစွာ ပိုင်ဆိုင်ထားသည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းပင် မိစ္ဆာဝေဟင်မျှော်နန်းနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မိစ္ဆာဝေဟင်မျှော်နန်းကို အားကျနေသူများစွာ ရှိပေသည်။
မင်ရှစ်ရင်က ခေါင်းခါကာ “နောက်ဆုံးတော့ မင်းက မိစ္ဆာဝေဟင်မျှော်နန်းက တစ်ရက်ကျ ကျဆုံးသွားမယ်လို့ ပြောချင်နေတာမလား။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီနေတယ်ဆိုပြီး ဒါက မင်းရဲ့ နည်းလမ်းလား ”
ရှန့်စုရှုမြို့ထဲ သတ်ဖြတ်သံများနှင့်အတူ မီးခိုးလုံးများ ပျံ့လာသည်။ ကျင့်ကြံသူများစွာက ကောင်းကင်မှ ပြုတ်ကျလာကြ၏။
စီးဝူယာ့က ထရပ်လိုက်သည်။ သူက ပြတင်းပေါက်ကို ကြည့်ကာ “ စတေးဖို့ လိုအပ်တယ်လေ။ ရှန့်စုရှုမြို့ရဲ့ စစ်သူကြီးရှန်က ဒီမှာစတည်းချထားတာ။ သူ သေသွားရင် ရှန့်စုရှုမြို့က ရှုပ်ထွေးကုန်မှာ အသေအချာပဲ။ ဝေ့ကျိုးယန်က တပ်မဟာသုံးခုကို လျန်စီရင်စုဆီ ဦးဆောင်သွားပြီ။
နန်းတော်က မိစ္ဆာဝေဟင်မျှော်နန်းကို ဖြေရှင်းဖို့ အချိန်တစ်ခုကြာအထိ အားဦးမှာ မဟုတ်ဘူး။ ပထမတစ်ကြိမ် အလုပ်မဖြစ်ရင် ကျွန်တော် နောက်ထပ် လုပ်မယ်။ ဒုတိယအကြိမ် အလုပ်မဖြစ်ရင် ဆယ်ကြိမ်လုပ်မယ်။ အလုပ်မဖြစ်မချင်း ဆက်လုပ်နေမယ် ”
မင်ရှစ်ရင်က သောက်နေရင်း ရေသီးသွားလေသည်။ သူက ရယ်လိုက်ပြီး “ အဲဒါ မင်းရဲ့ကြီးကျယ်လှတဲ့ အစီအစဉ်ကြီးပေါ့။ ငါ့ဦးနှောက်မရှိရင် မင်းကို ယုံလိမ့်မယ်”
သူက သူ့ဘာသာ တွေးလိုက်သည်။
မင်းက ဒီလိုမျိုး ကျယ်ပြန့်တဲ့ သတင်းကွန်ယက်အဖွဲ့ ဖြစ်တဲ့ မဟူရာကွန်ယက်ကို ခက်ခက်ခဲခဲ တည်ထောင်ခဲ့ပြီးတော့ လက်အောက်ငယ်သားတွေကိုလည်း ကောင်းကောင်း အုပ်ချုပ်နိုင်တယ်။ ဒါပေမဲ့ မင်းက ဒါပဲ တတ်နိုင်တယ်လို့ ငါ့ကို လာပြောနေတာလား … ငါ ယုံမိရင် အရူးပဲ။
စီးဝူယာ့က မင်ရှစ်ရင်သည် သူ့ကို ယုံမည် မဟုတ်ကြောင်း မျှော်လင့်ထားပြီးသား ဖြစ်၏။ သူက မင်ရှစ်ရင်အား နောက်ထပ် အဖန်ရည်ထည့်ပေးလိုက်ပြီး ဆက်ပြောလိုက်သည်။
“ တကယ်လို့ ဆယ်ကြိမ် အလုပ်မဖြစ်ရင် အကြိမ်တစ်ရာ ကြိုးစားရမယ်။ ပုရွက်ဆိတ်တွင်း တစ်တွင်းက ဆည်ကို ပြိုကျသွားစေနိုင်တယ်လေ။ ပေတစ်ရာအခန်းကလည်း ဟကြားလေးကနေ မီးခိုး လောင်ကျွမ်းသွားနိုင်တယ်။ အဲလိုနေ့ရက် ရောက်လာတဲ့အခါ မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်သူမှ မခြိမ်းခြောက်နိုင်တော့ဘူး ”
မင်ရှစ်ရင်က တွေးလာမိသည်။ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက ရှေ့မှ စားပွဲကို ရိုက်ချကာ ရယ်မောလိုက်သည် “ငါ အခုနားလည်သွားပြီ။ မင်းဆီမှာ ဒီလိုရည်မှန်းချက်မျိုး ရှိမှန်း မသိခဲ့ဘူး။ အရာအားလုံးက မင်းအကြံအစည်အတိုင်း ဖြစ်မယ် ထင်နေလား။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီဖို့ ကြိုးစားနေတယ်လို့ ပြောပေမဲ့ တကယ်တမ်း မင်း ပုန်းနေဖို့ အကြောင်းပြချက်တစ်ခုပဲ ”
“ကျွန်တော့်မှာ အဲလိုရည်ရွယ်ချက် မရှိပါဘူး ” စီးဝူယာ့က ခေါင်းခါလိုက်သည်။
“ မင်း မဟုတ်ရင် ဘယ်သူလဲ” မင်ရှစ်ရင်က ပြောပြီးပြီးချင်း သူ့စိတ်က ဗလာကျင်းသွားလေသည်။ သူက ထိုင်ခုံပေါ် မှီကျသွား၏။ သူ့စိတ်ထဲ လူတစ်ယောက်၏ ကျောပြင် ပေါ်လာသည်။ အဖြေက ရှင်းလင်းလှသည်။
“ကျွန်တော့်နည်းလမ်းကို ကလေးကစားစရာ ထင်နေတာမလား။ အဲလိုဆိုရင် ရှစ်ရှိုးဆီမှာရော အကြံကောင်းရှိလို့လား” စီးဝူယာ့က မေးလိုက်သည်။
“ … ”
မင်ရှစ်ရင်က ဒိကိစ္စကို ဘယ်လိုအကြုံပြုနိုင်တော့မှာလဲ … သူသာ လုပ်နိုင်ခဲ့ရင် မိစ္ဆာဝေဟင်မျှော်နန်းက နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရမှာ မဟုတ်ပေ။
လမ်းမထက်မှ ခွာသံများ ထွက်ပေါ်လာသည်။
ကြည့်ရသည်မှာ ရဲမက်များက အရှုပ်အထွေးကို ရှင်းဖို့ ရောက်လာပုံပေါ်သည်။
ယဲ့ကျစ်ရှင်းက အပြင်ဘက်ကို ကြည့်လိုက်ပြီးနောက် စီးဝူယာ့အား ကြည်ကာ လက်နှစ်ဖက်ယှက်လိုက်ပြီး “ဂိုဏ်းချုပ် အခုထွက်သွားဖို့ အချိန်ကျပါပြီ ”
“ကောင်းပြီ ” စီးဝူယာ့က မင်ရှစ်ရင်ကို ကြည့်လိုက်သည်။
“ တာ့ရှစ်ရှိုးမှာ အဲလိုရည်မှန်းချက်မျိုး ရှိတာ ကောင်းတယ်။ အနည်းဆုံးတော့ မိစ္ဆာဝေဟင်မျှော်နန်းက အရင်ကလို တိုက်ခိုက်မခံရတော့ဘူးပေါ့ ”
ထို့နောက် ယဲ့ကျစ်ရှင်းက စီးဝူယာ့ကို တွဲကာ ပြတင်းပေါက်မှ ခုန်ဆင်းသွားကြသည်။
မင်ရှစ်ရင်က အဖန်ရည်ခွက်ကို မ လိုက်ပြီး သူ့ဘာသာ ခေါင်းညိတ်ကာ ရေရွတ်လိုက်သည် “ သူပြောတာ ဟုတ်တယ်”
သူက စိတ်မကြည်လင်လာခင်အထိ အဖန်ရည် ဆက်သောက်လိုက်သည်။
ခဏနေပါဦး … သူ့ကို ဖမ်းလိုက်လည်း အစီအစဉ်ကို ဆက်လုပ်နိုင်တယ် မဟုတ်ဘူးလား … ကျစ် ငါ အရူးလုပ်ခံလိုက်ရပြန်ပြီ
မင်ရှစ်ရင်က ပြတင်းပေါက်မှ ခုန်ဆင်းလိုက်သော်လည်း စီးဝူယာ့ကို ရှာမတွေ့တော့ပေ။
ထိုစဉ် မီးခိုးရောင်ဝတ် ကျင့်ကြံသူနှစ်ယောက်က လုချိုးဖင်းကို မြေပေါ် ကန်ချလိုက်ကြသည်။ သူတို့က လေထဲမှ ဦးညွှတ်ကာ “ စတုတ္ထသခင်လေး လိုက်မဖမ်းပါနဲ့တော့။ ဂိုဏ်းချုပ်က ဒီလောက်ပြောပြတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အမှန်အတိုင်းပြောရရင် ဂိုဏ်းချုပ်က ရှင်းမပြရင်တောင် သူ့ကို လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူး ”
ဝှစ် ဝှစ်
ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခု ထွက်ပေါ်လာသည်။
မင်ရှစ်ရင်က သူတို့ကို မကျေမနပ် ကြည့်လိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခု ပေါင်းစပ်သွားသည့်အခါ ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်တည်လာသည်။ သူတို့က မဟာနည်းစနစ်တစ်ခု ထုတ်သုံးပြီး မင်ရှစ်ရင် မျက်လုံးရှေ့မှ ရုတ်ခြည်း ပျောက်ကွယ်သွားကြသည်။
မင်ရှစ်ရင်က လုချိုးဖင်းအား ကြည့်ကာ မေးလိုက်သည် “ မင်းက ဘာကြည့်နေတာလဲ။ မင်း မျက်လုံးတွေ ကော်ထုတ်ခံချင်လို့လား ”
“ မဟုတ်ပါဘူး … စတုတ္ထသခင်လေးရယ် ကျေးဇူးပြုပြီး မလုပ်ပါနဲ့” လုချိုးဖင်းက ငိုချင်သော်လည်း မျက်ရည်ထွက်မလာပေ။
ထိုစဉ် မင်ရှစ်ရင်က ရင်းနှီးပြီးသား သတင်းပို့ငှက်တစ်ကောင် သူ့ဆီ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ “ အာ … ရှစ်မေ့ဆီက စာလား ”
သတင်းပို့ငှက်က မင်ရှစ်ရင်ကို မှတ်မိကာ တန်းတန်းမတ်မတ် ပျံသန်းလာသည်။ သူက လက်မြောက်လိုက်သည့်အခါ စာက သူ့လက်ထဲ ရောက်လာ၏။
မင်ရှစ်ရင်က စာဖတ်နေရင်း မျက်မှောင်ကြုတ်သွားလေသည်။ “ မဖြစ်နိုင်တာ … ရှစ်စွင်းက အံ့ဖွယ်မြို့တော်ဆီ သွားပြီလား ”
အံ့ဖွယ်မြို့တော်ဆိုတာ ဘယ်လိုနေရာမျိုးလဲ … ထိပ်သီးပညာရှင်တွေ စုဝေးနေကြတာလေ။ ပြီးတော့ တော်ဝင်အစောင့်တွေက စခန်းချထားကြသေးတယ်
စီးဝူယာ့ ပြောစကားအရ နန်းတော်ထဲမှ အင်အားစုအသီးသီးက မိစ္ဆာဝေဟင်မျှော်နန်းကို ရင်ဆိုင်ဖို့ ပူးပေါင်းကုန်ကြလေပြီ။
အံ့ဖွယ်မြို့တော်ဆီ သွားလိုက်ရင် ကျားဂူထဲ ဝင်သွားသလို ဖြစ်မနေဘူးလား …
“ ဘယ်အရူးက ရှစ်စွင်းကို အဲဒီအကြံပေးလိုက်တာလဲ” မင်ရှစ်ရင်က စာကို ဖျက်ဆီးပစ်လိုက်ပြီးနောက် လုချိုးဖင်း၏ ကုပ်ပိုးကနေ ဆွဲကာ အံ့ဖွယ်မြို့တော်ဆီ ပျံသန်းသွားလိုက်သည်။
မင်ရှစ်ရင်က မြို့အပေါ်စီးကနေ ပျံသန်းရင်း တစ်မြို့လုံး ကမောက်ကမ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူက ခေါင်းခါကာ သက်ပြင်းချလိုက်၏။ သူက သူ့ကိုယ်သူ ရန်သူအဖြစ် အထင်မှားခြင်းမှ ကာကွယ်ဖို့ ချီစွမ်းအားကို လှည့်ပတ်ကာ မြင့်မြင့်ကနေ ပျံသန်းလိုက်သည်။ သူက အံ့ဖွယ်မြို့တော် တည်နေရာဘက် လှမ်းကြည့်လိုက်ရင်း ကျိန်ဆဲလိုက်သည်။
“ သောက်ရမ်းဝေးလိုက်တာ ”
လုချိုးဖင်းက ဆက်သနားခံလိုက်သည်။ “စ… စတုတ္ထသခင်လေး ကျေးဇူးပြုပြီး သက်ညှာပေးပါ ”
မင်ရှစ်ရင်က ခနဲ့ကာ ပြောလိုက်သည် “မင်းက ငါ့ရှစ်တိရဲ့ ဇင်အဝတ်ကိုလည်း ခိုးရဲတယ်ဆိုတော့ …”
ထို့နောက် သူက ရယ်မောလိုက်သည်။ သူ့ရယ်မောသံထဲ ဒေါသအရိပ်အယောင် ပါဝင်နေသည်။
လုချိုးဖင်းက ချွေးအေးများ ထွက်လာလေသည်။ သူက အလျင်စလို ပြောလိုက်၏။
“ အစ်ကိုကြီးဆီကနေ ဇင်အဝတ်ကို ပြန်တောင်းပေးပါ့မယ်။ အဲလိုလုပ်လို့ ရပါတယ်။ ရပါတယ် ”
မင်ရှစ်ရင်က အော်ပြောလိုက်သည်။ “ပါးစပ်ပိတ်ထား ”
…………..
နေ့တစ်ဝက်ကြာပြီးနောက် အံ့ဖွယ်မြို့တော် အပြင်ဘက် တောအုပ်ထဲ
နတ်ခြင်္သေ့က ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
“ ရှစ်စွင်း အံ့ဖွယ်မြို့တော်က ရှေ့နားမှာပဲ ” ရှောင်ယွမ်အာက ခုန်ဆင်းလိုက်သည်။
လုကျိုးက အံ့ဖွယ်မြို့တော် တည်နေရာကို ကြည့်လိုက်သည်။ သူက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်၏။
ရှေင်ယွမ်အာက နတ်ခြင်္သေ့ဘေးဘက် ပြေးလာကာ ခုန်ဆင်းလာသည့် ကျောင်းယွဲ့အား ကူပေးလိုက်သည်။ ထို့နောက် သူမက ပြောလိုက်သည်။ “ရှစ်ကျဲကို ပြောပါတယ်။ နတ်ခြင်္သေ့က ရထားလုံးပျံထက် ပိုသက်သောင့်သက်သာ ဖြစ်ပါတယ်ဆိုနေ …”
ကျောင်းယွဲ့က ခေါင်းညိတ်လိုက်သည်။ သူမက လတ်တလောလေးမှ ပြန်ကောင်းလာသည် ဖြစ်ရာ သူမ အမူအရာတို့က အနည်းငယ် သဘာဝမကျပေ။ သူမက အံ့ဖွယ်မြို့တော်ဆီ လှမ်းကြည့်လိုက်ပြီး “ ရှစ်စွင်း … ကျွန်မတို့ တကယ်ကြီး အံ့ဖွယ်မြို့တော်ထဲ သွားမှာလား ”
လုကျိုးက ပြောလိုက်သည် “ဒါက မင်းအတိတ်နဲ့ သက်ဆိုင်နေတယ်။ ငါတို့တွေ သတိလက်လွတ်နေလို့ မဖြစ်ဘူး ”
…
အခန်း (၂၆၇) တာ့ရှစ်ရှိုး၏လူ
သူမရှစ်စွင်းက ပြောပြီးသည်ဖြစ်သောကြောင့် ကျောင်းယွဲ့က သူမအမြင်ကိုမပြောတော့ချေ။ ကျောင်းယွဲ့သည် အံ့ဖွယ်မြို့သို့သွားမည့်ခရီးစဉ်ကို အလွန်အကျွံစိတ်ဝင်စားခြင်းမရှိချေ။ သူမသည် အအေးဓာတ်အဆိပ်မှ သက်သာရာရခါစဖြစ်၏။ ထို့ကြောင့် သူမသည် အရာအားလုံးထက် ကျင့်ကြံခြင်းကိုသာ ပိုစိတ်ဝင်စားသည်။
တစ်ဖက်တွင်မူ ရှောင်ယွမ်အာက ကျင့်ကြံမှာထက်အပြင်ထွက်ကစားဖို့ကို စိတ်အားထက်သန်နေ၏။ အံ့ဖွယ်မြို့သည် တာ့ယန်ရှိအစည်ကားဆုံးမြို့များထဲမှ တစ်မြို့ဖြစ်၏။ သူမသည် မြို့တော်ကို သွားရောက်လည်ပတ်ချင်နေတာကြာပြီဖြစ်သည်။ နှမြောစရာကောင်းသည်က သူမကို ခေါ်မသွားတာပဲဖြစ်သည်။ ယခုသွားရန်အခွင့်အရေးရပြီဖြစ်သောကြောင့် သူမမည်ကဲ့သို့မပျော်ဘဲ နေမည်နည်း။
သူတို့သိုသိုသိပ်သိပ်နေရမည်။ သုံးယောက်သားက ရထားလုံးပျံဖြင့်မသွားခဲ့ပေ။ ထို့အပြင် ယင်းက ထိခိုက်ထားသောကြောင့် ပြန်ပြင်ရန်လိုအပ်သည်။
သုံးယောက်သားမြို့ထဲသို့ဝင်သွားချိန်၌ အံ့ဩဖွယ်ကောင်းသည့် ဗိသုကာလက်ရာများ၊ လမ်းများနှင့် စည်ကားနေသောလူအုပ်ကြီးက သူတို့ထင်ထားသည်ထက်ကျော်လွန်နေ၏။
လုကျိုးတောင် အံ့ဩသွားသည်။ သို့သော် သူက ထိုအရာများကို စိတ်မဝင်စားဘဲအမိန့်ပေး လိုက်သည်။ “သွားကြမယ်”
ရှောင်ယွမ်အာက သူ၏စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်လုပ်ပြီး သူမရှစ်စွင်းနောက် ရွေးချယ်စရာမရှိဘဲလိုက်ရတော့သည်။
တစ်ဖက်တွင်မူ ကျောင်းယွဲ့က လိမ္မာ၏။ သူမက စောဒက မတက်ဘဲ ရှစ်စွင်းနောက်လိုက်သွားသည်။
“ရှစ်စွင်း တပည့်တို့ဘယ်သွားနေတာလဲ” ရှောင်ယွမ်အာက မေးလိုက်လေ၏။
“မင်းသားချီအိမ်တော်လေ”
“မင်းသားချီအိမ်တော်လား” ရှောင်ယွမ်အာက ဇဝေဇဝါဖြစ်သွားသည်။
ကျောင်းယွဲ့သည် ရှောင်ယွမ်အာနား လျှောက်လာပြီးနောက် တီးတိုးပြောလိုက်၏။ "သူက ရှစ်စွင်းရဲ့မိတ်ဆွေလေ”
“ဟမ် ရှစ်စွင်းမှာ ဒီလိုမိတ်ဆွေမျိုးရှိတယ်လား”
ကျောင်းယွဲ့က ကြောက်လန့်သွားသောကြောင့် တိုးတိုးနေခိုင်းလိုက်၏။ သူမရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။
‘ငါ နင်နဲ့ဝေးဝေးနေသင့်တယ်။ ပြောရရင် ငါက နင်မဟုတ်ဘူးလေ။ နင့်လိုမျိုး ဆရာချစ်မြတ်နိုးတာ ခံရတဲ့သူမဟုတ်ဘူး’
သူမသာ ပြောခဲ့လျှင် အပြစ်ဒဏ်ကြီးကြီးမားမားအပေးခံလိမ့်မည်။
သူတို့နှစ်ယောက်က ရှစ်စွင်းကို တစ်ချက်ခိုးကြည့်လိုက်၏။ ရှစ်စွင်းဒေါသမထွက်တာကို သတိပြုမိသည့်အချိန်တွင် သူတို့သက်ပြင်းချလိုက်၏။
လုကျိုးကဆက်လျှောက်လာပြီးနောက် မုတ်ဆိတ်သပ်ကာပြောလိုက်သည်။ “ယွမ်အာ”
ထောက်
ရှောင်ယွမ်အာသည် ရုတ်တရက်ဒူးထောက်လိုက်၏။ သူမ၏နားရွက်နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ကိုင်လျက် ပြောလိုက်တော့၏။ “ရှစ်စွင်း တပည့်အမှားလုပ်မိပါတယ်။ နောက်ထပ် ထပ်မလုပ်တော့ပါဘူး”
လမ်းသွားလမ်းလာများက သူတို့ကို စကြည့်လာတော့သည်။
‘သူက လမ်းလယ်ခေါင်ကြီးမှာ ဘာကြောင့် ဒူးထောက်နေတာလဲ။ ထူးဆန်းတဲ့အဖွဲ့ပဲ’
လုကျိုးက သူ၏မျက်နှာထက်တွင် အမေးထုတ်သည့်အမူအရာဖြင့် လှည့်လာလေ၏။
‘ဒီမိန်းကလေးက ဘာကြောင့် ရုတ်တရက်ကြီးဒူးထောက်တာလဲ’
“ထတော့” လုကျိုးက ထူးမခြားနားပြောလိုက်သည်။
“ကျုပ်ပြောမယ်နော် ဆရာကြီး။ ဒါက မမှန်ဘူးနော်။ ခင်ဗျားရဲ့ မြေးလေးက ဘယ်လောက်လိမ္မာလဲ။ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ကြည့်။ ဘာကြောင့် သူ့ကို အေးစက်စက်ဆက်ဆံနိုင်ရတာလဲ”
“ဟုတ်တယ် ဒီကလေးမလေးက ချက်ချင်းအမှားကိုဝန်ခံပြီး မြေကြီးပေါ်ဒူးထောက်လိုက်တာ။ ကျုပ်အိမ်က ကျေးဇူးမသိတတ်တဲ့ ကောင်စုတ်နဲ့ယှဉ်ရင်သူက နတ်သမီးလေးပဲ”
“ကလေးမလေး မြန်မြန်ထ။ မင်းရဲ့အဖိုးက အသက်ကြီးပြီ။ သူ စိတ်နောက်နေတာပဲ ဖြစ်လိမ့်မယ်”
လုကျိုးက ဆွံ့အသွား၏။ ဒီဖြတ်သန်းသွားလာတဲ့သူတွေက တီထွင်ဖန်တီးနိုင်စွမ်း တကယ်ရှိတာကိုး”
သူတို့တွေက စိတ်ပျက်ဖို့ကောင်းတဲ့လူတစ်စုပဲ။
ရှောင်ယွမ်အာက ရုတ်တရက်ခြေကြွလိုက်၏။ သူမက မြေပြင်ပေါ်ခြေဆောင့် လိုက်တော့သည်။
ဖုန်း
မြေပြင်က အက်ကွဲသွား၏။ လူအုပ်ကြီးက ချက်ချင်းပင်နောက်ဆုတ်သွားတော့သည်။ သူတို့ထိတ်လန့်သွားသောကြောင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။
“ဘာလား။ သွင်ပြင်နဲ့ဆန့်ကျင်ဖက်ဖြစ်နေတာ”
“ကြမ်းတမ်းတဲ့ကောင်မလေးတစ်ယောက်ပဲ”
“ကျွန်မအဖိုးအကြောင်း တစ်ခွန်းထပ်ပြောကြည့်။ ရှင်တို့ကို ရိုက်ပစ်မယ်” ရှောင်ယွမ်အာက ဒေါသတကြီးပြောလိုက်သည်။
လူအုပ်ကြီးက ချက်ချင်းပဲ လူစုကွဲသွားတော့သည်။
“ငါတို့ရဲ့ ကြင်နာမှုကို မကောင်းတဲ့ရည်ရွယ်ချက်လို ဆက်ဆံခံလိုက်ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေက ဘာကြောင့် သွားရှုပ်မိတာလဲ”
လုကျိုးက မုတ်ဆိတ်သပ်ပြီးခေါင်းညိတ်လိုက်၏။ ရှောင်ယွမ်အာ၏အပြုအမူကို သူ ကျေနပ်သည်။ ထိုမတိုင်ခင်က သူသည် ထိုလူများ၏မိသားစုကို သတ်ရန်ခြိမ်းခြောက်မှာပဲဖြစ်၏။ ယခုအခေါက်တွင်မူ သူတို့ကို ရိုက်မည်ဟုသာ ခြိမ်းခြောက်ခဲ့သည်။ ယင်းက အမှန်တကယ် တိုးတက်မှုကြီးတစ်ခုဖြစ်၏။
“ထတော့”
လုကျိုးကပြောလိုက်၏။
“ဟုတ်” ရှောင်ယွမ်အာနှင့်ကျောင်းယွဲ့က တစ်ချိန်တည်းတွင် သက်ပြင်းချလိုက်တော့သည်။
နှစ်ယောက်သားက လမ်းဆုံနားရောက်သွားသည့်အချိန်တွင် ရှောင်ယွမ်အာက ဓားမော့များ သယ်ထားပြီး အဆင့်နိမ့်ကျင့်ကြံသူတစ်စုကို လက်ညှိုးထိုးပြပြီးပြောလိုက်တော့သည်။
“ရှစ်စွင်း အဲ့ဒါက ငရဲဂိုဏ်းကလူတွေ”
လုကျိုးက လက်ညှိုးထိုးပြသည့်ဖက်သို့ကြည့်လိုက်၏။
ရှောင်ယွမ်အာကပြောလိုက်သည်။ “ငရဲဂိုဏ်းက တာ့ယန်မှာ အကြီးမားဆုံးမိစ္ဆာဂိုဏ်းတစ်ခုပဲ။ အင်အားစုတော်တော်များများက တတ်နိုင်သလောက်သူတို့နဲ့ ဝေးဝေးနေကြတယ်။ ဒါတောင်မှ သူတို့က ပွင့်ပွင့်လင်းလင်း လူစုဆောင်းရဲတဲ့အထိအတင့်ရဲနေတာ။ တော်ဝင်မိသားစုက ဒါကို ဘာမှမလုပ်ဘူးလားမသိဘူးနော်”
“ဒါကို ဂရုစိုက်နေဖို့မလိုဘူး” လုကျိုးက ခေါင်းခါလျက်မြို့ထဲသို့ဆက်လျှောက်သွားလိုက်သည်။
ကျောင်းယွဲ့က ပြောလိုက်၏။
"တကယ်ပဲ ငရဲဂိုဏ်းက မိစ္ဆာဂိုဏ်းတစ်ခု။ ဒါပေမဲ့ တော်ဝင် မိသားစုအတွက် ငရဲဂိုဏ်းဆိုတာ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ထိပ်သီးဂိုဏ်းဆယ်ခုနဲ့ မခြားဘူးလေ။ သူတို့တွေက တစ်ယောက်ကိစ္စတစ်ယောက်ဘေးထွက်နေရုံပဲ။ ငရဲဂိုဏ်းက တပည့်စုဆောင်းတယ် ဆိုတာက သူတို့မျက်စိထဲမှာ ဖြောင့်မတ်ခြင်းက တပည့်စုဆောင်းတာနဲ့မခြားဘူး။ တော်ဝင်မိသားစု က ဒီကိစ္စမှာ ဝင်မစွက်ဖက်တာ သဘာဝကျတယ်။ ဒါ့အပြင် တာ့ရှစ် သစ္စာဖောက်ရဲ့ နည်းလမ်းတွေအရ သူက ကြိုစုထားမှာပဲ”
“ဪ” ရှောင်ယွမ်အာက ဘာမှနားမလည်သော်ငြား ခေါင်းညိတ်ထားသည်။
ငရဲဂိုဏ်းသည် တော်ဝင်မိသားစု၏အရေးကိစ္စကို ဘယ်တော့မှ ဝင်မစွက်ဖက်ခဲ့ပေ။ သူတို့က အမှောင်ထဲ၌ မိစ္ဆာဂိုဏ်းလေးများအတိုင်း ဆင်တူအောင်နေနေလေ၏။
သူတို့မြို့ဧရိယာသို့ကျော်ဖြတ်သွားသည့်အချိန်၌ လူနေအဆောက်အဦးများရှိသည့်နေရာသို့ ရောက်လာလေ၏။ သူတို့ပတ်ဝန်းကျင်ကလည်း ပိုတိတ်ဆိတ်သွားသည်။
လုကျိုး၏ဝေဝါးဝါးမှတ်ဉာဏ်များက လမ်းပြအနေဖြင့် သုံးယောက်သားက မင်းသား၏ ချီအိမ်တော်ကိုလျှောက်သွားလိုက်သည်။ နှစ်ပေါင်းများစွာအတောအတွင်း ဘာမှပြောင်းလဲသွားပုံ မရပေ။
“ရှစ်စွင်း တပည့်တံခါးသွားခေါက်လိုက်မယ်”
ယင်းက အဆင့်မြင့်ပုဂ္ဂိုလ်၏ အိမ်တော်ပဲဖြစ်သည်။ တံခါးရှေ့ရှိလှေကားထစ်အရေအတွက်က သာမန်အိမ်များထက်ပိုများသည်။
သူမ တံခါးတောင်မခေါက်ရသေးခင် တံခါးက ကျွီခနဲမြည်လာပြီး ဖြည်းဖြည်းချင်းပွင့်သွားလေ၏။
မင်းသား၏ချီအိမ်တော်မှ အစေခံများက ထွက်လာ၏။ တဖြည်းဖြည်းချင်း အိုမင်းနေသောအိမ်တော်ထိန်းက ရှေ့တိုးလာပြီးမေးလိုက်၏။
“မင်းက ဘယ်သူလဲ”
ရှောင်ယွမ်အာက သူမရှစ်စွင်းကိုလှည့်ကြည့်လိုက်သည်။
“ချင်ကျွင်းဘယ်မှာလဲ” လုကျိုးက တည်ငြိမ်စွာမေးလိုက်တော့သည်။
အိမ်တော်ထိန်းက စိတ်တိုသွားသည်။ ဒီဧည့်သည်က သူရဲ့သခင်ကို ဘယ်လိုလုပ်အမည်တပ် ခေါ်ရဲရတာလဲ။
ယင်းက သာမန်အိမ်တော်ထိန်းမဟုတ်ပေ။ သူက ဆယ်စုနှစ်နှစ်စုစာ မင်းသား၏ ချီအိမ်တော်၌ ရှိနေခဲ့တာဖြစ်သည်။ အိမ်တော်ရှိလူများချစ်မြတ်နိုးတာခံရသည်။ သူက သူ၏အလုပ်များကို အသေးစိတ်ဂရုစိုက်တတ်သူဖြစ်၏။ သူတို့၏ ဧည့်သည်အများစုကို မှတ်မိပြီး သွင်ပြင်နှင့် နှစ်သက်မှုများအလိုက်မှတ်ထားသည်။ ကျန်သည့်သူများကို ဖတ်နိုင်သည့်သူလည်းဖြစ်သည်။ လုကျိုးကို ကြည့်နေစဉ်မျက်ဝန်းများ မှေးကျဉ်းသွား၏။
ဟမ်
အိမ်တော်ထိန်း၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားတော့သည်။ ထိုလူ၏ အစိတ်အပိုင်း အချို့ကို စုဆောင်းမိလိုက်ပုံပေါ်သည်။ သူက အဆင်ခြင်မဲ့စွာမလုပ်ရဲတော့ချေ။ သူ အရိုအသေ ပေးပြီးနောက် လုကျိုးကိုနှုတ်ဆက်လိုက်၏။
"နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ထင်တာမမှားရင် ခင်ဗျားက ရွှေနန်းဥယျာဉ်တောင်က လောင်ချန်းပေ့မလား”
ထိုအိမ်တော်ထိန်းက ဉာဏ်ရည်အလွန်မြင့်ပြီး ဆက်ဆံရေးအလွန်ကောင်းမွန်သည်။ သူက မေးလည်းမမေး အကြီးမြတ်ဆုံးမိစ္ဆာ၏အမည်ကိုလည်းမပြော လုကျိုး၏နာမည်ကိုလည်း ထည့်မသုံးခဲ့ချေ။ ထိုအစား လုကျိုးလာသည့် နေရာကိုသာ မေးခဲ့၏။ ဤနည်းဖြင့် လုကျိုးကို ရန်စမိမှာကို ရှောင်နိုင်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာခေါင်းညိတ်လိုက်သည်။ “မင်း ငါ့ကိုမှတ်မိလား”
လုကျိုးထံမှအတည်ပြုချက်ရပြီးနောက် အိမ်တော်ထိန်းက မတွေဝေတော့ပေ။
ထောက်
သူက ချက်ချင်းဒူးထောက်ပြီး အရိုအသေပေးကာပြောလိုက်တော့၏။
“နှုတ်ဆက်ပါတယ် လောင် လောင်ချန်းပေ့” သူက ပါးနပ်သောကြောင့် ရန်သူများကို ရန်စမိမည့် ဘွဲ့အမည်များကို ဂရုတစိုက်ရှောင်ရှားမိ၏။
ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့သည် ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသည်။ သူတို့၏ ရှစ်စွင်းက လောကကြီးထဲ၌ လူသိများသူဖြစ်ပြီး ဆိုးရွားသည့်ဂုဏ်သတင်းရှိသော အကြီးမြတ်ဆုံး လူဆိုးဖြစ်၏။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဘာမှမဆိုင်သည့်သူကတောင် သူအမည့်ကိုကြားသည်နှင့် သူနှင့်မဆုံနိုင်အောင် အကောင်းဆုံးကြိုးစားကြသည်။ ထိုသို့တိုင် ဤအိမ်တော်ထိန်းက သူတို့ရှစ်စွင်း ကို ဒူးထောက်ပြီးကန်တော့နေ၏။ သူတို့ရှစ်စွင်းက ဤအိမ်တော်နှင့် ထူးခြားသည့်ဆက်ဆံရေး ရှိပုံရသည်။
ကျောင်းယွဲ့ကပြောလိုက်သည်။ "မေးတာဖြေ”
ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်ပြီး ကျောင်းယွဲ့ပြောတာ လိုက်ပြောလိုက်သည်။
“မေးတာဖြေ”
နန်းတော်ထဲ၌ စည်းမျဉ်းများစွာရှိသည်။ သူတို့က တော်ဝင်မြို့ထဲတောင်မဟုတ်။ သို့သော် ဤနေရာရှိလူများက သတိပြုမိသည်နှင့်ဒူးထောက်လိမ့်မည်။
အိမ်တော်ထိန်းကပြောလိုက်သည်။ “ကျွန် ကျွန်တော်က လောင်ချန်းပေ့ရဲ့ပုံတူကို ကျွန်တော့်သခင်ရဲ့ အခန်းထဲမှာတွေ့မိလို့ပါ”
“ငါ့ပုံတူလား” လုကျိုးက သူ၏မှတ်ဉာဏ်များကိုရှာဖွေလိုက်သည်။ သူက မင်းသားချီချင်ကျွင်းနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့်မြင်ကွင်းကိုမှတ်မိသွား၏။ မည်သည့်ပုံတူမှ မထားခဲ့ပေ။ ချင်ကျွင်းက ၎င်းကို ဆွဲရန်အတွက် ပန်းချီပညာရှင်တစ်ယောက်ကိုငှားရမ်းခဲ့တာဖြစ်မည်ဟု သူခန့်မှန်းမိခဲ့သည်။
ဪ ထားတော့ ဒါအရေးမကြီးပါဘူးလေ။
လုကျိုးသည် အကြောင်းပြန်လှန်ကတ်ကို သုံးခဲ့သောကြောင့် သူ၏သွင်ပြင်၌ ပြောင်းလဲမှုတချို့ ရှိခဲ့သည်။ သို့သော် သူ၏ဟန်ပန်အမူအရာကိုမူ မပြောင်းလဲထားပေ။ ထိုအိမ်တော်ထိန်းအိုကြီးက အမှန်တကယ်ပင် သူ့ကိုမှတ်မိတာထူးခြားလှ၏။ နောင်ကျ အကြောင်းပြန်လှန်ကတ်ကို သုံးခဲ့လျှင် သူက ပိုငယ်ရွယ်ပုံပေါ်သွားလိမ့်မည်။ ထိုအချိန်ကျ လူများစွာက သူ့ကိုမှတ်မိရန်ခဲယဉ်း သွားမှာပဲဖြစ်သည်။
“ဒီလမ်းကြွပါ လောင်ချန်းပေ့”
အိမ်တော်ထိန်းကြီးက သူ၏ဧည့်သည်များကို မည်သို့ဧည့်ခံရမည် ဆိုတာသိသည်။ ဧည့်သည်များ၏ အဆင့်အတန်းကိုသိပြီး သူတို့ရောက်လာကြောင်း ကြိုတင်သတင်း ပေးထားပြီးဖြစ်၏။ အမြန်ကြွပြီးနောက် ဖိတ်ခေါ်သည့်ဟန်ပြုလိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြီးနောက်စိတ်ကျေနပ်သွား၏။ ပြီးနောက် မင်းသား၏ချီအိမ်တော်သို့ ခြေလှမ်းကြဲကြီးများဖြင့်ဝင်သွားလိုက်သည်။
ဧည့်ခန်းထဲတွင်ဖြစ်သည်။
အိမ်တော်ထိန်းသည် သူတို့ကို အိမ်တော်ထဲ၌ အကောင်းဆုံးအဖန်ရည်ဖြင့် ဧည့်ခံသည်။ လုကျိုးက ထိုအရာများကို စိတ်ထဲမထားပေ။ ထိုအစားမေးလိုက်သည်။
“ချင်ကျွင်း ဘယ်မှာလဲ”
ဘေးတွင် ရပ်နေသောအိမ်တော်ထိန်းက တလေးတစားဖြေလိုက်၏။ “လောင်ချန်းပေ့ ရဲ့မေးခွန်းကို ဖြေရရင်ဖြင့် ကျွန်တော်သခင်ကတော်ဝင်မြို့တော်ကို သွားပါတယ်။ နေ့ဝက်အတွင်းပြန်ရောက်မှာပါ။ ကျေးဇူးပြုပြီး သက်သောင့်သက်သာနေပါ”
အိမ်တော်ထိန်း၏အသံသည် လေထဲ၌ စွမ်းအင်ပြည့်ဝပြီးကျယ်လောင်သည့်အသံကို ကြားရသည့် အချိန်၌ မှိန်ဖျော့သွားတော့သည်။ “လောင်ဟုန် ငါတို့မှာ ဂုဏ်သရေရှိဧည့်သည်တချို့ ရှိတယ်လို့ပြောခဲ့တာလား”
…