အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အခန်း (၂၇၁) အကြောင်းပြချက်ဖြင့်ဖျောင်းဖျခြင်း
သူ၏သွင်ပြင်က လုကျိုးကို အနည်းငယ်အံ့ဩသွားစေ၏။ သူက မွေးဖွားလာတည်းက ကုန်းကုန်းတစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်ပုံပေါ်သည်။
လီယွင်ကျောက်က အခန်းထဲဝင်လာရန် မလောပေ။ ထိုအစား သူက တမင်တကာပင် ရပ်တန့်လိုက်၏။ အသက်လေးဆယ်ဝန်းကျင်ခန့်ရှိသည့် နောက်ထပ်ကုန်းကုန်းက သူ့ကို လိုက်မှီလာပြီးနောက် လီယွင်ကျောက်က အခန်းထဲဝင်လိုက်တော့၏။
ချင်ကျွင်းက အမြန်ပြောလိုက်တော့သည်။ “ဒါက ငါပြောတဲ့ဆရာကြီးပဲ”
လီယွင်ကျောက်က လက်နောက်ပစ်ထားပြီး မော့ကြည့်လိုက်စဉ် သူတို့အကြည့်ချင်းဆုံသွားလေ၏။
သူက နန်းတော်၏အတွင်းထဲ၌ နေ့ရက်များကောင်းမွန်စွာဖြတ်သန်းခဲ့သည်။ သူက သတင်းအချက်အလက် စုံသည့်တိုင် မိစ္ဆာဝေဟင်မျှော်နန်း၏သခင်ကို ယခင်က လူကိုယ်တိုင် တစ်ခါမှ မတွေ့ဖူးပေ။ ပထမဆုံးတွေ့ဆုံချိန်၌ လုကျိုး၏ရောင်ဝါကြောင့် သူဖိနှိပ်သလို ခံစားလိုက်ရ၏။
မယုံနိုင်စရာကောင်းသည့်သူတစ်ယောက်ကို သူရင်ဆိုင်နေရမှန်း သူသိသည်။ ယင်းက ကျင့်ကြံဆင့် တစ်ခုတည်းမှ မြစ်ဖျားခံသည့်အရှိန်အဝါ မဟုတ်ပေ။ အဆင့်အတန်း ပိုမြင့်မားသူတစ်ဦး၏ ဖြာထွက်နေသော အရှိန်အဝါပဲဖြစ်သည်။
သုံးပေမြင့်မားသည့်ရေခဲက ညတွင်းချင်းဖွဲ့တည်လာတာမဟုတ်ပေ။ လီယွင်ကျောက်သည် ထိုကဲ့သို့ ဖိအားမျိုးကို ဧကရာဇ်ထံမှသာ ခံစားဖူးသည်။
“မင်းက လီယွင်ကျောက်လား” လုကျိုးက သူ့ကိုချက်ချင်းပင် အမည်တပ်ခေါ်ဝေါ်လိုက်၏။
လီယွင်ကျောက် ရောက်မလာခင် ချင်ကျွင်းက သူ့အကြောင်းပြောထားပြီးဖြစ်သောကြောင့် ထိုလူမည်သူမှန်း သိနေ၏။ ထို့ကြောင့် သူကဒေါသမထွက်သွားပေ။
“ဟုတ်ပါတယ်”
လုကျိုးက စိုက်ကြည့်နေလျက်ဆင့်ခေါ်လိုက်သည်။ “ကျောင်းယွဲ့”
ကျောင်းယွဲ့က ဘေးကနေရှေ့တိုးလာပြီးနောက်ပြောလိုက်၏။ “ဟုတ်ကဲ့ ရှစ်စွင်း”
သူမ၏ရှစ်စွင်း ဆိုလိုတာကို သိသည်။ လီယွင်ကျောက်ဖက်လှည့်လိုက်၏။
“သူရိန်ပြာတောင်တန်းနားမှာ ကျွန်မကို ရှာတွေ့တဲ့သူက ဒီလူပါပဲ” လီယွင်ကျောက်က ကျောင်းယွဲ့ကိုမြင်သောအခါ မျက်မှောင်အနည်းငယ်ကျုံ့ပြီးပြောလိုက်၏။ "မင်းက”
သူ့ကို လျစ်လျူရှုထားလျက် ကျောင်းယွဲ့က သူမနေရာသို့ပြန်ကာ ဆိတ်ဆိတ်နေလိုက်၏။
လုကျိုးက ခြောက်ကပ်ကပ် ပြောလိုက်တော့သည်။ “ပြော”
လီယွင်ကျောက်က ပြုံးလျက် လက်သီးကိုဆုပ်မိုးကာ ပြောလိုက်လေ၏။
“ကျုပ် ကြိုတင် မပြင်ဆင်လာမိတာဖြစ်မှာပဲ။ ကျုပ်ကို တွေ့ဖို့ဆိုပြီး မင်းသားချီက ဖိတ်ကြားတာ၊ မိစ္ဆာဝေဟင် မျှော်နန်းက ဆရာကြီးက ကျွန်တော့်ကိုသိတယ်လို့ကြားထားတယ်။ ဒါကြောင့် ဆရာကြီးဆီကို တစ်ခုခု နှောင့်ယှက်မိပုံပဲ”
ချင်ကျွင်းက အမြန်ရှင်းပြလိုက်၏။ “ဒါ ဆင်ခြေပေးလိုက်တာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ လောင်ချန်းပေ့”
လုကျိုးက လက်ကာပြလိုက်ပြီးနောက် စိတ်ထဲမထားပေ။
လီယွင်ကျောက် ဤနေရာတွင် ရှိနေသရွေ့ သူဘာမှမေးနိုင်မှာမဟုတ်ပေ။ လုကျိုးကပြောလိုက်၏။
“မင်း ငါ ဘာဆိုလိုလဲဆိုတာ နားလည်သင့်တယ်။ ငါ့မေးခွန်းကို နှစ်ခါထပ်မပြောဘူး”
အခန်းထဲရှိအရှိန်အဝါနှင့်လေထုက အနည်းငယ်စိမ်းသက်လာ၏။ လီယွင်ကျောက်က ချင်ကျွင်းကို တချက်ကြည့်ကာပြောလိုက်တော့သည်။
“ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်းသိတယ်။ ပြီးတော့ သူ့ရဲ့တပည့်ကိုးယောက်အကြောင်းကို သိတယ်။ အံ့ဖွယ်မြို့တော်ကို ဆရာကြီးကိုယ်တိုင်ရောက်လာ လိမ့်မယ်လို့မထင်ထားဘူး။ တစ်ခုခု သိချင်တာရှိရင်မေးလိုက်ပါ။ သိချင်တဲ့အရာအားလုံးကို ကျွန်တော်ပြောပြပါ့မယ်။"
လီယွင်ကျောက်၏အသံက စူးရှပြီးတိုးသဲ့သဲ့နိုင်ကာ နားထောင်ရသည့်လူတိုင်းကို ကြက်သီးထစေ ၏။ လုကျိုးက စိတ်ကျေနပ်သည့်အမူအရာဖြင့်ခေါင်းညိတ်လိုက်သည်။ “ကျောင်းယွဲ့က နန်းတော်က လား”
“ဟုတ်ပါတယ်”
“အမှောင်ယင်လက်ဝါးရဲ့အအေးဓာတ်အဆိပ်ကို သူ့ခန္ဓာကိုယ်ထဲချန်ထားခဲ့တာမင်းလား”
“ကျွန်တော်ပဲ”
“မင်းရဲ့အကြောင်းပြချက်က” လီယွင်ကျောက်က ခဏရပ်တန့်သွား၏။ သူ၏အဖြေက ယခင်ကကဲ့သို့ တန်းတန်းမတ်မတ်ရောက်မလာခဲ့ပေ။
ထိုမေးခွန်းကအရေးကြီးသည့်ကိစ္စကိုထိသွားပုံပေါ်၏။
“ဆရာကြီး အကြောင်းပြချက်ကတော့ ကျွန်တော်မပြောနိုင်ဘူး။ ပြောမှာမဟုတ်”
လီယွင်ကျောက်က အကြောင်းပြန်လိုက်၏။
လုကျိုးက ညာလက်မြှောက်လိုက်သည့်အချိန်၌ မှိန်ဖျော့ဖျော့အခန်းက ရောင်ခြည်တစ်ချက်ဖြင့် လင်းထိန်သွား၏။ သူ၏လက်ဖဝါးထဲ အပြာရောင်လေပွေတစ်ခုရှိနေပုံပေါ်သည်။
လီယွင်ကျောက်က မျက်လုံးပြူးကျယ်သွားလျက် နောက်သို့ သုံးလှမ်းခန့်ဆုတ်လိုက်သည်။
"ဆရာကြီး”
“မျှော်နန်းသခင်”
လုကျိုးက သူ့လက်ဖဝါးကိုရှေ့သို့တွန်းထုတ်လိုက်၏။ လေပွေက လီယွင်ကျောက်ဆီသို့ ဦးတည် သွားသည်။
ဖုန်း
ခရမ်းရောင်လျှပ်စီးလုံးက မျက်နှာကြက်ကို ထိသွားပြီး လေပွေနှင့် ပေါင်းစည်းသွား၏။ ယင်းက လီယွင်ကျောက်ကို ရိုက်ချသွားသည်။
စွမ်းအားသက်ရောက်မှုက သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားရသည့် အမှောင်ယင်စွမ်းအင်ချိတ် သင်္ကေတကို တိုက်ရိုက်ထိုးဖောက်သွားချိန်၌ သူက နောက်ဆုတ်ပြီး ခြံဝန်း၌ တိုက်မိသွားသည်။
သူတို့၏ခေါင်းထက်၌ အဝိုင်းတစ်ခုပေါ်လာတော့၏။ လုကျိုးမည်သို့တိုက်ခိုက်လိုက်မှန်း မည်သူမှ တွေ့လိုက်ပုံမပေါ်။ နန်းတော်မှ အနှိုင်းမဲ့သိုင်းပညာရှင်က လက်ရွေးစင်တစ်ယောက်ကဲ့သို့သူ၏ စွမ်းရည်များကိုပြရန် အခွင့်ရေးတောင်မရလိုက်ဘဲ တစ်ချက်တည်းဖြင့်လွင့်ထွက်သွား၏။ ယင်းက သိုင်းကွက်တစ်ကွက်သာဖြစ်သည်။ သူ့နောက်၌ လိုက်ပါလာသည့် မိန်းမစိုးလေးကလည်း မျက်လုံးများ ပြူးကျယ်သွားသည်။ လီယွင်ကျောက်က မြေကြီးနှင့်ရိုက်မိသွား၏။
လီယွင်ကျောက်က မြေပြင်နှင့်တိုက်မိသွား၏။ သူ၏နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာသည်။ သူက အမောတကောအသက်ရှူလျက်မျက်လုံး၌ မယုံနိုင်မှုများပြည့်နေ၏။
သူ၏ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိထားလျက် ကျန်လက်တစ်ဖက်က မြေပြင်ပေါ်ထောက်ထားရ သည်။
ဧည့်ခန်းမနှင့် ခြံဝန်းတစ်ခုလုံးက သင်္ချိုင်းပမာတိတ်ဆိတ်သွား၏။ ရုတ်ရုတ်သဲသဲဖြစ်မှုက ကျယ်လောင်လွန်းသောကြောင့် မင်းသားချီအိမ်တော်၏အစောင့်များရောက်လာကြသည်။
“ထွက်သွားကြ” ချင်ကျွင်းက ဟိန်းဟောက်လိုက်၏။
အစောင့်များက အမြန် ခြံဝန်းထဲကနေ လှည့်ထွက်သွား၏။ မိစ္ဆာဝေဟင်မျှော်နန်းက တိုက်ခိုက်သည့်အချိန်တွင် မည်သူက လှုပ်ရှားရဲမည်နည်း။
လီယွင်ကျောက်က ချောင်းဟန့်လျက်မတ်တပ်ထရပ်နိုင်ရန်စီစဉ်လိုက်သည်။ သူက တည်ငြိမ်ပုံ ပေါ်နေသော်ငြား ရင်ထဲ၌ အကြောက်တရားများ ပြည့်နေ၏။
အံ့ဖွယ်မြို့၌ လက်ရွေးစင်များ ပြည့်နေသည်။ ထိုသို့တိုင် တစ်ချက်တည်းနှင့်သူ့ကို မည်သူမှ အနိုင်ယူနိုင်မည်ဟု လီယွင်ကျောက်မထင်ထားပေ။
“ကျုပ် သင်ခန်းစာရပါပြီ” လီယွင်ကျောက်က လက်သီးဆုပ်မိုးလိုက်၏။ တိုက်ခိုက်ခံရပြီးနောက် ၎င်းကို လက်ခံရန်ဆန္ဒရှိသည်။
ချင်ကျွင်းသည် မနေ့ကသူ၏မေးခွန်းကို မှတ်မိသွား၏။ ယင်းက တုံးအလွန်းသည့်မေးခွန်း ဖြစ်ပုံပေါ်သည်။ မယ်တော်ကြီးဘေးရှိ ထူးချွန်သည့်ပုဂ္ဂိုလ်က တစ်ချက်တောင် ခံနိုင်ရည်မရှိချေ။ လုကျိုးက တည်ငြိမ်ပုံပေါ်နေ၏။ ထိုမိုးကြိုးသွားက သူ့အတွက် သင်ခန်းစာအသေးအမွှားသာ ဖြစ်သည်။
“ပြော” သူ၏အမူအရာကတည်ငြိမ်မြဲဖြစ်သည်။
လီယွင်ကျောက်က ကူကယ်ရာမဲ့စွာခေါင်းခါပြီးပြောလိုက်တော့သည်။
“မိစ္ဆာဝေဟင်မျှော်နန်းသခင်ရဲ့ နည်းလမ်းတွေက ထိတ်လန့်ဖို့ကောင်းတယ်ဆိုတာကျုပ်ကြားမိတယ်။ ခင်ဗျားနဲ့လက်ရည်ချင်းယှဉ်ဖို့ အခွင့်အရေးတစ်ခု အမြဲတမ်းလိုချင်နေတာ။ ကျုပ်ရှုံးသွားရင်တောင် ရလဒ်ကို လက်ခံဖို့ဆန္ဒရှိတယ်။ မိုးကြိုးသွားအတွက်ကတော့ ဒါက ကျုပ်ရှုံးနိမ့်တာ”
သူကဆက်မပြောခင် ခဏရပ်လိုက်၏။
“မင်းသမီးယွင်ကျောင်းက မီးဖွားတဲ့အချိန် အနီရောင်လမင်းရှိခဲ့တယ်။ ဒါကမကောင်းတဲ့နိမိတ်ပဲ။ သန္ဓေသားကို ဖယ်ရှားဖို့တာဝန်ပေးခံရတာ”
ထိုပြောပြချက်က အချက်လက်များစွာပါဝင်နေ၏။
ကျောင်းယွဲ့က တုန်ယင်သွားသည်။ သူမ၏ မျက်နှာက သေစေနိုင်လောက်အောင် ဖြူဖျော့သွားပြီးနောက် မေးလိုက်တော့သည်။
“မင်းသမီး ယွင်ကျောင်းက ကျွန်မရဲ့အမေလား”
“အမှန်ပါပဲ”
ကျောက်တုံးတစ်တုံးသည် လှိုင်းတစ်ထောင်ကိုမြင့်တက်စေ၏။
ချင်ကျွင်း၊ အိမ်တော်ထိန်းဟုန်ဖူ၊ မိန်းမစိုးလေး၊ ရှောင်ယွမ်အာတို့က ထိတ်လန့်သွား၏။
လီယွင်ကျောက်က သူ၏ဝတ်ရုံကိုသေသပ်အောင်ပြင်ပြီးနောက် မြေပြင်ပေါ်ဒူးထောက်ကာ ပြောလိုက်၏။
“မင်းက ဘွဲ့အမည်တရားဝင်ချီးမြှောက်ခြင်းမခံရပေမဲ့ ကိုယ်ပိုင်မိသားစုက အသိအမှတ်မပြုပေမဲ့ ဂါရဝပြုသင့်သေးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဂါရဝပြုပါတယ်”
ထိုအရိုအသေပေးမှုက ကျောင်းယွဲ့၏အထောက်အထားကို အတည်ပြုလိုက်၏။
အရိုအသေပေးနေသည့်သူက လက်ရှိမိဖုရားခေါင်ကြီး၏ဘေးရှိ ပြောင်မြောက်သော ပုဂ္ဂိုလ် လီယွင်ကျောက်ဆိုတာ သိထားသင့်ပေသည်။
ကျောင်းယွဲ့ထံမှ အကြောင်းပြန်ကြားမှုကိုစောင့်မနေဘဲလီယွင်ကျောက်က ထရပ်နေပြီးဖြစ်သည်။
“မင်းသမီး ယွင်ကျောင်းက ခက်ခဲတဲ့ဘဝတစ်ခုအမြဲတမ်းရှိခဲ့တာ။ သူမရဲ့ဘဝဒီလိုအဆုံးသတ်သွားမှာ ကျုပ်မခံနိုင်ဘူး။ ဒါကြောင့် မလိုက်နာဘဲနဲ့ အမှောင်ယင်လက်ဝါးပဲချန်ခဲ့တာ” လီယွင်ကျောက်က ပြော၏။
လုကျိုးကဖြည်းဖြည်းချင်းထရပ်လာစဉ် အားလုံး၏အာရုံစိုက်မှုက သူ့ဆီရောက်သွား၏။
လုကျိုးက လက်နောက်ပစ်ထားလျက် ရှေ့သို့လျှောက်သွားလိုက်သည်။ သူက အခန်းတံခါးဝဆီ လျှောက်သွားပြီးနောက် ပြောလိုက်သည်။
"အနီရောင်လလား။ သူ့ကိုသတ်ဖို့ ဘယ်သူက ပြောတာလဲ”
“ဒါက” လီယွင်ကျောက်က တွေဝေသွားပြန်၏။
“မင်း မပြောဘူးလား” လုကျိုးကမေးလိုက်၏။
“ဆရာကြီး ကျုပ်ကိုဘာကြောင့်များအခက်တွေ့အောင် တွန်းပို့နေတာလဲ”
“ကျောင်းယွဲ့က ငါ့တပည့်ပဲ။ ငါ့ရဲ့တပည့်အတွက် တရားမျှတမှုမရှာသင့်ဘူးလို့ မင်းပြောနေတာလား”
လုကျိုးက ပြော၏။
ကျောင်းယွဲ့၏ရင်ထဲ ရှုပ်ထွေးနေလေ၏။
“ဆရာကြီးကို မပြောချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းသမီးယွင်ကျောင်းကို ထိခိုက်အောင်လုပ်ခဲ့တဲ့ တော်ဝင်ကိုယ်လုပ်တော်က ဆုံးပါးသွားပြီးပြီ။ ဒီကိစ္စအတွက် ကျွန်တော် လိုချင်တာက တည်ငြိမ်သွားဖို့နဲ့ လူအားလုံး စိတ်ဖြေဖျောက်ဖို့ပါပဲ” လီယွင်ကျောက်က ပြော၏။
“အကြောင်းပြချက်နဲ့ ဖျောင်းဖျနေတာပါ။ အခု အကြောင်းပြချက်က ရှင်းလင်းသွားပြီးပြီ။ မင်းနားမထောင်ဘူးဘဲ” လုကျိုးက မုတ်ဆိတ်သပ်ပြီးရှေ့တိုးသွား၏။
လီယွင်ကျောက်က မျက်မှောင်ကျုံ့လိုက်၏။ တစ်ခါရှက်ပြီး နှစ်ခါရှက်ရချေသည်။
မိုးကြိုးသွားမှ ရိုက်ချက်က သူ့ရင်ထဲအကြောက်တရားရှိနေသေးဆဲဖြစ်သည်။ “ခုနတုန်းက ဂရုမဲ့မိလို့ မိုးကြိုးသွားနဲ့ အရိုက်ခံလိုက်ရတာ။ နန်းတော်ထဲမှာ နှစ်ပေါင်းများစွာနေပြီးတော့မှ ကျုပ်လက်ထဲ လှည့်ကွက်တွေမရှိဘူးလို့ထင်နေလား။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ခွန်အားအကြောင်း ကျုပ်သိတယ်။ ခင်ဗျားက ကျုပ်ကို ပြန်တိုက်ခိုက်အောင် ဖိအားနေတာပဲ”
သူ၏ခန္ဓာကိုယ်က ရက်စက်သည့်ကနဦးချီများဖြင့်လောင်ကျွမ်းလာပြီး စွမ်းအင်အဖြစ်သိပ်သည်း သွားတော့သည်။
…
အခန်း (၂၇၂) ကျင့်ဝတ်ဖြင့် ဖျောင်းဖျခြင်း
မင်းသားချီ ချင်ကျွင်းလည်း အတော်လေး နေရခက်နေသည်။
ဤသည်မှာ အံ့ဖွယ်မြို့တော် ဖြစ်ပေသည်။ အကယ်၍ ထိပ်တန်းပညာရှင်နှစ်ယောက်သာ တိုက်ခိုက်ကြလျှင် အနှောင့်အယှက်ကြီး ဖြစ်စေလိမ့်မည်မှာ အသေအချာပင်။
အံ့ဖွယ်မြို့တော်၏ ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားရန် မြို့တော်အစောင့်ရဲမက်များလည်း ပါဝင်လာလိမ့်မည်။ အကယ်၍ သူတို့ မတားဆီးနိုင်လျှင် တော်ဝင်တပ်များလည်း ပါဝင်လာကြလိမ့်မည်။
အံ့ဖွယ်မြို့တော်က ကျားများ၊ နဂါးများ ပုန်းအောင်းနေသည့် နေရာတစ်ခု ဖြစ်ပေသည်။ ထိုသို့ဆိုလျှင်ပင် နေရာအကျယ်ကြီးကို ပေါက်ကွဲစေနိုင်သည့် တိုက်ခိုက်မှုမျိုးကို မည်သို့ရှောင်ရှားနိုင်သနည်း။ အားလုံးက တော်ဝင်မြို့စောင့်တပ်ကြောင့်သာ ဖြစ်၏။ မဟုတ်လျှင် အံ့ဖွယ်မြို့တော်သည် ကျင့်ကြံသူများကြောင့် ပျက်စီးသွားသည်မှာ ကြာမြင့်လောက်လေပြီ။
ကြောက်စရာကောင်းသည့်အရာမှာ တော်ဝင်မြို့တော်ကို ဗဟိုမှာထားပြီး အစီအရင်ကျွမ်းကျင်သည့် ကျင့်ကြံသူများစွာက ပတ်လမ်းဆယ်ခု အစီအရင်ကို ခင်းကျင်းကြလိမ့်မည်။
ပတ်လမ်းဆယ်ခု အစီအရင် တည်ရှိခြင်းက တော်ဝင်မြို့တော်ထဲရှိ ကျင့်ကြံသူများကို ဘာမှမလုပ်နိင်အောင် ခြိမ်းခြောက်ထားဖို့ လုံလောက်ပေသည်။ ထို့ကြောင့် ချင်ကျွင်းက ထိုထိပ်တန်းပညာရှင် နှစ်ယောက် တိုက်ခိုက်သည်ကို မမြင်လိုပေ။
“ လီကုန်းကုန်း ကျုပ်တို့ စကားနဲ့တင် ပြောလို့ မရဘူးလား ” ချင်ကျွင်းက အကောင်းဆုံး ကြိုးစားကာ ဖျောင်းဖျလိုက်သည်။
အိမ်တော်ထိန်း ဟုန်ဖုက ကြောက်နေသော်လည်း သူ့ကိုယ်တိုင် ဝင်ပြောရုံမှအပ ရွေးချယ်စရာ မရှိပေ။
“ ဂုဏ်သရေရှိ ဧည့်သည်တော်တို့ စိတ်ထိန်းကြပါ။ တော်ဝင်မြို့တော်က ဒါကို သတိထားမိသွားရင် ဘယ်လိုလုပ်မလို့လဲ ”
လီကုန်းကုန်း၏ စူးရှရှအသံက ထွက်ပေါ်လာသည်။
“ အရှင်မက တော်ဝင်မိသားစုကို ကိုယ်စားပြုတယ်။ တကယ်လို့ ကျုပ် ရှုံးသွားရင် တော်ဝင်မိသားစုက ရှုံးသွားတယ်လို့ ဆိုလိုတာနဲ့ အတူတူပဲ”
လုကျိုးက ခေါင်းခါကာ “ ခေါင်းမာလိုက်တာ ”
သူက လက်ကို အသာဝေ့လိုက်သည်။
သူက သတိပေးခြင်းအလျှင်းမရှိ လက်ကို ဘယ်ဘက်မှ ညာဘက်သို့ အသာဝှေ့လိုက်သည်။
လျှပ်စီးနှင့် တူသည့် လေပွေငယ်တစ်ခု ပေါ်ထွက်လာသည်။ အားလုံးက အသက်ရှုအောင့်ထားလိုက်ကြ၏။ သူတို့က အပြာရောင်လေပွေလေးကို ကြည့်နေရင်း စိတ်ရှုပ်သည့် အမူအရာများ ဖြစ်လာကြသည်။
လီယွင်ကျောင်း၏ အမူအရာက ပြောင်းလဲသွားပြီး သူ့အမှောင်ယင်စွမ်းအားကို အသင့်ပြင်ထားလိုက်သည်။ ထိုအရာက သူ့အနား လေမုန်တိုင်းတစ်ခုလို ရစ်ပတ်လာသည်။
ယခင်ထက် ပိုကောင်းသည့် တစ်ခုတည်းသောအရာမှာ သူက အနည်းငယ် ပြင်ဆင်ထားခြင်း ဖြစ်၏။
အပြာရောင်လေပွေ သူ့ဆီ ရောက်လာသည့်အခါ ကောင်းကင်မှ နောက်ထပ် မိုးကြိုးချက် ကျဆင်းလာသည်။
ဝုန်း
ထိုအရာက ပစ်မှတ်ကို အတိအကျ ထိမှန်သွားသည်။
ဝုန်း
လီယွင်ကျောင်းက ဒယိမ်းဒယိုင် ဖြစ်သွားလေသည်။ ဤတစ်ကြိမ် သူက တော်တော်ဝေးဝေးအထိ လွင့်ထွက်သွားခဲ့၏။
အခြားသူများ ကောင်းကောင် မမြင်နိုင်ခင် အသံကျယ်ကြီး ထွက်လာသည်။ လီယွင်ကျောင်းက မင်းသားချီအိမ်တော်ရှိ တံတိုင်းနှင့် ဝင်တိုက်မိကာ လူသားပုံစံ အရာကြီး ထင်ကျန်သွားစေသည်။ လီယွင်ကျောင်းက ထိုတံတိုင်းထဲ ကပ်ထားသလို ဖြစ်နေကာ မလှုပ်နိုင်တော့ပေ။
မင်းသားချီ အိမ်တော်လည်း ငြိမ်ကျသွားသည်။ နေရာတစ်ဝိုက်လုံး တိတ်ဆိတ်မှုသာ ကြီးစိုးနေလေ၏။
လီယွင်ကျောင်းက သူ အရမ်းအားကောင်းနေသလို ပြုမူနေသည်ကို စဉ်းစားကြည့်လိုက်လျှင် … သူလည်း ဝှက်ဖဲရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။
သူက ဘုရင့်မယ်တော်ဘေးနားက အဆင့်မြင့် ပညာရှင်လို့ ပြောခဲ့တာ မဟုတ်ဘူးလား … ဘာလို့ ဒီလောက်အားနည်းနေရတာလဲ … သူ့ကို စက္ကူနဲ့များ လုပ်ထားတာလား
လီယွင်ကျောင်းက အယောင်ဆောင်များလား …
သူက စွမ်းရည်ရှိချင်ယောင်ဆောင်နေတဲ့ ကျင့်ကြံသူများလား …
အခြားလူများလည်း နားမလည်နိုင် ဖြစ်သွားကြသည်။ လုကျိုးတစ်ယောက်တည်းသာ အေးဆေးတည်ငြိမ်နေသည်။ ထိုကတ်က သူ့အား အသာတွန်းလိုက်ရုံမျှ ဖြစ်ကာ မသတ်ပေ။
ကုန်းကုန်းအိုကြီး ခင်ဗျား ၁ ရာခိုင်နှုန်းပဲ ရှိတဲ့ သတ်ဖြတ်နှုန်းအောက် ကျရောက်သွားရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့ …
“လီကုန်းကုန်း ….” ချင်ကျွင်းက ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူ ဖြစ်၏။ သူက သေချာဂရုတစိုက်ဖြင့် မေးလိုက်သည်။
ဝုန်း
လီယွင်ကျောင်းက တံတိုင်းမှ ထွက်လာလေ၏။ သူက ဖုန်များကို အသာခါချလိုက်ပြီးနောက် သူ့မျက်ဝန်းများက အနည်းငယ် နုံးချည့်ကာ နှုတ်ခမ်းများက တုန်ယင်နေသည်။
ထို့နောက် သူက သွေးအန်လိုက်ရသည်။ ဤတစ်ကြိမ် သူက ပစ်မှတ်ထိချေ ၃၀ ရာခိုင်နှုန်းလောက် အသက်သွင်းမိသလို ဖြစ်သွားသောကြောင့် ဒဏ်ရာရသွားလေသည်။
အသက်ရှင်နေတာ ကံကောင်းတာပဲ …
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ကုန်းကုန်းအား ဘာမှမဖြစ်သလိုမျိုး ကြည့်လိုက်သည်။
လီယွင်ကျောင်း၏ ယုံကြည်မှုနှင့် မာန်မာနတို့က ပျောက်ကွယ်သွားလေပြီ။ ပြိုင်ဖက်ကင်း ပညာရှင်ဟု ခေါ်ဆိုသော လီကုန်းကုန်းသည် မိစ္ဆာဝေဟင်မျှော်နန်းသခင်ရှေ့တွင် ခွေးအီးပေါက်တာလောက်ပင် မတန်ပေ။
မင်းက အားကောင်းလား။ မင်းက တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်တဲ့ အသုံးမကျတဲ့သူပဲ။
အားလုံးက မိစ္ဆာအိုကြီး ကျိထျန်းတောက် မည်မျှအားကောင်းကြောင်း အမြဲပြောနေလေ့ရှိသော်လည်း နှိုင်းယှဉ်ကြည့်စရာ စံနှုန်း မရှိနေခဲ့ချေ။
ချင်ကျွင်းပင် လုကျိုး ဘယ်လောက်အားကောင်းမှန်း မသိထားပေ။ သို့သော်လည်း သူက လီယွင်ကျောင်း၏ ကျင့်ကြံဆင့်ကိုတော့ သိထားလေသည်။ သူက ခေါင်းဆောင်ရှစ်ယောက်နှင့် လက်ရည်တူ တိုက်ခိုက်နိုင်သူ ဖြစ်သော်လည်း မိစ္ဆာဝေဟင်မျှော်နန်းသခင်နှင့် ရင်ဆိုင်သည့်အခါ တိုက်ကွက် တစ်ခုပင် မခံနိုင်ခဲ့ပေ။
ဘယ်သူသာလွန်လဲ ရှင်းလင်းနေလေပြီ။
“ လီ …လီကုန်းကုန်း အဆင်ပြေရဲ့လား ” ချင်ကျွင်းက ဂရုတစိုက် မေးလိုက်သည်။
သူ့စိတ်ထဲ ရေရွတ်နေမိသည်။
ကျုပ်ရဲ့ လက်ပေါ် မသေနဲ့နော် … ခင်ဗျားသေရင် ကျုပ်စံအိမ်တော့ အဆုံးသတ်သွားလိမ့်မယ်။
တစ်ချိန်တည်းဆိုသလို ချင်ကျွင်းက သူ့အား ကျိန်ဆဲချင်မိ၏။
သူက နည်းနည်းလေးမှ ထိပ်တန်းပညာရှင်နဲ့ကို မတူဘူး … သူက ပျော့ညံ့တယ်လို့ ခံစားရတယ် …
လီယွင်ကျောင်းက အသက်ရှုသံ ထိန်းလိုက်ပြီးနောက် သူ့အဆီအနှစ်နှင့် သွေးများကို ဖိနှိပ်ထားလိုက်သည်။
ခဏအကြာတွင် သူက ပြောလိုက်သည်။
“ မင်းသမီးဖင်းလဲ့ ကွယ်လွန်သွားတာ ကြာလှပါပြီ။ အဲဒီနောက် သူမနဲ့ မင်းသမီးယွင်ကျောင်းက တစ်ယောက်နဲ့ တစ်ယောက် မနာလိုဖြစ်ကြတယ်။ ဖင်းလဲ့က ကျွန်တော်ကို မင်းသမီးယွင်ကျောင်းရဲ့ သမီးတစ်ဖြစ်လဲ ခင်ဗျားရဲ့ ငါးယောက်မြောက် တပည့်ဖြစ်တဲ့ မင်းသမီးလေးရဲ့ အသက်ကို နုတ်ယူဖို့ အမိန့်ပေးခဲ့တယ်”
“ သူတို့က ဘာလို့အချင်းချင်းမနာလိုဖြစ်ကြတာလဲ” လုကျိုးက သိချင်မိသည်။
“ကျန်းရှီမင်းသားကို မင်းသမီးနှစ်ယောက်လုံးက တစ်ပြိုင်နက် ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျန်းရှီမင်းသားက မင်းသမီးယွင်ကျောင်းကို ရွေးချယ်ခဲ့တယ်။ အဲဒီနောက် ကျန်းရှီမင်းသားက စစ်မြေပြင်မှာ သေဆုံးသွားပြီးတော့ ယွင်ကျောင်းကို ချန်ထားခဲ့ရတယ် …. နှမြောစရာပါပဲ ”
လီယွင်ကျောင်းက နှမြောတသဖြစ်စွာ ပြောလိုက်သည်။
လုကျိုးက သူ့စကားရွေးချယ်မှုကို သတိထားမိခဲ့သည်။ သူက ကျန်းရှီမင်းသားဟုသာ သုံးစွဲသွားပြီး နာမည်ကို ပြောမသွားပေ။
“ ကျန်းရှီမင်းသားတဲ့လား ”
“ အဲဒါ တားမြစ်ချက်တစ်ခုဆိုတော့ သူ့နာမည်ကို ထုတ်ပြောလို့ မရဘူး ”
လုကျိုးက နာမည်အကြောင်း ထပ်မေးဖို့ ရည်ရွယ်ချက် မရှိပေ။ ထို့စဉ် သူက တူးဖော်လိုက်သည်နှင့် အကုန်သိလာပေလိမ့်မည်။
ဘေးတွင် ချင်ကျွင်းက ဦးညွှတ်ကာ ပြောလိုက်သည် “ကျန်းရှီမင်းသားကို တစ်ခါတွေ့ဖူးမယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူက လို့လန်မှာ စခန်းချထားတာ။ တကယ်ကို သူရဲကောင်းဆန်တဲ့ အမျိုးသားပဲ။ ကျုပ် သိတာတော့ သူက စစ်ပွဲမြေပြင်မှာ ခေါင်းဆောင်ကောင်းဖြစ်ပြီးတော့ ယောကျ်ားကောင်း ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ သူနဲ့ ယွင်ကျောင်းအကြောင်း မသိထားခဲ့ဘူး ”
သူက စကားကို ဆုံးအောင် မပြောဘဲ ထားလိုက်သည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကြားက ကိစ္စက လူတစ်ယောက် ဘဝအတွက် အမြဲတမ်း အရေးကြီးခဲ့သည်။
ထိုစဉ် ကျောင်းယွဲ့က နောက်ဆုတ်လာကာ အားနည်းလာဟန်ဖြင့် ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။
ရှောင်ယွမ်အာက ဆက်နားမထောင်လိုတော့ဘဲ ရှေ့တိုးလာကာ ကျောင်းယွဲ့အား ကူပေးကာ အသာပြောလိုက်သည်။ “ ရှစ်ကျဲဘဝက ခက်ခဲခဲ့တာပဲ ”
ဟူး …
ဒီကောင်မလေးက ဘယ်လိုနှိမ့်သိမ့်ပေးရမယ်ဆိုတာ မသိဘူးပဲ … သူမက ဘယ်လိုလုပ်တည့်တိုးကြီး ပြောချလိုက်တာလဲ
ဒါပေမဲ့ သူမက ဒီလိုတွေးပေးတတ်တာကိုက ကောင်းနေပါပြီလေ …
ကျောင်းယွဲ့က ရှောင်ယွမ်အာ၏ လက်ကို ဆွဲကာ ပြောလိုက်သည် “ ငါ အဆင်ပြေပါတယ်”
လီယွင်ကျောင်းက ထိုအရာကို မြင်သည့်အခါ ဆက်ပြောလိုက်သည်။
“ မင်းသမီးယွင်ကျောင်းကို သနားပြီးတော့ မင်းသမီးဖင်းလဲ့ ခိုင်းတဲ့အတိုင်း မလုပ်ခဲ့ဘူး။ အမှောင်ယင်လက်ဝါးနဲ့ အအေးဓာတ်ကိုပဲ ချန်ထားခဲ့လိုက်တာ … မဟုတ်ရင် မင်းသမီးဖင်းလဲ့က သူမကို နန်းတော်ထဲကနေ ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး။ မင်းသာ ကျင့်ကြံရေးလမ်းကြောင်းပေါ် ရောက်မလာသရွေ့ အအေးဓာတ် အသက်ဝင်မလာဘဲ မင်း သာမန်လူတစ်ယောက်လိုမျိုး ပျော်ပျော်ရွင်ရွင် နေနိုင်လိမ့်မယ်လို့ပဲ ထင်ထားခဲ့တာ … ”
ထိုစဉ် လီယွင်ကျောင်းက ရပ်လိုက်သည်။ “ကျုပ်ကို အံ့ဩသွားစေတာက ကျောင်းယွဲ့တစ်ယောက် မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်သွားပြီလို့ ကြားလိုက်ရတုန်းကပဲ။ သူမကို အအေးဓာတ်အဆိပ် ဖယ်ရှားပေးရအောင် အဲဒီကတည်းက လိုက်ရှာနေခဲ့တာ ”
“အဲဆိုတော့ ရှင်က အစ်မကျောင်းယွဲ့ကို ကယ်လိုက်တယ်လို့ ပြောနေတာလား” ရှောင်ယွမ်အာက ဝင်ပြောလိုက်သည်။
“ ကောင်းပြီလေ ” လီယွင်ကျောင်းက လက်နှစ်ဖက်ယှက်ကာ “ ကျုပ်က အဲဒီအတွက် ကျေးဇူးကြွေးအတင်ခံရလောက်အောင် သတ္တိမကောင်းပါဘူး ”
ထို့နောက် ခဏတာ တိတ်ဆိတ်သွားလေသည်။
လုကျိုးက လီယွင်ကျောင်းအား ကြည့်ကာ “ ငါက ကျင့်ဝတ်ရှိတဲ့လူကို သဘောကျတယ်။ မင်း အမှန်အတိုင်းပြောရင် အသက်ချမ်းသာပေးမယ်။ တကယ်လို့ မင်းစကားထဲ အလိမ်အညာနည်းနည်း တွေ့လိုက်တာနဲ့ မင်းရဲ့ ဦးခေါင်းနဲ့ ပြန်ပေးဆပ်ဖို့ ပြင်ထား ”
လီယွင်ကျောင်းက တုန်သွားသည်။ သူက နန်းတော်ထဲ ရာထူးမြင့်သောသူ တစ်ယောက်ဖြစ်ကာ တခြားလူ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့် စွမ်းအားရှိခဲ့သည်။ သို့သော် ယခုတွင် သူက သူ့အသက်လေး သူများလက်ထဲ ရောက်သွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည့်အတွက် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
“ ဒါပေမဲ့ …” လုကျိုးက ရုတ်ခြည်း ထပ်ပြောလိုက်သည်။
“ မြို့တော်ရဲ့ ထိုးစစ်ပြေလျော့သွားတုန်း မင်း အသက်ရှင်လျက် ငရဲကနေ မလွတ်မြောက်နိုင်ဘူး ”
“ ခင်ဗျား …” လီယွင်ကျောင်း၏ အမူအရာတို့က အေးခဲသွားလေသည်။
မင်းက ကျောင်းယွဲ့ကို သနားလို့ မသတ်ခဲ့တာ မှန်ပေမဲ့ အဲတစ်ခုတည်းက မင်းအသက်ကိုပဲ ထိန်းနိုင်လိမ့်မယ်။
ထိုစဉ် ဧည့်ခန်းထဲ ကုန်းကုန်းငယ်လေးက ရုတ်ခြည်း လက်ခုပ်ထတီးလိုက်သည်။
ဖြောင်း ဖြောင်း …
“တကယ်ကို အံ့ဩစရာပါပဲ ”
…
အခန်း (၂၇၃) အမည်ဖြင့်ဖျောင်းဖျခြင်း
ချင်ကျွင်း၊ အိမ်တော်ထိန်းအိုကြီးဟုန်ဖူ၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က လှည့်ကြည့်လာသည်။
လီယွင်ကျောက်က ရုတ်တရက်ကြီးရိုကျိုးစွာပြုမူလိုက်၏။ သူက အဆင့်နိမ့်ကုန်းကုန်းလေးရှေ့၌ ဒူးထောက်ပြီးနှုတ်ဆက်လိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် စတုတ္ထမင်းသား”
‘စတုတ္ထမင်းသားလား’
အစတည်းက ငယ်ရွယ်ပြီးသိုသိုသိပ်သိပ်နေနေသည့် လူငယ်က စတုတ္ထမင်းသားဖြစ်နေသည်လော။
ချင်ကျွင်းက အံ့ဩသွားသည်။ ထိုလူသည် နယ်စပ်က ပြန်လာခါစ စတုတ္ထမင်းသား ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။ သူက အမြန်လျှောက်သွားလိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် အရှင်မင်းသား”
အဆင့်နိမ့်ကုန်းကုန်းလေးက လက်ခုပ်တီးတာ ရပ်လိုက်ပြီး ဝတ်ရုံကိုခါလိုက်၏။ အထိန်းတော် ခေါင်းဆောင်းကိုဖယ်လျက် ဘေးသို့တင်လိုက်သည်။ လက်ရှိတွင် သူ၏ကိုယ်နှုတ်အမူအရာက ယခင်နှင့်မတူညီတော့ပေ။ သူ၏သွင်ပြင်အစစ်အမှန်ကလည်း ပေါ်သွားပြီဖြစ်သည်။ သူသည် အစောတုန်းကကဲ့သို့ ငယ်ရွယ်ပုံမပေါ်တော့ပေ။ ထိုအစားသူက ရာသီဥတုဒဏ်ခံထားရပုံပေါ်သည်။ သူကစစ်မြေပြင်၌ နှစ်ပေါင်းများစွာနေခဲ့ရသောကြောင့်ဤအတိုင်းဖြစ်မှာပင်။ ဤလူက စတုတ္ထ မင်းသားပဲဖြစ်သည်။ လျှိုပင်းက လုကျိုးဖက်လှည့်ပြီး လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။ “ဆရာကြီးရဲ့နည်းလမ်းတွေက အသက်ရှူမှားလောက်အောင်ပဲ။ အနည်းဆုံးတော့ လီယွင်ကျောက် က ပွင့်ချပ်ခြောက်လွှာ ဝဋ်ကြွေးချေ နယ်ပယ်သိုင်းပညာရှင်တစ်ယောက်ပဲ။ ဒါတောင် သူက ခင်ဗျားဆီကတစ်ချက်လေးတောင် မခံနိုင်ခဲ့ဘူး”
“မင်းက လျှိုပင်း စတုတ္ထမြောက်မင်းသားလား” လုကျိုးက မေးလိုက်၏။
“ဟုတ်ပါတယ်”
“မင်းက လီယွင်ကျောက်အတွက် ရပ်တည်ပေးဖို့စီစဉ်ထားတာလား” လုကျိုးက လျိုပင်း၏ အရှိန်အဝါသည် မသိပ်သည်းကြောင်းအာရုံခံမိ၏။ အပေါ်ယံတွင် သူက ကျင့်ကြံခြင်းနက်နဲသည့် သူတစ်ယောက်ဖြစ်ပုံမပေါ်ပေ။
“ဆရာကြီးကို လေးစားနေတာကြာပါပြီ” လျိုပင်းက ပြုံးပြီးပြောလိုက်၏။
"သူ့အတွက် ရပ်တည်ပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ခံသင့်တယ်။ ဒါပေမဲ့ ခွေးကို မရိုက်ခင် ခွေးသခင်ကို တွေးပေးရမှာပေါ့။ လီယွင်ကျောက်က တော်ဝင်မိသားစုရဲ့ခွေးပဲ။ အဆုံးမှာတော့ ကျုပ် ရပ်ကြည့်ပြီး ဘာမှမလုပ်ဘဲမနေနိုင်ဘူးလေ”
“ကောင်းတယ်” လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်လိုက်၏။ အနည်းဆုံးတော့ သူက ပရိယာယ်ရှိတာပဲ။
မိစ္ဆာဝေဟင်မျှော်နန်း၏ ဂုဏ်သတင်းက ကျယ်ပြန့်ပြီးသားဖြစ်၏။ လျိုပင်းသည် စစ်မြေပြင်၌ သူ့နေ့ရက်များကို ကုန်ဆုံးခဲ့သော်ငြား မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း မဟာလိုကြားခဲ့သည်။
လုကျိုး၏တိုက်ကွက်နှစ်ခုလုံးသည် လီယွင်ကျောက်ကို အပြည့်အဝ ဖိနှိပ်ထားခဲ့သည်။ လျိုပင်းက ထိုအရာကြောင့် အံ့ဩသွားခဲ့၏။ မိစ္ဆာဝေဟင်မျှော်နန်းက ၎င်း၏အမည်အတိုင်းပင်ဖြစ်သည်။
“သူ့ကို ဘယ်လိုအပြစ်ပေးဖို့စီစဉ်ထားလဲ ဆရာကြီး” လျိုပင်းက တလေးတစား မေးလိုက်လေ၏။
လီယွင်ကျောက်က အရိုအသေပေးလိုက်သည်။ သူ၏မျက်နှာထက်၌ နာကျင်သည့်အမူအရာ ရှိနေသည်။ သူသည် လုကျိုးအရိုက်ခံရစဉ်ကတောင် ထိုမျှ ဆိုးဆိုးဝါးဝါးမခံစားရပေ။ သို့သော် မင်းသား ထိုသို့ပြောချိန်မှစပြီး ဤကပ်ဘေးကနေလွတ်မြောက်နိုင်မှာ မဟုတ်တော့ကြောင်း သိနေလေသည်။ ဤနေရာ၌ စတုတ္ထမင်းသားနှင့်တွေ့မည်ဟု မည်သူကသိမည်နည်း။
လုကျိုးကလီယွင်ကျောက်ကို ကြည့်ကာပြောလိုက်တော့၏။ “ငါ လုပ်ဖို့ရည်ရွယ်ထားတဲ့ ကိစ္စကို မင်းဆီကို ဘာကြောင့်သတင်းပို့ဖို့လိုမှာလဲ”
“…” လျိုပင်းက အနည်းငယ်ထိတ်လန့်သွား၏။ သူက မေးခွန်းကြောင့်ထိတ်လန့်သွားသည်။
ဒီမိစ္ဆာကြီးက ကောလာဟလထက်တောင် ပိုပြီးတော့ ဒုက္ခများသေးတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က ကြောက်ဖို့ကောင်းလောက်အောင် နက်ရှိုင်းရုံတင်မကဘူး။ စိတ်နေသဘောထားကလည်း အတော်ထူးဆန်းတာ။
အဆုံးတွင်မူ လျိုပင်းက ပြောလိုက်၏။ "ဒါတော့လွန်သွားပါပြီ ဆရာကြီး။ လီယွင်ကျောက်ကို ကြိုက်တာလုပ်လို့ရတယ်။ ကျွန်တော်တားမှာမဟုတ်ဘူး”
လျိုပင်းက နောက်တစ်လှမ်းဆုတ်လိုက်၏။ သူက ဝင်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြနေ၏။
လီယွင်ကျောက်က မျက်မှောင်ကျုံ့လိုက်၏။ “အရှင်မင်းသား”
လျိုပင်းက လီယွင်ကျောက်ကိုတစ်ချက်ကြည့်ပြီးပြောလိုက်တော့သည်။ “ကျန်းချီရန်မင်းသားနဲ့ ငါကအတူတကွ အနောက်ဖက်မှာစခန်းချခဲ့တာ။ ငါတို့က မိတ်ဆွေကောင်းတွေ မဟုတ်ပေမဲ့ ရဲဘော်ရဲဘက်ကောင်းတွေပဲ။ ဒါပေမဲ့ မင်းက သူ့ရဲ့မိသားစုကိုကွေကွင်းအောင်လုပ်ခဲ့တယ်။ ဒီကိစ္စကနေ မင်းကို မကာကွယ်နိုင်ဘူး” ပြောပြီးသည်နှင့်အကြည့်လွှဲလိုက်တော့သည်။
လီယွင်ကျောက်က အရိုအသေပေးပြီး လုကျိုးကိုပြောလိုက်၏။ “ဆရာကြီးရဲ့ ကျင့်ကြံဆင့်က နက်ရှိုင်းလွန်းပါတယ်။ ဆရာကြီးအရှုံးကို လက်ခံဖို့ဆန္ဒရှိပါတယ်။ ဘယ်လိုအပြစ်ဒဏ်မျိုးကိုမဆို လက်ခံပါတယ်” လုကျိုးသည် ထိုစကားကိုကြားသောအခါ မုတ်ဆိပ်သပ်ပြီး ခေါင်းညိတ်လိုက်၏။
အခုဒါက ပရိယာယ်ရှိတဲ့လူတစ်ယောက်ပဲ။
လီယွင်ကျောက်က အာခံနေလျှင် သူက လီယွင်ကျောက်အညံ့ခံလာတဲ့အထိ မိုးကြိုးသွားများဖြင့် ပိုရိုက်ရန်စီစဉ်ထား၏။
“သိပ်ကောင်းတယ်” လုကျိုးက ဆက်ပြောလိုက်သည်။ "ငါ မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်ရင်ကော မင်းဆန္ဒရှိလား”
တချိန်တည်း၌ သူ၏လက်ဖဝါးထဲတွင် မိုးကြိုးသွားကတ်ပေါ်လာလေ၏။ သူက လီယွင်ကျောက်၏ အဖြေကို တိတ်တဆိတ်စောင့်နေသည်။
လီယွင်ကျောက်၏အမူအရာကချဉ်တူးသွားလေ၏။ သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးခြင်းက သူ့ကို သတ်ခြင်းနှင့် မခြားပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏လူဆိုးကြီးထိုမျှ ညှာတာမှုကင်းမဲ့လိမ့်မည်ဟု သူမထင်ထားပေ။ ၎င်းကိုလက်ခံရန် သူမည်ကဲ့သို့ လိုလားမည်နည်း။
လုကျိုးက လီယွင်ကျောက်၏အမူအရာပြောင်းလဲမှုကို သတိပြုမိပြီးနောက်မေးလိုက်တော့သည်။
“ခင်ဗျား စိတ်မလိုလားဘူးလား”
“ကျွန်တော် မလုပ်ရဲပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောစရာရှိသေးတယ်။ ကျွန်တော်ပြောတာကို နားထောင်ပြီးရင် စိတ်ပြောင်းသွားမှာသေချာပါတယ် ဆရာကြီး” လီယွင်ကျောက်က ပြောလိုက်၏။
ဟမ်
စတုတ္ထမင်းသားလျိုပင်းက လှည့်ကြည့်လာပြီး အထိန်းတော်အိုကြီးကို သိချင်စိတ်ဖြင့်ကြည့်လိုက် ၏။ သူက လီယွင်ကျောက်အပေါ်နက်ရှိုင်းသည့်အမြင်မရှိပေ။ ဆိုရလျှင် သူက စစ်မြေပြင်၌ အချိန်အများစုကုန်ဆုံးရသည့်သူဖြစ်သည်။ သူနယ်စပ်ကနေပြန်လာချိန်မှစပြီး လီယွင်ကျောက်ကို အချိန်အနည်းငယ်သာ တွေ့ခဲ့ဖူးသည်။ အစက လီယွင်ကျောက်နဲ့ရင်းနှီးရန်စီစဉ်ထားခဲ့၏။ သို့မှသာ မယ်တော်ကြီးဖက်မှ အရင်းအဖြစ်တစ်ခုရမှာပဲဖြစ်သည်။ လီယွင်ကျောက်က ကောက်ကျစ်မှုများ ပြည့်နေလိမ့်မည်ဟု မည်သူက သိမည်နည်း။
“ပြော”
“ကျွန်တော်က မယ်တော်ကြီးကို အနှစ်ငါးဆယ်လောက်ခစားခဲ့တာပါ။ နန်းတော်ထဲမှာ မယ်တော်ကြီး အယုံအကြည်ရဆုံးလက်တစ်ဆုပ်စာမျှရှိပြီး ကျွန်တော်က သူတို့ထဲက တစ်ယောက်ပဲ။ မယ်တော်ကြီးက မိစ္ဆာဝေဟင်မျှော်နန်းနဲ့သက်ဆိုင်နေတဲ့ ပစ္စည်းတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့ ကျွန်တော်ထင်တယ်” လီယွင်ကျောက်ကပြောလိုက်၏။
ဟမ်
လုကျိုးစိတ်ရှုပ်ထွေးသွား၏။ ပရပိုက်စက္ကူပုံကြမ်းဟောင်းက အချက်အလက်သည် နန်းတော်ကို ရည်ညွှန်းနေတာ သူမှတ်မိသွား၏။
‘အဲ့ဒီပစ္စည်းက နန်းတော်ထဲမှာ တကယ်ရှိနေတာများလား။ အမှန်သာဆိုရင် အံ့ဩစရာပဲ။’
“ဆက်ပြော” လုကျိုးကပြောလိုက်သည်။
လီယွင်ကျောက်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ “အဲ့ဒါက စကားလုံးတွေမပါတဲ့ စာအုပ်တစ်အုပ် ပါပဲ။ ဆရာကြီးခိုးသွားတဲ့ တော်ဝင်မိသားစုရဲ့တံဆိပ်ပြားအတွက် အလဲအလှယ်အနေနဲ့ထားခဲ့တာ။ ကျွန်တော်ကြည့်မိခဲ့တယ်” သူက လျှာသပ်တာကို ဖုံးကွယ်ရန်အတွက် ချောင်းဟန့်လိုက်၏။ ထိုစကားများကို ဤကဲ့သို့အချိန်တွင်ပြောခြင်းက သေခြင်းတရားကိုရှာခြင်းပေလော။ ဟုန်ဖူသည် လီယွင်ကျောက်ကိုယ်စားမှင်သက်သွား၏။ မယ်တော်ကြီးဖက်မှ ယုံကြည့်ရတဲ့ကုန်းကုန်းဖြစ်စေတာ ကောင်းကင်ဘုံက ကန်းနေတာပဲဖြစ်ရမည်။ သူက ယခုအချိန်ထိ အသက်ရှင်သေး၏။
ထိုစဉ် လျိုပင်းက ဝင်ပြောလိုက်၏။ “မင်းက မယ်တော်ကြီးကို သစ္စာဖောက်နေတာလား။ ဒီလိုဆိုရင် သေခြင်းတရားပဲမင်းကို စောင့်ကြိုနေမှာ”
လီယွင်ကျောက်က ခေါင်းခါလိုက်လေ၏။ “စတုတ္ထမင်းသားနားမလည်တဲ့ကိစ္စတွေအများကြီး ရှိပါသေးတယ်။ မင်းသားက စစ်မြေပြင်ကနေ ပြန်ရောက်လာခါစဆိုတော့ ကျွန်တော်ရှင်းပြမယ်။ တော်ဝင်မိသားစုရဲ့တံဆိပ်ပြား ဆုံးရှုံးသွားစဉ်က လူတိုင်းအဲ့တာကိုရှာခဲ့တယ်။ မယ်တော်ကြီး တစ်ယောက်ပဲ အဲ့တာကို မိစ္ဆာဝေဟင်မျှော်နန်းရဲ့လက်ထဲမှာ ရှိတယ်ဆိုတာသိတာ။ တော်ဝင် တံဆိပ်ပြားကို အရှင်မင်းကြီးက သိမ်းထားခဲ့တာပဲ။ ဒါပေမဲ့ အရှင်မင်းကြီးပြန်လည်ကုစား နေတာကြောင့် မယ်တော်ကြီးဂရုစိုက်ဖို့အလှည့်ရောက်သွားတယ်။ အရှင်မင်းကြီး တံဆိပ် ဆုံးရှုံးသွားတဲ့ အချိန် မယ်တော်ကြီးက စိုးရိမ်ပူပန်လွန်းတာကြောင့် မိစ္ဆာဝေဟင်မျှော်နန်းဆီ တစ်စုံတစ်ယောက် လွှတ်ခဲ့တာ”
လုကျိုးက ထိုကဲ့သို့ စုဆောင်းမှုမရှိကြောင်းပြောမည်ပြင်လိုက်၏။ သို့သော် ပျောက်ဆုံးသွားသော မှတ်ဉာဏ်များအကြောင်းရုတ်တရက်မှတ်မိသွား၏။ ထို့ကြောင့် သူ၏အမူအရာကမပြောင်းလဲသွား ချေ။ သူက စကားများများမပြောခဲ့ချေ။ စကားများများပြောလေလေ အမှားများများလုပ်မိသွား လေလေဖြစ်မှာပဲဖြစ်သည်။ သူမပြောလျှင် အမှားလုပ်မိတော့မှာမဟုတ်ချေ။
လီယွင်ကျောက်ကပြောလိုက်၏။ “အဲ့ဒီတုန်းက ဆရာကြီးက တော်ဝင်တံဆိပ်တော်ကိုမပေးခဲ့ဘူး။ ဒါပေမဲ့ အနက်ရောင်ကောင်းကင်ကျမ်းစာလိပ်ကိုပို့ပေးခဲ့တယ်”
လုကျိုးက ရုတ်တရက်သဘောပေါက်သွား၏။ ပြောင်ကောင်းကင်ကျမ်းစာ စာလိပ်သည် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာ၏ ကျန်ရှိသည့်အပိုင်းအ စဖြစ်ရမည်။ လုကျိုးက ထိုနောက်ကွယ်၏အကြောင်းကို စိတ်မဝင်စားဘဲမေးလိုက်လေ၏။ “စာလိပ်ဘယ်မှာလဲ”
လီယွင်ကျောက်က ပြန်ပြောလိုက်သည်။ "နန်းတော်ထဲမှာ ရှိပါသေးတယ်”
ပြီးနောက် ထိုသို့ဆက်စပ်ပြီးနောက် လုကျိုးသည် လီယွင်ကျောက်သည် သူ၏ကျင့်ကြံဆင့်ကို ကယ်တင်ရန်အတွက် ကောင်းကင်ကျမ်းစာ စာလိပ်ပြောင်နှင့် လဲလှယ်လိုကြောင်းတွေးမိသွား၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် လုကျိုးက ကျန်းအိုက်ကျန့်ကို တော်ဝင်တံဆိပ်ပေးထားပြီးသားဖြစ်ကာ ကျန်းအိုက်ကျန့်သည် ၎င်းကိုသုံးပြီး သိုလှောင်ရုံကို ဖွင့်ခဲ့၏။ ပြီးနောက် သော့က တော်ဝင်မိသားစုလက်ထဲ ရောက်သွားပြီဖြစ်သည်။ ယင်းက ရေစက်ဖြစ်ပုံပေါ်၏။
လုကျိုးက လှည့်ကြည့်ပြီးမေးလိုက်၏။ “ကျောင်းယွဲ့”
“ဟုတ်ကဲ့ ရှစ်စွင်း”
“မင်းက ဒီမှာနစ်နာသူပဲ။ သူ့ကံကြမ္မာကို မင်းဆုံးဖြတ်”
လုကျိုးသည် ပြောင်ကောင်းကင်ကျမ်းစာ စာလိပ်က နန်းတော်ထဲတွင်ရှိပြီးဖြစ်ကြောင်း သိပြီး ဖြစ်သောကြောင့် ၎င်းကို ရယူရန်နည်းလမ်းများစွာရှိသည်။ လီယွင်ကျောက်ကိုမလိုအပ်ချေ။ ထိုအကြောင်းအရင်းကြောင့် လီယွင်ကျောက်၏ကံကြမ္မာကို ဆုံးဖြတ်ရန် ကျောင်းယွဲ့ကို ခွင့်ပြုလိုက်တာပဲ ဖြစ်သည်။
လူတိုင်းက ကျောင်းယွဲ့ကိုကြည့်လိုက်၏။
ကျောင်းယွဲ့ကအရိုအသေပေးကာပြောလိုက်တော့သည်။ “ရှစ်စွင်း ပိုင်ဆိုင်တဲ့အရာကိုပြန်ယူသင့် ပါတယ်။ သူက တပည့်အသက်ကိုကယ်ခဲ့တာပဲလေ။ အဲ့ဒီအကြောင်းသူလိမ်ခဲ့မယ်ဆိုရင်တော့ နောင်ကျ မလွှဲမသွေ သူ့ကို သတ်လို့ရတာပဲ”
“ဟုတ်တယ်” ရှောင်ယွမ်အာက တက်တက်ကြွကြွခေါင်းညိတ်လိုက်လေ၏။
လုကျိုးကကျောင်းယွဲ့၏စကားကိုကြားသောအခါ သူ၏တပည့်ဤပုံအတိုင်းဖြစ်လာတာကို ကျေနပ် သွားသည်။ သူမရှစ်စွင်းအကြောင်းတွေးရလောက်သည်အထိ ဖြစ်လာပေသည်။ တစ်ဖက်တွင်မူ ရှောင်ယွမ်အာက အလုပ်ဖြစ်ရန်လိုအပ်နေသေး၏။
“လီယွင်ကျောက် မင်းကြားလား” လုကျိုးက မေးလိုက်သည်။
“ကျွန်တော်နားလည်ပါပြီ။ မနက်ဖြန် ဒီအချိန်ကျွန်တော်ပစ္စည်းယူပြီး လာခဲ့ပါ့မယ်ဆရာကြီး” လီယွင်ကျောက်ကပြောလိုက်၏။
ယခုအချိန်တွင် မင်းသားချီအိမ်တော်၏ မျက်နှာချင်းဆိုင်ရှိမျှော်စင်မှ ပုန်းကွယ်ရွှေရောင်လက်နက် တစ်ခု မီးညှိလိုက်၏။
ပစ်မှတ်က လီယွင်ကျောက်ဖြစ်သည်။
လုပ်ကြံသူက လက်နက်ကိုပစ်ပြီးသည်နှင့်ပျောက်ကွယ်သွား၏။
လီယွင်ကျောက်၏အမူအရာက မမြင်ရတော့ချေ။ သူက နောက်ပြန်လန်ကျသွားပြီးနောက် ခန္ဓာကိုယ်ထဲက စွမ်းအင်က ပေါက်ကွဲသွား၏။
စတုတ္ထမင်းသားလျိုပင်းက မျက်မှောင်ကျုံ့ကာပြောလိုက်တော့၏။
“လီယွင်ကျောက် ကြည့်ရတာ မင်းက အပြည့်အဝယုံကြည်ခံထားရပုံပဲ”
ဘန်း
…