← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄) လက်သီးဖြင့် လွှမ်းမိုးခြင်း

စွမ်းအားရစ်ပတ်ထားသည့် လက်နက်က လီယွင်ကျောက်၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့သွားသည်။

သူက လက်ဗလာဖြင့် လက်နက်ကို ကြားဖြတ်ဆွဲလိုက်သည်။

လုပ်ကြံသူက လီယွင်ကျောက်ကို လျှော့တွက်ထားသည်မှာ သိသာလှသည်။ သူက ဒဏ်ရာရထားသော်လည်း ထိုလက်နက်ပုန်းဖြင့် အလွယ်တကူ အသတ်ခံရမည့်လူ မဟုတ်ချေ။

လီယွင်ကျောက်က လက်နက်ကို ပစ်လိုက်ရင်း လှည့်ကြည့်လိုက်သည်။

“ အံ့ဩနေဖို့ မလိုပါဘူး။ ဒါက သူတို့လမ်းမှာ ပိတ်မှာစိုးလို့ ကျုပ်ကို ရှင်းထုတ်ပစ်ချင်တဲ့ တစ်ယောက်ပဲ။ ဒါမျိုးက မကြာခဏဖြစ်လေ့ရှိတယ်”

လုကျိုးက မြေပေါ် လွှင့်ချခံထားရသည့် လက်နက်ပုန်းကို တစ်ချက်ကြည့်လိုက်သည်။

လက်နက်များကို ဒီလောက်အထိ သုံးတတ်နိုင်ဖို့ လုပ်ကြံသူက သာမန်ကျင့်ကြံသူတော့ မဖြစ်နိုင်ချေ။

ထင်ထားသည့်အတိုင်း တာ့ယန်၏ အံ့ဖွယ်မြို့တော်က နဂါးနှင့် ကျားများ ပုန်းခိုရာ နေရာ ဖြစ်နေလေသည်။ မည်သူကိုမှ လျှော့တွက်၍ မရပေ။

လျိုပင်း၏ စိတ်စွမ်းရည်က သာမန်လူထက် ခက်ထန်သောကြောင့် သူက အကြည့်တစ်ချက်မျှသာ ကြည့်လိုက်ပြီး “ လုပ်ကြံသူလား ”

“ အနည်းဆုံး ပွင့်ချပ်တစ်လွှာအဆင့် ကျင့်ကြံသူပဲ … စိတ်ဝင်စားစရာပဲ ” လျိုပင်းက ရေရွတ်လိုက်သည်။

လီယွင်ကျောက်က သူ့ပစ်မှတ်ကို အာရုံခံဖို့ ကြိုးစားလိုက်သည်။

သူက သတိကြီးကြီးထားလိုက်ရင်း “အရှင်မသာ ကျုပ်ကို မယုံရင် ကျုပ်အသက်က ဘာမှမတန်ပါဘူး။ ဟိုးကတည်းက သေနေလောက်ပြီ။ ဒီနေ့အထိ အသက်ရှင်ရက် ရှိနေနိုင်မှာ မဟုတ်ဘူး ”

ထင်ထားသည့်အတိုင်း မျှော်နန်းဆောင် ထောင့်တစ်နေရာမှ အနက်ရောင်ပုံရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်သွားလေသည်။

ဤလူက လီယွင်ကျောက်ကို အစကတည်းက နောက်ယောင်ခံ လိုက်နေမှန်း သိသာလှသည်။

လီယွင်ကျောက်က ဒေါသထွက်လာပြီး အသံပြောင်းကာ အော်ပြောလိုက်သည်။

“ အရှက်မရှိတဲ့ကောင်”

သူ့အသံစူးစူးဖြင့် ကျိန်ဆဲပုံက အနည်းငယ် ထူးဆန်းနေသော်လည်း သူ မည်မျှဒေါသထွက်နေကြောင်း သိနိုင်လေသည်။

အခြားလူများက ကူကယ်ရာမဲ့နေစဉ် လုကျိုးက ပြောလိုက်သည် “ယွမ်အာ”

“ ဟုတ် ရှစ်စွင်း ”

“ သူ့ကို သွားဖမ်းလိုက် ”

“ ဟီးဟီး ဟုတ် ” ရှောင်ယွမ်အာက ပထမဆုံးအကြိမ် ဒီလိုအမိန့်မျိုး ရသည့်အတွက် အတော်လေး ကျေနပ်နေသည်။

လုကျိုးက ဒီတာဝန်ကို ရှောင်ယွမ်အာဆီ ပေးလိုက်သည့် အကြောင်းအရင်းမှာ ရှောင်ယွမ်အာသည် ဒီလိုမျိုးကြွက်တွေ၏ ပြဿနာကောင် ဖြစ်ပေသည်။ သူမတွင် ရတနာများစွာ ရှိထား၏။ သူမ၏ ကျင့်ကြံဆင့်က ပွင့်ချပ်တစ်လွှာ ကျင့်ကြံဆင့်မျှ ရှိသော်လည်း အဆင့်တူများကို အလွယ်တကူ ရိုက်ထုတ်ပစ်နိုင်သည်။

ရှောင်ယွမ်အာက မြေပြင်ကို ဆောင့်ကန်ကာ သူမ၏ နိဗာနခါးစည်းကို ဝေ့ယမ်းရင်း မင်းသားချီ စံအိမ်တော်အပေါ်ဘက် ကောင်းကင်ဆီ တဟုန်ထိုးပျံသန်းသွားတော့သည်။

သူမက တိမ်ယံခြေလှမ်းဖိနပ်ဖြင့် ခုနစ်လှမ်း တိမ်ယံစတင်ခြင်းကို ထုတ်ဖော်လိုက်သည့်အခါ ညအခါတွင် ကြယ်တာရာများ လင်းလက်လာသည်။ အံ့ဖွယ်မြို့တော်အထက် ညအခါ၌ ပိုမိုလင်းလက်တောက်ပနေဟန်ပေါ်သည်။

ဝှီး

သူမ ပျောက်ကွယ်သွားသည့်အခါ လီယွင်ကျောက်က တံတွေးမျိုချမိလိုက်သည်။ သူက ဒီမိန်းကလေးသည် သူ့ထက် အားနည်းကြောင်း သိထားသော်လည်း ကူကယ်ရာမဲ့နေမိ၏။

ချင်ကျွင်းနှင့် ဟုန်ဖူတို့က အံ့ဖွယ်မြို့တော်တွင် အချိန်အများစု နေခဲ့ကြသောကြောင့် အဆင့်မြင့် ပညာရှင်အတော်အတန်ကို မြင်ဖူးထားကြပြီးသား ဖြစ်၏။ သို့သော်လည်း သည်လိုမျိုး ပါရမီရှင်မျိုး မမြင်ဖူးပေ။ သူမက ဒီလောက်အသက်အရွယ်လေးဖြင့် ဒီလောက်အံ့ဩဖွယ် ကျင့်ကြံဆင့်မျိုး ရှိနေသည်ကို တွေးကြည့်လိုက်လျှင် သူမကို အချိန်ထပ်ပေးလိုက်ပါက မည်မျှအထိ သွားနိုင်မည်နည်း။ မည်သူမှ မသိချေ။

ခဏကြာတိတ်ဆိတ်သွားပြီးနောက် လျိုပင်းက လက်ရှိအခြေအနေဆီ ပြန်ရောက်လာသည်။ သူက လက်ခုပ်တီးကာ ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေအားလုံးက သူတို့ဘာသာ အံ့ဩဖို့ကောင်းကြတယ်လို့ ကြားဖူးတယ်။ အခုတော့ တကယ်ဖြစ်မှန်း မြင်လိုက်ရပြီ။ တကယ်ကို မှင်တက်မိပါတယ် ”

“မင်းက တော်တော်လေပေါတာပဲ ” လုကျိုးက ပြောလိုက်သည်။

“ ကျွန်တော် …” လျိုပင်းက သူ့သရုပ်ဆောင်မှုသည် ပိုလွန်းသွားကြောင်း ရုတ်ချည်း ခံစားမိလိုက်သောကြောင့် လေသံလျှော့လိုက်ကာ “ ကျွန်တော်က ဆရာကြီးကို သိချင်ရုံလေးပါ”

“ငါ့ကို သိချင်တာလား ”

“ ကျွန်တော်က အခုမှရုန်ရှီက ပြန်လာတာဆိုတော့ အံ့ဖွယ်မြို့တော်အကြောင်း နားမလည်တာတွေ အများကြီးပါပဲ။ ပြီးတော့ ကျွန်တော်က မိတ်ဆွေဖွဲ့ချင်လို့ပါ။ ဆရာကြီးရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် သေရည်လေးသောက်ပြီး ဘဝအကြောင်း လွတ်လွတ်လပ်လပ် မပြောနိုင်ရင် အလဟာသ ဖြစ်သွားမယ် တူတယ် ” လျိုပင်းက ပြောလိုက်သည်။

“အဲဆိုတော့ မင်းက ကောင်းကင်ဓားဂိုဏ်းဆီ သွားခဲ့တယ်ပေါ့ ” လုကျိုးက မေးလိုက်သည်။

လျိုပင်းက တုန်လှုပ်သွားကာ “ ဆရာကြီးက အဲဒီအကြောင်း သိတယ်လား။ ထင်ထားတဲ့အတိုင်းပဲ သတင်းကွန်ယက်က ကောင်းသကိုး … ကျွန်တော် ကောင်းကင်ဓားဂိုဏ်းဆီ သွားခဲ့တာ အမှန်ပါပဲ။ ကံမကောင်းတာက‌ လော့ရှင်းခုံက သေတဲ့အထိ တိုက်ဖို့ အခိုင်အမာဆုံးဖြတ်ထားတာဆိုတော့ သူ့အတွက် အဆုံးသတ်မကောင်းဘူး ”

“ ပဒုမ္မာစင်မြင့်မှာ ဖြစ်ခဲ့တာရော သိထားလား ”

“ဆရာကြီးက ကြင်နာမှုနဲ့ ကျင့်ကြံသူအများကြီးကို ကယ်တင်ပေးခဲ့တယ်လို့ ကြားထားပါတယ် … လက်ရှိ ကောလာဟလတွေကထဲ ဆရာကြီးကို သက်ရှိဗုဒ္ဓဆိုပြီး ချီးမွမ်းနေကြတယ် ” လျိုပင်းက ပြောလိုက်သည်။

“ငါ့ကို ကြင်နာတတ်တဲ့လူ မဖြစ်သင့်ဘူးလို့ ထင်နေတာလား ”

“ မဟုတ် … မဟုတ်ရပါဘူး ” လျိုပင်းက လက်အသာယမ်းကာ “ ဆန့်ကျင်ဘက်ပါပဲ။ ဆရာကြီးကသာ ကြင်နာတဲ့သူ မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။ ဆရာကြီးကြောင့်သာ မဟုတ်ရင် အဲဒီကျင့်ကြံသူတွေက ဆိုးဆိုးရွားရွား သေကုန်ကြရမှာလေ ”

သူက စကားဝိုင်းသည် အန္တရာယ်များသည့် ဦးတည်ချက်သို့ ပြောင်းလာကြောင်း သတိပြုမိလေသည်။ လူအိုကြီးကျိက သူ အလွယ်တကူ ပေါင်းသင်းလို့ရမည့်လူ မဟုတ်ပေ။ ထို့အပြင် သူက အလွယ်လေး ရန်စသလို ဖြစ်သွားသေးသည်။

“နီးစပ်ပါတယ်”

သူ့ပြောပုံမှာ လုကျိုးက အသက်ရှင်သူများကို သူ့ကောင်းကြောင်းသာ ပြောရမည်ဟု ခြိမ်းခြောက်ထားသည့် လေသံမျိုး ဖြစ်သွားလေသည်။ ဒီဇာတ်ကြောင်းက ပိုမိုယုံကြည်ရကြောင်း ခံစားရသော်လည်း ကျိထျန်းတောက်ရှေ့တည့်တည့်၌ ထုတ်ပြောရဲမည် မဟုတ်ပေ။

လျိုပင်းက ဒီကို ရောက်လာသည့်အတွက် နောင်တရလာမိသည်။

ထိုစဉ် မင်းသားချီ အိမ်တော်အပေါ်တွင် အနီတောက်တောက်ခါးစည်းက နဂါးတစ်ကောင်အလား ကခုန်နေသည်။

ရှောင်ယွမ်အာ၏ ပုံရိပ်လေးကို သိပ်မမြင်ရပေ။ ဤသည်မှာ လှုပ်ရှားမှု မြန်လွန်းသောကြောင့် အမြင်မှားစေသည့် လှည့်ကွက်မျိုး ဖြစ်၏။

သူမက နိဗာနခါးစည်းကို သုံးရင်း တိမ်ယံခြေလှမ်းဖိနပ်ဖြင့် ပတ်လည် ပျံသန်းနေသည်။ ထို့နောက် ခါးစည်းကို ပြန်ရုပ်သိမ်းပြီး ခန္ဓာကိုယ်ပေါ် ပြန်ပတ်ထားလိုက်သည်။

ရှောင်ယွမ်အာက အမှောင်ညဝတ်ရုံဖြင့် ကျင့်ကြံသူအား ကန်ချက်ကောင်းကောင်းပေးလိုက်သည်။

ဝုန်း

ကျင့်ကြံသူက မင်းသားချီ အိမ်တော် ခြံဝန်းထဲ ပြုတ်ကျသွားသည်။

သူက တုန်ယင်နေရင်း ဆက်မလှုပ်ရဲတော့ပေ။

“ တင်း … နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးကို ဖမ်းဆီးနိုင်တဲ့အတွက် ကုသိုလ်ရမှတ် နှစ်ရာ ရရှိပါမယ် ”

လီယွင်ကျောက်က တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက တအံ့တဩ ရေရွတ်လိုက်၏။

“ သူ့ချီပင်လယ် ဖျက်ဆီးခံထားရတယ်”

ထို့နောက် ရှောင်ယွမ်အာက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

နိဗာနခါးစည်းအပြင် တိမ်ယံငှက်မွေးဝတ်စုံ သက်ရောက်မှုကိုပါ ထည့်ပေါင်းလိုက်သည့်အခါ သူမကို ကောင်းကင်မှ နတ်သမီးတစ်ပါးအလား အမှတ်မှားသွားစေနိုင်သည်။ နောက်ဆုံးတော့ ကလေးမလေး ကြီးပြင်းလာခဲ့လေပြီ။

ရှောင်ယွမ်အာက လက်နှစ်ဖက်ယှက်ကာ “ ရှစ်စွင်း တပည့်ရှင်းပြပါ့မယ်။ တပည့် တမင်လုပ်လိုက်တာ မဟုတ်ပါဘူး။ သူက ဆက်တိုက်ထွက်ပြေးနေတော့ တပည့်လည်း သူ့ချီပင်လယ်ကို လက်သီးတစ်ချက်နဲ့ ဖျက်ဆီးလိုက်ရုံအပြင် ရွေးချယ်စရာ မရှိလို့ပါ ”

ကြမ်းတမ်းလိုက်တဲ့ ကောင်မလေး …

သူမက ကျောချမ်းစရာအကောင်းဆုံး စကားများကို နှိမ့်ချစွာ ပြောနေသည်။

ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အငယ်ဆုံး တပည့်လား …

လီယွင်ကျောက်က မိစ္ဆာဝေဟင်မျှော်နန်းအပေါ် ပြန်လည်သုံးသပ်ရတော့မည် ဖြစ်ကြောင်း ဝန်ခံရမည်။ မိစ္ဆာအိုကြီးကျိက သက်တမ်းကုန်ခါနီး ဖြစ်နေလျှင်ပင် သူ့တပည့်များက အရွယ်ရောက်လာကြလေပြီ။

တပည့်ကိုးယောက်လုံးက နောင်အခါ မိစ္ဆာအိုကြီးကျိ ကိုးယောက်အဖြစ် မကြီးပြင်းနိုင်ကြောင်း မည်သူကများ အာမခံပေးမည်နည်း။

သို့သော်လည်း ချင်ကျွင်းက ပြောလိုက်သည်။

“ ကျုပ်ကတော့ ဒီလိုလုပ်လိုက်တာ ကောင်းတယ်လို့ ထင်တာပဲ။ နဝမသခင်မလေး … ဒီလိုမျိုး အထူးသဖြင့် ဉာဏ်များတတ်တဲ့လူကို မေ့မထားသင့်ဘူး။ ဒီလိုမျိုး လုပ်လိုက်မှ ဘာမှအံ့ဩစရာ ဖြစ်မလာမှာ”

လုကျိုးက ကျေကျေနပ်နပ် ခေါင်းညိတ်ကာ “ အရမ်းကောင်းတယ် ”

သူ့တပည့်က ရင့်ကျက်လာသည်ကို မြင်ရသည်မှာ ကောင်းလှသည်။

ရှောင်ယွမ်အာက ရယ်လိုက်ရင်း “ ရှစ်စွင်း ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တပည့် နောက်ထပ်ကြိုးစားပါ့မယ် ”

တစ်ခုခုတော့ မှားနေသလိုပဲ …

လီယွင်ကျောက်နှင့် လျိုပင်းတို့က ပြောစရာစကား ပျောက်ဆုံးနေကြသည်။

ရှောင်ယွမ်အာက ထိုအမျိုးသားဆီ လျှောက်လာကာ ခါးထောက်လိုက်ရင်း မေးလိုက်သည်။

“ ရှင့်ကို ဘယ်သူလွှတ်လိုက်တာလဲ”

အနက်ဝတ် အမျိုးသားက ဘာမှမပြောပေ။

“ ရှင်က ဘာမှမပြောမှတော့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ခေါ်သွားပြီးတော့ စန်းရှစ်ရှိုး အဲလေ … စစ်ရှစ်ရှိုးကို နှိပ်စက်ခိုင်းပစ်လိုက်မယ်။ စစ်ရှစ်ရှိုးက ရှင် တစ်ခါမှ မတွေးကြည့်ဖူးတဲ့ နှိပ်စက်နည်းလမ်းတွေ အများကြီးရှိတယ် ”

အနက်ဝတ် အမျိုးသား၏ မျက်လုံးများက ပြူးကျယ်လာကာ ခေါင်းက တစ်ဖက်စောင်းကျသွားသည်။

လီယွင်ကျောက်က ကုန်းကြည့်လိုက်ပြီး အသက်ရှုနှုန်း စစ်ဆေးကြည့်လိုက်သည့်အခါ “ သူ သေသွားပြီ ”

“ ဟမ် သေပြီလား … ငကြောက်ပဲ ”ရှောင်ယွမ်အာက ဒေါသထွက်လာသည်။ သူမက အပြစ်တင်ခံရမည်ကို စိုးရိမ်သည့်အလား ရှစ်စွင်းကို အပြစ်ကင်းစွာ ကြည့်လိုက်သည်။

လီယွင်ကျောက်က ပြောလိုက်သည်။

“ သူက သူ့လျှာသူ ကိုက်ပစ်လိုက်တာ။ သူ့ပါးစပ်ထဲ အဆိပ်ပါလာတယ်။ သူ့လိုလူမျိုးတွေက ဓားဖျားမှ လျှောက်နေကြတာဆိုတော့ အချိန်မရွေး သတ်သေလို့ရအောင် ပြင်ဆင်ထားတတ်ကြတယ်။ သူတို့က ရန်သူ့လက်ထဲ အဖမ်းခံရတာနဲ့ ကိုယ့်ဘာသာ သတ်သေလိုက်ကြတယ်”

လုကျိုးက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

နှမြောစရာပဲ …

ငါ ရှောင်ယွမ်အာကို သူ့ဘဝ အဆုံးသတ်ခိုင်းလိုက်ရမှာ … အဲလိုဆို သူ့ဆီကနေ ကုသိုလ်ရမှတ်လေး ထွက်လာဦးမယ်

ငါ့တပည့်တွေကို သင်ကြားပြသရာမှာ မှားယွင်းနေတာလား …

…

အခန်း (၂၇၅) ကောင်းကင်ကျမ်းစာ စာလိပ် ပြန်လည် ဖွင့်ခြင်း

ချင်ကျွင်း၏ မျက်ခုံးတို့ ပြေလျော့သွားလေ၏။

သေလွန်ပြီးသော လုပ်ကြံသတ်ဖြတ်သူသည် ထွက်ပြေးသွားသော လုပ်ကြံသတ်ဖြတ်သူထက်ပို ကောင်းသည်။ ဆိုရလျှင် လီယွင်ကျောက်ကို ဖိတ်ကြားခဲ့သည့်သူက သူသာဖြစ်၏။ စတုတ္ထ မင်းသား အတွက် အခုချိန်တွင် သူ၏တစ်ခုတည်းသောဆန္ဒက သူ တော်ဝင်မြို့တော်သို့ပြန်သည့်အချိန်၌ ထိုအချက်ကို သုံးပြီး သူ့ကို မဆန့်ကျင်ရန်သာ ဖြစ်သည်။

“လူတွေ” ချင်ကျွင်းက အော်ပြောလိုက်၏။

ခြံဝန်းထဲရှိ အစောင့်တစ်ယောက်က ပြေးလာလေ၏။ “အရှင်”

“ဒါတွေ အားလုံးကိုရှင်းလိုက်”

အစောင့်က မြေကြီးပေါ်ရှိ အလောင်းကို ကြည့်လိုက်သည်။ တစ်စက္ကန့်မှ မတွေးဘဲ သူက ဆွဲထုတ်သွား၏။

လီယွင်ကျောက်က ဖြည်းဖြည်းချင်း ထလာလိုက်သည်။ သူက ကောင်းကင်ထဲ၌ ထွက်ပြူကာစ လကိုမော့ကြည့်ပြီး လသစ်တစ်စင်းနှင့်တူနေကြောင်း မြင်နေရ၏။ မှောင်လာပြီဖြစ်သောကြောင့် သူပြန်သင့်နေပြီဖြစ်သည်။ သူထွက်လာတာကြာနေပြီဖြစ်၏။ မယ်တော်ကြီး သူ့ကို ဆင့်ခေါ်စဉ် သူပြန်မရောက်လျှင် နောက်ဆက်တွဲကို မမှန်းဆရဲပေ။

“ဆရာကြီး ကျွန်တော် မနက်ဖြန်ပြန်လာပါ့မယ် နှုတ်ဆက်ပါတယ်” လီယွင်ကျောက်က ပြောလိုက်၏။

လုကျိုးက ဘာမှမပြောပေ။ မင်းသာချီ၏အိမ်တော်ထဲမှ သူထွက်သွားတာကို သူတို့ကြည့်နေပြီး မည်သူကမှမဟန့်တားချေ။

အနည်းငယ်အနေရခက်ပုံပေါ်လာကာ စတုတ္ထမင်းသားလျိုပင်းက ပြုံးပြီးပြောလိုက်တော့၏။ “ကျုပ် ထင်တာ သွားဖို့အချိန်ရောက်ပြီ” အဲဒီလူရဲ့မျက်နှာ ဘယ်လောက်အရေထူလဲကြည့်လေ။

လုကျိုးက ကျန်းအိုက်ကျန့်ကိုသတိရသွားသည်။ သူက ပြောလိုက်၏။ "မင်းက သူ့ကို အမှတ်ရစေတာပဲ”

သူတို့က တဖအေထဲမွေးလာသောကြောင့် ထိုအတိုင်းထင်ထားပြီးသားဟုထပ်ပြောချင်သည်။ သို့သော် ကျန်းအိုက်ကျန့်၏အထောက်အထားကို တွေးမိသောအခါ သူ မပြောတော့ပေ။

“သူလား”

“ထားလိုက်တော့။ သူ့အကြောင်းထည့်ပြောနေစရာမလိုဘူး” ကျန်းအိုက်ကျန့်နှင့်သူ မဆက်သွယ် ဖြစ်တာအတော်ကြာပြီဖြစ်သည်။ နောက်ဆုံးတစ်ခေါက်ဆက်သွယ်သည်က မင်ရှစ်ရင်ကနေတဆင့် သာဖြစ်သည်။

ယခုလုကျိုးက အံ့ဖွယ်မြို့တော်သို့ ရောက်နေပြီဖြစ်သည်။ သူက မင်းသားတစ်ပါး ဖြစ်သော်ငြား ကျန်းအိုက်ကျန့်သည် နန်းတော်အတွင်းရှိလူတိုင်းနှင့် သူဆက်သွယ်တာကို ထိန်းချုပ်ထား၏။ ထို့ကြောင့် ကျန်းအိုက်ကျန့်လာမှာမဟုတ်ဟု လုကျိုးမှန်းဆမိသည်။

လုကျိုးက လက်နောက်ပစ်ထားလျက် ခန်းမဆောင်ဆီသို့ပြန်သွားကာ လျိုပင်းက သူ့နောက် လိုက်သွားသည်။

ရှောင်ယွမ်အာက ထိုထူးဆန်းမှုကိုမြင်သောအခါပြောလိုက်တော့၏။ “နောက်ကျနေပြီ ဘာကြောင့် မသွားသေးတာလဲ”

“သွားဖို့လား”

“ငါ့ရဲ့ရှစ်စွင်းက အိပ်ဖို့မလိုဘူးလို့ နင်ထင်နေလား” ထိုလူက အနည်းငယ်ထုံပေပေနိုင်သည်ဟု ရှောင်ယွမ်အာ တွေးမိလိုက်၏။

လျိုပင်းက ပြုံးလိုက်သည်။ သူက လက်သီးဆုပ်လျက် လုကျိုးကို ပြောလိုက်တော့၏။ “ဆရာကြီး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က မိတ်ဆွေဖွဲ့ချင်တာပါ။ ဆုံးဖြတ်ချက်ချဖို့ လောနေစရာမလိုပါဘူး။ နောက်ထပ်မိတ်ဆွေတစ်ယောက်ရှိတာက အမြဲတမ်းကောင်းနေတာပဲလေ။ ကျွန်တော်တို့ ထပ်တွေ့ကြမယ်။ ဒါဆိုသွားပါပြီ”

လုကျိုးက သူ့ကိုမတားခဲ့ပေ။ သူက နန်းတော်ရှိ အင်အားစုများနှင့်ဝင်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ ဆိုရလျှင် လျိုပင်းသည် နယ်စပ်ကနေပြန်လာကာစဖြစ်ပြီး ခိုင်မာသည့်အုတ်မြစ် မရှိသေးပေ။ သူ့ကိုနီးကပ်စောင့်ကြည့်နေသည့်သူ များစွာရှိ၏။

ယင်းက သူသည် အထိန်းတော်လေးအဖြစ်ယောင်ဆောင်ခြင်းကနေ သိသာထင်ရှားလာပေသည်။

ရှောင်ယွမ်အာက ခေါင်းကုတ်ပြီးပြောလိုက်တော့သည်။ “ရှစ်စွင်း သူကျွန်မတို့ကို ခြိမ်းခြောက်သွားတာလား။ သူ့ကို ဖမ်းသင့်လား”

“မလိုဘူး” လုကျိုးကပြောလိုက်၏။

“ဟုတ်” ရှောင်ယွမ်အာက ကျောင်းယွဲ့ဖက်သို့လျှောက်လာသည်။ သူမက သူမ၏ရှစ်ကျဲကို တစ်ချက်ကြည့်ပြီးဝမ်းနည်းကြေကွဲဖွယ်အတိတ်ကို သတိရသွားကာ သက်ပြင်းချပြီးပြောလိုက်လေ ၏။

“ရှစ်ကျဲ အခု ညီမ တွေးမိတော့ ညီမက ရှစ်ကျဲထက် ပိုပျော်ဖို့ကောင်းတဲ့ဘဝရှိတာပဲ”

လုကျိုးက ထိတ်လန့်အံ့ဩသင့်သွား၏။ သူမက ကျောင်းယွဲ့ကို နှစ်သိမ့်ရန်ရည်ရွယ်ပြီး သူမ၏ဘဝကို အနည်းငယ်ကျေးဇူးမတင်ဖြစ်နေကြောင်းပြောရန် ရည်ရွယ်ကြောင်းသူသိသော်ငြား တနည်းနည်းဖြင့်မှားယွင်းစွာထွက်လာ၏။

ခြံဝန်းထဲ၌ ရံရွေတော်များစွာက လာပြီးသန့်ရှင်းသွားသည်။

ချင်ကျွင်း၏သားက ခြေလက်ဆန့်လျက်လျှောက်လာလေသည်။ “အဖေ ကျွန်တော်တို့ ဧည့်သည်တွေရှိသေးလား”

“ဒီအကြောင်းတွေးမနေနဲ့။ လျှောက်သွားမနေနဲ့ မင်းအခန်းပြန်တော့” ချင်ကျွင်းက ပြော၏။

“သူက ဘယ်သူလဲ”

ချင်ကျွင်းက မဟာခန်းဆောင်ဖက်ဆီသို့လှည့်ကြည့်လိုက်၏။ ပြီးနောက် ပျက်စီးသွားသော နံရံကို ကြည့်ပြီး ပြောလိုက်တော့သည်။ “မင်းရဲ့ညီမပြောနေတာ မရပ်နိုင်တဲ့သူလေ”

ချင်လျောက မြေပြင်ပေါ်၌ ကြောင်အစွာရပ်နေ၏။ သူအံ့ဩဆွံ့အသွားသည်။

ချင်ကျွင်းက ရှင်းပြရန်ပျင်းနေလေ၏။ ထို့ကြောင့် သူက အနားရှိရံရွေတော်ကို အမိန့်ပေးလိုက်သည်။

“သူ့ကိုအခန်းထဲခေါ်သွား။ ဒီသတ္တိကြောင်တဲ့သူက အိမ်တော်ကိုအမွေဆက်ခံဖို့ဘယ်လိုလုပ်ဖြစ် နိုင်မှာလဲ”

“နားလည်ပါပြီ”

ခြံဝန်းသန့်ရှင်းလုနီးပါး ဖြစ်သွားချိန်၌ ချင်ကျွင်းက အိမ်တော်ထိန်းနှင့်အတူ ပင်မခန်းမထဲသို့ ဝင်သွားလိုက်သည်။

“ဆရာကြီး စတုတ္ထမင်းသားရောက်လာမယ်လို့မထင်လိုက်ဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” ချင်ကျွင်းက ပြောလိုက်၏။

“မင်း သူ့ကိုမသိဘူးလား”

ချင်ကျွင်းက သက်ပြင်းချလိုက်သည်။

“စတုတ္ထမင်းသားက နယ်စပ်မှာနေနေကြ။ သူထွက်သွားတဲ့အချိန်က သိပ်ငယ်ရွယ်သေးတယ်။ အခုသူက သက်လက်ပိုင်းအရွယ်ရောက်မှ လူရွယ်တစ်ယောက်အနေနဲ့ပြန်လာတာ။ သူ့ရုပ်ရည်သွင်ပြင်က တော်တော်ပြောင်းလဲသွားပြီ။ ဒါ့အပြင် ရုပ်ဖျက်ထားတော့ ကျွန်တော်သူ့ကို မမှတ်မိခဲ့ပါဘူး”

“နယ်စပ်...” လုကျိုးက ရေရွတ်ပြောလိုက်၏။ “သူက နယ်စပ်က လာတယ်ဆိုတော့ ဘာကြောင့် တခြားမင်းသားတွေလိုမျိုး လူစုဖို့ကြိုးစားနေတာလဲ”

သူ၏ အတိတ်ဘဝတုန်းက လုကျိုး၏အမြင်အရ နယ်စပ်ရှိလူများသည် ထိုကဲ့သို့ စံသတ်မှတ်ချက်များနဲ့လိုက်လျောညီထွေဖြစ်လေ့မရှိပေ။

ချင်ကျွင်းကပြော၏။

“သူ့ကိုယ်သူကာကွယ်ဖို့ပါပဲ။ မကြာခင်မှာစတုတ္တမင်းသားရဲ့စစ်တပ်အာဏာက သူ့ဆီကနေ ရုပ်သိမ်းခံရတော့မှာ။ အဲဒီအချိန်ကျရင် သူတစ်ယောက်တည်းဖြစ်သွားပြီး အာဏာကင်းမဲ့လိမ့်မယ်။ တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ရည်ရွယ်ချက်မရှိပေမဲ့ တခြားသူတွေကတော့မတူဘူးလေ”

ထိုစဉ် လောင်ဟုန်က သက်ပြင်းချလိုက်၏။ “ထားလိုက်ပါတော့”

လုကျိုးကလက်နောက်ပစ်ပြီး မတ်တပ်ရပ်လိုက်သည်။ “မင်းလုပ်တာကောင်းတယ်။ ကျေးဇူးတရားနှင့်အငြိုးအတေးကြား ငါအမြဲတမ်း ခွဲခြားသိတယ်။ မင်းဘာလိုချင်လဲပြော”

ချင်ကျွင်းက အမြန်လက်ကာပြပြီးပြောလိုက်၏။ "မလုပ်ရဲပါဘူး။ ကျင့်ကြံခြင်းလောကကြီးရဲ့ လူတစ်စုနဲ့မတူဘဲ ကျွန်တော်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ပိုင်ဆိုင်မှုတွေကို တစ်ခါမှ မတပ်မက်ဖူးပါဘူး”

လုကျိုးက ခေါင်းခါလိုက်ပြီး သူက လှည့်ထွက်သွားကာ ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့က အတူထွက်သွားလေ။

……..

ထိုစဉ် မင်ရှစ်ရင်သည် မြောက်ပိုင်းမျှော်စင်၌ လုချိုးဖင်းကိုပိတ်ထားလိုက်သည်။

ပြီးနောက် သူသည် ဖန်ကျုံးကိုခေါ်လာကာ လုချိုးဖင်း၏ကျင့်ကြံဆင့်ကို ပိတ်ပြီးနောက် အနားယူရန် သွားလိုက်တော့၏။

နောက်နေ့မနက်စောစော၌ မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းမှထွက်ကာ အံ့ဖွယ်မြို့တော်ဆီသို့ ပျံသန်းသွား၏။ ပျံသန်းနေစဉ် လမ်းတစ်ဝက်၌ မေးခွန်းတစ်ခုကို ရုတ်တရက်အမှတ်ရသွားသည်။ ရှစ်စွင်းက ဘယ်မှာလဲ။ ငါသူ့ကိုဘယ်လိုရှာရမှာလဲ။

မွန်းတည့်ချိန်၌ မင်းသားချီ၏အိမ်တော်တွင် ချိန်းဆိုထားသည့်အချိန်ရောက်ခါနီးပြီဖြစ်သည်။

အိမ်တော်ထိန်းကြီးဟုန်ဖူက လီကုန်းကုန်းထပ်ရောက်လာမည်မှန်းသိနေ၏။ ထို့ကြောင့်သူက မနက်ခင်းက တံခါးဝ၌စောင့်နေလေသည်။ သူက လမ်းသွားလမ်းများကိုလည်းကြည့်ပြီး တွေ့ဆုံရန်အတွက် စောင့်နေရမှာကို ပြေးတောင်ပြေးသွားသည်။

အနောက်ရပ်ဆီသို့နေက တဖြည်းဖြည်းဦးတည်လာစဉ် ရင်းနှီးနေသော မြင်းလှည်းတစ်စီးက ပေါ်လာသည်။

ဟုန်ဖူက အပျော်လွန်သွား၏။ သူက ဘေးရှိအစေခံများကို အချက်ပြလိုက်၏။

“သူရောက်နေတယ်ဆိုတာကို သခင်ကြီးဆီသွားပြောလိုက်”

“နားလည်ပါပြီ အခုသွားလိုက်ပါ့မယ်” မြင်းလှည်းက ဟုန်ဖူရှေ့၌ မရပ်တန့်သွားပေ။

ကားလိပ်များဘေးရောက်သွားသည်နှင့် မြင်းလှည်းထဲက ဆံပင်ဖြူနေသည့်လီယွင်ကျောက်က ထွက်ပေါ်လာ၏။ သူအခြေနေကောင်းပုံမရပေ။

“လီကုန်းကုန်း” အိမ်တော်ထိန်းက သူ့ကိုအမြန်ကူတွဲလိုက်သည်။

လီယွင်ကျောက်က လှည်းပေါ်ကနေဆင်းပြီးနောက် အိမ်တော်ကိုကြည့်လိုက်၏။ ပြီးနောက် သက်ပြင်းချကာပြောလိုက်တော့သည်။ “ငါ.. ငါ့ကတိတည်တယ်။ သူလည်း ကတိတည်ဖို့ မျှော်လင့်တယ်”

“ဒီလမ်းပါ” ဟုန်ဖူက လုကျိုး၏ကိုယ်စားမပြောရဲပေ။ ဆိုရလျှင် သူတို့ယခုဤနေရာတွင် ရောက်နေသောကြောင့် ကိစ္စက သူတို့ဆီတွင်သာရှိနေလိမ့်မယ်။ သူက ကံကြမ္မာကို ကောင်းကင်ဘုံသို့သာ အပ်ထားလိုက်မည်။

လီယွင်ကျောက်က ပန်းထိုးသေတ္တာတစ်လုံးကိုထုတ်လာပြီး အိမ်တော်ထဲသို့ ဟုန်ဖူနောက်မှလိုက်သွားသည်။

မကြာမီ၌ သူတို့က ပင်မခန်းဆောင်ထဲသို့ဝင်သွားလိုက်၏။ တည်ငြိမ်ပြီး မလှုပ်မယှက် ဖြစ်နေသော လုကျိုးကို မြင်တွေ့လိုက်သည့်အချိန် လီယွင်ကျောက်က သတိလက်လွတ် မပြုမူရဲတော့ချေ။ သူက လုကျိုးဆီသို့တလေးတစားလျှောက်သွားလိုက်သည်။ ပန်းထိုးသေတ္တာကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်တော့သည်။ “ဒါက မနေ့တုန်းက ကျွန်တော်ပြောတဲ့ ကောင်းကင်ကျမ်းစာ စာလိပ်ပါ”

လုကျိုး၏အကြည့်က ပန်းထိုးသေတ္တာဆီရောက်သွားသည်။

“ဒါဘာအတွက်သုံးလဲဆိုတာ မင်းသိလား” အသုံးမဝင်တဲ့အပိုင်းအစသာဆိုရင် သူတို့တွေက အခုချိန်ထိ သိမ်းထားမှာမဟုတ်ဘူး။

“ဒါကိုတွေးကြည့်တော့မှ မယ်တော်ကြီးက နှလုံးအောင့်တဲ့ဝေဒနာကိုခံစားနေရတာအတော်ကြာပြီ။ ဒီဟာကိုခေါင်းအုံးအနေနဲ့ အသုံးပြုလိုက်တဲ့အချိန်တလအတွင်း နာမကျန်းမှုအားလုံး ပျောက်ကင်းသွားတာ။ ဒီပစ္စည်းက ဖတ်ဖို့ကွဲပြားနေတဲ့စာလိပ်ဆိုတာနဲ့ ကွဲပြားနေတာပဲဖြစ်ရမယ်။ ဒါပေမဲ့ စွမ်းအားတချို့ပါဝင်တဲ့ ရှေးဟောင်းကျောက်စိမ်းနဲ့တူတယ်”

“မင်းက ခန့်မှန်းတာကောင်းတဲ့သူပဲ။ လုကျိုးက အဖြေမပြောပြခဲ့ပေ။

သူ၏စိတ်ကူးအတိုင်း ရှိစေသည်။

ပန်းထိုးသေတ္တာကို လက်ခံပြီးနောက် လုကျိုးက လက်ဝှေ့ယမ်းလိုက်ရာ အဖုံးပွင့်သွား၏။

“တင်း ... ကြွင်းကျန်ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ စာလိပ်ကိုရရှိပါပြီ”

သူထင်သည့်အတိုင်းပင် ကြွင်းကျန်ကောင်းကင်ဖွင့်လှစ်ခြင်းစာလိပ်ပဲဖြစ်သည်။

ထပ်ရှိသေးလား။ လုကျိုးသည် ကောင်းကင်ကျမ်းစာစာလိပ်ကိုမြင်တွေ့သည့်အချိန်၌ မျက်မှောင်အနည်းငယ်ကျုံ့သွား၏။

လီယွင်ကျောက်က အထိတ်တလန့်ဖြစ်သွားသည်။ သူက အမြန်ရှင်းပြလိုက်၏။

“ကျွန်တော် ဒါကို သိမ်းထားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ရှိခဲ့မယ်ဆိုရင် ဒီနေ့အထိ သိမ်းထားဖို့မစောင့်ပါဘူး။ နှစ်ပေါင်းများစွာကြာတဲ့အထိ ကျွန်တော့်မှာ အခွင့်အရေးမရှိခဲ့တာပါ”

…

အခန်း (၂၇၆) ဟိုငမိုက်သား ပြဿနာထပ်ရှာပြန်ပြီ

လုကျိုးက လီယွင်ကျောက်ကို တဲ့တိုးမပြောလိုက်ဘဲ သူ့ကိုယ်သူသာ ပြောနေသည်။

ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာ အလယ်ပိုင်း အပိုင်းအစ …

ဆိုလိုသည်မှာ နောက်ထပ် အပြင်ပိုင်း အပိုင်းအစတစ်ခု ရှိနေနိုင်သည်။ ထူးဆန်းလှ၏။

မိစ္ဆာအိုကြီးကျိက တစ်ခုတည်း ပေးခဲ့တာလား … အဲဒါက နန်းတော်ထဲမှာ ဖြစ်နိုင်တယ် … နောက်ဆုံးတစ်ခုက ဘယ်မှာများလဲ။

ကံဆိုးစွာဖြင့် လုကျိုးတွင် ပုံကြမ်း ရှိမနေပေ။ မဟုတ်ပါက သဲလွန်စအတွက် နှိုင်းယှဉ်ကြည့်နိုင်သေးသည်။ သို့သော်လည်း ယခုတော့ အသုံးမဝင်ပေ။ သူ ပြန်ရောက်မှ ရှာဖွေရမည်။ နောက်ဆုံးတွင် သူက လီယွင်ကျောက်ကို ပြောလိုက်သည်။

“ အဲဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး ”

လီယွင်ကျောက်က အနည်းငယ် ကြောင်အသွားသည်။ သူက ဘာမှဆက်မမေးရဲတော့ဘဲ ဘေးဘက် ကပ်နေလိုက်သည်။

လုကျိုးက အပိုင်းအစကို သိမ်းလိုက်သည်။ ထိုအရာက သူ့နောက်စွမ်းအားနှင့် ဆက်နွယ်နေသည်။ သူ့အင်အားကို တိုးပွားလာစေနိုင်သည့် အာမခံချက်ဖြစ်၍ သေချာဂရုတစိုက် ဆက်ဆံနေရသည်။

လီယွင်ကျောက်က မေးလိုက်သည်။ “ အရင် ကတိကရော …”

သူက စိုးရိမ်လာမိသည်။ မိစ္ဆာအိုကြီးက စကားကို ပြန်ရုတ်သိမ်းလျှင်ပင် အဆန်းမဟုတ်ပေ။

လုကျိုးက သူ့အား ကြည့်လိုက်ပြီးနောက် “ ငါက ကတိတည်တယ်။ မင်း ကောင်းကောင်းလုပ်ခဲ့တယ် ”

လီယွင်ကျောက်က စိတ်အေးသွားလေသည်။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ “ဆရာကြီးကို တောင်းဆိုစရာတစ်ခု ရှိပါသေးတယ် ”

“ ဘာများလဲ ”

“ ကျုပ် နန်းတော်ကနေ ထွက်လာတော့ အရှင်မကို စာလိပ်ပြန်ယူခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်။ အရှင်မကလည်း အဲဒီအကြောင်း ခဏတိုင်း ပြောခဲ့တာပါ။ ကျုပ် ဒီစာလိပ်ကို ပြန်ယူသွားဖို့ အကြောင်းအရင်းကောင်းကို မရှာတွေ့ခဲ့ဘူး။ အဲဒါနဲ့ မင်းသမီးကျောင်းယွဲ့ကို အကြောင်းပြချက်အနေနဲ့ အသုံးပြုခဲ့ပါတယ်။ အခု အရှင်မက ကျောင်းယွဲ့ကို တွေ့ချင်နေပါတယ် ” လီယွင်ကျောက်က ပြောလိုက်သည်။

လုကျိုးက သူ့ကို ကြည့်လိုက်သည်။

လီယွင်ကျောက်က အလျင်စလို ရှင်းပြလိုက်သည်။ “နန်းတော်ထဲမှာ အရှင်မနဲ့ ကျုပ်ပဲ ဒီကိစ္စကို သိတာဆိုတော့ ကျုပ်ခေါင်းနဲ့ ဒီလျှို့ဝှက်ချက်ကို ထိန်းထားပါ့မယ်လို့ အာမခံပါတယ် ”

လုကျိုးက လီယွင်ကျောက်ကို ကျောင်းယွဲ့ကိုယ်စား ငြင်းပယ်ခွင့်ရှိလေသည်။ သို့သော်လည်း သူက ကျောင်းယွဲ့ကို ကြည့်လိုက်သည့်အခါ အတွေးနစ်မျောနေသည်ကို မြင်လိုက်ရသည်။

လုကျိုးက သူ့ဘာသာ စဉ်းစားလိုက်ပြီးနောက် “ကျောင်းယွဲ့ ”

“ ဟုတ် ရှစ်စွင်း ”

“ ဒီကိစ္စက မင်းနဲ့ ပတ်သက်နေတာဆိုတော့ မင်းပဲ ဆုံးဖြတ်လိုက် ”

ကျောင်းယွဲ့က ရင်ထဲထိသွားသည်။ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်စဉ်ကတည်းက တပည့်များသည် သူတို့ဘာသာ ဆုံးဖြတ်နိုင်ခွင့်ရဖို့ ရှားကြသည်။ သူမက ရှစ်စွင်းသည် ဒီလိုအရေးကြီးကိစ္စအား သူမအား ဆုံးဖြတ်ခွင့်ပေးလာလိမ့်မည်ဟု မထင်ထားပေ။ သူမအား အမှန်တကယ် အံ့အားသင့်စေ၏။ သို့သော်လည်း သူမက ချက်ချင်း မဆုံးဖြတ်နိုင်ပေ။ သူမက ဘာမှမပြောခင် အရင်စဉ်းစားလိုက်ပြီး “ ရှစ်စွင်း … ကျွန်မ တစ်ချက်လောက် သွားကြည့်ချင်ပါတယ် ”

“ အဲဆိုလည်း သွား ”

ကျောင်းယွဲ့က ထိုအကြောင်းကြားသည့်အခါ လုကျိုးဆီ လာကာ ကန်တော့လိုက်သည်။

လုကျိုးက ကျောင်းယွဲ့ကို ကြည့်နေရင်း သူမ၏ သစ္စာရှိမှု မြင့်တက်လာသည်ကို မြင်လိုက်ရသည်။ သူက လက်အသာဝေ့လိုက်၏။

လီယွင်ကျောက်က ပြောလိုက်သည်။ “သူ ဘေးကင်းဖို့အတွက် ကျုပ်အသက်နဲ့ အာမခံပါတယ် ”

“ အဲဆို တပည့် သွားလိုက်ပါဦးမယ် ”

လီယွင်ကျောက် ဖိတ်ခေါ်ဟန် လက်ဟန်ပြလိုက်ပြီးနောက် ကျောင်းယွဲ့က တံခါးမှ ထွက်သွားလေသည်။ သိပ်မကြာခင် နှစ်ယောက်သား မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။

ချင်ကျွင်းက ပြောလိုက်သည်။

“ မင်းသမီးယွင်ကျောက်ရဲ့ ကလေးက ဆရာကြီးတပည့် ဖြစ်နေမယ် မထင်ထားမိဘူး။ ကောင်းကင်က ကျုပ်တို့ကို အရူးလုပ်နေတာပဲ”

“ သူက ဘယ်သူ့ကလေးလေးဖြစ်ဖြစ် ကိစ္စမရှိဘူး” လုကျိုးက ပြောလိုက်သည်။

“ ဆရာကြီး ပြောတာ မှန်တယ်”

လုကျိုးက သူ့အခန်းဆီ ပြန်ကာ ကောင်းကင်ကျမ်း လေ့လာတော့မည်ဆဲဆဲတွင် အစေခံတစ်ယောက်က အပြင်ဘက်မှ ပြေးလာကာ “ သခင်ကြီး စာရောက်နေပါတယ် ”

ချင်ကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး “ စာလား ”

အံ့ဖွယ်မြို့တော်က ကြီးမားလှသည်။ သူ့အပေါင်းအပါ မိတ်ဆွေများမှ ဖြစ်လျှင် ဒီနည်းလမ်းဖြင့် ဆက်သွယ်မည် မဟုတ်ပေ။

ချင်ကျွင်းက စာဖွင့်ဖောက်ကာ ဖတ်လိုက်သည်။ ထို့နောက် သူက သဘောပေါက်သွားသည်။ သူက အလျင်စလို ဦးညွှတ်လိုက်ပြီး “ဆရာကြီး ဒါက ခင်ဗျားအတွက်ပါ ”

“ခွင့်ပြုပါဦး ” ရှောင်ယွမ်အာက ရှေ့ခုန်ထွက်လာကာ စာဖွင့်ဖတ်လိုက်သည်။

“ လောင်ချန်းပေ့ … ကျုပ်က ဓားသင်္ချိုင်းရောက်နေတယ်။ အဲဒီမှာ ခင်ဗျား ရှာနေတဲ့တစ်ခုခု ရှိနေတယ်။ ခင်ဗျားရဲ့ တပည့်က တကယ်ကို ဇွဲကောင်းတာပဲ။ ဟားဟား ”

သူမက ဒီစာကို မည်သူ့ဆီကမှန်း တန်းသိလိုက်သည်။

လုကျိုးက မျက်မှောင်ကြုတ်ကာ “ ဓားသင်္ချိုင်းတဲ့လား ”

ချင်ကျွင်းက လက်နှစ်ဖက်ယှက်ကာ “ ဓားသင်္ချိုင်းက တော်ဝင်သင်္ချိုင်းနားမှာ ရှိတာပါ။ ပြောကြတာတော့ ယန်ပေါများပြီးတော့ ဓားအများကြီး မြှပ်နှံ့ထားတယ်တဲ့။ အဲဒီသင်္ချိုင်းကိုက ယင်သဘာဝဆိုတော့ ယင်ယန်မျှခြေကနေ ဓားကောင်းတွေ ပေါ်ထွက်လာဖို့ ပတ်ဝန်းကျင်ကောင်း ဖြစ်လာတာပဲ။ အဲဒါကြောင့် ဆယ်စုနှစ်တိုင်း ကျင့်ကြံသူတွေက ဓားသင်္ချိုင်းမှာ ကံသွားစမ်းကြတယ် ”

ထိုရှင်းပြချက်ဖြင့် ကျန်းအိုက်ကျန့်သည် ဓားကောင်း ထပ်သွားရှာနေမှန်း သိသာလှသည်။ သူက ဒီလိုအခွင့်ကောင်းကို လက်လွတ်ခံမည် မဟုတ်ပေ။ သူက ဓားကို အရိုးထဲထိအောင် မြတ်နိုးသူ ဖြစ်ပြီး သူ့အသက်လောက် တန်ဖိုးထားလေသည်။

လုကျိုးက တိတ်ဆိတ်လျက်ရှိနေကာ လက်နောက်ပစ်လျက် ခန်းမထဲမှ ထွက်လာလိုက်သည်။

“ ရှစ်စွင်း ကောင်းကောင်းအနားယူပါ ”

“ ဆရာကြီး ကောင်းကောင်းနားပါ ”

လုကျိုးက အခန်းဆီ ပြန်လာရာလမ်းဝယ် သေတ္တာထဲမှ ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာ အပိုင်းအစကို ထုတ်ကြည့်လိုက်သည်။ သူ ထိလိုက်သည့် အခိုက်အတန့် စာလိပ်က ကြယ်တာရာအလင်းများအဖြစ် ပျော်ဝင်သွားကာ သူ့ဆီ မျောလွင့်လာသည်။ ထိုစဉ် လက်ကျန် အပိုင်းအစလေးလည်း ပျောက်ကွယ်သွားလေ၏။

လုကျိုးက ကောင်းကင်ကျမ်း စွမ်းအားကို စူးစမ်းလိုက်သည်။ စွမ်းအားအသစ် မရှိနေချေ။ သူက တင်ပျဉ်ခွေထိုင်ကာ ရေရွတ်လိုက်၏။ “ ကြည့်ရတာ နောက်ဆုံးအပိုင်းအစ ရတဲ့အထိ စောင့်ရမဲ့ပုံပဲ ”

လုကျိုးက ထိုကိစ္စပေါ် စိတ်မထားတော့ဘဲ ကောင်းကင်ကျမ်းကိုသာ ဆင်ခြင်လိုက်သည်။

ညအခါ ကျရောက်လာသည်။

အံ့ဖွယ်မြို့တော်က တိတ်ဆိတ်နေလေသည်။

ကျောတွင် ဓားတစ်ချောင်းလွယ်ကာ အစိမ်းဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က မင်းသားချီ အိမ်တော်ဆီ ချဉ်းကပ်လာသည်။ သူက လမ်းမအထက် တော်ဝင်မြို့တော်ဆီ တရှိန်ထိုးသွားနေသည့် ရထားလုံးတစ်စီးကို မြင်လိုက်ရသည်။

လီယွင်ကျောက်က ရထားလုံးပေါ်တွင် ရပ်ကာ မြင်းကို မောင်းနှင်နေသည်။

ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးကာ ခေါင်းခါလိုက်ပြီး “ ရှစ်မေ့ ဂုဏ်ပြုပါတယ် ”

သူက တာ့ယန်၏ အနောက်တောင်ဘက်ဆီ လှမ်းကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။

“ မင်းက ငါ့ထက် ကံပိုကောင်းတယ် ”

ယွီရှန်းရုန်က ရုတ်ချည်းဆိုသလို လေပြင်းမုန်တိုင်းသဖွယ် ကြောက်မက်စရာကောင်းသည့် ဓားချီများ ထွက်လာစေကာ ထိုဦးတည်ရာဆီ သွားတော့သည်။ ကောင်းကင်တွင် ဓားအရိပ်များစွာက နေရာယူထားလေ၏။ သူတို့က ထောင်ချီ၊ သောင်းချီ ရှိနေသည်။ လှိုင်းလုံးကြီးလိုမျိုး ညကောင်းကင်ယံဆီ ပစ်ခွင်းသွားသည် “ဓားနတ်ဆိုး ကံကြမ္မာ ”

မင်ရောင် စွမ်းအားဓားများက မျက်လုံးပါရှိသည့်အလား ပတ်ဝန်းကျင်တွင် စောင့်ဆိုင်းနေသည့် အနက်ဝတ် ကျင့်ကြံသူများဆီ ပြေးဝင်သွားသည်။

ဝှစ် ဝှစ် ဝှစ်

“ အား … ဓားနတ်ဆိုးပဲ ”

“အဲဒါ ယွီရှန်းရုန်ပဲ။ နောက်ကျလွန်းသွားပြီ ”

ဓားမိုးက သူတို့အပေါ် ကျရောက်လာကာ အတိအကျ ထိုးဖောက်သွားကြသည်။

ခေါင်မိုးပေါ်မှ မြေကြီးပေါ် အလောင်းများ ပြုတ်ကျလာသည်။ ထိုလူများက ခုခံဖို့ အခွင့်အရေးပင် မရလိုက်ချေ။

ဓားမိုး ရပ်တန့်သွားသည့်အခါ အနက်ဝတ် ကျင့်ကြံသူများ၏ အလောင်းများက လမ်းမအထက် ပြန့်ကျဲနေသည်။

သက်တော်ရှည်ဓားက ဓားအိမ်ဆီ ပြန်ရောက်ရှိလာသည်။

ယွီရှန်းရုန်က ဘာမှမဖြစ်သည့်အလား ပြုမူလိုက်၏။ သူက လေထဲမှ ငုံ့ကြည့်လိုက်သည်။ သူက အလောင်းများကို အကြည့်တစ်ချက်ပင် ပေးမလာပေ။ ထို့အစား သူ့အကြည့်များက မင်းသားချီအိမ်တော်ဆီသာ‌ ရောက်နေ၏။ သူက သက်ပြင်းချလိုက်ပြီး “ ရှစ်စွင်း … မင်းသားချီက တာ့ရှစ်ရှိုးရဲ့ လူလေ … ဘာလို့များ ဒီကို ရောက်လာရတာလဲ ”

ယွီရှန်းရုန်က သူ့အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် မင်းသားချီ အိမ်တာ်အပေါ်တွင် ဝေ့ဝဲနေသည်။ အကယ်၍ သေချာမကြည့်ပါက မင်းသားချီ အိမ်တော်အထက် ထိပ်တန်းပညာရှင်တစ်ယောက်ကို မြင်နိုင်မည် မဟုတ်ပေ။ သူက လေထဲတွင် နတ်ဘုရားတစ်ပါးလို ရပ်နေသည်။ သူက ချက်ချင်း မထွက်သွားသေးပေ။

သူက လက်ပိုက်ကာ မင်းသားချီ အိမ်တော်အား ဆက်ကြည့်နေလေ၏။

“ဟမ် ”

ယွီရှန်းရုန်၏ အာရုံက အပြာရောင်အလင်းဆီ ကျရောက်သွားသည်။ ထိုအလင်းက ညအမှောင်ထဲတွင် ပိုးစုန်းကြူးကဲ့သို့ ဖြစ်ကာ ကန်ထဲက လရိပ်ထင်ဟပ်နေသည်နှင့်လည်း တူသည်။ ထူးခြားသည်ဟု ခံစားရ၏။ သူက ဗဟုသုတကြွယ်ဝသော်လည်း ဘာမှန်း မသိပေ။

သူက သိချင်စိတ်ဖြင့် ပျံသန်းလာမိသည်။ သူက ခေါင်မိုးပေါ်တွင် ရပ်ကာ ကြည့်နေစဉ် အပြာရောင် ကြယ်တာရာအလင်းစက်များက အခိုးအငွေ့ တိမ်တိုက်ပမာ သိပ်သည်းစွာ စုဝေးလာကြသည်။

…

All Chapters