← Chapters

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃) မဟာနတ္ထိဘုရားကျောင်း၏ ပထမဆုံးကျောင်းထိုင်

ရွှေခန္ဓာသည် စိတ်ဝိညာဉ်သဏ္ဌာန်၏ နောက်ထပ် သရုပ်သကန်ဖွဲ့တည်မှု ဖြစ်သည်။ အဓိကအားဖြင့် သူတို့ကြားထဲ၌ ကွာဟချက် သိပ်မရှိပေ။

“ဗုဒ္ဓ၏ ရွှေခန္ဓာ”

“ဗုဒ္ဓအကျော်အမော်”

“ဗုဒ္ဓရဲ့မဟာပညာရှင်”

ထိုရွှေခန္ဓာသည် ရဟန္တာကိုယ်ထည်ထက် ပိုပြီး ကြီးမားလေ၏။ ရဟန္တာရွှေကိုယ်ထည်က ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့်ရှင့် ညီမျှပြီး ဗောဓိသတ္ထရွှေခန္ဓာသည် ပွင့်ချပ် ခြောက်လွှာ ကျင့်ကြံဆင့်နှင့် ညီမျှပြီး ဗုဒ္ဓရွှေခန္ဓာတော်က ပွင့်ချက်ခုနှစ်လွှာ သို့မဟုတ် ပွင့်ချပ် ၈လွှာကျင့်ကြံဆင့်နှင့် ညီမျှပေ၏။

သူတို့ရှေ့ရှိ ရွှေခန္ဓာက ဗုဒ္ဓရွေခန္ဓာတော်ပင် ဖြစ်သည်။ ဤနေရာ၌ ဗုဒ္ဓပညာရှင်ကြီးတစ်ဦး ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားပေ။

ကျန်းအိုက်ကျန့်သည် လုကျိုးက ယူနန်၏ အထွတ်အထိပ် ယဇ်ပလ္လင်၌ ဗုဒ္ဓရွှေခန္ဓာကို ထုတ်ပြတာ မျက်မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ သူ့ရှေ့၌ နောက်ထပ် သရုပ်သကန်ပြမှု ပေါ်လာသောအခါ သူက ချက်ချင်း မှတ်မိသွား၏။ လုကျိုးကို ကြည့်ကာ ပြောလိုက်တော့သည်။

“ဆရာကြီးရဲ့ ဗုဒ္ဓရွှေခန္ဓာနဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်ဘူးပဲ။ အဘိုးနဲ့မြေးကို ယှဉ်နေသလိုပဲ”

ချင်ကျွင်းက ဇဝေဇဝါ ဖြစ်နေပုံဖြင့် မေးလိုက်တော့၏။

“ဆရာကြီး ဗုဒ္ဓနဲ့ ဇင်ဂိုဏ်းရဲ့ ကျင့်စဉ်တွေ အကြောင်း သိတယ်လား”

“သိရုံတင်မကဘူး။ ဒါပေမဲ့ သူက ဒုတိယလို့ ပြောရင် ပထမနေရာကို ဘယ်သူမှ မယူရဲဘူး”

ကျန်းအိုက်ကျန့်သည် လုကျိုးအကြောင်း ချီးကျူးရာ၌ ထိန်းချုပ်မထားပေ။ ဗုဒ္ဓရွှေခန္ဓာကို မျက်မြင်တွေ့ဖူးချိန်မှ စပြီး အဖြစ်အပျက်ပြီးနောက် သူ တွေ့ဖူးသည့် ကျန်သောဗုဒ္ဓကျင့်ကြံသူများသည် အားနည်းလွန်းပြီး ထည့်ပြောရန် မထိုက်တန်ဟု တွေးမိသည်။

သို့သော် ကျန်သည့်သူများအဖို့ သူတို့သည် ထိုပညာရှင်ကြီးကို အထင်ကြီးနေကြတာ သိသာ၏။

ထန်း ထန်း ထန်း..

ဓားပျံများက ရွှေခန္ဓာနှင့် တိုက်မိကုန်၏။ သူတို့က နောက်သို့လွှင့်ထွက်သွားကာ ပြန်ရောက်သွားသည်။

မဟာအကျော်အမော်က လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။

“အမှိုက်တစ်စုပဲ”

“ဟမ်..”

တစ်ဖက်လူများက မှင်တက်သွား၏။ သည် မဟာအကျော်အမော်က ဘာကြောင့် ဒီစကားတွေ ပြောရတာလဲ။

“ဓားပျံတွေကို စွန့်ပစ်လိုက်”

မဟာအကျော်အမော်က ဟိန်းဟောက်လိုက်၏။

“နား.. နားလည်ပါပြီ”

ဤနေရာ၌ ထိုကဲ့သို့ လက်ရွေးစင်တစ်ယောက် ရှိနေလေရာ မည်သူမျှ ဓားမကိုင်ထားရဲတော့ချေ။ သူတို့က ဓားပျံများကို ပစ်ထုတ်လိုက်တော့၏။

ဓားများက အစီအရင်ထဲ ကျရောက်သည့် အချိန်တွင် သူတို့ကို ကနဦးချီက သယ်ဆောင်လျက် ခုနှစ်ပါး အစီအရင်ဆီသို့ ပြန်ရောက်သွားတော့သည်။ ဓားအစီအရင်က ၎င်း၏ တိုက်ခိုက်မှုကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ပြီး မူလပုံစံ ဖွဲ့တည်လိုက်၏။ ဓားများက ကြီးမားသည့် အုတ်ဂူကို ထပ်မံ ရစ်ပတ်နေကြ၏။ မြေပြင်ပေါ်၌ ခရမ်းရောင်ဖျော့ဖျော့ အလင်းစက်ဝန်း ခုနှစ်ခုကြောင့်သာ မဟုတ်လျှင် တစ်စုံတစ်ယောက်က ထိုဓားများကို ထိန်းချုပ်ထားတာဟု သူတို့ တွေးမိလောက်သည်။

အဆုံးသတ်ခုနစ်ပါးအစီအရင် ပြန်လည် ဖွဲ့တည်ပြီးသည့် အချိန်၌ ရွှေရောင်ဗုဒ္ဓခန္ဓာက ပျောက်ကွယ်သွားတော့၏။

ထိုမတိုင်မီက ကျင့်ကြံသူများအားလုံး၏ ကြိုးစားအားထုတ်မှုက အချည်းနှီး ဖြစ်ကုန်သည်။ သူတို့က ဒုက္ခခံပြီး ရယူထားရသည့် ဓားများကို လက်လျော့ရတော့မည်။ သူတို့၏ အာရုံစိုက်မှုက မဟာအကျော်အမော်တွင်သာ ရှိနေကြ၏။ ယခုအချိန်တွင် သူတို့က သူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရပြီဖြစ်သည်။ မဟာအကျော်အမော်သည် ပိန်လှီနေလျက် မီးခိုးရောင် ရဟန်းဝတ်ရုံကို ဝတ်ထားပြီး ဦးထုပ်ဆောင်းထားလေသည်။ သူက မငယ်တော့ပေ။ အမှန်တကယ်တွင် သူက အားအင်များ ပြည့်ဖြိုးနေပုံ ပေါ်သည့်တိုင် အသက်၆၀ ရှိပုံပေါ်၏။

“ဒါက.. ဗုဒ္ဓမဟာအကျော်အမော်ပဲ၊ ငါတို့ရဲ့ အပြုအမူတွေ ဘယ်မှာလဲ”

ကျန်သည့်သူများက မဟာအကျော်အမော်ကို အရိုအသေပေးလိုက်သည်။ ထိုစဉ် ကျန်းအိုက်ကျန့်က ရုတ်တရက် ပြုံးကာ ပြောလိုက်တော့၏။

“ခုံယွမ် ခင်ဗျား ဘာဖြစ်တာလဲ”

ကိုယ်တော်က မျက်မှောင်ကြုတ်လိုက်၏။ ဓားသွားပမာ စူးရှသော အကြည့်ဖြင့် သူက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်သည်။ ကျန်သည့်သူများက တအံ့တဩ ထုတ်ဖော်ပြောတော့၏။

“မဟာအကျော်အမော် ခုံယွမ်လား”

“မဟာနတ္ထိဘုရားကျောင်းရဲ့ မဟာအကျော်အမော် ခုံယွမ်လား”

မဟာနတ္ထိဘုရားကျောင်းသည် အဓိကဗုဒ္ဓဂိုဏ်းလေးဂိုဏ်းထဲ၌ ပထမဖြစ်ပြီး အမြဲတမ်း လေးစားခံရ၏။ သို့သော်ငြား ယူနန်၏ အထွတ်အမြတ် ယဇ်ပလ္လင်ကိစ္စပြီးနောက် ၎င်း၏ ဂုဏ်သတင်းက ပျောက်ကွယ်သွားသည်။ သို့သော် ခုံယွမ်က သိုင်းပညာရှင်ကြီး ဖြစ်နေသေးသောကြောင့် သူတို့က ကြောက်လွန်းနေပြီး ဘာမှပြောကြမှာ မဟုတ်ပေ။

“မင်း ငါ့ကို သိလား”

ခုံယွမ်က မေးလိုက်၏။

“မဟာအကျော်အမော် ခုံယွမ် ခင်ဗျားက နိမ့်ကျတဲ့ ရဟန်းတစ်ပါးလို ဘာကြောင့် ဝတ်ထားလဲဆိုတာ ကျုပ်နားလည်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဗုဒ္ဓပုတီးကို ကျေးဇူးပြုပြီး ဝှက်ထားလိုက်ပါအုံး အဲဒါတွေက ထင်းထွက်လွန်းတယ်”

ကျန်းအိုက်ကျန့်သည် ပြောင်ချော်ချော် ပြောလိုက်တော့၏။ ခုံယွမ်က သူ၏ပုတီးကို ကြည့်လိုက်သည်။ သူက ရွှေခန္ဓာကိုယ် ထုတ်ဖော်ပြီး ကနဦးချီကို ပုတီးထဲ ထည့်သည့် အချိန်က သူ့ကိုယ်သူ ထုတ်ဖော်မိသွားတာ ဖြစ်ရမည်။

အဓိက ဗုဒ္ဓဂိုဏ်းကြီး လေးဂိုဏ်း၌ ခုံယွမ်သာလျှင် ပုတီးများ ကိုင်ဆောင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

သို့သော် ယင်းက အရေးမကြီးပေ။ ခုံယွမ်က လေးနက်သည့်အသံဖြင့် ပြောလိုက်တော့၏။

“ဒီလိုဆိုရင် ကွယ်ဝှက်စရာ အကြောင်းမရှိတော့ဘူး။ အဆုံးသတ်ခုနှစ်ပါးအစီအရင်ထဲက နတ်ဆိုးဓားကို ရဖို့ ဆုံးဖြတ်ထားတယ်။ တခြားဟာတွေကို မလိုဘူး။ မင်းတို့ ယူလို့ရတယ် ဘယ်လိုလဲ”

ကျန်သည့် ကျင့်ကြံသူများက သူ့ကို ပြန်မပြောဝံ့ပေ။ အဆုံးတွင်မူ ခွန်အားကသာ ဤနေရာ၌ အကျယ်လောင်ဆုံး ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သူတို့ကိုယ်ကိုယ် ရိုးသားစွာ အကဲဖြတ်ပြီးနောက် နတ်ဆိုးဓားကို ကိုင်ဆောင်ရန် ထိုက်တန်သည်ဟု မထင်ပေ။ တစ်စုံတစ်ယောက်ကသာ သူတို့ကို ဓားအစီအရင်ကို ဖြိုလဲနိုင်အောင် ဦးဆောင်ပေးမည် ဆိုလျှင် သူတို့က ကျန်သည့်ဓားပျံများကို ရနိုင်ပါက ဆိုးရွားသည့် ရွေးချယ်မှုတစ်ခု မဟုတ်ပေ။

“ဒီလိုဆိုမှတော့.. ဆရာတော် ကျွန်တော်တို့ကို အစီအစဉ်တစ်ခု ကြင်ကြင်နာနာနဲ့ ပံ့ပိုးပေးပါအုံး”

“မဟာအကျော်အမော်.. ကျွန်တော်ကတော့ ခင်ဗျားနတ်ဆိုးဓားကို ယူတာနဲ့ ပတ်သတ်ပြီး စိတ်ထဲ စနိုးစနောင့် ဖြစ်မနေပါဘူး။ ဒါပေမဲ့ ဒီဓားအစီအရင်က အင်မတန် ထူးဆန်းတာ။ ဘယ်လို ဖြိုခွင်းမှာလဲ”

ကျန်သည့် ကျင့်ကြံသူများက ထိုအကြောင်းအရာကို တိတ်တဆိတ် ထောက်ခံပြီး စကားမပြောခဲ့ကြပေ။ ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်မိ၏။ ဖြောင့်မတ်ခြင်းလမ်းစဉ် အဖွဲ့ဝင်များဟူသည် မြည်းကတုံးရှေ့၌ သူရဲဘောကြောင်သည့် လူတစ်စုသာ ဖြစ်နေသည်။ သူတို့၌ ကိုယ်ကျင့်သိက္ခာမရှိ၊ ကျောရိုးလည်း မရှိကြပေ။

ခုံယွမ်က ဓားအစီအရင်ကို ကြည့်ပြီး ပြောလိုက်တော့သည်။

“အဲဒီဓားအတွက် ပြင်ဆင်မှုတွေ အများကြီး ငါလုပ်ပြီးသား ဒီမှာ ကိစ္စမရှိတဲ့သူတွေ ဒါမှမဟုတ် ငါ နတ်ဆိုးဓားကို ယူမှာကို သဘောမတူတဲ့သူတွေ အခု ထွက်သွားလို့ရပြီ”

သူက သူတို့ကို ထွက်သွားခိုင်းချင်ကာ သူ၏အဆင့်အတန်းကို ပြသနေတာပဲ ဖြစ်သည်။

ပြောပြီးသည်နှင့် လူနှစ်ယောက်က အဖွဲ့ထဲကနေ ဖယ်ခွာသွားကာ ထွက်ပေါက်ဆီသို့ ဦးတည်သွားလိုက်၏။

ကျန်းအိုက်ကျန့်က တီးတိုးပြောလိုက်သည်။

“အိုး.. ငါ... သူတို့တွေမှာ ကျောရိုးရှိသကိုး..”

ခုံယွမ်က သူတို့ကို မတားပေ။ သူ၏အကြည့်က လုကျိုးတို့အဖွဲ့ဆီ ရောက်သွားကာ မေးလိုက်တော့၏။

“ဒကာတို့ ပြောစရာရှိလား”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“ကျုပ်ရှိတယ်”

“ကြားပါရစေ ဒကာ”

ခုံယွမ်က ပြန်ပြောလိုက်၏။

ခုံယွမ်သည် ယခင်က လုကျိုးနှင့် တစ်ခါမျှ မတွေ့ဖူးပေ။ ထို့အပြင် သင်္ချိုင်းထဲ၌ အလင်းရောင်မှိန်နေ၏။ လုကျိုး ထိုနေရာတွင် ရပ်နေသည်ကို သတိပင် မပြုမိပေ။

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“ဒီဓားအစီအရင်ကို ခင်ဗျား မဖျက်နိုင်ရင် ဘာဖြစ်မလဲ”

ခုံယွမ်က လှောင်ပြုံးဖြင့် ပြောလိုက်၏။

“ဒီနေရာကို ငါရောက်နေပြီ ဆိုမှတော့ ဒါကို ဖြိုခွဲနိုင်ဖို့ ယုံကြည်ချက် ရှိတာ သဘာဝပဲလေ”

“ခင်ဗျားအစီအရင်ကို ဖျက်နိုင်မယ်လို့ မထင်ဘူး။ ဒီအစီအရင်ကို ခင်ဗျားမဖျက်နိုင်ရင် ဘာကြောင့်များ နတ်ဆိုးဓားကို ယူမယ်ဆိုပြီး ကြွားလုံး ထုတ်နေရတာလဲ။ အရှက်မရှိလိုက်တဲ့ အကျင့်စရိုက်ပဲ”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

လုကျိုး၊ ရှောင်ယွမ်အာနှင့် ချင်ကျွင်းက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်၏။ သူတို့က သူ၏ အပြောကောင်းခြင်းကို အထင်ကြီးသွားကြသည်။

ခုံယွမ်က အဆင့်အတန်း မြင့်မားသည်။ သူသည် မဟာနတ္ထိဘုရားကျောင်း၏ ကျောင်းထိုင်လည်း ဖြစ်သည်။ သူ့ကို တခြားသူများ အမေးထုတ်တာကို တစ်ခါမျှ ခွင့်မပြုခဲ့ပေ။ သူက ချက်ချင်း ပြောလိုက်၏။

“ဒီအစီအရင်ကို ငါ မဖျက်ဆီးနိုင်ရင်တောင် နတ်ဆိုးဓားကို လျစ်လျူရှုလိုက်ရုံပေါ့။ ဒါပေမဲ့ အစီအရင်ကို ငါ မဖျက်ဆီးနိုင်ရင် ဘယ်သူက လုပ်နိုင်မှာလဲ”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“တခြားသူ ဒီအစီအရင်ကို ဖျက်နိုင်မဖျက်နိုင်တော့ ကျုပ်မသိပေမဲ့ ခင်ဗျား မဖျက်နိုင်ဘူးဆိုတာ သိတယ်”

ခုံယွမ်က ကျန်းအိုက်ကျန့်ကို ထပ်ကြည့်လိုက်သည်။ သူတို့ အကြည့်ချင်း ဆုံသွားသောအခါ ကျန်းအိုက်ကျန့်သည် သူ့ကို ရည်ရွယ်သည့် သတ်ဖြတ်ခြင်းဆန္ဒတစ်စွန်းတစ်စကို ခံစားမိလိုက်၏။ ကျန်းအိုက်ကျင့် ထိတ်ခနဲ ဖြစ်သွားတော့သည်။ ဗုဒ္ဓမဟာအကျော်အမော်တစ်ယောက်က ဒီလိုပုံတဲ့လား။ သူက နောက်ဆုတ်ပြီး လုကျိုးနား တမင်တကာ ကပ်လိုက်တော့သည်။

လုကျိုးက ပြောလိုက်တော့၏။

“ထွက်သွား”

‘သူက တခြားသူတွေကို ခြိမ်းခြောက်ဖို့ သူ့ အဆက်အသွယ် သုံးချင်နေတာလား။ သူက ရာရာစစ ငါ့ကို သုံးရဲတယ်ပေါ့’

ခုံယွမ်က ကျန်းအိုက်ကျန့်ကို လျစ်လျူရှုထားသည်။ ကျန်သည့် ကျင့်ကြံသူများကို ခေါ်လိုက်၏။

“အမြုတေနှလုံးသားဂိုဏ်း၊ ခုနှစ်စင်ကြယ်မျှော်စင်ဂိုဏ်း၊ ကောင်းကင်အဇတ္တာဂိုဏ်း၊ ဟုန်ချူဂိုဏ်းခွဲက တပည့်တွေ.. ရှေ့တက်”

သူက ထိပ်သီးဂိုဏ်း၁၀ဂိုဏ်း၏ တပည့်များကို ရှေ့သို့ ခေါ်ထုတ်လိုက်၏။

တပည့်အယောက်၂၀က ရှေ့တက်လာသည်။

“ကျေးဇူးပြုပြီး အမိန့်ပေးပါ”

“မင်းတို့ရဲ့ အရည်အချင်း အစစ်အမှန်ကို မြင်ချင်တယ်။ မင်းတို့ရဲ့ဆရာတွေကို အရှက်မကွဲစေနဲ့”

ခုံယွမ်က ပြောလိုက်သည်။ တပည့်အယောက်၂၀က အကြည့်ချင်း ဖလှယ်လိုက်၏။ သူတို့က ခေါင်းခါကာ သက်ပြင်းချလိုက်တော့သည်။ သူတို့ထဲမှ ကျင့်ကြံဆင့် အနက်နဲဆုံးသူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ ဝင်ရောက်ကာစ ဖြစ်သည်။ ကျန်သည့်သူများက အများစုသည် ဗြဟ္မပင်လယ်နယ်ပယ်တွင် ရှိကြပြီး နတ်ဒေဝါဦးတည်နယ်ပယ်က လက်တစ်ဆုပ်စာသာ ရှိ၏။ ခုံယွမ်ကို သူတို့ မည်သို့ ရင်ဆိုင်တိုက်ခိုက်ရမည်နည်း။

“ဒါဆို စလိုက်ရအောင်”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ကျင့်ကြံသူများက မူလနေရာသို့ ပြန်သွားပြီး သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များကို ထုတ်ဖော်လိုက်တော့၏။

ကျန်းအိုက်ကျန့်သည် ကြုံလှီသော စိတ်ဝိညာဉ်သဏ္ဌာန်ကို မမြင်တွေ့နိုင်ပေ။ သူက ကရုဏာသက်စွာ ကြည့်ပြီး ပြောလိုက်တော့၏။

“ဆရာကြီး ကျွန်တော်တို့တွေ..”

“လောနေဖို့ မလိုဘူး”

လုကျိုးက စိတ်မပါလက်မပါ ပြောလိုက်၏။ တစ်စုံတစ်ယောက်က အမြောက်စာ ဖြစ်ချင်လျှင် သူက နောက်တွင် ထိုင်နေဖို့ ပျော်တာထက် ပိုနေပြီး အကျိုးအမြတ်ကို ရိတ်သိမ်းမှာပဲ ဖြစ်သည်။ ထို့အပြင် ယခုက သူ၏ အထွတ်အထိပ် အခြေအနေတွင် မဟုတ်သောကြောင့် သူ၏ကတ်များကို တတ်နိုင်သမျှ သိမ်းထားချင်သည်။

ခုံယွမ်က ကျန်းအိုက်ကျန့်ကို ကြည့်ပြီး သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖျတ်ခနဲ ပေါ်လာ၏။ လေထဲ၌ သိမ်မွေ့သည့်အသံ ပေါ်လာပြီးနောက် သူ၏ဝတ်ရုံက လွှင့်နေကာ ရွှေရောင်အလင်း ပေါ်လာတော့၏။

“တောက်ပခြင်းကြေးမုံ”

…

အခန်း (၂၈၄) အစကတည်းက အကြီးမြတ်ဆုံးမိစ္ဆာဇင်

လုကျိုးက တောက်ပခြင်းကြေးမုံ နည်းစနစ်ကို တစ်ခါမက မြင်တွေ့ဖူးလေသည်။ လတ်တလောက ပဒုမ္မာစင်မြင့်အထက်တွင် ကျင်းယန်၏ တပည့်ဖြစ်သည့် ဝူညန်ဟု ခေါ်သည့် ဗုဒ္ဓအရှင်တစ်ယောက်ဆီမှ ဖြစ်သည်။ ခုံယွမ်၏ တောက်ပကြေးမုံသည် ၀ူညန်ထက် ပိုအားကောင်းပုံပေါ်သည်။ သူ့ကို ဗဟိုထားကာ စတင်တောက်ပလာသည်နှင့် အလင်းစက်ဝန်းက ဘေးပတ်ဝန်းကျင်ဆီ ကျယ်ပြန့်လာသည်။ တောက်ပခြင်းကြေးမုံ နယ်နမိတ်အတွင်း ရှိသူတိုင်း သက်ရောက်မှုခံလိုက်ကြရသည်။

ကျင့်ကြံသူများက သူတို့ခန္ဓာကိုယ်မှ ထွက်လာသည့် စွမ်းအားကို ခံစားမိလိုက်ကြပြီး သူတို့အမူအရာတို့က အံ့အားသင့်ဟန်ပြောင်းလဲသွားသည်။

“တိုက်ကြ”

လက်ဝါးချက်များနှင့် တာအိုစည်းတံဆိပ်တို့က ယခင်ထက် အားပြင်းပြင်းဖြင့် ရောက်လာသည့် ဓားပျံများဆီ ထိပ်တိုက်ဝင်သွားသည်။

ဘန်း ဘန်း ဘန်း

ခုံယွမ်က မြင်ရတာ ကျေနပ်နေလေသည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများက အသေးအမွှားဂိုဏ်းများထက် ပိုသာပေသည်။ တောက်ပကြေးမုံ၏ သက်ရောက်မှုအောက်တွင် သူတို့က ပိုအားကောင်းလာကြသည်။ သက်ရောက်မှုက သူ မျှော်မှန်းထားသည်ထက် ပိုကောင်းနေသည်။

ဘန်း ဘန်း ဘန်း

တိုက်ခိုက်သံများကြားတွင် ဓားပျံများစွာက ချက်ချင်း ပြုတ်ကျကုန်သည်။

ယခင်ကဲ့သို့ မြေပေါ်ရှိ အလင်းစက်ဝန်း ခုနှစ်ကွင်းက တောက်ပလာပြန်သည်။

ကျန်းအိုက်ကျန့်က နားမလည်စွာ မေးလိုက်သည်။ “လောင်ချန်းပေ့ … အဲဒီအလင်းစက်ဝန်း ခုနှစ်ခုက ဘာကိုဆိုလိုတာလဲ ”

လုကျိုးက ဖြေလိုက်သည်။

“ ပထမတစ်ခုက နတ်ဘုရားထောက်တိုင်၊ ဒုတိယက လည်ပတ်ရေးကျောက်စိမ်း၊ တတိယက တောက်ပရေးပုလဲ၊ စတုတ္ထက မျှခြေ၊ ငါးခုမြောက်က ကျောက်စိမ်းအာရုံကျည်တောက်၊ ခြောက်ခုမြောက်က နှလုံးသားဟင်းလင်းပြင်နဲ့ ခုနှစ်ခုမြောက်က မှိတ်တုတ်အလင်းရောင် … ပထမတစ်ခုကနေ လေးခုအထိက ကိုယ်ထည်က လာပြီးတော့ ငါးခုကနေ ခုနှစ်ခုအထိက လက်ကိုင်ကနေ လာတယ်။ သူတို့အတူတူဆိုရင် ခုနှစ်စင်ကြယ် ဖြစ်လာတယ် … ”

“ ကျွန်တော် သိပြီ” ကျန်းအိုက်ကျန့်က နားလည်သွားလေသည်။

ရှောင်ယွမ်အာက ကျန်းအိုက်ကျန့်ကို ကြည့်ကာ “ အဲဒါဘာကြီးလဲ ”

“ငါ့ကို မမေးနဲ့ …ငါ အယောင်ဆောင်နေတာ” ကျန်းအိုက်ကျန့်က မြေပေါ်ရှိ အလင်းစက်ဝန်း ခုနှစ်ခုကို ကြည့်လိုက်သည်။

ချင်ကျွင်းက ရှင်းပြလိုက်သည်။

“ ခုနှစ်စင်ကြယ် ဆင်းသက်လာတယ်။ ခုနှစ်စင်ကြယ် ပါးစပ်ကနေ လက်ကိုင်အထိ အစီအစဉ်အတိုင်းဆိုရင် နတ်ဘုရားထောက်တိုင်၊ လည်ပတ်ရေးကျောက်စိမ်း၊ တောက်ပရေးပုလဲ၊ မျှခြေ၊ ကျောက်စိမ်းအာရုံကျည်တောက်၊ နှလုံးသားဟင်းလင်းပြင်နဲ့ မှိတ်တုတ်အလင်းရောင်တို့ပဲ။ အဲဒီအလင်းစက်ဝန်းခုနှစ်ခုက တစ်ခုတည်းဖြစ်သွားတဲ့အခါ အရမ်းကြောက်ဖို့ကောင်းတယ် …”

ပြုတ်ကျလာသည့် ဓားပျံများက ပိုမို ကြမ်းတမ်းလာဟန်ဖြင့် ကျင့်ကြံသူများကို တိုက်ခိုက်ကြတော့သည်။

ဝှီး ဝှီး ဝှီး

“ဆရာကြီး ဘာမှမလုပ်တော့ဘူးလား” တစ်ယောက်က မေးလိုက်သည်။

ခုံယွမ်က ခနဲ့ပြုံးလိုက်သည်။ သူက လက်ဝါးရာများစွာ ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ကျန်ရှိနေသော ကျင့်ကြံသူများဘက် လှည့်ကာ အမိန့်ပေးလိုက်သည်။

“ ဘာစောင့်နေကြတာလဲ။ ဟာကွက်ကို ရှာပြီး ခုနှစ်စင်ကြယ် ဆင်းသက်လာတာကို တားကြ ”

ကျင့်ကြံသူများက မြေပေါ်ရှိ တောက်ပကာ ပျံသန်းနေသည့် ဓားများကို ကြည့်လိုက်ကြသည်။

ခုံယွမ်နှင့် အခြားလူများက ဓားပျံအုပ်စုလိုက်ကို ကြည့်နေစဉ် သူတို့က ဘေး၌ စိတ်လှုပ်ရှားနေကြသည်။

သူတို့က ခုနှစ်စင်ကြယ် ဆင်းသက်လာရာဆီ ပြေးသွားလိုက်ကြသည်။

တချို့လူများက စတင်ပြေးလိုက်သောကြောင့် ကျန်လူများလည်း နောက်မှ လိုက်လုပ်ကြသည်။ လူအုပ်ကြီးက ထိန်းမနိုင်သိမ်းမနိုင် ဖြစ်ကုန်ကြသည်။

“မြေကမ္ဘာအဆင့်ပဲ … မြေကမ္ဘာအဆင့် ဓားပဲ” တစ်ယောက်က စိတ်လိုလက်ရ ရယ်မောလိုက်သည်။

တချို့ကျင့်ကြံသူများက ခုနှစ်စင်ကြယ်မှ ဆင်းသက်လာသည့် မြေကမ္ဘာအဆင့် ဓားများကို စတင်ကောက်ယူကာ ရူးသွပ်သွားသလိုမျိုး ရယ်မောနေကြသည်။ သူတို့က အန္တရာယ်လမ်းကြောင်းတွင် ပိတ်ရပ်နေမိသည်ကို လုံးဝ သတိမပြုမိကြပေ။

ခုံယွမ်က လှောင်လိုက်သည်။ “ဖွင့်ကြ ”

သူက လက်ဝါးရာကို ရုတ်ခြည်း ထုတ်လိုက်သည့်အခါ တောက်ပကြေးမုံက ပျောက်ကွယ်သွားသည်။ တိုက်ကွက် အင်အားကလည်း အတော်အတန် လျော့ကျသွားလေသည်။

ဓားပျံများက ကျင့်ကြံသူများကို ဖြတ်ကာ သူတို့ခန္ဓာကိုယ်ဆီ ထိုးဖောက်သွားကြသောကြောင့် သွေးချောင်းစီးသွားလေသည်။

အပြင်ဘက်တွင် ရှိနေသည့် ကျင့်ကြံသူများကလည်း ထိုအရာကို မြင်ပြီး ကြောင်အမ်းကုန်ကြသည်။ ခုနှစ်စင်ကြယ် ဆင်းသက်လာသည့်အတွင်း ရှိနေသူများက လူသားတံစို့အဖြစ် အပြောင်းခံလိုက်ရသည်။

ရှောင်ယွမ်အာက မျက်နှာအုပ်ကာ အကြည့်လွဲလိုက်သည်။

တစ်ဖက်တွင် လုကျိုး၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ ကျိထျန်းတောက်၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများက သူ့ကို ဒီမြင်ကွင်းအပေါ် ထုံထိုင်းနေစေသည်။ သူက ဒီမြင်ကွင်းမျိုးနှင့် မဆန်းတော့ပေ။

ဒီလိုမျိုး ကျင့်ကြံသူ အယောက်သုံးဆယ်လောက်က အသက်ပျောက်သွားကြသည်။ တချို့က လွတ်မြောက်သွားကြသော်လည်း ဆိုးဆိုးရွားရွား ဖြစ်နေရှာသည်။

“ခုံယွမ် ခင်ဗျား ဘာလုပ်နေတာလဲ” တစ်ယောက်က သူ့ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

ခုံယွမ်က လက်အုပ်ချီလိုက်ရင်း “အော်မိတောဖော … နတ်ဆိုးဓားကို မရခင် ခုနှစ်စင်ကြယ်ကို ကောင်းကောင်းကျွေးမွေးရမယ်လေ။ တစ်ယောက်ယောက်တော့ ဒီအတွက် စတေးရမှာပဲ။ သူတို့ရဲ့ ရဲစွမ်းသတ္တိအတွက် ချီးကျူးပါတယ်။ ကိုယ်တော် မဟာနတ္ထိကျောင်းတော်ဆီ ပြန်ရောက်တဲ့အခါ သူတို့ဘဝကူးကောင်းဖို့အတွက် ပွဲအခမ်းအနားကျင်းပပေးပါ့မယ် ”

“ ခင်ဗျား ”

ခုံယွမ်၏ အပြုအမူများက လူအုပ်အား ဒေါသထွက်လာစေသည်။

သို့သော်လည်း ခုံယွမ်၏ မျက်ဝန်းများက တောက်ပနေကာ “ မင်းကို အခွင့်အရေးပေးထားပြီးပြီ။ မင်းတို့ တန်ဖိုးမထားတာ ငါ့ကို လာအပြစ်မတင်နဲ့ ”

ခုနှစ်စင်ကြယ် စွမ်းအားက သွေးထောက်ပံ့မှုတွင် ပိုကြီးလာသည်။ အလင်းစက်ဝန်းလည်း ပျံ့နှံ့လာသည်။ ကျင့်ကြံသူများ၏ သွေးများက ချီသွေးကြောလိုမျိုး နေရာအနှံ့ စီးဆင်းသွားပြီးနောက် ဆက်နွယ်သွားသည်။

သွေးကြောင်းဆက်နွယ်သွားသည့်အခါ အဆုံးသတ်ခုနှစ်ပါး အစီအရင်က အသက်ဝင်လာသည်။

ချင်ကျွင်းက အော်ပြောလိုက်သည်။

“ ခုနှစ်စင်ကြယ် ဆင်းသက်မှု အသက်ဝင်လာပြီ။ ကျုပ်တို့ အချိန်မမီတော့ဘူး။ လောင်ချန်းပေ့ ကျုပ်တို့ဘာလုပ်ကြမလဲ”

သူက မျှော်လင့်ချက်အားလုံးကို လုကျိုးအပေါ် ပုံအပ်ထားသည်မှာ သိသာလှသည်။

လုကျိုးက ကျင့်ကြံသူအုပ်စုကို ကြည့်လိုက်သည်။

ခုံယွမ်၏ အရှိန်အဝါလည်း ပြောင်းလဲသွားသည်။ သူက မြေပေါ်ရှိ ကြယ်ခုနှစ်လုံးကို ကြည့်လိုက်သည်။ လေထဲရှိ ဓားပျံများက ပိုမိုသောင်းကြမ်းလာဟန်ပေါ်သည်။

“အော်မိတောဖော …”

သူ့အသံလှိုင်းက ထွက်ပေါ်လာသည်။

ဘယ်လောက်‌တောင် အားကောင်းလိုက်တဲ့ အသံလှိုင်းနည်းစနစ်လဲ …

ကျင့်ကြံဆင့် နိမ့်သူများက သူတို့ဦးခေါင်း ထုံထိုင်းသွားသလို ခံစားလိုက်ရပြီး သွေးများပင် ဆူပွက်လာသည်။

လုကျိုးက သက်ရောက်မှု မခံရပေ။ ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအား သက်ရောက်မှုက သူ့အပေါ် အသံလှိုင်းနည်းစနစ် သက်ရောက်မှု မဖြစ်စေပေ။

တချို့ကျင့်ကြံသူများက တောင့်မခံနိုင်ကြဘဲ ဒေါသတကြီး အော်ဟစ်နေကြသည် “ခုံယွမ် ခင်ဗျား ဘာတွေလုပ်နေတာလဲ”

“ မင်းတို့တွေက ဓားအပုံထဲက တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်” ခုံယွမ်၏ အမူအရာက မှုန်မှိုင်းလာသည်။

အဆင့်မြင့် ကိုယ်တော်တစ်ပါးက ဒီလောက်ရက်စက်ကာ မိစ္ဆာဆန်လိမ့်မည်ဟု မည်သူကများ သိမည်နည်း။

လေထဲရှိ ဓားပျံများက ကျင့်ကြံသူများဆီ ပျံသန်းလာကြသည်။

စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကာကွယ်ရေးစွမ်းအားများလည်း ပေါ်ထွက်လာကြသည်။ ဤသည်မှာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုး ဖြစ်၏။

ဘန်း ဘန်း ဘန်း

ဓားများက သူတို့ဆီ ဒလဟော ထိုးစိုက်သွားကြသည်။

ခုနှစ်စင်ကြယ် ဆင်းသက်မှု နယ်နမိတ်က ဂူသင်္ချိုင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည့်အထိ ကျယ်ပြန့်လာသည်။ ဓားပျံများက လမ်းကြောင်းအတိုင်း ဆက်လက် လှည့်ပတ်မနေတော့ဘဲ အားလုံး၏ အသက်ကို နှုတ်ယူနေကြသည်။

ကျန်းအိုက်ကျန့်က လက်ဟန်တစ်ခု ထုတ်ဖော်ကာ စွမ်းအားအကာအရံ ဖွဲ့စည်းလိုက်သည်။

“လောင်ချန်းပေ့ ကျွန်တော် ကိုင်တွယ်လိုက်မယ် ”

“ ရှစ်စွင်းက ရှင့်အကာအကွယ် မလိုပါဘူး။ စိတ်ပျက်စရာပဲ ” ရှောင်ယွမ်အာက လုကျိုးရှေ့ ရောက်လာသည်။

ရှောင်ယွမ်အာလည်း စွမ်းအားအကာအကွယ် ဖွဲ့စည်းလိုက်ပြီး ဒိုင်းသဖွယ် ကာထားလိုက်သည်။

ကျန်းအိုက်ကျန့်က ရယ်လိုက်ပြီး သူမနှင့် စကားအချေအတင် လုမပြောတော့ပေ။

လုကျိုးက စိတ်ထဲ မထားပေ။ သူတို့က ထောင့်စွန်းဘက်ရှိနေလေရာ ဓားပျံများစွာကို ရှောင်နိုင်လေသည်။ တစ်ဖက်တွင် ဂိုဏ်းကြီးလေးဂိုဏ်းမှ ကျင့်ကြံသူများက ခက်ခဲနေကြ၏။ ဓားအုပ်စုလိုက်က သူတို့အား အဓိကထား တိုက်ခိုက်နေသည်။

ဝှီး ဝှီး ဝှီး

ဂူသင်္ချိုင်းက ရုတ်ခြည်း တုန်ခါလာလေသည်။

ထိုအရာကို မြင်ပြီး ခုံယွမ် မော့ကြည့်ကာ အားပါးတရ ရယ်မောလိုက်သည် “ငါ့အခိုက်အတန့် ရောက်လာပြီ”

သူက မြေကို ကန်ကာ ပျံသန်းရင်း သူ့ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအားများ ထွက်လာကာ ဓားပျံများကို ရှောင်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက ဂူသင်္ချိုင်းပေါ်တွင် ရပ်နေလေပြီ။ သူက လက်ဝါးချက်ကို အောက်ဘက်မူတည်၍ ထုတ်ဖော်လိုက်၏။

ဝုန်း

အနက်ရောင်စွမ်းအားတို့က ဂူသင်္ချိုင်းပေါ် ကျရောက်ကာ အက်ကွဲလာသည်။ ထို့နောက် အက်ကွဲကြောင်းများမှ စတင်တောက်ပလာ၏။

ကျန်းအိုက်ကျန့်က မျက်မှောင်ကြုတ်ကာ “ အဲဆိုတော့ နတ်ဆိုးဓားက ဂူထဲမှာပေါ့ ”

လုကျိုးလည်း မျှော်လင့်မထားပေ။

ထိုစဉ် ခုံယွမ်က ဂူပေါ် မတ်တတ်ရပ်နေဆဲ ဖြစ်၏။ သူက ဧကရာဇ်တစ်ပါးအလား အခြားလူများကို ငုံ့ကြည့်လိုက်ပြီးနောက် ကျန်းအိုက်ကျန့်ဆီ အကြည့်တို့ ရပ်တန့်သွားသည်။

ဓားပျံများက ကျင့်ကြံသူများကို တိုက်ခိုက်နေကြသော်လည်း ခုံယွမ်ကတော့ ဘေးကင်းနေသေးသည်။

လုကျိုးက ခုံယွမ် ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသည့် အနက်ရောင်စွမ်းအားများကို မြင်နေရသည်။ သူက အသံမြှင့်ကာ ပြောလိုက်သည်။

“မိစ္ဆာဇင်လား”

ခုံယွမ်၏ အကြည့်တို့က ကျန်းအိုက်ကျန့်ဆီကနေ အနားရှိ လူအိုကြီးဆီ ပြောင်းသွားသည်။ ထိုအသံက သာမန်လူမျိုး ထုတ်လွှင့်နိုင်ခြင်း မဟုတ်ပေ။

ခုံယွမ်က လုကျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ထို့အပြင် မှောင်နေသောကြောင့် လုကျိုးကို သတိပြုမိဖို့ ခက်လေသည်။ သူက ပြောလိုက်သည်။

“ ဒကာကြီးက အမြင်စူးရှသားပဲ ”

“ မိစ္ဆာဇင်ကို ကျင့်ကြံတဲ့ နောက်ဆုံးလူက မိစ္ဆာဘုရားကျောင်းရဲ့ ဒုတိယကျောင်းထိုင် ကျို့ရှင်းချန်ပဲ။ သူက မိစ္ဆာဇင်ကို နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်”

လုကျိုး၏ အသံက ဘေးကို ပျံ့နှံ့သွားကာ အားလုံးနားထဲ ရှင်းရှင်းလင်းလင်း ရောက်သွားသည်။ သူက အဆုံးသတ်ခုနှစ်ပါး အစီအရင်၏ သက်ရောက်မှုခံရဟန် မပေါ်ပေ။

ခုံယွမ်က ခေါင်းခါကာ “ အဲဒီငပျော့ ကျို့ရှင်းချန်က ငါနဲ့ မယှဉ်နိုင်ဘူး။ ငါက ဇင်နှစ်မျိုးလုံးကို ကျင့်ကြံတယ်။ ငါက အစကတည်းက အကြီးမြတ်ဆုံး မိစ္ဆာဇင် ကျင့်ကြံသူပဲ”

အခြားသူများက တုန်လှုပ်ကုန်ကြသည်။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ပြောလိုက်သည်။

“ ခင်ဗျား ဒီအဆုံးသတ်ခုနှစ်ပါး အစီအရင်ကို ဘယ်လိုဖျက်မလဲ ကြည့်ချင်မိသေးသား ”

ခုံယွမ်က နှလုံးခုန်တစ်ချက် မြန်သွားလေသည်။ အကယ်၍ ကျန်းအိုက်ကျန့် တစ်ယောက်တည်း ဖြစ်ပါက သူ့အနေနှင့် မစိုးရိမ်မိပေ။ သို့သော်လည်း ဒီပညာရှင် ရုတ်ခြည်းထွက်ပေါ်လာမှုက သူ့ခေါင်းထဲ အလန့်တကြား ဖြစ်လာစေသည်။

“ခင်ဗျားက ကျုပ်ရထားတာကို ယူဖို့ စောင့်နေတာလား”

ပုတီးက ခုံယွမ်ရှေ့ လေထဲလွင့်မျောလာကာ လက်ထဲရောက်သွားသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်းအိုက်ကျန့်အား ကြည့်လိုက်ပြီး လုကျိုးနှင့် အခြားလူများကို ကြည့်လိုက်သည်။

“ ခုနှစ်စင်ကြယ်ကို ဆင့်ခေါ်ပြီးပြီ။ ဒကာကြီးတို့ ကိုယ်လမ်းကို သွားကြပါ … အောမိတောဖော ”

ခုံယွမ်က လက်အုပ်ချီလိုက်သည့်အခါ ပုတီးစေ့များက အုပ်စုကြား ပျံသန်းသွားတော့သည်။

…

အခန်း (၂၈၅) မိစ္ဆာဇင်က ဇင်မဟုတ်

ဗုဒ္ဓဆုတောင်းပုတီးများသည် အလွန်ထူးကဲသော လက်နက်များ ဖြစ်ပေ၏။ လက်နက်ပုန်းအဖြစ် အသုံးပြုနိုင်ပြီး မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက်လည်း အသုံးပြုနိုင်ပေသည်။ ၎င်းကို အသုံးပြုရန် နည်းလမ်းများစွာ ရှိ၏။ သို့သော် မြင့်မားသည့် ကျင့်ကြံဆင့်တစ်ခု လိုအပ်သည်။

တိုက်ခိုက်ရန် တိုက်ကွက်များ လေ့ကျင်ရန် လိုအပ်သော ဓားမှော်များ ဓားများနှင့် မတူပေ။

ပုတီးစေ့များက ရှေ့သို့ တက်သွားတော့၏။ သူတို့က မှုန်မှိုင်းမှိုင်း ဧရိယာထဲ၌ အနက်ရောင်ဥက္ကာခဲများစွာကို ဖွဲ့တည်လိုက်တော့သည်။

ဝှစ် ဝှစ် ဝှစ်..

“ကျွန်တော့်ကို သွားခွင့်ပေး”

ကျန်းအိုက်ကျန့်က သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ဘဲ နဂါးတေးသံကို ထုတ်ဖော်လိုက်၏။ လုကျိုးက ရှောင်ယွမ်အာ လှုပ်ရှားချင်နေသောကြောင့် ယားနေပြီဆိုတာ မြင်လိုက်သောကြောင့် သူမကို ပြန်ခေါ်လိုက်၏။

“သူ့ကို သွားခွင့်ပေးလိုက်”

“ဟုတ်..”

ဒီကောင်မလေး ရှေ့တက်သွားရင် ငါ့ကို ကာကွယ်ပေးဖို့ အသုံးမကျတဲ့ ချင်ကျွင်းအပေါ် ငါ့ရဲ့မျှော်လင့်ချက်တွေ ထားရတော့မှာလား။

ကျန်းအိုက်ကျန့်သည် မျက်စိကန်းလောက်သည့် အရှိန်ဖြင့်လှုပ်ရှားသွားပြီး ပုံရိပ်ယောင်များစွာ ချန်ထားရစ်ခဲ့၏။

ရွှေရောင်စွမ်းအင်ဓားသွားက ပေါ်ထွက်လာတော့သည်။

ဘန်း ဘန်း ဘန်း..

၎င်းသည် ဝင်လာသည့် ပုတီးစေ့များအပေါ် ကျရောက်သွားပြီး ပုတီးစေ့များကို တွန်းကန်လိုက်တော့သည်။

ခုံယွမ်သည် ယင်းကို တွေးထင်ထားပြီးပုံပေါ်ကာ ပြောလိုက်တော့၏။

“ဓားကောင်းပဲ”

သူက ကျန်းအိုက်ကျန့်၏ဓားကို ကြည့်မိသည့် အချိန်တွင် သူ့မျက်နှာပေါ်၌ လေးစားသည့် အမူအရာ ပေါ်လာလေ၏။

ကျန်းအိုက်ကျန့်က ပြုံးကာ ခုံယွမ်ဆီသို့ ပျံသန်းသွားတော့သည်။

ထိုစဉ် ကျန်သည့် ကျင့်ကြံသူများက ဓား၏ တိုက်ခိုက်မှုများစွာကို တွန်းကန်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။ အစွမ်းထက်သော လေစီးကြောင်းနှင့် စွမ်းအင်တို့က သူတို့ကို ဖိအားပေးနေသောကြောင့် အသက်ရှုရန် ခက်ခဲနေလေ၏။ သူတို့က ကျန်းအိုက်ကျန့် လွှင့်ထွက်သွားတာကိုသာ ကြည့်နေနိုင်သည်။ သို့သော်ငြား ယင်းက မြင်တွေ့ရတာ ပျော်ရွှင်နေ၏။ အနိုင်ရသူက မည်သူပဲ ဖြစ်စေကာမူ အဆုံးတွင်မူ သူတို့က အကျိုးအမြတ် ရနိုင်သေး၏။

ခုံယွမ်က ပျံသန်းကာ လေထဲ၌ ခပ်မတ်မတ် ရပ်နေလေ၏။ သူ၏ကိုယ်အောက်ပိုင်းက နက်မှောင်နေပြီး အထက်ပိုင်းက တောက်ပနေလေ၏။

“အမြွှာဇင် ကောင်းလိုက်တဲ့ကောင်းကင်”

အခြေခံဗဟုသုတ ရှိသူများက မီးနှင့်ရေသည် ပေါင်းစည်း၍မရမှန်း သိနေကြပြီး ယင်နှင့်ယင်က ယှဉ်တွဲ၍ မရနိုင်ပေ။ ထိုသို့တိုင် မဟာနတ္ထိဘုရားကျောင်း၏ ခုံယွမ်က ဇင်နှစ်မျိုးကို ပေါင်းစည်းနိုင်ခဲ့သည်။ သူ မည်မျှ ပါရမီထူးသနည်း။

မဟာနတ္ထိဘုရားကျောင်း၏ ခုံယွမ်က တံခါးပိတ်ကျင့်ကြံနေစဉ် သူ၏ကျင့်ကြံဆင့်၌ တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု ကောလာဟလထွက်နေတာ ကြာပြီဖြစ်သည်။ သူတို့ မြင်တွေ့ပုံအရ ကောလာဟလက မှန်နေပုံပေါ်၏။ အားလုံးက ခုံယွမ်ကို တအံ့တဩ ကြည့်နေကြတော့သည်။

“အဲဒီဘုန်းကြီး ခုံရွှမ်းက အထွတ်အမြတ် ယဇ်ပလ္လင်ကို သွားဖို့ ယုံကြည်ချက် ရှိတာ အံ့ဩစရာမရှိဘူးပဲ”

“အမြွှာဇင်ကို ကျင့်ကြံနိုင်တာ။ ဒီမှာ ဂိုဏ်းခေါင်းဆောင်တွေ ရှိနေခဲ့ရင်တောင် သူ့ကို ဘာမှ လုပ်နိုင်လောက်မှာ မဟုတ်ဘူး”

“ဟုတ်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လူဆိုးကြီး လှုပ်ရှားဖို့ ဆန္ဒမရှိသရွေ့ပေါ့”

“ခုံယွမ်ရဲ့ကျင့်ကြံဆင့်က အတော်လေး တိုးတက်လာတယ်။ ဒါပေမဲ့ သူက မိစ္ဆာဝေဟင်မျှော်နန်းက လက်စားချေမှုကို သွားရှာဖို့ သတ္တိမလုံလောက်သေးဘူး။ ငါထင်တာတော့ မိစ္ဆာကြီးတစ်ယောက်ပဲ သူ့ကို ဖိနှိပ်နိုင်မှာ ပြီးတော့ ဒီနေရာက ဓားသင်္ချိုင်းလေ.. မိစ္ဆာကြီးက ဒီမှာ ဘာကြောင့် ရှိနေမှာလဲ”

မြင်ကွင်းက ထူးဆန်းလာပုံပေါ်၏။ အဓိကဂိုဏ်းလေးများအဖို့ မိစ္ဆာဝေဟင်မျှော်နန်းကို ကိုးကွယ်တာက ကိစ္စတစ်ရပ် ဖြစ်သော်ငြား ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများကလည်း မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သူတို့ မျှော်လင့်ချက်များ ထားနေကြသည်။

ကျန်းအိုက်ကျန့်က လေထဲတွင် ရှိနေစဉ် ဈာနမုဒြာသည် ခုံယွမ်၏ ခန္ဓာကိုယ်အထက်ပိုင်း၌ ပေါ်လာလေ၏။ ၎င်းက ရွှေရောင်ဈာနမုဒြာဖြစ်သည်။ တစ်ချိန်တည်းတွင် နောက်ထပ် ဈာနမုဒြာကလည်း သူ၏ခန္ဓာကိုယ်အောက်ပိုင်း၌ ပေါ်လာ၏။ မုဒြာနှစ်ခု ပေါင်းသွားသည်။

ဖုန်း ဖုန်း ဖုန်း..

ကျန်းအိုက်ကျန့်သည် ခုံယွမ်ဆီသို့ သူ၏ဓားဖြင့် တိုးဝင်သွားကာ လေထဲ၌ ပုံရိပ်ယောင်များ ချန်ထားရစ်ခဲ့သည်။ သူ၏ထိုးနှက်ချက်က ဈာနမုဒြာပေါ် ကျရောက်သွား၏။ ခုံယွမ်က အော်ပြောလိုက်တော့သည်။

“ထွက်သွား..”

မုဒြာများက ရုတ်တရက် စုပြီး ဖောင်းလာတော့သည်။

လေပြင်းပမာ ကျန်းအိုက်ကျန့်ကို နောက်သို့ တွန်းလိုက်တော့သည်။

“ငါ ရှောင်နေတာလေ”

ကျန်းအိုက်ကျန့်က ထိုဘုန်းကြီးအို၏ ခုခံမှုက အစွမ်းထက်လွန်းကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူက ဘေးကနေ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ သို့သော်ငြား ဈာနမုဒြာသည် ကျရောက်ပြီး ၎င်း၏ အရွယ်အစားကို ပြောင်းလဲနေပြီဖြစ်သည်။ ခုံယွမ်သည် ထိုတိုက်ကွက်ကို အကြိမ်တစ်ထောင် လေ့ကျင့်ထားသည့်ပမာ ထင်မှတ်ရ၏။

ဘန်း..

ကျန်းအိုက်ကျန့်သည် သူ့ရှေ့၌ နဂါးတေးသံကို မြှောက်ပြီး တင်းကျပ်စွာ ကိုင်ထားကာ စုဝေးလာသော ဈာနမုဒြာကို ပိတ်ဆို့လိုက်၏။ သူက သက်ရောက်မှုကြောင့် နောက်ဆုတ်သွားရကာ အမြန်ပြောလိုက်တော့သည်။

“အားရိုး.. ကောင်မလေး ငါ့ကို ဖမ်းအုံး..”

ထောက်..

ကျန်းအိုက်ကျန့်သည် မြေကြီးနှင့် တိုက်မိသွားသည်။ သူသည် ပွတ်တိုက်အားကြောင့် ယိုင်နဲ့သွားပြီး တစ်ကိုယ်လုံး နာကျင်နေလေ၏။ သူ ကျလာသည်ကို ကာပေးထားသည့် ကာကွယ်ခြင်းစွမ်းအင်ကြောင့်သာ မဟုတ်လျှင် အမြွှာမုဒြာသည် သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေရန် လုံလောက်၏။

“နင်ဘာနင် ခံလိုက်”

ရှောင်ယွမ်အာက ပြုံးပြီး ပြောလိုက်တော့သည်။

ခုံယွမ်က အုတ်ဂူအထက်၌ ပျံဝဲနေသေး၏။ သူက ကျန်းအိုက်ကျန့်ကို အောင်မြင်စွာ တွန်းကန်လိုက်သော သူ၏ ဈာနမုဒြာကို စိတ်တိုင်းကျနေ၏။ သို့သော်ကြား ထိုအကြောင်းအရင်းကြောင့် သူသည် တိုက်ခိုက်တာ မရပ်တန့်သွားခဲ့ပေ။ ပတ်ဝန်းကျင်၌ တကွဲတပြားစီ ဖြစ်နေသော ပုတီးစေ့များက အေးစက်စက် အလင်းဖြင့် တောက်ပလာပြီး ရှေ့သို့ ဆက်ရောက်သွားလေ၏။

“မဖြစ်နိုင်တာ..”

ကျန်းအိုက်ကျန့်က မျက်လုံး ပြူးကျယ်သွားလေ၏။ မြေကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး သူက နောက်ဆုတ်လိုက်တော့၏။

ရှောင်ယွမ်အာက ပြောလိုက်သည်။

“ဒီတိုင်းပဲလား သွားလေ..”

“ငါ မတတ်နိုင်ဘူး အကောင်းဆုံး ကြိုးစားပြီးပြီ ငါက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး”

ကျန်းအိုက်ကျန့်က သူ့လက်ကို အမြန်ခါလိုက်သည်။ မျက်လုံးရှိသည့်လူတိုင်းက ကျန်းအိုက်ကျန့်သည် သူ၏ခွန်အားအကုန်တောင် အသုံးမပြုထားကြောင်း မြင်နိုင်‌ပေ၏။ စိတ်ဝိညာဉ်သဏ္ဌာန်တောင် မထုတ်ဖော်ရသေးသည့် အချိန်၌ သူ၏ခွန်အားကုန် မည်သို့ အသုံးပြုမည်နည်း။ ခါတိုင်းကဲ့သို့ပင် သူက သူ့အသက်ကို တန်ဖိုးထားသည့်သူသာ ဖြစ်သည်။

ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်သည်။ သူမရှေ့၌ သိပ်သည်းသော စွမ်းအင်နံရံတစ်ခု ပေါ်လာ၏။

ဗုဒ္ဓပုတီးစေ့များက ပြန်ရောက်လာသည်။ သူတို့က ဆက်သွားပြီး ပုတီးကုံး ပြန်ဖြစ်သွားကာ ခုံယွမ်က ကိုင်ထားလိုက်၏။

“ဒီဘုန်းကြီးက တကယ် ဖြေရှင်းရတာ မလွယ်ဘူး။ သူ့ရဲ့ဈာနမုဒြာက နဂါးတေးသံကို ပိတ်ဆို့ခဲ့တယ်”

ကျန်းအိုက်ကျန့်က ပြောသည်။

“ဆရာကြီးတစ်ယောက်ပဲ တိုက်ခိုက်နိုင်မှာ စိုးရိမ်မိပါရဲ့”

“ရှစ်စွင်း..”

ရှောင်ယွမ်အာသည် သဘောမတူသည့် အမူအရာမျိုးဖြင့် ကျန်းအိုက်ကျန့်ကို ကြည့်ပြီးနောက် လုကျိုးဘက်ကို လှည့်ကာ တောင်းပန်တိုးလျိုသည့်အကြည့် ပြောင်းလဲလိုက်ကာ ခုံယွမ်နှင့်တိုက်ခိုက်ရန် ခွင့်ပြုချက် တောင်းနေတာ သိသာ၏။

ရှောင်ယွမ်အာတွင် ရတနာများစွာ ရှိသော်ငြား လုကျိုးက စိတ်မအေးပေ။ အမှန်တကယ်၌ ကျန်းအိုက်ကျန့်သည် ခွန်အားအပြည့် အသုံးမပြုခဲ့ပေ။ သို့သော်ငြား အစောတုန်းက သိုင်းကွက်ဖလှယ်မှုကနေ သူ ကိစ္စတစ်ခု နှစ်ခုကို ပြောနိုင်ပေ၏။

ထိုဘုန်းကြီးက သူ၏ လက်နက်တိုက်ထဲ၌ စွမ်းအင်များစွာ ရှိပြီး အသုံးမပြုရသေးပေ။ သူက အစွမ်းထက်သော တိုက်ကွက် ထုတ်ခဲ့လျှင် သူတို့အားလုံး ရှုံးနိမ့်သွားနိုင်၏။

“ထားလိုက်တော့..”

ခုံယွမ်က ပြုံးပြီး ပြောလိုက်တော့၏။

“ဒါမျိုး ကိစ္စတွေကို တွေးဖို့က နည်းနည်းလေး နောက်မကျလွန်းနေဘူးလား။ နတ်ဆိုးဓားကို ယူဖို့ ဆုံးဖြတ်ပြီးပြီလို့ ပြောသားပဲ”

လုကျိုးက သူ၏စော်ကားမှုကြောင့် စိတ်မထိသွားပေ။

“မိစ္ဆာဇင်က စစ်မှန်တဲ့ ဇင်မဟုတ်ဘူး”

“ဘယ်ဇင်မဆို ကောင်းမွန်တဲ့ဇင်ကို သတ်နိုင်တယ်”

ခုံယွမ်က ပြန်ပက်လိုက်၏။

“တစ်မိုးအောက်မှာ အမြွှာဇင်ကို ကျင့်ကြံနိုင်တဲ့သူက ငါတစ်ယောက်တည်းပဲ”

လုကျိုးက ခေါင်းခါပြီးနောက် သက်ပြင်းချကာ ပြောလိုက်တော့သည်။

“ခင်ဗျားက ခုနှစ်ပါးအစီအရင်ကို ဖြိုခွင်းနိုင်ဖို့ တခြားထိတ်လန့်ဖွယ် နည်းလမ်းတွေ ရှိအုံးမယ်လို့ ကျုပ်ထင်နေတာ။ ခင်ဗျားကို အထင်ကြီးခဲ့မိတာပဲ”

“ဟမ်..”

လုကျိုးက လက်မြောက်လိုက်သည့် အချိန်၌ အသေရိုက်ချက် ကတ်တစ်ကတ်ကို အသုံးပြုရန်ပြင်လိုက်၏။

ဂျွတ်..

အုတ်ဂူကြီးက ကွဲအက်ကာ ပွင့်သွား၏။ အပိုင်းအစများစွာက စတင်ပြိုလဲလာတော့သည်။

ဘန်း ဘန်း ဘန်း..

အုတ်ဂူပေါ်၌ အက္ခရာများ ရှိနေပြီး လေထဲသို့ ထူးထူးဆန်းဆန်း မျောလွင့်လာ၏။ သူတို့အားလုံးက ငါးသေတ္တာဘူးပမာ ပြွတ်သိပ်နေတော့သည်။

ဖြာထွက်နေသော ရောင်ခြည်စက်ဝိုင်းနှစ်ခုသည် ယခင်ကထက် ပိုတောက်ပလာ၏။

လှိုင်းဂယက်တို့ အပြည့်အဝ ငြိမ်ကျသွားသည့် အချိန်၌ ကြေးနီဓားက လေထဲတွင် ပျံဝဲနေတာကို မြင်တွေ့နိုင်ပေ၏။

ထွင်းစာများက တစ်နေရာတည်း စတင်စုဝေလာ၏။ မီးကိုတိုးသည့် ပိုးဖလံပမာ သူတို့က ဧရာမဓားကြီးဆီသို့ တိုးဝင်သွားကြသည်။

အနက်ရောင်မီးခိုးများကလည်း မြင့်တက်လာသည်။

ဧရာမဓားကြီးသည် သစ်ထွင်းစာများကြောင့် အသက်ဝင်လာပုံပေါ်ပြီး အနည်းငယ် တုန်လှုပ်လာတော့သည်။

ပတ်ဝန်းကျင်ရှိ ချိန်းကြိုးရှစ်ကြိုးကလည်း ဓားနားတစ်ဝိုက် တင်းကျပ်စွာ ရစ်ပတ်လိုက်တော့သည်။ ကျန်သည့်သူများက ထိတ်လန့်ကုန်၏။ ချိန်းကြိုး၈ကြိုးက အုတ်ဂူကို တည်ငြိမ်စေရန် ရည်ရွယ်ထားတာ မဟုတ်ပေ။ ထိုအစား သူတို့က နေရာ၌ ဓားကို ထိန်းသိမ်းထားရန်သာ ဖြစ်သည်။

လေထဲတွင် ဝဲနေသော ခုံယွမ်သည် နတ်ဆိုးဓားကို မြင်တွေ့သည့်အချိန် သူက ရယ်မောပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“နောက်ဆုံးတော့ နှစ်တွေ ဒီလောက်ကြာပြီးတော့ ငါ ဆုချီးမြှင့်ခံရပြီ”

သူ၏ရယ်သံသည် ဓားသင်္ချိုင်းထဲ ပဲ့တင်သံ ထွက်ပေါနေတော့သည်။

ကျင့်ကြံသူများသည် ဓားများကို တွန်းကန်ရာ၌ ခက်ခဲနေလေ၏။ အသံလှိုင်းက သူတို့ကို နောက်ရောက်သွားစေသည်။ ခံနိုင်ရည်မရှိသည့်သူများက နေရာမှာတင် မြေကြီးပေါ် ပြုတ်ကျသွား၏။

လုကျိုးသည် အစက ခုံယွမ်ကို ဖြေရှင်းရန် ရည်ရွယ်ခဲ့သည်။ သို့သော်ငြား ဧရာမဓားကို မြင်တွေ့သည့် အချိန်၌ သူ ရပ်တန့်လိုက်၏။ အဲဒီဓားက ထူးဆန်းတဲ့ပုံပဲ။

ဘီး..

ဓားကြီးက တုန်လှုပ်လာပြီးနောက် ချိန်းကြိုးများကနေ လွှတ်အောင် ရုန်းထွက်ဖို့ ကြိုးစားနေသည်။ ခုံယွမ်က နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်၏။

“ငါ့ကို စိတ်ထဲမထားနဲ့ ငါ ဓားယူသွားမယ်”

သူက လက်ဖဝါးကဆန့်ထုတ်လိုက်၏။ ဆင်းသက်လာသည့် အချိန်၌ နတ်ဆိုးဓားကို ဆုပ်ကိုင်လိုက်တော့သည်။ စွမ်းအင်များက နတ်ဆိုးဓားနားတစ်ဝိုက် ရစ်ပတ်လိုက်၏။

ဖုန်း..

နတ်ဆိုးဓားက ကျူးကျော်မှုကို အာရုံခံမိသောအခါ ထွင်းစာများက ရုတ်တရက် တကွဲတပြားစီ ဖြစ်ကုန်၏။

ခုံယွမ်၏မျက်လုံးက ပြူးကျယ်သွားတော့သည်။

ဘန်း..

သူသည် ထွင်းစာများကြောင့် နောက်ကို ရောက်သွားတော့၏။ တစ်ချိန်တည်းတွင် ခုနှစ်ပါးအစီအရင်မှ မျက်စိကျိန်းလောက်သည့် အလင်းတန်းက ပေါက်ကွဲလာလေ၏။ ပတ်ဝန်းကျင်ရှိ ဓားများသည် နတ်ဆိုးဓား ဆင့်ခေါ်တာ ခံလိုက်ရ၏။ သူတို့က အရပ်မျက်နှာ ပြောင်းလဲကာ လျင်မြန်စွာ စုဝေးသွားတော့သည်။

ဝှစ် ဝှစ်.. ဝှစ်..

ဓားပျံအရိပ်များကို နေရာအနှံ့တွေ့ရသည်။ ခုံယွမ်သည် နတ်ဆိုးဓားက ယဉ်ပါးအောင် လုပ်နိုင်ရန် ထိုမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားပေ။ သူက ဈာနမုဒြာကို ချက်ချင်း ထုတ်ဖော်လိုက်၏။

ဘန်း ဘန်း.. ဘန်း

ဓားအစုအဝေးက ခုံယွမ်ကို တိုက်ခိုက်တော့သည်။ ကျန်ရှိသည့် ဓားများက ကျန်သည့် ကျင့်ကြံသူများကို တိုက်ခိုက်ကုန်၏။ မဟာဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများသည် ယခုအချိန်၌ ယင်ကောင်များပမာ ပြုတ်ကျလာတော့သည်။

ယင်းက မဆင်မခြင် တိုက်ခိုက်မှုဖြစ်၏။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ဓားပဲ”

ကျန်းအိုက်ကျန့်က အထိတ်တလန့် ပြောလိုက်တော့သည်။

“စွမ်းအင်တွေ နှစ်ပေါင်းများစွာ စုဝေးထားတာလေ။ အခုတော့ တစ်ချက်တည်းနဲ့ လွှတ်ထုတ်လိုက်ပြီ။ တကယ် ကြောက်ဖို့ ကောင်းတာပဲ”

ချင်ကျွင်းက တအံ့အတဩ ပြောလေ၏။ ယခုအချိန်တွင် မရေမတွက်နိုင်သည့် ဓားပျံများက သူတို့ဆီ ဝင်လာ၏။ ရှောင်ယွမ်အာသည် ဓားပျံများကို သူမ၏ စွမ်းအင်များဖြင့် ထပ်မံ တားလိုက်၏။

ခုံယွမ်သည် အဆိုးဆုံး အခြေအနေတွင် ရှိသည်။

“အဲဒီဘုန်းကြီးက ဒီလောက် အစွမ်းထက်တာလား”

ကျန်းအိုက်ကျန့်သည် ဓားပျံများစွာကို တွန်းကန်နိုင်စွမ်း ရှိသည့် ဈာနမုဒြာကို မထင်မှတ်ထားပေ။ ယင်းက လွတ်လပ်သည့် လေဟာနယ်တစ်ခု ဖွဲ့တည်ထား၏။

ဘန်း ဘန်း ဘန်း..

သူတို့ ချိန်းကြိုးများက စတင်ထွက်ပေါ်လာ၏။ ချိန်းကြိုးရှစ်ကြိုး ပြုတ်ထွက်သွားရန် သိပ်မလိုလိုက်ပေ။ နတ်ဆိုးဓားက လွတ်မြောက်သွားပြီဖြစ်၏။ ထွင်းစာများက စွမ်းအင်ကို စုစည်းပြီး ၎င်း၏ဓားက ကြက်သွေးရောင် တောက်ပလာလေ၏။

တုန်လှုပ်လာပြီးနောက် နတ်ဆိုးဓားသည် အရပ်မျက်နှာပြောင်းလဲသွားတော့သည်။

ကျန်သည့်ဓားများက လမ်းရှင်းသွားတော့၏။

ဝှစ်..

…

All Chapters