← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅) ဒီနေရာကို ပျံသန်းလာတဲ့ခေါင်းတလား

ရှောင်ယွမ်အာက ခေါင်းခါပြီးနောက်ပြောလိုက်၏။

"စန်းရှစ်ရှိုး ... ညီမ ဒါကို ခဏခဏ ပြောပြီးပြီလေ။ ညီမတို့ရှစ်စွင်းကို နှောင့်ယှက်လို့မရဘူး။ သူ့ကိုမနှောင့်ယှက်ရဘူးလို့ ပြောထားတယ် ... မဟုတ်ရင် နောက်ဆက်တွဲတွေဖြစ်လာလိမ့်မယ်”

“အမ်း” တွမ့်မူရှန်းက ခေါင်းကုတ်ပြီးနောက်ဆုတ်သွားလေ၏။ အစက ရှောင်ယွမ်အာကို သူတို့ ရှစ်စွင်းထံ သွားဖျောင်းဖျစေချင်တာပဲဖြစ်သည်။ သူမက သူတို့ရှစ်စွင်း၏မျက်နှာသာ အပေးခံရဆုံး တပည့်ဖြစ်သည်။ သူမသည် အပြစ်ပေးခံခြင်းမှ လွတ်ကင်းလောက်၏။ သူမငြင်းဆန်လိမ့်မည်ဟု သူမထင်ထားပေ။

ဟွားဝူတောက်က အရှေ့ဖက်မျှော်နန်းဆီသို့ကြည့်ပြီးပြောလိုက်၏။

“ဒီလိုဆိုမှတော့ မျှော်နန်းသခင်ရဲ့ ဆန္ဒအတိုင်း သည်းခံရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး” သူက လက်နောက်ပစ်လျက်ထွက်သွားတော့ ၏။

ဟွားယွဲ့ရှင်း၊ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ တွမ့်မူရှန်းနှင့် ကျန်သည့်အမျိုးသမီးတပည့်များက အရှေ့ဖက်မျှော်နန်းကနေ ထွက်သွားကြသည်။

ဟွားဝူတောက်သည် ၎င်း၏စွမ်းအားကိုစစ်ဆေးရန်အတွက် အကာအရံကိုကြည့်လိုက်သည်။ သူက သက်ပြင်းချပြီး ပြောလိုက်တော့၏။

“အရံအတားက ထပ်အားနည်းသွားပြန်ပြီ”

တွမ့်မူရှန်းက ပြောလိုက်သည်။ “အကြီးအကဲဟွား ... ဒီအတိုင်းဆက်သွားနေလို့မရဘူး။ ရှစ်စွင်း မကြာခင်မှာ ထွက်မလာရင် ကုန်းယွမ်တုကို ဘယ်သူသွားဖြေရှင်းမှာလဲ” သူသည် ကုန်းယွမ်တုအကြောင်း ဟွားဝူတောက်၏စကားများကို ရှင်းရှင်းလင်းလင်း မှတ်မိ၏။

ကျန်သည့်သူများကလည်း ဟွားဝူတောက်၏စကားကိုမှတ်မိသောကြောင့် ကျောစိမ့်ကုန်သည်။

ကုန်းယွမ်တုသည် မြောက်ပိုင်းမြို့တော်မှ ပါရမီရှင် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် မျှော်နန်းသခင်နှင့် မျိုးဆက်တူညီသူ ဖြစ်သည်။

ဟွားဝူတောက်က ဖန်လီထန်းနှင့် လန်လော့ကို အမှတ်ရသွား၏။ ထို့ကြောင့် သူက ပြောလိုက်တော့၏။ “အခြေအနေနဲ့သင့်တော်တဲ့ပြင်ဆင်မှုတွေကို လုပ်သင့်တယ်။ အခုစိုးရိမ်နေလို့ အကျိုးမထူးဘူး။ ဖန်ကျုံးနဲ့ကျိုးကျစ်ဖုန်းက ငါတို့လူတချို့ကို ဦးဆောင်ပြီး ရွှေနန်းဥယျာဉ်တောင်ခြေမှာ သွားစောင့်နေလိုက်။ တစ်ခုခုဖြစ်လာရင်အကြောင်းကြား”

“နားလည်ပါပြီ” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက ကျန်သည့်သူများကို ခေါ်သွားလျက်ထွက်သွားတော့ သည်။

“ကျုပ်ကကော” တွမ့်မူရှန်းက မေးလိုက်၏။

“မင်းက ငါနဲ့လိုက်ခဲ့”

နှစ်ယောက်သားသည် အနောက်ဖက်မျှော်နန်းဆီသို့ ဦးတည်သွားလိုက်၏။ ခဏအကြာတွင် လန်လော့၏နေရာသို့ ရောက်သွား၏။ ခြံဝန်းကတိတ်ဆိတ်နေသည်။ ဟွားဝူတောက်က သူ၏ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက လည်ချောင်းရှင်းလျက် ခေါ်လိုက်တော့၏။

“ဟွားဝူတောက်က ဧည့်တွေ့ခွင့်တောင်းနေပါတယ်” သူက လန်လော့ထက် ငယ်ပေ၏။

တွမ့်မူရှန်းကလည်း လက်သီးဆုပ်လိုက်၏။

ကျွီ ....

တံခါးက အတွင်းအားအချို့ကြောင့်ပွင့်သွားတော့သည်။

ငွေရောင်မျက်နှာဖုံးကို ဝတ်ထားသောလန်လော့က လက်နောက်ပစ်ထားလျက်လျှောက်လာသည်။ သူက ဟွားဝူတောက်နှင့် တွမ့်မူရှန်းကိုကြည့်ပြီးမေးလိုက်တော့သည်။ “ဘာကိစ္စလဲ”

ဟွားဝူတောက်က လိုရင်းကိုသာတန်းပြောလိုက်၏။

"မိစ္ဆာဝေဟင်မျှော်နန်းဒုက္ခရောက်မှာကို ကျုပ်စိုးရိမ်မိတယ် .... ကျေးဇူးပြုပြီး ကူညီပေးပါ .... ချန်းပေ့လန်”

လန်လော့က အက်ကွဲစွာရယ်လိုက်ပြီးနောက် ပြောလိုက်သည်။

"မျှော်နန်းသခင်က မိစ္ဆာဝေဟင် မျှော်နန်းကို ကြည့်ရှုနေတာပဲ ... ဘယ်သူကများ ဘာအတွက် အခုခြိမ်းခြောက်နိုင်မှာလဲ” လန်လော့နှင့် ဖန်လီထန်းက အားနည်းလာသည့်အရံအတားအကြောင်း အတွေးမလွန်သည့်သူများသာ ဖြစ်စ်သည်။

ဟွားဝူတောက်က အရိုအသေပေးလိုက်၏။

“မျှော်နန်းသခင်က လက်ရှိမှာ တံခါးပိတ်ကျင့်ကြံနေပါတယ်။ မကြာခင်မှာ ထွက်လာမဲ့ပုံ မပေါ်ဘူး … အခု ဒီနေရာကို ရောက်လာတဲ့ ဖြုံလောက်တဲ့ရန်သူကိုဖြေရှင်းနိုင်တဲ့သူက ခင်ဗျားတစ်ယောက်ပဲ ဖြစ်နေမှာ စိုးရိမ်မိတယ်” လန်လော့က ရယ်မောပြီးနောက် သူ၏ ဘေးပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်၏။

“ဒါအတွက် လောင်ဖန်ဆီကို သွားလိုက်လေ”

လန်လော့၏အသံက ဖျော့တော့သွားစဉ် တံခါးက ကျွီခနဲပွင့်လာ၏။ လက်ထဲ၌ သေရည်ဘူးသီးခြောက်ကို ကိုင်ထားသော ဖန်လီထန်းက ပြောလိုက်တော့သည်။

“လောင်လန် ... ဒါကတော့မင်းကြမ်းတမ်းတာပဲ။ အခုမျှော်နန်းသခင်က တံခါးပိတ်ကျင့်ကြံနေတော့ မင်းက ငါတို့ရဲ့ ရှေ့ပြေးတပ်ဖြစ်သင့်တယ်။ ငါ့ရဲ့အရိုးအိုကြီးတွေက ကပ်ပါးရပ်ပါးလုပ်တာအပြင် ဘာမှမကောင်းတော့ဘူး”

“ပေါက်တက်ကရတွေ .... မင်းရဲ့ကျင့်ကြံဆင့်က တိုးတက်နေတာပဲ။ အဲဒါကို ငါ သတိမပြုမိဘူးလို့ မထင်နဲ့” လန်လော့က ပြောလိုက်၏။

“မင်းပြောတော့...” မြင်ကွင်းကထူးဆန်းလာသည်။ သူတို့သည် အစွမ်းထက်သည့်သူများဖြစ်သည်။ အဘယ်ကြောင့် ကလေးများသကဲ့သို့ စကားများနေကြသနည်း။

ဟွားဝူတောက်နှင့် တွမ့်မူရှန်းသည် ထိုမြင်ကွင်းကြောင့် မင်သက်သွားလေ၏။

“ချန်းပေ့တို့ ... ချန်းပေ့တို့ ကျေးဇူးပြုပြီး ကျုပ်ပြောလို့ရမလား” ဟွားဝူတောက်က သူတို့စကားများနေတာကို အမြန်တားလိုက်၏။ လန်လော့နှင့် ဖန်လီထန်းက ဟွားဝူတောက်ကို တပြိုင်နက်တည်းကြည့်လိုက်ကြသည်။

“ပြော”

ဟွားဝူတောက်က ပြောလိုက်သည်။

"အဲဒီလူက ဓားသိုင်းနဲ့ပါရမီရှင်တစ်ယောက်ပဲ ... ချန်းပေ့တို့ပဲ သူ့ကိုဖြေရှင်းနိုင်မှာ စိုးတယ်။ အဲ့ဒီလူကိုဖြေရှင်းဖို့အတွက် နှစ်ယောက်ပူးပေါင်းတာက ပြီးပြည့်စုံတယ်မဟုတ်ဘူးလား”

လန်လော့က ဖန်လီထန်းကိုတချက်ကြည့်လိုက်၏။ သူ၏မျက်နှာဖုံးက သူ၏အမူအရာကို ဖုံးကွယ်ထားသော်ငြား သူတွေးနေတာက ရှင်းရှင်းလင်းလင်းပေါ်နေသည်။

‘ကြီးမြတ်တဲ့လန်လော့ ငါက ဘာကြောင့်များ ဒီသူတောင်းစားနဲ့ပူးပေါင်းရမှာလဲ’

ဖန်လီထန်းက သူ၏မူပိုင် ပျင်းရိပျင်းတွဲအမူအရာဖြင့် မတ်မတ်ရပ်နိုင်ရန်တောင် အနိုင်နိုင်ဖြစ်နေ၏။ သူက လန်လော့ကို ကြည့်တောင်မကြည့်ပေ။ တူညီသည့်သဘောထားဖြင့်သာ တုန့်ပြန်၏။

လန်လော့က ဟွားဝူတောက်ကိုကြည့်လိုက်သည်။ “မင်းက ယွင်ဂိုဏ်းကပဲ ... လျို့ဟယ်တာအိုစည်းတံဆိပ်ကို ပြီးပြည့်စုံတဲ့ အနေအထားရောက်အောင်ကျင့်ကြံထားတာ။ မင်း သူ့ကို မဖြေရှင်းနိုင်ဘူးလား”

ဟွားဝူတောက်က အနေခက်သွားသည်။

“ကျုပ်သူ့ကို ခုပဲခုခံနိုင်တယ် မတိုက်ခိုက်နိုင်ဘူး ... အဲ့ဒါအပြင် အဲ့ဒီလူရဲ့ကျင့်ကြံဆင့်က ကျုပ်နဲ့ယှဉ်ရင် သာလွန်နေတာ”

“အတော်သာလွန်တယ်လား”

“အဟုတ်ပါပဲ”

လန်လော့က မင်သက်သွားလေ၏။ သူက ဗဟုသုတကြွယ်ဝသော လူတစ်ယောက်အဖြစ် သတ်မှတ်၍ရသည်။ ဤလောကထဲ၌ မျှော်နန်းသခင်နှင့် အဆင့်တူအဖြစ်ကျင့်ကြံသည်သူက လက်တဆုပ်စာသာရှိသည်။ ထိုလူကမည်သူဖြစ်မည်နည်း။

“ပါရမီရှင် ဓားအသုံးပြုသူတဲ့လား”

“ဟုတ်ပါတယ်”

လန်လော့၏မျက်နှာထက်တွင် အထင်တသေးအမူအရာပေါ်လာပြီး နှာခေါင်းရှုံကာ ပြောလိုက်တော့၏။

“ယွင်ဂိုဏ်းရဲ့လော့ချန်ချင်းနဲ့ ဓားသူတော်စင်လော့ရှစ်စန်းက ငါနဲ့ယှဉ်ရင်အငယ်တွေပဲ။ အဲဒီနှစ်ယောက်က ငါနဲ့တိုက်ခိုက်ပိုင်ခွင့်မရှိဘူး”

ဟွားဝူတောက်က ယခုဆိုပိုတောင် အနေခက်သွားလေ၏။ ထိုနှစ်ယောက်သာဆိုလျှင် သူက သူတို့ကိုဖြေရှင်းမှာပဲဖြစ်သည်။ ဆိုရလျှင် သူသည်လည်း သူတို့ထက်အကြီးဖြစ်၏။ ခဏတာ ရပ်တန့်ပြီးနောက် နောက်ဆုံးတွင် သူက ပြောလိုက်တော့သည်။ “အဲ့ဒီလူရဲ့အမည်က ကုန်းယွမ်တုပါ”

ထောက် ...

ဖန်လီထန်း၏လက်ထဲရှိ ဘူးသီးခြောက်က မြေကြီးပေါ်ပြုတ်ကျသွားသည်။ သူ၏မျက်နှာပေါ်၌ ကြက်သေသေနေသောအမူအရာပေါ်လာကာ သူ၏ လက်သန်းတွေကလည်း တုန်‌ယင်နေပုံ ပေါ်သည်။ သူ့ဘေးရှိလန်လော့ကလည်း တောင့်တင်းသွား၏။ သူ့မျက်နှာကိုဖုံးကွယ် ပေးထားသည့်မျက်နှာဖုံးဖြင့်တောင် သူ၏အမူအရာမည်သို့ပုံဆိုတာ မှန်းဆရန်မခက်ခဲပေ။

ဖန်လီထန်းက ချောင်းတစ်ချက်ဟန့်လိုက်၏။ သူအနေခက်သွားသောအမူအရာကိုဖုံးကွယ်ရန် အကောင်းဆုံးကြိုးစားခဲ့ပြီ သူ၏ဘူးသီးခြောက်ကို သဘာဝကျကျကောက်ပြီးပြောလိုက်တော့၏။

“ဒီအဖိုးကြီးက ဘူး ... ဘူးသီးခြောက်ကိုတောင် မကိုင်နိုင်တော့ဘူး .... လောင်လန်ရေ ...ဝန်ခံရမှာကို ငါ မုန်းပါရဲ့။ ဒါပေမဲ့ မင်းနဲ့ယှဉ်ရင် ငါအတော်ဝေးသေးတယ်။ အဲ့ဒီပါရမီရှင် ဓားသိုင်းနဲ့သူကို မင်းပဲဖြေရှင်းသင့်တယ်။ အမ်း .... ငါ့သေရည်ကုန်သွားပြီ သေရည်မရှိဘဲနဲ့ ဒီမှာဘာလုပ်နေမှာလဲ ... သေရည်လေးသွားရှာလိုက်ဦးမယ်”

လန်လော့က လှုပ်ရှားတာမြန်ဆန်၏။ သူက သတိဝင်လာသည်နှင့် ပုံရိပ်ယောင်တစ်ခုသာ ချန်ထားသည်။ နောက်တစက္ကန့်၌ သူကဖန်လီထန်းရှေ့မီတာများစွာပေါ်လာ ၏။ သူက “လောင်ဖန် ... မင်း သေရည်ကြိုက်မှန်းငါသိတယ်။ မင်းရဲ့ခြေထောက်က နောက်ပိုင်းမှာ ဒုက္ခပေးနေတာကြောင့် ငါ ပြင်ဆင်ထားတယ်။ အဲ့ဒါတွေက မင်းရဲ့ခြံဝန်းထဲမှာ...”

“အမ် ... ဘယ်အချိန်က စပြီးတော့လဲ” ဖန်လီထန်းက ဇဝေဇဝါဖြစ်သွား၏။

လန်လော့က ညာလက်မောင်းကိုအနည်းငယ်မြှောက်လိုက်၏။ ဖျော့တော့သောစွမ်းအင်လှိုင်းဖြင့် သယ်ထားသည့် သေရည်ကရားတစ်ခုက ဖန်လီထန်း၏ခြံဝန်းထဲပေါ်လာပြီး ထိုနေရာတွင် ထားထားလိုက်၏။

“နှစ်တရာသေရည်”

ဖန်လီထန်းက တိတ်ဆိတ်သွားတော့သည်။

လန်လော့က လက်နောက်ပစ်ထား၏။ သူက သက်ပြင်းချကာပြောလိုက်တော့သည်။ “တကယ်ပါပဲ ငါ့က ကျင့်ကြံဆင့်ကော စွမ်းအားကောမင်းထက်သာတယ်။ ဒါပေမဲ့ ဒီတခေါက် ငါ ဒဏ်ရာ ဆိုးဆိုးရွားရွား ရထားတာ ... ငါ့ရဲ့ချီပင်လယ်နဲ့ စွမ်းအင်ဗဟိုချက်က မင်းလောက် ပြန်ကောင်းတာ မမြန်ဘူးလေ။ မင်းမှာ ဟေးမုလျန်ရဲ့အကူအညီရှိနေတာ။ မင်း ခွန်အားအကုန်သုံးပြီး သေတဲ့အထိ တိုက်ခိုက်မယ်ဆိုရင် ကုန်းယွမ်တု မင်းကို လျှော့တွက်ရဲမယ်လို့မထင်ဘူး"

ဖန်လီထန်းက ချောင်းဟန့်ပြီး လည်ချောင်းရှင်းကာ သူ့အမူအရာက သုန်မှုန်သွားလေ၏။

ဘာကို သေတဲ့အထိတိုက်ခိုက်မှာလဲ ... အဲ့လောက်အထိလိုလို့လား။

လန်လော့က ပြောလိုက်၏။

“မင်းရဲ့အသက်က မိစ္ဆာဝေဟင်မျှော်နန်းပိုင်ဆိုင်တယ်ဆိုပြီး မျှော်နန်းသခင်ကို မင်းကတိပေးထားတယ်လို့ ငါ ကြားတယ်။ မင်းတာဝန်ကိုရှောင်ဖို့မကြိုးစားသင့်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ မင်းတစ်ယောက်ပဲ ကုန်းယွမ်တုကို တန့်တားနိုင်စွမ်းရှိနာဟတာ”

“ဒါပေါ့ ... ငါလုပ်နိုင်မယ်ဆိုရင် စဉ်းစားမှာပေါ့ တဖက်မှာတော့ မင်းက တာဝန်ကို ရှောင်ဖို့ ကြိုးစားနေတဲ့သူလေ” ဖန်လီထန်းကပြော၏။

သူက သူတို့စကားများတာအဆုံးမသတ်တော့မည့်ပေါ်တာကိုမြင်သောအခါ ဟွားဝူတောက်က ကျယ်လောင်စွာပြောလိုက်၏။

“ကျေးဇူးပြုပြီး ပူးပေါင်းရင်း ကုန်းယွမ်တုကို တိုက်ခိုက်ကြပါ ... ချန်းပေ့တို့”

တွမ့်မူရှန်းကလည်း အရိုအသေပေးကာပြောလိုက်သည်။ “ကျေးဇူးပြုပြီး အတူပူးပေါင်းကြပါ ချန်းပေ့တို့”

နှစ်ယောက်လုံးက အသက်ကြီးပြီးအိုမင်းမစွမ်းဖြစ်လာရာ တစ်ယောက်ကိုတစ်ယောက် အထင်သေး နေဖို့မလိုပေ။

……………..

ထိုစဉ် ဓားသင်္ချိုင်း၏ဥမင်ထဲတွင်ဖြစ်သည်။

ဂျွတ် ဂျွတ် ဂျွတ်

အနက်ရောင်ခေါင်းတလားက ရွေ့လျားနေသည်။ ခေါင်းတလားထဲမှ မည်သူမှထွက်မလာချေ။ ထိုအစား ခေါင်းတလားက ပျံသန်းနေသည်။ ဥမင်အပြင်ဖက်ဆီသို့ဖြည်းဖြည်းချင်းထွက်ပေါ်လာကာ အဆုံးသတ်ခုနစ်ပါးအစီအရင်နှင့် ဓားသင်္ချိုင်းလေးထဲက ဓားဂူများကိုင်းဖြတ်ကျော်လျက် ဓားသင်္ချိုင်းထဲကနေ ထွက်လာလေ၏။

…

အခန်း (၂၉၆) သူ ရောက်လာပြီ

နေရောင်က အနက်ရောင်ခေါင်းတလားပေါ် ဖြာကျနေပြီး တုံ့ဆိုင်းနေသည့်အလား မလှုပ်မယှက် ဖြစ်နေသည်။ သူက အချိန်အကြာကြီး အမှောင်ထဲတွင် နေခဲ့၍လားတော့ မသိပေ။ ကမ္ဘာကြီးထဲ ထပ်မံထွက်လာပြီးနောက် နေသားမကျသလို ဖြစ်နေသည်။ ထို့နောက် ခေါင်းတလားထဲမှ သက်ပြင်းချသံအရှည်ကြီး ထွက်လာသည်။

…………

သီးသန့်တဲအိမ်လေးအတွင်း

စီးဝူယာ့က မျက်လုံးမှိတ်ထားရင်း စိတ်ရောကိုယ်ပါ အနားယူနေသည်။

ယဲ့ကျစ်ရှင်းက သူ့လက်ထဲမှ စာကို ဖတ်ပြီး ဦးညွှတ်လိုက်သည်။

“ဂိုဏ်းချုပ် … ကြွက်ငါးကောင် သေသွားပါပြီ။ သူတို့အလောင်းတွေကို ရွှေနန်းဥယျာဉ်တောင်ခြေမှာ ထားထားတယ်တဲ့ ”

စီးဝူယာ့က တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

“ သူတို့ကို ဘယ်သူ သတ်လိုက်တာလဲ ”

“ဝတ်စုံဖြူ မိန်းမပျိုလေးပါ … အခြားသတင်းတော့ မသိရသေးပါဘူး ”

ထိုစဉ် စီးဝူယာ့က မျက်လုံးဖွင့်လာကာ “ လျိုရှစ်ကျဲ”

ယဲ့ကျစ်ရှင်းက ထိုအကြောင်းကြားသည့်အခါ ကြောင်သွားပြီး “ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆဋ္ဌမသခင်မလေး လက်ချက်လား ”

စီးဝူယာ့က ပြုံးကာ “ သူ ဘယ်မှာရှိနေလဲ ရှာလိုက် … သူနဲ့ တွေ့ရမယ် ”

“ နားလည်ပါပြီ ”

ယဲ့ကျစ်ရှင်းက ဆက်ပြောလိုက်သည်။ “နောက်ထပ် တင်ပြစရာတစ်ခု ရှိပါသေးတယ်”

“ဘာလဲ ”

“ ရှန့်စုရှုမြို့မှာ ထကြွသောင်းကြမ်းပြီးတဲ့နောက် အံ့ဖွယ်မြို့တော်ကနေ နှိမ်နင်းဖို့ တပ်သားတချို့ ပို့လိုက်ပါတယ်။ တော်ဝင်အစောင့်တပ်ရဲ့ စစ်သူကြီးရှန့်က သေသွားပြီ။ ဂိုဏ်းချုပ်ယွီက အဲဒီသတင်းကြားပြီးတော့ စိတ်အေးသွားတယ်။

လွန်ခဲ့တဲ့ တစ်လလောက်တုန်းက သူက ငရဲဂိုဏ်းက လူတစ်သောင်းကို ဦးဆောင်ပြီးတော့ သမာသမတ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်။ သမာသမတ်ဂိုဏ်း ကျဆုံးသွားပြီးတော့ သူတို့ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်းက ပျောက်နေတယ်။ အခုတော့ သမာသမတ်ဂိုဏ်းရဲ့ ပိုင်နက်ကို ငရဲဂိုဏ်းရဲ့ ပိုင်နက်အဖြစ် သတ်မှတ်လိုက်ပါပြီ” ယဲ့ကျစ်ရှင်းက တင်ပြလိုက်သည်။

ထိုအကြောင်းကို ကြားပြီး စီးဝူယာ့က သက်ပြင်းချလိုက်ကာ “ တာ့ရှစ်ရှိုးက စိတ်မရှည်ဘူးပဲ … ဒီလိုလုပ်ဖို့ မလိုတာကို … ငါ့အရင်အစီအစဉ်တိုင်းဆိုရင် ကျန့်ယွမ်ရှန်းကို လွတ်သွားမှာ မဟုတ်ဘူး ”

“ ဂိုဏ်းချုပ်ယွီက ကျန့်ယွမ်ရှန်း သေတာရှင်တာကို ဂရုမစိုက်ပါဘူး ” ယဲ့ကျစ်ရှင်းက ပြောလိုက်သည်။

“ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရမယ်လေ … တာ့ရှစ်ရှိုးက မစေ့စပ်ဘူး ”

“ဂိုဏ်းချုပ်က ဉာဏ်ကြီးပါတယ်” ယဲ့ကျစ်ရှင်းက စကားဆုံးသွားသည့်အခါ ထွက်မသွားသေးပေ။

စီးဝူယာ့က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။ “တခြားတစ်ခု ရှိသေးလို့လား ”

“ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ယွီကို ဒီလိုထောက်ပံ့ပေးနေတာကို ဒုတိယသခင်လေးက စိတ်ခုသွားရင် ဘယ်လိုလုပ်မလဲ … ”

“ ငါ အာ့ရှစ်ရှိုးကို ရှင်းပြလိုက်မယ်။ ဘာမှစိတ်ပူစရာ မလိုဘူး ”

ယဲ့ကျစ်ရှင်းက ခေါင်းညိတ်ကာ “ ငရဲဂိုဏ်းရဲ့ အင်အားက နေ့တိုင်း ကြီးထွားလာနေတာ။ ဂိုဏ်းချုပ်ရဲ့ အောင်မြင်မှုက ဂိုဏ်းချုပ်ယွီကို စိတ်မသာမယာ ဖြစ်သွားစေမှာကိုလည်း စိတ်ပူမိတယ် ”

အစကတည်းက လူတစ်ယောက်က အောင်မြင်မှုကြောင့် ကိုယ့်ထပ် သာလွန်သွားလျှင် လုံခြုံမှု မရှိတော့သလို ဖြစ်တတ်သည် မဟုတ်ပါလော။ ထိုစဉ် စီးဝူယာ့က ဒီလိုပုံစံမျိုး ဖြစ်၏။ သူက ငရဲဂိုဏ်းကိုနောက်ကွယ်မှ ကူညီပေးနေသည်။ ထို့ကြောင့် ငရဲဂိုဏ်းက ယခုလိုကြီးထွားလာခြင်း ဖြစ်၏။ ယွီကျန့်ဟိုင်က သူ့အား ဆုအကြီးကြီး ချီးမြင့်သော်လည်း သူက ယွီကျန့်ဟိုင်ကို ငြင်းခဲ့သည်။

သူတို့က တစ်ဂိုဏ်းတည်းသား တပည့်ဖြစ်ခဲ့ဖူးပြီး သူတို့ကြားက ဆက်ဆံရေးက အများစုထက် ပိုအားကောင်းလေသည်။ ပြဿနာမှာ ယွီကျန့်ဟိုင်က ကမ္ဘာကြီးကို အုပ်စိုးလိုသည့် ရည်ရွယ်ချက်ကြီး ရှိနေခြင်း ဖြစ်၏။ ဒီလိုလူမျိုးက အုပ်ချုပ်သူတစ်ယောက်၏ တွက်ချက်တတ်သည့် စိတ်နေစိတ်ထားမျိုး မရှိဘဲ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

စီးဝူယာ့က ယဲ့ကျစ်ရှင်းကို မေးလိုက်သည်။ “ကျစ်ရှင်း ကျင့်ကြံသူတွေက ဘာလို့တည်ရှိနေတယ် ထင်လဲ”

ယဲ့ကျစ်ရှင်းက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက ဒီမေးခွန်းမျိုး မျှော်လင့်မထားပေ။ ဤသည်က ရိုးရှင်းသည့် မေးခွန်း မဟုတ်ပေ။

မရိုးမသား ဖြေလိုက်လျှင် သူက အလေးအနက်မထားရာ ကျမည် ဖြစ်ပြီး အရိုးသားဆုံး ဖြေလိုက်လျှင်လည်း ပေါ့ပေါ့တန်တန် ဖြစ်နေပေမည်။

“မင်း စိတ်ထဲရှိတာ ပြောကြည့်” စီးဝူယာ့က ပြောလိုက်သည်။”

“ ဂိုဏ်းချုပ် လူတစ်ယောက်က ကျင့်ကြံရေးလမ်းကြောင်းပေါ် လျှောက်တာက သူတို့အင်အား တိုးပွားလာအောင်လို့ ထင်တယ်။ ကျွန်တော်အနေနဲ့ လူတစ်ယောက်ရဲ့ အလိုဆန္ဒက သူတို့အင်အားနဲ့ တိုက်ရိုက်အချိုးကျနေသင့်တယ်လို့ ထင်ပါတယ်”

စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ထိုင်ချကာ “ မင်း အဲလိုနားလည်တာလည်း မမှားဘူး။ အခွင့်အရေးရရင် မင်းကို တခြားတစ်ခု ပြောပြမယ် ”

“ ဂိုဏ်းချုပ်သဘောပါပဲ ”

…………….

နောက်တစ်ရက် ရွှေနန်းဥယျာဉ်တောင်ခြေ၌

ဟွားဝူတောက်၏ အမိန့်အရ မိစ္ဆာဝေဟင်မျှော်နန်းရှိ အမျိုးသမီး ကျင့်ကြံသူများက ကင်းလှည့်နေရသည်။

အမျိုးသမီး ကျင့်ကြံသူများ၏ အာရုံကို အကာအရံမှ ဆူညံသံက ဖမ်းစားသွားလေသည်။ သူတို့က မော့ကြည့်လိုက်သည့်အခါ အပြာရောင် အကာအရံက တုန်ခါနေသည်ကို မြင်လိုက်ရ၍ စိတ်မသက်မသာ ခံစားလိုက်ရသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့လည်း အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ကြသည်။

“မျှော်နန်းသခင်က ကျင့်ကြံနေတုန်းပဲ။ သူက အကာအရံရဲ့ စွမ်းအားလက်ကျန်ကို စုပ်ယူပစ်ဖို့ ကြံစည်နေတာလား …” ကျိုးကျစ်ဖုန်းက စဉ်းစားလိုက်သည်။

“ပြောဖို့ ခက်တယ် …”

ကျိုးကျစ်ဖုန်းက သက်ပြင်းချကာ “ အကာအရံစွမ်းအားက နောက်ရက်ပိုင်းလောက် ထပ်ခံဖို့ပဲ မျှော်လင့်ပါတယ်ကွာ ”

ဖန်ကျုံးက ကျိုးကျစ်ဖုန်းကို ကြည့်ကာ “ နောင်တရနေပြီလား”

“ ဘယ်တော့မှ မရဘူး ”

ဖန်ကျုံးက အနီးရှိ အမျိုးသမီး ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့နောက် ကျိုးကျစ်ဖုန်းကို ကြည့်လိုက်ကာ “ မင်းကို ပြောလိုက်ရင် သေပေးမှာလား”

“ညီအစ်ကိုဖန်က ငါ့ကို ဘာပြောစေချင်တာလဲ ” ကျိုးကျစ်ဖုန်းက မျက်လုံးဝေ့ကြည့်လိုက်သည်။

ထိုစဉ် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက အော်ပြောလိုက်သည်။ “အဲဒါ ဘာကြီးလဲ ”

ကျစ်

မိစ္ဆာဝေဟင်မျှော်နန်း၏ အမျိုးသမီး ကျင့်ကြံသူများကအဝေးမှ အနက်ရောင် အစက်ကို မြင်လိုက်ရသည့်အခါ စွမ်းအားကြီး ရန်သူကို မြင်သည့်အလား ဓားထုတ်လိုက်ကြသည်။

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က တစ်နေရာအား လှမ်းကြည့်လိုက်ကြသည်။ သူတို့ဆီ ဖြည်းဖြည်းချင်း ပျံသန်းလာနေသည့် အနက်ရောင်အစုအဝေးကြီးကို မြင်လိုက်ရ၏။

အနီးရောက်လာသည့်အခါ ထိုပုံသဏ္ဍာန်က လေးထောင့်ဖြစ်နေမှန်း သိလိုက်ရသည်။ အနီးရောက်လာလေလေ ထိုအရာက အနက်ရောင်ခေါင်းတလားဖြစ်ကြောင်း ပိုမိုထင်ရှားလာလေလေ ဖြစ်၏။

ကျိုးကျစ်ဖုန်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

“ညီအစ်ကိုဖန် တစ်ယောက်ယောက် ဒီလိုပုံစံမျိုးနဲ့ ရောက်လာတာကို ပထမဆုံး မြင်ဖူးတာပဲ။ ဒီလိုမျိုး အရင်က မြင်ဖူးလား ”

ဖန်ကျုံးလည်း အံ့အားသင့်နေလေသည်။ သူက တံတွေးမျိုချကာ “ ဟင့်အင်း တစ်ခါမှ မမြင်ဖူးဘူး ”

“သူက ဘယ်လိုရွေ့လာတာလဲ။ ခေါင်းတလားအောက်ထဲ အပေါက်ဖောက်ထားတာလား”

ကျိုးကျစ်ဖုန်းက ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။ သူက ခေါင်းတလားကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ဖန်ကျုံး “ငါ ဘယ်သိပါ့မလဲ ”

အမျိုးသမီး ကျင့်ကြံသူများက ရွှေနန်းဥယျာဉ်တောင် ဝင်ပေါက်ထဲ နောက်ဆုတ်လိုက်ကြပြီး သုံးတန်းစီကာ ရပ်လိုက်ကြသည်။

ကျိုးကျစ်ဖုန်းက သူတို့ရှေ့မှ ခုန်ဆင်းလာသည်။ ထို့နောက် သူက လှည့်ကာ ပြောလိုက်သည်။

“အကြီးအကဲတွေကို သွားအကြောင်းကြားလိုက် ”

“နားလည်ပါပြီ ”

ဖန်ကျုံးလည်း ခုန်ဆင်းလာကာ ကျိုးကျစ်ဖုန်းဘေးနား ဝင်ရပ်လိုက်သည်။

ခေါင်းတလားက နိမ့်ကာပျံသန်းလာသည်။ ထိုအရာကို စွမ်းအားတချို့ ရစ်ပတ်ထားပုံပေါ်၏။ ထိုအရာမှ ထူးဆန်းသော အနက်ရောင်ချီစွမ်းအားများ ထုတ်လွှင့်နေသည်။ ပျံသန်းလာရင်း အနက်ရောင်ချီများကို ချန်ထားခဲ့၏။

ဝှီး

ခေါင်းတလားက ရုတ်ချည်းဆိုသလို အရှိန်မြင့်လာကာ သူတို့ရှေ့ရောက်မှ ရပ်တန့်သွားလေသည်။

အခြားလူများက အသက်ပင် ပြင်းပြင်းမရှုရဲကြပေ။ သူတို့က ခေါင်းတလားကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ သူတို့က ဘဝ၌ ဤကဲ့သို့မြင်ကွင်းမျိုး မမြင်ဖူးခဲ့ကြပေ။ သူတို့အနေနှင့် ကြောက်ရွံ့စိုးထိတ်နေသည်မှာ ပုံမှန်သာ ဖြစ်၏။ လူသားများက ခေါင်းတလားများအပေါ် မကြိုက်ကြသည် သဘာ၀ပင် မဟုတ်ပါလော။ သူတို့က ခေါင်းတလားကို မြင်သည့်အခါ ပျာယာခတ်သွားပြီး ဘာလုပ်ရမှန်း မသိကြတော့ပေ။

လေထုက တင်းကျပ်လာသည်။

အချိန်တချို့ကြာပြီးနောက် ခေါင်းတလားထဲမှ ခပ်ဩဩ အသံထွက်လာသည်။

“ရွှေနန်းဥယျာဉ်တောင် ”

ခေါင်းတလားက နေရာအနေအထား ချိန်ညှိလိုက်သည်။

ကျိုးကျစ်ဖုန်းက အကောင်းဆုံး ကြိုးစားရင်း လက်နှစ်ဖက်ယှက်ကာ “ ဒီက လောင်ချန်းပေ့ကုန်းလား ခင်ဗျ ”

“မင်းက စိတ်လှုပ်ရှားနေတာပဲ ” ခေါင်းတလားထဲမှ လှောင်ရယ်သံ ထွက်လာသည်။

“အဲဒါက …”

သူက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ကုန်းယွမ်တုက သက်ပြင်းချကာ “ ဒီလောက်နှစ်တွေကြာပြီးတာတောင် အစ်ကိုကျိကိုယ်တိုင် ထွက်ကြိုတာ မခံရသေးဘူးပဲ။ နှမြောစရာပဲ နှမြောစရာပဲ ”

“ …” ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က တောင့်တင်းသည့် အမူအရာများဖြစ်နေကြသည်။

“လမ်းပြကြ ” ကုန်းယွမ်တုက ပြောလိုက်သည်။

“လောင်ချန်းပေ့ကုန်း … မျှော်နန်းသခင်က သိပ်နေမကောင်းတော့ နောက်တစ်ရက်မှ ပြန်လာခဲ့လိုက်ပါ့လား ” ဖန်ကျုံးက အရဲစွန့်ကာ ပြောလိုက်သည်။

“ဟမ် ” ခေါင်းတလားက သူတို့ခေါင်းအထက်မှ ပျံသန်းသွားလေသည်။

ချီအတက်အကျလည်း ယခင်ထက် ပိုမို ပြင်းထန်လာသည်။ ခေါင်းတလားအတွင်းမှ မသည်းမကွဲ ရယ်သံတစ်ခု ကြားနေရ၏။

အားလုံးက ထိုအသံကို ကြားလိုက်သည့်အခါ ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။

…

အခန်း (၂၉၇) လက်ရွေးစင်များကြားရှိတိုက်ပွဲတစ်ပွဲ

သူတို့သည် ကုန်းယွမ်တု ရယ်နေရသည့်အကြောင်းကို နားမလည်ပေ။ ကျိုးကျစ်ဖုန်းက ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်၏။

“နောက်ဆုတ်”

မိစ္ဆာဝေဟင်မျှော်နန်းမှလူများသည် အကာအရံနောက်သို့ဆုတ်လိုက်ကြသည်။

ဖန်ကျုံးက အကာအရံကို စိုးရိမ်ပူပန်စွာမော့ကြည့်လိုက်၏။ အရံအတားက ယခုအချိန်တွင် မမှန်းဆနိုင်လောက်အောင် အားနည်းနေပြီ ဖြစ်သည်။ ကုန်းယွမ်တုကဲ့သို့ သိုင်းပညာရှင်ကို ထိန်းထားနိုင်မည်လော။ ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့က ကုန်းယွမ်တုကို ထိန်းထားနိုင်မည် မဟုတ်မှန်း သူတို့ သိနေသည်။ ထိုစဉ်ခေါင်းတလားက အရံအတားကို ဖြတ်ကျော်ပြီး ရွှေနန်းဥယျာဉ်တောင်ထဲဝင်လာ သည်မှာ နေရာတွင် အရံအတား မရှိသည့်ပမာ ဖြစ်နေ၏။ နေရာတွင် အရံအတားက အကောင်းပကတိရှိနေသေးသည်။ သို့သော် ယင်းက ယိုယွင်းသွားသည့် လက္ခဏာ မပြသပေ။

“ဘာ ...” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက စိတ်ရှုပ်ထွေးသွားလေ၏။

သူတို့အထက်၌ ခေါင်းတလားက ပျံဝဲနေသည်။ ခေါင်းတလားအတွင်းမှ အကြည့်တစ်ခုရောက် နေသည်ဟု ခံစားမိ၏။ ဖန်ကျုံးသည် ခေါင်းတလားအောက်ရှိ အကြောများကိုမြင်သောအခါ သူက အထိတ်တလန့်ပြောလိုက်၏။ “အစီအရင်သွေးကြောလား”

ယင်းက သာမန်ခေါင်းတလားမဟုတ်ပေ ... မဟုတ်ပါက ဓားသင်္ချိုင်းထဲတွင် နှစ်ပေါင်းများစွာ ယိုယွင်းတိုက်စားမှုကို မည်ကဲ့သို့ ခံနိုင်မည်နည်း။ ခေါင်းတလားမျက်နှာပြင်က ချောမွေ့ပြီးတောက်ပ နေကာ သွေးကြောများကိုလည်း ခေါင်းတလား၏အောက်တွင် မြင်နေရသည်။ ကုန်းယွမ်တု၏ ရှတတ အသံက ခေါင်းတလားထဲမှ ထပ်မံပေါ်ထွက်လာ၏။

“လူငယ်မျိုးဆက်က ငါတို့ကို ကျော်တက်မှာပဲ”

“ဆရာကြီးကုန်း ... နောက်ရက်ကျမှ လာ ... လာသင့်ပါတယ်” ကျိုးကျစ်ဖုန်းက သူ၏ဓားကိုဆွဲထုတ်ပြီးနောက် တိုက်ခိုက်ရန်ပြင်လိုက်သည်။

“နတ်ဒေဝါဦးတည်နယ်ပယ်လား” ကုန်းယွမ်တုက ရယ်မောလိုက်သည်။ ကျိုးကျစ်ဖုန်းကို ထည့်မတွက်တာ သိသာသည်။ သူသည် မြောက်ပိုင်းမြို့တော်မှ ပါရမီရှင်ဓားသမားဖြစ်သောကြောင့် ထည့်မတွက်တာ သဘာ၀ကျသည်။

ဝှစ် ...

ခေါင်းတလားက ထိုးဆင်းလာတော့သည်။

ကျန်သည့်သူများက ကနဦးချီကို ချက်ချင်းထုတ်ဖော်လျက် သူတို့ကိုယ်သူတို့ စွမ်းအားဖြင့်ရစ်ပတ် လိုက်တော့သည်။

ဘန်း ...

အနက်ရောင်ခေါင်းတလားသည် သူတို့စွမ်းအင်များကို ချက်ချင်းဖြိုခွဲသွားတော့၏။

ကျိုးကျစ်ဖုန်း၊ ဖန်ကျုံးနှင့် အမျိုးသမီးကျင့်ကြံသူများက နောက်လွင့်သွားသည်။ သူတို့က တစ်ချက်တောင် ခံနိုင်ရည်မရှိကြချေ။

ခွန်အားကို ပြသရန်မလိုအပ်ချေ။ ထိုတစ်ခုတည်းကပင် ကုန်းယွမ်တု၏ကျင့်ကြံဆင့်သည် အနည်းဆုံးနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင်ရှိကြောင်း ပြသပြီးဖြစ်သွားသည်။

နတ်ဒေဝါဦးတည်နယ်ပယ်ကျင့်ကြံသူတစ်ရာကတောင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူ တစ်ယောက်အတွက် ပြိုင်ဘက်မဟုတ်ပေ။ သို့သော်ငြားခေါင်းတလားက သတ်ဖြတ်ရန်မတန့်သွား ပေ။ စွမ်းအင်များအားလုံးပြိုကွဲသွားပြီးနောက် ခေါင်းတလားသည် အားလုံး၏အထက် ပျံဝဲနေလေ၏။ ကုန်းယွမ်တုက နက်ရှိုင်းသည့်လေသံဖြင့်ပြောလိုက်သည်။ "လမ်းပြပေး”

ထိုစဉ် တောင်ပေါ်ကနေ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဆင်းလာပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

“လောင်ချန်းပေ့ကို တောင်ပေါ်တက်ခွင့်ပေးလိုက်ဖို့ အကြီးအကဲဟွားက အမိန့်ပေးလိုက် ပါတယ်”

.................

မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ရှေ့တွင် ဖြစ်သည်။

လန်လော့၊ ဖန်လီထန်းနှင့် ဟွားဝူတောက်တို့က ရှေ့တွင်ရပ်နေကြစဉ် တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာက ဘေးတွင်ရပ်နေကြ၏။ ကျန်သည့်သူများက သူတို့နောက်တွင် အတန်းလိုက်ရပ်နေကြသည်။ ခေါင်းတလားက သူတို့ရှေ့တွင်ပျံဝဲနေလေ၏။

လန်လော့နှင့်ဖန်လီထန်းက ခေါင်းတလားကို မြင်တွေ့သည့်အချိန်၌ အကြည့်ချင်းဖလှယ်ကာ ခေါင်းခါလိုက်သည်။ ကျယ်ဝန်းသည့်လောကကြီးထဲ၌ ထူးဆန်းထွေလာများစွာရှိသည်။ သူတို့သည် ဗဟုသုတကြွယ်ဝသည့်အတွေ့များသည့် လူကြီးများဖြစ်သော်ငြား ထိုကဲ့သို့ ထူးဆန်းတာကို ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။

ဟင်း ... မင်း ဘာသိမှာလဲ ... ပြဿနာရှာနေတဲ့ ခေါင်းတလား။ ဘယ်သူက အဲဒီဟာကို သောက်ကျိုးနည်း ယုံနေမှာလဲ။

အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ကုန်းယွမ်တုက ခေါင်းတလားထဲကနေပြောလိုက်သည်။

“အစ်ကိုကျိ ဘယ်မှာလဲ”

“မျှော်နန်းသခင်က တံခါးပိတ်ကျင့်ကြံနေပါတယ်” လန်လော့က တည်ငြိမ်စွာပြန်ပြောလိုက်သည်။ ဆိုရလျှင် နှစ်ပေါင်းများစွာနေထိုင်လာသော မြေခွေးအိုကြီးများအနေဖြင့် တစ်ဖက်သူတွေးနေတာကို သူသိသည်။ ယခုအချိန်၌ တတိယအဆင့် လှည့်ကွက်များ သုံးနေပါက အဓိပ္ပာယ်မရှိပေ။ ရိုးသားတာက ပိုကောင်းမည်။

“တံခါးပိတ်ကျင့်ကြံတာလား" ကုန်းယွမ်တု၏လေးနက်သောအသံက စဉ်းစားနေပုံပေါ်၏။

“ဓားသင်္ချိုင်းကနေ သူပြန်လာချိန်ကစပြီး မျှော်နန်းသခင်က တံခါးပိတ်ကျင့်ကြံနေတာ ... မင်း အဲဒါကိုယုံလား” ဖန်လီထန်းက မေးလိုက်တော့သည်။

ခေါင်းတလားက အနည်းငယ်လှုပ်ရမ်းသွားသည်။ ခေါင်းတလားနားရှိ ကနဦးချီအတက်အကျက ဖြစ်ပေါ်လာပြီးနောက် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

ခေါင်းတလားသည် လန်လော့နှင့် ဖန်လီထန်းကြားရှိ လေဟာနယ်ကို ရည်စူးပြီးလေထဲ ပျံဝဲနေလေ၏။

“မင်း ဘယ်သူလဲ”

ထိုမေးခွန်းက နှစ်ယောက်လုံးကို ရည်ရွယ်၏။

လန်လော့သည် ကွယ်ဝှက်ထားရန် မရည်ရွယ်ဘဲပြောလိုက်တော့၏။

“လန်လော့...”

ဖန်လီထန်းက ပြောလိုက်တော့သည်။ “ငါ ...” သူ့ကိုယ်သူဖန်လီထန်းဖြစ်ကြောင်း ပြောမိလုနီးပါး ဖြစ်သွားသည်။ သို့သော် နောက်ဆုံးအချိန်၌ သူ့ကိုယ်သူ ဟန့်လိုက်သည်။ ကျင့်မင်တာအိုဂိုဏ်းထဲ ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို အမှတ်ရသွားပြီး သူကပြောလိုက်တော့သည်။ “ကျုပ်က သူတောင်စားတစ်ယောက်ပါပဲ။ ကျုပ်နာမည်က ပြောပလောက်အောင် မတန်ပါဘူး”

ကုန်းယွမ်တုက ရယ်မောကာ ပြောလိုက်တော့သည်။

“လန်လော့ ... ငါ ထင်တာမမှားရင် လွန်ခဲ့တဲ့အနှစ်သုံးရာတုန်းက ပေနက်လွှာပေါ်မှာရှိတဲ့ သိုင်းပညာရှင်ရဲ့နာမည်ပဲ။ မင်းအတွက်ကတော့ ဟားဟား ... အစ်ကိုကျိက ဘယ်အချိန်ကစပြီး သူတောင်းစားတစ်ယောက်အတွက် ခိုလှုံရာ ထောက်ပံ့ပေးတဲ့ အထိ ကြင်နာတတ်သွားတာလဲ”

“မျှော်နန်းသခင်က သဘောထားကြီးမှုကို ပြတာကြောင့် ကျုပ် နေခွင့်ရတာပေါ့”

“စိတ်ဝင်စားစရာပဲ ... စိတ်ဝင်စားစရာပဲ” ယင်းက ကျိထျန်းတောက်ကို တစ်စုံတစ်ယောက်ချီးကျူး နေတာကို ကုန်းယွမ်တု ပထမဆုံးအကြိမ်ကြားဖူးတာဖြစ်သည်။ ယင်းက ရှားရှားပါးပါးတွေ့ရသည့် အခြေအနေဟုပြောလျှင်နားလည်နိုင်ပေသည်။ သူက ကျိထျန်းတောက်ကို လူအများဆဲနေတာ ကိုသာ ကြားနေကျဖြစ်သည်။ ယခု ကျိထန်းတောက်ကို တစ်စုံတစ်ယောက် ချီးကျူးနေသောကြောင့် သူထူးဆန်းသည်ဟု တွေးမိလိုက်သည်။

“ကုန်းယွမ်တု ... ခင်ဗျားက မျှော်နန်းသခင်ကိုစိန်ခေါ်ဖို့ရည်ရွယ်နေတာဆိုရင် ခင်ဗျားစိတ်ပျက်မိမှာ စိုးမိတယ်” လန်လော့က ပြော၏။ ကျန်သည်သူများက လန်လော့ကိုလှည့်ကြည့်လိုက်ကြသည်။

အမှန်တကယ်ပင် သူက ကုန်းယွမ်တုကို သူ၏အမည်အတိုင်း ခေါ်ဝေါ်ခွင့်ရှိသည်။ ဖန်လီထန်းကလည်း ကုန်းယွမ်တုကို အမည်တပ်ခေါ်ဝေါ်၏။

“ဟမ်...”

“ကျုပ် ... မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ခဲ့တာ” လန်လော့ကပြော၏။

ကုန်းယွမ်တုက တိတ်သွားတော့သည်။ ခေါင်းတလားထဲသို့ပုန်းနေသော်ငြား သူ စဉ်းစားနေတာ သိသာ၏။ ခဏအကြာတွင် သူ၏အသံကထပ်မံပေါ်ထွက်လာ၏။

“လန်လော့ ... မင်း ဒဏ်ရာရထားတယ်ဆိုတာ ငါ သိတယ်။ ဒါကြောင့် ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစား နေစရာမလိုဘူး။ သူတောင်းစားအိုကြီးအတွက်ကတော့ မင်းရဲ့အရှိန်အဝါ စီးဆင်းမှုက အားနည်း ပေမဲ့ မင်းရဲ့အတွေ့အကြုံများတယ်ဆိုတာ ငါ ပြောနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ ငါ့ကိုအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ဘူး”

ထိုစကားကိုကြားသောအခါ လန်လော့နှင့်ဖန်လီထန်းက အကြည့်ချင်းဖလှယ်လိုက်၏။

ကျန်သည့်သူများက ထိတ်လန့်သွားသည်။

သိုင်းပညာရှင်ကြီးများကြားရှိ တိုက်ပွဲတစ်ပွဲတစ်ပွဲ၌ လက်ရွေးစင်များသည် သူတို့အရှိန်အဝါနှင့် ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားနေကြဖြစ်သည်။ ကုန်းယွမ်တုက အားလုံးကို မည်ကဲ့သို့ရှာတွေ့ သနည်း။

လန်လော့သည် ခေါင်းတလားအောက်ရှိ ကနဦးချီ အတက်အကျကိုတွေ့လိုက်ရသည်။ သူက ပြောလိုက်တော့သည်။

“ခင်ဗျားဆီမှာ လှည့်ကွက်တချို့ရှိနေပုံပဲ”

“မင်း ... ငါ့ကို ချီးကျုးနေတာပဲ”

“မြောက်ပိုင်းမြို့တော်ရဲ့ ဓားသိုင်းပါရမီရှင် ကုန်းယွမ်တု ... ခင်ဗျားအခုလောက်ဆို အနှစ်ကိုးရာလောက် ရှိလောက်ပြီ ... ခင်ဗျား ဒဏ်ရာမရထားရင် ဘာကြောင့် ခေါင်းတလားထဲ နေမှာလဲ” လန်လော့ကမေးလိုက်၏။

လူတိုင်းက တိတ်ဆိတ်သွားတော့သည်။

ကုန်းယွမ်တုက ဤနေရာသို့ လာပြီး သေဖို့ ပြင်ဆင်နေတာသိသာသည်။ သူက အထွတ်အထိပ် အခြေအနေဆိုလျှင် သေခြင်းတရားကို ကြောက်ရန်လိုမည်လော ....

ခေါင်းတလားထဲကနေ ရယ်သံ ထပ်ထွက်လာပြန်၏။

“ငါ့ဘဝမှာ နောင်တရစရာ ကိစ္စနှစ်ရပ်ပဲရှိတယ်။ ပထမတစ်ခုက ငါ့အသက်အကန့်အသတ် ပြဿနာကို မဖြေရှင်းနိုင်တာပဲ။ ဒုတိယတစ်ခုက ငါ မသေခင်မှာ အစ်ကိုကျိကို အနိုင်မယူနိုင်တာပဲ။ အားလား ... ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ သေမလားရှင်မလားဆိုတာက ငါ့ရဲ့ပထမဆုံးနောင်တ၊ ဒါပေမဲ့ ဒုတိယနောင်တနဲ့ပတ်သတ်ပြီး တစ်ခုခုလုပ်နိုင်သေးတယ်။ နိုင်မလား ... ရှုံးမလား အနည်းဆုံး ငါ ငြိမ်းငြိမ်းချမ်းချမ်းသေနိုင်တာပေါ့”

လန်လော့ကပြော၏။

“ခင်ဗျားက မျှော်နန်းသခင်ကို အနိုင်ယူချင်တယ်ဆိုရင် ကျုပ်ကို ဖြတ်ကျော်ရမယ်”

“ပြီးတော့ ငါ ကော”

“ပြီးတော့ ကျုပ် ကော”

“ပြီးတော့ ကျွန်မကောပဲ”

ဖန်လီထန်း၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က ဝင်ပြောလိုက်သည်။

ဖန်ကျုံး၊ ကျိုးကျစ်ဖုန်းနှင့် အမျိုးသမီးကျင့်ကြံသူများက ဓားဆွဲထုတ်လိုက်၏။ အတော်လေး စီတန်းထားတာပဲဖြစ်သည်။

ကုန်းယွမ်တုက စိတ်ခံစားချက်ပါပါပြောလိုက်၏။

“မျိုးဆက်ဟောင်းရဲ့ ငှက်အိုကြီးတွေကို မျိုးဆက်သစ်က အစားထိုးမယ် ... ကောင်းတယ် ... သိပ်ကောင်းတယ်” ပြောပြီးသည်နှင့် ခေါင်းတလားထဲကနေ ထူးဆန်းသောအနက်ရောင်ချီက ပေါ်ထွက်လာ၏။ ယင်းက တိုက်ကွက်ဟုတ်ပုံမပေါ်ပေ။ ခေါင်းတလားမျက်နှာပြင်ပေါ်၌ ထွင်းထုထားသော သင်္ကေတများက ဖြည်းဖြည်းချင်း လွင့်ပါးသွား၏။ သူက သူ့ကိုယ်သူ တမင်တကာ အားနည်းသွားအောင် လုပ်ပုံပေါ်သည်။

ကျန်သည့်သူများက ဝေခွဲမရ ဖြစ်သွားတော့သည်။ ကုန်းယွမ်တု ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

ထိုစဉ်ခေါင်းတလားက မြေပြင်ပေါ်ဖြည်းဖြည်းချင်းဆင်းသက်လာတော့သည်။ ထိုအရာကို လန်လော့မြင်တွေ့သောအခါ ကုန်းယွမ်တု၏ကျင့်ကြံဆင့်သည် ယိုယွင်းသွားပြီဆိုတာ သူ ယုံကြည်သွားတော့၏။ သူက “ခင်ဗျားရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ ခင်ဗျားက အကြီးအကဲဟွားရဲ့ လျှို့ဟယ်တာအိုစည်းတံဆိပ်ကိုတောင် ဖြိုခွဲနိုင်မယ်မထင်ဘူး။ မျှော်နန်းသခင်ကို ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ”

ကျန်သည့်သူများက ခေါင်းတလားကို အာရုံစိုက်ကြည့်လိုက်သည်။

သူ့ကျင့်ကြံဆင့် ဒီလောက်ယိုယွင်းနေပြီဆိုမှ ဒီကိုလာတာ သေလမ်းရှာတာပဲ မဟုတ်ဘူးလား ...

ကျန်သည့်သူများက သူတို့၏ရန်သူကို အထင်ကြီးလွန်းခဲ့သည်ဟု တွေးမိသည့်အချိန်၌ အနည်းငယ်စိတ်အေးသွားသည့် အကြီးအကဲဟွားက လက်သီးဆုပ်မိုးပြီးပြောလိုက်တော့၏။

“ကျုပ်က ပါရမီမရှိတဲ့အငယ်တစ်ယောက်ပါပဲ ... ကျုပ်က ယွင်ဂိုဏ်းက ဟွားဝူတောက်”

ခေါင်းတလားသည် မြေပြင်ပေါ်ဆင်းသက်လာပြီး ရုတ်တရက် မတ်မတ်ထောင်သွား၏။

ဘန်း ....

ခေါင်းတလားအတွင်းဖက်က အားလုံးကို မျက်နှာမူလိုက်သည်။ မျက်နှာပြင်ပေါ်ရှိအကြောများက ပျောက်ကွယ်လာပုံရ၏။

...

All Chapters