အခန်း (၅၁၈-၅၁၉)
Vol. 33 Ch. 518-519
Chapter 518
ယာဉ်တန်း အဆင့်မြှင့်တင်ခြင်း ၃
သူ စောင့်ကြည့်ရေးခန်းမကို ရှင်းလင်းပြီးနောက် ပျက်စီးနေပြီဖြစ်သော ရှင်သန်ရေးအခန်းများကို စက်ရုပ်လက်တံဖြင့် ရွှေ့ပြောင်းစေသည်။ ထို့နောက် မှန်နံရံကို ဖြတ်၍ ၎င်းတို့ကို ဝါးမျိုရန် စတင်လိုက်သည်။
[ဝါးမျိုမှုအောင်မြင်သည်။ ယန္တရားရင်းမြစ် +၃၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၁]
အခန်းတစ်ခုစီကို ဝါးမျိုသည်ပြီးနောက် ၎င်းတို့သည် အညိုရောင်ပြာအဖြစ် ပြိုကွဲသွားသည်။ တစ်ခဏအတွင်းတွင် အတွင်းမှ ခန္ဓာကိုယ်များ—ကွဲအက်နေသော မှိုမျှင်များ၏ အကြွင်းအကျန်များ အပါအဝင်—ပျားအုံအသိုက်ဗဟို၏ အောက်ခြေသို့ တိုက်ရိုက်ပြုတ်ကျသွားသည်။
အမျိုးသားနှင့် အမျိုးသမီးများသည် အသက်လေးဆယ်ကျော် အများစုဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် အပင်ကဲ့သို့ ပုံသဏ္ဌာန်ပြောင်းလဲလုနီးပါး ဖြစ်နေသည်။ ပေါ့ပေါ့ဆဆထိမိပါက သူတို့၏ ကိုယ်တွင်းအင်္ဂါများသည် ကွဲအက်နေသော ရင်ဘတ်မှ ပြုတ်ထွက်လာမည်ဖြစ်သည်—သို့သော် သွေးတစ်စက်မျှ မရှိပေ။ ၎င်းသည် ထူးဆန်းပေသည်။
ဤရှင်သန်ရေးအခန်းငယ်တစ်ခုစီသည် အမှတ်အများကြီး မရရှိသော်လည်း ၎င်းတို့သည် အလွန်များသည်၊၊ ခြောက်နာရီမှ ခုနစ်နာရီခန့်အတွင်း လင်းရှန်သည် ရာနှင့်ချီသော အခန်းများကို ရှင်းလင်းနိုင်ခဲ့သည်။ သူ၏ ယန္တရားရင်းမြစ်အမှတ်များသည် ၂၀၀၀ နီးပါး မြင့်တက်လာခဲ့သည်—စစ်မှန်သော ပွဲတော်တစ်ခုပင်။
[လက်ရှိ ယန္တရားနှလုံးသားအဆင့်: အဆင့် ၅ (၄၃၄၀/၂၀၀၀၀)]
ယန္တရားဝါးမျိုမှု: ၄ (၁၇၆၀/၂၀၀၀) – ဝါးမျိုမှု ထိရောက်မှု တိုးတက်လာသည်
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကြီးမားတဲ့ အခြေစိုက်စခန်းတစ်ခု၊ အချိန်ရနိုင်မယ်ဆို—ဒါက မြန်မြန်ဆန်ဆန် အဆင့်တက်တဲ့ နည်းလမ်းပဲ။ အဆင့် ၅ ကို ရောက်တာနဲ့ သာမန်ကားတစ်စီးကို မိနစ်အနည်းငယ်အတွင်း ဝါးမျိုနိုင်လောက်ပြီ”
အချိန်အကြာကြီး ကြိုးစားပြီးနောက် လင်းရှန်သည် လုံးဝ ကျေနပ်မှုကို ခံစားရသည်။ မြေအောက်တွင် သူ တကယ်ပဲ လုံခြုံသည်ဟု ခံစားရခြင်းမှာ ဒါ ပထမဆုံးအကြိမ်ပင်။
“အမှောင်ကျုးကျော်မှုနဲ့ အမှောင်အမှတ်အသားသာမရှိခဲ့ရင် မြေအောက်က တကယ်ပဲ ခိုင်မာတဲ့ အစီအစဉ် ဖြစ်နိုင်တယ်...”
ထို့နောက် သူ ခေတ္တရပ်ကာ မြေအောက်မြို့တော် အမှတ် ၉ ရှိ မသိရသော မြေအောက်သတ္တဝါကို သတိရပြီး ခေါင်းကို အမြန်ခါလိုက်သည်။
“ဟိုက်… အဲဒီကောင်ကြီးကို မေ့သွားလို့… တော်ပါပြီ မြေအောက်ကို မသွားတော့ဘူး”
ထိုစဉ် ကီကီ၏ အသံသည် ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာသည်။
“လင်းရှန်… ဒီကို အမြန်လာခဲ့—ဟိုအမျိုးသမီး သတိပြန်ရလာပြီ”
ရှုချင်းသည် သူမ လုပ်နေသည့်အရာကို ချက်ချင်း ရပ်လိုက်ပြီး ဒုတိယစောင့်ကြည့်ရေးခန်းမ၏ တစ်ဖက်ခြမ်းသို့ ပြေးသွားသည်။
ကီကီ၊ လင်းရှန်နှင့် တင်းကျန်းရီ အပါအဝင် အခြားသူများအားလုံး လင်းရှန်တည်ဆောက်ခဲ့သော သီးခြားခွဲထုတ်အခန်းပတ်လည်တွင် စုရုံးနေကြသည်။
အတွင်းမှ အမျိုးသမီးသည် သတိတစ်စိတ်တစ်ပိုင်း ပြန်ရလာသည်။ သူမသည် အခန်းထဲမှ ရုန်းထွက်ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ၏ မျက်လုံးများက သူတို့ တစ်ဦးချင်းစီကို ကြောက်လန့်တကြား လှည့်ပတ်ကြည့်ရှုပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်သည်။
“မသတ်ပါနဲ့.. မသတ်ပါနဲ့...”
သူမ၏ မျက်နှာဖြူဖျော့သွားသည်။ သူမသည် အလွန်အမင်း တုန်ယင်နေပြီး မျက်လုံးများမှာ အရူးတစ်ယောက်လို ဖြစ်နေသည်။ ထို့နောက် မြေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ကာ သူမ၏ နောက်ကျောကို လူတိုင်းဘက်သို့ လှည့်လိုက်ပြီး ဆွဲဆောင်နေသကဲ့သို့ ရူးသွပ်စွာ အော်ဟစ်ငိုယိုလိုက်သည်။
“ငါ့ကို မသတ်ပါနဲ့..လာပါ.. ငါက ဘာမဆို လုပ်ပေးပါ့မယ်… မခံနိုင်တော့ဘူး.. မြန်မြန်လာပါ”
လူတိုင်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
အမျိုးသမီး၏ အိပ်စက်ခြင်းဝတ်စုံသည် ရှေ့နှင့်နောက် ခွဲထားသော ခွဲစိတ်ခန်းသုံး အဝတ်နှစ်စသာဖြစ်ပြီး အလွန်ပါးလွှာသဖြင့် မည်သည့်အရာကိုမျှ မဖုံးအုပ်နိုင်ပေ။ ယခု သူမ၏ ထူးဆန်းသော ကိုယ်ဟန်အနေအထားကြောင့် အရာအားလုံးကို အပြည့်အဝ မြင်နေရသည်။ မြင်ကွင်းသည် ထူးဆန်းပြီး အရိုင်းဆန်နေသည်။
လော့ယန်၊ လိုလိုနှင့် အာမင်တို့သည် အံ့ဩတုန်လှုပ်စွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ တာလို့နှင့် ရှုချင်းတို့၏ မျက်နှာအမူအရာများမှာလည်း ထူးဆန်းနေသည်။ ကီကီသည် မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ဖြင့် လင်းရှန်၏ မျက်လုံးများကို ချက်ချင်း ဖုံးအုပ်လိုက်ပြီး စိတ်စွမ်းအင်ကို အသုံးပြု၍ အမျိုးသမီးကို သူမ၏ အိပ်စက်ခြင်းဝတ်စုံဖြင့် ပတ်ကာ လေထဲတွင် မြှောက်ထားလိုက်သည်။
“အားးး”
အမျိုးသမီး—ထန်ယွမ်—သည် လေထဲတွင် ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။ လင်းရှန်သည် သူမ၏ တစ္ဆေသရဲကဲ့သို့ ဖြူဖျော့နေသော အသားအရေကို သတိထားမိသော်လည်း သူမ၏ မျက်လုံးများမှာ... သွေးစွန်းနေပြီး ဖျော့တော့သော အနီရောင်ဖြစ်နေသည်။
တင်းကျန်းရီသည် တည်ငြိမ်စွာ လက်အိတ်အိတ်ထဲ ထည့်ထားသည်။
“အချိန်အကြာကြီး မှိုမျှင်ကွန်ယက်ထဲမှာ ထင်ယောင်ထင်မှားဖြစ်ခြင်းကြောင့် စိတ်ဖိစီးမှု တုံ့ပြန်မှုလိုပဲ။ အဆိပ်သင့်ခြင်းနဲ့ ဆင်တူတယ်။ ဒါပေမဲ့ သူမဟာ မှိုကပ်ပါးကောင် မဟုတ်ဘဲ လူသားအဖြစ် ရှိနေသေးကြောင်း အတည်ပြုပြီးပြီ။ တစ်နည်းတစ်ဖုံနဲ့ သီးခြားခွဲထုတ်နည်းပညာကို သုံးရမယ်”
“ထန်ယွမ်” ကီကီ အော်ခေါ်လိုက်သည်။
သူမ၏ အမည်ကို ကြားလိုက်သောအခါ အမျိုးသမီးသည် တုန်လှုပ်သွားသည်။ သူမ၏ အသက်ရှူနှုန်း နှေးသွားပြီး မျက်လုံးများမှ ထိတ်လန့်မှုများသည် ဖြည်းဖြည်းချင်း ကြည်လင်လာသည်။
သူမသည် ကီကီကို စိုက်ကြည့်ကာ မျက်နှာအမူအရာသည် ကြောက်ရွံ့ခြင်းမှ ရှုပ်ထွေးခြင်းသို့ ပြောင်းလဲသွားပြီး ရုတ်တရက် သတိရသွားသည်။ သူမ၏ မျက်ဆံများ ကျဉ်းသွားသည်။
“နင်... နင်... နင်က... ဝမ်... ဝမ်ချီလား”
ကီကီ၏ မျက်နှာအမူအရာသည် အေးစက်နေဆဲ။
“ဟုတ်တယ်…ကျွန်မပဲ… ရှင်က ဒီမှာဘာလုပ်နေတာလဲ”
ထန်ယွမ်၏ မျက်လုံးများသည် ကီကီ၏ မျက်နှာပေါ်တွင် စူးစိုက်နေပြီး အမူယာပြောင်းလဲသွားသည်၊၊ ထို့နောက် အခြားသူများကို ကြည့်ပြီး သူမသည် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“အခု ဘယ်အချိန်လဲ… ကမ္ဘာကြီးက... ပြန်ပြီး လုံခြုံသွားပြီလား”
ကီကီ မျက်လုံးလှန်လိုက်သည်။
“အချိန်ကိုက်ပဲ။ ကျွန်မတို့က ဝင်ရိုးစွန်းညအလယ်မှာ ရောက်နေတယ်။ မွန်းစတားတွေက ရှင့်ခေါင်းပေါ်မှာ ပါတီပွဲလုပ်နေကြပြီ”
“ဘာ”
ထန်ယွမ် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ စစ်ဆေးလိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများသည် ပျားအုံသိုက်ဗဟိုသို့ ရွေ့သွားသည်။
“မဖြစ်နိုင်ဘူး... သူတို့ ပြောတာက... အရာအားလုံး ပြီးသွားရင် ငါတို့ နိုးလာလိမ့်မယ်တဲ့။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ… ငါတို့ သေခဲ့ရင်တောင် အိပ်မက်ထဲမှာ သေတာတဲ့… ဘာလို့... ဘာလို့...”
သူမ စကားပြောနေစဉ် သူမ၏ အကြည့်သည် ရှင်သန်ရေးအခန်းဆီသို့ ပြန်ရောက်လာသည်။ သူမ ရုတ်တရက် အော်ဟစ်ပြီး အတင်းရုန်းကန်လိုက်သည်။
“မဖြစ်နိုင်ဘူး၊ ငါ မနိုးလာသင့်ဘူး”
လင်းရှန်နှင့် ကီကီတို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ ကီကီ သဘောပေါက်သွားပြီး သူမကို ဖိအားပေးလိုက်သည်။
“ဟေး… ကျွန်မမေးတာကို ဖြေ…ရှင် ဒီမှာ ဘာလုပ်နေတာလဲ”
ထန်ယွမ် မျက်တောင်ခတ်လိုက်သည်၊၊ သူမသည် ထူးဆန်းသော စွမ်းအားဖြင့် လေထဲတွင် ဆိုင်းငံ့ထားခံရပြီး စွမ်းအားဝတ်စုံဝတ်ထားသော လက်နက်ကိုင်များ ဝိုင်းရံထားသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။ မိတ်ဆွေဖွဲ့မည့် ပုံစံမျိုး လုံးဝ မဟုတ်ပေ။
ထို့နောက် သူမ နားလည်သွားသည်။ သူမသည် ကီကီကို ကြောက်လန့်တကြား ကြည့်ကာ အော်ဟစ်လိုက်သည်။
“ဝမ်ချီ၊ ဝမ်ချီ—ငါက နင့်ရဲ့ အဒေါ်လေ…ငါ့ကို ကယ်ပါဦး… သူတို့ကို ငါ့ကို မသတ်ခိုင်းပါနဲ့”
ကီကီ သူမကို လွှတ်ချလိုက်သည်။ ထန်ယွမ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး ခြေထောက်များက မတ်တပ်ရပ်ရန် အားမရှိသဖြင့် သူမ၏ တင်ပါးနှင့် ကျသွားသည်။
“ဝမ်ချီ... ကျေးဇူးပြုပြီး၊ ငါ့ကို ကယ်ပါဦး... ငါက နင့်ရဲ့ အဒေါ်လေ… မှတ်မိသေးလား”
သူမသည် လုံးဝ တစ်ကိုယ်လုံးပေါ်နေသည်ကိုပင် သတိမပြုမိဘဲ ကြောက်ရွံ့မှုက လွှမ်းမိုးနေပြီး ကီကီဆီသို့ တွားသွားလာသည်။
ဝှစ်
လင်းရှန် လက်ကို မြှောက်လိုက်ရာ အဖြူရောင်လှံတစ်ချောင်းသည် သူ့ဆီသို့ ပျံသန်းလာသည်၊၊ ထို့နောက် ထန်ယွမ်၏ မျက်နှာကို ချိန်ရွယ်ပြီး တားဆီးလိုက်သည်။
“သူမက မင်းကို ၈ခါလောက် မေးခဲ့တဲ့သူပဲ”
လင်းရှန်က အေးစက်စွာ ပြောလိုက်သည်။
“ပြောပါ့မယ်… ပြောပါ့မယ် ကျွန်မကို မသတ်ပါနဲ့ ရှင်သိချင်တာ အကုန်ပြောပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့”
Chapter 519
လင်းလုံအုပ်စု ၁
လင်းရှန်၏ ခြိမ်းခြောက်ပုံသည် ထန်ယွမ်၏ မျက်နှာကို သေမတတ် ဖြူဖျော့သွားစေသည်။ သူမသည် နောက်ဆုံးတွင် ရင်ဆိုင်နေရသော အန္တရာယ်ကို နားလည်သွားဟန်ရှိပြီး အလျင်စလိုပြောလိုက်သည်၊၊
“အဲ... အဲဒီ အနီရောင်ကမ္ဘာလို့ခေါ်တဲ့ အဖွဲ့အစည်းက ကျွန်မတို့ကို ဒီကို ခေါ်လာတာပါ။ သူတို့ပြောတာက... ဒီနေရာက ပုံရိပ်ယောင်-ဒစ်ဂျစ်တယ် အသိစိတ်နဲ့ ချိတ်ဆက်နိုင်တယ်တဲ့။ အဲဒါကြောင့်... အဲဒါကြောင့် ကျွန်မတို့ အမှောင်ဒီရေကပ်ဘေးကို ရှောင်ပြီး၊ ဘေးကင်းပျော်ရွှင်စွာ ကျော်ဖြတ်ပြီး ကမ္ဘာပျက်ကပ်ပြီးဆုံးတာကို စောင့်နိုင်မယ်တဲ့”
လင်းရှန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး “မင်းတို့ဆိုတော့… မင်းအပြင် တခြားဘယ်သူတွေပါသေးလဲ”
သူမသည် ရုတ်တရက် သတိရသွားဟန်ဖြင့် အော်ဟစ်ကာ ဤ ပျားအုံသဏ္ဌာန် အဆောက်အအုံဗဟိုပတ်လည်ကို ငေးကြည့်ရင်း
“ကျွန်မ…ကျွန်မရဲ့ ယောကျ်ားရော... သူ ဘယ်မှာလဲ…”
ထန်ယွမ်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်မတည်ငြိမ်ဖြစ်နေသည်။ သူမသည် စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ အရူးမီးဝိုင်းရှာဖွေနေသည်။ သို့သော် ကံကောင်းစွာဖြင့် အသက်ရှင်သန်လိုသည့် ဗီဇအချို့ ကျန်ရှိနေသေးသဖြင့် စကားပြောနိုင်ရန် အနည်းငယ် စိတ်ကိုစုစည်းထားနိုင်သည်။
ကြာရှည်စွာ မလှုပ်မယှက် အိပ်စက်ခဲ့ရခြင်းကြောင့် သူမ၏ ကိုယ်လက်လှုပ်ရှားမှု စနစ်တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေသည်။ သူမသည် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း အကြိမ်ကြိမ် လဲကျနေပြီး အရပ်မျက်နှာကိုပင် ခွဲခြားမရဖြစ်နေခဲ့သည်။
သူမ၏ ပြတ်တောင်းပြတ်တောင်း ရှင်းပြချက်မှ လင်းရှန်လည်း ထန်ယွမ်သည် သူမ၏ ခင်ပွန်း ဝမ်တုန်အပါဝင် ဝမ်မိသားစုဝင်အချို့တို့နှင့်အတူ ဤပရောဂျက်တွင် ပါဝင်ရန် ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ အနီရောင်ကမ္ဘာ၏ အကြီးတန်းအဖွဲ့ဝင်များအနေဖြင့် သူတို့သည် အထူးအခွင့်အရေးကို ခံစားခွင့်ရရှိခဲ့သည်။
သူတို့သည် မှိုမျှင်ကွန်ရက်နှင့် ဇီးရိုးဒြပ်စင်ပရောဂျက်နှင့် ပတ်သက်သော အနီရောင်ကမ္ဘာ၏ အယူအဆများကို မိတ်ဆက်ပေးခံခဲ့ရပြီး၊ အသိစိတ်သည် အိပ်မက်ကဲ့သို့ အခြေအနေထဲသို့ ဝင်ရောက်ခြင်း၏ ထူးဆန်းသော ပျော်ရွှင်မှုကို ခံစားနိုင်ရန် Illusion မှိုအမှုန်မွှားများနှင့် ယာယီထိတွေ့စေသည့် စမ်းသပ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသည်။
ဇီးရိုးဒြပ်စင်ပရောဂျက်၏ ရည်မှန်းချက်မှာ သီးခြားခွဲထုတ်ဇီဝပိုင်းဆိုင်ရာ ကိရိယာများတပ်ဆင်ထားသည့် အသက်ကယ်အိပ်စက်ခန်းများကို အသုံးပြုကာ ပျော့ပျောင်းသော မှိုမျှင်များဆီသို့ ယာယီဝင်ရောက်စေပြီး၊ အသိစိတ်ကို မှိုကွန်ရက်နှင့် ချိတ်ဆက်နိုင်စေရန် ဖြစ်သည်။ ဤနည်းလမ်းသည် လူများကို မြေအောက်ထဲတွင် အမှောင်ဒီရေကူးစက်ခြင်းကို ရှောင်ရှားရင်း စိတ်ပိုင်းဆိုင်ရာချမ်းသာမှုကို မြင့်မားစွာ ရရှိစေသည်။ ဇီးရိုးဒြပ်စင်ဗဟိုဌာနတစ်ခုလုံးသည် အလိုအလျောက်စနစ်ဖြင့် လည်ပတ်နေပြီး လုံးဝလျှို့ဝှက်မှုနှင့် ဘေးကင်းမှုကို အာမခံသည်။ ဤသီးခြားခွဲထုတ်ကိရိယာသည် ဦးနှောက်ဝန်ပိုခြင်းနှင့် ထိန်းချုပ်မရသော မှိုမျှင်ပျံ့နှံ့မှုကို ကာကွယ်ရန် မှိုကွန်ရက်၏ လှုပ်ရှားမှုအဆင့်များအပေါ် မူတည်၍ သတ်မှတ်ထားသော အချိန်ကာလအလိုက် ချိတ်ဆက်မှုကို ဖြတ်တောက်ပေးပေမည်။
ပြဿနာမှာ ကိုးနာရီကြာမြင့်သော အာရုံကြောဝန်ပိုမှုပင်လျှင် သာမန်လူများ ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်နေသည်။ အိပ်စက်ခန်းများ၏ အသက်ကယ်စနစ်များသည် သူတို့ကို မကယ်နိုင်ပေ။ လူများသည် လည်ပတ်မှုတိုင်းတွင် သေဆုံးနေကြသည်။ အနီရောင်ကမ္ဘာသည် ဤအခြေအနေကို ကြိုတင်မျှော်မှန်းထားပြီးသား ဖြစ်သည်။ သို့သော် ယုံကြည်သူအဖွဲ့၏ ပြောစကားအရ ဤသေဆုံးမှုမျိုးသည် အမှန်တကယ် သေဆုံးခြင်း မဟုတ်ပေ—သူတို့သည် အသိဉာဏ်ကို အောင်မြင်စွာ uploadလုပ်ပြီးဖြစ်၍ မှိုကွန်ရက်အတွင်း ထာဝရအသက်ရှင်နေသည်ဟု ယုံကြည်ကြသည်။ အမှောင်ဒီရေ ပြီးဆုံးသွားသည့်နောက်တွင် ပုံတူပွားထားသော ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ပြန်လည်မွေးဖွားနိုင်ပြီး လူငယ်ဘဝသို့ပင် ပြန်သွားနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဤအနီရောင်အဖွဲ့ဝင်များအတွက် ကမ္ဘာပျက်ကပ်ပြီးနောက် ပြန်လည်မွေးဖွားခြင်းဖြစ်စေ၊ အသိစိတ်မှတစ်ဆင့် ထာဝရအသက်ရခြင်းဖြစ်စေ၊ ၎င်းသည် အဆုံးစွန်သော လွတ်မြောက်ရာ ဖြစ်သည်။ ထို့ကြောင့်လည်း ထိုအိပ်စက်ခန်းများအတွင်း လဲလျောင်းနေသူ အများစုမှာ အသက်လေးဆယ်ကျော်သူများဖြစ်နေခြင်း ဖြစ်သည်။
“သူတို့ပြောတာက... ဒီက မှိုတွေဟာ လူသားတွေထက် ပိုမြင့်မားတဲ့ သက်ရှိပုံစံတွေတဲ့”
ထန်ယွမ်သည် တုန်ရီစွာ တိုးတိုးလေး ပြောလိုက်ပြီး မျက်လုံးများက လင်းရှန်ကို ထိတ်လန့်စွာ ကြည့်သည်။
“ရှင့်ဦးနှောက်က ကွန်ရက်နဲ့ ချိတ်ဆက်လိုက်ရင် အမှောင်ဒီရေကပ်ဘေးက လုံခြုံပြီး ထူးဆန်းတဲ့ သတ္တဝါတွေကိုလည်း ခုခံကာကွယ်နိုင်မယ်။ အဲဒါကြောင့် ဒီမှာ ဝန်ထမ်းတွေကို လုံးဝမထားတာ—ပတ်ဝန်းကျင်ကို ‘သန့်ရှင်း’ စေဖို့၊ မှိုကွန်ရက်နဲ့ သဟဇာတ ဖြစ်ဖို့ပဲ”
“သဟဇာတဖြစ်တာလား”
လင်းရှန် နှာခေါင်းရှုံ့လိုက်သည်။
“ပြီးတော့ လူတွေက အဲဒီလို ပေါက်ပန်းလေးဆယ်စကားတွေကို တကယ်ယုံကြတယ်လား”
ထန်ယွမ်သည် လော့ယန်ပေးထားသည့် စောင်ကို ပိုမိုတင်းကြပ်စွာ ဆွဲခြုံလိုက်ပြီး
“သူတို့ပြောတာက ကာကွယ်မှုတွေ အများကြီးရှိတယ်တဲ့။ AI က ကျွန်မတို့ကို အနားယူပြီး အသက်ရှင်သန်နိုင်ဖို့ ကွန်ရက်ကို ပုံမှန် အလိုအလျောက် ဖြတ်တောက်ပေးမယ်။ နောက်ပြီး အရန်အစီအစဉ်... ကျွန်မတို့ သေဆုံးသွားရင်တောင် ကျွန်မတို့ရဲ့ အသိစိတ်က မှိုမျှင်ကွန်ရက်ထဲမှာ ဆက်ပြီး အသက်ရှင်နေမယ်တဲ့။ ထာဝရ ပျော်ရွှင်စွာနဲ့တဲ့”
သူမ၏ မျက်လုံးသူငယ်အိမ်များသည် မြေပြင်ကို စိတ်ပျံ့လွင့်စွာ ငေးကြည့်ရင်း တောင့်တမှုများ ပါဝင်နေသည်။
“ကျွန်မတို့အားလုံး စမ်းကြည့်ခဲ့ကြတယ်... အဲဒီ အသိစိတ်ထဲမှာ ရှင်လိုချင်တဲ့အရာမှန်သမျှ—အကုန်ရတယ်။ ချမ်းသာကြွယ်ဝမှု၊ လွတ်လပ်မှု၊ လိင်ကိစ္စ၊ အာဏာ၊ အရသာ၊ အနံ့အသက်၊ ခံစားမှု... လှပတဲ့ ခံစားချက်တိုင်းကို ခံစားရတယ်။ ဒါဟာ မူးယစ်ဆေးစွဲတာ ဒါမှမဟုတ် လှည့်စားခံရတာမျိုး မဟုတ်ဘူး—တကယ်အစစ်အမှန်လို ခံစားရတယ်။ အဲဒါက အမှန်တကယ် ကမ္ဘာဖြစ်နေသလိုပဲ…”
“ဒါပေမယ့် ဒါက စိတ်ကူးယဉ်မှုသက်သက်ပဲ မဟုတ်လား”
ကီကီသည် မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်တို့ရဲ့ ခန္ဓာကိုယ်တွေက ဒီမှာ လဲလျောင်းနေတုန်းပဲ၊ ဘာမှ မပြောင်းလဲဘူး”
“ဟုတ်တယ်”
ထန်ယွမ်က ရုတ်တရက် အသံနိမ့်ဖြင့် ပြန်လည်ချေပလိုက်သည်။
“ဒါက အတူတူပါပဲ။ ကျွန်မ ပြောတာ မှန်တယ်။ ဘဝဆိုတာ ခန္ဓာကိုယ်အကြောင်း မဟုတ်ဘူး—အသိစိတ်အကြောင်းပဲ။ ရှင်တို့ အပြင်လောကမှာ ခံစားရတာနဲ့ မှိုမျှင်ကွန်ရက်ထဲမှာ ခံစားရတာ ဘာကွာခြားမှုရှိလို့လဲ။ ဘာမှမကွာဘူး။ ချဉ်၊ ချို၊ ခါး၊ ငန် စတဲ့ နှစ်ပေါင်း ခြောက်ဆယ်၊ ရှစ်ဆယ်ကြာ ခံစားမှုတွေကိုလည်း လက်တွေ့ဘဝမှာ နောက်ထပ် ခံစားရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အရာအားလုံးနဲ့ ပြည့်စုံတဲ့ ဘဝတစ်ခု မရနိုင်ဘူးဆိုရင် ကမ္ဘာပျက်ကပ်ဘေးအောက်မှာ ကြောက်ရွံ့ရင်း အမှောင်ကျုးကျော်မှုကို စိုးရိမ်ရင်း ဘာကြောင့် ဆက်ပြီး အသက်ရှင်နေရမှာလဲ”
“ကမ္ဘာကြီးပျက်စီးသွားရင်တောင် ရှင်တို့ရဲ့ စိတ်က ထာဝရအသက်ရှင်နေမယ်။ တခြားသူတွေသာ တကယ်သေဆုံးသွားတာပဲ…. ဒါဆိုရင် အဲဒီအချိန်မှာ ဘယ်သူက တကယ်အသက်ရှင်နေတာလဲ၊ ဘယ်သူက သေဆုံးသွားတာလဲ။ ဘာက လက်တွေ့လဲ၊ ဘာက အာရုံခံစားမှုလဲ… ဆိုတာတွေကို ရှင်တို့ သိလာလိမ့်မယ်”
“ဒါပေမယ့် ဒါဟာ ဦးနှောက်က ဖန်တီးထားတဲ့ ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုတာကို မင်းသိနေတာပဲ အဲဒါက ဘယ်လိုလုပ်အမှန်ဖြစ်နိုင်မှာလဲ”
လင်းရှန် မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။
“ဒါကို ဘယ်သူက မဟုတ်ဘူးလို့ ပြောတာလဲ” ထန်ယွမ်က ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။
“ဗုဒ္ဓဘာသာမှာ ‘သဲတစ်ပွင့်၌ လောကဓာတ်၊ ရွက်တစ်ရွက်၌ ဗောဓိပင်’ လို့ ပြောခဲ့တယ်။ ရှင်တို့ရဲ့ အပြာရောင်ဂြိုလ်၊ ရှင်တို့ရဲ့ ဂလက်ဆီက စကြဝဠာသက်ရှိတစ်ပါးရဲ့ စိတ်ထဲက အာရုံကြောဆဲလ်တစ်ခုဖြစ်နေနိုင်တယ်။ ရှင်တို့ရဲ့ ဘဝတစ်ခုလုံးက သူ့ရဲ့ ဦးနှောက်ထဲက အတွေးတစ်ချက် ဖြစ်နေနိုင်တယ်။ အဲဒါကိုရော ရှင်တို့ စဉ်းစားဖူးလား”
ထန်ယွမ် စကားပြောနေရင်း သူမနှေးကွေးလာသည်။ သူ့မျက်လုံးထောင့်များတွင် သွေးကြောနီများ ထွက်ပေါ်လာပြီး နှာခေါင်းမှ သွေးများ စီးကျလာကာ စောင်ကို သွေးစွန်းစေသည်။
ဤစကားဝိုင်းကြောင့် ယာဥ်တန်းအဖွဲ့ဝင်များ မကျေမနပ်ဖြစ်လာပြီး ဒစ်ဂျစ်တယ်ဘဝ တားမြစ်ဥပဒေ ပြဋ္ဌာန်းပြီးနောက် ‘ဘဝ’ ၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သော ကြီးမားသည့် ကမ္ဘာလုံးဆိုင်ရာ ငြင်းခုံမှုများကို သတိရလိုက်ကြသည်။ ဒဿနဆိုင်ရာ ရှုပ်ထွေးမှုမှာ မရပ်တန့်သေးပေ။
ဒစ်ဂျစ်တယ်ဘဝကို ထောက်ခံသူများသည် ခန္ဓာကိုယ်မဟုတ်ဘဲ အသိစိတ်သည်သာ တည်ရှိမှု၏ အနှစ်သာရဖြစ်သည်ဟု ယုံကြည်ကြသည်။ စိတ်ရှင်သန်နေသရွေ့ စက်ရုပ်ထဲတွင် ထားရှိသည်ဖြစ်စေ၊ ကွန်ပျူတာ terminal တွင်ဖြစ်စေ၊ အင်တာနက်ထဲတွင် လွင့်မျောနေသည်ဖြစ်စေ အရေးမကြီးပေ။ သူတို့အတွက် ဒစ်ဂျစ်တယ် မသေနိုင်ခြင်းသည် အဆုံးစွန်သောဘဝကို သက်တမ်းတိုးခြင်းပုံစံ ဖြစ်သည်။