← Chapters

အခန်း (၅၃၀-၅၃၁)

Vol. 33 Ch. 530-531

အခန်း (၅၃၀-၅၃၁)

Vol. 33 Ch. 530-531

Chapter 530

အနောက်ပိုင်း ဂိုဘီသဲကန္တာရ ၁

လေပြင်းက တဝေါဝေါတိုက်ခတ်နေပြီး မြေပြင်ပေါ်တွင် သဲမှုန်များ ပွတ်တိုက်သံများ ထွက်ပေါ်နေသည်၊၊

မှောင်မိုက်နေသော ညကောင်းကင်ယံအောက်တွင် ကျယ်ပြောလှသည့် ဂိုဘီသဲကန္တာရပြင်ကြီးမှာ အဆုံးမရှိ ဆန့်တန်းလျက်ရှိနေပြီး သံမဏိရထားတစ်စင်းသည် တအိအိဖြင့် ရှေ့သို့ ခုတ်မောင်းနေသည်၊၊ ပတ်ဝန်းကျင်တွင် ကျန်ရှိနေသော တစ်ခုတည်းသော အသံမှာ ရထားသံလမ်းနှင့် သံမဏိဘီးများ ပွတ်တိုက်နေသည့် အသံသာ ဖြစ်သည်၊၊

ဝင်ရိုးစွန်းညဇုန်မှ လုံးဝမလွတ်မြောက်မချင်း ထိုရထားသည် ခဏလေးပင် အရှိန်မလျှော့ဘဲ အမှောင်ထုထဲကို တိုးဝင်မောင်းနှင်နေသည်၊၊

“အခုသွားနေတဲ့ အရှိန်နဲ့ဆိုရင် ငါးနာရီလောက်နေရင် အမှတ် ၅ တွင်းနက်ဇုန်ရဲ့ ဝင်ရိုးစွန်ဇုန်ထဲကနေ ထွက်နိုင်လိမ့်မယ်... ဒါပေမဲ့ ပြဿနာက အပြင်ရောက်သွားရင်တောင် အချိန်အရ ညရောက်နေပြီး အမှောင်ဒီရေတွေ ရှိနေဦးမှာပဲ... ဒီရေတွေ ငြိမ်သွားတဲ့အထိ စောင့်ရမယ်… မနက် ၉ နာရီလောက်မှ နေရောင်ခြည်လာလိမ့်မယ်”

အနန္တရထား၏ ထိန်းချုပ်ခန်းအတွင်း ချန်ဆီရွှမ်သည် သံလမ်းမြေပုံနှင့် လမ်းညွှန်စနစ်ပေါ်တွင် တွက်ချက်မှုများ ပြုလုပ်နေပြီး လင်းရှန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်၊၊

“ဒါက အမှတ် ၅ တွင်းနက်ဇုန်ရဲ့ ပျံ့နှံ့နှုန်းကို ဖီးနစ်ရဲ့ ခန့်မှန်းချက်အရ တွက်ထားတာပဲ... တကယ့်အခြေအနေက နည်းနည်းကွာနိုင်တယ်”

လင်းရှန်က သူမစကားကို ခေါင်းငြိမ့်ထောက်ခံလိုက်သည်၊၊

“သံလမ်းတွေ ရှင်းနေသရွေ့... ငါတို့ အခု ကိုယ်ပျောက်စနစ်နဲ့ သွားနေတာကြောင့် စိတ်ပူစရာသိပ်မရှိပါဘူး”

ချန်ဆီရွှမ်သည် ခရီးသွားမှတ်တမ်းစာအုပ်ကို ပိတ်လိုက်ပြီး လင်းရှန်ကို ပြောသည်၊၊

“သံလမ်းတွေအတွက် ရှင်စိုးရိမ်တာကို နားလည်ပါတယ်… ဒါပေမဲ့ ဒါက ဇွတ်လုပ်လို့ရတာမျိုး မဟုတ်ဘူးလေ... တကယ်တော့ ကျိအန်းမြို့က စထွက်လာတုန်းကထက်စာရင် အခြေအနေတွေက အများကြီး ပိုကောင်းနေပါသေးတယ်”

“အခုက ငါတို့တစ်ဖွဲ့တည်း ရထားနဲ့ ထွက်ပြေးနေတာ မဟုတ်လို့ပဲ”

လင်းရှန်က ပြောသည်၊၊

“ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ဖုတ်ကောင်တွေက အကြောင်းမရှိဘဲ သံလမ်းတွေကို မဖျက်ဆီးကြဘူး... အခုထိ သံလမ်းပြဿနာ သုံးကြိမ်ကြုံဖူးတယ်... အဲ့ထဲက နှစ်ကြိမ်က လူတွေဖျက်တာ၊ ကမ္ဘာပျက်ကပ် စတာ ရက်တစ်ရာတောင် မပြည့်သေးတော့ သံလမ်းတွေက သိပ်ပြီး ပျက်စီးမနေသေးဘူး… ဒါပေမဲ့ နောက်ပိုင်းဆိုရင်တော့ ဘယ်သူမှ မပြောနိုင်ဘူး”

သံလမ်းပြဿနာသုံးခုအနက် တစ်ခုမှာ ထန်ဟိုင်ကြောင့် ဖြစ်ပွားခဲ့ပြီး နောက်တစ်ခုမှာ မြေအောက်မြို့တော် အမှတ် ၉ သို့ မရောက်မီ မိုးပျံဂျယ်လီဖစ်၏ ဆူးတောင်လက်တံများကြောင့် သံလမ်းများ ပျက်စီးခဲ့ခြင်းနှင့် နောက်ဆုံးတစ်ခုမှာ ယိကျင်းမြို့တွင် ဖြစ်သည်၊၊

အတိတ်မှ အတွေ့အကြုံများအရ အမှောင် အမှတ်အသားကြောင့် ဖုတ်ကောင်များနှင့် ထူးဆန်းသည့် သတ္တဝါများသည် အများအားဖြင့် အမှောင်ဒီရေတက်ချိန်တွင်သာ လူသားများကို တိုက်ခိုက်လေ့ရှိသည်၊၊

အဆောက်အဦးများကို ဖျက်ဆီးလျှင်ပင် လူသားများကို နာကျင်စေလိုသည့် ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်ကြခြင်း ဖြစ်သည်၊၊ ထို့အပြင် ခေတ်မီ ဂြိုဟ်ပတ်ရထားလမ်းများနှင့် အမြန်ရထားလမ်းများကို အဆင့်မြင့်စံချိန်စံညွှန်းများဖြင့် တည်ဆောက်ထားသောကြောင့် ခရီးစဉ်မှာ များသောအားဖြင့် ချောမွေ့နေတတ်သည်၊၊

ထို့အပြင် သူတို့၏ ယာဉ်တန်းတစ်ခုတည်းသာ ဤလမ်းကြောင်းကို အသုံးပြုနေခြင်း မဟုတ်ဘဲ အခြားအဖွဲ့များတွင်လည်း သံလမ်းပြုပြင်ရန် နည်းလမ်းများ ရှိကြမည် ဖြစ်သည်၊၊

“ငါတို့ ရထားအဖွဲ့က တဖြည်းဖြည်း ကြီးထွားလာမှာပဲ” လင်းရှန်သည် ခေါင်းနောက်တွင် လက်တင်ကာ မှီချလိုက်သည်၊၊

“ဒီပြဿနာကို အနှေးနဲ့ အမြန်ဖြေရှင်းရမှာပဲ”

ရှေ့ဆုံးမှ ဦးဆောင်နေသည်မှာ နဂါးတောင် ၁ ဖြစ်ပြီး ၎င်းတွင် သံလမ်းအခြေအနေ စစ်ဆေးရေးအဖွဲ့၊ ရေဒါစနစ်များ ပါရှိကာ ရှီတိယွမ်နှင့် နန်ကျင်းတို့က ဦးဆောင်နေသည်၊၊ ထို့ကြောင့် လင်းရှန်၏ အဖွဲ့နှင့် နောက်မှလိုက်ပါလာသော ရထားများသည် ဖိအားအနည်းငယ် သက်သာနေသည်၊၊

ချန်ဆီရွှမ်က ခေါင်းငြိမ့်ပြသည်၊၊

“အဲ့ဒါဆို ကျွန်မတို့က ချွမ်းချန်ကနေ တောင်ဘက် လုလင်ကို သွားမယ်.. အဲ့ဒီကနေ ကျင်းဟိုင်၊ နောက်ဆုံးမှ အာရုဏ်ဦးမြို့တော်ကို သွားကြမှာပေါ့ ဟုတ်လား”

“အခြေအနေပေါ် မူတည်တယ်”

လင်းရှန်က ဆက်ပြောသည်၊၊

“ကျင်းဟိုင်က နဂါးနိုင်ငံရဲ့ ရထားတွဲထုတ်လုပ်ရေးအဖွဲ့အခြေစိုက်စခန်းပဲ... အဲ့မှာ ရထားထုတ်လုပ်တဲ့ နေရာတွေ အများကြီးရှိတယ်.... ကမ္ဘာပျက်ကပ်ကို ရှောင်နေတဲ့ ယာဉ်တန်းတွေ အများကြီးပဲ အဲ့ဒီကို သွားကြတယ်... အဲ့ဒီမှာ ရထားပြုပြင်မွမ်းမံတဲ့ လုပ်ငန်းကြီး ရှိတယ်လို့ ကြားဖူးတယ်... လင်းလုံအုပ်စုလည်း အဲ့မှာ ရှိနိုင်တယ်”

“ဖင်းဂါး အုပ်စုလည်း ရှိမယ်”

ချန်ဆီရွှမ်က ထပ်ပေါင်းပြောသည်၊၊

“Northwind မဟာမိတ်အဖွဲ့က ရှန်းယောင် ပြောဖူးတယ် မဟုတ်လား... ငွေကြယ်အဖွဲ့က ကျန်းရှု့ဝေက ကျွန်မတို့ကို ရှာနေတယ်ဆိုတာလေ... သူတို့ တတ်လှမ်းဓာတ်လှေကားကနေ ဆင်းပြီး ဂြိုဟ်ပတ်ရထားလမ်းအတိုင်း အာရုဏ်ဦးမြို့တော်ဘက်ကို သွားနေလောက်ပြီ”

“အဲ့ဒီရောက်မှပဲ ဖြေရှင်းကြတာပေါ့”

“ဒါဆို ချွမ်းချန်ရောက်ရင် တခြားယာဉ်တန်းတွေနဲ့ ငါတို့ လမ်းခွဲရတော့မှာပဲ”

ချန်ဆီရွှမ်က ပြောသည်၊၊

“သူတို့အားလုံးက အာရုဏ်ဦးစင်တာကို အမီလိုက်ဖို့ မြောက်ဘက်ကို သွားကြမှာပဲ”

လင်းရှန်သည် မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သည်၊၊

“အင်း... ချွမ်းချန်ကို ကျော်သွားတာနဲ့ ငါတို့ နေရောင်ခြည်ပိုကြာကြာရတော့မယ်”

၎င်းသည် ရပ်နားခြင်းမရှိသော သေမင်းတမန်ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပြီး သူသည် ပင်ပန်းနေပြီ ဖြစ်သည်၊၊ အကယ်၍ ချွမ်းချန်ကို ကျော်ဖြတ်နိုင်ပါက အမှတ် ၆ နှင့် ၈ တွင်းနက်ဇုန်များသာ လျင်မြန်စွာ ပျံ့နှံ့နေပြီး ၎င်းတို့ နှစ်ခုလုံးမှာ ကျင်းဟိုင်နှင့် အာရုဏ်ဦးမြို့တော်တို့မှ ဝေးကွာနေသေးသည်၊၊ နဂါးနိုင်ငံ၏ ဗဟိုချက်မဖြစ်သောကြောင့် ထိုဒေသသည် နေရာအနှံ့အပြားမှ လွတ်မြောက်လာသူများ စုဝေးရာ အကြီးမားဆုံး ပြောင်းရွှေ့အခြေချရာနေရာဖြစ်လာသည်၊၊

သို့သော် ထိုနေရောင်ခြည်ရသော အပိုင်းသည် လူသားမျိုးနွယ်အတွက် နောက်ဆုံးနှင့် အရှည်ကြာဆုံး ဖြစ်ပေလိမ့်မည်၊၊ အမှတ် ၆ နှင့် ၈ တွင်းနက်ဇုန်များ ပေါင်းစည်းသွားသည်နှင့် အပြာရောင်ဂြိုလ်ပေါ်ရှိ တွင်းနက်ဇုန် ၁၃ ခုသည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားလိမ့်မည် ဖြစ်သည်၊၊

ဝင်ရိုးစွန်းကမ္ဘာပျက်ကပ်စင်တာကို လုံးဝ ဝါးမျိုခြင်း မခံရမီအထိ ရက်ပေါင်း ၄၀၀ သာ ကျန်ရှိတော့သည်၊၊

ချန်ဆီရွှမ်သည် ရေစိုလက်သုတ်ပုဝါဖြင့် လင်းရှန်၏ နှာခေါင်းနှင့် ပါးစပ်မှ ခြောက်ကပ်နေသော သွေးစများကို အသာအယာ သုတ်ပေးလိုက်သည်၊၊ ၎င်းမှာ အစောပိုင်းက ထိခိုက်မှုများကြောင့် ဖြစ်သည်၊၊ ပင်ပန်းနွမ်းနယ်နေသော သူ၏ မျက်နှာကို ကြည့်ရင်း သူမ၏ မျက်လုံးများမှ စိတ်ဓာတ်ခိုင်မာမှုများသည် နူးညံ့မှုအဖြစ်သို့ ပြောင်းလဲသွားသည်၊၊ သူမသည် နားနောက်က ဆံပင်စများကို သပ်တင်လိုက်ပြီး ရှေ့သို့ ကိုင်းကာ အနမ်းတစ်ပွင့်ပေးလိုက်သည်၊၊

“ရှင်... အနားယူဖို့ လိုနေပြီ”

သူမသည် အနည်းငယ် ရှက်သွေးဖြာသွားပြီး ထိန်းချုပ်ခန်းကို ပိတ်သည့် ခလုတ်အား နှိပ်လိုက်သည်၊၊ တံခါးမပိတ်မီ သူမ၏ ဆံပင်များကို မြင်းမြီးပုံစံ လျော့လျော့လေး စည်းလိုက်ပြီး ရှေ့သို့ တစ်ဖန် ပြန်ကိုင်းကာ သူမ၏ နွေးထွေးမှုအားလုံးကို လင်းရှန်ထံ ပေးအပ်လိုက်သည်၊၊

လင်းရှန်သည် ထိုဆရာမလေးက ယခုကဲ့သို့ ရဲတင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊၊ သူ၏ ရင်ခုန်သံများ မြန်လာပြီး တစ်ကိုယ်လုံးမှ အကြောအခြင်များ စတင်လျော့ပါးလာသည်၊၊ ထိုနူးညံ့မှုကြားတွင် နစ်မြောသွားရင်း သူ၏ ပင်ပန်းမှု တစ်ဝက်ခန့်မှာ ပျောက်ကွယ်သွားသည်၊၊

ချန်ဆီရွှမ်သည် သူမ၏ လှုပ်ရှားမှုများတွင် အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်နေသော်လည်း သူမ အစွမ်းကုန်ကြိုးစားခဲ့သည်၊၊ အလျင်မလိုသလို တွန့်ဆုတ်နေခြင်းလည်း မရှိပေ၊၊ သူမ၏ နူးညံ့သော အသက်ရှူသံများနှင့် တီးတိုးညည်းသံများကြောင့် လင်းရှန်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ထဲတွင် အပူရှိန်တစ်ခု တက်လာစေသည်၊၊ သူ ထထိုင်ရန် ပြင်လိုက်စဉ်မှာပင် ချန်ဆီရွှမ်က သူ့ကို အသာအယာပြန်ဖိထားပြီး ခိုင်မာသော အကြည့်ဖြင့် ကြည့်လိုက်သည်၊၊

“မလှုပ်နဲ့... ကျွန်မ လုပ်ပါရစေ”

သူမသည် မတ်တပ်ရပ်လိုက်ပြီး အရာအားလုံးကို ချွတ်လိုက်ကာ နှုတ်ခမ်းကို ကိုက်၍ ရှေ့သို့ တစ်ဖန် ပြန်ကိုင်းလာသည်၊၊

“ကျွန်မတို့ ထမ်းပိုးထားရတဲ့ ဖိအားတွေအားလုံးကို... တစ်ယောက်တည်း ထမ်းမနေပါနဲ့တော့.. အခုကစပြီး သေသေရှင်ရှင် ကျွန်မတို့ အတူတူရင်ဆိုင်ကြမယ်”

လင်းရှန်၏ မျက်နှာကို သူမ၏ လက်ဖဝါးနှစ်ဖက်ကြားတွင် ဆုပ်ကိုင်ထားရင်း သူမသည် စည်းချက်ညီညီ လှုပ်ရှားနေပြီး သူမ၏ နူးညံ့သောအသံက နှစ်သိမ့်မှုပေးနေသည်၊၊

လင်းရှန်၏ ရင်ထဲတွင် နွေးထွေးမှုများ လှိုက်တက်လာပြီး တင်းကျပ်နေသော စိတ်ဖိအားများ လျော့ကျသွားသည်၊၊ သူသည် ချန်ဆီရွှမ်၏ ခါးကို ဖက်လိုက်ပြီး သူမ၏ နှစ်လိုဖွယ်ရနံ့ကြားတွင် ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားလိုက်သည်၊၊

Chapter 531

အနောက်ပိုင်း ဂိုဘီသဲကန္တာရ ၂

အနန္တရထား၏ ထိန်းချုပ်ခန်းအတွင်း၌ ပင်ပန်းနွမ်းနယ်မှုနှင့် နူးညံ့မှုလှိုင်းများသည် ဒီရေကဲ့သို့ တက်လာသည်၊၊ စိတ်အားထက်သန်မှုနှင့် ငြိမ်သက်သော လေညင်းများ ရောယှက်နေပြီး မှိုမျှင်ကွန်ရက်က ပေးစွမ်းနိုင်သော ဒိုပါမင်ထက်ပင် ပို၍ စိတ်လှုပ်ရှားစရာကောင်းနေသည်၊၊

ထို့နောက်တွင် လင်းရှန်သည် လန်းဆန်းသွားသည်ဟု ခံစားရသည်၊၊

ဖုတ်ကောင်သိုးထိန်းနှင့် တွေ့ဆုံပြီးကတည်းက သူသည် ညဘက်တွင် ပေါ်လာတတ်သည့် သာမန်ထူးဆန်းသည့် သတ္တဝါများကို သိပ်ပြီး စိတ်မပူတော့ပေ၊၊ သူ၏ စိတ်ဓာတ်မှာ သိသိသာသာ ပိုမိုခိုင်မာလာသည်၊၊

တွဲအမှတ် ၁ ရှိ အိပ်ဆောင်အတွင်းမှာ လင်းရှန် ရေချိုးလိုက်သည်၊၊ ချန်ဆီရွှမ်သည် အေးချမ်းစွာ အိပ်ပျော်နေပြီ ဖြစ်သည်၊၊ ဝင်ရိုးစွန်းညဇုန်ကို ဖြတ်ကျော်နေဆဲ ဖြစ်သောကြောင့် လင်းရှန် ကိုယ်တိုင် ကင်းစောင့်ရန် ဆုံးဖြတ်လိုက်သည်၊၊ အပြင်ရောက်မှသာ သူ အနားယူပြီး ချန်ဆီရွှမ်ကို တာဝန်လွှဲပေးမည် ဖြစ်သည်၊၊

အိပ်ဆောင်တံခါးကို ပိတ်ပြီးနောက် သူသည် ယိကျင်းမြို့တွင် ပိတ်မိနေစဉ်အတွင်း ရရှိခဲ့သော အဓိက အကျိုးအမြတ်ဖြစ်သည့် မိုးကြိုးသိန်းငှက် ၂၀၀၀ တိုက်ခိုက်ရေး ဒရုန်း ၂၀ စလုံးကို အသက်သွင်းလိုက်သည်၊၊

သူသည် တိုက်ခိုက်ရေးဒရုန်းများ တည်ဆောက်ရန် အမြဲဆန္ဒရှိခဲ့သော်လည်း အဝေးထိန်းစနစ်လည်ပတ်မှုစွမ်းရည် မရှိသောကြောင့် ယခင်က ပေါက်ကွဲစေတတ်သော ပစ္စည်းများ တပ်ဆင်ထားသည့် ယူနစ်အသေးစားများကို လက်ဖြင့်သာ လမ်းညွှန်ခဲ့ရသည်၊၊ ၎င်းမှာ တကယ့်တိုက်ပွဲများတွင် အဆင်မပြေလှပေ၊၊ ၎င်းက သူ့ကို အစစ်အမှန်ခြိမ်းခြောက်မှုများရှေ့တွင် လူရယ်စရာ ဖြစ်နေစေသည်၊၊

ယခုမူ သူသည် စက်ပစ္စည်းများကို အဝေးမှ တိုက်ရိုက်ထိန်းချုပ်နိုင်ရုံသာမက ဤမိုးကြိုးသိန်းငှက် ဒရုန်းများသည် ယခင် ဒရုန်းမော်ဒယ်များထက် အများကြီးသာလွန်ပေသည်၊၊ ဟောလ် တွန်းကန်စနစ်များ တပ်ဆင်ထားသောကြောင့် ၎င်းတို့မှာ အလွန်မြန်ပြီး လှုပ်ရှားရလွယ်ကူကာ သံချပ်ကာပါရှိသည်၊၊ အရေးကြီးဆုံးမှာ တစ်စင်းချင်းစီတွင် လျှပ်စစ်အမြောက်တစ်ခုစီ ပါဝင်ခြင်း ဖြစ်သည်၊၊

လင်းရှန်က လက်တစ်ဖက် မြှောက်လိုက်ရာ ဝေါခနဲ မြည်သံနှင့်အတူ စက်လုံးပုံစံ ဒရုန်း ၂၀ စလုံးသည် တစ်ပြိုင်နက် ပျံတက်သွားပြီး သူ၏ ရှေ့တွင် စက်ဝိုင်းပုံစံ ဝဲပျံနေသည်၊၊ ၎င်းတို့၏ အနီရောင်အချက်ပြမီးများသည် ကြောက်မက်ဖွယ်ကောင်းအောင် တောက်ပနေပြီး အံ့သြဖွယ်ကောင်းသည့် ယန္တရားရောင်ခြည်တန်းတစ်ခုကို ဖန်တီးပေးနေလေသည်။

သူက လက်ချောင်းလေး လှုပ်လိုက်ရုံဖြင့် သူ၏ တိကျသော စေခိုင်းမှုအောက်တွင် ဒရုန်းများသည် S ပုံစံ၊ ထို့နောက် B ပုံစံသို့ ချက်ချင်း ပြောင်းလဲသွားသည်၊၊ လင်းရှန်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်၊၊

“ငါသာ ဒီလိုမျိုး ၂၀၀... မဟုတ်ဘူး ၂၀၀၀ လောက် ဆောက်လိုက်ရင် ငါက ယန္တရားဘုရင်ဖြစ်လာတော့မှာပဲ”

“သေစမ်း... ဒါကမှ တကယ့်မျှော်လင့်ချက်စွမ်းအားပဲ”

ဒရုန်းများဖြင့် ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး ပစ်ခတ်မှုများ ပြုလုပ်နေသည်ကို မြင်ယောင်ရုံနှင့် သူ၏ ဦးရေပြားများ ယားကျိကျိဖြစ်သွားသည်၊၊

“နေဦး... အချို့ကို ပေါင်းပြီး ငါ့ရဲ့ စွမ်းအားမြှင့်သံချပ်ကာမှာ တပ်လိုက်ရင်ကော… ငါ ပျံနိုင်မှာပဲ”

“လခွမ်း... ငါက ဂျီးနီးယပ်စ်တစ်ပါးပဲ”

သူသည် ပို၍ ပို၍ စိတ်လှုပ်ရှားလာသည်၊၊ သူ၏ အထီးကျန်ဝံပုလွေစွမ်းအားမြှင့်ဝတ်စုံကို လဲလှယ်ပြီး Black Hawk အသံတိတ်မုဆိုးအမျိုးစား ဝတ်စုံကို တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်၊၊ ချန်ဆီရွှမ်နှင့် တင်းကျန်းရီတို့ လက်ထဲတွင် ၎င်း၏ စွမ်းဆောင်ရည်ကို သူမြင်ဖူးသည်၊၊ ၎င်းသည် လုံးဝလုံခြုံပြီး ပျံသန်းနိုင်ခြင်း မရှိသော်လည်း အနိမ့်ပျံသန်းနိုင်သည့် မိုက်ခရိုတွန်းကန်စနစ်များပါရှိကာ မီတာရာနှင့်ချီသော အဆောက်အဦးများကို အလွယ်တကူ တက်နိုင်သည်၊၊

သူ၏ ကိုယ်ပိုင်ပြုပြင်မွမ်းမံမှု အနည်းငယ်ဖြင့် လှုပ်ရှားနိုင်စွမ်းကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်မည်ဟု လင်းရှန် ယုံကြည်နေသည်၊၊ သူသည် ကီကီကို မှီခိုစရာ မလိုတော့ဘဲ လှုပ်ရှားနိုင်စွမ်းမှာ အဆမတန်တိုးတက်လာလိမ့်မည် ဖြစ်သည်၊၊

ထိုအချိန်တွင် သူသည် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၏ စနစ်မြင်ကွင်းကို ဖွင့်လိုက်သည်၊၊

[G3 လျှပ်စစ်သံလိုက်အမြောက် (ပုံကြမ်း) - ထုတ်လုပ်နေဆဲ- ၁၆ နာရီ ၂၉ မိနစ် ကျန်ရှိသည်]

“ပုံကြမ်းအသစ်က ပြီးတော့မယ်...”

သံလိုက်အမြောက် အဆင့်မြှင့်တင်မှုအတွက် စိတ်လှုပ်ရှားနေသော်လည်း အခြေခံ G3 သံလိုက်အမြောက်ကို တွဲအမှတ် ၅ တွင် အရင်ဆုံး တည်ဆောက်ရန် သူ ဆုံးဖြတ်လိုက်သည်၊၊ နည်းပညာအသစ်ဖြစ်လေ ထုတ်လုပ်ရန် ပိုမို ခက်ခဲလေဖြစ်သည်၊၊ သူသည် Black Hawkဝတ်စုံကို တည်ဆောက်နိုင်သော်လည်း ယာဉ်တန်းတစ်ခုလုံးအတွက် ဝတ်စုံများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန် စွမ်းရည်မရှိသေးပေ၊၊

အဖွဲ့ကို အထီးကျန်ဝံပုလွေဝတ်စုံများ တပ်ဆင်ပေးခြင်းသည်ပင် ကြီးမားသော တိုးတက်မှု ဖြစ်သည်ဟု သူယူဆသည်၊၊ TRP စနစ်ဖြင့် သူ အစောပိုင်းက စီစဉ်ထားခဲ့သည်ထက် အများကြီး ပိုကောင်းသည်၊၊ ဖိအားပေးရန် အလျင်မလိုသေးပေ၊၊

သူသည် 1130 CIWS နှင့် G3 လျှပ်စစ်အမြောက်ကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း ၎င်းမှာ နေမင်းရထားကို ယာဉ်တန်းတွင် ပေါင်းစည်းပြီးမှသာ ဖြစ်သည်၊၊ ထုတ်လုပ်မှုမှာ ရထားတွဲအသစ်များ၏ ပုံစံပေါ်တွင် မူတည်လိမ့်မည် ဖြစ်သည်၊၊

လောလောဆယ်တွင် သူသည် အော်တိုကျည်ခွံထုတ်စက်ကိုပင် ခေတ္တရပ်ထားပြီး မကြာသေးမီက ငလျင်လှုပ်ခတ်မှုများကြောင့် ပျက်စီးသွားသော ရထားအစိတ်အပိုင်းများကို ပြုပြင်ခြင်းအပေါ် အာရုံစိုက်နေသည်၊၊ ထို့အပြင် ဂရေ့စ်၏ စနစ်အစားထိုးမှု မည်မျှခရီးရောက်နေပြီလဲဆိုသည်ကို စစ်ဆေးလိုပေသည်၊၊ နောက်ဆုံးတွင် သူမကို ပုံကြမ်းများ အကောင်အထည်ဖော်ခြင်းနှင့် ဒီဇိုင်းဆွဲခြင်းများတွင် ကူညီရန် တာဝန်ပေးနိုင်သည်၊၊

သူ၏ စိတ်ထဲရှိ အခြားကိစ္စတစ်ခုမှာ စွမ်းအားထိုးတက်ခြင်း စွမ်းရည်ဖြစ်သည်၊၊ ၎င်းကို ယန္တရားမြှင့်တင်မှုဖြင့် အဆင့်မြှင့်ရန် ၃၀၀ မဂ္ဂါဝပ်အတန်းစား နျူကလီးယားစွမ်းအင်ယူနစ်တစ်ခုကို ဝါးမျိုရန် လိုအပ်သည်၊၊ သို့သော် လောလောဆယ်တွင် နဂါးတောင် ၁ နှင့် ဘုရင်မ မိုနီကာရထားများတွင်သာ ထိုကဲ့သို့ စွမ်းအင်မြင့် အင်ဂျင်များပါရှိသည်၊၊

သူသည် အခြားသူ၏ အသက်ကယ်စနစ်ကို ခိုးယူရန် မဖြစ်နိုင်ပေ၊၊ ရရှိလျှင်ပင် ၎င်းကို စွမ်းရည် အဆင့်မြှင့်ရန် အသုံးပြုခြင်းမှာ အလွန်ပင် နာကျင်ရလိမ့်မည်၊၊ လောလောဆယ်တွင် မထိုက်တန်သေးပေ၊၊

စွမ်းအားထိုးတက်ခြင်းမှလွဲ၍ သူ အဆင့်မမြှင့်ရသေးသည့် တစ်ခုတည်းသော စွမ်းရည်မှာ ပြန်လှည့်ရိုက်ချက်ဖြစ်ပြီး ၎င်းမှာ အောက်ပါအတိုင်း ရှိနေသည် -

ပြန်လှည့်ရိုက်ချက် (ရှားပါး) - အဆင့် ၂ ၊ ၅၀%

“နေမင်းယာဉ်တန်းနဲ့ ပေါင်းပြီးတာနဲ့ ငါ ဒုံးကျည်စခန်းတွဲတစ်ခု ဆောက်မယ်… ငါ စကင်ဖတ်ထားတဲ့ MIK-66 လည်ပတ်နိုင်တဲ့ ဒုံးကျည်ပစ်စင်ကို ပြန်လုပ်ရမယ်”

ဤအရာများကို စီစဉ်နေရင်း သူသည် နောက်တွဲများဆီသို့ လျှောက်သွားကာ သူ၏ ယန္တရားနှလုံးသားကို အသုံးပြု၍ ရထားတွဲတည်ဆောက်ပုံကို စကင်ဖတ်ကာ အသေးအမွှား ပျက်စီးမှုများကို ပြုပြင်ပေးလိုက်သည်၊၊ တကယ်တော့ ပေါင်းစပ်သံချပ်ကာအသစ်မှာ အလွန် ခိုင်ခံ့သောကြောင့် ပြုပြင်စရာ များများစားစား မရှိပေ၊၊

သူသည် တွဲအမှတ် ၂ ထဲသို့ ဝင်လိုက်သည်၊၊ မှောင်မိုက်နေသော ရထားတွဲအတွင်း ကီကီ၏ သတင်းအချက်အလက်စင်တာမှ ထွက်ပေါ်လာသော အပြာရောင် အလင်းဖျော့ဖျော့သာ ရှိသည်၊၊ ရှားရှားသည် သူမ၏ အိပ်ရာထဲတွင် အိပ်ပျော်နေပြီ ဖြစ်ပြီး ကီကီမှာမူ သူမ၏ ထိုင်ခုံတွင် တင်ပျဉ်ခွေထိုင်ကာ ချိုချဉ်တစ်လုံးကို ပါးစပ်ထဲငုံ၍ ကွန်ပျူတာမျက်နှာပြင်ကို အာရုံစိုက်နေသည်၊၊

“ဘယ်လိုလဲ”

လင်းရှန် လျှောက်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်၊၊

“နည်းနည်းနှေးနေတယ်”

ကီကီက ပြန်ဖြေသည်၊၊ သူမ၏ လက်ချောင်း ၁၀ ချောင်းသည် ကီးဘုတ်ပေါ်တွင် ပြေးလွှားနေပြီး ချိုချဉ်ကို စုပ်နေသည်၊၊

“ဒီကွန်ပျူတာတွေက တွက်ချက်နိုင်စွမ်း မလောက်ဘူး… ဂရေ့စ်ရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ အချိန်ယူရဦးမယ်… ဇွတ်လုပ်လို့ မရဘူး”

“အင်း ငါ သိပါတယ်” လင်းရှန် ခေါင်းငြိမ့်ပြသည်၊၊

“အခွင့်အရေးရရင် မင်းရဲ့ စနစ်ကို အဆင့်မြှင့်ပေးမယ်”

“ကျွတ်.. ကျွတ် အိမ်မက်ထဲမှာလား… 8192 core ရှိတဲ့ ကွမ်တမ်ကွန်ပျူတာဆိုတာ ဘာလဲဆိုတာ ရှင် သိရဲ့လား”

ကီကီသည် သူမ၏ ထိုင်ခုံကို လှည့်လိုက်ပြီး ချိုချဉ်ဖြင့် သူ့ကို ညွှန်ပြလိုက်သည်၊၊

“အဲ့ဒီလောက် တွက်ချက်နိုင်စွမ်းရှိရင် သမုဒ္ဒရာရထား လည်ပတ်မှုစနစ်တစ်ခုလုံးကို မောင်းနှင်လို့ရတယ်… ယူပေမြို့ အာကာသလေဆိပ်ရဲ့ တတ်လှမ်းဓာတ်လှေကားစနစ်ထက်တောင် ပိုအားကောင်းသေးတယ်… အဲ့ဒါမျိုးကို အလွယ်လေးရမယ်လို့ ရှင်ထင်နေတာလား”

All Chapters