အခန်း (၅၃၂-၅၃၃)
Vol. 33 Ch. 532-533
Chapter 532
အနောက်ပိုင်း ဂိုဘီသဲကန္တာရ ၃
လင်းရှန်က ပြုံးလိုက်သည်၊၊
“အင်း... ငါတို့ဆီမှာ တစ်ခုရှိနေပြီ မဟုတ်လား”
ကီကီက သူ့ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်၊၊
“စဉ်းစားကြည့်ရင် အနီရောင်ကမ္ဘာက တကယ်ကို တစ်ခုခုပဲ… ဂရေ့စ်လို ဦးနှောက်မျိုးကို အဲ့ဒီလို ဌာနထဲမှာ ထည့်ထားတယ်ဆိုတော့... သူမက အော့ဖ်လိုင်းသုံးဗားရှင်း အဆင့်နိမ့်လေးပဲ ဖြစ်နိုင်တယ်”
သူမ ဆိုလိုသည်မှာ ရှင်းနေသည် - အကယ်၍ ဂရေ့စ်တစ်ယောက် ရှိနေလျှင် နောက်ထပ်လည်း ရှိနိုင်ပြီး အချို့မှာ ပို၍ပင် အားကောင်းနိုင်သည်၊၊
လင်းရှန် နားလည်သွားပြီး သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်၊၊
“အဲ့ဒါက အတုယောင်စင်တာဆိုရင် ဒီလိုစက်မျိုး ထည့်ထားမှာ မဟုတ်ဘူး… ဒါပေမဲ့ ဒါရိုက်တာတင်း ပြောတာတော့ ဒီမှိုမျှင်တွေက လူ့အသိစိတ်ကို အပ်လုဒ်လုပ်နိုင်ပြီး ဦးနှောက်ကို တွက်ချက်မှုယူနစ်အဖြစ် သုံးနိုင်တယ်တဲ့... ဆိုလိုတာက ဒီနည်းပညာတွေက ချမ်းသာတဲ့သူတွေကို လိမ်စားဖို့ သက်သက်မဟုတ်ဘူး… တကယ့်နည်းပညာတွေပဲ”
ကီကီ ခေါင်းငြိမ့်ပြသည်၊၊
“ဟုတ်တယ်… ဒါပေမဲ့ သူမကို အသက်မသွင်းခင် ကျွန်မကို အစားထိုးမှု အရင်အပြီးသတ်ခွင့်ပေးပါဦး… အခု ဂရေ့စ်နိုးလာပြီး စနစ်အစားထိုးတာ မပြီးသေးရင် သူမက ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်”
“စိတ်မပူပါနဲ့”
လင်းရှန်က ပြုံးလျက် ပြောသည်၊၊
“ငါ သူမကို မင်းဆီမှာပဲ ထားခဲ့မယ်…. မင်းပဲ ကြည့်လုပ်လိုက်ပါ”
လောလောဆယ်တွင် ဂရေ့စ်၏ Codeမှာ ဇီးရိုးဒြပ်စင်ဗဟိုဌာနကို ကာကွယ်ရန်ဖြစ်သည်၊၊ သို့သော် ဗဟိုဌာနက ပျက်စီးသွားပြီ ဖြစ်သောကြောင့် သူမပြန်နိုးလာလျှင် ဘာလုပ်မည်ကို မည်သူမျှ မသိနိုင်ပေ၊၊ သူမ၏ ရန်လိုသည့် စနစ်တစ်ခုခုကိုပင် လှုံ့ဆော်မိနိုင်ပေမည်၊၊ လင်းရှန်သည် သူ၏ ယန္တရားစွမ်းရည်ကို အသုံးပြု၍ သူမ၏ စွမ်းအင်ပို့လွှတ်မှု မော်ဂျူးကို လျှို့ဝှက်ဖြတ်တောက်ထားပြီးဖြစ်သည်၊၊ ပြုပြင်ခြင်း မပြုဘဲ မည်သူမျှ သူမကို ပြန်၍ အသက်သွင်းနိုင်မည် မဟုတ်ပေ၊၊
သို့သော် ကီကီက ချက်ချင်း လက်ခါပြသည်၊၊
“မရဘူး - ကျွန်မ သူမကို ဒီမှာ မထားချင်ဘူး”
“ဘာလဲ မင်းက ကြောက်လို့လား”
“လုံးဝ မဟုတ်ဘူး”
ကီကီသည် အနီးတွင် အိပ်နေသော ရှားရှားကို လှမ်းကြည့်လိုက်သည်၊၊
“ဒါပေမဲ့ သူမကို ဒီမှာ ထားခဲ့ရင် အဲ့ဒီကလေးမလေး ဘယ်တော့မှ အိပ်ပျော်မှာ မဟုတ်ဘူး”
“ကောင်းပြီ ကောင်းပြီ...”
လင်းရှန် ရယ်မောလိုက်သည်၊၊ သူ နားလည်ပါသည် - ဂရေ့စ်သည် အမှောင်သက်ဝင်ယုံကြည်သူများအဖွဲ့စည်းမှ လာသူဖြစ်ပြီး အလွန်အဆင့်မြင့်သည့် AI ပါရှိကာ လူနှင့် တူလွန်းနေသည်၊၊ အဖွဲ့သားများ သူမ၏ အနီးတွင် မနေလိုကြသည်မှာ သဘာဝကျပေသည်၊၊
သူ ထွက်သွားရန် ပြင်လိုက်သော်လည်း ကီကီက ရုတ်တရက် သူမ၏ ခြေထောက်ကို ဆန့်ထုတ်ကာ လမ်းပိတ်လိုက်သည်၊၊ သူမ၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်၊၊
“နေဦး… ကျွန်မ မေးစရာ ရှိတယ်”
သူမ စကားမဆုံးမီမှာပင် လင်းရှန်က ပြုံးလိုက်ပြီး သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့်ကိုင်ကည ချိုချဉ်နံ့သင်းနေသော နှုတ်ခမ်းလေးကို အမြန်နမ်းလိုက်သည်၊၊
“ရော့… ဒါက မင်းအတွက် ဆုလာဘ်”
မမျှော်လင့်ထားသောကြောင့် ကီကီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်၊၊ သူမသည် လင်းရှန်ကို ချက်ချင်း ကန်ထုတ်လိုက်ပြီး စိတ်တိုတိုဖြင့် အော်လိုက်သည်၊၊
“ကျွန်မပြောချင်တာ အဲ့ဒါမဟုတ်ဘူး… ရှင့်ကြီးတော်ပဲ”
လင်းရှန် ခေါင်းကို ကုတ်ရင်း ကြောင်အမ်းအမ်းနှင့် ရယ်မောလိုက်သည်၊၊
“ဪ... အဲ့ဒါဆို မင်းဘာပြောမလို့လဲ”
ကီကီ၏ ရင်ဘတ်မှာ အသက်ရှူမြန်နေသောကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်၊၊ သူမသည် သူ့ကို စူးစူးဝါးဝါးကြည့်လိုက်ပြီးနောက် လှည့်ကာ codeတစ်ခုရိုက်ထည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာသည်၊၊
“ဒါကို ကျွန်နအတွက် လုပ်ပေးစေချင်တယ်”
လင်းရှန် ပုံကြမ်းကို ကြည့်လိုက်သည်၊၊ ၎င်းမှာ ပေါက်ကွဲမှုမရှိသော လက်နက်တစ်မျိုးဖြစ်ပုံရပြီး ဖီးနစ်အတောင်ပံဓားသွားတစ်ခုဖြစ်သည်၊၊ ထူးဆန်းသည်မှာ ၎င်းတွင် လက်ကိုင်မပါရှိပေ၊၊ ထိပ်နှစ်ဖက်လုံးမှာ ချွန်ထက်နေပြီး ကိုင်စရာ လက်ကိုင်မရှိပေ၊၊ ၎င်းမှာ ဓားထက်စာလျှင် ပစ်ပေါက်ရသော နှစ်ဖက်ချွန် ဓားသွားနှင့် ပိုတူသည်၊၊
“ဒါက ဘာလဲ” လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဓားလား”
“ကျွန်မ စဉ်းစားထားတာ” ကီကီက ရှင်းပြသည်၊၊
“ဖက်ဒရေးရှင်းအချက်အလက်ဟောင်းတွေထဲကနေ အခြေခံဒီဇိုင်းကို ရှာတွေ့ထားတာ… အဲ့ဒါက ခေတ်မမီတော့တဲ့ စက်ရုပ်လက်နက် ရှေ့ပြေးပုံစံပဲ - ပြန်သိမ်းလို့ရတဲ့ လည်ပတ်နေတဲ့ ဓားသွားပေါ့… အခု ဒီဇိုင်းက ပယ်ဖျက်ခံထားရတာ”
လင်းရှန် နားမလည်သလို ဖြစ်နေသည်၊၊ သူမ ဘာစီစဉ်နေသည်ကို သူသဘောမပေါက်ပေ၊၊
ကီကီက သူနားမလည်သည်ကို သိနေသကဲ့သို့ ထပ်မံ ရှင်းပြသည်၊၊
“ဖီးနစ်စွမ်းရည် စစ်ဆေးမှုတုန်းက ဝမ်ကျိုးပြောခဲ့တဲ့ စွမ်းအား ဖွံ့ဖြိုးမှုအကြောင်း မှတ်မိလား၊ အဲ့ဒီကတည်းက ကျွန်မ အဲ့ဒါကို စဉ်းစားနေတာ… ကျွန်မရဲ့စွမ်းရည်က အသုံးချဖို့အတွက်ပဲ… တိုက်ခိုက်ဖို့ မဟုတ်ဘူး… အစောပိုင်းက တုန်ခါလှိုင်းတွေ သုံးခဲ့ပေမဲ့ အဲ့ဒါက စွမ်းအင်အများကြီးကုန်တယ်”
“ဒါကြောင့် စဉ်းစားမိတာက... ပေါက်ကွဲမှုမပါတဲ့ လက်နက်တွေက ကျွန်မအတွက် ပိုကောင်းမယ် ထင်တယ်… ရှင်သာ ဒီဓားသွားတွေကို လုပ်ပေးနိုင်ရင် ကျွန်မရဲ့ စိတ်စွမ်းအားနဲ့ ထိန်းချုပ်လို့ရတယ်… အဲ့ဒါဆိုရင် တိုက်ခိုက်နိုင်စွမ်း ပိုများမယ်… ပြန်သုံးလို့လည်း ရမယ်… စွမ်းအင်ကုန်ကျမှုလည်း ပိုနည်းသွားမယ်… တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်လား… ကျွန်မ တော်တယ်မလား”
လင်းရှန် နောက်ဆုံးတွင် နားလည်သွားသော်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊၊
“လေးချက်ပြတ် ဆိုပါတော့… စတုတ္ထအချက်က ဘာလဲ”
ကီကီက ရယ်မောလိုက်ပြီး လှည့်ကာ လင်းရှန်ကို သူမ၏ ခြေထောက်များကြားတွင် ညှပ်ထားလိုက်ကာ ပြောင်စပ်စပ်အပြုံးဖြင့် ပြုံးလိုက်သည်၊၊
“ရှင် ကျွန်မကို အစုံတစ်ရာလုပ်ပေးရမယ်”
သူမသည် ရုတ်တရက် သိုင်းကွက်ပုံစံဖမ်းလိုက်ပြီး လေထဲတွင် ဝှေ့ယမ်းပြသည်၊၊
“ကျွန်မ အကုန်လုံးကို တစ်ပြိုင်နက် ထိန်းချုပ်မယ် - ဓားသွားမုန်တိုင်းအဖြစ် ပြောင်းပြီး မကောင်းဆိုးဝါးတွေကို ပိုင်းဖြတ်ပစ်မယ်… ကာကွယ်ဖို့အတွက်ဆိုရင် နဂါးအကြေးခွံ ဒိုင်းအဖြစ် ပြောင်းမယ်… ဘယ်သူမှ ဖောက်လို့ မရဘူး၊ အဲ့ဒါက စတုတ္ထအချက်ပဲ - တိုက်စစ်၊ ခံစစ်၊ ထိရောက်မှုနဲ့ စတိုင်လ်ကျမှု”
လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်၊၊ ဒီမိန်းကလေးက တကယ်ကို မိမိုက်တဲ့ အကြံကို ထုတ်နိုင်တာပဲ၊၊ သူမ၏ စိတ်စွမ်းအင်ထိန်းချုပ်မှုက မကြာသေးမီက ပိုပြီး အားကောင်းလာသည်၊၊ ဤနည်းလမ်းသည် သူမ၏ တိုက်ခိုက်စွမ်းအားကို အမှန်တကယ်မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်သည်၊၊ ထို့အပြင် ဓားသွားများကို ပြန်သုံးနိုင်သည်၊၊ ပျက်သွားလျှင်ပင် လင်းရှန်က အသစ်ပြန်လုပ်ပေးနိုင်သည်၊၊ တုန်ခါလှိုင်း သုံးတာထက် ပိုပြီး ထိရောက်သည်၊၊
တစ်ခုတည်းသော အားနည်းချက်မှာ အဆင့်မြင့် ထူးဆန်းသည့် သတ္တဝါများတွင် အလွန်မြင့်မားသော ကာကွယ်ရေးစွမ်းအားရှိခြင်းဖြစ်သည်၊၊ လင်းရှန် ကိုယ်တိုင်ပင် လျှပ်စစ်ဓားဖြင့် ခက်ခက်ခဲခဲဖြတ်တောက်ရသည်၊၊ ထို့ကြောင့် သူမအနေဖြင့် ခက်ခဲသော ပစ်မှတ်များအတွက် တုန်ခါလှိုင်းများကိုပါ ရောနှောအသုံးပြုရန် လိုအပ်လိမ့်မည် ဖြစ်သည်၊၊
“အကြံကောင်းပဲ” လင်းရှန် ခေါင်းငြိမ့်လိုက်သည်၊၊
“မင်းအတွက် အစုံတစ်ရာ ငါလုပ်ပေးမယ်၊ အလိုအလျောက် ထုတ်လွှတ်ပေးတဲ့ သေတ္တာတစ်ခုကိုလည်း ဒီဇိုင်းဆွဲပြီး ရထားအမိုးပေါ်မှာ တပ်ပေးမယ်… မင်း လိုတဲ့အချိန်မှာ ခေါ်သုံးလို့ရတာပေါ့”
ကီကီ၏ မျက်လုံးများတောက်ပသွားသည်၊၊
“ဟုတ်တယ်... အဲ့ဒါ ကျွန်မ အလိုချင်ဆုံးပဲ - အာ...”
သူမ စကားမဆုံးမီ လင်းရှန်က သူမကို နောက်တစ်ကြိမ် ခိုးနမ်းလိုက်ပြီး အမြန်ပြေးထွက်သွားသည်၊၊
“ဟေ့ ရှ - ရှင် -”
ကီကီသည် ထွက်ပြေးသွားသော ထိုလူကြမ်းကြီး၏ နောက်ကျောကို ကြည့်ကာ အံကြိတ်၍ အော်လိုက်သည်၊၊ သို့သော် သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်လေးများ ပါရှိနေသည်၊၊
Chapter 533
အနောက်ပိုင်း ဂိုဘီသဲကန္တာရ ၄
“တကယ်ပဲ လူဆိုးမလေး...”
လင်းရှန် မပြုံးဘဲ မနေနိုင်ပေ၊၊ ဒီကလေးမလေးက တကယ်ချစ်ဖို့ကောင်းပေသည်၊၊ အပြင်ပန်းမှာ စွာတေးလန်နေသော်လည်း သူမသည် အလွန်ပင် ခိုင်မာပြီး ထက်မြက်သော ဉာဏ်ကြီးရှင် မိန်းကလေးဖြစ်သည်၊၊
ဟုတ်ပါသည်၊ သူမက နည်းနည်းစွာပြီး ခေါင်းမာတတ်သည်၊၊ ပြီးတော့... ဟုတ်ပါပြီ၊ လုံးဝ ရင်သားမရှိတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ ဒါတွေက သူ့အတွက် အရေးမကြီးပါဘူး၊၊
သူတို့၏ သံယောဇဉ်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲများကြားတွင် ပိုမိုခိုင်မာလာခဲ့သည်၊၊ သူမသည် ရှက်နေသေးပြီး မသိသလို ဟန်ဆောင်နေသော်လည်း ထောင့်ချိုးလေးတွေထဲမှာ ပုန်းနေတတ်သလို နှုတ်ခမ်းနီပြန်ဆိုးနေသလို ဟန်ဆောင်နေတတ်သော်လည်း သူတို့ နှစ်ယောက်လုံး တစ်ဦးကို တစ်ဦးသိနေကြသည်၊၊
တွဲအမှတ် ၃ တွင် စည်းကမ်းအတိုင်း ရထားမီးများ အားလုံးပိတ်ထားသည် - သို့သော် တင်းကျန်းရီ၏ စားပွဲတွင် မီးအိမ်သေးသေးလေးတစ်လုံး ထွန်းထားသည်၊၊ ထိုအလင်းရောင်အောက်တွင် သူမသည် ဇီးရိုးဒြပ်စင်ဗဟိုဌာနမှ ယူဆောင်လာခဲ့သော မှိုနမူနာကို ဓာတ်ခွဲခန်းသုံး ပစ္စည်းများဖြင့် ဂရုတစိုက် စစ်ဆေးနေသည်၊၊
လင်းရှန် ရထားတွဲထဲသို့ ဝင်လာသောအခါ တင်းကျန်းရီက မော့ကြည့်လိုက်သည်၊၊
“ရှင်ပင်ပန်းနေပုံပဲ… အနားယူသင့်တယ်”
“ဝင်ရိုးစွန်းညဇုန်ကနေ ထွက်တဲ့အထိ စောင့်လိုက်ဦးမယ်”
လင်းရှန်က ပြန်ဖြေလိုက်သည်၊၊ သူ အနည်းငယ် အံ့သြသွားသည် - ၎င်းမှာ တင်းကျန်းရီ ပြောလေ့ပြောထရှိသော စကားမျိုးမဟုတ်ပေ၊၊
သူမသည် သူမ၏ ကိရိယာများကို ချလိုက်ပြီး သူ့ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်၊၊
“မှိုမျှင်ကွန်ရက်က လူ့အသိစိတ်ကို အပ်လုဒ်လုပ်နိုင်တယ်ဆိုတဲ့ အချက်က ကျွန်မကို အများကြီး စဉ်းစားမိစေတယ်… ဒါက အမှောင်သတ္တဝါတွေက လူသားတွေအကြောင်းကို ကျွန်မတို့ ထင်ထားတာထက် ပိုပြီး နားလည်နေတယ်ဆိုတာကို ပြနေတာပဲ… ကျွန်မတို့က အမှောင်ထုကို လေ့လာနေချိန်မှာ... အမှောင်ထုကလည်း ကျွန်မတို့ကို လေ့လာနေတာပဲ”
လင်းရှန်၏ မျက်လုံးများ စူးရှသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
“မင်းက တွင်းနက်ကြီးကို စိုက်ကြည့်နေတဲ့အချိန်မှာ တွင်းနက်ကြီးကလည်း မင်းကို ပြန်စိုက်ကြည့်နေတာပေါ့”
တင်းကျန်းရီသည် မျက်ခုံးကို အနည်းငယ် မြှောက်လိုက်သည်၊၊ “နောက်ထပ်တစ်ခု ရှိသေးတယ်… မှိုမျှင်ကွန်ရက်တွေနဲ့ ကောင်းကင်မှိုမျှော်စင်တွေက လူသားတွေရဲ့ အတွေးတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ထူးခြားတဲ့ သက်ရှိတွေ ဖြစ်နေချိန်မှာ သူတို့က မီးကို မခံနိုင်ပဲ ဒီလောက်အားနည်းနေတာက သိပ်ပြီး အဓိပ္ပာယ်မရှိဘူး… သူတို့ရဲ့ အဆင့်တန်းနဲ့ ယှဉ်ရင် အဲ့ဒီလောက် အားနည်းချက်ကြီးရှိနေတာက တစ်ခုခုတော့မှားနေတယ်”
“မင်းဆိုလိုတာက... သူတို့က အဲ့ဒီလောက် ဖျက်ဆီးရ မလွယ်သင့်ဘူးပေါ့ ဟုတ်လား”
“အတိအကျပဲ”
လင်းရှန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်၊၊
“ငါတို့က သူတို့ရဲ့ နယ်မြေဖြစ်တဲ့ ဝင်ရိုးစွန်းညဇုန်ထဲ ရောက်နေလို့ ဖြစ်နိုင်မလား... အဲ့ဒါကြောင့်မို့လို့---”
“ရှင့်ရဲ့ ယုတ္တိဗေဒအတိုင်းဆိုရင်”
တင်းကျန်းရီက စကားဖြတ်ပြောလိုက်သည်၊၊
“ဒါဆိုရင် ရှင်မြင်ခဲ့တဲ့ ဖုတ်ကောင်သိုးထိန်းက သူတို့ရဲ့ အတွင်းပိုင်းကာကွယ်ရေးစနစ်တစ်ခုဖြစ်နိုင်တယ်… ကျွန်မတို့ မျှော်စင်ကို ဖျက်ဆီးနိုင်ခဲ့တာက... ကံကောင်းလို့ ဖြစ်နိုင်တယ်”
သူမ ခဏနားပြီးမှ ထပ်ပြောသည်၊၊
“ဒါမှမဟုတ် လူသားတွေက ဝင်ရိုးစွန်းညထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို လုံးဝနားမလည်တာလည်း ဖြစ်နိုင်တယ်၊၊ သတင်းအချက်အလက်ကွာဟမှုက အရမ်းကြီးလွန်းတယ်… အမှောင်ထုရဲ့ သတ္တဝါတွေနဲ့ ယှဉ်ရင် ကျွန်မတို့ လူသားတွေက အရမ်းသေးငယ်လွန်းသေးတယ်… သူတို့နယ်မြေထဲမှာ ကောင်းကင်မှိုမျှော်စင်ကို ဖောက်ခွဲနိုင်ခဲ့တာက သန်းနဲ့ချီတဲ့ အခွင့်အရေးထဲက တစ်ခုပဲ ဖြစ်လိမ့်မယ်”
“မင်း ဘာကိုဆိုလိုချင်လဲဆိုတာ... ငါ အခု နားလည်ပြီ”
“ရှင် စိတ်ဝင်စားမယ့် နောက်ထပ်အချက်တစ်ခုရှိသေးတယ်”
တင်းကျန်းရီသည် ဓာတ်ခွဲခန်းဘေးဘက်သို့ ရွှေ့လိုက်သည်၊၊ ထိုနေရာတွင် အပင်စိုက်ပျိုးခန်းဖန်အိမ်နှစ်ခုရှိပြီး တစ်ခုတွင် သွေးကပ်ဘေးပန်းရှိကာ အခြားတစ်ခုတွင် ငွေနဂါးဆယ်ဆပန်း ရှိသည်၊၊
ထူးဆန်းသည်မှာ သွေးကပ်ဘေးပန်းသည် အရင်ကထက် သိသိသာသာပိုကြီးလာသည်၊၊ ပို၍ ထူးဆန်းသည်မှာ ငွေနဂါးဆယ်ဆပန်းသည်လည်း အရင်က ငွေဖြူရောင် အညှောင့်လေးထက် အများကြီး ပိုရှည်လာခြင်း ဖြစ်သည်၊၊ ၎င်း၏ ပင်စည်အလယ်တွင် အဖြူရောင် အဖူးလေးတစ်ခု ပေါ်ထွက်နေပြီး ထူးဆန်းသော အလင်းရောင်လေးတစ်ခု တောက်ပနေသည်၊၊
သွေးကပ်ဘေးပန်း၏ သန္ဓေပြောင်းမှုကို မြင်လိုက်ရသဖြင့် လင်းရှန်၏ အမူအရာမှာ တည်ကြည်လေးနက်သွားသည်၊၊ သူသည် ချက်ချင်းပင် ရှေ့သို့တိုးကာ မေးလိုက်သည်၊၊
“ဒါက ဘယ်လောက်ကြာပြီလဲ”
“လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ”
တင်းကျန်းရီက ပြောသည်၊၊
“ဝင်ရိုးစွန်းညအောက်မှာ သွေးကပ်ဘေးပန်းက ဒီလောက်မြန်မြန် ကြီးထွားလာတာ သိသာတယ်”
လင်းရှန်က ပြန်ပြောသည်၊၊
“ဒါကြောင့်မို့လို့ သွေးကပ်ဘေးက ဝင်ရိုးစွန်းညအချိန်မှာပဲ ပေါ်လာတာပေါ့ ဟုတ်လား”
“ဖြစ်နိုင်တယ်” တင်းကျန်းရီ ခေါင်းငြိမ့်ပြသည်၊၊
“ရှင်းနေတာတစ်ခုက သွေးကပ်ဘေးက ဝင်ရိုးစွန်းညရဲ့ သီးခြားဂေဟစနစ် အခြေအနေတစ်ခုမှာ အသားကျနေတာပဲ - တိုက်ရိုက်ပြောရရင် အမှောင်ကျူးကျော်မှု စွမ်းအားတွေပေါ့… ကျွန်မ ဒီနမူနာနှစ်ခုလုံးကို ရထားပေါ်ကနေ ခနဖယ်ထုတ်ပြီး အဲ့ဒီပတ်ဝန်းကျင်နဲ့ ထိတွေ့အောင် လုပ်ခဲ့တယ်”
လင်းရှန်၏ ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်၊၊ အကယ်၍ ထိုသို့သာဆိုလျှင် ထူးဆန်းသည့် ကုဗတုံးရှိနေခြင်းက သွေးကပ်ဘေးပန်းနှင့် ငွေနဂါးဆယ်ဆပန်း၏ ကြီးထွားမှုကို အဟန့်အတား ဖြစ်စေသည် မဟုတ်ပါလား၊၊
သို့သော်လည်း သူ့မှာ အခြားရွေးချယ်စရာ မရှိပေ၊၊ ရထားပေါ်ရှိ လူတိုင်းကို အမှောင်ကျူးကျော်မှုနှင့် ထိတွေ့စေပြီး အပင်တွေ ကြီးထွားမှုကို အရှိန်မြှင့်ရန်အတွက် ရထားတစ်ခုလုံး၏ လုံခြုံရေးကို သူ မစွန့်စားနိုင်ပေ၊၊ တကယ်တော့ အနန္တရထားပေါ်ရှိ အဖွဲ့သားများမှာ အခြားသော အသက်ရှင်ကျန်ရသူများထက် ပိုမိုတိုးတက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုခိုင်မာနေရခြင်းမှာ အဓိကအားဖြင့် ထူးဆန်းသည့် ကုဗတုံးကြောင့် ဖြစ်သည်၊၊ ကြောက်ရွံ့မှု စွမ်းအင်များကို ကာကွယ်ပေးနိုင်သည့် ၎င်း၏ စွမ်းရည်သာ မရှိပါက ထိုကျိန်စာသင့် အမှောင်ရေဒီယိုလှိုင်းများနှင့် ထိတွေ့ချိန်တွင် သူတို့အားလုံး ခုခံနိုင်စွမ်း ရှိကြမည် မဟုတ်ပေ၊၊ သူ၏ ယန္တရားစွမ်းရည်သာ မပါဝင်ပါက သူတို့အားလုံး ၁၅၄၂ လှိုင်းနှုန်းထဲမှာတင် ပိတ်မိနေကြလိမ့်မည်၊၊
“သုတေသနမလုပ်တဲ့အချိန်ကျရင် ဒီအပင်တွေကို နောက်ဘက် ရထားတွဲမှာ သွားထားကြည့်ရင်ကော”
ထူးဆန်းသည့် ကုဗတုံး၏ အတိုင်းအတာမှာ အကန့်အသတ် ရှိသည်၊၊ တင်းကျန်းရီ သုတေသနမလုပ်ဖြစ်သည့် အချိန်တွင် ထိုနမူနာများကို နျူကလီးယားစွမ်းအင်သုံး နောက်တွဲတွင် ထားရှိပြီး အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်နိုင်သည်ဟု လင်းရှန်က တွက်ဆလိုက်သည်၊၊
၎င်းကို စဉ်းစားပြီးနောက် သူက သူမဘက်သို့ လှည့်လိုက်သည်၊၊ “ဒီအပင်တွေ ကြီးထွားလာတဲ့အချိန်မှာ ထူးခြားတဲ့ စွမ်းရည်အသစ်တွေ ထွက်လာဦးမလား”
တင်းကျန်းရီက ပြန်ဖြေသည်၊၊
“သွေးကပ်ဘေးအတွက်ကတော့ လောလောဆယ် ထူးခြားမှု မရှိသေးဘူး… သူ့ရဲ့ အမှောင်စွမ်းအင် ပြောင်းလဲမှုနှုန်းက ပိုကောင်းလာတာ ဖြစ်နိုင်တယ်… စီလန်မြို့ကနေ စထွက်လာကတည်းက အဖွဲ့ဝင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ သိသိသာသာ တိုးတက်လာတာကို သတိထားမိတယ်… ဖီးနစ်ရဲ့ စွမ်းအားအမြင့်ဆုံး တိုင်းတာစက်နဲ့ တိုင်းကြည့်ရင်တော့ ပိုတိကျလိမ့်မယ်… အခုလောလောဆယ်တော့ ဒါက ခန့်မှန်းချက်ပဲ၊ ငွေနဂါးပန်းအတွက်ကတော့...”
သူမသည် ထူးဆန်းသော အဖြူရောင် အဖူးလေးကို လှမ်းကြည့်လိုက်ပြီး ပြောသည်၊၊
“အခု ပွင့်တော့မယ်ဆိုတော့ ထူးခြားတဲ့ စွမ်းရည်တွေ ထွက်လာတော့မယ်… ဒါပေမဲ့ ၎င်းလုံးဝပွင့်လာတာ ဒါမှမဟုတ် သီးခြားအခြေအနေတစ်ခုခု အောက်ရောက်မှပဲ… ကျွန်မတို့ သေချာသိနိုင်လိမ့်မယ်”
“ကောင်းပြီ”
လင်းရှန် ခေါင်းငြိမ့်လိုက်ပြီး မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်၊၊ သွေးကပ်ဘေးပန်းသည် ရထားတစ်ခုလုံးအတွက် ကြီးမားသော အလားအလာများ ရှိနေသည်၊၊ ဖီးနစ်အဖွဲ့ကပင် ၎င်းကို သူတို့၏ သုတေသနတွင် ဦးစားပေး သတ်မှတ်ထားခြင်း ဖြစ်သည်၊၊ ညလမ်းလျှောက်သူအဖွဲ့စည်း၏ ဒုတိယအဖွဲ့ခွဲဖြစ်သော ဝင်ရိုးစွန်းအမှောင်ညအဖွဲ့သည် ဝင်ရိုးစွန်းညအတွင်း နက်နက်ရှိုင်းရှိုင်း စူးစမ်းရှာဖွေခြင်း၊ ကြယ်နယ်မြေများကို လေ့လာခြင်းနှင့် ဤရှားပါးအပင်များကို ရှာဖွေခြင်းတို့အတွက် တာဝန်ယူထားရသည်၊၊
ဒုတိယအဖွဲ့ခွဲသည် ညလမ်းလျှောက်သူအဖွဲ့တွင် အသေးဆုံးဖြစ်သော်လည်း အတော်ဆုံးအဖွဲ့ဝင်များ ပါဝင်သည်၊၊ အကောင်းဆုံးကိရိယာများနှင့် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးစွမ်းရည်များ ပိုင်ဆိုင်ထားကြပြီး ဝင်ရိုးစွန်းညအတွင်း အသက်ရှင်ကျန်ရစ်မှုနှုန်း မြင့်မားစေရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်၊၊ သူတို့ ရှာဖွေရရှိသော သတင်းအချက်အလက်များသည် လူသားမျိုးနွယ်၏ အနာဂတ်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပေသည်၊၊
တိုးတက်ပြောင်းလဲနေသော အပင်များကို ကြည့်ရင်း လင်းရှန် စိတ်အေးသွားသည်၊၊ တင်းကျန်းရီကဲ့သို့ ပညာရှင်တစ်ဦး ရထားပေါ်တွင် ရှိနေပြီး သုတေသနကို ဦးဆောင်နေခြင်းမှာ ကံကောင်းလှသည်၊၊ သူမသည် သူတို့၏ အသက်ရှင်ကျန်ရစ်နိုင်ခြေကို အဆမတန် မြင့်တက်စေမည့် အရေးကြီးအချက်အလက်များကို ပေးစွမ်းနိုင်သူ ဖြစ်သည်၊၊
အစပိုင်းတွင် သူသည် စိုက်ပျိုးရေးတွဲအတွက် အပင်ကျွမ်းကျင်သူတစ်ဦးကို ငှားရမ်းရန် စီစဉ်ခဲ့သော်လည်း ၎င်းမှာ အဆင်မပြေခဲ့ပေ၊၊ သို့သော် အပင်စွမ်းရည်ပါသော ဤအေးစက်ပြီး ထက်မြက်သော ဇီဝဗေဒ ပါမောက္ခမလေးရှိနေခြင်းမှာ သူ့အတွက် ဘုရားပေးသည့် ဆုလာဘ်တစ်ခုကဲ့သို့ ဖြစ်လာသည်၊၊