← Chapters

အခန်း (၅၃၄-၅၃၅)

Vol. 33 Ch. 534-535

အခန်း (၅၃၄-၅၃၅)

Vol. 33 Ch. 534-535

Chapter 534

မင်း ဘယ်က ကောက်လာတာလဲ ၁

လင်းရှန်သည် သုတေသနတွဲအတွင်းကို ဝေ့ကြည့်လိုက်သည်၊၊ အစောပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် ဓာတ်ခွဲခန်းစားပွဲပေါ်ရှိ စမ်းသပ်ပြွန်အချို့နှင့် ဖန်ထည်အချို့ ကွဲကြေသွားသည်မှလွဲ၍ ကျန်အရာများမှာ ပျက်စီးခြင်း မရှိပေ၊၊

ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လင်းရှန်၏ နှလုံးခုန်သံ မြန်သွားသည်၊၊

“သေစမ်း… တွဲ ၄ ထဲက စိုက်ပျိုးရေးပုံးတွေထဲမှာ ပစ္စည်းတွေ အများကြီးရှိတာပဲ”

“စိတ်အေးအေးထားပါ”

တင်းကျန်းရီက မော့ပင်မကြည့်ဘဲ တည်ငြိမ်စွာ ပြန်ပြောသည်၊၊

“ဓာတ်ခွဲခန်းသုံး ဖန်အိမ်အဟောင်းနှစ်လုံးပဲ ကွဲသွားတာ၊ ရှင်လုပ်ထားပေးတဲ့ ပိုလီကာဗွန်နိတ်ပုံးတွေကတော့ အကောင်းအတိုင်းပဲ”

လင်းရှန် လျှောက်နေရင်း တန့်သွားပြီးမှ သက်ပြင်းချနိုင်သည်၊၊

“တော်သေးတာပေါ့၊ ငါတို့ရဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်ကြီး ပျက်စီးသွားပြီလို့ ထင်နေတာ”

“ရှင်က စိုးရိမ်လာရင် အမြဲတမ်း ဒီလိုပဲ”

“ရှင် အနားယူသင့်ပြီ”

တင်းကျန်းရီက သက်ပြင်းရှည်ကြီးချလိုက်ပြီး လင်းရှန်ဘက် လှည့်ကာ ပြောသည်၊၊

“မင်းကော အဲ့လို မထင်ဘူးလား”

“ရှင်က ပိုပင်ပန်းနေတာပါ”

လင်းရှန် လှည့်ကြည့်လိုက်သောအခါ တင်းကျန်းရီက သူ့ကို ကြည့်နေသည်ကို တွေ့ရသည်၊၊ သူမသည် အိတ်ကပ်ထဲ လက်နှိပ်လျက် အပြုံးဖျော့ဖျော့လေး ပြုံးနေသည်၊၊ သူ့နှလုံးခုန်သံ မြန်သွားပြီး “တစ်ခုခုတော့ မှားနေပြီ...” ဟု အမြန် ရေရွတ်လိုက်သည်၊၊

“မင်းက ဇီးရိုးဒြပ်စင်ဗဟိုဌာနမှာလည်း တစ်ညလုံး မအိပ်ရသေးဘူး… အနားယူတော့လေ… အခုက ဝင်ရိုးစွန်းညထဲမှာပဲ ရှိသေးတာဆိုတော့ တစ်ယောက်ယောက် ကင်းစောင့်နေပေးဖို့ပဲ လိုတာပါ”

တင်းကျန်းရီက ရုတ်တရက် ရှေ့သို့တိုးလာပြီး လင်းရှန်ကို သူမ၏ တည်ငြိမ်လှသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်၊၊

“ကျွန်မ စွမ်းရည်အသစ်တစ်ခု ရထားတယ်… ကြည့်ချင်လား”

စွမ်းရည်အသစ် ဟုတ်လား ဝိုး... အတော်လေး တည့်တိုးဆန်တာပဲ…

လင်းရှန်၏ မျက်နှာ အနည်းငယ် ပျက်သွားသည် - သူမ၏ M ဘက်ခြမ်းက ပြန်ပေါ်လာပြန်ပြီလား၊၊ သူက အမြန်ပင် လက်ကာပြလိုက်သည်၊၊

“မင်း နားနားနေနေ နေပါဦး… ငါ အရင်ဆုံး လက်နက်စနစ်တွေကို အပြီးသတ်ဖို့ လိုသေးတယ်”

လင်းရှန်က စိတ်မဝင်စားတာ မဟုတ်ပေ... ဒါပေမဲ့ တကယ်တမ်းကျတော့ သူက အခုလေးတင်ပဲ—

ပြီးတော့ လက်နက်ထုတ်လုပ်ရေးနဲ့ ရထားပြုပြင်ရေးတွေက စောင့်လို့မရဘူးလေ၊၊ အနန္တရထားက ခိုင်ခံ့တာ မှန်ပေမဲ့ ရထားတွဲတိုင်းကို သူကိုယ်တိုင် စစ်ဆေးပြီးမှ စိတ်အေးရမှာ ဖြစ်သည်၊၊

သူ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခုက လမ်းပိတ်လိုက်သည်၊၊ သူ ငုံ့ကြည့်လိုက်သောအခါ အနီးရှိ ပန်းအိုးထဲမှ ငွေလာပင်နွယ်တစ်ခုက ထွက်လာပြီး သက်ရှိတစ်ခုကဲ့သို့ သူ၏ ဝမ်းဗိုက်ရှေ့သို့ လာနေသည်ကို တွေ့လိုက်ရသည်၊၊

၎င်းက သက်ရှိတစ်ကောင်ကဲ့သို့ လှုပ်ရှားနေရုံတင်မကဘဲ အားလည်း ပါသည်၊၊ ထိုသေးသွယ်သော အစိမ်းရောင်နွယ်ပင်မှာ သံမဏိကြိုးတစ်မျှ သန်မာနေသည်၊၊

“ဒါက ကျွန်မရဲ့ စွမ်းရည်အသစ်ပဲ”

စီလန်မြို့မှ ထွက်လာကတည်းက တင်းကျန်းရီ၏ အပင်စွမ်းရည်မှာ သိသိသာသာတိုးတက်လာသည်၊၊ သူမ၏ စွမ်းရည်များသည် သဘာဝအတိုင်း ကြီးထွားမှု နိယာမများကို ကျော်လွန်သွားပြီး အပင်များကို ပုံသဏ္ဍာန်အမျိုးမျိုး ဖော်နိုင်ကာ ၎င်းတို့၏ ရုန်းကန်နိုင်စွမ်း၊ မာကျောမှုနှင့် ခိုင်ခံ့မှုတို့ကို ပြောင်းလဲနိုင်သည်၊၊

လင်းရှန် အံ့သြသွားပြီး လှည့်ကြည့်လိုက်သည်၊၊ တင်းကျန်းရီမှာ အိတ်ကပ်ထဲ လက်နှိပ်လျက် အရင်အတိုင်း တည်ငြိမ်စွာ ရပ်နေသော်လည်း သူမ၏ ခေါင်းပေါ်မှ ပန်းလေးမှာ ပန်းရောင်ဖျော့ဖျော့လေးဖြင့် ယိမ်းနွဲ့နေသည်၊၊ ၎င်းမှာ သူမ၏ အေးစက်သော ပုံစံနှင့် ယှဉ်လျှင် အလွန်ပင် ချစ်စရာကောင်းပြီး ရယ်စရာလည်း ကောင်းနေသည်၊၊

“အကယ်၍ ကျွန်မ စတင်တဲ့အခါမှာ ကြမ်းတမ်းနေမှာကို စိုးရိမ်နေရင် လျှော့ပေးလို့ရပါတယ်… ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အခြေအနေမျိုးမှာမဆို… ကျွန်မက ရှင့်စကားကို နားထောင်မှာပါ… ရှင် ကျွန်မကို ဘာလုပ်စေချင်လဲ၊ အဲ့ဒါကိုပဲ ကျွန်မ လုပ်ပေးမယ်”

လင်းရှန်၏ အမူအရာမှာ ကိုးရိုးကားယားဖြစ်သွားသည်၊၊ သူက သူမကို အထင်လွဲခဲ့မိသဖြင့် အားနာစိတ်နှင့်အတူ ရယ်မောလိုက်သည်၊၊

သူမ၏ တည်ငြိမ်သော အကြည့်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်ကာ တွန့်ဆုတ်မနေတော့ဘဲ သူမကို ပွေ့ချီပြီး အနားယူဆောင်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်၊၊

တင်းကျန်းရီက မရုန်းကန်ပေ၊၊ သူမကို မြှောက်ချီလိုက်ချိန်တွင် သူမ၏ မျက်လုံးများမှာ အေးချမ်းနေပြီး နှုတ်ခမ်းတွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ အပြုံးလေး တစ်ခု ပေါ်လာသည်၊၊

ထိုအကြည့်က ပြောနေသကဲ့သို့ပင် -

ကျွန်မရဲ့ သူရဲကောင်းကြီး - ရှင့်ရဲ့ အချိန်ရောက်ပြီ၊ ရှင်ကျေနပ်ရဲ့လား၊၊

အနန္တရထား၊ တွဲ ၅ - “လောင်ကျွမ်းခြင်း ခန်းမ” ဟု အမည်ပေးထားသော အခန်း

လုရှင်းချန်သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ရှေ့ရှိ တန်စတင်အိုးကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေသည်၊၊

ထိုအိုးထဲတွင်... သူ၏ အတွင်းခံ အဝတ်အစားများ အားလုံးရှိနေသည်၊၊

သူသည် ၎င်းတို့ကို တစ်ခါတည်း မီးရှို့ပစ်တော့မည် ဖြစ်သည်၊၊

“မီးနတ်ဘုရားက အတွင်းခံဝတ်တာလား”

ဒါက အတွေးအခေါ်ပိုင်းဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်နိုင်သည်၊၊

သို့သော် လုရှင်းချန်ကတော့ အဖြေကို သိပြီးသား ဖြစ်သည် - သူ ဒါတွေကို နောက်ဘက် ဘယ်တော့မှ ထပ်ဝတ်တော့မည် မဟုတ်ပေ၊၊ ဒါတွေက စတိုင်လ်လည်း မကျသလို မီးကို ကိုင်တွယ်တဲ့ သူ့လို လူမျိုးနဲ့လည်း မထိုက်တန်ဘူး၊၊ အရေးကြီးဆုံးကတော့ -

“ဒီအတွင်းခံတွေက အရောင်ကျွတ်တယ်”

“ဒီလို မသန့်ရှင်းတဲ့အရာတွေက ငါ့ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်နေတာပဲ… ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”

သူသည် သွားများကို တင်းတင်းကြိတ်လျက် လင်းရှန်အတွက် နှုတ်ဆက်စကား မှတ်တမ်းတင်ထားသည့် စက်ကလေးကို ကောက်ကိုင်လိုက်သည်၊၊

“ဒီအရှင်သခင်က အခုပဲ--”

ကလစ်၊၊

သူ၏ လက်ချောင်းများက ခလုတ်ကို မှားနှိပ်မိသွားသည်၊၊ ထိုအခါ ပြဇာတ်ဆန်သော စကားသံများက တိတ်ဆိတ်နေသော အခန်းထဲတွင် ပျံ့လွင့်လာသည် -

“အကိုလင်း၊ အကိုဟွာနဲ့ အနန္တရထားက ရဲဘော်တွေအားလုံး... ငါ့ရဲ့ ရုတ်တရက် ထွက်ခွာသွားမှုကို ခွင့်လွှတ်ကြပါ...”

လုရှင်းချန်၏ မျက်နှာမှာ ဖြူလျော်သွားသည်၊၊

“သောက်ကျိုးနည်း--”

သူသည် စက်ကို အမြန်ပိတ်ရန် ကြိုးစားရင်း လွတ်ကျလုနီးပါး ဖြစ်သွားသည်၊၊ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာနီမြန်းလျက် သူသည် မှတ်တမ်းတင်စက်ကို အိုးထဲသို့ ပစ်ထည့်လိုက်ပြီး အဖုံးကို ပိတ်ကာ အော်လိုက်သည် -

“လောင်စမ်း… အကုန် ပြာဖြစ်သွားအောင် လောင်စမ်း”

သူက အိုးထဲသို့ မီးများဖြင့် အပြင်းအထန် ပစ်လွှတ်လိုက်ရာ မီးတောက်များ ထွက်ပေါ်လာသည်၊၊ မကြာမီမှာပင် ထိုအတွင်းခံများနှင့် စက်ကလေးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်၊၊ အနံ့ဆိုးများနှင့်အတူ မီးခိုးအမည်းရောင်များ ထွက်လာသည်၊၊ လုရှင်းချန်က လေစစ်ထုတ်ခလုတ်ကို အမြန်နှိပ်လိုက်သည်၊၊

လေထု ပြန်ရှင်းလင်းသွားသောအခါ သူသည် ကြမ်းပြင်နှင့် စားပွဲကို သန့်ရှင်းရေးလုပ်ပြီး အရာအားလုံးကို သေသေသပ်သပ် ပြန်စီထားလိုက်သည်၊၊ ထို့နောက် သူ တန်ဖိုးထားရသည့် လေသန့်စင်ဆေးကို ထုတ်ပြီး အခန်းအနှံ့ ဖြန်းလိုက်သည်၊၊

ခဏအကြာတွင် လက်ဖက်ခြောက်ရနံ့ သင်းသင်းလေးက အခန်းထဲတွင် ပျံ့နှံ့လာသည်၊၊

“အခုတော့ ငါ့ရဲ့ စိတ်ထဲက မကောင်းဆိုးဝါးတွေကို ဖယ်ရှားပြီးပြီ”

လုရှင်းချန် ကျေနပ်သွားပြီး အိုးကို ကိုင်ကာ ပြာများ သွားသွန်ရန် အပြင်သို့ ထွက်လာသည်၊၊ အိုးထဲက အရာများကို အမှိုက်ပုံးထဲ သွန်ချလိုက်စဉ်မှာပင် သတ္တုချင်း ထိခိုက်သံတစ်ခု ထွက်ပေါ်လာသည် - တစ်ခုခုက အထဲကို ကျသွားခြင်း ဖြစ်သည်၊၊

သူ တန့်သွားပြီး အမှိုက်ပုံးကို စိုက်ကြည့်လိုက်သည်၊၊

ပြာများကြားတွင်... ရွှေရောင် တောက်ပနေသည့် အရာတစ်ခု ရှိနေသည်၊၊

လုရှင်းချန်၏ အမူအရာမှာ မှုန်မှိုင်းသွားသည်၊၊ သူသည် အမှိုက်ပုံးထဲမှ လက်နှစ်ချောင်းဖြင့် အသာအယာ နှိုက်ယူလိုက်ရာ -

ရွှေလက်ကောက်တစ်ကွင်း ဖြစ်နေသည်၊၊

၎င်းမှာ ယိကျင်းဘဏ်၏ မြေအောက်ခန်းထဲက သူစပ်စုချင်စိတ်ဖြင့် ကောက်လာခဲ့သည့် လက်ကောက်ပင် ဖြစ်သည်၊၊

ထိုစဉ်က သူသည် အကယ်၍ သေဆုံးသွားခဲ့လျှင် သူ၏ အမွေအနှစ်အဖြစ် ချန်ထားရစ်ရန် ၎င်းကို အဆောင်လက်ဖွဲ့တစ်ခုခုအဖြစ် လုပ်ရန် စဉ်းစားခဲ့သည်၊၊

ဒါပေမဲ့ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီအရာက အရည်မပျော်ဘူး၊၊ ဒါက သူ့ရဲ့ စိတ်ကို တော်တော်လေးထိခိုက်စေသည်၊၊

အခု ၎င်းကို ပြန်မြင်လိုက်ရတော့ -

“မင်းက ငါ့ရဲ့ မီးတောက်တွေကို ခုခံနိုင်တယ်ပေါ့လေ”

သူသည် စူးစမ်းလိုစိတ်ဖြင့် အိုးနှင့် လက်ကောက်ကို သန့်ရှင်းရေးလုပ်ပြီး အခန်းထဲသို့ ပြန်ယူလာခဲ့သည်၊၊

Chapter 535

မင်းဘယ်က ကောက်လာတာလဲ ၂

စာကြည့်မီးရောင်အောက်တွင် ရွှေပန်းပွင့် ၉ ပွင့်ဖြင့် ပြုလုပ်ထားသော အမျိုးသမီးဝတ် လက်ကောက်လေးမှာ အလွန်ပင် လက်ရာမြောက်လှသည်၊၊ ၎င်းမှာ လုံခြုံရေးမြင့်မားသော ဘဏ်ထဲတွင် သိမ်းထားရသည့် အရာဖြစ်သောကြောင့် ကမ္ဘာဟောင်းတွင် အလွန်တန်ဖိုးရှိမည်မှာ သေချာသည်... သို့သော် ကမ္ဘာပျက်ကပ်တွင်တော့ ရွှေသည် တန်ဖိုး မရှိတော့ပေ၊၊

သွေးသလင်းကျောက်များကသာ အရေးကြီးပေသည်၊၊

လုရှင်းချန်သည် လက်ဖက်ရည်တစ်အိုး ဖျော်လိုက်ပြီး လက်ကောက်ကို စစ်ဆေးရန် ထိုင်လိုက်သည်၊၊ သူ လက်ဖက်ရည် သောက်ရင်း လက်ချောင်းမှ မီးတောက်ဖြင့် လက်ကောက်ကို မြှိုက်ကြည့်ကာ ၎င်း၏ အရည်ပျော်မှတ်ကို စူးစမ်းနေသည်၊၊

တစ်ဆ... နှစ်ဆ... မိနစ်အနည်းငယ် ကုန်ဆုံးသွားသည်၊၊

တန်စတင်အိုးကိုယ်တိုင်ကပင် အပူကြောင့် နီရဲလာသော်လည်း လက်ကောက်မှာမူ -ခြစ်ရာ တစ်ခုတောင် မထင်ပေ၊၊ တကယ်တော့ ၎င်းမှာ ပို၍ပင် တောက်ပလာပုံရသည်၊၊

လုရှင်းချန်၏ မျက်လုံးများ အရောင်တောက်လာသည်၊၊

ဒါက ဘာပစ္စည်းလဲ၊ တန်စတင်က ၃၄၀၀ ဒီဂရီ စင်တီဂရိတ်မှာ အရည်ပျော်တာ၊ ရွှေရဲ့ အရည်ပျော်မှတ်ထက် ၃ ဆလောက် ရှိတယ်၊၊ ဒါဆို ဒီအရာက ဘာလို့ မလောင်တာလဲ၊၊

“ဒါက အဆင့်မြင့် သတ္တုစပ်တစ်ခုခုဖြစ်ရမယ်...”

အပူလွန်ကဲပြီး ပြဿနာတက်မှာ စိုးရိမ်သဖြင့် သူ မီးတောက်ကို ရုတ်သိမ်းလိုက်ပြီး လက်ကောက်ကို ဘေးသို့ ချထားလိုက်သည်၊၊

သို့သော် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာသည်၊၊

မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် ရွှေလက်ကောက်မှာ... စတင်လှုပ်ရှားလာသည်၊၊

၎င်းမှာ သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ အိုးထဲတွင် ဖြည်းညင်းစွာ တွန့်လိမ်နေသည်၊၊

လုရှင်းချန်၏ မျက်လုံးများ ပြူးထွက်သွားသည်၊၊ သူသည် ဓာတ်လိုက်ခံရသကဲ့သို့ နောက်သို့ ဆုတ်လိုက်သည်၊၊

“မင်း-မင်း-မင်း-မင်း... မိစ္ဆာကောင်”

…

တွဲ ၃၊၊

လင်းရှန်သည် တစ်ဖန် ပြန်လန်းဆန်းသွားသည်...

အနားယူဆောင်တွင် တင်းကျန်းရီ၏ ပါးပြင်များမှာ နီမြန်းနေဆဲ ဖြစ်သည်၊၊ ခဏအကြာတွင် သူမသည် ကိုယ်တုံးလုံးဖြင့် ထရပ်ကာ အေးဆေးစွာပင် အဝတ်အစားများ ပြန်ဝတ်လိုက်သည်၊၊ အတွင်းခံနှင့် ရှပ်အင်္ကျီအပြင် သူမသည် အမြဲတမ်း ဓာတ်ခွဲခန်းသုံးကုတ်အဖြူကိုသာ ဝတ်လေ့ရှိသည်၊၊ ၎င်းက အဝတ်အစား ရွေးချယ်ရသည့် အချိန်ကို သက်သာစေသည်၊၊

စည်းကမ်းတစ်ခုတော့ ရှိသည် - သူမ၏ အတွင်းခံမှာ အမြဲတမ်း အနက်ရောင် သို့မဟုတ် ခရမ်းရောင် တစ်စုံတည်းဖြစ်ရမည်၊၊

၎င်းမှာ သူမ၏ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတစ်ခုဖြစ်သလို သူမ၏ အမျိုးသမီးဆန်သော ယုံကြည်မှုကို ဖော်ပြခြင်းလည်း ဖြစ်သည်၊၊

လင်းရှန်က သူမကို အားကျစွာ ကြည့်နေသည်၊၊

“မင်း သုတေသနလုပ်ဖို့ ပြန်သွားတော့မလို့လား”

တင်းကျန်းရီက လှည့်ကြည့်လိုက်သည်၊၊ ထို့နောက် သတိပေးခြင်း မရှိဘဲ သူမ၏ ဂျင်းဘောင်းဘီ ခလုတ်ကို ပြန်ဖြုတ်လိုက်သည်၊၊ သူမ၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေး ပေါ်လာပြီး မေးလိုက်သည်၊၊

“ရှင် နောက်တစ်ခေါက် ထပ်လုပ်ချင်ရင် ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖက်ထားချင်ရင် ဖြစ်ဖြစ်.. ကျွန်မက အဆင်ပြေပါတယ်”

လင်းရှန်၏ ဒူးများ ညွှတ်ခနဲ ဖြစ်သွားသည်၊၊ သူက သူမကို အမြန်တားလိုက်သည်၊၊

“ငါတို့ ခွန်အားတွေကို ချွေတာထားကြရအောင်… အခုက ဝင်ရိုးစွန်းညထဲမှာပဲ ရှိသေးတာလေ”

“အင်း”

တင်းကျန်းရီ ခေါင်းငြိမ့်လိုက်ပြီး သူမ၏ ကုတ်ကို ပြန်ဝတ်၊ မျက်မှန်ကို ပြန်တည့်ကာ အေးစက်ပြီး ထက်မြက်သည့် သိပ္ပံပညာရှင် ပုံစံသို့ ချက်ချင်းပြန်ပြောင်းသွားသည်၊၊ သူမသည် လှည့်ထွက်သွားသည်၊၊

သူမ ထွက်သွားသည်ကို ကြည့်ရင်း လင်းရှန် ရင်ထဲမှာ သက်ပြင်းချလိုက်သည်၊၊

သူမက လက်တွေ့ကျတဲ့ အမျိုးသမီးရဲ့ အသန့်စင်ဆုံး နမူနာပဲ - သူမရဲ့ စိတ်အားထက်သန်မှုက ပြင်းထန်ပြီး အစစ်အမှန်ပဲ၊ ဘယ်တော့မှ ဖုံးကွယ်ထားတာမျိုး မရှိဘူး၊၊ သူမ ဖော်ပြလိုက်တဲ့အခါမှာလည်း ချော်ရည်တွေ စီးထွက်လာသလိုမျိုး အစစ်အမှန်တွေပဲ ဖြစ်နေတတ်တယ်...

ထိုအချိန်မှာပင် သူ၏ မျက်စိရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်၊၊

[သတိပေးချက်-ယန္တရားမဟုတ်သော ကြောက်ရွံ့မှုစွမ်းအင် ကျူးကျော်မှုကို တွေ့ရှိရသည်]

“ဘာ”

လင်းရှန်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်၊၊ သူသည် ခုတင်ပေါ်က ခုန်ဆင်းပြီး အပြင်သို့ ပြေးထွက်လိုက်သည်၊၊

တင်းကျန်းရီက သူ၏ အလောတကြီးအမူယာကို သတိထားမိပြီး မေးလိုက်သည်၊၊

“ဘာဖြစ်တာလဲ”

လင်းရှန်က ပြန်မဖြေဘဲ သွေးကပ်ဘေးပန်းဘက်သို့ လှည့်ကြည့်လိုက်သည် - ထူးခြားမှု မရှိပေ၊၊

“ရထားတွဲထဲမှာ တစ်ခုခု းထူးခြားနေတာကို မင်း ခံစားရလား”

တင်းကျန်းရီ ချက်ချင်း နားလည်သွားသည်၊၊ သူမသည် ရှေ့ဘက် စင်္ကြံကို စစ်ဆေးပြီးနောက် နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်၊၊ ရုတ်တရက် သူမ၏ မျက်ခုံးများ တွန့်သွားသည်၊၊

“ဒီဘက်မှာ၊ တစ်ခုခုမှားနေပြီ”

သွေးကပ်ဘေးပန်းနှင့် ပေါင်းစည်းပြီးကတည်းက သူမသည် အမှောင်စွမ်းအင်များကို အလွန်အာရုံခံနိုင်စွမ်း ရှိလာသည်၊၊ သူမ ခေါင်းပေါ်က ပန်းရောင်ပန်းလေးမှာလည်း တုံ့ပြန်နေသည်၊၊

တွန့်ဆုတ်မနေဘဲ လင်းရှန်သည် သူမ၏ နောက်မှ လိုက်သွားသည်၊၊

သူတို့သည် တွဲ ၃ မှ တွဲ ၅ သို့ ပြေးသွားကြသည်၊၊ ထိုနေရာတွင် တာလို့က သူ၏ စက်သေနတ်ကို ပြုပြင်နေသည်၊၊

သူတို့ကို မြင်သောအခါ သူမ မတ်တပ်ရပ်ပြီး မေးသည်၊၊

“ဘာဖြစ်လို့လဲ အစ်ကိုလင်း”

“အခြေအနေ တစ်ခုရှိနေပြီ”

လင်းရှန်က တည်ကြည်စွာ ပြောသည်၊၊

တာလို့သည် သူ၏ လက်နက်ကို ချက်ချင်း မယူလိုက်ပြီး တိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်၊၊

တွဲ ၆ ထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် တင်းကျန်းရီက ရုတ်တရက် ရပ်လိုက်သည်၊၊

“ဘာဖြစ်လို့လဲ”

“ဒီဘက် မဟုတ်ဘူး”

သူမသည် ပြန်လှည့်ပြီး လုရှင်းချန်၏ အခန်းဆီသို့ တန်းတန်းမတ်မတ်ပြေးသွားသည်၊၊

“မီးတောက်လား”

“ကျွန်မရဲ့ အာရုံသာမှန်ရင် ဒီမှာပဲ”

တင်းကျန်းရီက အေးစက်စွာ ပြောသည်၊၊

လင်းရှန်သည် သူမ၏ ရှေ့တွင် ရပ်လိုက်ပြီး သူ၏ ဆက်သွယ်ရေးစက်မှတစ်ဆင့် အဖွဲ့သားများကို ခေါ်လိုက်သည်၊၊

ခဏအတွင်းမှာပင် အနန္တရထား၏ အဓိက အဖွဲ့ဝင်များ ရောက်ရှိလာကြသည် - ချန်ဆီရွှမ်က သူမ၏ Black Hwak သံချပ်ကာဖြင့်၊ ကီကီက စိတ်စွမ်းအင်ဖြင့်၊ ရှားရှားကတော့ တူကြီးတစ်ချောင်းကို ဆွဲလျက် ရောက်လာကြသည်၊၊

“ဘာဖြစ်တာလဲ” ချန်ဆီရွှမ်က မေးသည်၊၊

“မီးတောက်က ဘာဖြစ်ပြန်တာလဲ”

ကီကီက မျက်မှောင်ကြုတ်လိုက်သည်၊၊

“မွန်းစတား တိုက်ခိုက်တာလား”

ရှားရှားက သန်းဝေရင်း မေးသည်၊၊

“ခေါင်းဆောင်လင်း”

ရှုချင်းက ပိတ်ထားသော တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်၊၊

တာလို့ကတော့ စိတ်မသက်မသာဖြစ်နေသည်၊၊ သူက ကိရိယာတွေ သန့်ရှင်းရေးလုပ်နေတာ အခုလေးတင်ပဲ ရှိသေးတာကို တစ်ခုခုလွတ်သွားတာများလား၊၊

လင်းရှန်က လက်နှစ်ဖက် မြှောက်လိုက်သည်၊၊ “အမှောင်စွမ်းအင် မြင့်တက်လာတာကို တွေ့ရတယ်၊ အသင့်ပြင်ထားကြ”

ကီကီက မျက်မှောင်ကြုတ်လိုက်သည်၊၊

“မဖြစ်နိုင်တာ... သူက...”

“နောက်ဆုတ်ကြ… ကျွန်မ ဖွင့်လိုက်မယ်”

သူမသည် စိတ်စွမ်းအင်ကို အသုံးပြု၍ တံခါးကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် -

ဝုန်း၊၊

“လောင်ကျွမ်းခြင်း ခန်းမ” ဟု အမည်ပေးထားသော တံခါးက ပွင့်သွားသည်၊၊

မီးတောက်သည် လက်ထဲတွင် မီးတောက်များဖြင့် ထိတ်လန့်တကြား ထွက်လာသည်၊၊

“အားလုံး နောက်ဆုတ်ကြ… ဒီမှာ ထူးဆန်းတဲ့ အရာတစ်ခုရှိတယ်”

တင်းမာမှုများ မြင့်တက်သွားသည်၊၊ လင်းရှန်လည်း မီးတောက် ထိခိုက်ဒဏ်ရာ မရသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်၊၊

ဒရုန်း အစင်း ၂၀ သည် အခန်းထဲသို့ ဝင်ရောက်ပြီး စစ်ဆေးလိုက်သည်၊၊

“အားလုံး နောက်ဆုတ်” လင်းရှန် အမိန့်ပေးလိုက်သည်၊၊

သို့သော် စကင်ဖတ်မှုအရ... ဘာမှ မရှိပေ၊၊

အားလုံး ကြောင်အသွားကြသည်၊၊

“ဘယ်လို ထူးဆန်းတဲ့ အရာလဲ”

“ဘယ်မှာလဲ”

“ဒီမှာရှိနေတာ သေချာတယ်”

တင်းကျန်းရီက မျက်မှောင်ကြုတ်လျက် ပြောသည်၊၊

လုရှင်းချန်က ကြမ်းပြင်ပေါ်က အိုးကို ညွှန်ပြလိုက်သည်၊၊

“အဲ့ဒီထဲမှာ... ထူးဆန်းတာတစ်ခုခု ဖြစ်နေတယ်... ကြည့်လိုက်ကြ”

ကီကီသည် သူမ၏ စွမ်းအားဖြင့် အိုးကို မလိုက်သည်၊၊ အထဲတွင် ရွှေလက်ကောက် တစ်ကွင်းသည် X ပုံစံ တွန့်လိမ်လျက် လေထဲတွင် ဝဲနေသည်၊၊

၎င်း၏ တောက်ပမှုမှာ ရွှေထက် ပိုသည် - တစ်ခုခုနှင့် ပေါင်းစပ်ထားသကဲ့သို့ပင်၊၊

“ဒါ ဘာကြီးလဲ” ချန်ဆီရွှမ်က မေးသည်၊၊

ရှားရှားက မျက်တောင်ခတ်ရင်း

“ဒါ... ပျံနေတဲ့ လက်ကောက်လား”

“လက်မှုပညာ ပစ္စည်းတစ်ခုနဲ့ တူတယ်” ရှုချင်းက ပြောသည်၊၊

“ဒါပေမဲ့ အလင်းက အရမ်းပြင်းလွန်းနေတယ်...”

“မဟုတ်ဘူး… ဒါက အဲ့ဒီထက် ပိုတယ်… ဒီအရာက အမှောင်စွမ်းအင်တွေကို စုပ်ယူထားတာပဲ”

တင်းကျန်းရီက တိတိကျကျပြောလိုက်သည်၊၊

“အမှောင်စွမ်းအင် ဟုတ်လား”

အားလုံး အံ့သြသွားကြသည်၊၊

ကီကီ၏ မျက်နှာ ဖြူလျော်သွားသည်၊၊

“နေဦး... ဒါက တားမြစ်ထားတဲ့ ပစ္စည်းတစ်ခုလို့ ပြောတာလား”

“ဟို ထူးဆန်းတဲ့ ရေဒီယိုလိုမျိုးလား”

ချန်ဆီရွှမ်၏ မျက်နှာပျက်သွားသည်၊၊ ထိုဖြစ်ရပ်က အဖွဲ့ကို ပြိုကွဲလုနီးပါး ဖြစ်စေခဲ့သည်၊၊

လင်းရှန်သည် လက်ကောက်ကို စိုက်ကြည့်လိုက်ပြီး လုရှင်းချန်ကို ကြည့်လိုက်သည်၊၊

“မင်း ဒါကို ဘယ်က ကောက်လာတာလဲ... ဘယ်မှာ တွေ့ခဲ့တာလဲ”

လုရှင်းချန်၏ အမူအရာမှာ ရှုပ်ထွေးနေသည်၊၊ သူက အဖြစ်အပျက် အားလုံးကို ရှင်းပြလိုက်သည်၊၊

“ကျွန်တော် ဒါကို မီးရှို့ခဲ့ပေမဲ့ အရည်မပျော်ဘူး... ပြီးတော့ သက်ရှိအရာလို လှုပ်ရှားလာတာပဲ”

လင်းရှန် ထဆဲမိလုနီးပါးဖြစ်သွားသည်၊၊ ဒီကောင်ရဲ့ ကံကတော့ တကယ်ပဲ... ဘဏ်ထဲကနေ တားမြစ်ပစ္စည်းတစ်ခုကို ကောက်လာခဲ့တာလား၊၊

All Chapters