← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

မီးဖိုချောင်အတွင်း၌ လုယွီသည် ခေါက်ဆွဲပြုတ်ပြီး ကျန်းနျန်၏ ပန်းကန်ထဲသို့ အသားများစွာ ထည့်ပေးလိုက်သည်။ ခေါက်ဆွဲနှစ်ပန်းကန်ကို ခြံဝန်းထဲသို့ သယ်ဆောင်လာပြီး အသားများသည့် ပန်းကန်ကို ကျန်းနျန် ရှေ့တွင် ချပေးလိုက်သည်။

ခေါက်ဆွဲပန်းကန်ကြီးနှင့် အသားပုံကို ကြည့်ရင်း ကျန်းနျန် တစ်မျိုးခံစားလိုက်ရသည်။

သူမ လုယွီ၏ ပန်းကန်ကို လှမ်းကြည့်လိုက်ရာ ဟင်းရည်နှင့် ဟင်းသီးဟင်းရွက်သာ များပြီး အသားအနည်းငယ်သာ ပါသည်ကို တွေ့ရသဖြင့် ညင်သာစွာ ပြောလိုက်သည်။ "ဒါ များလွန်းတယ်၊ ကျွန်မ အကုန်မစားနိုင်ဘူး။ ရှင့်ကို နည်းနည်းခွဲပေးမယ်"

သူမ စကားမဆုံးမီမှာပင် လုယွီသည် သူ့ခေါက်ဆွဲပန်းကန်၏ တစ်ဝက်ခန့်ကို စားပြီးသား ဖြစ်နေသည်။

သူမပန်းကန်ထဲမှ ကျန်ရှိနေသေးသော အစားအစာများကို ကြည့်ပြီး ပန်းကန်ကို ချကာ ထရပ်လိုက်သည်။ "ခဏစောင့်”

သူဘာလုပ်တော့မည်ကို ခန့်မှန်းမိသဖြင့် ကျန်းနျန်သည် သူ့တူကို လျင်မြန်စွာ ယူကာ သူမပန်းကန်ထဲမှ အသားနှင့် ခေါက်ဆွဲအများစုကို သူ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ လုယွီ သန့်ရှင်းသော တူတစ်စုံနှင့် ပြန်ရောက်လာချိန်တွင် ကျန်းနျန်ကမူ စစားနေပြီပင်။

လုယွီသည် သူ့ခေါက်ဆွဲပန်းကန်နှင့် အသားပုံကြီးကို ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ စားနေသည့် ကျန်းနျန်အား ကြည့်ရင်း သူ့ရင်ထဲတွင် ဖော်ပြမတတ်သော ခံစားမှုတစ်မျိုး ဖြစ်ပေါ်လာသည်။

နေ့လယ်စာ စားပြီးနောက် လုယွီသည် ပန်းကန်များကို ဆေးကြောပြီးနောက် ထွက်ခွာရင်း ကျန်းနျန်အား "ကျွန်တော် ဒီည နောက်ကျမှ ပြန်ရောက်မယ်" ဟု ပြောလိုက်သည်။

ရေတွင်းဘေး၌ အဝတ်လျှော်နေသည့် ကျန်းနျန်က "ကောင်းပြီ" ဟု ညင်သာစွာ ပြန်ဖြေလိုက်သည်။

လုယွီ ထွက်ခွာသွားပြီးနောက် ကျန်းနျန်သည် ကိုယ်ကို မတ်ကာ ခါးဆန့်လိုက်သည်။ အဝတ်လျှော်စက် မရှိသည့်အတွက် လက်ဖြင့် လျှော်ရသည်မှာ ခါးနှင့် လက်တို့အတွက် ပင်ပန်းသော အလုပ်ပင်။ နွေရာသီ၌မူ သိပ်မဆိုးသေးသော်လည်း ဆောင်းရာသီတွင်မူ အခြေအနေက မတူတော့ချေ။

ဤနေရာ၌ ရေရှည်နေထိုင်ရမည့်အရေးကို တွေးမိသောအခါ သူမ ခေါင်းမူးလာသကဲ့သို့ ခံစားလိုက်ရသည်။

လုယွီ ထွက်သွားပြီး မကြာမီ ဖန့်မိန် ရောက်လာခဲ့သည်။ ခြံဝန်းထဲ၌ အဝတ်လှန်းနေပြီး နေ့လယ်စာမတိုင်မီကထက် ပိုကောင်းမွန်ပုံရသည့် ကျန်းနျန်အား တွေ့သောအခါ သူမ စိတ်သက်သာရာ ရသွားသည်။ ဇလုံထဲမှ အဝတ်တစ်ထည်ကို ကောက်ယူပြီး ကျန်းနျန်အား အဝတ်လှန်းရန် ကူညီပေးလိုက်သည်။

ဖန့်မိန်ကို တွေ့သောအခါ ကျန်းနျန် ပြုံးပြီး "အစ်မဖန့်" ဟု ခေါ်လိုက်သည်။

“အင်း”

အဝတ်ကြိုးကို ကိုင်ထားသည့် ဖန့်မိန်သည် ကျန်းနျန်နားသို့ တိုးကပ်လာပြီး မေးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလုက ဘာပြောလဲ"

ကျန်းနျန် အံ့အားသင့်သွားပြီးမှ သဘောပေါက်သွားကာ မေးလိုက်သည်။ "သူက ကျန့်ဟုန်နဲ့ကိစ္စကို ဘယ်လိုသိတာလဲ၊ အစ်မဖန့် ပြောလိုက်တာလား"

မဟုတ်လျှင် သူမည်သို့ သိရှိနိုင်မည်နည်း။ မီးဖိုချောင်ထဲသို့ ဝင်ဝင်ချင်းပင် အဘယ်ကြောင့် တိုက်ရိုက်ပြောနိုင်ခဲ့သနည်း။

ဖန့်မိန်က ပြောလိုက်သည်။ "ငါ ပြောစရာ မလိုပါဘူး။ ဒီသတင်းက မိသားစုရပ်ကွက်တစ်ခုလုံးမှာ ပျံ့နေတာ။ ငါ့ယောက်ျားက အိမ်ပြန်လာတဲ့ လမ်းမှာ ကြားလာပြီး စိတ်တိုလွန်းလို့ စားပွဲကိုတောင် ရိုက်လိုက်သေးတယ်။ ဒါက တပ်ရင်းတစ်ခုလုံးရဲ့ စိတ်ဓာတ်ကို ထိခိုက်စေပြီး ကျန့်ဟုန်ရဲ့ သဘောထားက မကောင်းတာမို့ ပြဿနာ ဖြေရှင်းဖို့ တပ်ရင်းဗိုလ်ကြီးတပ်မှူးလုနဲ့ ဒီည စကားပြောမယ်လို့ သူပြောတယ်။”

"ပြီးတော့ ရှိသေးတာက" ဖန့်မိန်က ရယ်မောရင်း ထပ်ပြောခဲ့သည်။ "ကျန့်ဟုန်က သူ့သားကို ခေါ်ပြီး သူ့မိဘတွေဆီ ပြန်သွားပြီ။ ဒီည တပ်ရင်းဗိုလ်ကြီးလုကို ရှောင်ချင်လို့ ဖြစ်မယ်။ ဒါပေမဲ့ သူ့မိဘအိမ်ကို ပြေးတာက မကူညီနိုင်လောက်ဘူး။ တပ်ရင်းဗိုလ်ကြီးလုကိုယ်တိုင် သူ့ကို ပြန်ခေါ်လာမှာပဲ။”

ကျန်းနျန်သည် လုယွီ နောက်ကျမှ ပြန်ရောက်မည်ဟု ပြောခြင်းမှာ တပ်ရင်းမှူးစုန့်၊ တပ်ရင်းဗိုလ်ကြီးလုတို့နှင့် ထိုကိစ္စကို ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်မည်ဟု တွေးလိုက်သည်။

ဖန့်မိန်သည် သူမကို တံတောင်ဖြင့်တို့ကာ မေးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလုက ဘာပြောလဲ။ မင်းက သူ့ မရီး ဖြစ်နေပြီး ဒီလောက် နစ်နာခဲ့ရတာ။ သူဘာမှ မပြောဘူးလား" ဟု မေးလိုက်သည်။

ကျန်းနျန် ပြုံးလိုက်သည်။ "လုယွီက ကျွန်မကို အလကား အနိုင်ကျင့်တာမျိုး လက်မခံဘူးလို့ ပြောပါတယ်"

ဖန့်မိန် ကျေနပ်သွားပြီး ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့"

တပ်ရင်းဗိုလ်ကြီးလုသည် ည ၇ နာရီတွင် ပြန်ရောက်လာပြီး ယနေ့ ဖြစ်ပျက်ခဲ့သည်များကို သိရှိလိုက်ရသည်။

သူ၏ဇနီး ကျန့်ဟုန်သည် နှစ်နှစ်တာကာလ မိသားစုခြံဝန်း၌ နေထိုင်ခဲ့စဉ်အတွင်း အကူအညီတောင်းခံသည်ဟူသော အကြောင်းပြချက်ဖြင့် တပ်ရင်းဗိုလ်ကြီးလျိုနောက်ကို ရှက်ရွံ့ဖွယ်ရာ လိုက်ခဲ့သည်ကိုလည်း သူ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့သည်။

ကျန့်ဟုန်နှင့် လျိုချမ့်တို့၏ အတိတ်ကိစ္စကိုသာ စောစောက သိခဲ့လျှင် သေသည်အထိ သူမကို လက်ထပ်မည် မဟုတ်ချေ။ စေ့စပ်ထားသည့် ကာလအတွင်းတွင် လျိုချမ့်က သူ့ကို အဘယ်ကြောင့် ဤမျှလောက် ရန်လိုနေရပါသနည်းဟု သူ အမြဲတွေးတောနေခဲ့သည်။

အိမ်ပြန်ရောက်သောအခါ တပ်ရင်းဗိုလ်ကြီးလုသည် အိမ်က လူရှင်းနေသည်ကို တွေ့ရသဖြင့် ကျန့်ဟုန် သူမမိဘများထံ အမှန်တကယ် ပြေးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။

ကျန့်ဟုန်နှင့် လျိုချမ့်တို့၏ အတိတ်ကို တွေ့ရှိပြီးနောက် သူ ဒေါသထွက်ခဲ့သော်လည်း အကွာအဝေးတစ်ခုကနေ စိတ် အေးသွားစေရန် မျှော်လင့်ပြီး သူမကို သူ့အမေအိမ်တွင် နေခွင့်ပြုခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်က သူမ၏ မျက်ရည်များဖြင့် တောင်းပန်မှုကြောင့်သာ ပြန်ခေါ်ခဲ့ခြင်းပင်။

ပတ်ဝန်းကျင် မှောင်မည်းနေချိန်တွင် တပ်ရင်းဗိုလ်ကြီးလုသည် သူ့အိမ်ထဲမှ ထွက်လာခဲ့သည်။

သူသည် တပ်ရင်းမှူးစုန့် အိမ်သို့ အမြန်သွားပြီး အိမ်ထဲဝင်ဝင်ချင်းတွင် တပ်ရင်းမှူးစုန့်က ထိုင်ခုံတစ်ခုပေါ် ထိုင်ပြီး ကြွေခွက်ထဲမှ ရေ သောက်နေသည်ကို တွေ့လိုက်ရသည်။ သူဝင်လာသည်အား မြင်သောအခါ တပ်ရင်းမှုးစုန့်က နှာမှုတ်လိုက်သည်။

လက်ထောက်တပ်ရင်းမှူးလုသည် ထိုင်ခုံပေါ် ထိုင်ပြီး သူ၏ ခန့်ညားသော မျက်နှာသည် နွေးထွေးသော အဝါရောင်မီးအောက်တွင် အနည်းငယ် ကြမ်းတမ်းနေပုံရသည်။

"တပ်ရင်းမှူးစုန့်၊ ကျန့်ဟုန်နဲ့ လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီးကြား ဖြစ်ခဲ့တဲ့ ကိစ္စကို ကျွန်တော် သိပါတယ်။”

တပ်ရင်းဗိုလ်ကြီးလုက လုယွီကို ကြည့်ပြီး ပြောလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု၊ စကားလုံးသက်သက်နဲ့ မလုံလောက်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ မနက်ဖြန်ကျ ကျန့်ဟုန်ကို ပြန်ခေါ်လာပြီး ကိုယ်တိုင် တောင်းပန်ခိုင်းပါ့မယ်"

လုယွီ၏ မျက်နှာအမူအရာသည် အေးစက်နေပြီး တပ်ရင်းဗိုလ်ကြီးလုကို အလေးအနက် ကြည့်လိုက်သည်။ "ကျန့်ဟုန်က စစ်သည်ရဲ့ ဇနီးတစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ မရီးကို ကံဆိုးမလို့ ခေါ်ပြီး သူ့ယောက်ျားနဲ့ ယောက္ခမက သူမကြောင့် သေဆုံးတယ်လို့ ပြောတာက သူမရဲ့ မကောင်းတဲ့ စိတ်ဓာတ်ကို ဖော်ပြနေတယ်။ လက်ထောက်တပ်ရင်းမှူးတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို နောင်တမရဘဲ ညှိုးနွမ်းစေတဲ့ စစ်သည်ရဲ့ ဇနီးကို သည်းခံလို့ မရဘူး။ ကိုယ်ရေးကိုယ်တာအနေနဲ့ ကျန်းနျန်ရဲ့ မတ်တစ်ဦးအနေနဲ့လဲ သူမကို ကျွန်တော်တို့ တံခါးဝမှာ အနိုင်ကျင့်တာကို ရိုးရှင်းတဲ့ တောင်းပန်မှုတစ်ခုနဲ့ အဆုံးသတ်ခွင့် မပြုနိုင်ပါဘူး။”

လုယွီ စကားတစ်ခွန်း ပြောလေ တပ်ရင်းဗိုလ်ကြီးလု၏ အရှိန်အဝါ ပိုနည်းပါးလာလေလေ ဖြစ်သည်။

တပ်ရင်းမှူးစုန့်က သူ့၏ ကြွေခွက်အား စားပွဲပေါ် ဒုန်းခနဲ ချလိုက်ပြီး တပ်ရင်းဗိုလ်ကြီးလုကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်သည်။ "မင်း ဇနီးလုပ်ရပ်ကို ကြည့်အုံး၊ ငါတို့ တပ်ရင်းက ဒီနေ့ တခြားတပ်ရင်းတွေကြားမှာ ပြက်ရယ်ပြုစရာ ဖြစ်နေပြီ။”

တပ်ရင်းဗိုလ်ကြီးလုသည် မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့ပြီး လုယွီအား မေးလိုက်သည်။ "ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ ခင်ဗျား ပြောတာကို လိုက်နာပါ့မယ်"

လုယွီ ပြောလိုက်သည်။ "ကျန့်ဟုန်က မိမိကိုယ်ကို ဝေဖန်တဲ့ စာတစ်စောင် ရေးရမယ်၊ ပြီးတော့ တပ်ရင်းတစ်ခုလုံးရှေ့မှာ ကျန်းနျန်ကို တောင်းပန်ရမယ်"

တပ်ရင်းဗိုလ်ကြီးလု၏ မျက်နှာ ချက်ချင်း တင်းမာသွားသည်အား မြင်လိုက်ရပြီး သူ့မျက်လုံးများတွင် အေးစက်သောအလင်းရောင် ရှိနေသည်ကိုလည်း သတိပြုမိသည်။ "သူမ ဒီလို ပြင်းထန်တဲ့ ပြစ်မှုကို ကျူးလွန်တုန်းက အကျိုးဆက်ကို ရင်ဆိုင်ဖို့ အသင့်ရှိရမှာပဲ။ ကျန့်ဟုန် စာမတတ်ရင် တပ်ရင်းဗိုလ်ကြီးလုက သူမအတွက် ရေးပေးလို့ရတယ်။”

တပ်ရင်းဗိုလ်ကြီးလုသည် သူ့စကားများကို မျိုချလိုက်ပြီး ဘာမှ မပြောချေ။ ကျန့်ဟုန်အား လူအများရှေ့တွင် အများသိ တောင်းပန်ခိုင်းခြင်းသည် သူ့၏ မာနအတွက် ကြီးမားသော ထိုးနှက်ချက်ပင်။

သူ၏ တိတ်ဆိတ်မှုကို မြင်သောအခါ လုယွီက ဆက်ပြောခဲ့သည်။ "ကျန့်ဟုန်ရဲ့ ပြစ်မှုတွေက ပြင်းထန်တယ်။ စစ်သည်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ သူမကိုယ်သူမ စည်းကမ်းမထိန်းသိမ်းနိုင်ခဲ့ဘူး၊ တပ်ရင်းဗိုလ်ကြီးလျိုနဲ့ ရဲဘော်ရှု့ယန်တို့ရဲ့ အိမ်ထောင်ရေးကို တမင် ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ သူမက သူရဲကောင်း ရှု့ချန်ရဲ့ ဇနီးသည်ကို နှုတ်နဲ့ စော်ကားခဲ့ပြီး စစ်သည်ဇနီးတွေကြားက သင့်မြတ်မှုကို တမင်ရည်ရွယ်ပြီး ထိခိုက်စေခဲ့တယ်။”

သူသည် တပ်ရင်းဗိုလ်ကြီးလုကို ကြည့်ပြီး ပြင်းထန်သောအသံဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ တပ်ရင်းတစ်ခုလုံးရှေ့မှာ သူမကို နက်နက်နဲနဲ ဆင်ခြင်ခိုင်းဖို့ လိုတယ်။ ဒါက ဟန့်တားနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပြီး ဒီသင်ခန်းစာကိုလဲ သူမ မှတ်မိနေစေလိမ့်မယ်"

တပ်ရင်းမှူးစုန့်သည်လည်း တပ်ရင်းဗိုလ်ကြီးလုကို ကြည့်လိုက်ပြီး ခံရသူများသည် လုယွီ၏ မရီးနှင့်တူသူများ ဖြစ်နေသဖြင့် သူ့ကို ကိုင်တွယ်ခွင့်ပြုသည်မှာ သင့်တော်မှန်း သိသည်။

တပ်ရင်းဗိုလ်ကြီးလုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကြိတ်ကာ စိတ်မပါ့တပါဖြင့် သဘောတူလိုက်သည်။ "ကောင်းပါပြီ၊ မနက်ဖြန် သူမကို ပြန်ခေါ်လာပါ့မယ်"

တပ်ရင်းမှူးစုန့် အိမ်မှ ထွက်ခွာလာပြီးနောက် တပ်ရင်းဗိုလ်ကြီးလုသည် လျိုချမ့်၏ ခြံဝန်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီးမှ နှုတ်ခမ်းကို ကိုက်ကာ သူ့အိမ်သို့ ပြန်သွားခဲ့သည်။

အိမ်သို့ ပြန်ရောက်သောအခါ လုယွီသည် တံခါးကို ပိတ်လိုက်ပြီး အရှေ့ဘက်ခြမ်းရှိ အခန်းတစ်ခန်းတွင် မီးဖွင့်ထားသည်ကို သတိထားမိလိုက်သည်။ တံခါးဘေး၌ ရေပုံးတစ်ပုံး ချထားသည်။ သူသည် မီးဖိုချောင်သို့ တန်းသွားလိုက်ရာ အိုးထဲ၌ ရေနွေးကျန်နေသည်ကို တွေ့ရသည်။

ကျန်းနျန် ရေချိုးရန် ရေနွေး အပူပေးထားပုံပင်။

မီးဖိုပေါ်တွင် ညစာကို နွေးနွေးထွေးထွေး ပြင်ဆင်ထားသည်။ ကြက်သွန်မြိတ်နှင့် ပြောင်းဖူး ကော်ပြန့် ၅ ချပ်၊ ကြက်ဥဟင်းချိုနှင့် ကြော်ထားသော ပဲသီးစိမ်း တစ်ပန်းကန်။ လုယွီသည် ထိုအစားအစာများကို ခြံထဲရှိ စားပွဲငယ်သို့ ယူဆောင်လာသည်။ ထိုင်ရန် ခုံတစ်ခုကို ဆွဲယူတော့မည်အလုပ်တွင် ကျန်းနျန်၏ အခန်းထဲမှ အော်သံကို ကြားလိုက်ရသည်။

၎င်းနောက်တွင် ဒုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

လုယွီ၏ မျက်နှာထားသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ အပြေးအလွှား သွားရင်း အော်ခေါ်လိုက်သည်။"မရီး၊ ဘာဖြစ်တာလဲ"

ကျန်းနျန်သည် ရေချိုးကန်ထဲသို့ လဲကျသွားပြီး ကန်အစွန်းနှင့် လက်မောင်း ပွတ်တိုက်မိကာ အနည်းငယ် ခြစ်မိသွားသည်။ သူမ ရေချိုးကန်အစွန်းကို ဆွဲကိုင်ပြီး ခဏမျှ ကိုယ်ကို မတ်လိုက်သည်။ မတ်တပ်ရပ်ရန် ပြင်ဆင်နေချိန်တွင် သူမ အပြင်ဘက်မှ လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။

ခြေသံများအရ ထိုသူသည် တံခါးကို ဖျက်ခနဲ ဖွင့်ဝင်တော့မည့် အလား လျှောက်လှမ်းနေပုံပင်။

"ကျွန်မ အဆင်ပြေတယ်။" ကျန်းနျန်သည် လုယွီ အလျင်စလို ဝင်လာပြီး သူမ၏ ရှက်စရာကောင်းသော အခြေအနေအား မြင်သွားမည်ကို စိုးရိမ်သဖြင့် လျင်မြန်စွာ အော်ပြောလိုက်သည်။

လုယွီ စိတ်ပူတာက တစ်ပိုင်း၊ သူမ ရှက်တာက ပိုပြီး အရေးကြီးသည်။

ခြေသံများက တံခါးအပြင်ဘက်တွင် ရပ်တန့်သွားပြီး ထိုလူ၏ စိုးရိမ်စိတ် လွှမ်းနေသော လေးနက်သည့် အသံက မေးလာခဲ့သည်။ "မရီး၊ ဘာဖစ်တာလဲ"

ကျန်းနျန်သည် ရေချိုးကန်ကို အားပြုရင်း မတ်တပ်ရပ်ပြီး ခြစ်ရာရသည့် လက်မောင်းကို ပွတ်လိုက်သည်။ သူမ အော်ပြောလိုက်၏။ "ဘာမှ မဟုတ်ပါဘူး၊ ဗီရိုအောက်မှာ ကြွက်တစ်ကောင် တွေ့လို့ လန့်သွားတာ။ ထွက်သွားပြီ။"

သူမ အကြောင်းပြချက် တစ်ခုခုကို အမြန် ထွင်လိုက်သည်။

ဤခေတ်တွင် မြေနံရံအိမ်များတွင် နေထိုင်ခြင်းသည် ကြွက်များ ရှိတတ်ခြင်းမှာ ပုံမှန်ပင်။

“ဒါဆိုရင် ကောင်းပါပြီ”

ခြေသံများ တဖြည်းဖြည်း မှေးမှိန်သွားသည်။

ကျန်းနျန် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားပြီး အလျင်အမြန် ကိုယ်ကို ခြောက်သွေ့စေကာ အဝတ်အစား ဝတ်ဆင်ပြီး လေဝင်လေထွက်ရအောင် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ နွေရာသီ အပူဒဏ်သည် အထူးသဖြင့် တံခါးနှင့် ပြတင်းပေါက်များ ပိတ်ပြီး ရေချိုးသည့်အခါ ပိုပြင်းထန်ကာ ပူနွေးသော လေကို ပို၍ပင် မခံမရပ်နိုင်အောင် ဖြစ်စေသည်။

ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ သူမ ခြံထဲတွင် ထိုင်၍ စားသောက်နေသော လုယွီကို မြင်လိုက်ရသည်။ ခဏလေးအတွင်းမှာပင် ထိုလူသည် ပန်ကိတ်သုံးချပ် စားပြီးသွားပြီပင်။

လုယွီ ကြက်ဥစွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်ပြီး မော့ကြည့်လိုက်ရာ ပြတင်းပေါက်မှာ ရပ်နေသော ကျန်းနျန်အား မြင်လိုက်ရသည်။ သူမ၏ ရှပ်အင်္ကျီ၏ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသောကြောင့် လည်ပင်းရိုးများနှင့် သေးငယ်သော လည်ချိုင့်ခွက်လေး ပေါ်နေသည်။ သူမ၏ အရေပြားသည် ဆီမီးရောင်အောက်တွင် တောက်ပသော ဆီးနှင်းဖြူကဲ့သို့ ထင်ရပြီး ဆံပင်များက စိုစွတ်ကာ ရှုပ်ပွလျက် သူမ၏ ပါးပြင်များပေါ်တွင် ဝဲကျနေပြီး ပါးလွှာသော ပခုံးများပေါ်သို့ ကျနေသည်။

သူမ ထိုနေရာတွင် ရပ်လျက် လကို မော့ကြည့်နေသည်။

ခဏအကြာတွင် သူမ မျက်လုံးများကို အောက်ချကာ သူ့ကို ကြည့်လိုက်သည်။

သူတို့၏ အကြည့်များ ရုတ်တရက် ဆုံမိသွားပြီး လုယွီကမူ သူ ခုနက မြိုချလိုက်သော စွပ်ပြုတ်က လည်ချောင်းထဲ နင်သွားကာ အကြိမ်များစွာ ချောင်းဆိုးသွားသည်။

၎င်းသည် သူတို့ အချင်းချင်း သိကျွမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူ ထိတ်လန့်တကြား မျက်နှာလွှဲသွားခြင်းပင်။

ကျန်းနျန်သည် အံ့သြသွားပြီး ခဏမျှ စဉ်းစားကာတိုးတိုးလေး ပြောလိုက်သည်။ "ဖြေးဖြေးစားပါ။ အိုးထဲမှာ ကျန်ပါသေးတယ်။ မလောက်ရင် ကျွန်မ နောက်ထပ် လုပ်ပေးလို့ရပါတယ်"

“လောက်ပါတယ်။”

လုယွီသည် သူ၏ ထမင်းကို အမြန်ဆုံး ပြီးအောင် စားပြီး ပန်းကန်များကို သိမ်းကာ မီးဖိုချောင်သို့ လျှောက်သွားခဲ့သည်။ အိုးခွက် ပန်းကန်များ ဆေးကြောပြီးနောက် သူသည် ရေချိုးပြီးသားရေ သွန်ပစ်ရန် ကျန်းနျန်အား ကူညီရန် ရှေ့ခန်းသို့ သွားလိုက်သည်။ သူ ဝင်လိုက်သည်နှင့် နှာခေါင်းပေါက်မှ ပင့်ကူအိမ်ကဲ့သို့ စိမ့်ဝင်လာသော ဆပ်ပြာ၏ သန့်ရှင်းသော ရနံ့ကို သူ ရလိုက်သည်။

သူ ခေါင်းကို ငုံ့ပြီး ရေချိုးကန်ကို ကောက်ကိုင်ကာ အပြင်သို့ သယ်သွားခဲ့သည်။

ခြံထဲတွင် ရေသွန်နေစဉ် သူသည် ကျန်းနျန်ကို ပြောလိုက်သည်။ "မရီး၊ တပ်ရင်းဗိုလ်ကြီးလုက မနက်ဖြန် ကျန့်ဟုန်ကို တစ်တပ်လုံးရှေ့မှာ လူသိရှင်ကြား ဝေဖန်ချက် ရေးစေပြီး မင်းကို တောင်းပန်ဖို့ ခေါ်လာလိမ့်မယ်"

ကျန်းနျန် ခေတ္တ ရပ်တန့်သွားပြီး တံခါးပေါက်ထဲသို့ တိုးဝင်နေသော အရိပ်ကို ကြည့်လိုက်သည်။

ခဏအကြာတွင် အထဲမှ တိုးညင်းသောအသံ ထွက်ပေါ်လာသည်။ "ကောင်းပါပြီ။”

“လုယွီ”

လုယွီ ထွက်သွားတော့မည့်အချိန်တွင် ကျန်းနျန်က ခေါ်လိုက်သည်။ သူမ တံခါးပေါက်တွင် ရပ်လိုက်ပြီး တံခါးဘောင်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ သူ လှည့်လာသည်ကို မြင်သောအခါ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ တစ်နေ့လုံး စဉ်းစားနေတာ။ ကျွန်မ အဲဒီ ဆေးရုံက အမျိုးသမီးက တော်တော် ချောတယ်လို့ ထင်နေတုန်းပဲ။ ရှင် သူ့ကို အခွင့်အရေး ပေးသင့်တယ်ထင်တယ်။"

လုယွီ - …

သူ မျက်မှောင်ကြုတ်လိုက်မိသည်။ "ကျွန်တော့် ကိစ္စတွေကို မရီး စိတ်ပူစရာ မလိုပါဘူး။ နောက်ကျနေပြီ။ မရီး အိပ်သင့်ပြီ။”

လုယွီ၏ အရပ်ရှည်ရှည် ပုံပန်းသဏ္ဍာန် နောက်သို့ ဆုတ်ခွာသွားသည်ကို ကြည့်ပြီးနောက် ကျန်းနျန် စိတ်ပျက်စွာ တံခါးကို ပိတ်ပြီး တံခါးကို မှီကာ သစ်သားပေါ်သို့ ခေါင်းကို ဖြည်းညှင်းစွာ တိုက်လိုက်သည်။

ဘာလို့ ဒီဇာတ်လမ်းက စာအုပ်ထဲကလို ဖြစ်မလာရတာလဲ။

လုယွီက စွင်းယင်ကို မကြိုက်ဘူးလား။

သူမ ခဏစဉ်းစားသော်လည်း အဖြေရှာမရခဲ့ပေ။ ထိုအစား သူမ တခြားအရာတစ်ခုကို သတိရသွားသည်။

သူမ မူလကမ္ဘာဆီ ပြန်သွားနိုင်မလားဆိုသည်ကို သိရရန် နံရံကို ထပ်တိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မာကျောသော မြေနံရံဆီ လျှောက်သွားပြီး နာကျင်ခြင်း မရှိတော့သော နဖူးကို ထိကာ နံရံပေါ် ညင်သာစွာ ဆောင့်လိုက်သည်။ နာကျင်မှုကို ခံစားရပြီးနောက် အံတင်းတင်းကြိတ်ကာ ပိုပြင်းထန်စွာ ထပ်ကြိုးစားရန် ပြင်ဆင်လိုက်သည်။ သို့သော် လုယွီက ကျန့်ဟုန်သည် မနက်ဖြန် တစ်တပ်လုံးရှေ့တွင် ပြည့်ပြည့်စုံစုံ ဝေဖန်ချက် ရေးပြီး သူမကို တောင်းပန်လိမ့်မည်ဟု ပြောခဲ့သည်ကို သူမ သတိရလိုက်သည်။

ကျန်းနျန်သည် သူမ၏ နဖူးကို ပွတ်ပြီး နံရံကို ထပ်တိုက်မည့် အကြံအား ခဏတာ ဘေးဖယ်ထားလိုက်သည်။

သူမ စဉ်းစားလိုက်သည်။ "ငါ သေမယ်ဆိုရင် ကျန့်ဟုန် တောင်းပန်ပြီးတဲ့အထိ စောင့်နေမယ်။ အနည်းဆုံးတော့ ငါ အနာဂတ်ဆီ ပြန်ရောက်သွားရင် ဒီခေတ်ကနေ နောင်တရစရာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။”

ဤအချိန်တွင် ကျန်းနျန်သည် နံရံကို တိုက်ခြင်းက သူမကို ပြန်သွားစေနိုင်သည်ဟု သေချာပေါက် ယုံကြည်ခဲ့သည်။

သူမ ဖိနပ်များကို ချွတ်ပြီး အိပ်ရာပေါ် လှဲချလိုက်ကာ အပြင်ဘက်မှ ပုရစ်အော်သံများကို နားထောင်ရင်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

All Chapters