← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

ကျူးကျွင်း ထွက်သွားပြီးနောက် ကျန်းနျန်သည် တံခါးပိတ်ရန် ရည်ရွယ်ချက်ဖြင့် ခြံဝင်းတံခါးဆီ လျှောက်သွားလိုက်သည်။ သုမ အမှောင်ထုထဲ၌ အရိပ်တစ်ခု ခိုးကြောင်ခိုးဝှက် ထွက်သွားတာကို မြင်လိုက်ရသည်။ သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် မျက်လုံးကို မှေးကြည့်လိုက်သည်။ ထိုပုံရိပ်အား သူမ တစ်နေရာရာမှာ မြင်ဖူးသည်ကို သတိပြုမိလိုက်သည်။

သုမ သိပ်မစဉ်းစားတော့ဘဲ ခြံဝင်းတံခါးကို ပိတ်လိုက်ကာ မီးဖိုချောင်သို့ ပြန်သွားကာ ထမင်းစားပြီး အိပ်ရာဝင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း လုယွီ ထွက်သွားသည်မှာ တစ်လ ပြည့်သွားပြီပင်။

လယ်ကွင်းထဲက ဟင်းသီးဟင်းရွက်များလည်း အများကြီး ကြီးထွားလာခဲ့သည်။ ကျူးကျွင်းသည် ရက်အနည်းငယ်ခြားပြီး ရေခပ်ကာ လယ်ကွက်ကို ရေလောင်းရန် လာရောက်သည်။ သူသည် အဖွဲ့မှ ညမမှောင်ခင်လေးမှာမှ အမြဲ ပြန်လာတတ်သည်။ ရေခပ်ပြီးသည့်နောက် ညဘက်ရောက်နေပြီဖြစ်သည်။ ကျန်းနျန်သည် ကျူးကျွင်း အဆောင်သို့ ယူသွားရန် ညစာကို သတ္တု ထမင်းဘူးများထဲ ထည့်ပေးနေဆဲပင်။

အချိန်ကြာလာသည်နှင့်အမျှ ကျူးကျွင်းနှင့် အတူနေသော အဆောင်ဖော်များသည် ထိုအစားအစာ၏ ရနံ့ကြောင့် ညှဉ်းဆဲခံနေရသည်။

သူတို့သည် အလွန် မနာလိုကြပေ။

ဖန့်မိန်၏ မိသားစု အလုပ်များလည်း ပြီးစီးလုနီးပြီဖြစ်သည်။ သူမသည် ရက်အနည်းငယ်အကြာတွင် ကလေးနှင့်အတူ မိသားစုအိမ်မှ ပြန်လာခဲ့သည်။ သူမသည် တပ်ရင်းမှူးစုန့်ကို ကျေနပ်စေရန် အရသာရှိသော ညစာ အများအပြားကို ချက်ပြုတ်ပေးခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် သူမသည် သူမ၏ မိသားစုအိမ်သို့ အလုပ်လုပ်ရန် သွားခဲ့ပြီး လောင်စုန့်က ညည်းညူသော်လည်း သူမကို မတားဆီးခဲ့ပေ။

ဖန့်မိန်သည် ပျော်ရွှင်နေသဖြင့် ဤရက်များတွင် တပ်ရင်းမှူးစုန့်ကို အလွန် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့သည်။

မနက်စာ စားပြီးနောက် ဖန့်မိန်သည် အိမ်နီးချင်း ခြံဝင်းသို့ ရောက်လာခံ့သည်။ သူမ ဝင်လာသည်နှင့် ကျန်းနျန်ဟင်းသီးဟင်းရွက်များကို ရေလောင်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့ နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ တစ်လနီးပါး ရှိပြီဖြစ်ပြီး ကျန်းနျန်ကို မြင်သောအခါ ဖန့်မိန်သည် ရှားပါးသော ရင်းနှီးမှုကို ခံစားလိုက်ရသည်။

"ကျန်းနျန် မြန်မြန်လာပါဦး။ မင်းကို ပြောစရာ ရှိတယ်”

ကျန်းနျန်သည် ရေတစ်ပုံးကို လောင်းချလိုက်ပြီး မော့ကြည့်သည်။ ဖန့်မိန်သည် ကောလာဟလ ပြောချင်သော အပြုံးဖြင့် လက်ယပ်ခေါ်နေသည်ကို မြင်လိုက်ရသည်။ သူမ ချက်ချင်း စိတ်ဝင်စားသွားပြီး ရေပုံးကို ရေအိုးထဲ ပစ်ချလိုက်ကာ ထရပ်ပြီး ဖန့်မိန်ဘေးတွင် ထိုင်လိုက်သည်။ သူမက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဘာကိစ္စလဲ?”

သူမ အရမ်း စိတ်ဝင်စားနေမိတာကို ကိုယ့်ကိုယ် ကိုယ် အပြစ်မတင်နိုင်ပေ။

သူမသည် ဒီမှာ နေ့တိုင်း နေရတာ ပျင်းစရာကောင်းလွန်းသဖြင့် ကောလာဟလအချို့ ပြောဆိုရခြင်းက သူမ၏ ပျင်းရိမှုကို ဖြေဖျောက်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။

အစ်မဖန့် မပြောခင် သူမ ရယ်မောပြီး လက်ခုပ်တီးလိုက်သည်။ သူမ စိတ်တည်ငြိမ်သွားသောအခါ ပြောလိုက်သည်။ "ငါ မနေ့က ပြန်ရောက်လာတော့ နေ့လယ်ပိုင်းမှာ တစ်ယောက်ယောက် ငါ့ကို လာတွေ့တယ်။ ဘယ်သူလို့ ထင်လဲ။”

ကျန်းနျန်သည် မျက်မှောင်ကြုတ်ပြီး ခဏ စဉ်းစားကာ ခေါင်းခါပြလိုက်သည်။

ဖန့်မိန်က ရယ်မောပြီး လှောင်ပြောင်လိုက်သည်။ "ခန်ရှို့ပေါ့။ သူမက သူ့ညီမအရင်းကို လောင်စုန့်ရဲ့ ဝမ်းကွဲ စုန့်ပိုင်နဲ့ မိတ်ဆက်ပေးချင်နေတာ။ ဟွန့်၊ သူမက အရာအားလုံးရဲ့ အလှအပကိုပဲ မြင်တယ်။ သူ့ညီမက ဘယ်လိုလူမျိုးလဲဆိုတာ ထည့်မစဉ်းစားဘူး။ သူမက အသက်ကြီးတဲ့ အပျိုကြီးဖြစ်နေပြီလေ၊ လူတိုင်းကိုလဲ စိတ်ကောက်တတ်သေးတယ်။”

ထို့နောက် သူမ ကျန်းနျန်ကို ကြည့်လိုက်သည်။ "သူမက အရင်က ခန်ရှို့ကို လာတွေ့ပြီး တစ်လလောက် သူမအိမ်မှာ နေခဲ့တယ်။ စစ်တပ်က တပ်မှူးလေးတစ်ယောက်ကို လက်ထပ်ချင်ခဲ့လို့လေ။ သူမ အရင်က ဘယ်သူ့ကို စိတ်ဝင်စားခဲ့တယ် ထင်လဲ။”

ကျန်းနျန်က သူမ၏ စိတ်ထဲတွင် ခန့်မှန်းလိုက်သော်လည်း စမ်းသပ်သည့် အနေဖြင့် ပြောလိုက်သည်။ " လုယွီလား။”

ဖန့်မိန်သည် ရုတ်တရက် လက်ခုပ်တီးလိုက်သည်။ "ဟုတ်တယ်"

သူမ ရယ်ရလွန်းလို့ မျက်ရည်တွေပင် ထွက်လာသည်။ "သူမက ကိုယ့်ရုပ်ရည်ကိုတောင် မစဉ်းစားဘူး။ ဖားတစ်ကောင်က ဟင်္သာသားကို စားချင်နေတာ"

ကျန်းနျန်လည်း ရယ်ချင်လာသည်။

တကယ်တော့ ခန်ရှို့နှင့် သူမ မိသားစု ကိစ္စများကို စာအုပ်ထဲ၌ သိပ်မဖော်ပြထားချေ။ သူမ ဖတ်တုန်းက သိပ် ဂရုမစိုက်ခဲ့သော်လည်း ဖန့်မိန်ပြောသည်ကို ကြားလိုက်သည့်အခါ သတိရသွားသည်။

ခန်ရှို့၏ ညီမကို ခန်နန်ဟု ခေါ်သည်။ လုယွီ လက်ထောက်တပ်ရင်းမှူး ရာထူးတိုးမြှင့်ခံရရန် သုံးလအလိုတွင် သူမသည် ခန်ရှို့ကို ရှာဖွေရန် စစ်တပ်ကို ရောက်လာပြီး ခန်ရှို့၏ အိမ်၌ နေခဲ့သည်။ ထိုအချိန်က လုယွီသည် ရံဖန်ရံခါ တပ်ရင်းမှူးစုန့်၏ အိမ်သို့ နေ့လယ်စာ စားရန် သွားလေ့ရှိသည်။ သူ ခန်ရှို့၏ အိမ်ကို ဖြတ်သွားသောအခါ ခန်နန်က လုယွီကို မြင်လိုက်ရသည်။ ခန်နန်သည် လုယွီကို ပထမဆုံး မြင်လိုက်သည်နှင့် သဘောကျသွားပြီး သူမအတွက် လက်ထပ်ရန် စီစဉ်ပေးပါဟု ခန်ရှို့အား ပူဆာခဲ့သည်။

ခန်နန်သည် ခန်ရှို့၏ နားထဲ ချိုသာသော စကားလုံးများ တီးတိုးပြောခဲ့သည်။ စိတ်ထဲ ရှုပ်ထွေးနေသည့် ခန်ရှို့ကမူ လုယွီ တပ်ရင်းမှူးစုန့်၏ အိမ်ကို နေ့လယ်စာ စားရန် သွားသည့် အခွင့်အရေးကို အရယူခဲ့သည်။ ဟဲရုံ၏ နောက်ကွယ်မှာ သူမ တပ်ရင်းမှူးစုန့်၏ အိမ်သို့ ပြေးသွားပြီး လုယွီအား ထိုကိစ္စ ပြောခဲ့သည်။

ရလဒ်က ရှင်း၏။ သူမကို ဖန့်မိန်က ချက်ချင်း မောင်းထုတ်ခဲ့သည်။

နောက်ပိုင်းမှာ ခန်ရှို့အိမ်ပြန်ခဲ့သည်။ သူမ နောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ စာအုပ်ထဲမှာ မရေးထားချေ။

စုန့်ပိုင်၏ ဇာတ်ကောင်နှင့် ပတ်သက်၍ စာရေးဆရာက သူဟာ လုယွီ၏ ရဲဘော်ရဲဘက် ဖြစ်ကြောင်းသာ ဖော်ပြခဲ့သည်။ သူသည် စာအုပ်ထဲမှာ နှစ်ကြိမ်မျှသာ ပေါ်လာခဲ့သည်။ တစ်ကြိမ်က အားလပ်ရက်အတွင်း တပ်ရင်းမှူးစုန့်အား လာတွေ့ချိန်ဖြစ်ပြီး နောက်တစ်ကြိမ်က လုယွီ ရာထူးတိုးပြီး ပြောင်းရွှေ့သွားသည့်အခါ လုယွီကို ဂုဏ်ပြုရန် လာခဲ့ခြင်းပင် ဖြစ်သည်။

"ဆူညံနေတာပဲ၊ တော်တော် ပြင်းထန်တဲ့ ငြင်းခုံသံပဲ။”

"တပ်ရင်းဗိုလ်ကြီးလု ဒီလောက် ဒေါသထွက်နေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။”

"သွားစို့၊ အမြန်သွားပြီး အခြေအနေကို ကြည့်ကြရအောင်”

တံခါးအပြင်ဘက်မှာ စစ်သည်ဇနီးတစ်ဦးနှင့် သူမ၏ ယောက္ခမတို့သည် မိသားစုတိုက်ခန်းများ၏ ရှေ့ဘက်သို့ အတူတကွ လျှောက်သွားကြသည်။ သူတို့၏ စကားပြောဆိုမှုအရ တပ်ရင်းဗိုလ်ကြီးလု၏ မိသားစု ရန်ဖြစ်နေပုံပင်။ ၎င်းကို ကြားလိုက်သောအခါ ဖန့်မိန်ရုတ်တရက် ထရပ်ပြီး ကျန်းနျန်ကို ပြောလိုက်သည်။ "သွားကြရအောင်၊ ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်။”

၎င်းတို့သည် ကောလာဟလ ဖြစ်စရာ ကောင်းသည့် မြင်ကွင်းများပင်။

အချို့ ကောလာဟလများတွင် မပါဝင်သင့်ပေ။ မဖိတ်ခေါ်ပါဘဲ ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်ရ၏။

ကျန်းနျန်သည် ဤအချိန်မှာ ကံမကောင်းမှုကို ဖိတ်ခေါ်ချင်စိတ် မရှိ။ သူမက ဖန့်မိန်ကို ပြောလိုက်သည်။ "အစ်မဖန့်၊ အစ်မ အရင်သွားလိုက်ပါ။ ကျွန်မ လယ်ကွက်ကို ရေနည်းနည်း ထပ်လောင်းလိုက်ဦးမယ်”

သူမ စကားမဆုံးခင်မှာပင် ရှု့ယန်က တံခါးအပြင်ဘက်ကနေ ခေါင်းပြူကြည့်လိုက်သည်။ ရှု့ယန်က ကျန်းနျန်ကို ရွှင်လန်းသော အပြုံးနှင့် ကြည့်လိုက်ပြီး ဖန့်မိန်ကို လှမ်းကြည့်လိုက်သည်။ "ကျန့်ဟုန်နဲ့ တပ်ရင်းဗိုလ်ကြီးလု ရန်ဖြစ်နေကြတယ်တဲ့။ သွားကြည့်ကြရအောင်”

ကျန်းနျန် - ...

ကျန်းနျန်က ကျန့်ဟုန်ကြောင့် စိတ်ဆိုးပြီး နံရံကို ခေါင်းနှင့် ဆောင့်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သည်ကို သိသော ဖန့်မိန်က သူမကို အတူခေါ်သွားရန် အတင်းအကျပ် မလုပ်တော့ပေ။ သူမက ကျန်းနျန်ကို ပြောလိုက်သည်။ "မင်း ဒီမှာပဲ နေခဲ့ပါ။ ဘာတွေဖြစ်နေလဲ ကြည့်ပြီးရင် ပြန်လာပြီး မင်းကို ပြောပြမယ်”

ထိုသို့ပြောပြီးနောက် သူမသည် ရှု့ယန်ကို ဆွဲခေါ်ပြီး ထွက်သွားခဲ့သည်။ မထွက်ခွာခင် ရှု့ယန်ကလည်း "ကျွန်မလည်း ပြန်လာပြီး ပြောပြမယ်နော်" ဟု ပြောခဲ့သေးသည်။

ကျန်းနျန် - ...

သူတို့ ထွက်သွားပြီးနောက် ကျန်းနျန်က ဟင်းသီးဟင်းရွက် ဥယျာဉ်ကို ရေဆက်လောင်းလိုက်သည်။ ပြီးစီးသောအခါ သူမသည် ရေတွင်းကနေ ရေခပ်ပြီး သူမ လဲထားသော အိပ်ရာခင်းများနှင့် အဝတ်များကို လျှော်သည်။ လျှော်နေရင်း နာကျင်နေသော ခါးကို နှိပ်နယ်ပေးသည်။ လျှော်ပြီး ရေညှစ်ထုတ်တာကလည်း တော်တော် ပင်ပန်းသည်။

သူမ ရေကို နည်းနည်းချင်း ညှစ်ထုတ်နေစဉ် ရှု့ယန်က အရင် ပြန်ရောက်လာသည်။

ရှု့ယန်က လာပြီး သူမ၏ အိပ်ရာခင်းများ ရေညှစ်ရန် တက်ကြွစွာ ကူညီပေးခဲ့သည်။ ဖန့်မိန်ကို မတွေ့ရတာကြောင့် ကျန်းနျန်က ပြုံးပြီးမေးလိုက်သည်။ " အစ်မဖန့် ဘယ်မှာလဲ။”

ရှု့ယန်က ပြုံးပြီး ပြောလိုက်သည်။ "သူမကို တပ်ရင်းမှူးစုန့်က အိမ်ပြန်ပို့ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ ပြောလိုက်တယ်လေ။ တပ်မှူးကြီးတစ်ယောက်ရဲ့ ဇနီးအနေနဲ့ စစ်သည်ဇနီးတစ်ဦးနဲ့ သူ့ခင်ပွန်း ရန်ဖြစ်နေတာကို မြင်ရင် ဝင်ရောက် ဖြေရှင်းသင့်တာကို တခြားသူတွေလို ဘေးကနေ ကြည့်နေတာ မလုပ်သင့်ဘူးလို့ ပြောတယ်။”

ကျန်းနျန်က ပြုံးရယ်နေတာကို ထိန်းထားလိုက်သည်။

ဤသည်မှာ တပ်ရင်းမှူးစုန့်၏ ပုံစံပင်။

ရှု့ယန်က ဆက်ပြောခဲ့သည်။ "ကျန့်ဟုန်နဲ့ တပ်ရင်းဗိုလ်ကြီးလု ဘာကြောင့် ရန်ဖြစ်နေတယ် ထင်လဲ။”

အိပ်ရာခင်း ညှစ်ထုတ်တာ ပြီးစီးသောအခါ ကျန်းနျန်က ၎င်းတို့ကို အဝတ်လှန်းကြိုးပေါ် တင်ပြီး တွန့်ကြေနေသော အစွန်းများကို ဖြန့်ထုတ်လိုက်သည်။ "တည့်တည့်ပြောလေ၊ ကွေ့ပတ်မနေနဲ့။”

ရှု့ယန်က အောင်နိုင်သူလို ပြုံးပြီး ပြောလိုက်သည်။ " လုကျစ်ကျွင်းက ချောကလက် စားဖို့ တောင်းဆိုနေလို့။ ဒါပေမဲ့ ကျန့်ဟုန်က သူ့ကို မဝယ်ပေးဘူး။ အဲ့တော့ သူက မြေပေါ် လဲကျပြီး သူ့အမေက သူ့အတွက် ပိုက်ဆံ မသုံးချင်ဘူး။ သူ့ကိုယ်သူ လှပအောင် အဝတ်အစားအသစ်တွေ ဝယ်ဖို့ ပိုက်ဆံ စုနေတာ ဖြစ်ရမယ်။ သူ့အဖေကို ကွာရှင်းပြီး ဦးလေးစုန့်ကို လက်ထပ်ဖို့ပဲ စဉ်းစားနေတာ ဖြစ်ရမယ်လို့ ပြောခဲ့လို့တဲ့”

ကျန်းနျန်၏ လက်များက အိပ်ရာခင်းများကို ရိုက်နေရင်း ရပ်တန့်သွားသည်။ ကျန့်ဟုန်နှင့် ခန်ရှို့စျေးထဲမှာ သူမအကြောင်း ပြောခဲ့သည့် ကိစ္စကို သူမ ပြတ်ပြတ်သားသား မှတ်မိနေခဲ့ပြီး သူမ ကျန့်ဟုန်ကို ရင်ဆိုင်ခဲ့သည်။

ကျန်းနျန်က ကလေးလေး လုကျစ်ကျွင်းဟာ တကယ်ပဲ ထိုစကားလုံးများကို စိတ်ထဲ ထည့်ထားပြီး ယနေ့၌ ကျန့်ဟုန်အား ဤမျှ ပြင်းထန်စွာ ပြန်သုံးလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိချေ။

ရှု့ယန်က ဆက်ပြောလိုက်သည်။ "တပ်ရင်းမှူးစုန့်က အခုလေးတင် လာပြီး ဘေးနားက ကြည့်နေတဲ့သူတွေကို နှင်ထုတ်လိုက်ပြီး တပ်ရင်းဗိုလ်ကြီးလုကိုကို ဆူပူလိုက်တယ်။ 'မင်းက ကလေးတစ်ယောက်ရဲ့ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားကို ယုံနေတာလား။' ဆိုပြီးတော့ တပ်ရင်းဗိုလ်ကြီးလုနဲ့ ကျန့်ဟုန်နှစ်ယောက်လုံးကို ကောင်းကောင်း ဆူပူခဲ့တယ်လေ။”

ဇလုံထဲက အဝတ်များကို ခါလိုက်ပြီး ရှု့ယန်က ကျန်းနျန်ကို ၎င်းတို့အား လှန်းရန် ကူညီပေးသည်။ ကျန်းနျန်ခေါင်းငုံ့ပြီး တိတ်ဆိတ်နေသည်ကို မြင်လျှင် ရှု့ယန် သူမ ဖျားနေတာ ဖြစ်နိုင်တယ်ဟု တွေးပြီး သူမ၏ နဖူးကို စမ်းကြည့်ရန် လက်လှမ်းလိုက်သည်။ ကျန်းနျန်က ရှု့ယန်ရုတ်တရက် လုပ်လိုက်တာကြောင့် လန့်သွားပြီး ခေါင်းကို နောက်ဆုတ်လိုက်ကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။”

ရှု့ယန် - ...

"မင်း ဘာတွေ တွေးနေတာလဲ။”

ခဏတာ စဉ်းစားပြီးနောက် ကျန်းနျန်က စျေးထဲက ကိစ္စကို ရှု့ယန်အား ပြောပြလိုက်သည်။ ရှု့ယန်မျက်လုံးပြူးသွားပြီး ထိန်းမရအောင် ရယ်မောလိုက်သည်။ "ဒီလို ဖြစ်တာကိုး။ ဒါကြောင့် လုကျစ်ကျွင်းက ကျန့်ဟုန် လက်ထောက်တပ်ရင်းမှူးစုန့်ကို လက်ထပ်ချင်တယ်လို့ ပေါက်ကရ ပြောနေတာကိုး။ ကျွန်မ ပြောရရင် ဒါ ကျန့်ဟုန်ရဲ့ ကံကြမ္မာပဲ။”

ရှု့ယန်အမုန်းဆုံး လူတစ်ယောက် ရှိတယ်ဆိုရင် မ‌လွဲမသွေ ကျန့်ဟုန်သာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ကျန့်ဟုန် အဆင်မပြေသည်ကို မြင်ရသောအခါ သူမ ဒေါသများ ပြေသွားသယောင် ကျေနပ်မှု ခံစားရသည်။

ရှု့ယန်ထွက်သွားပြီးနောက် ကျန်းနျန်က ခြံဝင်းကို ထပ်၍ တံမြက်စည်း လှဲလိုက်သည်။

သူမသည် ဤကိစ္စကြောင့် ကျန့်ဟုန်က သူမကို လုံးဝ မုန်းတီးလာလိမ့်မည်ဟု တထစ်ချ ခံစားချက် ရှိနေသည်။

သို့သော်ငြား သူမ မကြောက်ချေ။

စစ်သားများ လာလျှင် ရန်သူရော၊ ရေရော လာ၏၊ မြေကြီးက သူတို့ကို ဖုံးလွှမ်းသွားသည်။ သူမမှာ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများစွာ ရှိသည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် တစ်လ ကုန်ဆုံးသွားသည်။ အချိန်ကို တွက်ကြည့်ရင် လုယွီ မကြာခင် ပြန်လာတော့မည်ပင်။

လယ်ကွင်းထဲနှင့် ခြံဝင်းထဲက ဟင်းသီးဟင်းရွက် အချို့က ရိတ်သိမ်းရန် အဆင်သင့် ဖြစ်နေပြီပင်။ ကျန်းနျန် ဖရုံသီးတစ်လုံးကို ရွေးပြီး ညနေခင်း၌ ဖရုံသီးကိတ်မုန့်နှင့် ဖရုံသီးပန်ကိတ်လုပ်ရန် စီစဉ်လိုက်သည်။ သူမသည် မုန့်မှုန့်ကို နယ်၊ ဖရုံသီးကို ပေါင်း၊ ချေပြီး အဆင့်ဆင့် လုပ်ဆောင်သည်။ နောက်ဆုံးတွင် သူမသည် ဖရုံသီးကိတ်များကို ပေါင်းရန် အိုးထဲ ထည့်လိုက်သည်။

ခြံဝင်းတံခါး တစ်ဝက် ပွင့်နေကာ တစ်စုံတစ်ယောက်က တွန်းဖွင့်ပြီး အပြင်ဘက်ကနေ ဝင်လာခဲ့သည်။

ကျန်းနျန် ခြေသံများကို ကြားလိုက်ရသည်။ သူမသည် ရေတစ်ဝက်ပါသော ဒယ်အိုးနီပေါ် အိုးအဖုံး တင်လိုက်ပြီး မီးဖိုချောင် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။ သူမသည် စစ်စိမ်းရောင် ယူနီဖောင်းတစ်ခုကို မြင်လိုက်ရသောကြောင့် သူမ မီးဖိုချောင်ကနေ လျှောက်ထွက်လာခဲ့သည်။

ကျူးကျွင်း၏ အသံက အပြင်ဘက်မှ ထွက်လာခဲ့သည်။

"မရီး၊ မရီးအတွက် စာတစ်စောင် ရောက်နေတာတွေ့လို့ ကျွန်တော် တစ်ခါတည်း ယူလာခဲ့တယ်။"

အပြင်တွင် မှောင်စပြုနေပြီ ဖြစ်သည်။ ကျန်းနျန်သည် ကျူးကျွင်း ပြေးလာ၍ ချွေးများ ထွက်နေသည်ကို တွေ့လိုက်ရပြီး သူ၏ လက်ထဲတွင် ရှေးဟောင်းပုံစံ စာအိတ် တစ်ခုကို ကိုင်ထားခဲ့သည်။

လုယွီဆီကများ ဖြစ်နိုင်မလား။

ကျန်းနျန် လျှောက်သွားပြီး စာကို ယူလိုက်သည်။ စာအိတ်တွင် လက်ခံသူ၏ လိပ်စာသာ ပါပြီး ပြန်ပို့လိပ်စာ မပါချေ။ သူမ ဒီမှာ ရှိနေကြောင်း လုယွီသာ သိသည်။

ဟိုဘက်မှာ အခြေအနေ တစ်ခုခု ပြောင်းလဲသွားလို့ ချက်ချင်း မပြန်လာနိုင်သေးတာမို့ သူမကို ပြောဖို့ စာရေးလိုက်တာများလား။

ကျူးကျွင်း မေးလိုက်သည်။ "မရီး၊ ကျွန်တော် ဖတ်ပြဖို့ လိုသေးလား။"

ကျန်းနျန်သည် ခဏတာ အံ့အားသင့်သွားပြီးမှ ကျူးကျွင်းက သူမ စာမတတ်ဘူးဟု ထင်နေကြောင်း သဘောပေါက်လိုက်သည်။

သူမ ခေါင်းကို ညင်သာစွာ ယမ်းလိုက်သည်။ "မလိုပါဘူး။ ရှု့ချန် အသက်ရှင်တုန်းက စာလုံးအချို့ သင်ပေးခဲ့တယ်။ ကျွန်မ ဖတ်နိုင်ပါတယ်။"

ကျူးကျွင်း ပြန်ဖြေလိုက်သည်။ "ဒါဆို ကောင်းတာပေါ့။"

ထိုသို့ ပြောပြီးနောက် သူ နှာခေါင်းကို ရှုံ့လိုက်ရာ သူ၏ မျက်လုံးများက အနည်းငယ် လောဘတက်နေခဲ့သည်။ "မရီး၊ ဘာဟင်းတွေ ချက်ထားတာလဲ။ အရမ်း မွှေးတာပဲ။"

ကျန်းနျန် စာကို အိတ်ကပ်ထဲ ထည့်ပြီး ပြုံးလိုက်သည်။ "ကျွန်မ ဖရုံသီးကိတ် လုပ်နေတာ။ ခဏစောင့်ပါ၊ ပေါင်းပြီးတာနဲ့ မင်းကို နည်းနည်း ပေးလိုက်ပါ့မယ်။"

ကျူးကျွင်း ခေါင်းကို ကုတ်လျက် အနည်းငယ် ရှက်သွားခဲ့သည်။ "ကျေးဇူးပါ၊ မရီး။"

"အိုး၊ ဒီ အနံ့က အရမ်း မွှေးတာပဲ။"

ခြံဝင်းနံရံပေါ်မှ ရုတ်တရက် အသံတစ်သံ ထွက်လာရာ မီးဖိုချောင်ထဲ ဝင်ခါစ ကျန်းနျန် လန့်သွားခဲ့သည်။ သူမသည် ခြံထဲမှ ကျူးကျွင်းက အော်ပြောသည်ကို ကြားလိုက်ရသည်။ "မရီးဖန့်၊ နံရံပေါ်ကနေ ချောင်းကြည့်ပြီး ဘာလုပ်နေတာလဲ။"

ဖန့်မိန်က ပြန်ဖြေလိုက်သည်။ "ငါ အနံ့ကြောင့် ရောက်လာတာ။"

ကျူးကျွင်း - …

ကျန်းနျန် - …

ကျန်းနျန်သည် ရယ်ချင်သလို ခံစားလိုက်ရပြီး နံရံပေါ်မှ ခေါင်းထွက်နေသော ဖန့်မိန်ကို ပြောလိုက်သည်။ "အစ်မဖန့်၊ ကျွန်မ ဖရုံသီးကိတ် ပေါင်းနေတာ။ ခဏစောင့်ပါ၊ မြည်းဖို့ နည်းနည်း ပေးပါ့မယ်။"

ဖန့်မိန် ရယ်လိုက်သည်။ "ကောင်းပြီ၊ ငါ ခုချက်ချင်း လာခဲ့မယ်။"

ဖရုံသီးကိတ်များအား ရေနွေးငွေ့ဖြင့် ပေါင်းပြီးသောအခါ ကျန်းနျန်သည် ကျူးကျွင်းအတွက် လေးခု၊ အစ်မဖန့်အတွက် လေးခု ထုပ်ပိုးပေးလိုက်သည်။ သူမသည် သူမအတွက် အများကြီး မထားခဲ့ပါ၊ လိုချင်လျှင် နောက်ထပ် ထပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။

ဖန့်မိန်သည် သူမ၏ ကလေးများနှင့် လောင်စုန့်တို့ မြည်းစမ်းနိုင်ရန် အိမ်သို့ အမြန် ပြန်သွားခဲ့သည်။

ကျန်းနျန်သည်် ကျူးကျွင်းကို အပြင်လိုက်ပို့ပြီး ခြံတံခါးကို ပိတ်နေစဥ် နံရံဘေးတွင် ခိုးကြောင်ခိုးဝှက် လျှောက်သွားသော အရိပ်ကို တွေ့လိုက်ရသည်။ သူမသည် ကြမ်းတမ်းသော တံခါးအနားကို တင်းတင်း ဆုပ်ကိုင်ထားပြီး ထိုအရိပ် မှောင်မည်းသော ညထဲသို့ ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေမိသည်။

ကျူးကျွင်းသည် ဆန့်ကျင်ဘက် လမ်းကြောင်းအတိုင်း လျှောက်သွားသောကြောင့် ထိုအရိပ်နှင့် ဘယ်တော့မှ မဆုံခဲ့ပေ။

ရိုးရိုးသားသားပြောရရင် ကျန်းနျန် နည်းနည်း ကြောက်သွားခဲ့သည်။

ဒါက စစ်တပ်အခြေစိုက်စခန်း ဖြစ်သော်လည်း၊ ရာဇဝတ်သားတွေ မရှိသင့်ဘူးဆိုသော်လည်း ထိုသူက ဘယ်သူလဲဆိုတာ သူမ လုံးဝ မသိခဲ့ပေ။ သူမ ပေါ့ပေါ့ဆဆ နောက်ယောင်ခံ လိုက်မိပြီး တစ်ခုခု ဖြစ်သွားပါက သူမ အခက်တွေ့လိမ့်မည်။

ထိုအချိန်တွင် ကျန်းနျန်သည် လုယွီ အမြန်ဆုံး ပြန်လာရန် ပြင်းပြသော ဆန္ဒရှိခဲ့သည်။

အိမ်မှာ ယောက်ျားတစ်ယောက် ရှိနေခြင်းက ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို များစွာ ပေးလိမ့်မည်။

All Chapters