← Chapters

အခန်း (၃၁)

Vol. 4 Ch. 31

အခန်း (၃၁)

Vol. 4 Ch. 31

"အိုး" ကျန်းနျန်သည် ဟန်ဆောင်ကာ တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး လုယွီထံမှ ခေါင်းကို လွှဲလိုက်သည်။ သူမသည် စိတ်ရှုပ်ထွေးမှုနှင့် ရှက်ရွံ့မှုများကြောင့် မျက်လုံးများကို မှိတ်ထားပြီး အတွင်းစိတ်မှနေ၍ အသံတိတ် အော်ဟစ်နေမိသည်။

သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ငွေများကို ဆုပ်ကိုင်ထားသော လက်တွင် ချွေးများ စို့လာသည်ကို ခံစားလိုက်ရသည်။

လုယွီ၏ အကြည့်သည် ကျန်းနျန်၏ အနည်းငယ် နီရဲနေသော နားရွက်များကို ကြည့်မိသွားပြီး သူ၏ မျက်လုံးနက်များ၏ ထောင့်စွန်းတွင် သေးငယ်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်နေသည်။

"ရေချိုးဖို့ ရေပြင်ထားပြီ" သူက ပြောရင်း ရေဇလုံကို ယူလာခဲ့သည်။

ကျန်းနျန်သည် ငွေနှင့် မှတ်စုအားလုံးကို သံဘူးထဲသို့ အမြန်ထိုးထည့်လိုက်ပြီး ရေဖျန်းသံနှင့် ခြေသံတို့ အိမ်မှ လုံးဝဝေးကွာသွားမှသာ သက်ပြင်းချနိုင်တော့သည်။

သူမ တံခါးပိတ်လိုက်ပြီး ယခုညတွင် ရေချိုးရန် ပုံမှန်မဟုတ်ဘဲ တုံ့ဆိုင်းနေသည်ကို ခံစားလိုက်ရသည်။

ရေအေးသွားချိန်မှသာ သူမ ကိုယ်ကို သုတ်ပြီး အဝတ်အစား ဝတ်ဆင်လိုက်သည်။ အခန်းအပြင်သို့ ထွက်လာသည်နှင့် လှုပ်ရှားမှုကို ကြားလိုက်ရသော လုယွီသည် အိမ်ထဲမှ ထွက်လာခဲ့သည်။ ကျန်းနျန် အဝတ်အစား သေသေချာချာ ဝတ်ဆင်ပြီးသည်ကို မြင်သောအခါ သူသည် တမင် ရည်ရွယ်ချက်ရှိရှိဖြင့် သူမ၏ အခန်းထဲသို့ ဝင်သွားပြီး ရေချိုးရေကို သွန်ပေးခဲ့သည်။

ကျန်းနျန်သည် အိမ်တွင် လုယွီရှိနေခြင်းသည် ကောင်းမွန်သည့် အရာဖြစ်ကြောင်း ပို၍ ခံစားလာရသည်။

လုယွီ မရှိသည့် နှစ်လတာကာလအတွင်း သူမသည် ညဘက် ရေချိုးရေ ကျိုရန်နှင့် ရေသွန်ရန်အတွက် အကြိမ်ကြိမ် အသွားအပြန် လုပ်ခဲ့ရပြီး ခြေထောက်ပင် နာလုနီးနီး ဖြစ်ခဲ့ရသည်။

ကျန်းနျန်သည် တံခါးပိတ်ပြီးနောက် သံဘူးထဲမှ ငွေများနှင့် မှတ်စုများကို ထုတ်ကာ တစ်ရွက်ချင်းစီအား သပ်သပ်ရပ်ရပ် စီလိုက်သည်။ သံဘူးကို သိမ်းပြီးနောက် သူမသည် ကုတင်ပေါ် လဲလျောင်းကာ မှောင်မိုက်သော ညကို ငေးကြည့်ရင်း သူမ၏ အနာဂတ်ကို စဉ်းစားနေမိသည်။ နောက်ဆုံးတွင် အတွေးများ မရေမရာ ဖြစ်သွားကာ အိပ်ပျော်သွားခဲ့သည်။

လုယွီ ရှိနေခြင်းကြောင့် ကျန်းနျန်သည် ယခင်ညများထက်ပင် ပိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ သူမ နိုးလာပြီး မျက်လုံးဖွင့်သောအခါ အပြင်ဘက်တွင် မိုးဖွဲဖွဲ ရွာနေပြီ ဖြစ်သည်။ ခြံဝန်းသည် ရွှံ့များဖြင့် ပြည့်နေပြီး မိုးရေစက်များသည် ရွှံ့ဖြစ်သည်အထိ ကျနေခဲ့သည်။

ဤသည်မှာ သူမ ရောက်ရှိလာပြီးနောက် ပထမဆုံး ကြုံတွေ့ရသော မိုးဖြစ်သည်။

ကျန်းနျန်သည် အိပ်ရာမှ ထ၊ အဝတ်အစား ဝတ်၊ အဝတ်ဖိနပ်စီးပြီး အိမ်ပြင်သို့ ထွက်လာခဲ့သည်။ သူမ လက်ကို ဆန့်ထုတ်ကာ မိုးစက်များ သူမပေါ် ကျရောက်စေပြီး အေးစက်မှုကို ခံစားရသည်။ မီးဖိုမှ ခြံတံခါးအထိ ခြေရာကြီးများ ရှိနေသည်။ ၎င်းတို့သည် လုယွီ တပ်ခွဲသို့ သွားစဉ်က ချန်ထားခဲ့သော ခြေရာများဖြစ်ကြောင်း သူမ စဉ်းစားစရာမလိုဘဲ သိလိုက်သည်။

သူမ၏ လက်ကို အမိုးနှင့်ထောက်ထားကာ မိုးရေထဲတွင် မီးဖိုချောင်သို့ ပြေးဝင်ပြီး အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ ဟင်းသီးဟင်းရွက်တစ်ပန်းကန်၊ ပေါက်စီနှစ်လုံးနှင့် ကြက်ဥဟင်းချို တစ်ပန်းကန်တို့ကို ပေါင်းအိုးထဲတွင် တွေ့လိုက်ရသည်။

ကျန်းနျန် - ....

လုယွီသည် သူမ၏ စားချင်စိတ်ကို အမှန်တကယ် လွန်ကဲစွာ ခန့်မှန်းထားသည်။

သူမ လုံးဝ မကုန်နိုင်ပါ။

ကျန်းနျန်သည် မျက်နှာသစ်၊ မနက်စာ စားပြီးနောက် အိုးခွက် ပန်းကန်များကို ဆေးကြောပြီး သူမ၏ အခန်းသို့ ပြန်ဝင်လာကာ သမဝါယမအရောင်းဆိုင်မှ ဝယ်ထားသော အဖြူရောင် အဝတ်အချို့ကို ရှာဖွေခဲ့သည်။ သူမသည် ၎င်းပေါ်တွင် ပုံစံများ ထိုးလုပ်ပြီး သူမနှင့် လုယွီ၏ အခန်းအတွက် လိုက်ကာ ပြုလုပ်ရန် ရည်ရွယ်ထားသည်။

ယခု အချိန်သည် ရာသီဥတု အေးလာပြီဖြစ်သောကြောင့် လိုက်ကာတစ်ခု ရှိလျှင် ကောင်းလိမ့်မည်။

သူမ တံခါးအပြင်ဘက်ရှိ ခုံတန်းပေါ် ထိုင်၊ အပ်ကို ကောက်ယူ၊ အပ်ချည်တုပ်၊ ပုံစံတစ်ခုကို စတင်ထိုးနေစဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။

"ကျန်းနျန်၊ အိမ်မှာလား။"

ကျန်းနျန်သည် အထည်၊ အပ်၊ အပ်ချည်တို့ကို ချထားပြီး မိုးရေထဲတွင် ထရပ်လျက် ခြံတံခါးဖွင့်လိုက်ရာ ဖန့်မိန်ကို တွေ့လိုက်ရသည်။ ဖန့်မိန်က ပြောသည်။ "မင်းအတွက် ဆားနယ်ထားတဲ့ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ် လာပို့တာ။"

သူမ စကားဆုံးသောအခါ သူမ၏ နဖူးကို လက်ဖြင့် ကာရင်း ပြောလိုက်သည်။ "ငါ့ အမေက ပြီးခဲ့တဲ့လက ပြောတယ်။ မိုးမရွာတာ သုံးလနီးပါး ရှိပြီမလို့ တကယ်လို့ မရွာရင် ရွာမှာ မိုးခေါင်ပြီတဲ့။"

ကျန်းနျန်သည် ပန်းကန်ကို ယူပြီး ပြုံးလျက် ပြောလိုက်သည်။ "အစ်မဖန့်၊ ခဏလောက် ဝင်ထိုင်ပါဦးလား။"

ဖန့်မိန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ငါ မထိုင်တော့ဘူး။ ကျန်တဲ့ ဂေါ်ဖီထုပ်တွေကို ပြန်ပြီး ဆားနယ်ရဦးမယ်။"

ထို့နောက် သူမ ထွက်သွားခဲ့သည်။

ကျန်းနျန်သည် ဆားနယ်ထားသော ဟင်းသီးဟင်းရွက်များကို မီးဖိုချောင်တွင် ထားပြီး အခန်းသို့ ပြန်ကာ လိုက်ကာဆွင် ချည်ဆက်ထိုးခဲ့သည်။ သူမသည် ပထမဆုံး သူမ၏ လိုက်ကာပေါ်တွင် ဇီးပန်းပုံကို ထိုးခဲ့သည်။

မိုးသည် ပိုသည်းထန်လာပြီး တစ်ညလုံး ဆက်ရွာမည့်ပုံ ပေါ်နေခဲ့သည်။

ကျန်းနျန်သည် နေ့လယ်စာ ချက်ပြုတ်ပြီး အတော်ကြာအောင် စောင့်ခဲ့သည်။ လုယွီသည် နေ့လယ်စာ စားချိန်ကုန်သည်အထိ ပြန်မရောက်လာသေးပေ။ သူမသည် မိုးရေထဲတွင် နံရံကို မှီကာ ဖန့်မိန်၏ ခြံဝန်းဘက်သို့ ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "အစ်မဖန့်၊ ခေါင်း‌ဆောင်စုန့် ပြန်ရောက်ပြီလား။"

ဖန့်မိန်သည် သူမ၏ အသံကို ကြားပြီး မီးဖိုချောင်မှ အမြန်ပြေးထွက်လာကာ အိုးအဖုံးကို ခေါင်းပေါ် အုပ်၍ မိုးကာခဲ့သည်။ "သူ ပြန်မလာသေးဘူး။ ဘေးရွာက တံတား ပြိုသွားပြန်ပြီ ထင်တယ်။ အဲဒါ အကူအညီပေးဖို့ သွားကြတယ်။"

ကျန်းနျန်သည် ဈေးသို့သွားရာလမ်းရှိ တံတားတစ်စင်းကို သတိရသွားသည်။ ၎င်းကို သစ်သားနှင့် ကျောက်တုံးများဖြင့် ဆောက်ထားသော်လည်း နှစ်ပေါင်းများစွာ ပြုပြင်ထားခြင်း မရှိပေ။ မိုးသည်းထန်စွာ ရွာတိုင်း တံတားက ပြိုကျတတ်ပြီး ပြန်လည်ပြုပြင်ရန် အချိန်ကြာမြင့်သည်။

ဤအရာကို သူမ စာအုပ်ထဲမှ သိထားတာဖြစ်သည်။ ၎င်းသည် အမျိုးသားဇာတ်လိုက်က ကယ်ဆယ်ရေးအတွက် နှစ်ရက်ကြာ သွားရောက်ကူညီနေချိန်တွင် အမျိုးသမီးဇာတ်လိုက်သည် စိတ်ပူပန်ပြီး မိုးစိုခံရသောကြောင့် အအေးမိသွားသည့် ဇာတ်ကွက် ဖြစ်သည်။

ထိုသို့ ဖြစ်ပျက်သွားခြင်းသည် ဇာတ်လမ်းကို ရှေ့ဆက်စေပြီး အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးကြား ဆက်ဆံရေးကို ပိုနီးကပ်စေခဲ့သည်။

ကျန်းနျန်သည် အိမ်ထဲသို့ အမြန်ပြန်ဝင်၊ သူမ၏ အဝတ်များပေါ်မှ ရေများကို ပဝါဖြင့် သုတ်ယူ၊ မီးဖိုချောင်တွင် ထမင်း အနည်းငယ် စားပြီး အိုးထဲတွင် ကျန်နေသော ထမင်းများကို နွေးထားခဲ့သည်။ သူမ မီးဖိုချောင်မှ ထွက်ရန် လှည့်လိုက်စဉ်တွင် နှာချေလိုက်မိသည်။

သူမ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် တောင့်တင်းသွားခဲ့သည်။

ကျန်းနျန်သည် ဇာတ်လမ်း၏ နောက်ထပ် အပိုင်းကို ရုတ်တရက် သတိရသွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စုန့်ရှန်းတုန်သည် ကျောင်းတွင် ပိတ်မိနေခဲ့သည်။ ကျောင်း၏ အခြေအနေမှာ ဆိုးရွားပြီး မိုးကြီးသောအခါ အမိုးများ ယိုစိမ့်သည်။

စုန့်ရှန်းတုန်သည် မိုးစိုခံရသောကြောင့် အဖျားကြီးပြီး တက်ခြင်း၊ ထို့အပြင် သူ၏ အအေးမိသည့် ချောင်းဆိုးခြင်းက ပြင်းထန် အဆုတ်ရောင်ခြင်း အဖြစ်သို့ ရောက်ရှိသွားသည်။

ခေါင်းဆောင်စုန့်သည် စစ်တပ်မှ ကားငှားကာ ဆေးရုံသို့ အလျင်အမြန် ခေါ်ဆောင်သွားသော်လည်း ခရိုင်ဆေးရုံတွင် ကန့်သတ်ချက်များ ရှိသဖြင့် မြို့တော်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရသည်။

ဤဖျားနာမှုကြောင့် စုန့်ရှန်းတုန်၏ ကျန်းမာရေးက ဆိုးရွားသွားခဲ့သည်။

ဤဇာတ်ကွက်များသည် အမျိုးသားဇာတ်လိုက်၏ ရှုထောင့်မှ ပြသထားခြင်း ဖြစ်သည်။ ထိုအချိန်က အမျိုးသားဇာတ်လိုက်သည် စုန့်ရှန်းတုန်ကို ဆေးရုံတွင် သွားရောက် ကြည့်ရှုခဲ့သေးသည်။

စုန့်ရှန်းတုန်သည် သူမအား သူ ရရှိထားသော ဆုကြေးငွေကို ပေးခဲ့ပုံ၊ "အဒေါ်" ဟု ခေါ်ကာ ရှက်ရွံ့စွာ ပြုံးခဲ့ပုံကို စဉ်းစားမိသောအခါ ကျန်းနျန် စိတ်ထဲတွင် နာကျင်မှု ခံစားရသည်။ ဤဖျားနာမှုသည် စုန့်ရှန်းတုန်၏ အသက်ကို မသတ်ခဲ့သော်လည်း သူ၏ ကျန်းမာရေးအပေါ်တွင် ရေရှည် ထိခိုက်မှု ရှိခဲ့သည်။

ကျန်းနျန်သည် တစ်ချက် တွန့်ဆုတ်သွားပြီးနောက် မိုးရေထဲတွင် ဖန့်မိန်၏ ခြံတံခါးကို ခေါက်လိုက်သည်။

ဖန့်မိန် ပြောလိုက်သည်။ "ဒီလောက် မိုးကြီးထဲ ဘာလို့ ထွက်လာရတာလဲ။"

ကျန်းနျန် ပြန်ဖြေလိုက်သည်။ "အစ်မဖန့်၊ ကျွန်မတို့ ရှန်းတုန်ကို ကျောင်းသွားကြိုကြမလား။ ရှန်းတုန်က သူတို့ကျောင်းခေါင်မိုး မခိုင်ဘူးလို့ ပြောဖူးတယ်။ ဒီမိုး ဘယ်လောက်ကြာကြာ ရွာမလဲ မသိဘူး။ ရှန်းတုန် မိုးစိုပြီး အအေးမိရင် ဒုက္ခရောက်မှာ။ ကလေးတွေ ဒုက္ခရောက်ရင် လူကြီးတွေလည်း စိတ်ပူရမယ်။"

ဖန့်မိန်သည် သူမ၏ သားအပေါ် ကျန်းနျန် စိုးရိမ်ပူပန်ပေးသည်ကို ကြားသောအခါ အတော်လေး စိတ်ထဲထိမိသွားသည်။

သူမ ပြုံးပြီး ပြောလိုက်သည်။ "ဘာမှ မဖြစ်ပါဘူး။ သက်ကြီးစုန့်နဲ့ ကယ်ဆယ်ရေးအဖွဲ့ ပြန်လာတဲ့အခါ ရှန်းတုန်ကို ခေါ်လာလိမ့်မယ်။"

ကျန်းနျန် ပြောလိုက်သည်။ "ဒီမိုးက ဒီညရပ်မယ် မထင်ဘူး၊ ပြီးတော့ အဲ့ဒီတံတားကလည်း အမြန် ပြင်လို့ရမဲ့ပုံ မပေါ်ဘူး။ ကျွန်မတို့ ရှန်းတုန်ကို အရင် ပြန်ခေါ်လာရအောင်။ ဒီလိုဆိုရင် ခေါင်းဆောင်စုန့်လည်း သူ့ကို စိတ်မပူရတော့ဘဲ ကယ်ဆယ်ရေး အလုပ်ကိုပဲ အာရုံစိုက်နိုင်လိမ့်မယ်။"

"ကောင်းပြီ၊ ကျွန်မ ထီးသွားယူပြီး ရှန်းဟုန်ကို အိမ်မှာ လိမ္မာအောင်နေဖို့ မှာထားခဲ့မယ်။"

ဖန့်မိန်သည် ကျန်းနျန်၏ မိုးစိုနေသော အဝတ်များကို တစ်ချက်ကြည့်ပြီးနောက် အိမ်ထဲသို့ အမြန်ပြန်ဝင်ကာ ခေတ်ဟောင်း ထီးတစ်လက် သွားယူခဲ့သည်။ သူတို့နှစ်ဦး မိုးရေထဲတွင် ဘေးရွာရှိ ကျောင်းဆီသို့ လမ်းလျှောက်သွားခဲ့ကြသည်။ လမ်းတွင် ဘေးရွာကျောင်းမှ ကလေးများကို သွားခေါ်နေသည့် အခြား စစ်သည်များ၏ ဇနီးသည်များနှင့် တွေ့ဆုံခဲ့ကြသည်။

သူတို့နှင့် စကားပြောပြီးနောက် ဖန့်မိန် သဘောပေါက်သွားသည်မှာ သူတို့အားလုံးသည် သူတို့၏ ကလေးများ ကျောင်းတွင် မိုးမိပြီး အအေးမိမည် သို့မဟုတ် မမျှော်လင့်ထားသော မတော်တဆမှုများ ဖြစ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ သူမသည် ကျန်းနျန်ကို ပို၍ပင် သဘောကျလာခဲ့သည်။

သူမသာ ငါ့ယောက်မဖြစ်လာနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။

သူတို့သည် တပ်ခွဲမှ သုံးမိုင်ခန့် လျှောက်သွားပြီးနောက် မိုးသည်းထန်စွာ ရွာနေသည့်ကြားမှ ကျူးကျွင်း ပြန်ပြေးလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

ဖန့်မိန် အော်မေးလိုက်သည်။ "ဘာလို့ ဒီလို ပြေးပြန်လာရတာလဲ။"

ကျူးကျွင်းသည် အသက်ရှူမဝဖြစ်နေပြီး သူ၏ချွေးများသည် မိုးရေနှင့် ရောနှောနေသည်။ သူသည် မျက်ခွံများမှ မိုးရေများကို သုတ်ပြီး ပြောလိုက်သည်။ "လုကျစ်ကျွင်း ခြေထောက် ကျိုးသွားတယ်။ အဲ့ကြောင့် ဆေးရုံပို့ဖို့ ကားငှားဖို့ တပ်ခွဲကို အမြန်ပြန်လာတာ။"

ဖန့်မိန် အံ့အားသင့်သွားသည်။ "ဘယ်လိုလုပ် ခြေထောက် ကျိုးသွားတာလဲ။ သူ ကျောင်းမှာ မဟုတ်ဘူးလား။ တပ်ရင်းဗိုလ်ကြီးလုကော ဘယ်မှာလဲ။"

ကျူးကျွင်းက ရှင်းပြလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလုက ကျောင်းခေါင်မိုး မလုံဘူးဆိုလို့ ကလေးတချို့ကို တပ်ထဲ အရင်ခေါ်သွားဖို့ ကျွန်တော့်ကို ပြောတယ်။ လုကျစ်ကျွင်းက လမ်းမှာ..."

သူ ခဏရပ်ပြီး အစ်မဖန့်၏ စိတ်ပူနေသော မျက်နှာကို ကြည့်ပြီး ဆက်ပြောခဲ့သည်။ "လုကျစ်ကျွင်းက စုန့်ရှန်းတုန်နဲ့ စကားများပြီး ကျွန်တော်က အဲ့ဒီတုန်းက တခြားကလေးကို ဆွဲနေတာမို့ မတားမိလိုက်ဘူး။ သူတို့နှစ်ယောက် တောင်စောင်းကနေ အတူတူ လိမ့်ကျသွားပြီး လုကျစ်ကျွင်းက ခြေထောက် ကျိုးသွားတယ်။"

ဤအကြောင်းကို ကြားသောအခါ ဖန့်မိန် ဒေါသတကြီး ပေါက်ကွဲသွားခဲ့သည်။ "ရှန်းတုန်ရော၊ အဆင်ပြေရဲ့လား။"

ကျူးကျွင်းက အလျင်အမြန် စိတ်ချစေခဲ့သည်။ "စိတ်မပူပါနဲ့ အစ်မဖန့်၊ ရှန်းတုန် အဆင်ပြေတယ်။ လက်မောင်းလေး နည်းနည်း ပွန်းသွားတာပဲ ရှိတယ်။ ဒါပေမဲ့ ဆေးရုံမှာ စစ်ဆေးတာ ပိုကောင်းတယ်။ အခု ကျွန်တော် သွားရတော့မယ်။ တပ်ရင်းဗိုလ်ကြီးလုက ဆေးရုံကို ကားမောင်းပို့ဖို့ ကျွန်တော့်ကို စောင့်နေတယ်။"

ထိုသို့ပြောပြီး သူ ပြေးထွက်သွားခဲ့သည်။

ဖန့်မိန်သည် ယခုအခါ အလွန်စိုးရိမ်ပူပန်နေပြီဖြစ်သည်။ သူမသည် ထီးကို ကျန်းနျန်အား လှမ်းပေးလိုက်ပြီး သူ့နောက်သို့ ပြေးလိုက်သွားခဲ့သည်။

ကျန်းနျန်လည်း သူမနောက်သို့ အမြန်လိုက်သွားပေမယ့် သူမ၏ စိတ်ထဲတွင် ကျူးကျွင်း ပြောသွားသည့် စကားများဖြင့် ပြည့်နှက်နေသည်။

လုယွီသည် အဘယ်ကြောင့် ကလေးများကို တပ်ခွဲသို့ ပြန်ခေါ်ခိုင်းရသနည်း။ စာအုပ်၏ ဇာတ်ကွက်အရ ဒီလိုမဖြစ်သင့်ဘူး။ သူမ ဝင်ရောက်စွက်ဖက်ခြင်းက ဇာတ်ကွက်တစ်ခုလုံးကို လမ်းချော်သွားစေတာလား။

တွေ့ဆုံသင့်သည့် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးသည် ယခုအခါ သူစိမ်းများ ဖြစ်နေသည်။

ကလေးများသည် ကျောင်းတွင် ရှိနေသင့်သော်လည်း လုယွီက ကျူးကျွင်းကို စောစီးစွာ ပြန်ခေါ်ခိုင်းလိုက်သည်။ စာအုပ်ထဲတွင် စုန့်ရှန်းတုန် မတော်တဆမှု ဖြစ်ခဲ့သော်လည်း ယခုအခါ လုကျစ်ကျွင်း ဖြစ်နေသည်။ ယခုတော့ အရာရာ ရှုပ်ထွေးသွားပြီပင်။

ကျန်းနျန်နှင့် ဖန့်မိန် အလျင်အမြန် ရောက်ရှိသွားသောအခါ သစ်ပင်အောက်တွင် လူအချို့ ရပ်နေသည်ကို တွေ့ရသည်။

တပ်ရင်းဗိုလ်ကြီးလုသည် ငိုနေသော လုကျစ်ကျွင်းအား ပွေ့ထားသည်။ လုကျစ်ကျွင်းက ဆက်ငိုနေပြီး စုန့်ရှန်းတုန်ကို အပြစ်တင်နေသည်။ စုန့်ရှန်းတုန်သည် ကလေးအချို့နှင့်အတူ ရပ်နေပြီး သူ၏ ညာဘက်လက်မောင်းက ပွန်းပဲ့ကာ တိတ်ဆိတ်နေကာ အလွန် စိတ်ထိခိုက်နေပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေပုံရသည်။

ဖန့်မိန် ပြေးသွားပြီး စုန့်ရှန်းတုန်ကို ရှေ့နောက် စစ်ဆေးကြည့်လိုက်သည်။ လက်မောင်း ပွန်းရုံသာ ဒဏ်ရာရသည်ကို တွေ့ရသောအခါမှ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ သူမသည် ဆက်ငိုနေသော လုကျစ်ကျွင်းကို လှည့်ကြည့်ပြီးနောက် မျက်နှာ တင်းမာနေသော တပ်ရင်းဗိုလ်ကြီးလုကို ကြည့်လိုက်ကာ နောက်ဆုံးတွင် စုန့်ရှန်းတုန်ကို မေးလိုက်သည်။ "ဘာဖြစ်တာလဲ။ ဘာလို့ ထပ်ရန်ဖြစ်ရတာလဲ။"

သစ်ပင်ကြီး၏ သိပ်သည်းသော အရွက်များက သူတို့ကို မိုးဒဏ်မှ ကာကွယ်ပေးထားသည့် သဘာဝ ထီးတစ်ခုသဖွယ် ဖြစ်နေသည်။

ကျန်းနျန်သည် လုကျစ်ကျွင်း၏ ခြေထောက်ကို ကြည့်ရာ ၎င်းသည် လှုပ်ရှားမှုမရှိဘဲ တွဲကျနေပြီး ကျူးကျွင်း ပြောသကဲ့သို့ ကျိုးသွားပုံရသည်။

သူမ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး စုန့်ရှန်းတုန်ကို ကြည့်လိုက်သည်။

စုန့်ရှန်းတုနသည်် ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။ လုကျစ်ကျွင်းကို ပွေ့ထားသော တပ်ရင်းဗိုလ်ကြီးလုက စကားစပြောခဲ့သည်။ "အစ်မဖန့်၊ ရှန်းတုန်ကို အပြစ်မတင်ပါနဲ့။ ဒါ ကျစ်ကျွင်းရဲ့ အမှားပဲ။ သူ ကိုယ့်ဒုက္ခကိုယ် ရှာတာ၊ ရှန်းတုန်နဲ့ မဆိုင်ဘူး။"

လုကျစ်ကျွင်းသည် ငိုရလွန်းလို့ ဘာမှ မပြောနိုင်တော့ဘဲ ကျယ်လောင်စွာသာ ငိုကြွေးနေခဲ့သည်။

သူသည် စိတ်ထိခိုက်မှုနှင့် ဒေါသကိုပါ ခံစားရသည်။ သူ့ခြေထောက် ကျိုးရခြင်းသည် စုန့်ရှန်းတုန်ကြောင့် ဖြစ်သည်မှာ ရှင်းနေပါလျက် အဘယ်ကြောင့် သူ့အဖေက အဒေါ်ဖန့်ကို မဆူခိုင်းရတာလဲ။

စုန့်ရှန်းတုန် ဆက်၍ခေါင်းငုံ့ထားခဲ့သည်။ ကျန်းနျန် သတိထားမိသည်မှာ သူသည် ကျောပိုးအိတ်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ ကျောပိုးအိတ်တွင် ရွှံ့ကွက်များ များစွာ ရှိနေပြီး စစ်ဝတ်စုံဝတ်ထားသော ကောင်လေး၏ မျက်နှာတွင်လည်း ရွှံ့တစ်ထပ် ပါနေသည်။ သူမ အနည်းငယ် မျက်မှောင်ကြုတ်ပြီး လုကျစ်ကျွင်းနှင့် စုန့်ရှန်းတုန် ရန်ဖြစ်ရခြင်း၏ အကြောင်းရင်းသည် ဤ ကျောပိုးအိတ်ကြောင့် ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

သူမ၏ ထင်မြင်ချက်ကို အနီးရှိ ကလေးသုံးဦးက အတည်ပြုပေးလိုက်သည်။

ကလေးတစ်ဦးက ပြောလိုက်သည်။ "အဒေါ်ဖန့်၊ လုကျစ်ကျွင်းက စုန့်ရှန်းတုန်ရဲ့ ကျောပိုးအိတ်ကို လိုချင်တာ။ ဒါပေမဲ့ စုန့်ရှန်းတုန်က မပေးဘူး။ အဲ့ဒါနဲ့ ရန်ဖြစ်ကြတာ။ ဦးလေးကျူးက အဲ့ဒီတုန်းက ကျွန်တော့်ကို တောင်စောင်းကနေ ချီပြီး ခေါ်နေတာမို့ မသတိထားမိလိုက်ဘူး။ သူတို့ နပန်းလုံးပြီး တောင်စောင်းကနေ လိမ့်ကျသွားတာကို ကျွန်တော်က ပထမဆုံး မြင်လိုက်တာ။"

လုကျစ်ကျွင်း ဤစကားကို ကြားသောအခါ မျက်လုံးပိတ်လျက် ပြောခဲ့သည်။ "မင်းတို့ လျှောက်ပြောနေတာ၊ ငါ ဘာမှ မခိုးဘူး။"

အခြားကလေးတစ်ဦးက ဒေါသတကြီး ပြန်ချေပခဲ့သည်။ "မင်း ခိုးတာပဲ။ ရန်ပေါင်းနဲ့ ငါလည်း မြင်တယ်။ မင်း စုန့်ရှန်းတုန်ရဲ့ ကျောပိုးအိတ်ပေါ်က ကောင်လေးကို ကြည့်နေတာ။ ကြည့်ပြီးတော့ လုယူဖို့ ကြိုးစားတယ်။ စုန့်ရှန်းတုန်က ငြင်းတော့ သူ့နဲ့ စပြီး ရန်ဖြစ်တာ။"

"ဟုတ်တယ်၊ ငါလည်း မြင်တယ်။"

အနီးနားတွင် ရပ်နေသော ကလေး လေး၊ငါးဦးလုံးက သဘောတူညီစွာ ပြောဆိုခဲ့ကြသည်။

လူတိုင်းက စုန့်ရှန်းတုန်ဘက်ကို ရပ်တည်သည်ကို မြင်သောအခါ လုကျစ်ကျွင်းသည် မျက်ရည်များဖြင့် အော်ဟစ်ကာ ဆူပူလေတော့သည်။ "မင်းတို့ အကုန်လုံး ငါ့ကို အနိုင်ကျင့်နေတာ။ ငါ ငါ့အမေကို ပြောမယ်...။"

"တော်လောက်ပြီ။"

လုကောရှန်၏ မျက်နှာသည် မည်းမှောင်သွားပြီး အထူးသဖြင့် သူ မျက်မှောင်ကြုတ်လိုက်သောအခါ ကြောက်စရာကောင်းသော အမူအရာ ဖြစ်လာကာ လုကျစ်ကျွင်း ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ သူသည် သူ့ကို ပွေ့ထားသော ဖခင်ကို ကြောက်ရွံ့စွာ ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ စကားတစ်ခွန်းမျှ ထပ်မပြောဝံ့တော့ချေ။

သူသည် သူ့မိခင်ကို မကြောက်သော်လည်း ဖခင်ကို အလွန်ကြောက်သည်။ သူ့ဖခင် ဒေါသထွက်ပါက တုတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက် အပြစ်ပေးနိုင်သည်။

ဖန့်မိန်သည် ထိုအခါမှ အဖြစ်အပျက် အပြည့်အစုံကို သိရှိလိုက်ရသည်။ အစက လုကျစ်ကျွင်းကို ဆူပူချင်သော်လည်း ကလေး ခြေထောက် ကျိုးနေသည်ကို သိသောအခါ ထိန်းချုပ်လိုက်သည်။ အဲ့အစား စုန့်ရှန်းတုန်၏ စိုနေသော ဆံပင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "သား အဆင်ပြေရင် ပြီးတာပဲ။ နောက်မှ ဦးလေးကျူး ရောက်လာတဲ့အခါ အမေ ဆေးရုံလိုက်ပို့ပြီး စစ်ဆေးပေးမယ်။"

သူမသည် သူမ၏ သားကို စစ်ဆေးရန် ငွေကုန်ခံလိုသော်လည်း ထိုသို့ ပြုလုပ်ရခြင်းကို စိတ်မသက်မသာ ဖြစ်သည်။ သို့သော် လုကျစ်ကျွင်းအတွက်တော့ တစ်ပြားတစ်ချပ်မှ မသုံးလိုပေ။ လုံးဝ မဖြစ်နိုင်ဘူး။

လုကျစ်ကျွင်းမှာ သူ့အမေလိုပင် သူများပစ္စည်းကို အမြဲတမ်း တပ်မက်နေသည်။ ဘယ်လောက် အရှက်မရှိလိုက်သလဲ။

စုန့်ရှန်းတုန်သည် သူ၏ မျက်ရည်များကို သုတ်ပြီး နာခံစွာ ခေါင်းညိတ်ခဲ့သည်။ "ဟုတ်ကဲ့။"

All Chapters