← Chapters

နှုတ်ဆက်ပါတယ်..သူငယ်ချင်း(၃)

Vol. 15 Ch. 213

နှုတ်ဆက်ပါတယ်..သူငယ်ချင်း(၃)

Vol. 15 Ch. 213

"ထန်မိသားစုက လူတွေ လာသွားကြတယ်..အိမ်တော်မှာ ပျက်စီးသွားတာတွေအတွက် သူတို့က တာဝန်ယူချင်လို့လို့ ပြောပြီးတောင်းပန်သွားတယ်"

"အာ"

ဂျိုဂု၏စကားကြောင့် ဂျိုဖြောက် မျက်ခုံးတစ်ချက်ပင် ပင့်တက်သွားလေသည်။

"အဖေ အံဩနေစရာ မလိုပါဘူး...ကြားရတာ ထူးဆန်းသလိုလိုတော့ ဖြစ်နေပေမယ့် ထန်မိသားစုက လူမှူရေးကောင်းကောင်းသိတဲ့ မိသားစုတစ်ခုပါ"

"အင်း"

"ခေါင်းဆောင်ကြီးကိုယ်တိုင်လာပြီး တောင်းပန်သွားတာပါ..""

"ဟင်"

ဂျိုဖြောက်ပိုကာ ပြူးကျယ်သွားလေသည်။

"ထန်မိသားစုဆိုတာက သူတို့မိသားစုနာမည်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကောင်းကောင်းသိတဲ့ လူတွေပါ...သူတို့လုပ်ရပ်တွေက မိသားစုနာမည်ကို ဘယ်လိုသက်ရောက်မလဲဆိုတာကိုလည်း သိတယ်..ဒါပေမယ့် အဲ့လိုမျိုးအတွက်နဲ့ ခေါင်းဆောင်ကြီးကိုယ်တိုင်ကိုယ်ကျ တောင်းပန်တာတော့ ငါမတွေ့ဖူးသေးဘူး"

"ဟုတ်ပါတယ်..မိသားစုကြီးတစ်ခုရဲ့ခေါင်ဆောင်အနေနဲ့ ဒီလိုမျိုးတောင်းပန်တာက မလုပ်လည်းရတဲ့ကိစ္စတစ်ခုပါ...ဒါပေမယ့် ခေါင်းဆောင်ကြီးက သူ့ရဲ့သိက္ခာကို ဘေးချိတ်ပြီးတော့ တောင်းပန်လိုက်ပါတယ်"

ဂျိုဖြောက် နားလည်သလို ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကြည့်ရတာ ဟွာဆန်းဂိုဏ်းသား ငါ့သားငယ်ကလည်း တော်ရုံလူတော့ မဟုတ်ဘူးထင်ပါရဲ့"

"..."

"ကြည့်ရတာ မိသားစုပြင်ပက သားရဲ့ပုံရိပ်ကလည်း ကြီးမားပုံရပါတယ်...ထန်ခေါင်းဆောင်ကြီးကတောင် အရေးတယူရှိတယ်လေ"

ဂျိုဂု ဖခင်ဖြစ်သူ၏စကားကို တိတ်တဆိတ်သာ နားထောင်နေလေသည်။ အင်းမလုပ် အဲ မလုပ် ထူးထွေလည်း ပြောမနေပေ။ ဂျိုဂု၏ မတုန်မလှုပ်အမူအရာကြောင့် ဂျိုဖြောက်က လေသံတိုးနှင့် မေးလာလေသည်။

"ငါ့သား...မင်း ဘယ်ချိန်အိမ်ပြန်လာမှာလဲ"

"အဖေ""

ဂျိုဂုက နှုတ်ခမ်းကိုက်လိုက်လေသည်။ ဤသည်က မပြောမပြီး ၊မတီးမမြည် ကိစ္စပင်။ တသက်လုံး ဤအတိုင်း မြွေမသေ ၊တုတ်မကျိုး လုပ်နေ၍မရပေ။ သူတစ်ခုခုကိုတော့ သေချာပေါက်ရွေးချယ်ရပေမည်။

"ကျွန်တော် ဟွာဆန်းကို ချစ်တယ်"

"ဒီမိသားစုထက်ကို ပိုပြီးတော့လား"

"အဲ့လိုတော့ မဟုတ်ပေမယ့်.."

ဂျိုဂု သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးမှ ပြန်ပြောလေသည်။

"ဒါက ကျွန်တော်ရွေးချယ်သင့်တဲ့ လမ်းကြောင်းလို့ပဲ ထင်တယ်"

"အင်း"

"ဒီမိသားစုအတွက် ကျွန်တော်တကယ်ဂုဏ်ယူပါတယ်..အဖေနဲ့အကိုကလည်း အရမ်းတော်ကြတယ်..ဒါပေမယ့် ဒီနေရာက ကျွန်တော်ရှိနေသင့်တဲ့နေရာလို့ မခံစားရဘူး"

ဂျိုဂု၏ စိတ်ပိုင်းဖြတ်ထားသောမျက်နှာကို မြင်ရသည့်အခါတွင်မူ ဂျိုဖြောက်က စတင်တုန်လှုပ်လာလေသည်။

"ကျွန်တော် တောင်းပန်ပါတယ်..အဖေ...တကယ်လို့ အသက်ဆက်ပြီး ရှင်သန်ခွင့်ရမယ်ဆိုရင် ဟွာဆန်းဂိုဏ်းသားဘဝနဲ့ပဲ ဆက်ပြီးရှင်သန်ချင်တယ်"

"ဂု.."

"ဟုတ်ကဲ့ပါ...အဖေ"

"အဖေ့ရဲ့ အိမ်မက်က ဘာလဲဆိုတာ သိလား"

"ကျွန်တော် မသိပါဘူး"

"အဖေ့ရဲ့အိမ်မက်က ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး..မင်းနဲ့မင်းအကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီရင်း အဖေတို့ ဘိုးဘေးတွေကတည်းကလုပ်ခဲ့တဲ့ လုပ်ငန်းကို ရှေ့ဆက်သွားတာလေး မြင်ချင်ရုံပါပဲ"

"...."

"ဒါက မင်းမွေးတကည်းက ရှိခဲ့တဲ့အဖေ့ရဲ့ အိမ်မက်ပဲ"

ဂျိုဖြောက်၏ ဝမ်းနည်းသံတိုးတိုးကြောင့် ဂျိုဂုခေါင်းငိုက်ကြသွားလေသည်။

"ဒါပေမယ့်လည်း"

"အခု အဖေ နားလည်လိုက်ပါပြီ..အဖေ့အိမ်မက်က သားအိမ်မက်မှ မဟုတ်တာ..မင်းမှာလည်းပဲ မင်းကိုယ်တိုင်ထားတဲ့ အိမ်မက်တစ်ခုရှိနေ‌မှာပေါ့..အဖေ မင်းကိုယ်တိုင် ဖန်တီးဖမ်းဆုပ်ထားတဲ့ အိမ်မက်ကို မဖျက်ဆီးတော့ပါဘူး"

"အဖေ"

"ချွန်းမြောင် ပြောခဲ့သလိုပါပဲ...အဖေက ‌အဖေဆိုပေမယ့် မင်းဘဝကိုတော့ စိတ်ကြိုက်ဆုပ်ကိုင်ထားလို့ မရပါဘူး..မင်းဘဝ မင်းအိမ်မက်ကို အရောင်တောက်လာအောင် ပံ့ပိုးပေးရမှာပါ..အဖေနားလည်ပါပြီ"

ဂျိုဖြောက်က ခပ်ဖွဖွပြုံးကာ သားဖြစ်သူ၏ပုခုံးကို ပုတ်ကာအားပေးလိုက်လေသည်။

"ငါ့သား..သန်မာအောင်နေပါ"

ခွင့်ပြုပေးလိုက်ပြီဖြစ်သော သူ၏ဖခင်ကြောင့် ဂျိုဂုဝမ်းနည်းတုန်လှုပ်လာလေသည်။

"ကျွန်တော် တောင်းပန်ပါတယ်..အဖေ"

ဂျိုဖြောက်ကမူ ထိုးတက်လာသော ဝမ်းနည်းစိတ်များကို ချောင်းဟန့်ကာသာ ဖြေဖျောက်လိုက်လေသည်။

"မိသားစုကိုလည်း မစိုးရိမ်ပါနဲ့...မင်းအကိုကြီး ရှိပါသေးတယ်..ပြီးတော့ မင်းကဟွာဆန်းအရိပ်အောက်မှာပဲ နေရင်တောင် ငါတို့ကမင်းကို အမြဲတမ်းကောင်းချီးပေးနေမှာပါ"

"ဟုတ်ကဲ့..ကျွန်တော် ဒါကို စိတ်ထဲမှာ မှတ်သားထားပါ့မယ်"

"ယန်နန်က တော်တော်လေး ကြောက်စရာကောင်းတဲ့နေရာပဲ"

"ဟုတ်ကဲ့"

"ဒါပေမယ့် ထန်အိမ်မှာဖြစ်ခဲ့တာတွေကို ကြည့်ပြီးတော့ မင်းတို့အရည်အချင်းကိုတော့ အဖေယုံကြည်သွားပါပြီ...ဒါပေမယ့်လည်း ဘယ်မိဘကမှ သားသမီးကို အန္တာရာယ်တောထဲ လွှတ်ချင်ကြတာမှ မဟုတ်တာ..ငါ့သားအန္တာရာယ်ကင်းကင်းသွားပြီး ပြန်လာခဲ့ပါ"

"ဟုတ်ကဲ့ပါ..အဖေ"

ဂျိုဂု ဂျိုဖြောက်လက်တင်ထားသည့်နေရာမှ နွေးထွေးမှုနှင့် အားအင်များစီးဝင်လာသကဲ့သို့ ခံစားရလေသည်။

"ဒီလူတွေလား"

ငြိမ်းချမ်းရေးကုန်သည်အဖွဲ့၏တာဝန်ခံဖြစ်သူကွမ်ဂန်းက ဘတ်ချုန်းတို့တသိုက်ကို ကြည့်ကာ မေးလာလေသည်။

"ဟုတ်ပါတယ်"

"ဒီလူတွေက ခေါင်းဆောင်ကြီးကိုယ်တိုင် ဂရုစိုက်ပေးဖို့ တောင်းဆိုထားတာဆိုတော့ အဆင်မပြေတာမျိုး မဖြစ်ရအောင် ဂရုစိုက်လိုက်ပါ့မယ်"

" ကျေးဇူးပါ"

ကွမ်ဂန်း က ထန်ဂန်းကို ကြည့်ကာ တီးတိုးပြောလာလေသည်။

"ဒါပေမယ့် ဒီလူတွေကို ယန်နန်ခေါ်သွားရတာ ကျွန်တော်တို့အတွက်တော့ အတော်လေး မလွယ်တဲ့ကိစ္စပါ...ဝန်အတော်ကြီးပါတယ်"

"ဒါဆိုလည်း မင်းကိုပဲ ဆက်ပြီးဒုက္ခပေးရတော့မှာပါပဲ"

"ဘယ်လိုများ ပြောလိုက်တာလဲ ခေါင်းဆောင်ကြီးရဲ့ ဒီကိစ္စက မလွယ်ကူရင်တောင် ခေါင်းဆောင်ကြီးရဲ့ ဆန္ဒကို ကူညီဖြည့်ဆည်းပေးရတာမို့ ကျွန်တော်တို့က ကျေနပ်ပါပြီ.ခေါင်းဆောင်ကြီးကလည်း အခါအခွင့်သင့်ရင် ကျွန်တော်တို့ကို စောင့်ရှောက်ပါဦး"

"ဒါပေါ့..သေချာပေါက် စောင့်ရှောက်ရမှာပေါ့"

"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီး"

ကွမ်ဂန်း က ထန်ဂန်းကို အကြိမ်ကြိမ် ဦးညွတ်အရိုအသေပေးလိုက်ပြီး ဘတ်ချုန်းတို့ဘက်သို့ ပြန်လှည့်သွားလေတော့သည်။

"တကယ်လို့ အခုခရီးစဉ်နဲ့ ပတ်သက်ပြီး အဆင်မပြေတာရှိရင် ပြောပါ...ပြီးတော့ သွားဖို့အဆင်သင့်ဖြစ်ပြီဆိုရင်လည်း ပြောပါ"

"ဟုတ်ကဲ့"

ကွမ်ဂန်းက သူ့နေရာသို့ သူပြန်သွားသည်နှင့် ဘတ်ချုန်းက ထန်ဂန်းကို ကြည့်လာလေသည်။

"ကျွန်တော်တို့ကို အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဟွာဆန်းက ထန်မိသားစုအတွက် လုပ်ပေးခဲ့တာနဲ့ယှဉ်ရင် ဒါက ဘာမှမဟုတ်ပါဘူး..ယန်နန်ဆိုတာက ဝင်ခွင့်ပိတ်ထားတဲ့နေရာမို့ ဂရုစိုက်ပြီးသွားပါ"

"ခေါင်းဆောင်ကြီး မှာတဲ့အတိုင်း သေချာလေးဂရုစိုက်လိုက်ပါ့မယ်"

ဘတ်ချုန်းက အာမခံနေသော်လည်း ထန်ဂန်းကမူ စိတ်မချစွာပင် ထပ်ကာမှာကြားနေလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ယန်နန်က နန်မန်သားရဲနန်းတော်ရဲ့ လက်အောက်မှာရှိတယ်ဆိုတာ သတိကပ်ထားပါ..ပြီးတော့ သူတို့တွေက ပြည်မကြီးကလူတွေကို ခါးခါးသီးသီး မုန်းတီးပြီး ဝင်ခွင့်ပိတ်ထားတာမို့ ယန်နန်က တစ်ခုခုကို လိုချင်ရင် ပြဿနာမဖြစ်တာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်"

"ဟုတ်ကဲ့...ကျွန်တော် မှတ်သားထားပါ့မယ်"

ဘတ်ချုန်းက ထန်ဂန်းကို အရိုအသေပေးကာ ပြောလိုက်လေ၏။

"နောက်ထပ်ပြန်တွေ့ကြတဲ့အချိန်ကျရင်လည်း ဒီလိုပြုံးပြုံးရွှင်ရွှင်ပဲ တွေ့ရဖို့ မျှော်လင့်ပါတယ်"

ထန်ဂန်းစကားဆုံးသည်နှင့် ထန်ဆိုဆိုက နောက်ကထွက်လာလေပြီး ပြုံးပြကာပြောလေသည်။

"တာတာ့...ငါကလည်း ဟွာဆန်းကို ဝင်မှာဆိုတော့ နောက်ထပ်ပြန်တွေ့ကြတာပေါ့"

ထန်ဆိုဆို၏ နှုတ်ဆက်စကားကြောင့် ချွန်းမြောင်က သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။ ခေါင်းဆောင်ကြီးက သူ၏ချစ်လှစွာသောသမီးကို အမှန်ပင်ပို့တော့မည့်ပုံပင်။

ထန်ဆိုဆိုကမူ ချွန်းမြောင်ဖြစ်ပျက်နေသည်ကို မြင်သွားသည်မို့ မျက်မှောင်ကြုတ်ကာ ပြောလာလေသည်။

"အဲ့ရုပ်ကြီး လုပ်မနေနဲ့...နောက်ဆို တစ်ဂို‌ဏ်းတည်းသားတွေ ဖြစ်တော့မှာကို..ဘာလဲ...ရုပ်က"

ဘတ်ချုန်းကလည်း ပြူံးပြုံးရွှင်ရွှင်ပင် ထောက်ခံလာလေသည်။

"ဒီလိုဆိုမှတော့ ရှေ့လျောက်ကောင်းကောင်းမွန်မွန်ပဲ နေကြတာပေါ့"

"အင်း..အခုလည်း အားလုံးကံကောင်းကြပါစေနော်"

"ဆိုဆို"

ထန်ဆိုဆိုက စကားဆက်ချင်ပုံရသေးသော်လည်း ထန်ဂန်းက ဖြတ်ကာ ခေါ်လာလေသည်။

"ဟုတ်ကဲ့..ဖေဖေ"

"သမီးက ဟွာဆန်းဂိုဏ်းထဲကို တကယ်ဝင်တော့မှာဆိုရင် ထန်မိသားစုကလူဆိုတာကြီးကို မေ့ထားရတော့မှာနော်"

"ဟုတ်ကဲ့..ဖေဖေ...သမီးသိပါတယ်"

"သိပါတယ်တဲ့လား...ငါ့သမီးလေး ဒီလိုရင့်ရင့်ကျက်ကျက် ဘယ်ကတည်းကတွေးတတ်သွားတာပါလိမ့်"

"...."

"မင်းက ဟွာဆန်းကို ထန်မိသားစုဝင်အနေနဲ့သွားမှာလား..ဟွာဆန်းဂိုဏ်းသူအနေနဲ့ သွားမှာလား"

ထိုစကားကြောင့် ထန်ဆိုဆို၏ မျက်ခုံးများ ထောင်တက်သွားလေသည်။

"ကျွန်မက ဟွာဆန်းရဲ့ ဆေးပညာကို တိုးတက်အောင် လုပ်ပေးမယ့် သူပါ..ဒီနေရာကထွက်ပြီး ဟွာဆန်းကို ခြေချလိုက်ပြီဆိုတာနဲ့ ကျွန်မက ဟွာဆန်းဂိုဏ်းသူ ဖြစ်သွားပါပြီ..ဟွာဆန်းရဲ့ သိုင်းပညာကို သေချာသင်ယူပြီး ဟွာဆန်းအကျိုးကို ဆောင်ရွက်သွားမှာပါ"

ထန်ဆိုဆို၏ အဖြေကို ဘတ်ချုန်းက ကျေနပ်သွားလေပြီး ယုရီဆိုကလည်း ပြုံးသွားလေသည်။

ညီအမကောင်းတွေ ဖြစ်ကြပြီပေါ..ငါတို့က..

ချွန်းမြောင်ကမူ ထန်ဂန်း၏ သမီးဖြစ်သူအား အဖြစ်သည်းပုံအား ကြည့်ကာ ပြုံးလိုက်လေသည်။ အဖေတစ်ယောက်၏ အကဲပိုမှုကို သူမပြုံးဘဲ မနေနိုင်ပေ။

သို့သော်လည်း ထန်မိသားစုတွင် မည်မျှဥထားစေကာမူ ဟွာဆန်းသို့ရောက်သောအခါတွင်မူ လေ့ကျင့်ရေးများအလိုက် ခွေးလိုနွားလို ရုန်းရမည်ပင်။ အိမ်တော်သခင်လေး ဂျိုဂုပင်လျှင် ကျွဲတစ်ကောင်လိုရုန်းကာ အလှမနေရပေ။ ထို့နည်းတူ ထန်ဆိုဆိုလည်း နေရမည် မဟုတ်ပေ။ အနာခံမှ အသာစံရမည်မို့ ဟွာဆန်းသို့ရောက်သည်နှင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ရမည်ပင် ဖြစ်လေသည်။ မည်သူမည်ဝါဟူ၍ အခွင့်ထူးခံရမည် မဟုတ်ပေ။

ချွန်းမြောင်၏ အကြံဆိုးကြီးကို မသိသော ထန်ဂန်းကမူ ဘတ်ချုန်းကို လှမ်းကာ စကားပြောလိုက်လေသည်။

"မင်းတို့ သွားတာနဲ့ ကျုပ်တို့လည်း ဟွာဆန်းကို သွားပါတော့မယ်..ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို သေချာလေးလည်း ပြောပြ..ဆိုဆိုကိုလည်း သေချာလေး အပ်နှံထားခဲ့ချင်လို့"

"ဂိုဏ်းချုပ်က ခေါင်းဆောင်ကြီးကို နွေးနွေးထွေးထွေး ကြိုဆိုမှာပါ"

ဘတ်ချုန်း၏စကားကို ချွန်းမြောင်ကလည်း ထောက်ခံခေါင်းငြိမ့်လေသည်။

"ဒါဆို ခေါင်းဆောင်ကြီးတို့က ဒီကို ဘယ်အချိန်မှ ပြန်ရောက်မှာလဲ..ကျွန်တော်တို့ ပြန်ရောက်တဲ့အချိန်ကျရှိပါ့မလား"

"အင်း...ခရီးက ဝေးတယ်ဆိုရင်တောင် မင်းတို့ရှန်းရှီကို သွားရတာက ယန်နန်ကို သွားရတာလောက်တော့ ဝေးမယ်မထင်ပါဘူး..ငါ့အထင်ပြောရရင်တော့ မင်းတို့ခရီးက ငါတို့ထက် ပိုကြာလောက်တယ်..ထင်သလောက် မနီးဘူး"

"အာ...အဲ့လိုလား"

ချွန်းမြောင်က တွေးတွေးဆဆပြောရင်း သူ၏ဆရာတူအကိုကြီးများကို ကြည့်လိုက်လေသည်။

"ခရီးက ရှည်တော့လည်း တမျိူးကောင်းပါတယ်..လုပ်စရာတွေ အများကြီးလုပ်လို့ ရတာပေါ့"

ချွန်းမြောင်၏ ထိုစကားကြောင့် ဟွာဆန်းဂိုဏ်းသားများက တုန်လှုပ်သွားကြလေသည်။

သောက်ကျိုးနည်း...ဇာတ်လမ်းက စလာပြန်ပြီလား..

ငါတို့ သင်စရာက မကုန်နိုင်သေးဘူးလား..

လမ်းတစ်လျှောက်သာ သင်ရလို့ကတော့...သေပါပြီ

အဖေ့ဆီပြန်ပြီး မိသားစုလုပ်ငန်းပဲ ပြန်ဝင်လုပ်လိုက်တာက ကောင်းမလား မသိဘူး.

အားလုံးက စီချွမ်းမရောက်ခင်နေ့ရက်များကို သတိရသွားကြကာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြလေသည်။

ထန်ဂန်းကမူ သတိမမူမိပေ။ မှာချင်သည့်အရာက ရှိနေသည်မို့ အရိပ်အခြေကြည့်ကာ ချွန်းမြောင်နားသို့ ကပ်လာလေသည်။

"ငါ မင်းကိုပေးလိုက်တဲ့ဟာကို လက်လွတ်စပယ် မသုံးနဲ့နော်..ကြားလား"

"သိပါတယ်...ကျွန်တော် ကလေးမဟုတ်ပါဘူး"

သိတယ်..မင်းမို့လို့ကို စိုးရိမ်နေတာ..

ချွန်းမြောင်၏ တက်တက်ကြွကြွ အာမခံသံကြောင့် ထန်ဂန်း ပြောချင်သည့်အရာများကို စိတ်ထဲမှသာ ကြိတ်ပြောလိုက်လေပြီး သက်ပြင်းမောကြီးကို ချလိုက်လေသည်။

"ဒါဆို ကျွန်တော်တို့ သွားပါတော့မယ်"

ဘတ်ချုန်းက ထန်ဂန်းကို အရိုအသေပေးကာ ပြောလာလေသည်။

"ကျွန်တော်တို့ကို ကောင်းကောင်းကြီးကို ဧည့်ဝတ်ကျေခဲ့ပါတယ်..ဒါကြောင့် အပြန်လမ်းကျရင်လည်း ထပ်ပြီး ဝင်ပါဦးမယ်"

"မင်းတို့က အပြန်ကျရင်လည်း ထပ်ဝင်ဦးမှာ ..ဟုတ်လား"

"ဟုတ်ပါတယ်"

ထန်ဂန်း စကားပင် မပြောနိုင်တော့ပေ။ သွေးတက်လာသလို ခံစားရ၍ မျက်စိသာမှိတ်ထားလိုက်လေတော့သည်။

"ခေါင်းဆောင်ကြီး ...ကျွန်တော်တို့ သွားပါပြီ"

"ခေါင်းဆောင်ကြီးလည်း ဂရုစိုက်ပါ"

ဘတ်ချုန်းက လေများနေသည့် ချွန်းမြောင်ကို ဆွဲကာခေါ်လာခဲ့ပြီး ပြောလေသည်။

"မင်းလည်း လေများမနေနဲ့တော့..ငါတို့လည်း ဒီမှာကြာနေပြီ...သွားကြမယ်"

"နောက်မှ တွေ့မယ်ဗျို့"

ချွန်းမြောင်က လက်ကိုယမ်းကာ နှုတ်ဆက်လိုက်သည်ကို မြင်သည်နှင့် ထန်ဆိုဆိုကလည်း ရှေ့သို့ခုန်ထွက်လာကာ ယုရီဆိုးကို အော်ပြောလာလေသည်။

"ဟေ့...နင်..နင်"

ထန်ဆိုဆို၏ခေါ်သံကြောင့် ယုရီဆိုးက လှည့်ကာကြည့်လာလေသည်။

ယုရီဆိုးက ထန်ဆိုဆိုအား ပြောစရာထွေထူးရှိဟန်မပေါ်ပုံနှင့် တစ်ခုသာမေးလေသည်။

"နင်နောင်တရတာရှိလား"

"အင်း..."

ယုရီဆိုးက ထန်ဆိုဆိုအား နားလည်သလိုပင် ခေါင်းငြိမ့်ပြပြီးမှ ဆက်ပြောလာလေသည်။

"နောင်တတွေကို ဟွာဆန်းမှာ ဆေးကြောလိုက်"

"အင်း"

ထိုစကားဆုံးသည်နှင့် ယုရီဆိုးက ပြောစရာကုန်သွားသည့်နှယ် ပြန်လှည့်သွားလေတော့သည်။ ဘတ်ချုန်းကမူ ခပ်ပြုံးပြုံးပင် ကြည့်နေလေသည်။

"တတိယတပည့်ထဲမှာ မိန်းကလေးတပည့်မရှိလို့ အလိုမကျဖြစ်နေတာ အခုတော့အဆင်ပြေသွားပြီမို့လား.အငယ်ဆုံးလေးတစ်ယောက် ရောက်လာပြီဆိုတော့"

"စိတ်မဝင်စားပါဘူး..ရောက်ရောက်မရောက်ရောက်"

"ဒါနဲ့ သူကထန်မိသားစုကဆိုတော့ ကိုင်တွယ်ရတာတော့ လွယ်ကူမယ်မထင်ဘူးနော်"

ဘတ်ချုန်း၏စကားကြောင့် ယုရီဆိုးက လှည့်ကြည့်လာလေသည်။

"ဟမ်..အဲ့လို ဖြစ်စရာအကြောင်းရှိလို့လား"

"ဘယ်လိုပဲဖြစ်ဖြစ် ချွန်းမြောင်ကတော့ ပျော်နိုင်မယ် မထင်တော့ဘူး"

"သူ့ထက် ပိုပြီးကလေး‌ဆန်တဲ့သူ ပေါ်လာပြီဆိုတော့လေ"

"ဟမ်.."

"ဟွာဆန်းမှာ အားလုံးက တန်းတူညီမျှပဲလေ..နောက်ထပ်ပြန်တွေ့ရတဲ့အချိန်မှာ သူအပိုးမကျိုးသေးရင် ချွန်းမြောင်ကတော့ လွတ်ထားမယ် မထင်မိဘူး"

"...."

ဘတ်ချုန်းက ထိုစကားကြောင့် ချွေးစေးများ ထွက်လာလေသည်။

သူတို့က ထန်မိသားစုရဲ့ သမီးကို တကယ်ကြီး အဲ့လိုလုပ်ဖို့ တွေးနေတာလား..

အင်းလေ...ပြောတာလည်း ဟုတ်ပါတယ်..

ချွန်းမြောင်က အဲ့လိုလူပဲကို..နည်းပြကိုတောင် အလွတ်ပေးတဲ့ ကောင် မဟုတ်ဘူး...

"ပြောရရင်တော့ အခုက အချိန်တွေ ရှိပါသေးတယ်..ဟွာဆန်းကို ဝင်ရင်တော့ ဟွာဆန်းရဲ့စည်းကမ်းတွေကို လိုက်နာရမှာပေါ့...မဟုတ်ရင်တော့"

"ချွန်းမြောင် ဘာမှမလုပ်ခင် ကျွန်မကပဲ သူ့ခေါင်းကို ဖြုတ်ပေးလိုက်မယ်"

"..."

ယုရီဆိုး၏ ပြတ်ပြတ်သားသား ကြိမ်းဝါးသံကြောင့် ဘတ်ချုန်း ခေါင်းကြီးသွားလေသည်။

ကျေးဇူးပြုပြီး ထန်ဆိုဆိုက သူ့အသိတရားနဲ့သူ လုပ်ပါစေ...

"သူတို့တွေ သွားကြပါပြီ"

"သွားကြပြီပေါ့"

ထန်ဂန်းသက်ပြင်းချကာ ထွက်သွားကြသော လူစုကို ကြည့်လိုက်လေသည်။

"သူတို့ရောက်လာတာ ထန်မိသားစုကို မုန်တိုင်းဝင်သွားတဲ့အတိုင်းပဲ"

"ပြည်မကြီးထဲမှာလည်း လူတိုင်းက သူတို့လိုမျိုးပဲလား"

"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"

"ငါတို့တွေ အခုချိန်မှာ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ထားရမယ်..သူတို့က ပြည်မကြီးထဲကိုလည်း မုန်တိုင်းလိုပဲ မွှေကြဦးမှာ သေချာပေါက်ပဲ"

ချွန်းမြောင် ရှိနေသမျှ ဟွာဆန်းက ငြိမ်ချမ်းမနေဆိုသည်ကို ထန်ဂန်း ကောင်းကောင်းကြီးသဘောပေါက်လေသည်။ ဤကလေးက စွမ်းသလောက် မွှေမည့်သဘောရှိသူ ဖြစ်လေသည်။ ဟွာဆန်းသည် တိုးတက်မှုနှင့်အမျှ ဂယက်ထနေမည်ကလည်း အမှန်ပင် ဖြစ်လေသည်။

"သမီး ..အခု သမီးပုခုံးပေါ်မှာ ဝန်ထုပ်တစ်ခု ရှိသွားပြီ"

"မစိုးရိမ်ပါနဲ့...သမီး အကောင်းဆုံး ကြိုးစားပါ့မယ်..ဖေဖေ"

ထန်ဂန်းက ပြုံးကာ ခေါင်းငြိမ့်ပြလေ၏။

"ဒါဆို အခုပဲသွားပြီး ကြည့်လိုက်ရအောင်"

"ဟင်...ဘာကိုလဲ"

"ဟွာဆန်းက လူတွေက ဘယ်လိုလူတွေလဲဆိုတာကိုလေ"

"ဟုတ်..အခုပဲ သွားလိုက်ကြရအောင်ပါ..ဖေဖေ"

ထန်ဂန်းနှင့် ထန်ဆိုဆိုက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြလေသည်။ ထန်ဂန်းကမူ လှည်းပေါ်တက်လိုက်ပြီးကာမှ သံယောဇဉ်မပြတ်စွာပင် နောက်သို့ပြန်လှည့်ကြည့်လိုက်ပြီး တိုးတိုးရေရွတ်လိုက်လေသည်။

"နှုတ်ဆက်ပါတယ်...သူငယ်ချင်း..."

သူငယ်ချင်း...

ဤသည်က သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူတစ်ပါးအား မိတ်ဆွေခေါ်ဖူးခြင်းပင် ဖြစ်လေတော့သည်

All Chapters