← Chapters

နှုတ်ဆက်တယ်နော် သူငယ်ချင်းတို့ (၄)

Vol. 15 Ch. 214

နှုတ်ဆက်တယ်နော် သူငယ်ချင်းတို့ (၄)

Vol. 15 Ch. 214

“အမ်…မင်းက ငါ့ကို ဒါတွေ ဝတ်စေချင်နေတာလား…”

“ဟုတ်တယ်လေ..”

ဘတ်ချုန်းက မျက်မှောင်ကြုတ်ကာ သူ့ရှေ့က အဝတ်အစားများကို ကြည့်လိုက်သည်။

“ဒါက…ကုန်သည်အဖွဲ့ရဲ့ အဝတ်အစားတွေမလား”

“ဟုတ်တယ်…ကုန်သည် အဖွဲ့ရဲ့အဝတ်အစားတွေ ”

“ ဒါဆို ငါတို့က ဘာလို့ ဒီလိုဝတ်ရမှာလဲ ”

“အို… သူရဲကောင်းကြီးရေ…ကျွန်တော်တို့သွားမယ့်နေရာက ယန်နန်ပြည်နယ်ပါခင်ဗျ…မင်းအခုဝတ်ထားတဲ့ အဝတ်အစားတွေပဲ ဝတ်ပြီး ယန်နန်ထဲကိုဝင်ရင် အကြီးအကျယ် ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်မှာပေါ့…ပြဿနာမရှာဘဲ တိတ်တိတ်ဆိတ်ဆိတ် ဝင်ရမှာလေ…”

“အာ …ငါ သိပြီ”

ဘတ်ချုန်းက ခေါင်းညိတ်ပြလိုက်သည်။

‘ပထမတော့ ချွန်းမြောင်ကို အယုံသွင်းရမှာပေါ့…’

“ဘာလဲ…”

“…”

ဘတ်ချုန်းသည် ဂိုဏ်းဝတ်စုံကို လဲလိုက်ပြီဖြစ်သော ချွန်းမြောင်ကို မြင်ရသောအခါ တုန်လှုပ်သွားလေသည်။

“မင်းက အဲ့ဒါ ဝတ်မှာလား”

“ဟုတ်တယ်လေ…ဘာလို့လဲ ”

“ဘာမှမဖြစ်ပါဘူး…ငါက မင်း မဝတ်လောက်ဘူးလို့ ထင်မိလို့ ”

ဟွာဆန်း၏ ဇီးပန်းပွင့်ပုံ ထွင်းထားသော ၀တ်ရုံက သူ့လက်ထဲတွင် ရှိနေသည်။ချွန်းမြောင်သည် အခြားသူများအပေါ် လေးစားမှု ရှိချင်မှရှိမည်။သို့သော် ဟွာဆန်းအပေါ် တွင် သူ၏ လေးစားမှုသည် အမြဲပြည့်လျှံနေခဲ့သည်။ထို့ကြောင့် ဘတ်ချုန်းသည် ချွန်းမြောင်ကို သူ့အဝတ်အစားများအား အတင်းလဲခိုင်းရမည်ဟု ထင်ခဲ့မိသည်။

“ဘာဖြစ်လို့လဲ… ”

“ဘာမှ မဟုတ်ပါဘူး အဲဒီအဝတ်အစားတွေက…”

“ဒါလား…”

ချွန်းမြောင်သည် ဟွာဆန်း၏ ၀တ်ရုံများကို အိတ်ထဲသို့ ထိုးထည့်လိုက်လေသည်။

“အဝတ်အစားဆိုတာ အဝတ်အစားပဲလေ…”

“…”

“ကျွတ်စ်… အဝတ်အစားလဲလိုက်တော့ ယန်နန်ကိုသွားရအောင်”

“…အမ်း”

ဘတ်ချုန်းသည် ကုန်သည်အဖွဲ့ဆီမှ ဝတ်စုံများကို ယူလာခဲ့သည်။ထို့နောက် ဟွာဆန်း၏တပည့်များအားလုံးကို တစ်နေရာတည်းတွင် စုစည်းလိုက်၏။သူတို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

ဟွာဆန်း၏တူညီဝတ်စုံ ဝတ်ဆင်ထားမှု့ကို နေ့တိုင်းမြင်တွေ့နေခဲ့ရသဖြင့် အထမ်းသမားများအဖြစ် မြင်တွေ့လိုက်ရတော့ အားလုံး၏အမြင်တွင် ကိုးရိုးကားရားဖြစ်နေပေသည်။

“ဒါက ဂျိုဂုအတွက် စိတ်ကြိုက်လုပ်ပေးထားတာ မဟုတ်ဘူးလား…”

“ကွမ် ထင်တဲ့အတိုင်းပဲ..ဝတ်ထားတဲ့လူက လူယုတ်မာဆိုတော့ လုံးဝလိုက်ဖက်နေရောပဲ”

“ငါ့…ငါ့ကို မရယ်နဲ့… ”

ဂျိုဂု၏မျက်နှာမှာ နီမြန်းနေလေသည်။

ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်ဖြစ်သော ကွမ်ဂန်းသည် သူတို့အနားသို့ ချဉ်းကပ်လာ၍ မေတ္တာရပ်ခံလေသည်။

“မင်းတို့သိတဲ့အတိုင်းပဲ ယန်နန်က အန္တာရယ်များတဲ့နေရာလေ…ခွင့်ပြုထားတဲ့လူတွေကလွဲရင် တခြားဘယ်သူ့နဲ့မှ တွဲမသွားရဘူး…”

“ဟုတ်ကဲ့ပါ ခေါင်းဆောင် ”

“ဒါဆို မင်းတို့ရဲ့သရုပ်မှန်ကို ပေါ်သွားစေနိုင်တာ တစ်ခုမှ မလုပ်ဖို့ ငါ အလေးအနက် တောင်းဆိုမယ်နော် ကျေးဇူးပြုပြီး… ငါထပ်ပြောမယ်နော် ကျေးဇူးပြုပြီး…”

ခေါင်းဆောင်က သူတို့ကို အကြိမ်ကြိမ် တောင်းဆိုနေသည်ကို မြင်ရသောအခါ စပ်စုချင်နေသည့် ဘတ်ချုန်းက မေးလေသည်။

“ယန်နန်ပြည်က တင်းကြပ်တဲ့ ထိန်းချုပ်အောက်မှာ ရှိတဲ့ပုံပဲ…”

“သေချာတာတော့ ယန်နန်မှာ နေတဲ့ ပြည်သူတွေ များမှာပဲ ဒါပေမဲ့ ယန်နန်က နန်မန် သားရဲနန်းတော်ရဲ့ လွှမ်းမိုးမှုအောက်မှာ ဒီအတိုင်းလေး ရှိနေတာမဟုတ်ဘူး…ပြောကြတာတော့ ယန်နန်ပြည်ထဲကို ဝင်လာတဲ့သူတွေကိုတောင် ထိန်းချုပ်ကြတယ်တဲ့…ပြီးတော့ သူတို့ရဲ့နိုင်လိုမင်းထက် ပြုမှုက ပိုတောင် ဆိုးသေးတယ်…”

“ဘာလို့ အာဏာက သူတို့လက်ထဲမှာပဲ ရှိနေတာလဲ…”

“ယန်နန်က ကျက်တီးမြေတစ်ခုပါပဲ…တိုက်ခိုက်တာတွေ အနိုင်ယူတာတွေလုပ်ပြီး အဲ့ဒီမြေအထဲက တစ်ခုခုရဖို့

ဆိုတာ ဘာမှမရှိဘဲနဲ့ အဲ့ဒါကြောင့် တာဝန်ရှိတဲ့သူတွေကလည်း အဲ့ဒီနေရာအတွက် အာရုံမထားကြတော့ဘူးလေ…အကျိုးဆက်အနေနဲ့ ယန်နန်မှာရှိတဲ့ လက်ဖက်ကုန်သည်တွေကတော့ ထိခိုက်နစ်နာကုန်တာပေါ့…”

“အမ်…”

ဆေးလုံးတွေ လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေအတွက်ကြောင့်သာ မဟုတ်ရင် သူတို့တွေ ဘယ်တော့မှ ယန်နန်ကို ရောက်ဖူးကြမည်မဟုတ်ပါ။

“ကဲ ငါ ထပ်ပြောမယ်နော်…တစ်ခုခုမှားသွားတာနဲ့ ငါတို့တွေ ယန်နန်ပြည်ထဲကို ဘယ်တော့မှ ခြေချနိုင်တော့မှာ မဟုတ်ဘူး…ပြီးတော့ အသေသေအကြေကြေ ဖြစ်ကုန်ကြမှာပဲ”

“စိတ်ချပါ…အဲ့ဒီလိုမတော်တဆမှုမျိုး ဘယ်တော့မှ…..”

ဘတ်ချုန်းသည် ချွန်းမြောင်ကို ကြည့်လိုက်သည်။

“ဖြစ်လာမှာ မဟုတ်ပါဘူး…”

‘အနည်းဆုံးတော့ ဘာမှမဖြစ်တာ သေချာအောင် ငါတို့ အားထုတ်ရလိမ့်မယ်…’

‘ဒါပေမဲ့ ငါတို့ ကတိတော့ မပေးနိုင်ဘူး…”

“မင်းကို တောင်းဆိုပါတယ်…”

ကွမ်ဂန်းသည် ထပ်ပြောလိုက်ပြီး သူ့နေရာသို့ သူပြန်သွားလေသည်။

ထိုစကားများကို နားထောင်နေခဲ့သော ဘတ်ချုန်းသည် ယန်နန်ပြည်တွင် နန်မန်သားရဲနန်းတော်၏ အာဏာမှာ မည်မျှထိ သက်ရောက်ကြောင်း သိရှိခဲ့ရပြန်သည်။

“ငါတော့ သူတို့က ထန်မိသားစုထက် ပိုပြီး အာဏာကြီးမယ် ထင်တာပဲ”

“ဒီလိုမဟုတ်ဘူးလား…အနည်းဆုံးတော့ ထန်မိသားစုကို အဟန့်အနေနဲ့ ထိန်းထားနိုင်တဲ့ ဂိုဏ်းတွေ စီချွမ် ရှိတယ်လေ..ဒါပေမဲ့ ယန်နန်မှာက ဂိုဏ်းတွေ အဲ့ဒီလောက် မများဘူး…”

ယွန်းဂျွန်၏စကားများကြောင့် ဘတ်ချုန်းသည် သူ၏ခေါင်းကို ယိမ်းလိုက်လေသည်။

“အမ်…ဒါပေမဲ့ ယန်နန်မှာ တခြားဂိုဏ်းတွေက မရှိတော့ဘူးလား ”

“…အာ…ကြည့်ရတာတော့…”

ယွန်းဂျွန်က တုံ့ဆိုင်းနေသည့်အချိန်တွင် သူတို့ပြောတာကို နားထောင်နေခဲ့သည့် ချွန်းမြောင်က ကိစ္စကြီးကြီးမားမား မဟုတ်သလို ပြောလာ၏။

“အဲ့ဒါတွေကို ဂရုမစိုက်တဲ့ တျန်ခန်း လို့ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းတော့ ရှိတယ်”

“ဘာကို ဆိုလိုတာလဲ…”

“ငါပြောခဲ့သလိုပဲ..အာဏာတွေ ဩဇာလွှမ်းမိုးမှုတွေ တိုးပွားလာစေတာမျိုး… အဲ့ဒီလိုကိစ္စတွေကို စိတ်မဝင်စားတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ် … အဲ့ဒီနေရာက တာအိုကျင့်စဉ်ကို လေ့ကျင့်ဖို့နဲ့ သိုင်းပညာတွေ သင်ယူဖို့အတွက် လူတွေစုဝေးကြတဲ့ တောင်တွေရဲ့နက်ရှိုင်းတဲ့နေရာလေ…”

“ငါတို့နဲ့ အတူတူပဲ မဟုတ်ဘူးလား…”

“အာ…အဲ့ဒီလို တွေးကြည့်မယ်ဆိုရင် ခွန်းလွန်တောင်တန်းတွေထဲက တျန်ခန်းယှဉ်ရင် ဟွာဆန်းနဲ့ ဝူတန် ဂိုဏ်းက တာအိုဝါဒီလို့တော့ ပြောလို့မရလောက်ဘူး…တျန်းချန်ဂိုဏ်းသားတွေက တာအိုလမ်းစဉ်ပဲ လိုက်ကြတာလေ ”

“…”

‘မဟုတ်ဘူး…ဒီခွေးကောင်က သူ့အဝတ်အစားတွေကို ပြောင်းဝတ်ထားပြီး အခုကျ သူ့မျိုးနွယ်သူတောင် ဟာသလုပ်နေသေးတာ’

“တာအိုဝါဒီတွေက နေရာတိုင်းမှာ အတူတူတွေချည်းပါပဲ..”

“မဟုတ်ဘူး…ငါ အမှန်တိုင်း ပြောနေတာ ခွန်းလွန်က တျန်ခန်းဂိုဏ်း…သူတို့က လူအများက သူတို့အပေါ် ဘယ်လို တွေးသလဲဆိုတောင် ဂရုမစိုက်ကြဘူး..”

“…”

“ဂိုဏ်းကြီးကိုးဂိုဏ်းပေါင်းပြီး သူတို့ကို နှင်ထုတ်ရင်တောင်လား ”

“အဲ့ဒါက ဖြစ်နိုင်လို့လား…”

“စဉ်းစားကြည့်လေ သူတို့သာ စိတ်ဝင်စားခဲ့မယ်ဆိုရင် ဘာလို့ ယန်နန်လိုမျိုး ဝေးတဲ့နေရာတစ်ခုမှာ သူတို့ရဲ့ဂိုဏ်းကို တည်တောင်ကြမှာလဲ..ကျေးလက်ဒေသလို့ ယူဆလို့ရတဲ့ စီချွမ်းမှာထက်တောင် ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံခံရနိုင်သေးတယ်…ဒါပေမဲ့ ယန်နန်မှာကျ သူတို့လုပ်နိုင်တာ ဘာများရှိလို့လဲ…”

“ဟင်း… အမှန်ပဲ ”

ဘတ်ချုန်းသည် သူနားလည်သလိုနှင့် ခေါင်းညိတ်လိုက်သည်။

“တာအိုဝါဒရဲ့အမြင်အရတော့ သူတို့က လေးစားထိုက်တဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ…ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့နာမည်ဂုဏ်သတင်းတွေ တက်ဖို့အတွက်နဲ့ အဲ့ဒီလိုကိစ္စတွေမှာ ဝင်မပါချင်တော့ဘူးလေ..သူတို့ဂိုဏ်းရဲ့အမြင်အရတော့ အပြင်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာတောင် ဂရုထားနေဖို့ မလိုတော့ဘူးလေ ဟုတ်တယ်မလား…”

“သူတို့က တကယ်တော်တာပဲ ”

ဘတ်ချုန်းက ခေါင်းယမ်းပြ၏။သူ့ကိုသာ အဲ့ဒီလို နေခိုင်းရင် သေချာပေါက် ထွက်ပြေးမိလောက်သည်။

“ဒါဆို တျန်းခန်ဂိုဏ်းအတွက်ဆို ပူမနေနဲ့ အရေးကြီးဆုံးက နန်မန်သားရဲနန်းတော်ပဲ ”

“….ဒါကိုလည်း မင်း ဘယ်လို သိနေတာလဲ ”

“ငါက သူတောင်းစားတစ်ယောက်ပါ…ကောလဟာလမျိုးစုံကြားပြီး ကြီးပြင်းခဲ့တာပါ…”

သူတို့တွေ ဘာမှ ဆက်မပြောမီ ချွန်းမြောင်က အလိုလိုတုံ့ပြန်ပြီး လှည့်ထွက်သွားလေသည်။

“ငါတို့ စီချွမ်းမှာ အချိန်ဖြုန်းနေတာ ကြာပြီ ဒါကြောင့်မို့ ဒီနေရာမှာ အချိန်မဖြုန်းကြရအောင်…အရင်ဆုံး ငါတို့ ယန်နန်ကို တတ်နိုင်သမျှ မြန်မြန် ရောက်ဖို့လိုတယ် ဒီတော့ ကုန်သည်အဖွဲ့နဲ့ ပူးပေါင်းပြီး လှုပ်ရှားကြရအောင် ”

ထိုစကားကို ကြားသောအခါ ဘတ်ချုန်းမှာ ပါးစပ်ပင်ကျယ်ကျယ်ဟမိလေသည်။

‘မဟုတ်သေးပါဘူး..ဘယ်သူက ဘယ်သူ့ကို အလုပ်လုပ်ဖို့ လာပြောနေတာလဲ ’

“ငါတို့မှာ အချိန်မလောက်တော့ဘူး…နည်းနည်းလေး ပိုပြီး မြန်မြန် လှုပ်ရှားရမယ်…ဒါမှ ငါတို့ အဲ့ဒီကို ရောက်နှင့်နေပြီးသားဖြစ်မှာ ”

“မင်း တကယ်ပြောနေတာလား…မင်း ဘာလုပ်ခဲ့လဲ စဉ်းစားကြည့်ဦး…”

“အာ…”

ဘတ်ချုန်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားကာ သက်ပြင်းချလိုက်၏။

“ဘာပဲဖြစ်ဖြစ် ငါနားလည်ပါတယ်…သူတို့နဲ့ ပူးပေါင်းပြီး တတ်နိုင်သမျှ မြန်မြန် လှုပ်ရှားကြမယ် ”

ယခုမြင်တွေ့နေရသည်မှာ သူတို့ကို အလုပ်လုပ်ဖို့ တောင်းဆိုသည့်သူက ဘာမဆို လုပ်ပေးတော့မလိုပင်။ထို့နောက် ဟွာဆန်း၏တပည့်များသည် သူတို့၏ခရီးဆောင်အိတ်များနှင့်အတူ ရထားလုံးနှင့် လှည့်ပတ်သွားလာကြတော့သည်။

မြင်းလှည်းဖြစ်သောကြောင့် မြင်းများကို မကြာခဏ လဲလှယ်ပေးရပြီး သူတို့၏အရှိန်မှာလည်း နှေးလှသည်။ထို့ကြောင့် သူတို့လည်း စိတ်မပျက်မိဘဲ မနေနိုင်တော့ချေ။

သို့သော် တခြားနည်းလမ်းကလည်း မရှိပေ။

သူတို့သည် ထိုတောင်ပေါ်ဒေသများတွင် မြင်းကောင်ရေအပို မရရှိနိုင်သောကြောင့် သူ့တို့ထဲတွင် ရှိသော တိရစ္ဆာန်များကို ထောက်ထားညှာတာပေးရန် လိုအပ်သည်။

“အိုး..ဒါဆို ငါတို့ ယန်နန်ကို ဘယ်အချိန်ရောက်မှာလဲ ”

ချွန်းမြောင်က မေးလာသည်။

ဤခရီးမှာ သူ ယန်နန်ကို ပထမဆုံး ရောက်ဖူးတာဖြစ်သည်။သူ့ခန္ဓာကိုယ်မှာလည်း မျှော်မှန်းထားသလို မလူးမလွန့်သာ ဖြစ်နေသလို ခံစားရသည်။

“လမ်းက နည်းနည်းလောက် ပိုရှင်းမယ်ဆိုရင် ငါတို့ ပိုပြီး မြန်မြန်သွားလို့ရလောက်တယ် ”

သူသည် ရှုပ်ပွနေသော လမ်းကိုကြည့်ပြီး မျက်မှောင် ကြုတ်လိုက်၏။

သူတို့မှာ ချန်တုနှင့် ပိုပိုဝေးလာခဲ့ပြီး ယန်နန်နှင့် ပိုနီးလာခဲ့ပေမဲ့ လမ်းကတော့ လုံးဝကို ရှုပ်ပွနေသည်။

လမ်းသွယ်တစ်ခုကို တစိုက်မတ်မတ်သာ ထိန်းသိမ်းထားခဲ့လျှင် လမ်းမ တစ်ခု ဖြစ်သွားလိမ့်မည်။ထို့သို့မထိန်းသိမ်းထားလျှင်တော့ လမ်းသွယ်တစ်ခုသည် သစ်ပင်များ၊ကျောက်တုံးများနှင့် လမ်းပိတ်စေသော အခြားအတားအဆီးတွေနှင့် ရှုပ်နေသော လမ်းဖြစ်သွားလိမ့်မည်။

ပုံမှန်အားဖြင့် လမ်းများကို တောင်ဝင်မိသားစု၏ လက်အောက်ရှိ အရာရှိများက စီမံဆောင်ရွက်ရသော်လည်း ယန်နန်ကတော့ အရာရှိများ၏ထိန်းချုပ်မှုအောက်တွင် မရှိသဖြင့် စီမံဆောင်ရွက်စရာရှိတာလည်း လုပ်ဆောင်လို့ မရပေ။

နားထောင်သူဖြစ်သည့် ကွမ်ဂန်းက ပြော၏။

“ဒါက စီချွမ်ရဲ့မြေ ဖြစ်နေတုန်းပဲ ”

“အာ အဲ့ဒီလိုလား…”

“အင်း…ဒါပေမဲ့ ဒါက ယန်နန်ကို သွားတဲ့လမ်းမို့ ဘယ်သူကမှ အနားလာပြီး မပြုပြင်ပေးချင်ကြဘူးလေ”

“ဒါဆို လမ်းက အချိန်နဲ့အမျှ ပိုဆိုးလာမှာပေါ့ ”

“ဟုတ်တယ်…ဒါပေမဲ့ အဲ့ဒါက တစ်ခုတည်းသော ပြဿနာမဟုတ်ဘူး..ယန်နန်နယ်နိမိတ်ကို နီးလာလေလေ သူခိုးဓားပြတွေနဲ့ ကြုံရကိန်းကများလေလေပဲ ဒီခရီးက ငါတို့အတွက် အသက်အန္တာရယ်များတဲ့ ခရီးပဲ…”

ကွမ်ဂန်းက သက်ပြင်းချလိုက်၏။

“အလယ်ပိုင်းလွင်ပြင်က သူရဲကောင်းတွေတောင် နန်မန်သားရဲနန်းတော်နဲ့ ထိပ်တိုက် တွေ့ရမှာ တွန့်နေကြတော့ အရာရှိတွေဆို အမြီးတောင် မပြရဲကြဘူး…ဒါကြောင့်မို့ စီလျွမ်းနဲ့ ယန်နန်ရဲ့ နယ်နိမိတ်က ဉပဒေကင်းမဲ့တဲ့နေရာဖြစ်နေတာ ”

“အာ…အဲ့ဒီလိုလား…”

ဘတ်ချွန်းသည် ရထားလုံးအနီးနားရှိ အစောင့်များကို ကြည့်လိုက်သည်။

အစကတော့ ဘာကြောင့် သူတို့နှင့်အတူ အစောင့်အကြပ်တွေ အများကြီး ပါလာရသလဲဆိုတာ သိချင်ခဲ့သည်။အခုတော့ ဓားပြများ၏တိုက်ခိုက်မှုများကြောင့်ဆိုတာ သိလိုက်ရသည်။

“ငါတို့တွေ နယ်စပ်နားကို ရောက်နေပြီဆိုတော့ အခုကစပြီး လူတိုင်း သတိရှိကြပါ တစ်ခုခု ထူးခြားနေတာမျိုးရှိရင် ငါ့တို့ကို ချက်ချင်း အကြောင်းကြားပါ ”

“ဟုတ်ကဲ့ပါ ”

“ငါတို့ အတတ်နိုင်ဆုံး အရှိန်မြှင့်ဖို့ ကြိုးစားနေကြတာမို့ စိတ်ရှုပ်နေကြလောက်ပေမဲ့ နည်းနည်းလောက်ပိုပြီး စိတ်ရှည်ရှည်ထားပေးကြရင် ကျေးဇူးတင်မိမှာပါ…”

“အာ အကုန်လုံးတော့ မဟုတ်ပါဘူး…ကုန်သည်အကြီးအကဲ ကျွန်တော်တို့ကြောင့် ဒုက္ခများနေရတာ တောင်းပန်ပါတယ် ကျွန်တော်တို့ကြောင့်နဲ့ ခင်ဗျားရဲ့လူတွေကို အလုပ်ဝန်ပိအောင် လုပ်ခိုင်းဖို့ မလိုပါဘူး…”

ဘတ်ချုန်းက ဦးညွှတ်လိုက်သော်လည်း ထိုလူကတော့ စိတ်အေးပုံမပေါ်ပေ။

“နောက်ကျနေပြီ…”

“…”

“ငါတို့နောက်ကျနေပြီ…အရမ်းကို နောက်ကျနေပြီ…”

“…မင်းက ဘာထဖြစ်ပြန်ပြီလဲ ”

ချွန်းမြောင်က ဆူဆူပူပူဖြင့် ပြောလာ၏။

“ငါတို့ ဒီလိုသာ သွားနေရင် ယန်နန်ကို ဘယ်တော့မှ ရောက်တော့မှာလဲ ”

“ငါတို့လည်း မတတ်နိုင်ဘူးလေ မြင်းတွေက ရထားလုံးတွေကို ဆွဲနေရတော့ အရှိန်ကလည်း ကျောက်ချထားသလိုပဲပေါ့ လူတွေကမှ ဒီရထားလုံးကို ဆွဲလို့မရတာ မဟုတ်ဘူးလား…”

“ဒါပေမဲ့ ဒါက အရမ်းနှေးလွန်းနေတယ် ဒီအရှိန်မျိုးနဲ့ ယန်နန်ကို သွားမယ်ဆိုရင် ရာသီတွေပါ ပြောင်းကုန်ရော့မယ်…မဟုတ်ဘူး…နှစ်တောင် ကူးသွားဦးမယ် ငါတို့ အိမ်အပြန်လမ်းမှာ ဂိုဏ်းချုပ်ကြီး အသက်ဆက်ရှင်သေးဖို့ ဆုတောင်းရတော့မှာပဲ ”

“ယား…မင်း ရူးနေလား အဲ့ဒီလို မပြောစမ်းပါနဲ့ ”

“ဒါက ကြံကြံဖန်ဖန်ကို စိတ်ပျက်စရာကောင်းတာပဲ ”

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ ရထားလုံးကို ငါတို့ကိုယ်တိုင် မစီးရမှာလဲ ”

“….အရင်ဆုံး လှဉ်းတစ်စီးကို ကြံ့ကြံ့ခံဆွဲနိုင်တဲ့ သူတွေဆိုတဲ့ အချက်ကလွဲရင် ယန်နန်လူမျိုးတွေက ငါတို့က သိုင်းတတ်တယ်ဆိုတာ သိသွားကြလိမ့်မယ်…အဲ့ဒါကိုကျ ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ…”

“ကွမ်…”

ချွန်းမြောင်က သူ့ခေါင်းသူ ကုတ်လိုက်သည်။

‘ဒါပေမဲ့ ဒါက အရမ်း နှေးလွန်းနေတာကို ’

ဒီကိစ္စအတွက် အတိုင်းအတာ တစ်ခုအထိ သူ ပြင်ဆင်ထားခဲ့ပေမဲ့ သူထင်ထားတာထက် အများကြီး ပိုနှေးနေသည် ပြီးတော့ ဒီအရှိန်နဲ့ ယန်နန်ကို ရောက်ဖို့က လနှင့်ချီ၍ ကြာလိမ့်မည်ဟု သူခံစားနေရသည်။

‘ဘယ်ရာသီမှာ လောင်းကြေးထပ်ရမလဲ ’

ချွန်းမြောင်က သက်ပြင်းချလိုက်၏။

“ဒါပေမဲ့ ဘယ်လိုမျိုး စခန်းချပြင်ဆင်မှုတွေက အချိန်အရမ်းကြာတတ်လဲ ”

သူတို့တွေ ခရီးကို ရပ်နားပြီး ညရေးညတာအတွက် စခန်းချရန် ပြင်ဆင်ကြလေသည်။

“ဂျိုဂု ဆရာတူအကိုကြီး စခန်းချဖို့အတွက် ပြင်ဆင်တာက အချိန်အများကြီး ယူရလား ”

“များသောအားဖြင့်တော့ သိပ်မကြာပါဘူး ဒါပေမဲ့….”

ဂျိုဂုက သူ့ခေါင်းသူ ကုတ်လိုက်၏။

“ဒါတောင် ကုန်သည်အဖွဲ့ကလူတွေနဲ့ အစောင့်တွေက မလုံလောက်သေးဘူးလေ ကြည့်ရတာ သူတို့လူတွေက အလုပ်အကုန်လုံး လုပ်နေရတဲ့ပုံပဲ ”

“အာ…”

ချွန်းမြောင် သူ့လျှာသူ မထိတထိ ကိုက်လိုက်သည်။

“ဒါဖြင့် အလုပ်လုပ်ဖို့ လူမလောက်တာနဲ့ပဲ အချိန်အရမ်းကြာမှာပေါ့ ဟုတ်လား ”

“အဲ့ဒီလိုဖြစ်မယ်နဲ့ တူပါတယ် ”

“အာ…ဒါဆို အစကတည်းက သူတို့ ငါတို့ဆီကနေ အကူအညီတောင်းသင့်တာပေါ့ ငါတို့တွေ ခဏလေးနဲ့ ပြီးသွားမှာပေါ့ သူတို့ ဘာလို့ မပြောခဲ့ကြတာလဲ အားးး…”

ချွန်းမြောင်သည် ထိုင်ခုံပေါ် ထိုင်နေရာမှ ထခုန်လိုက်၏။

“ငါတို့က ထန်မိသားစုက ဧည့်သည်တွေမို့နေမှာ ”

“အခု ငါတို့ သူတို့ကို ကူညီပေးကြတာ ပိုကောင်းမယ် စောစောအိပ်ရာဝင်ပြီး စောစောခရီးထွက်လို့ရတာပေါ့ ”

“ငါတို့ အဲ့ဒီလိုမျိုး မြင်လို့ ရပေမဲ့…. ”

ဘတ်ချုန်းက ထိုစကားကို နားထောင်နေသည်။

‘ဒီကောင်က ဒီလိုဖြစ်နေတဲ့အချိန်ဆို တကယ်ရယ်ရတာပဲ ’

ဟွာဆန်းအတွက်သာ တောက်ပနေသော နာမည်တစ်ခု ဖြစ်ပေမဲ့ ဟွာဆန်း၏နတ်နဂါးအမည်နာမမှာ မကြာခင် ပင်မနယ်ပယ်များအားလုံးကို တုန်လှုပ်သွားစေလိမ့်မည်။ ’ကမ္ဘာပေါ်တွင် အကောင်းဆုံး'ဟူသော စကားစုသည် လူတိုင်း အသုံးပြုလို့မရနိုင်ပေ။

ပုံမှန်ဆို ထိုသို့သောလူများအတွက်တော့ သူတို့၏အတ္တမာနများသည် သူတို့၏နာမည်ကို မြှင့်တင်ရန်အတွက် ဖြစ်ပေမဲ့ ချွန်းမြောင်ကတော့ အမြဲတမ်း နေမြဲအတိုင်း နေခဲ့သည်….

‘သူက အဆုံးထိကို စိတ်ပျက်ဖို့ ကောင်းနေတုန်းပဲ ’

‘အာ အဲ့ဒါ ကောင်းတာပဲ မလား ’

“ဘာတွေလုပ်နေတာလဲ ငါတို့ အခု သူတို့ကို ကူညီရမယ်လေ အဲ့ဒီလူတွေ စောစောအိပ်ဖို့ လိုတယ်လေ ဒါမှ စောစော ခရီးထွက်လို့ရမှာပေါ့ ”

“ဟုတ်တယ်…”

ထိုအချိန်တွင် ဘတ်ချုန်းက ပြုံးပြီး သူ့ထိုင်ခုံပေါ်မှ ထလိုက်၏။

“အာ”

“အာ”

“ဘယ်လို…”

ဟွားဆန်းမှတပည့်များအားလုံးသည် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။အနက်ရောင်ချုံပုတ်များ ယိမ်းထိုးနေသည်ကို မြင်လိုက်ကြရသည်။

*ချက်*

“ဟူး ဟူး ဟူး ဟူး”

“ဟား ဟား ဟား ဟား”

ရယ်သံတိုးတိုးနှင့်အတူ ချုံပုတ်များထဲမှ လူပေါင်းများစွာ ထွက်လာကြသည်။

“သူတို့က ဘယ်သူတွေလဲ…”

ကုန်သည်အုပ်စုကို လိုက်ပါစောင့်ရှောက်ကြပ်ပေးနေသော အစောင့်များသည် သူတို့၏လက်နက်များကို ထုတ်၍ ရှေ့ထွက်လာကြ၏။

“ဟီး ဟီး ဟီး ဟီး…ငါတို့ ဒီနားမှာ စခန်းချမိတာ ကောင်းတာပဲ..ငါတို့ “ကျားပုန်း”ရွာရဲ့ အရှေ့ဘက်ခြံကလို့ မထင်မိဘူးလား ”

“ပစ္စည်းတွေကို ထားခဲ့ရင် မင်းတို့အသက်တွေကို ချမ်းသာပေးမယ်”

“မဟုတ်ရင်တော့ မင်းတို့အသက်တွေ ဖက်နဲ့ထုပ်ထားလိုက်တော့”

ထိုလူများကို ကြည့်နေကြသည့် ဟွာဆန်း၏တပည့်များသည် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ထို့နောက် ညည်းညူသံတချို့ပါ ကြားရလေသည်။

“ဓားပြတွေလား…”

“ဓားပြတွေလား…”

“မဟုတ်ဘူး…ဒါက အလယ်ပိုင်းလွင်ပြင်ဒေသဆိုတော့ သူတို့ကို လူရိုင်းတွေလို့ ခေါ်ရမလားပဲ ”

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဓားပြတွေပဲလေ ”

“အင်း အဲ့ဒီလိုလည်း ပြောလို့ရတာပဲ”

‘အိုး…'

‘ဓားပြတွေ’

ဘတ်ချုန်းက ပြုံးလိုက်၏။

“ဒီဘဝမှာ ဓားပြတစ်ယောက်နဲ့ တွေ့ရတာ”

“မင်း ငါ့ကို သူတို့တွေကို ရှင်းပေးစေချင်လား”

ထိုအချိန်တွင် ဂျိုဂုက ခြေတစ်လှမ်း ရှေ့တိုးလိုက်၏။

“အာ မလိုပါဘူး ”

သူတို့အနောက်မှ ငြင်းဆိုလိုက်သံကို ကြားလိုက်ရ၏။တခြားသူတွေ ကို မလှုပ်ရှားသင့်ကြောင်း ထင်မြင်စေသည့် အသံမျိုးပင်။ဟွာဆန်းမှ တပည့်များသည် စိတ်ရှုပ်စွာဖြင့် လှည့်ကြည့်လာကြသည်။

ဗုဒ္ဓက လူပြန်ဝင်စားသလိုမျိုး ပြုံးနေသည့် ချွန်းမြောင်ကို တွေ့လိုက်ရသည်။

“သူတို့တွေက ဘယ်သူတွေလို့ ပြောလိုက်တာလဲ ဓားပြတွေလား ဒါပေမဲ့ ငါ့အတွက်တော့ သူတို့က ဓားပြတွေနဲ့လည်း မတူပါဘူး …”

“….သူတို့က ဘာနဲ့တူလဲဆိုတော့”

“သူတိုက ဓားပြတွေမဟုတ်ပါဘူး…ဒါပေမဲ့ မြင်းတွေပဲလေ…”

“….မြင်းတွေ…”

“ဟုတ်တယ်လေ…”

ချွန်းမြောင်က ပြုံးပြလာသည်။

“အဲ့ဒါတွေက မြင်းတွေလေ….ငါတို့ကို ယန်နန်ကို ခေါ်သွားနိုင်တဲ့ အားကောင်းတဲ့မြင်းတွေ အိုး… ဘုရားရေ ငါတို့ အရမ်း ကံကောင်းတာပဲ ”

“…”

“မင်းတို့ ဘာ လုပ်နေကြတာလဲ…သူတို့မပြေးခင် ဖမ်းကြလေ ”

“…”

ဘတ်ချုန်းသည် ဓားပြများမှာ သူတို့ကို ဓားပြတိုက်ရန် ကြိုးစားပေမဲ့ ဓားပြ ပြန်အတိုက်ခံရတော့မှာမို့ သနားမိပေသည်။

All Chapters