← Chapters

နှုတ်ဆက်တယ်နော် သူငယ်ချင်းတို့(၅)

Vol. 15 Ch. 215

နှုတ်ဆက်တယ်နော် သူငယ်ချင်းတို့(၅)

Vol. 15 Ch. 215

“ကျွန်တော်တို့ကို ခွင့်လွှတ်ပေးကြပါ ”

“ကျွန်တော့်ကို လွှတ်ပေးရင် ဘာမဆိုလုပ်ပေးပါ့မယ် ”

ဘတ်ချုန်းက ခေါင်းညိတ်လိုက်သည်။

“သူတို့ ဘာတွေ ပြောနေကြတာလဲ ”

“…ငါတို့က သူတို့ကို အသက်ချမ်းသာပေးရင် သူတို့ ဘာမဆို လုပ်လိမ့်မယ် ”

ဘတ်ချုန်းသည် ဂျိုဂု၏ အဖြေကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ပါးစပ်ကို မရိုက်ဖို့ ငါပြောခဲ့တယ် မဟုတ်လား ”

“ဟုတ်ပါတယ်..ဒါပေမယ့် သူတို့က သောင်းကျန်းနေကြတာလေ”

“…”

‘ချစ်ဖို့ကောင်းလိုက်တဲ့ ဂျူနီယာလေး…သူတို့က ပုန်ကန်ကြတာနဲ့ပဲ သူတို့ရဲ့ မေးရိုးကို ချိန်မရိုက်ရဘူးလေ ’

ဘတ်ချုန်းက ခေါင်းယမ်းလိုက်လေသည်။

‘ဂျိုဂုကို ငါသုံးလို့မရနိုင်ဘူး ’

တစ်နည်းနည်းနဲ့တော့ သူတို့အားလုံးက ချွန်းမြောင်နဲ့ ဆင်တူနေကြပုံပင်။ဒီလိုဆိုရင် ချွန်းမြောင် တစ်ယောက်တည်းကို ဘာလို့ စိတ်ရှုပ်ခံ ကျိန်ဆဲနေရတာတုန်း။

သူသည် လေးလံစွာဖြင့် သက်ပြင်းချကာ ဒူးထောက်နေသော ဓားပြများကို ကြည့်လိုက်သည်။

‘အရမ်းနာကျင်နေတဲ့ပုံပဲ’

တွေးကြည့်မယ်ဆိုရင်တော့ ထိုလူတွေကို နည်းနည်းလေးတောင် ကိုယ်ချင်းစာဖို့ မကောင်းပါ။အဘယ်ကြောင့်ဆိုသော် သူတို့သည် ကုန်သည်များ၏ ကုန်စည်များကို မှန်းနေခဲ့ကြသူများဖြစ်သည်။

ကွမ်ဂန်း၏စကားများအရ ထိုဓားပြများသည် လူတော်တော်များများကို သတ်ပစ်ခဲ့သည်မှာ သေချာသည်။ထို့ကြောင့် ထိုလူများသည် သူတို့၏ လောဘကြောင့် စိတ်ကောင်းရှိသူများကို သတ်ပစ်နိုင်ချေ အရမ်းများသည်။

ဒါပေမဲ့ ထိုအကြောင်းကို သိနေပါလျက်...

“ဟူးးး…”

“…”

ချွန်းမြောင်က သူ့နောက်ကနေ ပြုံးပြုံးကြီး လျှောက်လာနေသည်ကို မြင်ရသည်မှာ သူ့ကို ဓားပြတွေအတွက်တောင် စိတ်မကောင်းဖြစ်စေသည်။

တစ်ချိန်လုံး ပြုံးနေသော ချွန်းမြောင်သည် ဘတ်ချုန်းထံသို့ ချဉ်းကပ်လာသည်။

“ငါတို့ အခု ဘာလုပ်ကြမှာလဲ”

“ငါတို့ဘာလုပ်ကြမလဲ”

ချွန်းမြောင်က ဓားပြတွေကို ငုံ့ကြည့်ရင်း ပြုံးလိုက်၏။

“သူတို့က မြက်မစားပေမယ့် တစ်ခုခုတော့ ကျွေးထားမှ ရထားလုံးကို ဆွဲကြမှာပေါ့”

“…”

‘သူတို့ကို သတ်ပစ်လိုက်စမ်းပါ လူယုတ်မာကောင်ရာ’

ကွမ်ဂန်းသည် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။

သို့သော် သူသည် ဘယ်နှစ်ကြိမ်ပဲ မျက်လုံးပွတ်ကြည့်ကြည့် သူ့ရှေ့ရှိ မြင်ကွင်းသည် ပြောင်းလဲမသွားပေ။

ရထားလုံးကို ဒုက္ခသုက္ခခံ၍ ဆွဲယူရမည့်မြင်းများသည် ယခုအခါတော့ အပန်းဖြေ လမ်းလျှောက်သွားနေသကဲ့သို့ သူတို့အနားတွင် ပေါ့ပေါ့ပါးပါး လျှောက်သွားနေကြသည်။ယခု ထိုဓားပြများက ရထားလုံးကို ဆွဲနေကြသည်မှာ ပိုလို့တောင် အံ့သြစရာကောင်းသေးသည်။

“ကွမ်”

ယခုအခါ မြင်းများအဖြစ်သို့ ပြောင်းလဲသွားသော ဓားပြများသည် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ရုန်းကန်ရင်း ရထားလုံးကို ဆွဲခေါ်သွားကြသည်။

“…”

‘သူက လူတစ်ယောက်ကို လှည်းဆွဲခိုင်းဖို့တောင် ဘယ်လိုအတွေးမျိုးနဲ့ အလိုလို တွေးမိရတာလဲ…’

‘သာမန်လူတစ်ယောက်က ဒီလိုမျိုး လုပ်ဖို့ကို တွေးတောင် တွေးနိုင်ပါ့မလား…’

ပို၍အံ့သြစရာကောင်းသည်မှာ လူဆွဲသည့်ရထားလုံးမှာ မြင်းဆွဲတုန်းကထက်တောင် သုံးဆပိုမြန်သွားလေသည်။

‘လူတွေက ဒီလောက်ကောင်းတဲ့မြင်းတွေဖြစ်နိုင်ရင် ဘာလို့ လူတွေက မြင်းလှည်းကို သုံးနေကြတာလဲ…မဟုတ်ဘူး..မဟုတ်ဘူး…’

ရထားလုံးပေါ်ရှိ ထိုင်ခုံပေါ်တွင်ထိုင်နေသည့် ချွန်းမြောင်ဟုခေါ်သော ဓားသမားသည် သူနှင့် အနီးဆုံးဓားပြ၏ ခေါင်းကို ဓားအိမ်ဖြင့် ထုလိုက်လေသည်။

“မင်း ငါ့ကို လာနောက်နေတာလား…မင်းခြေထောက်တွေထဲက အားတွေ ဘယ်ရောက်ကုန်ပြီလဲ..”

“မ…မဟုတ်ပါဘူး”

“မင်းတို့တွေက တကယ် ကံကောင်းတာပဲ… မင်းက ဓားပြတစ်ယောက်… လူသတ်သမားတစ်ယောက်… ငါက အဲ့ဒီလိုလူတွေကို အသက်ဆက်ရှင်ခွင့် ပေးမယ့် လူစားမျိုးမဟုတ်ဘူး… မင်းတို့က အသုံးဝင်နေသေးတာမို့ အသက်ချမ်းသာပေးနေတာ… ဒါပေမယ့် မင်းတို့က အသုံးမကျတဲ့ ဆင်ခြေတွေ ပေးပြီး လှုပ်တောင်မလှုပ်ကြဘူး… ”

“မဟုတ်ပါဘူး… အဲ့ဒီလိုမဟုတ်ပါဘူး… ”

လှည်းမှာ ပိုမိုမြန်လာတော့သည်။ယခုအချိန်တွင် လှည်းအနီးနားရှိလူများမှာ လက်ရှိ အရှိန်ကို ထိန်း၍ ပြေးလွှားရတော့မည့်အချိန်ပင်ဖြစ်သည်။

သနားစရာကောင်းနေသော ဓားပြများသည် ပြန်လည်ခုခံခြင်းမရှိဘဲ၊မျက်ရည်မကျဘဲ လှည်းကို ရှိသမျှခွန်အားနှင့် ဆွဲကြ၏။

ကွမ်ဂန်းသည် သူ့ရှေ့တွင် ဒီလိုကိစ္စမျိုး ဖြစ်လာမည်ဟု တစ်ခါမှ မတွေးဖူးသည့် ဤထူးဆန်းသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။အစောင့်အကြပ်အဖွဲ့၏ခေါင်းဆောင်က သူ့ထံသို့ တိတ်တဆိတ်ချဉ်းကပ်ပြီး ပြောလာသည်။

“ကုန်သည်ခေါင်းဆောင်”

“ဟုတ်ကဲ့…အစောင့်အရှောက်ခေါင်းဆောင်”

“လှည်းကိုဆွဲနေကြတဲ့ လူတွေအကြောင်းပါ”

“ဟုတ်ကဲ့…ဟီး..ဟီး..တော်တော်လေး ကိုးရိုးကားယားနိုင်တယ်နော်..ကျွန်တော်လည်း စိတ်မကောင်းပါဘူးခေါင်းဆောင် အဲဒါကို နားလည်ဖို့ ခက်လောက်ပေမယ့် ဟိုနားက လူတွေက ….”

“မဟုတ်ဘူး…မဟုတ်ဘူး…အဲ့ဒီလို မဟုတ်ပါဘူး…”

“အာ”

ခေါင်းဆောင်က ဖြူဖျော့နေသော မျက်နှာဖြင့် စကားဆက်ပြော၏။

“သူတို့က ကျွန်တော့်ထက်တောင် သန်မာကြသေးတယ်”

“ဟမ်”

“သူတို့က ကျွန်တော့်ထက် သန်မာတယ်”

“…အိုး”

ကွမ်ဂန်းသည် အစောင့်အကြပ်ခေါင်းဆောင်ကို နားမလည်နိုင်စွာ ကြည့်နေသည်။ဆမဟူရီဟု အမည်ရသော အစောင့်အကြပ်ခေါင်းဆောင်ကို ‘အလင်းမြန်နှုန်းနှင့်လက်များ’ဟု နာမည်ပြောင်ပေးထားကြသည်။

သူသည် စီချွမ်ဒေသတွင်ပင် အတော်လေး ကျော်ကြားခဲ့သည်။ယန်နန် သို့သွားသောလမ်းသည် ခက်ခဲပြီး အန္တရာယ်များသောကြောင့် သူတို့နှင့်အတူ သယ်ဆောင်လာသော ကုန်သည်များ၏ ကုန်စည်များကို စောင့်ကြပ်ပေးရန် သူ့ကို ငှားရမ်းခဲ့သည်။

‘ဒီလူကို ငါ့အတွက် အလုပ်လုပ်ပေးဖို့တောင် ခက်ခဲခဲ့တာကို…ဒါပေမဲ့ အခုကျ သူက ကြုံရာကျပန်း ဓားပြအုပ်ထက် ပိုအားနည်းတယ်လို့ ပြောနေတာလား…’

“ဒါဆို…ခင်ဗျားပြောတာနေတာက”

“ရထားလုံးကိုဆွဲနေကြတဲ့ ဓားပြတွေလေ…သူတို့က ကျွန်တော့်ထက် ပိုသန်မာတယ်”

“…”

‘ဒါဆို ဟွာဆန်းက တပည့်တွေတင် မကဘူး..ဓားပြအုပ်စုကတောင်မှ ဒီလူထက် ပိုသန်နေကြတာလား’

“မင်းလူယုတ်မာ…ဒီခြေထောက်တွေနဲ့ ဘာဆိုင်လို့လဲ ”

‘ပြီးတော့ သူ့လို လူငယ်တစ်ယောက်နေနဲ့ အဲဒီလို ဓားပြတွေ နင်းခြေတာ ခံနေရတယ်တဲ့လား…’

“တစ်ယောက်တည်း မဟုတ်ပါဘူး…ဓားပြတွေ အားလုံးက ကျွန်တော့်ထက် ပိုသန်မာကြတယ် ”

“... သူတို့ ဆယ်ယောက်လုံးလား”

“ဟုတ်တယ်…တယောက်ချင်းစီကိုက…”

“…”

အစောင့်အကြပ်ခေါင်းဆောင်က ဓားပြများကို ပင်ပန်းနေသော မျက်နှာနှင့် ဖျတ်ခနဲ ကြည့်လိုက်သည်။

“သူတို့က ကျားပုန်းရွာကလို့ ပြောခဲ့တာမဟုတ်ဘူးလား…”

“… အစတည်းက အဲ့ဒီလိုနာမည်မျိုး ကြားဖူးနေတာ ”

“အဲ့ဒီနေရာသာဆိုရင် သူတို့တွေက နာမည်ဆိုးနဲ့ ကျော်ကြားပြီး အဲ့ဒီနေရာတဝိုက်မှာ ကြောက်စရာကောင်းတဲ့ သေခြင်းတရားကို ရိတ်သိမ်းကြတဲ့သူတွေလို့ သိကြတယ်…သူတို့က ထင်ရှားတဲ့ ဓားပြတွေ ဖွဲ့စည်းထားတဲ့ ဓားပြအုပ်စုသစ်လို့ ကြားထားတယ် ”

“ကျွန်တော်လည်း ကြားဖူးတယ်ထင်တယ် ”

ယခုအချိန်တွင် မေးခွန်းတစ်ခုသာ ကျန်တော့သည်။

“သူတို့ ဘာလုပ်နေကြတာလဲ…”

“အဲ့ဒါက အင်း…အခြေအနေကောင်းတယ်နဲ့ တူပါတယ်…”

ကွမ်ဂန်းသည် ဟွာဆန်း၏ တပည့်များအကြောင်း ထန်ဂွမ်ထံမှ ဖြေရှင်းချက်တစ်စုံတစ်ရာ မရခဲ့ပေ။သူတို့က ဧည့်သည်တွေဖြစ်ပြီး သူတို့ကို ဂရုစိုက်ရမယ်ဆိုတာတော့ သူကြားဖူးသည်။

ထို့ကြောင့် သူသိတာ တစ်ခုသာရှိသည်။

“သူတို့က ဟွာဆန်းရဲ့ တပည့်တွေလို့ ကြားတယ်”

“ဟွာဆန်း…ဟွာဆန်းလို့ ပြောလိုက်တာလား…ဟွာဆန်းအကြောင်း ပြောနေတာလား…”

“ဟုတ်တယ်… ကျွန်တော်သိတာတော့…”

“ဟွာဆန်းက သူ့နာမည်ပြန်ရနေပြီလို့ ကြားတယ်…ကျွန်တော် ထင်တာတော့…”

အစောင့်အကြပ်ခေါင်းဆောင်က တုန်လှုပ်သွားလေသည်။

ဒါက နည်းနည်းလေးတော့ မရက်စက်လွန်းဘူးလား။

ကျားပုန်းရွာက ရွာသားတွေ…မယုံနိုင်လောက်အောင် အင်အားကြီးတဲ့ ဓားပြတွေကို လက်တောက်လောက်လေးတွေက အပြတ်ဖြုတ်ပစ်ခဲ့တာတဲ့လား။

သူတို့အားလုံးက သူတို့နဲ့ ဆန့်ကျင်ပြီး တက်လာတာနဲ့ တူတောင်မတူဘူး။

ငယ်ရွယ်သည်ဟုထင်ရသည့်ကလေးတစ်ယောက် တက်လာပြီး ချက်ချင်းပဲ သူတို့အားလုံး ခွေးတွေလို အရိုက်ခံလိုက်ရတယ်။

‘အိမ်တော်ခေါင်းဆောင်က သူတို့ကို စောင့်ရှောက်ဖို့ ငါ့ကို တောင်းဆိုထားတယ်…’

‘သူတို့က ဧည့်သည်တွေဆိုတော့လည်း ဂရုစိုက်ပေးရမှာပေါ့’

‘’….ဒါမှမဟုတ် အဲဒီလူက သူတို့ကို သတိထားရမယ်လို့ ဆိုလိုတာများလား”

ကွမ်ဂန်းက ချောင်းထဆိုးလေသည်။

အခြေအနေတစ်ခုလုံးက အတော်လေး မြန်မြန်ဆန်ဆန် ပြီးဆုံးသွားသည့်အတွက် သူဘာမှ ပြန်မပြောနိုင်ပေမယ့် အခုတော့ သူ ဖြေရှင်းရတော့မည်။

“ကျွန်တော်…”

“အင်း..”

ယခုအချိန်အထိ ကွမ်ဂန်းသည် ဘတ်ချုန်းနှင့်သာ စကားပြောခဲ့သော်လည်း ယခုတော့ သူ့မျက်လုံးများက ချွန်းမြောင်ဆီ ရောက်နေလေသည်။ချွန်းမြောင်က ဓားပြတွေကို ကိုင်တွယ်ဖြေရှင်းနေသည်ကို မြင်ရသောအခါ သူ ထိုလူနှင့် စကားပြောချင်လာခဲ့သည်။

“နေ…နေကောင်းလား…”

“ ဘာလဲ ”

ချွန်းမြောင်သည် တောက်ပသော မျက်နှာဖြင့် ကွမ်ဂန်းကို ကြည့်လိုက်သည်။ခရီးအရှိန် မြင့်လာသည်နှင့်အမျှ သူ၏ စိတ်အခြေအနေလည်း တိုးတက်လာခဲ့သည်။

“ငါ..ငါတို့ ဒီအတိုင်း ယန်နန်ကို ဝင်လို့ရပါ့မလား…”

“အာ…မဝင်နိုင်စရာ အကြောင်းရှိလို့လား…”

‘ဘယ်လို ဆိုးပေကောင်လဲဟ…’

‘မင်း ဘယ်လိုပဲကြိုးစားကြိုးစား…ဒါကြီးက ထူးဆန်းလွန်းတယ်…လူဆွဲရထားလုံးတဲ့လား…’

“အာ သူတို့ကြောင့်လား…”

“ဟုတ်တယ်…လူတွေက သူတို့ကို ကြည့်နေကြမှာကို ရှောင်လို့ မရဘူးလေ…ပြီးတော့ ငါတို့ရဲ့အဖွဲ့ဝင် အင်အားကနည်းတော့ ပြဿနာကတက်နေပြီးသားလေ…သူတို့ကို မြင်လိုက်တဲ့လူတွေဆီက ထွက်လာမယ့်မေးခွန်းတွေကို ငါတို့ ဘယ်လိုဖြေကြမှာလဲ…”

“သူတို့က ဓားပြတွေလို့ ပြောလိုက်လေ…”

“အာ…”

“ငါတို့ကို တိုက်ခိုက်တဲ့ ဓားပြတွေကို အသုံးချတာကလွဲရင် တခြား ဘာများပြောလို့ရမှာမို့လဲ…လိမ်ဖို့ မလိုဘူးလေ…ဟုတ်တယ်မလား…”

“…”

‘အင်း… ဟုတ်တုတ်တုတ်ပါပဲ...’

ချွန်းမြောင်က ပြုံးလိုက်သည်။

“သူတို့က ဓားပြတွေအကြောင်းဆို အများကြီး မေးကြမှာမဟုတ်ဘူး…ပြီးတော့ သူတို့က အဲ့ဒီနောက်ပိုင်းကို တွေးတောင်တွေးရဲကြမှာမဟုတ်ဘူး…နန်မန်သားရဲနန်းတော်ထဲက လူတွေလည်း လူသားတွေပဲလေ…”

“သူတို့ကို ဘယ်လို အပြတ်ဖြုတ်လိုက်လဲလို့ မေးရင်…”

“အဲဒီမှာ အစောင့်တွေက သူတို့ကို ရိုက်နှက်ပြီး ရထားလုံးဆွဲခိုင်းပြီး အပြစ်ပေးတယ်လို့ ပြောလိုက်ပေါ့…ဒါဆိုရင် လူတိုင်းက သဘောကျကြမှာပဲ…လူတိုင်းက ကိုယ့်အလုပ် ကိုယ်လုပ်နေသလိုမျိုးပဲ ဖြစ်မှာပါ…”

“…”

‘အဲ့ဒါဆို အဆင်ပြေမှာလား’

‘အဲဒါက စဉ်းစားကြည့်ရင် ဒီရှင်းပြချက်ကို သဘောမကျစရာအကြောင်းမရှိပါဘူး…’

“ဒီအခြေအနေက ဘယ်လောက်ကြီးကျယ်လိုက်သလဲ…သူတို့က မြင်းတွေအစား ရထားလုံးကိုဆွဲပြီး ငါတို့က ညဘက်မှာ စခန်းချတယ်…သူတို့စားဖို့ တစ်ခုခုကို ပေးနိုင်နေရင် သူတို့ကို တခြားနေရာမှာလည်း အသုံးချလို့ရနိုင်တာပဲလေ…”

“ငါ..ငါတို့ တကယ် အဲ့ဒီလို လုပ်နိုင်ပါ့မလား…”

“လုပ်နိုင်မှာပါ…သေသွားတာထက်တော့ ပိုမကောင်းဘူးလား…”

“…အိုး…”

“ကုန်သည်ခေါင်းဆောင်က မကြိုက်ရင်လည်း ငါတို့ သူတို့ကို ဆိတ်ငြိမ်တဲ့နေရာမှာ မြှုပ်နှံလို့ရတာပဲလေ…ငါတို့က သူတို့ကို လွှတ်ပေးလိုက်ရင်တော့ လူတွေကို ထပ်ပြီး လုယက်ကြဦးမှာပဲ…”

ချွန်းမြောင်၏ စကားကြောင့် ရထားလုံးဆွဲနေသော ဓားပြများသည် မျက်ရည်များ နှာရည်များကျကာ အော်ဟစ်ကြလေသည်။

“ခွေးတစ်ကောင်…ကျွန်တော် လှည်းကို ခွေးတစ်ကောင်လို ဆွဲပါ့မယ်…”

“ကျွန်တော်တို့ကို အလုပ်လုပ်ခွင့်ပြုပါ…မင်း တောင်းဆိုသမျှ ကျွန်တော်တို့ လုပ်ပေးပါ့မယ်…”

“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မစွန့်ပစ်ပါနဲ့…ကျွန်တော်တို့က မြင်းတွေထက်တောင် ပိုကောင်းအောင် ဆွဲနိုင်ပါတယ်…ကျေးဇူးပြုပြီး…”

“…”

လှလိုက်တဲ့ မြင်ကွင်း။သေခြင်းတရားကနေ လွတ်မြောက်ဖို့အတွက် အလုပ်ကို သဲကြီးမဲကြီး လုပ်နေကြတယ်…။

သေခြင်းနှင့် ရှင်ခြင်းကြားရှိ မျဉ်းပါးပါးလေးပေါ်တွင် လျှောက်လှမ်းနေရသည့် ကြောက်စရာ မြင်ကွင်းတစ်ခုဖြစ်သည်။

ဓားပြများသည် ကွမ်ဂန်း၏နှလုံးသားကို အနိုင်ယူရန် မျှော်လင့်၍ အသည်းအသန် အော်ငိုကြတော့သည်။

“ကုန်သည်ခေါင်းဆောင်..”

“သခင်…”

“ကယ်တင်ရှင်ကြီး…”

‘မင်းတို့ ဓားပြတွေ ဘယ်လောက်ဝေးဝေး သွားနိုင်ကြမှာလဲ…’

ကွမ်ဂန်းက သူ့မျက်လုံးများကို မှိတ်လိုက်သည်။

“အဲ..အဲ့ဒီလိုဆို အဆင်ပြေမှာလား…ဓားပြတွေကိုခေါ်လာတာ ငါတို့အတွက် အန္တရာယ်များမယ်ထင်တယ်…”

“အန္တရာယ်များမယ်…”

ချွန်းမြောင်က ခေါင်းစောင်း၍ကြည့်လာသည်။သူသည် ဓားပြတစ်ယောက်၏ တင်ပါးကို ပိတ်ရိုက်ရင်း ပြုံးလိုက်၏။

“ဒီကောင်တွေလား…”

“…”

“အင်း…မင်းရဲ့အမြင်အရတော့ စိတ်ပူချင်မှပူမှာပေါ့…”

ချွန်းမြောင်က စိတ်ပူနေသည့် အမူအရာမျိုး ဟန်လုပ်နေလေသည်။

“အိုး ဒါဖြင့်….ရထားလုံးကို ဆွဲဖို့ ခြေထောက်တွေပဲ လိုတာဆိုတော့ သူတို့ရဲ့ လက်နှစ်ဖက်လုံးကို ချိုးပစ်လိုက်ရမလား…”

ဓားပြများသည် ကွမ်ဂန်းကို အသည်းအသန် ကြည့်နေကြသည်။

ထိုလူများက ခေါင်းယမ်းနေကြသော်လည်း ကွမ်ဂန်းသည် အတော်လေး မေတ္တာတရားကင်းမဲ့နေပုံပင်။

“မင်းခွင့်ပြုတဲ့အတိုင်း ငါခေါ်သွားမှာပဲ…ဒါကြောင့် မင်းကို စိတ်မပူရစေအောင် သူတို့ရဲ့လက်တွေကို ငါ ချိုးပစ်လိုက်မယ်…”

“အာ မလုပ်ပါနဲ့…ခ..ခဏလေး…ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့လက်တွေကို ဘယ်လိုများ...”

“အမ်…သူတို့က ဘယ်လိုလူမျိုးတွေမို့လဲ…သူတို့က ပိုက်ဆံရှာဖို့အတွက်နဲ့ လူတွေကို သတ်တယ်…ငါတို့သာ ဒီမှာမရှိရင် မင်းတို့အားလုံးလည်း သေကုန်ကြမှာပဲ…”

“အဲ့..အဲ့ဒီလိုဆိုပေမဲ့လည်း…”

“ပုံမှန်ဆို သေအံ့ဆဲဆဲလူတွေကို ကယ်တင်သင့်တယ်လို့ ပြောနေကြပေမယ့် ငါတို့လည်း သူတို့ အသက်ရှင်ဖို့ လက်ကို ဖြတ်ဖို့တော့ လိုမှာပေါ့…ကိုယ့်သဘောအရဆို ငါတော့ သူတို့ခြေထောက်တစ်ဖက်ကို ချိုးပစ်သင့်တယ်ထင်တယ်…ဒါပေမယ့် ငါတို့သွားရမယ့်လမ်းက အရှည်ကြီးပဲဆိုတော့…”

သူ၏ဓားကို ထုတ်လိုက်သော ချွန်းမြောင်ကို ဟန့်တားရန်အတွက် ထလိုက်သောအခါ ကွမ်ဂန်း၏ အသံသည် အနည်းငယ်ပင် တိုးလာလေသည်။

“စိတ်…စိတ်အေးအေးထားပါ…စိတ်အေးအေးထားပါ…တပည့်…မင်းက တော်ပါတယ်…ငါလုံးဝကို စိတ်မပူဘူး…စကားလုံးတွေ အလုပ်လုပ်သွားလိမ့်မယ်…ဘာမှ အားထုတ်နေစရာ မလိုဘူး…”

“အမ်…”

ဓားပြတွေက ထအော်လေသည်။

“ငါ နားလည်ပါတယ်…ငါတကယ်ကို နားလည်ပါတယ်…”

“အလုပ် ပိုကြိုးစားပါ့မယ်…ထမင်းဟင်းလည်း ကောင်းကောင်းချက်ပါ့မယ်…အလုပ်လုပ်ပါရစေ…”

“မင်းတို့လူတွေထဲက တစ်ယောက်ကို ထိရင် ကျွန်တော်တို့လက်တွေကို ဖြတ်လိုက်ပါ…ကျေးဇူးပြုပြီး…”

“ကျွန်တော့်ကို ကယ်ပါ…”

ချွန်းမြောင်က သူ့ခေါင်းကို စောင့်ကြည့်လိုက်သည်။

“တကယ်ပဲ ပြောတဲ့အတိုင်း လုပ်ကြမှာလား…”

“ဟုတ်ကဲ့ပါ…”

“ကျွန်တော်တို့ သဘောပေါက်ပါတယ်…”

ချွန်းမြောင်က သူ၏ မျက်လုံးများကို ဝင့်ပြလိုက်လေသည်။

“မင်းတို့လို ဒုက္ခပေးတတ်တဲ့သူတွေက အလုပ်ကောင်းကောင်း လုပ်နိုင်ပါရက်နဲ့ ဘာလို့ ဓားပြတွေလို လုပ်နေရတာလဲ…”

တောက်….

သူသည် ကျိုးပဲ့နေသော ဇီးသီးပန်းပွင့်ဓားအစား ထန်ဂွမ်ဆီမှ ရလာသောဓားကို သူ့ရှေ့က ဓားပြ၏ ခေါင်းပေါ် ရိုက်ရန် အသုံးပြုခဲ့သည်။

“ဆန်ကုန်မြေလေးတွေ…မင်းတို့ရဲ့ ခြေတွေလက်တွေ အကောင်းအတိုင်း ရှိပြီး ဘာမဆို လုပ်လို့ရပေမယ့် ဒီလိုနည်းလမ်းတွေနဲ့ အသက်ရှင်နေထိုင်ဖို့ ရွေးချယ်ခဲ့တာလေ…မင်းတို့ကို အနိုင်ယူပြမယ်…ငါက တောအုပ်စိမ်း ဓားပြတွေရဲ့ သောက်ချီးထုပ် ဘုရင်ကို အနိုင်ယူခဲ့တဲ့သူပဲ…”

ကျွတ်စ်…ကျွတ်စ်…ကျွတ်စ်…

မြင်ကွင်းလေးက သနားစရာပဲ။ပြီးတော့ သနားစရာအကောင်းဆုံးက အခုလက်ရှိ အရိုက်ခံနေရတဲ့သူပဲ။

“ငါတို့ ယန်နန်ကို ရောက်တဲ့အထိ မင်းတို့တွေ လူသားတွေလို ဆက်ဆံခံရဖို့ မျှော်လင့်မနေနဲ့…မင်းတို့က မြင်းတွေလေ…ငါတို့ သွားမယ့်နေရာအထိ ရောက်အောင် ငါတို့ကို ဆွဲခေါ်ပေးရမယ်…တာအိုလမ်းစဉ်ကိုလည်း သင်ပေးဦးမှာ…”

ချွန်းမြောင် ဒီလို စရိုက်သည့်အချိန်၌ပင် ကွမ်ဂန်းက ဘတ်ချုန်းကို ကြည့်နေ၏။ဘတ်ချုန်းကလည်း သူ့ကို တောက်ပစွာ ပြုံးပြ၏။

“လက်လျှော့လိုက်တော့…သူ့ကို တားလို့ မရနိုင်ဘူး…”

“…”

ထို့နောက် လူအများသည်လည်း ထိုစကားဝိုင်းထဲသို့ ဝင်ပြောကြလေသည်။

“ဝိုး …ဒီရက်ပိုင်း ချွန်းမြောင်က အတော်လေး ကြင်နာပေးခဲ့တာပါ…အရင်တုန်းကသာဆိုရင် သူ အရင်ဆုံး ခြေတွေလက်တွေကို ဆွဲထုတ်ပြီး လှည်းကို ဆွဲခိုင်းလိမ့်မယ်…”

“မဟုတ်ဘူး…သူတို့ နောင်တရဖို့တောင် အချိန်ရှိမှာ မဟုတ်လောက်ဘူး…သူတို့ရဲ့ ခြေတွေလက်တွေ ချက်ချင်း အဝေးကို ပျံထွက်ကုန်ကြလိမ့်မယ်…”

“အင်း…ဟုတ်တယ်…”

ထိုနောက် ယုရီဆိုးက ပြောလေသည် ။

“ခေါင်းဆောင်…”

“အမ်…”

“သူတို့ခေါင်းတွေကိုတော့ မခွဲသေးပါဘူး…သူက အရမ်းကြင်နာတတ်ပါတယ်…”

“…”

“စိတ်မပူပါနဲ့…အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ခရီးက တော်တော်လေးတောင် ပိုလွယ်သွားဦးမယ်…ပြီးတော့ တစ်ချိန်တည်းမှာပဲ ဓားပြတွေကိုလည်း သင်ခန်းစာ ပေးပြီးသားဖြစ်သွားမှာလေ…သူတို့တွေ စိတ်သစ်လူသစ် ဖြစ်သွားကြမှာပေါ့…”

“စိတ်သစ်လူသစ်လား…”

‘စိတ်သစ်လူသစ်ဖြစ်တာထက်တောင် ပိုဦးမယ်…’

ဘတ်ချုန်းက တီးတိုးတီးတိုး သဖန်းပိုး လုပ်နေသည်ကို ကြည့်ပြီး ကွမ်ဂန်းမှာ ဘာပြောမှန်းနားမလည်ဘဲ ပြုံးလိုက်လေသည်။

‘ငါ ဘာမှ မသိတော့ဘူး…’

‘လုပ်ချင်ရာသာ လုပ်ကြတော့…’

ထို့ကြောင့် ယန်နန်သို့ သွားသည့် ခရီးသည် ဘာပြဿနာမှမရှိဘဲ အဆပေါင်းများစွာ မြန်ဆန်လာခဲ့သည်။

“မင်းတို့လိုဆန်ကုန်မြေးလေးတွေက လူစားတဲ့ အစာတွေကို စားရဲတယ်လား…မြင်းတွေက လူစားတဲ့အစားတွေကို မစားကြဘူးလေ…ကျွဲစာနွားစာတွေ စားကြလေ အရူးတွေရဲ့…”

အင်း ပြဿနာတစ်ခုတော့ ရှိတာပေါ့…

ဒါပေမယ့် အဲ့ဒါက သေးသေးလေးပါ။ပမွှားလေးပါ။

All Chapters