မင်း ဟွာဆန်းလို့ ပြောလိုက်တာလား(၁)
Vol. 15 Ch. 216
"တွေ့လား…"
"တွေ့ပါတယ် အကို…"
“ကြည့်လိုက်…မြေအကျယ်ကြီးပဲ…ဒါတွေအားလုံး ငါတို့တိုင်းပြည်ဖြစ်မှာလေ…”
အရယ်သန်သူက စကားအလိုက် ပြောလေသည်။
“ဒီနေရာမှာ ငါတို့ကို အနှောက်အယှက်ပေးမယ့် အရာရှိတွေလည်း မရှိဘူး…ငါတို့ရဲ့ ရည်မှန်းချက်တွေကြားမှာလည်း ဘယ်သူမှ ဝင်နှောက်မှာမဟုတ်ဘူး…အခု ဒီနေရာမှာဆို ငါတို့ အကောင်းဆုံး လုပ်နိုင်မှာပဲ…”
"ဒါပေါ့ စီနီယာအကိုကြီး…"
"ဟားဟားဟား…ဒီနှစ်မကုန်ခင်…ငါတို့ရဲ့ ကျားပုန်းရွာ နာမည်ကို လူတိုင်းသိလာကြမှာပါ…ကဲကဲ သွားကြစို့…အနာဂတ်မှာ ငါတို့ သမိုင်းကို ငါတို့ ဖန်တီးကြမယ်…”
"ဟုတ်ကဲ့ အစ်ကို…"
တလက်လက် ထနေသော စွဲအားထက်သန်ပြင်းပြမှု။
ပြင်းပြသော ရည်မှန်းချက်များနှင့်...
ခွပ်…
ဓားပြက သူ့ခေါင်းကို ဖမ်းဆုပ်လိုက်သည်။။
“ဒါက ငါ့ကို အမျိုးမျိုး တွေးမိစေတယ်…အခုတော့ သက်သာရာရတယ်လို့ ခံစားမိပြီလား…"
“မခံစားမိပါဘူး..လုံးဝ မဟုတ်ဘူး…ကျွန်တော်တို့ ရူးသွားလို့ တွေးနေတာဖြစ်မယ်…"
"အဲ့ဒီလိုတော့ မဟုတ်ဘူး…မင်းတို့စိတ်တွေ တခြားနေရာကို လွင့်နေတယ်ထင်တယ်…"
“မလွင့်ပါဘူး…လုံးဝ မလွင့်ပါဘူး…"
ဘန်ယိုး၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာသည်။
'ကျွန်တော်က ကိုယ့်မွေးရပ်မြေကို သွားပြီး အလုပ်လုပ်ပြီး အသက်ရှင်နေထိုင်ချင်တယ်…'
'ဘာလဲ…ကမ္ဘာကြီးကို အုပ်စိုးဖို့တဲ့လား…''
'ကျွန်တော်လည်း အေးခဲသေသွားနိုင်တယ်…ဟုတ်တယ်…သေရတာက ပိုကောင်းဦးမယ်…’
“နွားတစ်ကောင်လို ဆွဲကြ…နွားလိုမျိုး…”
“ဟုတ်ကဲ့ပါ …နွားလိုမျိုး…ဝူးးး…"
ဘန်ယိုး၏ မျက်လုံးများတွင် ဝမ်းနည်းလွန်းလို့ မျက်ရည်များ စီးကျလာသည်။
“ကျွတ်”
နာကျင်မှုကြောင့် စူးရှသော အော်ဟစ်သံနှင့် ညည်းညူသံတို့သည် ရုတ်တရက် သူ့ပါးစပ်မှ လွှတ်ခနဲထွက်သွားလေသည်။
ချွန်းမြောင်၏ ဖမ်းဆီးမှုကိုခံရပြီးနောက် သူတို့၏နေ့စဉ်ဘဝမှာ ရိုးရှင်းလှသည်။သူတို့သည် နံနက်မိုးလင်းကနေ ညနေ နေဝင်သည်အထိ မြင်းများကဲ့သို့ ရထားလုံးကို တိုက်ရိုက် ဆွဲကြရသည်။ညနေခင်းများတွင် ကုန်သည်အဖွဲ့က ခရီးကို ခေတ္တ ရပ်နားသောအခါ ဓားပြများသည် အခြားသူများကို စခန်းချရန် ကူညီပေးကြရပြီး နောက်ပိုင်းတွင် ခဏတာ အနားယူကြရသည်။
“အကြီးအကဲ…ခက်လွန်းတယ်ဗျာ…”
“အိုး…ငါ တကယ် သေတော့မလိုကို ခံစားရတယ်…"
"ငါတော့ သေသာသေလိုက်ချင်တယ်…"
သူ့လက်အောက်ငယ်သားတွေဆီမှ ကြားလိုက်ရသော စကားကြောင့် ဘန်ယိုး၏ မျက်လုံးများမှာ မျက်ရည်တွေ စီးကျလာခဲ့သည်။
‘ငါတို့က ဘာလို့ ဒီကောင်တွေ ဖမ်းတာကို ခံခဲ့ရတာလဲ...'
သူတို့က ဓားပြများ ဖြစ်သည်။
သူတို့မှာ စီချွမ်နယ်စပ်တွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး ဓားပြအုပ်စုဖြစ်သည်။သို့သော် ဓားပြများခေါင်းဆောင် ဘန်ယိုးသည် ကမ္ဘာကြီးသည် ကျယ်ဝန်းပြီး ပြင်ပလောကတွင် ‘ကောက်ရိတ်သူ' အစစ်အမှန်များ ရှိနေကြောင်း ထိတ်ထိတ်ပျာပျာနှင့် သိခဲ့ရသည်။
"အငယ်ဆုံးလေးက စိတ်လွင့်နေတုန်းလား…"
"...သူက ခဏလောက်တောင် စိတ်မှန်မယ့် ပုံမပေါ်ပါဘူး…"
ဘန်ယိုးသည် ပါးစပ်ထောင့်မှ သွားရည်များ စီးကျနေပြီး မျက်လုံးများ ပြူးကျယ်နေသည့် သူ၏အငယ်ဆုံးအဖွဲ့ဝင်ကို ကြည့်ရင်း မျက်လုံးများကို တင်းတင်းမှိတ်ထားမိသည်။
"...သူက တစ်သက်လုံး ဒီလိုပဲ ဖြစ်နေတော့မှာလား…"
“ဖြစ်နိုင်ပါတယ်…”
“ကျွတ်”
အငယ်ဆုံးလေးသည် သတ္တိအရှိဆုံးဖြစ်ခဲ့သည်။သို့သော်လည်း အငယ်ဆုံးလေး ဂုံဆိုးသည် ချွန်းမြောင်ကို ဆန့်ကျင်ခဲ့ပြီး ထိုအမှား၏ ပြန်ပေးဆပ်ရမှုမှာ အလွန် ကြီးမားလှသည်။
တခြားသူတွေနှင့် ငြင်းခုံနေသည့် ဂုံဆိုးကိုတွေ့တော့ ချွန်းမြောင်က ပြုံးပြီး ပြောလိုက်၏။
"ဟားဟား…နွားပေါက်ကလေးက စကားပြောနေတယ်…”
ဘန်ယိုးသည် ထိုစကားများကို ဘယ်တော့မှ မေ့ရတော့မည်မဟုတ်ပေ။
ချွန်းမြောင်က ထိုသို့ပြောပြီး ရထားလုံးပေါ်မှ ရွှေ့ကာ ထိုလူကို အရင်ကလိုပဲ ခေါင်းကို ရိုက်လိုက်သည်။ထိုအချိန်မှစ၍ ဂုံဆိုးသည် စကားမပြောတော့ပေ။
သူ့ဘဝတစ်လျှောက်လုံး တခြားဘာမှ မလုပ်နိုင်တော့တာ ဖြစ်လောက်သည်။
ဂုံဆိုးတစ်ယောက် ထိုသို့ ဖြစ်သွားပြီးနောက်တွင် သူတို့ ခြေထောက်များ ရောင်ရမ်းကာ ခြေလက်များ ကျိုးသွားရင်တောင် မည်သူကမျှ ဘာမှမပြောဝံ့ကြတော့ပေ။
ထို့ပြင်…
သူတို့အတွက် တကယ့် ဒုက္ခမဟုတ်သေးပေ။
ဘုတ်…
ဘုတ်…
“အား….”
“…”
ဘန်ယိုးသည် မောပန်းနွမ်းနယ်နေသော မျက်နှာများဖြင့် ပစ်လှဲနေကြသော ဟွာဆန်း၏ တပည့်များကို ကြည့်နေသည်။လေ့ကျင့်မှုတစ်ခုတည်းဖြင့် သူတို့၏အဝတ်အစားများ စုတ်ပြဲသွားစေဖို့က မည်မျှခက်ခဲမည်ကို သူတွေးတောင် မတွေးဝံ့ပေ။
ထိုအချိန်တွင် လူတစ်ယောက်က ဘန်ယိုး၏မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"လေ့ကျင့်မယ်ဆိုရင် မင်းတို့ရဲ့သက်လုံအားကို မြှင့်တင်ရမယ်…မင်းတို့ရဲ့ခံနိုင်ရည်က ဘာလို့ ပြောင်းလဲမှုမရှိရတာလဲ…မင်းတို့အားလုံး အလကားကောင်တွေပဲ…"
ဘန်ယိုး၏အကြည့်သည် ကြမ်းပြင်ပေါ်သို့ နိမ့်ဆင်းသွားပြီး ဂျိုဂုတစ်ယောက် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
“…”
ပထမတော့ ဒီလူကို မြင်တုန်းက သူသာ ဓားပြအဖွဲ့ထဲ ဝင်ရင် ကောင်းကောင်းကြီး သင့်တော်လိမ့်မည်ဟု တွေးခဲ့မိသည်။
ယခုမူ ဂျိုဂုသည် ချွန်းမြောင်ဟုခေါ်သော လူငယ်တစ်ဦး၏ ရိုက်နှက်ခြင်းကို ခံနေရသည်။
'ဘာလဲ…အလယ်ပိုင်းလွင်ပြင်ကို သိမ်းပိုက်မှာတဲ့လား…'
ယခင်က သူ့အစ်ကို၏ စကားများကို ပြန်သတိရမိသောအခါ သူ့သွေးတွေ ပွက်ပွက်ဆူလာလေသည်။
'အလယ်ပိုင်းလွင်ပြင်ဒေသ..'
‘အလယ်ပိုင်းလွင်ပြင်တွေတဲ့လား…'
'ရွံစရာကောင်းတဲ့ လူယုတ်မာကောင်…'
ဘယ်လိုနည်းလမ်းနဲ့မှ အဲ့ဒီနေရာကို ဝင်နိုင်မှာလဲ။ခြေတစ်လှမ်းတောင် မလှမ်းရသေးခင် ငကြောင်ကောင်တွေဆီ အပ်လိုက်ရပြီဖြစ်သည်။
ထိုအချိန်တွင် ချွန်းမြောင်က ခေါင်းကို လှည့်ကြည့်လာသည်။
"အိုး…မင်းကြည့်ရတာ အားတွေအင်တွေ ရှိတယ်ထင်တယ်…"
ဓားပြများ အားလုံး ဦးညွှတ်ကြလေသည်။
“ကျွတ်စ် ကျွတ်စ်…ကြည့်ပါဦး…ကလေးတွေလို ဟန်ဆောင်နေကြတာ…"
ချွန်းမြောင်က သူ့လျှာကို မထိတထိ ကိုက်လိုက်ပြီး တစ်နေရာသို့ ထွက်သွားလေသည်။ချွန်းမြောင်က သူတို့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသောအခါ ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဟွာဆန်း၏ တပည့်များသည် မတ်တတ်ထဖို့အရေး ရုန်းကန်ကြလေသည်။
ဂျိုဂု၏ ခန္ဓာကိုယ်သည် တုန်ယင်နေသည်။
"အဲ့ဒီခွေးကောင် ဘာတွေ လုပ်နေတာလဲ…"
“… သရဲတစ္ဆေတွေတောင် သူတို့ကြောက်တဲ့ အရာတွေ ရှိသေးတာပဲ…”
“အ…”
ဂျိုဂုက ယွန်းဂျွန်းကို ထူပေးဖို့ ကြိုးစားရင်း သက်ပြင်းချလိုက်လေသည်။
"ဆရာတူအကိုကြီး ကိုယ့်ဘာသာ ထစမ်းပါ…"
"ငါ..ငါ ဘယ်ကို ရောက်နေတာလဲ…"
“ဘာမှမဟုတ်ဘူး…ထားလိုက်တော့…အိပ်တော့…”
အခုတလော ဂျိုဂုက ဆရာတူအကိုကြီးကို ဂရုစိုက်ပေးတတ်သည်။
ဘတ်ချုန်းက သက်ပြင်းချပြီး ပြောလိုက်၏။
“သန့်ရှင်းရေးလုပ်ပြီး ခဏလောက် အိပ်ကြရအောင်…”
"ကျွန်တော်တို့ဒီနေ့လုပ်ခဲ့တဲ့ လေ့ကျင့်ရေးတွေကို နည်းနည်းလောက် ပိုပြီး နားလည်ဖို့ လိုတယ်…"
"မင်း အဆင်ပြေရဲ့လား…"
“နေ့ခင်းဘက် ရထားလုံးပေါ်မှာ အိပ်လို့ရတယ်ဆိုတော့ အဆင်ပြေပါတယ်…ကျွန်တော် စိတ်မကောင်းဖြစ်မိပေမယ့် တစ်ချိန်တည်းမှာ ဓားပြတွေအတွက်တော့ နောင်တမရမိပါဘူး…”
“အမ်…သူတို့ ကြားလိုက်သင့်တာ…”
ဟွာဆန်း၏ တပည့်များသည် ဓားပြများကို ကြည့်နေကြသည်။
သူတို့ကြည့်နေသည်ကို သတိထားမိသည့် ဘန်ယိုးက သတိမထားမိသယောင် မျက်လုံးများကို တင်းတင်းမှိတ်ထားမိလေသည်။
'ခွေးတွေတောင် ဒီလို အကြည့်ခံရမှာမဟုတ်ဘူး…'
ဟွားတောင်၏ တပည့်များသည် အချင်းချင်း ပြောရင်းဆိုရင်းဖြင့် အဝေးသို့ ထွက်သွားကြသည်။ဓားပြများက သူတို့ကို ကြည့်ပြီး သက်ပြင်းချကြလေသည်။
"အကိုကြီး…"
"ဘာလဲ…"
“ငါတို့ ဒီကနေ အသက်ရှင်လျက် လွတ်မြောက်သွားရင် အလယ်ပိုင်းလွင်ပြင်ကို မသွားကြရအောင်…”
"... ငါတို့ ဘယ်တော့မှ အမှားထပ်မလုပ်မိအောင် သေချာလုပ်ရအောင်.."
အခုတောင် သူတို့ထက် အသက်ငယ်ပြီး သန်မာတဲ့သူတွေက သွေးချောင်းဆိုးတဲ့အထိ တိုက်ခိုက်ကြ လေ့ကျင့်နေကြတာ သူတို့က ဘယ်လိုများ အခွင့်အရေးရနိုင်ပါ့မလဲ။
'အလယ်ပိုင်းလွင်ပြင်မှာ ဒီလို ဘီလူးတွေနဲ့ပဲ ပြည့်နေတာလား…'
ဟွားဆန်း၏ တပည့်များ၏ လုပ်ရပ်နှင့် ခွန်အားများသည် နားလည်မှုလွဲမှားခြင်းကို ဖြစ်ပေါ်စေခဲ့သည်။
"ကျာ့…”
"ကျာ့…"
လူဆွဲသော ရထားလုံးသည် မရပ်မနား လမ်းမပေါ် ဆင်းသွားလေသည်။မြင်သူတိုင်းက သမင်လည်ပြန် ကြည့်ကြလေသည်။
“အလို ဘာဖြစ်လို့ လူတွေက ရထားလုံးကို ဆွဲနေတာလဲ…ဘာလို့ မြင်းတွေက လူတွေနောက် လိုက်နေကြတာလဲ…”
“ဟက်…ဒီဘဝမှာ အရာအားလုံးကို မြင်ဖူးပြီထင်တယ်…"
"စီချွမ်က ကုန်သည် ရထားနဲ့မတူဘူးလား…"
ဘန်ယိုးက မျက်လုံးမှိတ်ထားလေသည်။ယန်နန်နယ်နိမိတ်ကို ဖြတ်ကျော်လာလေလေ လူတွေကြားထဲ ပြေးဝင်ရလေလေပင်။သူတို့ကို မြင်တဲ့လူတွေကလည်း စပ်စုချင်ကြသည်။
'ဒါက ရယ်စရာကောင်းနေလို့လား…'
ဘန်ယိုးက သူ့မျက်လုံးထဲတွင် မျက်ရည်တွေ စီးကျနေသလို ခံစားရသည်။အရင်ကတော့ လူတွေက တုန်တုန်ယင်ယင်နဲ့ သူတို့နဲ့ ဝေးရာကို ပြန်သွားကြပေမယ့် အခုတော့ ထူးဆန်းတဲ့ မြင်ကွင်းကို တွေ့ရဖို့အတွက် သူတို့ဆီ စုရုံးလာနေကြသည်။သူ ဒေါသမထွက်နိုင်ဘဲ မနေနိုင်တော့ပါ။
ဒေါသထွက်လိုက်တာ။
ချွန်းမြောင်...သူက သူတို့ကို အဆက်မပြတ် ရိုက်နေသည်။
"ကျာ့…"
ဓားအိမ်ပါသော ဓားသည် သူ့မျက်နှာဆီသို့ ပျံတက်လာသဖြင့် ဘန်ယိုး၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
"ဒီနွားက လူတွေလို ပြုမူဖို့ ဘယ်လိုများ တွေးဝံ့တာလဲ…"
“….အား…”
“ငါ အရမ်း ကြင်နာတတ်လာတာပဲ…အရင်စိတ်နဲ့သာဆို မင်းကိုတွေ့တာနဲ့ နုတ်နုတ်စင်းပစ်မှာ…"
ပြဿနာက ဟာသလုပ်နေတာနှင့် မတူပေ။
ချွန်းမြောင်၏အနောက်တွင် ထိုင်နေသော ရထားလုံးထဲရှိ ဘတ်ချုန်းက ရုတ်တရက် ပြောလိုက်သည်။
“အခု ငါတို့ ယူနန်နယ်ထဲမှာ လုံးဝ ရောက်နေပြီ…”
“ဟင်း…”
ချွန်းမြောင်က ခေါင်းညိတ်လိုက်သည်။
“ဒီမှာ တောင်တွေ အများကြီးရှိတာပဲ…”
ယန်နန်ကိုလာသည့်သူများ ပထမဆုံးမြင်ရမည့်အရာမှာ ကျက်တီးမြေပင်ဖြစ်သည်။
“ငါမြင်သမျှက တောင်တွေ…လယ်ကွင်းတွေချည်းပဲ…အရာရှိတွေက ဘာလို့ ဒီနေရာ အာရုံမထားကြတာလဲ မသိဘူး…”
ဘတ်ချုန်းက မျက်စောင်းထိုးလိုက်လေသည်။
"နန်မန်သားရဲနန်းတော်စောင့်တွေကို ငါတို့ အခုထိ မတွေ့သေးဘူးနော်…"
"ရှောင်လင်ဂိုဏ်းကြီးတစ်ခုလုံး ရောက်လာရင်တောင် ယန်နန်ကို သူတို့ ကာကွယ်နိုင်မှာ မဟုတ်ဘူး…"
ဘတ်ချွန်းက ခေါင်းညိတ်လိုက်သည်။ယန်နန်ကို နန်မန်သားရဲနန်းတော်က အုပ်ချုပ်ကြောင်း ကြားထားသောကြောင့် နန်မန်သားရဲနန်းတော်၏ အစောင့်များက လူတွေကို စစ်ဆေးဖို့ ရှိနေလိမ့်မည်ဟု သူ ထင်ခဲ့မိသည်။
သို့သော် ထိုကိစ္စကို ထပ်မံစဉ်းစားကြည့်သောအခါ ဤသို့ဝေးလံသောနယ်စပ်ရှိ သူတို့၏နယ်မြေကို ကာကွယ်ရန် ယန်နန်၏အတွင်းပိုင်းရှိ နန်းတော်အတွက် အစောင့်များစေလွှတ်ရန်မှာ မဖြစ်နိုင်ပေ။
သူတို့ပြောတာကို နားထောင်နေသည့် ကွမ်ဂန်းက ပြောလာ၏။
“လက်ဖက်ရောင်းဝယ်မှုတွေ လုပ်တဲ့ ကွမ်မင်ဘက်ခြမ်းကနေ တိုက်ရိုက် စီမံခန့်ခွဲတာလေ…ပြီးတော့ တစ်ခါတစ်ရံ ကင်းလှည့်တာတွေ ရှိပေမယ့် ခဏခဏတော့ မဟုတ်ပါဘူး…”
"ဒါဆို ငါတို့က အကြောင်းပြချက်မရှိဘဲ သတိရှိလွန်းနေတာ မဟုတ်ဘူးလား…"
"ငါတို့ သတိထားမှဖြစ်မယ်…"
ကွမ်ဂန်းက အသံ တိုးတိုးဖြင့် ပြောလာသည်။
"စီချွမ်မှာရှိတဲ့ ထန်မိသားစုထက် နန်မန်သားရဲနန်းတော်က ယူနန်မှာ အာဏာပိုရှိတယ်…တစ်နည်းပြောရရင် အခုအချိန်မှာ တွေ့ရတဲ့ ဘယ်သူမဆို နန်မန်သားရဲနန်းတော်ရဲ့ သတင်းပေးသမား ဖြစ်နိုင်တယ်…”
ဘတ်ချုန်းက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည် ။
ဤနေရာရှိ လူတိုင်းသည် နန်မန်သားရဲနန်းတော်၏ မျက်လုံးများနှင့် နားများဖြစ်နိုင်သည်ဟု တွေးမိသောအခါ သူ့စိတ်ထဲ၌ ပို၍ သတိချပ်မိလာခဲ့သည်။
"ကြည့်ရတာ ဒီကလူတွေရဲ့ စိတ်နေစိတ်ထားက မကောင်းဘူး မဟုတ်လား…"
ချွန်းမြောင်သည် ဘတ်ချုန်း၏ စကားကို ထပ်ဖြည့်လိုက်လေသည်။
'မဟုတ်ဘူး…အဲ့ဒီလို မဟုတ်ဘူး...လူတိုင်းက သူတို့ကို စိုက်ကြည့်နေကြတာ…သူတို့ရဲ့အဝတ်အစားတွေက စုတ်ပြတ်နေလို့ ခန္ဓာကိုယ်တွေကိုပါ မြင်နေရတယ်…သူတို့ရဲ့အရိုးတွေကိုတောင် မြင်နေရတယ်…’
“အစက ယန်နန်ရဲ့ အထွက်နှုန်းက သိပ်မကောင်းဘူး…ပုံမှန်ဆိုရင် လယ်လုပ်ဖို့ မြေကွက်က သိပ်မရှိဘူး…ငါတို့သွားတဲ့လမ်းမှာ စပါးခင်းတွေ တွေ့ဖူးတာ ရှိလို့လား…”
“အာ…”
“လယ်မြေက များများစားစား မရှိတော့ လယ်စိုက်စရာနေရာလည်း မရှိဘူး…ဒါပေမယ့် အခုတလော မိုးခေါင်ရေရှားမှု အခြေအနေက ပိုတောင်ဆိုးလာခဲ့တယ်…”
ကွမ်ဂန်းက ခေါင်းယမ်းလိုက်လေသည်။
“အရင်တုန်းကတော့ ယန်နန်ရဲ့ ကုန်သွယ်မှုကနေ ရလာတဲ့ငွေက ဒေသခံတွေ အသက်မွေးဝမ်းကြောင်းပြုဖို့ အထောက်အကူဖြစ်ခဲ့တယ်…ဒါပေမယ့် အခုတော့ ကုန်သွယ်ခွင့်မရှိတော့ဘူးလေ…သူတို့တွေ လယ်လုပ်လို့ အဆင်မပြေရင် လူတိုင်းက ငတ်သေရမှာပဲ…”
ဘတ်ချွန်းက ထိုစကားကြောင့် ခေါင်းကို စောင်းလိုက်လေသည်။
"လုပ်ငန်းကိုင်ငန်းတွေကလည်း ထင်သလောက် အဆင်မပြေဘူး မဟုတ်လား…"
“တကယ်တော့ အနောက်တိုင်းသားတွေက လက်ဖက်ရည်ကို သိပ်မကြိုက်ဘူးလေ…အလယ်ပိုင်းလွင်ပြင်ကလွဲလို့ တခြားနေရာတွေက လက်ဖက်ရည် အများကြီး မလိုဘူး…ပြီးတော့ အနောက်တိုင်းသားတွေ လိုချင်တဲ့ လက်ဖက်ရည် အမျိုးအစားက ယန်နန်ကရတဲ့ အမျိုးအစား မဟုတ်ဘူး…”
ဘတ်ချုန်းက နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“နောက်ဆုံးတော့ ကုန်သွယ်မှုကို ဖြတ်တောက်လိုက်တာက ယန်နန်ကို ကူညီရာ မရောက်ဘူးလို့ ဆိုလိုတာပေါ့…”
"ယန်နန်တင် ဟုတ်ပါ့မလား…စီချွမ်လည်း ဒုက္ခရောက်တာပေါ့…အလယ်ပိုင်း လွင်ပြင်တွေနဲ့ တန်းတူဖြစ်ခဲ့ဖူးတဲ့ စီချွမ် ကုန်သည်အုပ်စုတွေလည်း အခု သူတို့ရဲ့သယံဇာတတွေကို ထိထိရောက်ရောက် မသုံးနိုင်တော့ဘူး…ကံကောင်းလို့ ဒီကလူတွေက လက်ဖက် မစားကြလို့ အစာမငတ်တော့ဘူးလေ…”
“အမ်…”
ဘတ်ချုန်းမှာ စိတ်ရှုပ်သွားလေသည်။
“မကြာခင် ကွမ်မင်ကို ရောက်တော့မယ်…ဘာပြဿနာမရှိဘဲ အဲဒီကိုရောက်မယ်ဆိုရင် ငါတို့ရဲ့ တာဝန် ပြီးပြီ…”
ဘတ်ချုန်းက ကွမ်ဂန်းကို ဦးညွှတ်လိုက်သည်။
“ထပ်ပြီး ကျေးဇူးတင်ပါတယ်…”
"ငါတို့ မင်းကို ဘေးကင်းကင်းနဲ့ ပို့ပြီးမှ မင်းကျေးဇူးတင်တာကို လက်ခံပါ့မယ်…"
ကွမ်ဂန်းက ပြုံးလိုက်သည်။သို့တိုင်အောင် ခရီးဆက်သွားနေသလို ဟွာဆန်း၏တပည့်များသည် စတင်၍ နေမထိထိုင်မထိ ဖြစ်လာကြသည်။
ကြမ်းတမ်းသောလမ်းများ၊ကျက်တီးမြေများနှင့် အစာရေစာ ငတ်မွတ်နေသူများကိုသာ တွေ့မြင်နေရသည်။
"အားးး…"
"အားးး…"
လူဆွဲ လှည်းကို ကျေးဇူးတင်ရပေမည်။ထိုလှည်းကြောင့် တစ်အုပ်စုလုံး မျှော်လင့်ထားသည်ထက် သုံးဆ ပိုမိုမြန်ဆန်စွာ ရောက်ရှိနိုင်ခဲ့သည်။
"ဟိုမှာ ကွမ်မင်ပဲ…"
ချွန်းမြောင်သည် ခံတပ်နံရံဟောင်းကို လှမ်းကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
"ကြည့်ရတာ ခံတပ်မြို့ထက် ရွာနဲ့တောင် ပိုတူနေတယ်…"
“ယန်နန်မှာ နေထိုင်စရာ မြေရှားပါးမှုနဲ့ အစားအစာ ရှားပါးမှုကြောင့် ခံတပ်နံရံမြင့်ကြီးတွေရဲ့ အယူအဆက မရှိတော့ဘူး…”
“အာဟ”
ချွန်းမြောင်က ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်… ကျွန်တော်တို့ကို ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်…"
"ကိစ္စမရှိပါဘူး…"
ဟွားဆန်း၏ တပည့်များသည် ကုန်သည်အဖွဲ့အား နှုတ်ဆက်လိုက်ကြသည်။
ချွန်းမြောင်က လှည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
“အခု ပြဿနာက အဲ့ဒီလူတွေပဲ…”
ဓားပြများသည် သူနှင့် မျက်လုံးချင်းဆုံမိသောအခါ တုန်လှုပ်ကာ ဦးညွတ်ကြလေသည်။
'ကြင်နာတတ်တဲ့မျက်နှာထားလုပ်စမ်း…ကြင်နာတဲ့မျက်နှာ…’
'သနားစရာ အကောင်းဆုံး မျက်နှာထား လုပ်စမ်း…'
ချွန်းမြောင်သည် ဘတ်ချုန်းကို ကြည့်လိုက်ရာ ဘတ်ချုန်းက ပြန်ဖြေလာသည်။
"သူတို့ကို လွှတ်လိုက်တာ ပိုမကောင်းဘူးလား…"
"အာ့…သူတို့ကို လွှတ်ပေးရမယ်…”
“ဟုတ်တယ်…သူတို့က ရာဇ၀တ်မှုကျူးလွန်ခဲ့တာ မှန်ပေမယ့် ဒီကိုလာရင်းနဲ့ ဒုက္ခသုက္ခတွေ ခံခဲ့ကြရတယ်လေ… သူတို့လုပ်ရပ်တွေကို ပြန်ဆင်ခြင်မိတဲ့ ပုံပါပဲ…အဲ့ဒါကြောင့် သူတို့ကို လွှတ်ပေးလိုက်ပါ…”
ချွန်းမြောင်က ခေါင်းညိတ်လိုက်သည်။
“အိုး…သနား တတ်လိုက်တာ…အဲဒါကြောင့် နည်းပြအကိုကြီးကို သဘောကျတာ…"
“မဟုတ်တာတွေ လျှောက်မပြောစမ်းပါနဲ့…”
ချွန်းမြောင်က တောက်ပစွာပြုံးပြီး ဓားပြများဘက်သို့ လှည့်ကြည့်လိုက်သည်။
"ငါ သူတို့ကို လွှတ်ပေးလိုက်မယ်…"
"ကျေးဇူးတင်ပါတယ်…ကျေးဇူးအများကြီး တင်ပါတယ်…"
"ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ပါ့မယ်…ဟဲ…ဟဲ…ဟဲ…"
"ကျွန်တော်တို့ ဘယ်တော့မှ လုယက်ဖို့ မကြိုးစားတော့ပါဘူး…"
ချွန်းမြောင်က ပြုံးလိုက်သည်။
"ဒါပေမယ့် မင်းတို့သိကြလား…"
“… အာ…”
"ငါက ငါ့ကို လုပ်ခိုင်းတာနဲ့ ဆန့်ကျင်ဘက်ကို အမြဲလုပ်တတ်တယ်…"
“…”
ခဏအတွင်းမှာပင် ချွန်းမြောင်၏ လက်များ လှုပ်ရှားသွားလေသည်။
သူ၏လက်က ဓားပြတွေ၏ ဒန်းထျန်ကို ရိုက်ခွဲပစ်လိုက်သည်။
"ခွပ်…"
“အာ့…”
ဝမ်းဗိုက်အောက်ပိုင်း အရိုက်ခံလိုက်ရသော ဓားပြများသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားကြလေသည်။ချွန်းမြောင်က သူတို့ကို ကြည့်ရင်း ပြုံးလိုက်သည်။
"ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်…ဒီနေရာမှာ ပျော်ရွှင်ကြပါစေနော်…မင်းတို့ ငါပြန်လာတာကို မစောင့်ဘဲ မင်းတို့ရဲ့သိုင်းပညာကို ပြန်ပြီး ကျင့်ကြံဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး…"
“…”
“ဒါမှမဟုတ် အဝေးကို ထွက်ပြေးပြီး သာမန်လူတွေလိုပဲ နေနိုင်တယ်…မင်းတို့ လုပ်ချင်တာ လုပ်…"
ချွန်းမြောင်သည် ဘာမှ မတွေးတော့ဘဲ နောက်ပြန်လှည့်ကာ ကွမ်မင်သို့ လျှောက်သွားလေသည်။
ယွန်းဂျွန်က သူ့နောက်ကို လိုက်သွား၏။
"မင်း ဘာလို့ သူတို့ကို ချုပ်နှောင်ထားသေးတာလဲ…"
"ငါတို့ အပြန်လမ်းကျ လှည်းကို ဘယ်သူက ဆွဲမှာလဲ…"
“…”
"လူပြော မသန်…လူသန် မပြောလေ…"
“…”
ချွန်းမြောင်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလာသည်။
“အိမ်ပြန်တဲ့လမ်းမှာ ဒီလူယုတ်မာတွေ လုယက်ထားတဲ့ ပစ္စည်းတွေကို ငါတို့ ပြန်လုရမယ်…သူတို့တွေ ငွေပမာဏ များများ စုထားနိုင်မယ်ထင်တယ်…
ထိုအချိန်တွင် ယွန်းဂျွန်သည် ဘယ်တော့မှ ချွန်းမြောင် ဖမ်းတာ ခံမည်မဟုတ်ကြောင်း စိတ်ထဲတေးမှတ်ထားလိုက်သည်။