← Chapters

မင်း ဟွာဆန်းလို့ ပြောလိုက်တာလား(၂)

Vol. 15 Ch. 217

မင်း ဟွာဆန်းလို့ ပြောလိုက်တာလား(၂)

Vol. 15 Ch. 217

“အားလုံး စိတ်ထဲမှတ်ထားကြပါ…ငါတို့က ဟွားဆန်းက တပည့်တွေ မဟုတ်ဘူးနော်…ငါတို့က ငြိမ်းချမ်းရေး ကုန်သည်အဖွဲ့ရဲ့ လက်အောက်က ကုန်သည်တွေသက်သက်ပဲ…ပြီးတော့ ငါတို့ ဒီကိုလာကြတာ ခရမ်းရောင်သစ်သားမြက်တွေ ဝယ်ဖို့ လာခဲ့ကြတာ…”

“ဒါတော့ ရှင်းပါတယ်…”

“ငါတို့က ဟွားဆန်းက တပည့်ဆိုတာ သိသာစေမယ့်အရာ ဘာတစ်ခုမှ မလုပ်ရဘူး…ဒါက အဓိက လျှို့ဝှက်ချက်ပဲ…”

"အားလုံးပဲ ဒါကို ကြားကြလား…"

"ဒါဆို ဘာပဲဖြစ်ဖြစ် ဘာမှမလုပ်ခင် အဖန်ဖန် စဉ်းစားပါ…"

“ဟုတ်ကဲ့…စဉ်းစားပါ့မယ်…”

နောက်ဆုံးတော့ ဘတ်ချုန်းသည် သူပြောသလို လိုက်ပြောနေသည့် ချွန်းမြောင်ကို အော်ပြောလိုက်၏။

"မင်း…မင်း ခွေးကောင်…ငါ မင်းကို ပြောနေတာ…သူများတွေကို ပြောနေတာမဟုတ်ဘူး…”

ချွန်းမြောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

"ငါ့ကို…"

"ဟုတ်တယ်…မင်းက ငါတို့ထဲမှာ ဒီစကားတွေကို နားထောင်ဖို့ အလိုအပ်ဆုံးသူပဲ…မင်းကလွဲရင် ငါတို့အတွက် မတော်တဆမှုတွေ ဖန်တီးမိတဲ့သူ တခြား ဘယ်သူရှိလို့လဲ…"

“ကျွတ်…နည်းပြဘတ် မင်း ရမ်းဆပြီး ဆုပ်ကိုင်ထားတဲ့ မလိုမုန်းထားမှုတွေကို အမြဲ ရှိနေတာလား…”

"...ဆက်မပြောနဲ့တော့…"

ဘတ်ချုန်းက အသက်ပြင်းပြင်းရှူလိုက်သည်။

'ငါတော့ တော်တော် သောကရောက်နေရတယ်…'

သူတို့ ဒီနေရာကို တစ်နည်းနည်းနဲ့ ရောက်အောင် လုပ်နိုင်ခဲ့ပေမယ့် ကွမ်မင်ကို ဝင်ဖို့ သူ့ခြေထောက်တွေက လက်လျှော့လိုက်ပြီဟုတောင် ခံစားမိသည်။

'ဒါပေမယ့် ငါ သူ့ကို တစ်ယောက်တည်း သွားခိုင်းလို့မရဘူး…'

အကယ်၍ သူသည် အကျိုးသင့်အကြောင်းသင့် နားထောင်တတ်သူ တစ်ယောက်ဆိုလျှင် တစ်ခုခုပြောကောင်းပြောနိုင်သော်လည်း ချွန်းမြောင်က အခြားသူများ၏စကားကို နားထောင်ဖို့ဆိုတာ ယုတ္တိမရှိပေ။

"ယုဆာမေ…"

"ဟုတ်ကဲ့ ဆရာတူအကိုကြီး…"

"ချွန်းမြောင်နဲ့ နီးနီးကပ်ကပ်နေပြီးတော့ မတော်တဆမှုမဖြစ်အောင် သူ့ကို စောင့်ကြည့်ထား…"

“ဟုတ်ကဲ့…”

ယုရီဆိုး၏ မျက်လုံးများသည် ချွန်းမြောင်ဆီသို့ ရောက်သွားလေသည်။ဒါကိုမြင်တော့ မကျေမနပ်သည့် မျက်နှာနှင့် နှုတ်ဟလာလေသည်။

"မင်းတို့အားလုံး ငါ့ကို ဘယ်လိုထင်ကြလဲ…ငါက ဒုက္ခပေးမယ့်သူနဲ့ တူနေလို့လား…"

“အင်း…”

"မင်းက အမြဲ ဒုက္ခရှာတတ်တယ်လေ…"

"ဒီလိုတွေးကြတာ မဆန်းပါဘူး…"

“…”

ချွန်းမြောင်သည် သူ့ခန္ဓာကိုယ်ကို မတရားသဖြင့် ကောက်လိမ်ထားသော်လည်း သူ၏ဆရာတူအကိုကြီးသည် အကြည့်တစ်ချက်ပင် ဝေ့မလာပေ။

'အနည်းဆုံးတော့ ယုညီမက သူ့ကို ထိန်းချုပ်ဖို့ နည်းနည်း ပိုသတိထားသေးတယ်…’

သို့သော် ဤသည်မှာ အခြေခံကျသော ဖြေရှင်းချက်မဟုတ်ပေ။ဘတ်ချုန်းသည် ယုရီဆိုးက သူ့ကို တားနိုင်လိမ့်မည်ဟု မထင်ထားပေမယ့် အနည်းဆုံးတော့ သူ့ကို နှောင့်နှေးအောင် တစ်ခုခု လုပ်မှဖြစ်မည်။

‘ကွမ်မင်ကို ရောက်ဖို့ အကောင်းဆုံးနည်းလမ်းက ချွန်းမြောင် ပြဿနာမရှာခင်မှာ ငါတို့လိုအပ်တဲ့ အချက်အလက်တွေကို အရယူထားပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားတာပဲ…’

ဘတ်ချုန်း၊ယွန်းဂျွန်နှင့် ဂျိုဂုတို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။သူတို့အားလုံးတွင် တူညီသည့် အတွေးအမြင်များ ရှိနေကြသလိုမျိုး စိတ်ပိုင်းဖြတ်ထားသော မျက်နှာမျိုးများ ရှိနေကြသည်။

"သွားကြစို့…"

“ဟုတ်ကဲ့…”

ဟွားဆန်း၏ တပည့်များသည် ကွမ်မင်မြို့တံခါးများကို စိတ်ချလက်ချ ဖြတ်၍ ဝင်ရောက်လာကြသည်။ဂိတ်တံခါးတွင် အစောင့်အကြပ်များ မရှိသလို တခြားလုံခြုံရေးပုံစံမျိုးလည်း မရှိကြပေ။

အနည်းငယ် ထူးဆန်းနေသော ပတ်ဝန်းကျင်တွင် ဘတ်ချုန်းသည် ဂိတ်ပေါက်ကို ဖြတ်သွားလေသည်။

"…ဒါဘာလဲ…"

"ဘာလို့ ဒီလို ဖြစ်နေရတာလဲ…"

ဂိတ်တံခါးအတွင်းမှ လူတိုင်းက မမျှော်လင့်ထားသော မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်ကြသည်။

"... ဒီနေရာမှာ ပလိပ်ရောဂါ ဖြစ်သွားတာလား…"

"အဲ့ဒီလိုမဟုတ်လောက်ဘူး…..”

ပွင့်ပွင်းလင်းလင်းပြောရလျှင်... ကြီးကြီးမားမား အသက်ဆုံးရှုံးတာမျိုး မရှိပေ။

သူတို့ရှေ့ရှိ လမ်းမပေါ်တွင် လူရိပ်လူယောင် မရှိသလောက်ပင်။ရှားရှားပါးပါး နံရံကိုမှီ၍ အသက်ပြင်းပြင်း ရှူနေကြသည့် လူများကို တွေ့ကြရသည်။

"...ဒါက တကယ်ကြီးလား…"

ဘတ်ချုန်းက ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။

ဒီလိုမြို့တစ်မြို့သည် လူများပြည့်ကျပ်နေသင့်သည်။ငွေကြေးစီးဆင်းမှုကလည်း ဒီလောက်ကြီးတဲ့ နေရာမျိုးမှာ လှည့်ပတ်နေသင့်ပြီး လူတွေကလည်း….ဒီလို တိတ်ဆိတ်မနေသင့်။

သို့သော် ယခုအချိန်တွင် ကွမ်မင်သည် လုံးဝ မြို့ပျက်တစ်ခုလိုပင်။

“အမ်”

ချွမ်းမြောင်ပင်လျှင် သူ၏ စိတ်ပျက်သွားမှုကို မဖုံးကွယ်နိုင်ပေ။

တစ်ချိန်တည်းတွင် ဤမြင်ကွင်းကို ကြည့်နေသည့် ယွန်းဂျွန်ကလည်း ပြောလိုက်၏။

"ငါတို့ ဒီနေရာကို ဝင်လာတုန်းက အခြေအနေသိပ်မကောင်းတဲ့ပုံ ပေါ်ပေမဲ့...ကွမ်မင်ကတော့ ဒီလိုမဟုတ်လောက်ဘူးလို့ ထင်ခဲ့တာ…အပြင်ကထက်တောင် ပိုဆိုးနေသေးတယ်"

"…ငါသိပြီ…"

ဘတ်ချုန်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ဂျိုဂုက ထပ်ပြောလာသည်။

"ကုန်သည်အသင်းကနေ နှုတ်ထွက်ပြီးနောက်ပိုင်း ယန်နန်ပြည်နယ်ရဲ့ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်လို့ ကြားတယ်…ဒါပေမယ့် ဒီလောက်ဆိုးမယ်လို့ ထင်မထားဘူး…"

"အဲ့ဒါက တစ်ခုတည်းသော အကြောင်းပြချက်ပဲလား…ဒီနေရာမှာလည်း မိုးခေါင်တယ်လို့ ပြောကြတော့ ပိုပြီး အားပြင်း အကျိုးသက်ရောက်မှုတစ်ခု ရှိနိုင်တယ်…”

"ဟုတ်တယ်…အဲ့ဒါကလည်း အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နိုင်တယ်…"

ချွန်းမြောင်က သူ့ခေါင်းသူ ကုတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ်…အဲဒါက အရေးမကြီးပါဘူး…ဒီတော့ သတင်းအချက်အလက်တွေကို စုဆောင်းတာကနေ စကြမယ်…"

“အမ်း…ဟုတ်တယ်…”

ဘတ်ချုန်းက ခေါင်းညိတ်လိုက်သည်။

"လူစုခွဲပြီး မေးကြည့်ရအောင်…ပြီးရင် ညနေစောင်း ဒီနေရာမှာပဲ ငါတို့ ဆုံကြမယ်…"

"ဟုတ်ကဲ့ နည်းပြဘတ်…"

"သတိထားကြပါ…"

ဆရာတူအကိုကြီးများသည် တာဝန်အသီးသီး ထမ်းဆောင်ရန် လှုပ်ရှားကြသောအခါ ချွန်းမြောင်က ပြုံး၍ ရှေ့ကို လှမ်းကြည့်လိုက်သည်။

"ဟုတ်ပြီ…အခု ငါ ခရမ်းရောင်သစ်သားမြက်တွေ ဘယ်မှာရှိလဲလို့ မေးရမယ်…"

သူ၏ပြင်းပြသောစိတ်ဆန္ဒသည် ပြည့်လျှမ်းနေကာ လောင်မြိုက်နေ၏။ပြဿနာတက်စရာရှိလျှင် တစ်ခုတည်းသာရှိသည်။

"…ဒါပေမယ့် ငါ ဘယ်သူကို မေးရမှာလဲ…ဘယ်လိုမေးရမှာလဲ…"

“…”

ယုရီဆိုးသည် ချွန်းမြောင်ကို ကြည့်လိုက်သည်။

“အိုး”

ချွန်းမြောင်က သူ့လက်များကို ဆုပ်ကိုင်လိုက်သည်။

"ဒါက ယန်နန်လေ…"

ချွန်းမြောင်သည် ယန်နန်နှင့် လက်ဖက်ရည်အကြောင်းကို ဘာမှ မသိပေ။ဤနေရာသည် အလယ်ပိုင်းလွင်ပြင်နှင့် ကွဲပြားနေသည်။

ဤနေရာက ပိုကောင်းသည်ဖြစ်စေ ပိုဆိုးသည်ဖြစ်စေ ထည့်မစဉ်းစားလျှင်တောင် သူ့အတွက်တော့ အသစ်အဆန်းဖြစ်နေသလို ခံစားရသည်။

“အာဏာရှိတဲ့သူတွေနဲ့ တွေ့ဖို့ လိုတာပဲ…”

ချွန်မြောင် ပြုံးလိုက်သည်။သို့သော် သူ့ကို ပေါ့ပေါ့ဆဆ မှတ်ယူနေသည်ဟု ရှင်းရှင်းလင်းလင်း အော်ဟစ်ခဲ့သည့် သူ့အသွင်အပြင်ကို မကြိုက်သော လူတစ်ယောက်ရှိနေခဲ့သည်။

"ခရမ်းရောင်သစ်သားမြက်…"

“…”

ယုရီဆိုးက ချွန်းမြောင်ကို ကြည့်လိုက်သည်။

သူမ၏ ရည်ရွယ်ချက်မှာ စကားလုံးနည်းနည်းနှင့် အကြည့်တစ်ချက်တွင် ရှင်းနေသည်။

'အခုတော့ လူတချို့က သတင်းရဖို့အတွက် နေပူထဲ လျှောက်သွားပြီး အဲ့ဒီနေရာကနေ ထွက်သွားကြပေမယ့် အငယ်ဆုံးဖြစ်သူကတော့ ဘယ်သွားမရလဲ မသေချာလို့ အဲ့ဒီနေရာမှာပဲ ကျန်ရစ်နေတုန်းပဲ…လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို သွားဖို့ စဉ်းစားနေတာ ဖြစ်နိုင်တယ်'

ထိုသို့ပြောနေတာဖြစ်သည်။

ဒါပေမယ့် ချွန်းမြောင်က ဘယ်သူမို့လဲ။သူ့လိုလူအတွက် ဒီလိုအရာတွေက အလုပ်မဖြစ်ပါ။

"ဒါဆို ငါသွားရတော့မလား…"

“…”

"ဒါဖြင့် ငါ လှည့်ပတ်ကြည့်လိုက်ဦးမယ်…ငါ ဒီနေရာမှာ ဘာပဲဖြစ်ဖြစ် လုပ်လို့ရမလား…"

သူမမျက်နှာပေါ်တွင် ဝိရောဓိတစ်ခု ရှိနေပေသည်။ဒီလူကို သူမ သွားခွင့်ပြုလို့ မဖြစ်ပေ။

'ချွန်းမြောင်ကို ဘာပြဿနာမှ မရှာစေနဲ့…'

'ဒါပေမယ့် ဒီနေရာက ဘာမှမရှိဘူးလေ…'

ထိုအတွေးနှစ်ခုက သူမစိတ်ထဲတွင် ထိပ်တိုက်တွေ့နေကြသည်။

ပိုအရေးကြီးသည့်ဘက်ဟု ခေါင်းစဉ်တပ်လိုက်သည့် ယုရီဆိုးက စိတ်ပိုင်းဖြတ်ပြီးသွားသလိုမျိုး ချွန်းမြောင်ကို စိုက်ကြည့်လာသည်။

"ငါလည်း လက်ဖက်ရည်တစ်ခွက်လောက် သောက်မယ်လေ…"

“…”

တစ်ခုခုတော့ လွဲနေသလို ခံစားလိုက်ရသည်။

ချွန်းမြောင်က ပြုံးလိုက်သည်။ကွမ်မင်ရှိ လက်ဖက်ရည်ဆိုင်ကို လှမ်းကြည့်သည်။

'ကြည့်ရတာ ကူကယ်လို့မရအောင် ပျက်နေတဲ့ပုံပဲ…'

မြို့သည် အသက်ကင်းမဲ့နေပုံပေါ်သည်။သူသိထားသလိုဆို ကွမ်မင်သည် ဤနေရာ၏ ချန်တုဖြစ်လိမ့်မည်။ဤမြို့သည် ယန်နန်၏အချက်အချာ နေရာဖြစ်မည်ဟု ယူဆရသည်။

အကယ်၍ ဤနေရာသည် ကျက်တီးမြေဖြစ်နေပါက ယန်နန်ပြည်နယ်တစ်ခုလုံးသည် ဤကဲ့သို့ ဖြစ်နေသည်ဟု ဆိုလိုနေသည်။ချွန်းမြောင် မျက်မှောင်ကြုတ်လိုက်သည်။

'အရင်က ဟွာဆန်းကို မြင်နေရသလိုပဲ…'

တစ်ချိန်က ဤနေရာသည်လည်း သက်ဝင်စည်ကားနေသော နေရာတစ်ခုဖြစ်ခဲ့သည်။ယန်နန်မှာလည်း အတူတူပင်… နတ်ဆိုးဂိုဏ်းဆီက တိုက်ခိုက်ခံရပြီး ပြိုပျက်သည့်အချိန်အထိ သက်ဝင်စည်ကားခဲ့သည်။မှားယွင်းစွာ ကိုင်တွယ်ဖြေရှင်းမှုကြောင့် မြို့၏ ယခင်ဂုဏ်အသရေကို ပြန်မရနိုင်တော့ပါ။

ကံကောင်းထောက်မစွာပင် ဟွာဆန်းသည် ချွန်းမြောင်၏ကောင်းချီးကို ရရှိခဲ့သည်။အကယ်၍ ချွန်းမြောင်သည် ဘာမှန်းမသိရသည့် အကြောင်းပြချက်ဖြင့် ပြန်လည်ရှင်သန်လာခြင်းမရှိပါက ဟွာဆန်းနှင့် ဒီနေရာက ဘာများ ကွားခြားတော့မှာလဲ။

“ကျွတ်…”

ချွန်းမြောင်သည် သူ၏လျှာကို မထိတထိ ကိုက်လိုက်သည်။

‘ယန်နန်က ယန်နန်လေ…ဟွာဆန်းက ဟွာဆန်းပဲ…’

သူ ဒီလိုအခြေအနေအပေါ် စာနာစိတ်မရှိတာမဟုတ်ပေမယ့် ချွန်းမြောင်သည် ဒီလိုကိစ္စမျိုးကို ဂရုစိုက်မည့် လူမျိုးမဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူအာရုံထားရမည့်အရာမှာ…

"ဆိုင်ရှင်…"

“ဟုတ်ကဲ့…ဟုတ်ကဲ့…"

ဘေးကို စိုက်ကြည့်နေသော လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ခေါ်သံကြားသောအခါ ချွန်းမြောင်ဆီသို့ ပြေးလာသည်။

“ဟုတ်ကဲ့…ဘာလိုချင်လို့ပါလဲ…"

"အရင်ဆုံး ဝါးစရာ တစ်ခုခုပေးစမ်းပါ…"

“ဟုတ်ကဲ့…ရပါတယ်…ဘယ်လိုဟာမျိုးလဲ…"

“ကျေးဇူးပြုပြီး ဆိုင်ရှိသမျှ သမျှ ယူခဲ့ပေးပါ…ပြီးတော့ လက်ဖက်ရည်အအေးက တစ်ကရား…"

“ဟုတ်ကဲ့…ဟုတ်ကဲ့…ချက်ချင်း ယူလာပေးပါ့မယ်…"

ဆိုင်ရှင်က စိတ်လှုပ်ရှားနေကာ လက်ဖက်ရည်သွားယူဖို့ လှည့်သွားလေသည်။ချွန်းမြောင်က ပြောပြန်၏။

“ပြီးတော့…”

“ဟုတ်ကဲ့…”

စိတ်လှုပ်ရှားနေသော ဆိုင်ရှင်သည် သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ပြီး သူ့ပုံစံကို ပေါ့ပေါ့ပါးပါးပုံစံမျိုး ဖြစ်အောင် ပြုပြင်လိုက်သည်။

အခုတလော ကွမ်မင်တွင် ငွေကြေးလည်ပတ်မှုလည်း မရှိသောကြောင့် လက်ဖက်ရည်ဆိုင်၏ စီးပွားရေးမှာ အခြေအနေ ဆိုးရွားလှသည်။ထိုသို့အခြေအနေများကြားတွင် လူတစ်ယောက်က ဝင်လာပြီး လက်ဖက်ရည်မှာခဲ့သည်…အဖိုးတန် စားသုံးသူတစ်ယောက် ရောက်လာမှတော့ သူ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ် မနှိမ့်ချဘဲ နေနိုင်မှာလဲ။

“ဒါက လက်ဖက်ရွက်တွေ အကြောင်းပါ…ခရမ်းရောင်သစ်သားမြက်တွေကို ကြားဖူးလား…”

“ဟမ်…ခရမ်းရောင်သစ်သားမြက်…"

“ဟုတ်ကဲ့…”

ဆိုင်ရှင်က သူ့ခေါင်းကို တစ်ဘက်သို့ စောင်းလိုက်သည်။

“ဟို..ဒေသထွက်နဲ့ အပြင်ကလာတဲ့ လက်ဖက်ရွက်တွေနဲ့ လက်ဖက်ရည်ဖျော်တတ်ပေမယ့် အဲဒါကိုတော့ မကြားဖူးပါဘူး…

"ဒါဆို အဲ့ဒီအပင်က ဆေးဖက်ဝင်အပင်ဟုတ်မဟုတ် သိလား…"

“ဆေးဖက်ဝင်…ဆေး…”

ပိုင်ရှင်က ခေါင်းညိတ်ပြသည်။

"ဆေးဆရာကြီးတစ်ယောက်ရှိပါတယ်…"

"အာ ဟုတ်လား…အဲဒီလူက ဘယ်မှာနေတာလဲ…"

“အာ သခင်လေး…ဘာလို့ အရှုပ်ခံပြီး အဲဒီကို သွားမှာလဲ…ကျွန်တော် သူတို့ကို ဒီနေရာကို ခေါ်လိုက်မယ်…"

"...အဲ့ဒီလိုဆို အဆင်ပြေမလား…"

“ဟားဟားဟား…ပြေပါတယ်…ဒါပေမယ့်…သူတို့လာဖို့အတွက် အချိန်တစ်ခုတော့ ကြာလိမ့်မယ်…”

ထိုလူပြောပြနေသည်ကို ကြည့်ပြီး ချွန်းမြောင်က ပြုံးကာ သူ၏အင်္ကျီလက်ထဲမှ ငွေဒင်္ဂါးတစ်ပြားကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

"ဟင်းပွဲတွေ မကြာခင် ရောက်လာတော့မှာလား…"

“ဟုတ်ကဲ့…”

ဆိုင်ရှင်က ငွေဒင်္ဂါးကိုယူကာ အမြန်ပြန်သွားလေသည်။

"လက်ဖက်ရည် ချက်ချင်း ယူလာပေးပါ့မယ်…ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ…ကျွန်တော် ဆေးဆရာကို ချက်ချင်း ခေါ်လိုက်ပါ့မယ်…"

“…အာ ဟုတ်ကဲ့…”

ဆိုင်ရှင်၏အလေးအနက်ထားနေသော တုံ့ပြန်မှုကြောင့် ချွန်းမြောင် ပြုံးလိုက်သည်။

ဆိုင်ရှင်က မီးဖိုချောင်ကို ပြေးသွားချိန်တွင် ယုရီဆိုးတွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့သည်။

"မင်းအစကတည်းက ဒါကိုစဉ်းစားနေတာလား…"

"ဒီနေရာမှာ ပစ္စည်းတွေရဖို့ လျှောက်ပတ်နေတာလား…ငါတို့တွေ ဘာတွေရမှာမို့လဲ…"

ချွန်းမြောင်က ခါးသက်သက် ပြုံးလိုက်သည်။

“ဒီမြို့ရဲ့ ပြဿနာတွေက ဒီမြို့ကလူတွေပဲ ဖြေရှင်းလိမ့်မယ်…ငါတို့ မေးရင် သူတို့က လူကောင်းတွေဆို သူတို့ ပြန်ဖြေလိမ့်မယ်…ဒါပေမယ့် ငွေပုံလောင်းပြီး ရတဲ့အဖြေနဲ့ ယှဉ်နိုင်ပါ့မလား…”

ယုရီဆိုးက ခေါင်းညိတ်လိုက်သည်။

"ဉာဏ်ကောင်းသားပဲ…"

“…”

"အဲဒါက မင်းနဲ့ အဆင်မပြေဘူး…"

"လက်ဖက်ရည်သာ သောက်ပါ…"

ချွန်းမြောင်က သူ့လက်ဖက်ရည်ကို ငုံလိုက်လေသည်။ယုရီဆိုးကတော့ သူ့ကို အသစ်အဆန်း ဖြစ်နေပုံနှင့် ကြည့်နေသည်။

ဤသည်မှာ လူတွေက ချွန်းမြောင်နှင့် ပတ်သက်၍ အကြီးမားဆုံး အထင်အမြင်လွဲမှားနေမှုတွေထဲက တစ်ခုပင်ဖြစ်သည်။လူတွေက သူ့ကို ဘယ်လိုအခြေအနေမျိုးမှာမဆို လက်သီးအမြဲသုံးပြီး တွေးတောဆင်ခြင်မှု မရှိသူဟု အမြဲထင်နေကြသည်။

'သူက အဲ့ဒီလိုပုံပေါ်နေတာလေ…'

ယုရီဆိုးသည် ချွန်းမြောင်ကို စောင့်ကြည့်ပြီးနောက် သူက ထိုသို့မဟုတ်ကြောင်း အခိုင်အမာယုံကြည်ခဲ့သည်။

အကယ်၍ တစ်ယောက်ယောက်က သူ့ကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မလိုမုန်းထားမှုမရှိဘဲ ကြည့်မယ်ဆိုလျှင် ချွန်းမြောင်သည် ဟွားဆန်း၏ အထူးချွန်ဆုံး တပည့်ဖြစ်လိမ့်မည်။ကြုံရာဖြစ်ရာ ကိစ္စတွေထဲကို ဝင်ဝင်တိုးတတ်သည်ဟု ထင်ရလျှင်တောင် ထိုကိစ္စများမှာ သူ အကြီးအကျယ် တွေးတောဆင်ခြင်ပြီးမှ လုပ်သည့် အရာများဖြစ်သည်။

'အဲဒါကြောင့် ငါတို့ ဒီကို လာခဲ့တာပဲလေ…'

"မသောက်ဘူးလား…"

ချွန်းမြောင်၏မေးခွန်းကြောင့် ယုရီဆိုးသည် သူမ၏လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် နေပူထဲထွက်နေရသော ဆရာတူအကိုများအတွက် စိတ်မကောင်းဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ထို့ကြောင့် သူမသည် လက်ဖက်ရည်ကို အတော်အတန် ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ဂျိုဂုက သက်ပြင်းချလိုက်သည်။

ခရမ်းရောင်သစ်သားမြက်တွေအကြောင်း လှည့်ပတ်မေးခဲ့ကြပေမယ့် ဘယ်သူမှလည်း သိပ်သိပုံမပေါ်ကြပေ။ကွမ်မင်တွင် တစ်ယောက်တစ်ယောက်ကတော့ ထိုအကြောင်းကို သိသင့်သော်လည်း ဤနေရာတွင် သတင်းအချက်အလက် အနည်းငယ်သာ ရှိသည်မှာ ထူးဆန်းလှသည်။

'စီချွမ်မှာပဲ အဲ့ဒီအကြောင်း မေးခွန်းတွေ ထပ်မေးသင့်တာလား…'

ယူနန်ပြည်နယ်တွင် မြက်တွေပေါက်တတ်သည်ဟု ပြောကြတာမို့ သတင်းအချက်အလက်များကို ဒီနေရာတွင်သာ ရနိုင်မည်ဟု ထင်ခဲ့ကြသည်။သို့သော် ထင်ထားသလို မဟုတ်ပေ။

သူတို့အားလုံးအတွက် ကျန်ရစ်တာဆိုလို့ နောင်တတရားများပင်။သို့သော် သူတို့၏ ရည်မှန်းချက်အတိုင်း ရှေ့ဆက်ဖို့ မလုံလောက်သော သတင်းအချက်အလက်များသာ ရှိကြသည်။

“ဒါပေမယ့် သတင်းအချက်အလက်က…”

ဂျိုဂုက မျက်မှောင်ကြုတ်လိုက်သည်။

ပြန်တွေးကြည့်သောအခါ သူ ဒီနေရာကို ရောက်လာသည့်အခိုက်မှာပင် ကွမ်မင်မြို့ထဲရှိ အခြေအနေများမှာ အဆင်မပြေလောက်မှန်း သိခဲ့သည်။သူတို့ ဖြတ်သွားသည့် ဆိုင်အများစုမှာ တံခါးများပိတ်ထားပြီး လမ်းမပေါ်တွင် လူများမှာ ငတ်ပြတ်နေပုံပေါ်နေကြသည်။တစ်ခါတရံ ထိုလူများသည် သူတို့၏အင်္ကျီအနားစများကို လှမ်းဆွဲကာ တောင်းရမ်းကြသည်။

ထိုသို့သော အခြေအနေနှင့် ပတ်ဝန်းကျင်တွင် သတင်းအချက်အလက်များကို မည်မည်ရရ မရနိုင်ပေ။

'ငါတို့ နောက်ထပ် ရှာရမယ်...'

ထို့နောက်

"အာ…"

ဂျိုဂုက သူ့ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်လေသည်။

"ဆရာတူအကိုကြီး…"

ယွန်းဂျွန်က သူ့ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည် ။

ဒါက အံ့သြစရာတော့ မဟုတ်ပါ။ကွမ်မင်သည် နေရာကျယ်ပြန့်သော်လည်း ဤနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်သောကြောင့် သွားရင်းလာရင်း အချင်းချင်း အကြိမ်ပေါင်းများစွာ ဝင်တိုက်မိသည်မှာ သဘာဝကျပေသည်။အချင်းချင်းတွေ့ကြတာက အဆန်းမဟုတ်ပေမဲ့ ယွန်းဂျွန်၏ အနေအထားက ထူးဆန်းနေတာဖြစ်သည်။

သူ့ဘေးနားတစ်ဝိုက်တွင် ကလေးငယ်လေးများ ရှိနေသည်။

ဂျိုဂုက သူ့ခေါင်းကို စောင်းပြီး သူ့ဆီ ချဉ်းကပ်သွားလေသည်။

"ဆရာတူအကိုကြီး ဘာတွေ လုပ်နေတာလဲ…"

“…အာ..ဂျို…ဂျိုဂု…"

ယွန်းဂျွန်သည် အနေခက်နေသောအမူအရာဖြင့် ပြန်ကြည့်လာသည်။

"ဘာလို့ ဒီကလေးတွေနဲ့ အတူရှိနေ..."

ဂျိုဂုက သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ယွန်းဂျွန်၏လက်ထဲတွင် ဖက်ထုပ်အနည်းငယ်နှင့်အတူ စပါးအိတ်ကို ကိုင်ထား၏။

"...ဆရာတူအကိုကြီး…"

“ငါသိတယ်…ဒီအချိန်ဟာ ဒီလိုလုပ်နေရမယ့် အချိန်မဟုတ်ဘဲ သတင်းအချက်အလက်ရယူဖို့ ဆိုတာ ငါသိပါတယ်…ဒါပေမယ့်…”

ယွန်းဂျွန်သည် ကလေးများကို ကြင်နာသော မျက်နှာဖြင့် ကြည့်နေသည်။ကလေးများကို ဖက်ထုပ်တွေပေးလိုက်သောအခါ ကလေးတွေမှာ သွားရည်တွေကျပြီး အားပါးတရ စားကြလေသည်။

"သားကိုရော…"

"သမီးကိုရော…"

"သမီးညီမလေးလည်း ဆာနေလို့ပါ…နောက်ထပ်တစ်ခုလောက်ပေးပါ…"

ယွန်းဂျွန်က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ဒါတွေကုန်သွားရင် မင်းတို့ကိုထပ်ဝယ်ပေးမှာမို့ စိတ်အေးအေးထားကြ…မလောကြပါနဲ့။…မထိခိုက်စေနဲ့…"

သူသည် ဖက်ထုပ်များကို လက်တစ်ဖက်ဖြင့် ဝေငှပြီး အချင်းချင်း တိုးဝှေ့နေသော ကလေးများကို ညင်သာစွာ ခွဲထုတ်လိုက်သည်။

အားနည်းနေကြသည့် ကလေးများ အားလုံးမှာ ယခုတော့ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက် အနည်းငယ် ရှိလာကြသည်။သူ့လက်ထဲက ဖက်ထုပ်တွေ ကုန်သွားသောအခါ ကလေးတွေက ယွန်းဂျွန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

"အရင်စားပါဦး…မင်းတို့မိသားစုကို ဂရုစိုက်ကြ…စားစရာဝယ်ပြီး ဒီနေရာကို မြန်မြန် ပြန်လာခဲ့မယ်…"

ကလေးတွေက ခေါင်းညိတ်ပြပြီး ကျေးဇူးတင်စကားပင် မပြောဘဲ ထွက်သွားကြလေသည်။

ထိုမြင်ကွင်းကိုကြည့်နေသော ဂျိုဂုသည် မျက်မှောင်ကြုတ်လိုက်သည်။

“…သူတို့ကို ကူညီပေးခဲ့ရင် ကျေးဇူးတင်စကားတော့ ပြောရမှာပေါ့…”

ယွန်းဂျွန်က အနည်းငယ် တင်းမာသော အမူအရာဖြင့် သူ့ဘက်သို့ လှည့်ကြည့်လာသည်။

“အဲ့ဒါကို ဘယ်တွေးနိုင်ကြမှာလဲ…”

“…အမ်…”

“ကိုယ်ကျင့်တရားလိုအရာတွေဟာ အရာရာပြည့်စုံနေတဲ့ လူတွေဆီမှ အလုပ်ဖြစ်တာ…ငတ်မွတ်ခေါင်းပါးမှုကြောင့် လဲကျလုနီးနီး ဖြစ်နေတဲ့ ကလေးတစ်ယောက်က သူတို့ရဲ့ ကျေးဇူးရှင်ကို ကျေးဇူးတင်ဖို့ ဘယ်လိုလုပ် သတိရနိုင်မှာလဲ…သူတို့အိမ်မှာ သတိလစ်နေတဲ့ မွေးချင်းမောင်နှမ ဒါမှမဟုတ် မိဘတွေ ရှိချင်ရှိနိုင်တယ်…သူတို့ကို အပြစ်မတင်ပါနဲ့…"

"...ဟုတ်ကဲ့ ဆရာတူအကိုကြီး…ကျွန်တော် တောင်းပန်ပါတယ်…"

ဒေါသထွက်နေသည့် ယွန်းဂျွန်ကိုကြည့်ပြီး ဂျိုဂုမှာ ထိတ်လန့်သွားလေသည်။အချိန်အတော်ကြာ အတူနေခဲ့ကြပေမယ့် ဂျိုဂုသည် သူ ဒီလိုစိတ်ဆိုးနေတာကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။

“ဘာပဲဖြစ်ဖြစ်…”

ထိုစဉ်

"အာ…မဟုတ်ဘူး…အဲ့ဒီလိုမဟုတ်ဘူး…"

"မင်းက ခိုးရဲတယ်လား…ဒီကိုလာစမ်းပါ…ငါ မင်းကို ဆုံးမပေးမယ်…"

"မခိုးပါဘူး…အား..အာ့..နာတယ်…"

ယွန်းဂျွန်နှင့် ဂျိုဂုတို့၏ မျက်နှာများ တင်းမာသွားလေသည်။

နှစ်ယောက်သား အော်သံများကြားရာသို့ ပြေးသွားကြတော့သည်။

All Chapters