မင်း ဟွာဆန်းလို့ ပြောလိုက်တာလား(၅)
Vol. 15 Ch. 220
"မနက်ပိုင်းမှာ နေသာရဲ့လား…"
ဟွမ်းဂျွန်သည် ဟွမ်းဆန်း၏ စိုးရိမ်နေသော မေးခွန်းကြောင့် ပြုံးပြလိုက်သည်။
"ကောင်းကောင်းအိပ်မပျော်ပါဘူး…"
"ကလေးတွေကြောင့်လား…"
“ဟုတ်တယ်…”
ဟွမ်းဂျွန်က သက်ပြင်းချလိုက်သည်။
“ငါတို့ကလေးတွေကို ဝေးလံခေါင်သီပြီး ပြဿနာရှိတဲ့ နေရာတွေကို ပို့ထားပြီးမှတော့ စိတ်အေးနိုင်မှာမဟုတ်ဘူး…ဟွမ်းယုန်ပြောတဲ့အတိုင်း ကလေးတွေက သန်မာတယ်ဆိုတာ ငါသိပါတယ်…အဲ့ဒါက ဟွာဆန်း သွားရမယ့်လမ်းပဲ…ဒါပေမယ့်…”
“လူတစ်ယောက်ရဲ့နှလုံးသားမှာ ကိုယ်ပိုင်စိတ်တစ်ခုတော့ရှိတယ်…လူတစ်ယောက်ရဲ့ ဆန္ဒက အံ့ဖွယ်ကိစ္စတွေကို သူ့ချည်းသက်သက် လုပ်နိုင်နေမယ်ဆိုရင် နှလုံးသားက ဘာလို့ လိုဦးမှာလဲ…”
“ဟုတ်ပါတယ်…အဲဒါ…”
ဟွမ်းဂျွန်သည် သူ၏နာကြည်းမှုကို မဖုံးကွယ်နိုင်ပေ။
'ငါတို့မှာ လုံလောက်တဲ့ ခွန်အားမရှိတော့ ကလေးတွေကို ငါလုပ်သင့်တဲ့အတိုင်း ကောင်းကောင်း ဦးမဆောင်နိုင်ဘူး…'
ဤသည်မှာ ဟွမ်းဂျွန်၏ နောက်ဆုံးဆန္ဒဖြစ်သည်။ဟွာဆန်းသည် ချွန်းမြောင်၏အကူအညီဖြင့် အလွန် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော်လည်း ထိုဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းပို့ပေးနေသည့်အားမှာ ကလေးငယ်များသာဖြစ်သည်။
ဟွမ်းဂျွန်သည် ဟွာဆန်း၏ကလေးများကို အရွယ်ရောက်ပြီးသူများအဖြစ်သို့ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် ဦးဆောင်လမ်းပြ မလုပ်နိုင်ခဲ့ပေ။ထို့အပြင် အထောက်အပံ့အဖြစ် မှီခိုနိုင်ရန် ပခုံးတစ်ဖက် ကမ်းမပေးနိုင်ခဲ့ခြင်းကြောင့် သူ့မှာ ဝမ်းနည်းမိသည်။
ဟွမ်းဆန်းက တည်ငြိမ်နေသော အမူအရာဖြင့် ပြောလာ၏။
“ဂိုဏ်းခေါင်းဆောင် ကျွန်တော်တို့ ကလေးတွေကို ယုံကြည်ပေးလိုက်ပါ…”
ဟွမ်းဂျွန်က လှည့်ကြည့်လာရာ ဟွမ်းဆန်းက ပြုံးပြကာ ဆက်ပြောလေသည် ။
"ဟွမ်းယုန်က ကျွန်တော်တို့ကို ပြောခဲ့တယ်မဟုတ်ဘူးလား…ကလေးတွေက ကျွန်တော်တို့ထက် သာတယ်တဲ့…သူ မှားပြောမယ်လို့တော့ မထင်ဘူး…သူပြောတုန်းကတော့ မဖြစ်နိုင်ဘူးလို့ ခံစားရတယ်…ဒါပေမယ့် ပြန်တွေးကြည့်ရင် သူတို့ကိုယ်သူတို့ လုံလုံလောက်လောက် သက်သေမပြရသေးတာမဟုတ်လား…”
“ဟုတ်တယ်…သူတို့ သက်သေပြလိုက်ကြပြီ…”
"ကျွန်တော်တို့လုပ်ရမှာက ကလေးတွေကို ခိုင်မာတဲ့အခြေခံအုတ်မြစ်ပေးပြီး ပြန်လာဖို့ အိမ်တစ်လုံး ပေးရုံပါပဲ…"
ဟွမ်းဂျွန်က ခေါင်းညိတ်ပြသော်လည်း သူ့မျက်နှာမှာ မပြုံးနိုင်သေးပေ။
“ဒါပေမယ့်… ငါ စိတ်ပူတယ်…သူတို့ အဲ့ဒီလောက်ဝေးဝေးကို ထွက်သွားတာ ဒါပထမဆုံးပဲ…"
ထိုစဉ်
"ဂိုဏ်း…ဂိုဏ်းခေါင်းဆောင်…"
ဟွမ်းယုန်က မျက်လုံးမျက်ဆန်ပြူးဖြင့် အခြားတစ်ဖက်ခြမ်းမှ သူ့ဆီသို့ ပြေးလာလေသည်။
"မနက်စောစောစီးစီး ငါတို့မှာ လုပ်စရာရှိနေသလိုမျိုး တောဝက်ကြီးလို ပတ်ပြေးနေတော့တာပဲ…"
"အ…အကြီးကြီး…ဂိုဏ်းခေါင်းဆောင်…အကြီးကြီးပဲ…အကြီးစား…တကယ့်ကို ကိစ္စကြီးပဲ…”
ဟွမ်းဂျွန်၏ မျက်နှာသည် အလေးအနက်ဖြစ်လာလေသည်။ဟွမ်းယုန်သည် တစ်ကြိမ် နှစ်ကြိမ်လောက် ဟန်ဆောင်တတ်သော်လည်း အကြောင်းပြချက်မရှိဘဲ ဤကဲ့သို့ ပြုမူနေသူတစ်ဦး မဟုတ်ပေ။
နောက်ပြီး သူ့အတွက် ဒီလိုမျိုး မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်နေတာက တကယ်ကို ကိစ္စ ကြီးကြီးမားမား တစ်ခု ဖြစ်ခဲ့သည်ကို ဆိုလိုနေတာဖြစ်သည်။
"ဘာဖြစ်တာလဲ…ငါတို့ ကောင်းကောင်း နားလည်အောင် ရှင်းပြဖို့ ကြိုးစားစမ်းပါ…”
"ထန်…ထန်မိသားစု…"
"ထန်မိသားစု…"
"ထန်မိသားစုခေါင်းဆောင်ကြီး…ထန်မိသားစုခေါင်းဆောင်ကြီးက ကျွန်တော်တို့ဂိတ်တံခါးရှေ့မှာ ရောက်နေတယ်…”
မထင်မှတ်ထားသည့်သတင်းကို ကြားလိုက်ရသဖြင့် ဟွမ်းဂျွန်၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
"ဘယ်သူ…ဘယ်သူရောက်နေတယ်လို့ ပြောလိုက်တာလဲ…”
"စီချွမ် ထန်မိသားစုရဲ့ခေါင်းဆောင်ကြီးက ဟွာဆန်းရဲ့ဂိုဏ်းချုပ်ကိုတွေ့ဖို့ ရောက်လာတာပါ…"
'ထန်မိသားစုရဲ့ ခေါင်းဆောင်ကြီး…'
'ဘာလို့ ဒီလိုကြီး ရုတ်တရက် ရောက်လာရတာလဲ…'
"မြန်…မြန်မြန်…"
“ဟုတ်တယ်…ဒါက စဉ်းစားနေရမယ့် အချိန်မဟုတ်ဘူး…”
ဟွမ်းဂျွန်က ခြေထောက်ကို အမြန် လှုပ်ရှားလိုက်သည်။သူသည် တံခါးဝသို့ ပြေးသွားသည်နှင့် ထန်ဂန်းကို မြင်လိုက်ရလေသည်။ဟွမ်းဂျွန် ထိုလူကို ဦးညွှတ်လိုက်သည်။ဒါမှမမဟုတ် အနည်းဆုံးတော့ သူ ဦးညွှတ်ဖို့ ကြိုးစားခဲ့သည်။သူ့ဘက်က ဦးမညွှတ်ခင်တွင် သူ့ရှေ့မှလူက လက်နှစ်ဖက်အား ယှက်၍ ဦးညွှတ်လိုက်၏။
"စီချွမ် ထန်မိသားစုမှ မိသားစုခေါင်းဆောင်ထန်ဂန်း ဟွာဆန်းဂိုဏ်းခေါင်းဆောင်ကို နှုတ်ခွန်းဆက်ပါတယ်…"
ဟွမ်းဂျွန်မှာ သူကြားလိုက်ရသည့် စကားကြောင့် နောက်တွန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။
စီချွမ် ထန်မိသားစုရဲ့ခေါင်းဆောင်။ထိုသို့သော ပုဂ္ဂိုလ်သည် ဟွမ်းဂျွန်ထက် နည်းနည်းလေးတောင် အဆင့်နိမ့်မှာ မဟုတ်ပေ။
ယခင်က ဟွာဆန်းဖြစ်နေလျှင်တောင် ထန်မိသားစုခေါင်းဆောင်သည် သူတို့ထက် ပိုမို သန်မာနေဦးမှာဖြစ်သည်။သို့သော် လက်ရှိဟွာဆန်းသာဆိုလျှင် ထန်မိသားစုနှင့် နည်းနည်းလေးမှ ယှဉ်နိုင်လိမ့်မဟုတ်။
ဂိုဏ်းကြီးကိုးဂိုဏ်းမှ ကန်ထုတ်ခံထားရသည့် လက်ရှိဟွာဆန်းက ဘယ်လိုလုပ် ထန်မိသားစုနှင့် တစ်တန်းတည်း ယှဉ်နိုင်ပါ့မလဲ။
ထန်ဂန်းက ဒါကို သိစရာ အကြောင်းမရှိပေ။ထို့ကြောင့် ဟွမ်းဂျွန်အပေါ် ဒီလောက်လေးလေးစားစားနှင့် ယဉ်ယဉ်ကျေးကျေး ပြုမူနေတာဖြစ်သည်။ဟွမ်းဂျွန်က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသဖြင့် ဟွမ်းယုန်က သူ့ကို လက်ချောင်းဖြင့် ထိုးလိုက်၏။
"အာ…အာ…"
ဟွမ်းဂျွန်သည် ချက်ချင်းပင် သတိဝင်လာကာ ဦးညွှတ်လိုက်သည်။
"ဟွားဆန်းဂိုဏ်းရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် ဟွမ်းဂျွန် စီချွမ် ထန်မိသားစု ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…"
နှစ်ယောက်စလုံးက သူ့ကို နှုတ်ဆက်ပြီးသောအခါ ထန်ဂန်းက အပြုံးခပ်ယေးယေးလေးဖြင့် သူ့ခေါင်းကို မော့လာသည်။
"တွေ့ရတာဝမ်းသာပါတယ်…ဂိုဏ်းခေါင်းဆောင် အရင်ဆုံး အသိမပေးဘဲ လာခဲ့တဲ့အတွက် ကျွန်တော်တို့ကို ကျေးဇူးပြုပြီး စိတ်မကွက်လိုက်ပါနဲ့"
"ဘာတွေ ပြောနေတာပါလဲ…စီချွမ် ထန်မိသားစုခေါင်းဆောင်က တည့်တည့်မတ်မတ် ရောက်တာလာလေ…ကျွန်တော်တို့မှာ အံ့သြလွန်းလို့ပါ…"
"ကျွန်တော်တို့ကို မေတ္တာထားပြီး လာကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်…"
"ဒါ…ဒါပေမယ့် အဲဒါဘာလဲ…"
ထန်ဂန်းသည် ဟွမ်းဂျွန်ကို ကြည့်ကာ ပြောလိုက်သည် ။
"ဟွာဆန်းက တပည့်တွေက ထန်မိသားစုဆီ ရောက်လာခဲ့ပါတယ်…"
“…အာ…”
“ထန်မိသားစုကို သူတို့က မျက်နှာသာပေးခဲ့တယ်…ကျွန်တော်တို့လည်း ဟွာဆန်းဂိုဏ်းနဲ့ မိတ်ဆွေဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်…ဒါကြောင့် ကျွန်တော်တို့တွေ ဒီကိုလာပြီး ကျွန်တော်တို့ရဲ့ အနာဂတ်အကြောင်း ဆွေးနွေးဖို့ ဟွာဆန်းကို လာလည်ရမှာပေါ့ မဟုတ်ဘူးလား…”
"မိ…မိတ်ဆွေ…"
' မိတ်ဆွေ…မိတ်ဆွေ တစ်ယောက်…'
'ချွန်းမြောင်က ထန်မိသားစုနဲ့ မိတ်ဆွေဖွဲ့ထားတာလား…'
ဟွမ်းဂျွန်က ထန်ဂန်းအား မယုံကြည်နိုင် ဖြစ်နေသည့်အမူအရာဖြင့် ကြည့်နေသည် ။
'မိတ်ဆွေ' ဟူသော စကားလုံးအစား 'မဟာမိတ်' ဟူသော စကားလုံးကို သုံးသင့်သည်။ဒါဆို ထန်မိသားစုသည် ဟွာဆန်းနှင့် မဟာမိတ်ဖွဲ့လိုသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
“ဘာ-ဘာဖြစ်လို့…”
ဟွမ်းယုန်က သူ့ကို လက်နှင့် ထိုးလိုက်ပြန်သည်။
"အာ့…"
ဟွမ်းဂျွန်သည် မမျှော်လင့်ထားသော အလှည့်အပြောင်းများကြောင့် ကြောင်ကြောင်အအဖြစ်နေသဖြင့် ဟွမ်းယုန်က ဦးဆောင်လိုက်သည်။
“ဧည့်သည်တွေကို တံခါးဝမှာ ရပ်ခိုင်းထားတာ မယဉ်ကျေးရာ ရောက်ပါတယ်…သူတို့ကို ဧည့်ရိပ်သာဆီ လိုက်ပို့ပေးလိုက်မယ်လေ…"
"ဟုတ်တယ်…ဧည့်ရိပ်သာ…ဧည့်ရိပ်သာဆီ…ငါတို့မှာ ဧည့်ရိပ်သာတစ်ခုရှိတာပဲ…"
ထန်ဂန်းက တောက်ပစွာပြုံးလိုက်သည်။
“ဂိုဏ်းခေါင်းဆောင် ဒီလောက်ထိ အံ့ဩနေစရာ မလိုပါဘူး…ဟွာဆန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်တာကြောင့် ဒီကိုရောက်လာတာပါ…ဖုံးကွယ်ထားတဲ့ အကြောင်းအရင်း မရှိပါဘူး…”
ထန်ဂန်းက ဘေးဘက်သို့ လှည့်လိုက်သည်။
"ဆိုဆို သူတို့ကို နှုတ်ဆက်လိုက်လေ…"
ထန်ဆိုဆိုက အကြီးအကဲများကို ဦးညွတ်လိုက်သည်။
"စီချွမ် ထန်မိသားစုရဲ့သမီး ထန်ဆိုဆိုက ဟွာဆန်းဂိုဏ်းခေါင်းဆောင်ကို နှုတ်ခွန်းဆက်သပါတယ်…စီချွမ်ထန်မိသားစုက ဒီသမီးဖြစ်သူက ဟွာဆန်းကို ဝင်ရောက်လိုပါတယ်…”
"ဂိုဏ်းထဲကို ဝင်ချင်တယ်…"
'ဘာလို့ ဝင်မှာလဲ…'
ဟွမ်းဂျွန်၏ မျက်နှာတွင် ရှုပ်ထွေးမှုများနှင့် အံ့အားသင့်နေမှုများ ထင်ဟပ်နေလေသည်။ထို့နောက် ထန်ဂန်းက ပြောလာ၏။
"သူက ကျွန်တော့်သမီးပါ…"
'ခင်ဗျားသမီးက ဘာလို့ဒီလိုပြောနေရတာလဲ…'
ရယ်မောသံများ ရောယှက်နေသော အသံတစ်သံက ဤအခြေအနေကို လိုက်မမီနိုင်သေးသည့် ဟွမ်းဂျွန်၏ နားထဲသို့ ဝင်ရောက်လာလေ၏။
"ဒီလိုသာဆိုရင် ချွန်းမြောင်တော့ တစ်ခုခု ထပ်လုပ်ခဲ့ပြန်ပြီဖြစ်မယ်"
“အတိအကျပဲပေါ့…”
“အာ…”
ဟွမ်းယုန်နှင့် ထန်ဂန်းတို့၏ စကားကိုကြားသောအခါ ဟွမ်းဂျွန်က ခေါင်းညိတ်လိုက်သည်။
'ဟွာဆန်းမှာ နားမလည်နိုင်တဲ့အရာတစ်ခုခုရှိရင် ‘ချွန်းမြောင်’ ဆိုတဲ့ စကားလုံးနှစ်လုံးကို ဖြည့်ထည့်လိုက်ရုံနဲ့ အရာအားလုံးကို ရှင်းသွားလိမ့်မယ်…’
"အထဲမှာ အသေးစိတ် ဆွေးနွေးကြတာပေါ့…"
“ကောင်းပါပြီ…”
“ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ…”
ဟွမ်းဂျွန်က သူတို့ကို ယဉ်ကျေးသိမ်မွေ့သည့် မူဟန်ဖြင့် လမ်းညွှန်ပေးလေ၏။
သို့သော် ဟွမ်းဂျွန်မှာ ထန်းဂန်းက ဧည့်ရိပ်သာဆီသို့ ရောက်သွားသည့်အချိန်အထိ စကားမပြောနိုင်သေးပေ။ထိုအချင်းအရာကို မြင်သည့် ဟွမ်ဆန်းက ရယ်သံဖြင့် စကားပြောလာ၏။
"အဲဒါကိုတွေ့လား…ကျွန်တော်တို့ ကလေးတွေအကြောင်း ကျွန်တော် ဘာပြောခဲ့လဲ…သူတို့တွေ ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ မပြောဘူးလား…"
“…”
“သူတို့တွေ ယန်နန်မှာ ကောင်းကောင်း လုပ်နေနိုင်ပုံပါပဲ…ကျွန်တော်တို့ သူတို့ကို သာမာန်ကလေးတွေအဖြစ် ဘယ်လိုများ တွေးနိုင်ကြတာလဲ…”
ဂုဏ်ယူနေသောစကားများကို ဟွမ်းဂျွန်လည်း လက်ခံရတော့သည်။
“ဟုတ်ပါတယ်…အဲ့ဒါအမှန်ပဲ…"
သူ့အကြည့်များက တခြားဘက်ကို ရွှေ့သွားလေသည်။ဟွာဆန်း၏ တပည့်များသည် ထိုနေရာဘက်ခြမ်းတွင် ရှိနေကြသည်။
"သူတို့တွေ ကောင်းကောင်းမွန်မွန် နေနိုင်ရမယ်…သူတို့တွေ ဖြစ်ကို ဖြစ်လာရမယ်… တကယ်တော့ သူတို့ က ငါတို့ရဲ့ကလေးတွေပဲ…”
ဟွမ်းဂျွန်၏ အသံသည် အကြီးအကျယ် ဝမ်းမြောက်နေမှုနှင့် ပြည့်နှက်နေသည်။
ဒေါက်…ဒေါက်…
ချွန်းမြောင်က ပက်လက်လှန်၍ လှဲနေပြီး စကားပြောလာ၏။
"အင်း ငါ ဒီလို အလွယ်လေး လုပ်လိုက်တော့ ခဏပဲ ကြာတာပေါ့…ငါတို့ ဒါကို စောစောတည်းက လုပ်ခဲ့သင့်တာ…”
“…”
"နည်းပြ မင်းလည်း အိပ်သင့်တယ်…ဒါက အရမ်းဇိမ်ရှိတာပဲ…”
“…”
သို့သော် ဘတ်ချုန်းက ချွန်းမြောင်ကို စိုက်သာ စိုက်ကြည့်နေ၏။
'အဲ့ဒီကောင်ရဲ့ခေါင်းထဲမှာ ဘာတွေဖြစ်နေတာလဲ…'
ဘတ်ချုန်းသည် တစ်ခါတစ်ရံတွင် ချွန်းမြောင်၏ခေါင်းကိုဖွင့်ပြီး အတွင်း၌ ဘာတွေဖြစ်နေသည်ကို မြင်လိုသည့် ဆန္ဒပြင်းပြတတ်သည်။
"ချွန်းမြောင်"
"အာ…"
"အဆင်ပြေမပါ့လား…"
"ဘာလို့လဲ…ဒါက အရမ်းအဆင်ပြေတာပဲလေ…ငါတို့သွားချင်တဲ့နေရာကို သူတို့တွေ လိုက်ပို့ခွင့်ပေးလိုက်ပါ…"
'အဆင်ပြေတယ်လား…'
'သူတို့ကို ငါတို့ကို ခေါ်သွားခွင့်ပြုရမှာလား…'
ဘတ်ချုန်းက ဘေးဘီကို လှည့်ကြည့်လိုက်သည်။
သူတို့နားတစ်ဝိုက်တွင် တောင်တန်းများစွာဖြင့် ကျယ်ပြောလှသော ကုန်းမြေကြီးကို မြင်လိုက်ရသည်။ကျောက်ဆောင်ကြီးများသည် တကယ်ကို ကြီးကျယ်ခမ်းနားလှသဖြင့် သူတို့ရောက်နေသည့် လှည်း၏ ပြတင်းပေါက်မှ စိုက်ကြည့်နေမိသည်။
“ဝူးးး…”
လေးဖင့်နေသော နွားသည် ကျယ်လောင်စွာ မြည်တမ်းနေ၏။ဟွာဆန်း၏တပည့်များသည် ချွန်းမြောင်နှင့်အတူ ဤသစ်သားထောင်တွင် အကျဉ်းချခံရပြီးနောက် နန်မန်သားရဲနန်းတော်သို့ ခေါ်ဆောင်သွားခံရသည်။
'ဒါပေမယ့် သူ ဘာပြောခဲ့တာလဲ…'
'ဒါက သူ့အတွက် အဆင်ပြေတာလား…'
ဘတ်ချုန်းက သက်ပြင်းချလိုက်သည်။
“…ချွန်းမြောင်…သေရေးရှင်ရေးဖြစ်မယ့် အာရုံမျိုး မခံစားမိဘူးလား…"
"သေရေးရှင်ရေး…"
ချွန်းမြောင်က ပြုံးပြီး သူ့လက်နှစ်ဖက်ကို ယှက်လိုက်သည်။
"မင်းမှာ တခြားအစီအစဉ်ရှိလို့လား…"
“…”
“ငါတို့တွေ ခရမ်းရောင်သစ်သားမြက်ကို လိုချင်ရင် နန်မန်သားရဲနန်းတော်နဲ့ ဆက်သွယ်နိုင်ဖို့ လိုတယ်…သူတို့ခွင့်မပြုရင် ဘယ်သူမှ ပြောရဲမှာမဟုတ်ဘူး…”
“ဟုတ်တယ်…”
“ဒါဆို မြက်ကိုရဖို့ အကောင်းဆုံးနည်းလမ်းက ဒီလိုနည်းနဲ့ သူတို့ကို တွေ့ရမှာပဲလေ…”
“အမှန်ပဲ…”
"ဒါဆို ဒါအမြန်ဆုံးနည်းလမ်းပေါ့…"
"အဲဒါက ပြဿနာပဲလေ…မင်းက သွက်သွက်ခါအောင် ရူးနေပြီပဲ…"
ဘတ်ချုန်းက အော်ဟစ်ပြီး ချွန်းမြောင်ဆီကို ပြေးသွားသောအခါ သစ်သားကြမ်းပြင်က အသံကျယ်ကြီး တစ်ခု ထွက်သွားလေသည်။
ဒုတ်…ဒုတ်…
ဘေးနားရှိ အစောင့်များက တိုင်တွေကို ရိုက်လိုက်သည်။
"ငြိမ်ငြိမ်နေကြမှာလား…"
“အာ…”
ဘတ်ချွန်းက အင်တင်တင်ဖြင့် ထိုင်ချလိုက်လေသည်။အစောင့်က သူ့လျှာသူ မထိတထိ ကိုက်လိုက်သည် ။
“အဲ့ဒီလူတွေ…အဲ့ဒီလူတွေက ဘယ်သူတွေလဲ…အဖမ်းခံရတာတောင် အရှက်မရှိကြဘူးနော်…”
"အလယ်ပိုင်းလွင်ပြင်ကလာတဲ့လူတွေထဲမှာ ဒီလိုရူးနေတဲ့လူတွေကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ…"
“သူတို့ကို ထား ထားစမ်းလိုက်ပါ…အရှင့်ဆီ ရောက်သွားတဲ့အခါကျ သူတို့အားလုံး စိတ်မှန်သွားကြလိမ့်မယ်…”
ချွန်းမြောင်သည် သူ့ခေါင်းကို သစ်သားချောင်းများကြားသို့ လျှိုဝင်လိုက်သည်။
"လူကြီးမင်း…လူကြီးမင်း…”
"...ဘာဖြစ်ပြန်ပြီလဲ…"
"ခေါ်သွားတာရောက်ဖို့က ဘယ်လောက်ကြာမှာလဲ…"
“ဟမ်…”
အစောင့်သည် ချွန်းမြောင်ကို ‘ဒီလူ တတ်လည်း တတ်နိုင်သည်’ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။
'သူ ဒါကို ခရီးသည်တင်တဲ့ ရထားလုံးလို့ ထင်နေတာလား…'
“မင်းကိုကြည့်ရတာ မြန်မြန်လေး အပြစ်ပေးခံချင်နေပုံရတယ်…ငါတို့အဲဒီကို မကြာခင်ရောက်တော့မှာ…"
ထိုအဖြေကို ကြားလိုက်သော ချွန်းမြောင်က ထိုင်ချပြီး ခေါင်းညိတ်လိုက်၏။ဒါကိုမြင်တော့ ဂျိုဂုက သက်ပြင်းချလိုက်သည်။ယုရီဆိုးကတော့ ထုံးစံအတိုင်း ဘာအမူအရာမှမရှိသော မျက်နှာဖြင့် တင်ပျဉ်ခွေလျက် ထိုင်နေ၏။
"...ဘယ်အချိန်တုန်းက မင်းကိုမိသွားတာလဲ…"
"ငါက မင်းတို့ လူတွေနောက်မှာပဲ ရှိနေခဲ့တာ…"
“…မင်း လုံးဝရှိ မနေခဲ့ပါဘူး…ဒါပေမယ့် သူတို့က မင်းကို ဖမ်းမိသွားတယ်…မင်းရဲ့တည်ရှိမှုကို ဖုံးကွယ်ထားနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုရှိတယ်ဆိုရင် အဲဒါကို ကောင်းကောင်းအသုံးချသင့်တာပေါ့…မင်း ဘာလို့ အမြဲတမ်း လူတွေနောက်ကို လိုက်နေပြီး သူတို့ကို ခြောက်နေရတာလဲ…"
"အဲ့ဒီလိုလုပ်ရင်လည်း တစ်ချိန်ချိန်ကျရင် အဖမ်းခံရမှာပဲ မဟုတ်ဘူးလား…"
“အာ ဟုတ်သားပဲ…”
ချွန်းမြောင်က ခေါင်းယမ်းလိုက်သည်။ကမ္ဘာကြီးပြိုလဲသွားသလိုမျိုး လုပ်နေသည့် သူ့ကို ယွန်းဂျွန်က မြင်လိုက်ရ၏။ချွန်းမြောင်က ဒါကို သတိထားမိပြီး ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။
"အဲ့ဒါက သူနဲ့ ဘာဆိုင်လို့လဲ…''
"...ငါ ဒါကို အကြိမ်ကြိမ် ငြင်းခဲ့ပေမဲ့ သူ့ကြောင့် ငါတို့ အဖမ်းခံရတယ်လို့ ထင်နေတဲ့ပုံပဲ…"
“ငါတို့တွေ အဖမ်းခံရပြီးပြီလေ…ဒါက ဇာတ်လမ်းရဲ့ အဆုံးသတ်ပဲ…အဲ့ဒီအကြောင်းကို တွေးပြီး ဘာလို့ အချိန်ကုန်ခံနေမှာလဲ…"
"ဒီလိုကိစ္စတွေကို မင်း တကယ် လွယ်လွယ်နဲ့ မပြောသင့်ဘူး…"
ဒေါသထွက်နေသော ဘတ်ချုန်းက အော်လိုက်ပြီး ချွန်းမြောင်ကတော့ ယွန်းဂျွန်ကို ကြည့်ရင်း ပြုံးနေ၏။
"ယွန်းဂျွန် ဆရာတူအကိုကြီး…"
“…အင်း”
“စေတနာကောင်းတွေက အမြဲတမ်းတော့ ရလဒ်ကောင်းတွေဆီကို ခေါ်သွားမပေးနိုင်ဘူး…”
“…”
"အဲ့ဒါကြောင့် ကမ္ဘာပေါ်မှာ စေတနာကောင်းတွေနဲ့ ဆုံးဖြတ်ချက်ပေါင်းများစွာချပြီး အချိန်အတော်ကြာ ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိတယ်...ဘယ်တုန်းကမှ ဆုချီးမြှင့်မခံရတဲ့ လူတွေလည်း အများကြီးပဲ…"
ထိုအချိန်တွင် ယွန်းဂျွန်က ခေါင်းကို မော့လိုက်ပြီး သူ၏မျက်လုံးများမှာလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
ချွန်းမြောင်က ဆက်ပြောသည် ။
“ဒါပေမယ့် အဲ့ဒါက စေတနာကောင်းတွေကို စွန့်လွှတ်ရမယ်လို့ မဆိုလိုဘူး…ဆရာတူအကိုကြီးက ဆုရဖို့မျှော်လင့်ချက်နဲ့ ဒါကို လုပ်ခဲ့တာလား…"
“မဟုတ်ဘူး…အဲ့ဒီလို မဟုတ်ဘူး…”
"ဒါဆို ခါးကို ဆန့်ပြီး မတ်မတ် ရပ်လိုက်စမ်းပါ…အကိုကြီးက ဘာအမှားလုပ်ခဲ့လို့လဲ…"
“…မင်းပြောချင်တာကို ငါ နားလည်ပါပြီ…”
ယွန်းဂျွန်က ခေါင်းညိတ်လိုက်၏။ချွန်းမြောင်ကတော့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
‘_ဟုတ်လား…ငါရဲ့ဂိုဏ်းခေါင်းဆောင် ဆရာတူအကိုကြီး…'_
ဟွာဆန်းသည် ကမ္ဘာကြီးအတွက် သူ့ကိုယ်သူ စတေးခဲ့သည်။သို့သော် ဘယ်သူမှ သတိမထားမိခဲ့ဘဲ သို့မဟုတ် သတိတောင် မရကြဘဲ ကျွေးမွေးခဲ့သည့် လက်ကိုတောင် ကိုက်ဖို့ ကြိုးစားကြသည်။
ထို့နောက်…
ဟွာဆန်းက လုပ်ခဲ့သမျှက အမှားကြီးမှားခဲ့တာလား။
မဟုတ်ဘူး…အဲ့ဒီလို မဟုတ်ဘူး…
ချွန်းမြောင်က အဲဒီလို တွေးနေရင်တောင် သူ၏အရင်ဘဝတွင် သူ့ရဲ့ဆရာအကိုကြီးများနှင့် နည်းပြများက သူတို့လုပ်ခဲ့တာတွေအတွက် နောင်တရနေမှာ မဟုတ်ပေ။
ချွန်းမြောင်နှင့် ဟွာဆန်းဂိုဏ်းက ကောင်းကင်နတ်ဆိုးကို မတားဆီးနိုင်ခဲ့ပါက ဟွာဆန်းသာမက ဖြောင့်မတ်သောဂိုဏ်းအများစုမှာ လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။
ယခုလည်း ချွန်းမြောင်သည် အနာဂတ်တွင် ထိုသို့သော အဖြစ်အပျက်များ ဖြစ်မလာအောင် တားဆီးရန် ကြိုးစားနေပေသည်။
"...အဲ့ဒီအကြောင်းကို တွေးကြည့်ရုံနဲ့ ဒေါသထွက်တယ်…"
'မင်းက မတော်တဆမှုတွေ လုပ်ပြီး ပြဿနာတွေ လိုက်ရှာတယ်…'
'ငါကတော့ ပြုပြင်ရေးအလုပ်တွေ လုပ်ရတော့မယ်…'
- သူတို့ကို ကျိန်ဆဲပြီး မင်းကိုတော့ ငါရိုက်ပစ်မယ်…’
"ခွပ်…"
ချွန်းမြောင်က သက်ပြင်းချလိုက်သည်။ယွန်းဂျွန်ကို နှစ်သိမ့်ပေးဖို့ကြိုးစားရင်း ချွန်းမြောင် သူ့၏အတိတ်က အမှတ်တရများ၏ ထိုးနှက်ခြင်းခံခဲ့ရသည်။
'ဘယ်သူက ဘယ်သူ့ကို ကျိန်ဆဲမှာလဲ…'
ဘတ်ချုန်းက ဘေးဘီကို လှည့်ကြည့်လိုက်သည်။
"အခုအချိန် ထွက်ပြေးရင် ပိုမကောင်းဘူးလား…ငါတို့တွေ ဒီသစ်သားချောင်းတွေကို ချိုးနိုင်မှာ သေချာတယ်…”
"ပြီးတော့ ငါတို့ လွတ်မြောက်သွားရင် ဘာလုပ်ကြမှာလဲ…"
“အဲဒါက…”
“အဲ့ဒီမြက်ကို ငါတို့လက်ထဲ အရယူဖို့ လိုတယ်…ပြီးတော့ ဒါက အမြန်ဆုံးနည်းလမ်းပဲ…ငါ မင်းကို ဒီစကားချည်းပဲ ဘယ်နှစ်ခါပြောရမှာလဲ…"
“ကောင်းပါပြီ…”
ဘတ်ချုန်းက သက်ပြင်းချလိုက်သည်။ထိုအချိန်တွင် နှုတ်ဆိတ်နေခဲ့သော ဂျိုဂုသည် ဦးတည်ရာတစ်ခုဆီသို့ ရုတ်တရက် ညွှန်ပြလာသည်။
"ချွန်းမြောင် ဟိုမှာ…"
"အာ…."
သူညွှန်ပြသောနေရာကို ကြည့်လိုက်သောအခါ ချွန်းမြောင်သည် ကြီးမားသော ရုပ်ထု လက်ရာတစ်ခုကို တွေ့လိုက်ရသည်။
"အိုး…"
သူတို့ရှေ့ရှိ အဆောက်အအုံရှုခင်းက သူတို့မြင်ခဲ့ဖူးသည့် ယန်နန်နဲ့ မတူပေ။
ကြီးမားသော အဆောက်အအုံ၏နောက်ကွယ်တွင် တောအုပ်ကြီးတစ်ခုက နေရာဖြန့်ကျက်ထားသည်။ထူထဲလှသည့် မျက်နှာပြင်ကို အလင်းရောင်တစ်ချက်မျှပင် မထိုးဖောက်နိုင်ပုံပေါ်သည်။
သူတို့မြင်ခဲ့ရသည့် ကျက်တီးမြေ လယ်ကွင်းများနှင့် ကွဲပြားနေသည်။
"ဒါက နန်မန်သားရဲနန်းတော်လား…."
ဘတ်ချုန်းက လှည့်ကြည့်လာသည်။အဆောက်အအုံကို မြင်ပြီးနောက် သူတို့စိတ်ထဲတွင် နန်းတော်နာမည်၏ စစ်မှန်သော အရှိန်အဝါက တင်စီးလာသလိုပင်။
ထို့အပြင် သူတို့မှာ အဖမ်းခံရပြီးသား အခြေအနေတွင် ရှိနေသည်မဟုတ်လား။
အဆောက်အအုံကို ကြည့်လိုက်သည့်အခါ နန်မန်သားရဲနန်းတော်၏ ကြီးကျယ်ခမ်းနားသည့် တန်ခိုးအာဏာကို ရှင်းရှင်းလင်းလင်း ခံစားလို့ရသည်...
“အာ…သူတို့မှာ ပိုက်ဆံနည်းနည်းတော့ ကျန်နေသေးတဲ့ပုံပဲ…”
“…”
'ဒီအခြေအနေမှာ မင်း ဘယ်လိုများ အဲ့ဒီသုံးသပ်ချက်ကို ကောက်တွေးလိုက်တာလဲ…'
'ဒီလိုအခြေအနေမှာ…'
'မင်းက သွက်သွက်ခါအောင် ရူးနေတဲ့သူပဲ…'