← Chapters

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၆)

Vol. 38 Ch. 441

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၆)

Vol. 38 Ch. 441

"သူ့ကို ချက်ချင်း တားထားလိုက်စမ်း"

ထိုလူအုပ်စုကို မြင်လိုက်ရသဖြင့် အပြာရောင်တိမ်တိုက်အရှင်က အလျင်အမြန် အော်ဟစ်လိုက်ပြီး သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသည်။

ဤသည်ကို ကြားလိုက်ရသဖြင့် ရန်ချူယောင်နှင့် ပုံစံငါးမျိုးသူတော်စင်အရှင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း သူ့ကို ဂရုမစိုက်ကြချေ။

မင်းက ငါတို့ကို တားခိုင်းတိုင်း ငါတို့က နားထောင်ရမှာလား... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...

သူတို့၏ လျစ်လျူရှုသော သဘောထားကို မြင်လိုက်ရသဖြင့် အပြာရောင်တိမ်တိုက်အရှင်သည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချရမည်ကို သိရှိသွားသည်။ သူ နောက်ထပ်အချိန်ဆွဲနေပါက ဗုဒ္ဓအထွတ်အထိပ် ရတနာနှစ်ပါး ဆုံးရှုံးရုံသာမက သူ့အား ပေးအပ်ခံရသော တာဝန်သည်လည်း ပျက်စီးသွားပေလိမ့်မည်။ ထိုကြောင့် သူသည် အမှန်တရားကို ဆက်လက်၍ ဖုံးကွယ်မထားတော့ဘဲ ထပ်မံ၍ အော်ဟစ်လိုက်၏။

"သူက မင်းတို့ ရှာနေတဲ့ ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူပဲ"

"ဘာ... သူက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူလား"

မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော သူ၏အော်သံသည် ပုံစံငါးမျိုးသူတော်စင်အရှင်များနှင့်ရန်ချူးယောင်တို့ကိုသာမက ထိုလူကို အဆက်မပြတ် လိုက်လံရှာဖွေနေသော မင်းသားယွမ်ချင်းကိုလည်း ထိတ်လန့်တုန်လှုပ်သွားစေသည်။ မင်းသားယွမ်ချင်း၏မျက်လုံးသူငယ်အိမ်များ သိသိသာသာ ကျဥ်းမြောင်းသွားသည်။ ယခင်က သူ၏ဇဝေဇဝါဖြစ်နေမှုများအားလုံး ချက်ချင်းဆိုသလိုပင် ရှင်းလင်းသွားသည်။

ဤလူသည် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို သန့်စင်ပြီးနောက် သူ၏စွမ်းအားများသည် ဤမျှတိုတောင်းသော အချိန်အတွင်း မည်သည်ကြောင့် တိုးတက်လာခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ သူသည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ပိုင်ဆိုင်ထားသူ ဖြစ်နေပေ၏။

သူနှင့် အပြာရောင်တိမ်တိုက်အရှင်တို့ကြားရှိ ကံကြမ္မာဆက်သွယ်မှုသည် ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာနှင့် သက်ဆိုင်သွားမှုမှတဆင့် ကောင်းစွာရှင်းပြနိုင်သွားလေပြီ။

"မင်းက ဘယ်ကို ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလဲ"

ကျန်းရွှမ်၏သရုပ်မှန်ကို ရှာဖွေတွေ့ရှိပြီးနောက် ရန်ချူးယောင်သည် ချက်ချင်းမလှုပ်ရှားသေးချေ။ သို့ရာတွင် စျာပနထုံးတမ်းစဥ်လာအရှင် ယုဟိုင်သည် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန်ကို ဆုပ်ကိုင်ပြီး လှုပ်ရှားလိုက်လေပြီ။

စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန်သည် ထောင်သောင်းချီသော သရဲတစ္ဆေများ၏ ငိုကြွေးမြည်တမ်းသံများနှင့်အတူ ကျဆင်းလာပြီး ကျန်းရွှမ်၏မျက်နှာထံသို့ တန်းတန်းမတ်မတ် တိုက်ခိုက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ထိုတိုက်ခိုက်မှုသည် သူ၏စိတ်ဝိညာဉ်ကို ထွင်းဖောက်သွားကာ စိတ်ဝိညာဥ်ကို ကြေမွှပျက်စီးသွားစေသော အသံလှိုင်းများကို သူ ကြားလိုက်ရသည်။ ဤသည်မှာ သူ၏အမြင်အာရုံကို ဝေဝါးသွားစေပြီး မူးဝေမှုကို သူ ခံစားလိုက်ရသည်။

ဤသည်မှာ စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြစ်သည့် ငရဲကိုးထပ် ငိုကြွေးမြည်တမ်းခြင်းနည်းစနစ်ပင်။

အကယ်၍ ထိုတိုက်ခိုက်မှု ထိမှန်ပါက ကျင့်ကြံဆင့်တူညီသူတစ်ဦးပင်လျှင် သူ၏စိတ်ဝိညာဉ် မတည်မငြိမ်ဖြစ်ကာ ခုခံနိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားပေလိမ့်မည်။

သို့ရာတွင် ဤအန္တရာယ် ကြီးစိုးလာချိန်၌ ကျန်းရွှမ်၏ဒွာရရှစ်ပေါက်နှလုံးသားသည် ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်လာပေ၏။ လန်းဆန်းကြည်လင်မှုသည် သူ၏စိတ်ထဲသို့ တိုးဝင်လာပြီး သူ့ကို ရုတ်တရက် နိုးကြားသွားစေသည်။ သူ၏မျက်နှာအမူအယာ သုန်မှုန်သွားပြီး သူသည် ကျယ်လောင်စွာအော်ဟစ်၍ ဆူပူကြိမ်းမောင်းလိုက်သည်။

"ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူဖြစ်တဲ့ ငါ့ကို လက်အောက်ခံဖြစ်တဲ့ မင်းတို့က တိုက်ခိုက်ရဲတာလား... ဒီလို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်မှုမျိုးက အမိန့်ကိုမနာခံတာပဲ...မင်းရဲ့ ထုံးတမ်းစဥ်လာ ဘယ်မှာလဲ"

သူ၏အသံသည် မြေခွေးညှို့ငင်နှင့်အရှိန်အဟုန်တို့၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားနှစ်ရပ်လုံးကို သယ်ဆောင်ထားသည်။ ရုတ်ချည်းဆိုသလိုပင် တစ်ဖက်လူ၏စိတ်အတွင်း၌ ခြင်္သေ့တစ်ကောင်၏ဟိန်းဟောက်သံကဲ့သို့ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

ယုဟိုင်သည် ကြက်သေသေသွားပြီး သူ၏တိုက်ခိုက်မှု အလိုအလျောက် ရပ်တန့်သွားပေ၏။

အမှန်တကယ်ပင် တစ်ဖက်လူ၏စကားများသည် မှားယွင်းခြင်း မရှိချေ။ ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာသည် ကျင့်ဝတ်ထုံးကို တိတိကျကျလိုက်နာရန် အလေးပေးသည်။ ဤကံကြမ္မာ၏ အဓိကဆက်ခံသူတစ်ဦးအနေဖြင့် သူသည် မိသားစုကြီးတစ်ခု၏ တိုက်ရိုက်မျိုးဆက်နှင့်တူပြီး သူ၏သွေးမျိုးဆက်သည် သဘာဝအလျောက် ပို၍သန့်စင်သည်။

သူ့ကို တိုက်ခိုက်ခြင်းသည် အဆင့်အတန်းကို ဆန့်ကျင်ခြင်းနှင့် ထပ်တူထပ်မျှပင်။ ဤသည်မှာ ထုံးတမ်းစဥ်လာ၏စည်းမျဥ်းဥပဒေများကို ဆန့်ကျင်သည့် ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်သည်။

"ယုဟိုင်... သူ့ရဲ့စကားတွေကြောင့် မင်း စိတ်မလှုပ်ရှားနဲ့... သူက အမွေအနှစ်ကို ရထားရုံပဲ ရှိသေးတာ... အပြည့်အဝ နားမလည်သေးဘူး... သူသာ ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ရင် ငါတို့က သူ့ကို အလျှော့ပေးရမှာ သေချာတယ်... ဒါပေမယ့် အခုတော့... သူက မထိုက်တန်သေးဘူး"

ယုဟိုင် တွေဝေနေသည်ကို မြင်လိုက်ရသဖြင့် အခမ်းအနား ထုံးတမ်းစဥ်လာအရှင် ရှောက်မင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဟုတ်တယ်... မင်းက ဒီအဆင့်မှာ ဆက်ခံသူသက်သက်ပဲ... မင်းက ငါ့ကို ထုံးတမ်းစဥ်လာနဲ့ ဖိနှိပ်ချင်တယ်ဆိုရင် မင်း အဲ့ဒါကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားတဲ့အထိ စောင့်လိုက်အုံး"

ယုဟိုင် သတိပြန်ဝင်လာသည်။

"မဟုတ်ဘူး... တစ်ခုခု မှားနေပြီ"

သူသည် စိတ်ကြည်လင်ပြတ်သားမှု ပြန်လည်ရရှိလာပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်းခံစားလိုက်ရသည်။

"ငါ့ရဲ့ကောင်းကင်ကံကြမ္မာက ဖိနှိပ်မခံရဘူး"

သဘောတရားအရ ဤကောင်းကင်ကံကြမ္မာ၏ အစစ်အမှန် ဆက်ခံသူအနေဖြင့် တစ်ဖက်လူ၏ ကျင့်ကြံဆင့်သည် အားနည်းနေသည် ဆိုလျှင်ပင် "ဒီလို ပေါ်ပေါ်ထင်ထင်ဆန့်ကျင်မှုမျိုးက အမိန့်ကိုမနာခံတာပဲ...မင်းရဲ့ ထုံးတမ်းစဥ်လာ ဘယ်မှာလဲ"ဟူသော စကားတချို့ကို ပြောရုံဖြင့် သူ၏ကောင်းကင်ကံကြမ္မာအပေါ် သိသိသာသာ ဖိနှိပ်မှု ဖြစ်ပေါ်လာသင့်သည်။

သို့ရာတွင် ယခုအချိန်၌ ထိုကဲ့သို့ အကျိုးသက်ရောက်မှုမျိုး လုံးလုံးလျားလျား မရှိချေ။

ဤသည်မှာ ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်...

တစ်ဖက်လူသည် ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို လုံးဝမရရှိခဲ့ခြင်း သို့မဟုတ် သူသည် အစွန်အဖျားကို ထိတွေ့ရုံသာ ရှိသေးပြီး အစစ်အမှန် ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ဝေးကွာနေခြင်းပင်။

သူသည် ဒုတိယဖြစ်နိုင်ခြေကို ပို၍ယုံကြည်ပေ၏။

မည်သို့ပင်ဆိုစေကာမု အပြာရောင်တိမ်တိုက်အရှင်သည် အကြောင်းအကျိုးကံကြမ္မာဖြင့် စုံစမ်းခဲ့သဖြင့် ဤကိစ္စသည် အမှားအယွင်းမရှိနိုင်ချေ။

"မင်းရဲ့နားလည်သဘောပေါက်မှုက ဒီလောက် ထိ နိမ့်ပါးနေမှတော့ ငါ ရက်စက်တာကို အပြစ်မတင်နဲ့"

ဤအချက်ကို နားလည်သဘောပေါက်လိုက်သဖြင့် ယုဟိုင်၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အကယ်၍ သူသာ သူ့ရှေ့မှလူကို သတ်ဖြတ်နိုင်ပါက ထိုလူ အနည်းငယ်သာ နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာကို ထုတ်ယူနိုင်ပေမည်။ ထိုသို့ဆိုပါက သူ၏လက်ရှိစွမ်းအားဖြင့် အသက်ပင်လယ်နယ်ပယ်သို့ ချက်ချင်းချိုးဖျက်ဝင်ရောက်နိုင်ပြီး ပုံစံငါးမျိုးသူတော်စင်အရှင်များအနက် အစွမ်းထက်ဆုံးအဖြစ် သူ့ကိုယ်သူ မြှင့်တင်နိုင်မည်မှာ သေချာပေါက်ပင်။

ဝုန်း....

စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန် တုန်ခါသွားပြီး သူ၏တိုက်ခိုက်မှုကို ပြန်လည်၍စတင်ရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် သူ့ကို ဆူပူကြိမ်းမောင်းခဲ့သော ထိုလူငယ်သည် ရုတ်တရက် သူနှင့်မီတာတစ်ရာအကွာအတွင်းသို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။

သူတို့၏စွမ်းအားအဆင့်တွင် ဤအကွာအဝေးကို အနီးကပ်တိုက်ပွဲနယ်ပယ်အဖြစ် သတ်မှတ်ထားပြီဖြစ်သည်။

သူသည် ထိတ်လန့်တကြားဖြစ်သွားကာ နောက်သို့ဆုတ်ခွာရန် ကြိုးစားလိုက်၏။ သို့ရာတွင် သူ မလှုပ်ရှားနိုင်မီမှာပင် သူ့ရှေ့ရှိလူငယ်သည် လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သံကြိုးတစ်ချောင်းက လေထုကို ဆုတ်ဖြဲသွားသည်အား သူ မြင်တွေ့လိုက်ရသည်။

အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုး....

ဤကောင်းကင်ရတနာကို မင်းသားယွမ်ချင်းက တောင်တန်းမြစ်ပြင်အမိန့်တော်နှင့်ကံကြမ္မာစွမ်းအားကို အသုံးပြု၍ အကြွင်းအကျန်စိတ်ဝိညာဥ်များကို ဖယ်ရှားခဲ့သည်။ ထိုကြောင့် ကျန်းရွှမ်က ထိုအရာကို သိမ်းဆည်းပြီး သန့်စင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်၌ သူသည် ထိုအရာကို ပထမဆုံးအကြိမ် အသုံးပြုလိုက်၏။

ဘုန်း....

ဗုဒ္ဓအရှင်ကိုယ်တိုင် ဖန်တီးခဲ့သော ဤအထွတ်အထိပ်ရတနာသည် တစ်ချိန်က နှင်းနတ်ဆိုးအရှင်ကိုပင် လှောင်ပိတ်မိစေပြီး မလှုပ်ရှားနိုင်အောင် ဖြစ်စေခဲ့သည်။ ထိုရတနာကို ရုတ်တရက် အသုံးပြုလိုက်ချိန်၌ ယုဟိုင်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ တင်းကြပ်စွာ ချည်နှောင်ခြင်းခံလိုက်ရပြီး လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့ချေ။

"သေလိုက်စမ်း..."

ကျန်းရွှမ်၏မျက်လုံးများတွင် အေးစက်စက်အရိပ်အယောင်များ ရုတ်တရက် ဖြတ်ပြေးသွားပြီး သံသရာအမွေအနှစ်မျှော်စင်သည် သူ၏လက်ထဲတွင် ထွက်ပေါ်လာပေ၏။ သူသည် ထိုအမွေအနှစ်မျှော်စင်ကို ဓားအဖြစ် အသုံးပြု၍ သူသည် ဟန့်တား၍မရနိုင်သော စွမ်းအားဖြင့် ရှေ့သို့ထိုးစိုက်လိုက်သည်။

ထိုမျှော်စင်သည် ကိုင်ရခက်သော ပုံစံရှိသော်လည်း ဤသည်မှာ သူ လက်ဗလာဖြင့် တိုက်ခိုက်ခြင်းထက် အကျိုးသက်ရောက်မှု အဆများစွာ ပို၍ကောင်းမွန်သည်။

"မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ..."

"ရိုင်းစိုင်းလိုက်တာ..."

"ရပ်လိုက်စမ်း"

ဤဆက်တိုက်လုပ်ဆောင်ချက်များသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဖြစ်ပေါ်သွားခဲ့သည်။ ယခုချိန်မှသာ ရှောက်မင် ဝမ်ယင်နှင့် တခြားလူများသည် တုံ့ပြန်နိုင်ခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

"ကောင်းကင်ကြယ်တာရာ နတ်ဆိုးနှိမ်နင်းခြင်း..."

"အင်္သချေအင်ပါယာ ဂါရဝပြုခြင်း..."

"စာသုံးစောင်နဲ့ထုံးတမ်းခြောက်မျိုး..."

...

သူတို့၏အပေါင်းအဖော်ကို ကယ်တင်ရန်အတွက် ကြွင်းကျန်သော လူလေးဦးသည် သူတို့၏ အပြင်းထန်ဆုံး နည်းစနစ်များကို ချက်ချင်းထုတ်လွှတ်လိုက်ကြသည်။

ပုံစံငါးမျိုးသူတော်စင်အရှင်များအနက် တစ်ဦးချင်းစီဆိုလျှင် ကျန်းလီ သို့မဟုတ် မင်းသားယွမ်ချင်းတို့ထက် စွမ်းအားနိမ့်ပါးသည်။ သို့ရာတွင် သူတို့အားလုံး အတူပူးပေါင်းလိုက်ချိန်၌ သူတို့၏ပေါင်းစပ်စွမ်းအားသည် အလွန်အစွမ်းထက်ပေ၏။

ကျန်းရွှမ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ ရေတွက်၍မရနိုင်သော စည်းမျဉ်းများ ထုံးတမ်းစဥ်လာများဖြင့် ချုပ်နှောင်ခြင်းခံထားရသည့်အလား သူသည် နောက်ထပ်ခြေတစ်လှမ်းပင် ရှေ့ဆက်မတိုးနိုင်တော့ချေ။

ဒင် ဒေါင်.... ဒင် ဒေါင်....

တစ်ချိန်တည်းမှာပင် ကြည်လင်ပြတ်သားသော ဇီသာတေးသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ အဝေးတွင်ရှိနေသော ရန်ချူးယောင်က တိုက်ခိုက်လိုက်ခြင်းပင်။ သူမသည် သူမ၏လက်များဖြင့် ဇီသာကို တီးခတ်နေပြီး ဂီတသံစဥ်သည် ပျံ့လွင့်လာသော သတ်ဖြတ်ခြင်းအရှိန်အဝါအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤသည်မှာ ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာဖြစ်သော ဂီတပင်။

ဝီ....

ထိုအသံသည် သူ၏နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်နှင့် တပြိုင်နက် ကျန်းရွှမ်က သူ၏အသိစိတ်သည် လေဟာနယ်ထဲသို့ နစ်မြုပ်သွားသည့်အလား အဆုံးမရှိ ကျဆင်းနေသည်ကို ချက်ချင်းခံစားလိုက်ရသည်။

သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသော ဂီတသံစဉ်သည် သူ၏အမြင်အာရုံ အကြားအာရုံ အထိအတွေ့နှင့် အနံ့အာရုံတို့ကို ပိတ်ဆို့ထားပြီး သူ့ကို အာရုံငါးပါး ကင်းလွတ်သွားစေသည်။

ဤသည်မှာ အာရုံငါးပါးနှင့်အသိစိတ်ခြောက်ပါးလုံးကို အသံဖြင့် ပိတ်ဆို့ခံလိုက်ရခြင်းပင်။

ဂီတကို အပန်းဖြေခြင်းနှင့်ဖျော်ဖြေရေးအတွက် အသုံးပြုပြီး လူတစ်ယောက်၏စိတ်ဓာတ်ကို မြှင့်တင်ရန် နာကျင်မှုကို သက်သာစေရန် စိတ်ကို ရွှင်လန်းစေရန် ကြောက်ရွံ့မှုကို ဖယ်ရှားရန်စသည့် ကိစ္စများတွင် မကြာခဏ အသုံးပြုသည်။

ထို့ပြင် ယခုတိုက်ခိုက်မှုကဲ့သို့ပင် ဂီတ၏အကျိုးသက်ရောက်မှုများကို ထောင်ပေါင်းများစွာ တိုးမြှင့်ပြီး အဖျက်စွမ်းအား ကြီးမားသော ရလဒ်များကို ရရှိစေသည်။

ဤသည်ကြောင့် ထိုဂီတသံစဥ်၏အဓိကပစ်မှတ် မဟုတ်သည့်တိုင် ရှောက်မင်တို့လူစု၏ တိုက်ခိုက်မှုများကိုလည်း အလိုအလျောက် ရပ်တန့်သွားစေခဲ့သည်။

ထျန်းလီအင်ပါယာ၏ ဧကရာဇ်ဖုရှန်းသည် ဤှထိပ်သီးကျင့်ကြံသူကို အလွန်အမင်း မှီခိုအားထားနေသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ရန်ချူးယောင်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပေ၏။

"ချိုးဖျက်စမ်း..."

ဤဂီတထောင်ချောက်ကို ချိုးဖျက်ရန် နည်းလမ်းရှာရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ကြောင်းကို သိရှိသဖြင့် ကျန်းရွှမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ရင်ဘတ်အတွင်းရှိ ဒွာရရှစ်ပေါက်နှလုံးသားသည် နောက်တစ်ကြိမ် ပြင်းထန်စွာ ခုန်ပေါက်လာပေ၏။

ဒုတ်...ဒုတ်..ဒုတ်...ဒုတ်....

အကန့်အသတ်မဲ့သော စွမ်းအားများ ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်မှတစ်ဆင့် သူ၏စိတ်ထဲသို့ စီးဝင်သွားသည်။

ဝုန်း....

ဂီတထောင်ချောက်၏ မြူခိုးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျန်းရွှမ်၏အတွေးများ ကြည်လင်ပြတ်သားလာသည်။ ရှောက်မင်နှင့် တခြားလူများသည် သူ၏အနီးသို့ ချဉ်းကပ်လာပြီး မရေမတွက်နိုင်သော စွမ်းအားစီးကြောင်းများသည် သူ့အပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်ကို သူ မြင်တွေ့လိုက်ရသည်။

ဤတိုက်ခိုက်မှုများကို သူ ပိတ်ဆို့ဟန့်တားလိုက်ပါက ယုဟိုင်ကို သတ်ဖြတ်ရန် အခွင့်အရေးအား ဆုံးရှုံးသွားမည်ဟု ဆိုလိုခြင်းပင်။ သို့ရာတွင် ယုဟိုင်ကို အတင်းအကြပ် သတ်ဖြတ်ရန် ကြိုးစားပါက သူ၏အသက်ကို ဆုံးရှုံးသွားစေနိုင်သည်။

သူ တွေဝေနေစဉ်မှာပင် နူးညံ့သိမ်မွေ့သောအသံတစ်သံက သူ၏နားထဲ၌ ပဲ့တင်ထပ်လာသည်။

"ယုဟိုင်ကို သတ်လိုက်"

ထိုအသံကို မှတ်မိသဖြင့် ကျန်းရွှမ်၏မျက်လုံး ပြူးကျယ်လာပြီး အသံလာရာနေရာသို့ လှည့်ကြည့်လိုက်၏။

"ခုန်းရှီလား..."

မလှမ်းမကမ်းရှိ လေထုအတွင်းတွင် အဘိုးအိုတစ်ဦး တည်ငြိမ်စွာ မျောလွင့်နေသည်။ သူ၏မျက်ခုံးများသည် တောက်ပနေပြီး သူ၏ဆံပင်နှင့်မုတ်ဆိတ်မွှေးများသည် လေထုထဲတွင် ညင်သာစွာ လုးလွန့်နေသည်။ သူသည် ကျန်းရွှမ် ကမ္ဘာသစ်ထဲသို့ အစောပိုင်းက ဆွဲသွင်းထားခဲ့သော ခုန်းရှီမှတစ်ပါး တခြားမည်သူ ဖြစ်နိုင်မည်နည်း။

All Chapters