← Chapters

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၄)

Vol. 38 Ch. 439

ပြင်းထန်သော တိုက်ပွဲ (အပိုင်း ၄)

Vol. 38 Ch. 439

အကြောင်းအကျိုးဆက်စပ်မှုမှ စွမ်းအား၏ အကူအညီဖြင့် အပြင်းအထန် ပြေးလွှားလာပြီးနောက် ဗုဒ္ဓဂိုဏ်း၏ အဆင့်မြင့်ဘုန်းတော်ကြီးသည် နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခဲ့လေပြီ။

"အပြာရောင်တိမ်တိုက်အရှင်... မင်းတို့ ဗုဒ္ဓဂိုဏ်းက ထျန်းလီအင်ပါယာကို ဆန့်ကျင်ဖို့ ရည်ရွယ်နေတာလား"

အိမ်ရှေ့စံမင်းသားယွမ်ချင်း၏အကြည့်များ မှုန်တေတေဖြစ်နေသည်။

အစောပိုင်းက ကျန်းရွှမ်ချင်းသည် သံသရာအမွေအနှစ်မျှော်စင်နှင့် ဆယ်မျက်နှာဗောဓိနတ်ဆိုးနှိမ်နင်းကြိုးကို ထုတ်လိုက်စဉ်က ထိုအရာများသည် ဗုဒ္ဓဂိုဏ်းမှ ခိုးယူခံထားရသော ပစ္စည်းများဖြစ်ကြောင်း သူ သံသယရှိခဲ့သေးသည်။ သို့ရာတွင် ယခုချိန်၌ အပြာရောင်တိမ်တိုက်အရှင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူ သံသယ မရှိတော့ချေ။

"အရှင်မင်းသားက ငါတို့ ဗုဒ္ဓဂိုဏ်းကို အရင် စော်ကားခဲ့တာပါ... ဘယ်လိုလုပ်ပြီးတော့ ငါက မင်းကို ဆန့်ကျင်တယ်လို့ စွပ်စွဲနိုင်မှာလဲ"

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်သည်။

"အပြာရောင်တိမ်တိုက်အရှင်... ဒီ ကျန်းရွှမ်ချင်းက နတ်ဆိုးဂိုဏ်းရဲ့..."

ထိုလူနှစ်ဦးသည် ညှိနှိုင်းပြောဆို၍ မရမည့်ပုံကို မြင်လိုက်ရသဖြင့် အကြီးအကဲကျန်းလီသည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်၏။ သူ၏ စကားမဆုံးမီမှာပင် မလှမ်းမကမ်းတွင်ရှိနေသော ကျန်းရွှမ်ချင်းက ရုတ်တရက် အော်ဟစ်ပြောလိုက်သည်။

"အရှင်... သူတို့က အရှင် ပေးသနားထားတဲ့ သံသရာအမွေအနှစ်မျှော်စင်ကို ခိုးယူသွားကြတယ်... သူတို့ကို အလွယ်တကူ ခွင့်လွှတ်လို့မဖြစ်ဘူး... ဒီကျန်းလီကို ကျွန်တော် အရင်သတ်နိုင်အောင် အရှင်က အိမ်ရှေ့စံမင်းသားယွမ်ချင်းကို ကျေးဇူးပြုပြီး ဟန့်တားပေးပါအုံး"

ဝှစ်....

သူ၏အော်သံအဆုံးတွင် ကျန်းရွှမ်သည် အကြီးအကဲကျန်းလီ၏ရှေ့သို့ ရောက်ရှိသွားလေပြီ။ သူသည် နဂါးတစ်ကောင်အလား ရစ်ပတ်နေသော ဓားချီများဖြင့် အေးစက်ငရဲဓားကို ကျန်းလီထံဦးတည်ပြီး ထိုးစိုက်လိုက်သည်။

"သေချင်နေတာလား"

ကျန်းရွှမ်ချင်း စတင်တိုက်ခိုက်သည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲကျန်းလီသည် ဖြေရှင်းရန် ဂရုမစိုက်တော့ဘဲ သူ၏ဆေးမီးဖိုကို ထိန်းချုပ်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် ပြင်းထန်စွာ စတင်တိုက်ခိုက်ကြတော့သည်။

"ဖယ်စမ်း"

အကြီးအကဲကျန်းလီသည် တစ်ဖက်လူ၏ပြိုင်ဘက် မဟုတ်နိုင်ကြောင်း သိရှိသဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းက အေးစက်စက် အော်ဟစ်လိုက်ပြီး ရှေ့သို့တိုးဝင်ရန် ဟန်ပြင်လိုက်သည်။

"အော် မီ တော ဖော... အရှင်မင်းသားက ခြေလှမ်းတွေကို ရပ်လိုက်ပါ"

အပြာရောင်တိမ်တိုက်အရှင်သည် သူ၏လက်ကို လှုပ်ခတ်ပြီး စွမ်းအားအရှိန်အဟုန်ကို ထုတ်လွှတ်ကာ ယွမ်ချင်း၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်၏။

"တကယ်လို့ ကျန်းလီသာ သေသွားရင် မင်းရဲ့ဗောဓိသတ္တရွှေဆေးလုံးကို ဖော်စပ်နိုင်တော့မှာ မဟုတ်ဘူး... ပြီးတော့ ဗောဓိသတ္တအဆင့်က မင်းနဲ့ ပိုပြီးဝေးကွာသွားလိမ့်မယ်"

အိမ်ရှေ့စံမင်းသားယွမ်ချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒါက..."

အပြာရောင်တိမ်တိုက်အရှင်က မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းလီသည် ဗောဓိသတ္တရွှေဆေးလုံးကို ဖော်စပ်နိုင်သည့် တစ်ဦးတည်းသော ဆေးပညာရှင်ပင်။ အကယ်၍ ကျန်းလီသာ အမှန်တကယ် သေဆုံးသွားပါက ဗောဓိသတ္တရွှေဆေးလုံးမရှိဘဲနှင့် သူ ဗောဓိသတ္တနယ်ပယ်သို့ ရောက်ရှိရန် လမ်းကြောင်းသည် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

"ကျန်းရွှမ်ချင်း... ဘာလို့ အရှင်မင်းသား အကြီးအကဲကျန်းလီတို့နဲ့ ပြဿနာဖြစ်ရတာလဲ"

ဤအချက်ကို နားလည်သဘောပေါက်လိုက်သဖြင့် အပြာရောင်တိမ်တိုက်အရှင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိပြီး မေးခွန်းထုတ်လိုက်သည်။

ဤလူငယ်သည် သူကိုယ်တိုင် ကံကြမ္မာကူးပြောင်းပေးထားသောသူပင်။ အရေးအကြီးဆုံးမှာ ဗုဒ္ဓအရှင်ကိုယ်တိုင် နာမည်တပ်ထားသူ ဖြစ်သောကြောင့် ထိုလူငယ်၏အသက် ဆုံးရှုံး၍မဖြစ်သောကြောင့် ကယ်တင်ရန်အတွက် သူ အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ယခု သူ၏စိတ်ကို တည်ငြိမ်အောင် ထားလိုက်ချိန်၌ ကွဲလွဲချက်များကို ချက်ချင်းသတိပြုလိုက်မိသည်။

ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်၌ ရှိသူတစ်ဦးသည် အသက်ပင်လယ်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများကို တိုက်ခိုက်နေပြီး ယိမ်းယိုင်ခြင်းမရှိဘဲ ကြံ့ကြံ့ခံနေသည်။ အမှန်အားဖြင့် ထိပ်သီးကျင့်ကြံသူနှစ်ဦးဖြစ်သည့် အိမ်ရှေ့စံမင်းသားယွမ်ချင်းနှင့်အကြီးအကဲကျန်းလီတို့ကို သူတစ်ယောက်တည်းဖြင့် တားဆီးထားခြင်း ဖြစ်ပေ၏။

မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤသည်မှာ လွယ်လင့်တကူ ကံကြမ္မာပြောင်းလဲ၍ရသော လူတစ်ယောက် မဟုတ်နိုင်ချေ။

"သူတို့က ကျွန်တော်ရဲ့ သံသရာအမွေအနှစ်မျှော်စင်ကို မြင်သွားပြီးတော့ လုယူဖို့ ကြိုးစားခဲ့ကြတယ်..."

ကျန်းရွှမ်က ဇာတ်လမ်းတစ်ပုဒ်ကို ပေါ့ပေါ့ပါးပါး ဖန်တီးပြောဆိုလိုက်သည်။

ဤလူကို ကြာရှည်လှည့်စားထား၍ မရနိုင်ကြောင်း သူ သိသော်လည်း သူတို့ကို အချိန်တခဏကြာမျှ ထိန်းသိမ်းထားရန် လိုအပ်သည်။ ဤသည်မှာ အကြီးအကဲကျန်းလီကို အရင်ဆုံး ရှင်းပစ်ရန်အတွက်ပင်။

တစ်ဖက်လူသည် အသက်ပင်လယ်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံဆင့်၌ရှိသူပင်။ ကျန်းလီကို သတ်ဖြတ်ပြီးသည်နှင့် ထိုလူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် ကျန်းရွှမ် အချိန်တခဏကြာမျှ အသုံးပြုရန်အတွက် လုံလောက်ပေလိမ့်မည်။ ထိုစွမ်းအားများကို သူ ပိုင်ဆိုင်ထားသော ဆေးစွမ်းအားများနှင့် ပေါင်းစပ်လိုက်လျှင် တိုက်ခိုက်ရာတွင်ဖြစ်စေ ထွက်ပြေးရာတွင်ဖြစ်စေ အောင်မြင်မှုရရှိရန် အခွင့်အလမ်း ပိုများလာပေမည်။

"အရှင်မင်းသား သိထားသင့်တာက သံသရာအမွေအနှစ်မျှော်စင်က ဗုဒ္ဓဂိုဏ်းရဲ့ ရတနာတစ်ပါးပဲ... တကယ်လို့ အရှင်မင်းသားက အဲ့ဒါကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ငါတို့ ဗုဒ္ဓဂိုဏ်းကို ဆန့်ကျင်တာပဲ..."

အပြာရောင်တိမ်တိုက်အရှင်က ပြောဆိုသည်။

"အကြီးအကဲကျန်းလီက ငါ့အတွက် ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို ဖော်စပ်ပေးနေပြီးတော့ ထာဝရနှလုံးသားကို ဖွဲ့စည်းဖို့ ကူညီပေးနေတာ... ဒီလူက သံသရာအမွေအနှစ်မျှော်စင်ကို သုံးပြီးတော့ ငါ့ရဲ့ ဆေးလုံးနဲ့နှလုံးသားကို ခိုးယူသွားတယ်... ဒါကြောင့် ငါ သူ့ကို သတ်ရမယ်..."

ကိစ္စရပ်ကို ရှင်းလင်းအောင် မပြော၍ မရနိုင်တော့ကြောင်း သိသွားသဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ၏ဒေါသကို ဖိနှိပ်ပြီး ရှင်းပြလိုက်သည်။

"ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံး... ထာဝရနှလုံးသား..."

အပြာရောင်တိမ်တိုက်အရှင်သည် အချိန်တခဏကြာအောင် တွေဝေသွားပြီးနောက် သူ၏ရှေ့ရှိ မင်းသား၏ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေပြီး မူလနှလုံးသား ပျောက်ဆုံးနေသည်ကို သတိပြုလိုက်မိသည်။ တစ်ချိန်တည်းမှာပင် ကျန်းရွှမ်သည် တိုက်ခိုက်မှုတိုင်းတွင် ကုန်ခမ်းခြင်းမရှိသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေပြီး အလွန်အမင်း အစွမ်းထက်နေသည်။

မျက်တောင်တစ်ခတ်စာအတွင်း မင်းသား၏ စကားများသည် အခြေအမြစ်မရှိသော လုပ်ကြံပြောဆိုမှုများ မဟုတ်ကြောင်း သူ အတည်ပြုလိုက်သည်။

"အမှန်ပံ... ဒီကျန်းရွှမ်ချင်းက နတ်ဆိုးဂိုဏ်းရဲ့ စွမ်းအားကို အသုံးပြုနေတာ... မင်းက သူ့ကို မင်းတို့ ဗုဒ္ဓဂိုဏ်းရဲ့ သက်ဝင်ယုံကြည်သူလို့ ပြောတယ်... ဒါက ဘယ်အချက်ကို အခြေခံပြီး ပြောတာလဲ"

အိမ်ရှေ့စံမင်းသားယွမ်ချင်းက ဖိအားပေးပြီး မေးမြန်းလိုက်သည်။

"နတ်ဆိုးဂိုဏ်းရဲ့စွမ်းအားကို အသုံးပြုထားတာလား..."

အပြာရောင်တိမ်တိုက်အရှင်သည် ယုံကြည်ရန် ခက်ခဲနေပေ၏။

အိမ်ရှေ့စံမင်းသားယွမ်ချင်းက ခေါင်းညိတ်ပြပြီး အေးစက်စက် ပြုံးလိုက်သည်။

"ဒီနေရာမှာ ပျံ့နှံ့နေတဲ့ နတ်ဆိုးချီတွေက ထူထပ်သိပ်သည်းနေတုန်းပဲ... ဗုဒ္ဓဂိုဏ်းရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ မင်း ဒါကို သတိမပြုမိဘဲ မနေသင့်ဘူး"

အပြာရောင်တိမ်တိုက်အရှင်သည် နံဘေးပတ်ဝန်းကျင်ကို အလျှင်အမြန် အာရုံခံကြည့်လိုက်ရာ နတ်ဆိုးစွမ်းအားအများစု ပျံ့လွင့်သွားပြီ ဖြစ်သော်လည်း အကြွင်းအကျန် အစအနများကို တွေ့ရှိရသေးသည်။

"ဒါက... နှင်းနတ်ဆိုးအရှင်ရဲ့ စွမ်းအားပဲ... ကျန်းရွှမ်ချင်း... အနှစ်သာရအမြူတေက မင်းရဲ့လက်ထဲမှာလား"

အပြာရောင်တိမ်တိုက်အရှင်သည် အမှန်တရားကို နားလည်သဘောပေါက်သွားသည့်ပုံစံဖြင့် သူ၏မျက်နှာအမူအယာ နီမြန်းလာသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အရာအားလုံး သိသာရှင်းလင်းသွားလေပြီ။

ကံကြမ္မာကူးပြောင်းနိုင်ခဲ့သည်ဟု သူ တွေးထင်ခဲ့သောအရာသည် တစ်ဖက်လူ၏ လှည့်ကွက်သက်သက်သာ ဖြစ်နိုင်သည်။ သူကိုယ်တိုင်ကမူ ထိုလူ၏လှည့်ကွက်ထဲသို့ ဝင်သွားသော ငတုံးငအတစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်လော...

ဤသည်မှာ အမှန်တကယ်ကို အလွန်ဒေါသထွက်ဖွယ် ကောင်းပေ၏။

ခိုးယူခံရသော အနှစ်သာရအမြူတေအတွက် အမုန်းတရားကို ဘေးဖယ်ထားလျှင် ဗုဒ္ဓ၏ရတနာဖြစ်သော သံသရာအမွေအနှစ်မျှော်စင် ဆုံးရှုံးသွားခဲ့သော ကိစ္စတစ်ခုတည်းကပင် သူ သည်းမခံနိုင်လောက်အောင် ပြင်းထန်သော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။

"သူ့ကို အရင်ဆုံး ဝိုင်းဖမ်းကြတာပေါ့"

အပြာရောင်တိမ်တိုက်အရှင် သတိဝင်လာသည်ကို မြင်လိုက်ရသဖြင့် အိမ်ရှေ့စံမင်းသားယွမ်ချင်းက တင်းမာခက်ထန်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

ရန်သူ၏ရန်သူသည် မိတ်ဆွေသာဖြစ်သည်။

ထျန်းလီအင်ပါယာနှင့်ဗုဒ္ဓဂိုဏ်းအကြားရှိ ဆက်ဆံရေးသည် မည်သို့ပင်ရှိစေကာမူ ထာဝရနှလုံးသားကို ပြန်လည်ရယူခြင်းသည် အရာအားလုံးထက် ပို၍အရေးကြီးသည်။

"ကောင်းပြီလေ"

အပြာရောင်တိမ်တိုက်အရှင်က ခိုင်မာပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

"ဟား ဟား ဟား... မင်းတို့ရဲ့ တုံ့ပြန်မှုက မြန်ဆန်သားပဲ... ဒါပေမယ့် ငါ့အတွက်တော့ ရလိုက်တဲ့အချိန်က လုံလောက်နေပြီ"

တစ်ဖက်လူနှစ်ဦး အတူပူးပေါင်းတော့မည်ကို မြင်လိုက်ရသော်လည်း ကျန်းရွှမ်သည် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

အရာအားလုံးသည် သူ၏တွက်ချက်မှုအတွင်း၌ ရှိနေဆဲပင်။ အစောပိုင်းက သူ ခင်းကျင်းခဲ့သော ထောင်ချောက်သည် ယခုချိန်၌ ပေါက်ကွဲရန် အဆင်သင့် ဖြစ်နေလေပြီ။

"ကောင်းကင်ဘုံသောကကံကြမ္မာ... ဝါးမြိုစမ်း"

သူသည် ဆက်လက်၍ ဖုံးကွယ်မနေတော့ဘဲ သူ၏စိတ်ထဲတွင် အော်ငေါက်လိုက်ရာ "အတ္တကင်းစင်ခြင်း" ကောင်းကင်ကံကြမ္မာအတွင်း၌ ဝှက်ထားသော သောကကြိုးမျှင်များသည် ပွင့်အံ့ထွက်လာသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရာပေါင်းများစွာသော သောကကြိုးမျှင်များကို ထုတ်ဖော်ပြသလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော ဗုဒ္ဓကံကြမ္မာစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပေ၏။

"လောင်ကျွမ်းစမ်း...."

အခွင့်အရေးသည် တစ်ကြိမ်သာ ရရှိမည်ကို သိရှိထားသဖြင့် ကျန်းရွှမ်၏ ဒွာရရှစ်ပေါက်နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်သွားပြီး သူ၏ရင်ဘတ်ထဲရှိ ပဲပုပ်စေ့အရွယ်အစားသာကျန်တော့သော အနှစ်သာရအမြူတေကို လုံးလုံးလျားလျား အရည်ပျော်သွားစေသည်။

အစောပိုင်းက သူသည် နတ်ဆိုးစွမ်းအားများကို ပို၍အသုံးပြုနိုင်ခဲ့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းက သူ့ကို နတ်ဆိုးအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားစေနိုင်သည့် အန္တရာယ်ရှိသည်။

အပြာရောင်တိမ်တိုက်အရှင် သတိမထားမိစေရန် သူသည် ဗုဒ္ဓကံကြမ္မာစွမ်းအား အနည်းငယ်ကို တိတ်တဆိတ် ထုတ်ယူပြီး နတ်ဆိုးချီကို သတိထား၍ ထိန်းညှိခြင်းဖြင့်သာ ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် ထိုစွမ်းအားများကို ပို၍ခိုးယူရန် အတင့်ရဲခဲ့လျှင် သူ့ကို ဖော်ထုတ်မိသွားပေလိမ့်မည်။

ယခုချိန်တွင် သူတို့ကြားရှိ ဆက်ဆံရေး ပျက်စီးသွားခဲ့ပြီဖြစ်ကာ သူ အာရုံလွှဲရန်အတွက် အချိန်အလုံအလောက် ရရှိခဲ့သည်။ သူသည် အကြီးအကဲကျန်းလီ၏ စွမ်းအားနှင့် အားနည်းချက်များကိုလည်း သေချာစွာ တိုင်းတာပြီးဖြစ်သဖြင့် သူ ဟန်ဆောင်နေရန် သို့မဟုတ် ဖုံးကွယ်ထားရန် အကြောင်းပြချက် မရှိတော့ချေ။

ဝုန်း....

ကြီးမားသော နတ်ဆိုးစွမ်းအားလှိုင်းကြီးသည် သူ၏ခန္ဓာကိုယ်ထဲသို့ တလိမ့်လိမ့်ဝင်ရောက်လာပြီး ဗုဒ္ဓကံကြမ္မာစွမ်းအားကို လုံးလုံးလျားလျား ပျက်ပြယ်သွားစေသည်။ ထိုအရာသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျန်းရွှမ်အား ပြိုင်ဘက်ကင်းသော ထူးခြားသည့် စွမ်းအားတစ်ရပ်ကို ပေးအပ်လိုက်၏။

"မင်း..."

တစ်စုံတစ်ယောက်သည် သူ၏ကံကြမ္မာမြစ်မှ စွမ်းအားများကို ချိတ်ဆက်ယူဆောင်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။ အပြာရောင်တိမ်တိုက်အရှင်သည် ဒေါသကြောင့် တုန်လှုပ်သွားပြီး သောကချည်မျှင်များကို ဖြတ်တောက်ရန်အတွက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သို့ရာတွင် ယခုချိန်မှ သူ ရှာဖွေတွေ့ရှိခြင်းသည် အလွန်နောက်ကျသွားခဲ့လေပြီ။ ဗုဒ္ဓနှင့်နတ်ဆိုးစွမ်းအား နှစ်မျိုးလုံးကို ပေါင်းစပ်လိုက်သဖြင့် ကျန်းရွှမ်သည် လင်းကျိုးတောင်ပေါ်တွင် ထိုင်နေသော နတ်ဆိုးဘုရင်တစ်ပါးအလား ဖြစ်နေသည်။ သူသည် အေးစက်ငရဲဓားကို ဆုပ်ကိုင်ပြီး ကျန်းလီထံသို့ဦးတည်၍ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ကောင်းကင်ဘုံသောက ဓားနည်းစနစ်...

ကျန်းရွှမ်သည် ယခင်က ဤဓားနည်းစနစ်ကို အသုံးပြုခဲ့ဖူးသော်လည်း ထျန်းလီအင်ပါယာ၏ မိုးကောင်းကင်တာအိုကို ကျော်လွန်သော ဤအန္တိမနည်းစနစ်ကို ယခုအချိန်အထိ ထုတ်ဖော်အသုံးပြုခဲ့ခြင်း မရှိသေးချေ။ ဗုဒ္ဓနှင့် နတ်ဆိုးစွမ်းအား နှစ်မျိုးလုံးနှင့် ပေါင်းစပ်လိုက်ပြီး ဒွာရရှစ်ပေါက် ထာဝရနှလုံးသားနှင့် တွဲဖက်လိုက်သောအခါ သူ၏စွမ်းအားအပြည့်အဝသည် ချက်ချင်းပွင့်အံ့ထွက်လာပေ၏။

လေဟာနယ်တစ်ခုလုံးသည် စက္ကူတစ်ရွက်အလား စုတ်ပြဲသွားသည်။

အချိန်တိုအတွင်းတွင် ကျန်းရွှမ်၏ စွမ်းအားများ အရူးအမူးမြင့်တက်လာသည့်အတွက် ကြိုတင်ပြင်ဆင်မထားသော ကျန်းလီသည် ထွက်ပြေးရန် မဖြစ်နိုင်သလောက်နီးပါးပင်။ သူသည် ထိုတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် ဆေးမီးဖိုသုံးလုံးကို သူ၏ရှေ့တွင် အလျင်အမြန် ချထားလိုက်ပြီး နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

All Chapters