← Chapters

နိုးထခြင်း

Vol. 1 Ch. 1

နိုးထခြင်း

Vol. 1 Ch. 1

ညအချိန် ကျရောက်လာခဲ့၏။ ကြယ်တာရာတို့မှာလည်း မှေးမှိန်နေကြသည်။

လရောင်အောက်ရှိ၊ မဲမှောင်နေသော တောအုပ်ထဲတွင် ကျန့်ဖုန်း သည် သွေးများစီးကျလျက် လေ

ထက်မြန်စွာ ပြေးလွှားနေသည်။ ပျော့ပျောင်းသော သူ၏ဆံပင်များပင် သွေးနီရောင်သို့ ပြောင်းသွားခဲ့သည်။

သို့သော် သူ၏ ချောမောလှပသော မျက်နှာတွင် မနာခံလိုမှုများ ပြည့်နှက်နေပြီး ကြယ်ကဲ့သို့တောက်ပသော မျက်လုံးများတွင် စိတ်ဓာတ်ခိုင်မာမှုများ ထွန်းလင်းနေသည်။

သူသည် အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်ခန့်သာ ရှိပုံ ပေါ်ပြီး နုနယ်လှပသော မျက်နှာနှင့် သွယ်လျသည့် ကိုယ်ခန္ဓာရှိသည်။ တောက်ပသော ငွေရောင် သူရဲကောင်း သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်နှစ်လက်ကို ဆုပ်ကိုင်ထားသည်။

ကျန့်ဖုန်း၏ ရှေ့တွင် လူငယ်ယောက်ျားနှစ်ဦးနှင့် မိန်းကလေးတစ်ဦး ရှိသည်။ သူတို့က လက်နက်များကိုင်ဆောင်ကာ ထိတ်လန့်တကြား အလျင်အမြန် ထွက်ပြေးနေကြသည်။

"ဝေါင်း..."

ကျန့်ဖုန်း၏ နောက်မှ မိုးခြိမ်းသံကဲ့သို့သော ကျားဟိန်းသံမှာ ပဲ့တင်ထပ်လျက် ရှိသည်။ လေသည် တန်ထိုး တိုက်ခတ်နေကာ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်သည် ကျန့်ဖုန်းတို့အား လိုက်လံဖမ်းဆီးနေသည်။

အပူလှိုင်းတစ်ခု ဖြတ်သန်းသွားချိန်၊ ကျန့်ဖုန်း မတတ်သာဘဲ လှည့်ကြည့်လိုက်သည်။ အဆင့်ငါးအထွတ်အထိပ်ရှိ မှော်သားရဲ အနီရောင်မီးတောက်ကျားသည် ပါးစပ်ဟကာ သူ့အား ကိုက်ဖြတ်ရန် အသင့်ရှိနေပြီ ဖြစ်သည်။

ကျန့်ဖုန်း၏ ကိုယ်ပေါ်တွင် ချွေးအေးများ ထွက်လာသည်။ ကြောက်ရွံ့မှုသည် နှလုံးသားထဲသို့ ပြန့်နှံ့သွားသည်။

နောက်တခဏတွင် ထူထဲချွန်ထက်သော ကျားခြေသည်းကြီးတစ်ခုသည် ရိုက်နှက်လာသည်။ ကျန့်ဖုန်းသည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ကျောရှိ သံချပ်ကာသည် ချက်ချင်းဆိုသလို ကြေမွသွားသည်။ အသားနှင့်သွေးများ လွင့်စင်သွားကာ ကျောရိုးပင်လျှင် ကျိုးပဲ့သွားသည်။

"ဝုန်း..."

ကျန့်ဖုန်း၏ ခန္ဓာကိုယ်သည် တစ်ပတ်လည်ကာ မီတာဆယ်ကျော်မျှ လွင့်ပျံသွားသည်။ သစ်ပင်ကြီးတစ်ပင်၏ပေါ်သို့ အရှိန်ပြင်းစွာကျခဲ့သည်။ ထို့နောက် လှုပ်ရှားမှုမရှိ၊ အသက်ရှူခြင်းမရှိ တစ်စုံတစ်ရာသော လက္ခဏာများမရှိဘဲ အောက်သို့ ပြုတ်ကျလာသည်။

ကျန့်ဖုန်း၏ ရှေ့မှ ထွက်ပြေးနေသော ယောက်ျားနှစ်ဦးနှင့် မိန်းကလေးတစ်ဦးသည် နောက်မှအသံကိုကြားရ၍ ချက်ချင်းပင် လှည့်ကြည့်လိုက်ကြရာ ရက်စက်ကြောက်ရွံ့ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ကြရသည်။

ကျန့်ဖုန်း၏ ခန္ဓာကိုယ်သည် သွေးအိုင်ကြီးထဲတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသည်။ အဆင့်ငါး အနီရောင်မီးတောက်ကျားသည် သူ့အားကိုက်ဖြတ်ရန် ပါးစပ်ဟလိုက်သည်။

"ဒီ အယုတ်တမာ"

မိန်းကလေးသည် အလွန်ဒေါသထွက်သွားသည်။ သူမသည် အပြာရောင် မှော်ဆရာဝတ်စုံကို ဝတ်ဆင်ထားကာ သွယ်လျသော တုတ်တံအားကိုင်ဆောင်ထားသည်။

မိန်းကလေးသည် မန္တန်ကို ဆက်တိုက် ရွတ်ဖတ်ကာ တုတ်တံကို ညင်သာစွာ လှုပ်ခတ်လိုက်သည်။ မရေတွက်နိုင်သော ရေခဲဓားများသည် အနီရောင်မီးတောက်ကျားဆီသို့ တိုးဝင်သွားသည်။

မိန်းကလေးဘေးမှ ယောက်ျားနှစ်ဦးသည် ဤအခြင်းအရာကို မြင်လျှင် ခဏတာတွေဝေသွားကြသည်။ သို့ရာတွင် အဆုံး၌ ရပ်တန့်သွားကြ၏။

သူတို့သည် လေးလံသော သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ တစ်ဦးသည် ပုဆိန်နှစ်လက်ကို ကိုင်ထားပြီး ကျန်တစ်ဦးသည် ဒိုင်းကာကို သယ်ဆောင်ထားသည်။ ထို့နောက် စတင်တိုက်ခိုက်ကြသည်။

ဤအချိန်အတွင်း သွေးအိုင်ထဲတွင် လဲလျောင်းနေသော ကျန့်ဖုန်းသည် သူ၏အသိစိတ်က နက်ရှိုင်းသော သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားသည် ခံစားရသည်။ သူသည် ထာဝရပျောက်ကွယ်တော့မည် ခံစားလိုက်ရချိန်တွင် အသံတစ်ခုသည် သူ၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။

"တင်းတောင်၊ စနစ်တပ်ဆင်ခြင်း အောင်မြင်စွာ ပြီးမြောက်ပါပြီ၊ ယခင်ဘဝ မှတ်ဉာဏ်များ ပေါင်းစည်းခြင်း ပြီးမြောက်ပါပြီ၊ မင်္ဂလာပါ host၊ ငါက မင်းရဲ့ စနစ်ပါ"

"စနစ်?"

ကျန့်ဖုန်းသည် သူ၏ စိတ်ထဲသို့ မရင်းနှီးသည့်မှတ်ဉာဏ်များစွာ ရုတ်တရက်စီးဝင်လာသည် ခံစားရသည်။ သူ တစ်စုံတစ်ရာကို သတိရနေသကဲ့သို့ပင်။

ကျန့်ဖုန်းသည် မူလက အပြာရောင်ကြယ်မှ လူငယ်တစ်ဦးဖြစ်သည်။ မတော်တဆ နတ်ဘုရားချိတ်ပိတ်ပုလ္လင် ကမ္ဘာသို့ ရောက်ရှိသွားသည်။

နှစ်များကြာပြီးနောက် ယနေ့ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသော အခြေအနေတွင် ကျန့်ဖုန်းသည် မျှော်လင့်မထားဘဲ စနစ်တစ်ခုနှင့် ချိတ်ဆက်မိပြီး သူ၏ ယခင်ဘဝ မှတ်ဉာဏ်များ နိုးထလာသည်။

နတ်ဘုရားချိတ်ပိတ်ပုလ္လင်... (ရှန့်ယင်းဝမ်ကျိုး)

ဤစကားလုံးလေးလုံးသည် ကျန့်ဖုန်းအား လူသားများနှင့် မကောင်းဆိုးဝါးတို့ကြား နှစ်ပေါင်းခြောက်ထောင်ကြာ ရုန်းကန်မှု၊ စိတ်လှုပ်ရှားဖွယ်နှင့် စိတ်အားထက်သန်ဖွယ်ရာ ဇာတ်လမ်းများစွာကို သတိရစေသည်။

"တင်းတောင်၊ ဒီစနစ်ကို 'အပြင်းထန်ဆုံး သူရဲကောင်း တိုက်ခိုက်ရေး စနစ်' အမည်ပေးထားပါတယ်၊ ဒါရဲ့ ရည်ရွယ်ချက်ကတော့ hostကို အပြင်းထန်ဆုံး သူရဲကောင်းအဖြစ် လေ့ကျင့်ပျိုးထောင်ပေးဖို့ပါပဲ..."

စနစ်၏ ရှင်းလင်းချက်အောက်တွင် ကျန့်ဖုန်းသည် ၎င်း၏ လုပ်ဆောင်ချက်အမျိုးမျိုးကို တဖြည်းဖြည်း နားလည်လာသည်။

ကျန့်ဖုန်း၏ တိုက်ပွဲတစ်ခုစီအပြီးတွင် စနစ်သည် တိုက်ခိုက်မှု အကဲဖြတ်ချက်ကို ပြုလုပ်မည်ဖြစ်သည်။ တိုက်ခိုက်မှု ဆုလာဘ်များကို ရှင်းလင်းမည်ဖြစ်သည်။ သူသည် သင့်တော်သော စနစ်ဒင်္ဂါး ပမာဏကို ရရှိမည်ဖြစ်သည်။ စနစ်ဒင်္ဂါးကို ဈေးဆိုင်တွင် ပစ္စည်းများ ဝယ်ယူရန်၊ ကျွမ်းကျင်မှုများ သင်ယူရန်၊ ကျွမ်းကျင်မှုများ အဆင့်မြှင့်တင်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် စနစ်၏ ရှာဖွေစုံစမ်းရေး လုပ်ဆောင်ချက် အသုံးပြုရန်လည်း စနစ်ဒင်္ဂါး လိုအပ်မည်ဖြစ်သည်။

စနစ်ကို စနစ်ဈေးဆိုင် (မစတင်ရသေး) နှင့် ကိုယ်ရေးကိုယ်တာ panel ဟူ၍ နှစ်ပိုင်းခွဲထားသည်။

"စနစ်၊ ကိုယ်ရေးကိုယ်တာ panel ကို ဖွင့်ပေးပါ"

"တင်းတောင်၊ ကိုယ်ရေးကိုယ်တာ panel ကို ဖွင့်လိုက်ပါပြီ

host- ကျန့်ဖုန်း

အသက်- ဆယ့်သုံးနှစ်

မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား- ရှစ်ဆယ်

အလုပ်အကိုင်- အဆင့်သုံး၊ ဒုတိယအဆင့် သူရဲကောင်း

ဝိညာဉ်စွမ်းအား ညွှန်းကိန်း- ၂၃၅ (အတွင်းဝိညာဉ်စွမ်းအား), ၂၀၀ (ပြင်ပဝိဉာဉ်စွမ်းအား)

ကျွမ်းကျင်မှုများ- စင်ကြယ်သောဓားသွား (အဆင့် ၂), ကြက်ခြေခတ်ဓားချက် (အဆင့် ၂), စွမ်းအားဒိုင်း (အဆင့် ၃), အလင်းဓားခုတ်ချက် (အဆင့် ၃), တက်မြောက်ရာမြေပြင် (အဆင့် ၃), နေအလင်းဓားချက် (အဆင့် ၄), မြင့်မြတ်သောအလင်းဒိုင်း (အဆင့် ၄)

ဝိညာဉ်မီးဖို- မရှိ

အထူးရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်- နတ်ဘုရားကောင်းချီးခန္ဓာကိုယ်”

ကျန့်ဖုန်းသည် သူ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လျင်မြန်စွာ စစ်ဆေးကြည့်ရှုလိုက်သည်။ သူသည် အသက်ဆယ့်သုံးနှစ်ရှိ အဆင့်သုံး၊ ဒုတိယအဆင့် သူရဲကောင်းတစ်ဦးဖြစ်သည်။ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားမှာ ရှစ်ဆယ်အထိ မြင့်မား၍ နတ်ဘုရားကောင်းချီးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

သူ၏ လေ့ကျင့်ရေးပါရမီသည် ကံကြမ္မာသားတော် လုံဟောက်ချန်နှင့် ယှဉ်၍မရနိုင်သော်လည်း လက်ရှိ သူရဲကောင်းဘုရားကျောင်းရှိ မျိုးဆက်သစ်လူငယ်များအနက် သူ့ထက်ပိုမိုမြင့်မားသော မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား ပိုင်ဆိုင်သူမရှိပင် ဆိုနိုင်သည်။

ဤအစသည် ကျန့်ဖုန်းအား အလွန်ကျေနပ်မှုပေးသော်လည်း ယခုအခါ၌မူ သူသည် သွေးအိုင်ထဲတွင် အရိုးများကျိုးပဲ့လျက် လဲလျောင်းနေရသဖြင့် အချိန်အကြာကြီး စဉ်းစားရန် မဖြစ်နိုင်တော့ပေ။

"စနစ်၊ လူသစ်လက်ဆောင် တစ်ခုခု ရှိလား"

ကျန့်ဖုန်းက မေးသည်။

"လူသစ်လက်ဆောင် ထုတ်ပေးခြင်း ပြီးမြောက်ပါပြီ၊ host လူသစ်လက်ဆောင်ကို ဖွင့်လိုပါသလား”

"ဖွင့်လိုက်”

"ဂုဏ်ယူပါတယ် host၊ သင် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် - မချိုးဖျက်နိုင်သောခန္ဓာ အဆင့်၁ (မစတင်ရသေးပါ) ကို ရရှိပါပြီ”

မချိုးဖျက်နိုင်သောခန္ဓာ အဆင့်၁- အကျိုးသက်ရောက်မှု တစ်၊ ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအာကို မပြတ်စုဆောင်းကာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မွမ်းမံပေးပြီး ပြင်ပဝိဉာဉ်စွမ်းအားကို မြှင့်တင်ပေးသည်။ အမြင့်ဆုံးအဆင့် ၃၀၀၀ အထိ ရောက်ရှိနိုင်သည်။

အကျိုးသက်ရောက်မှု နှစ်၊ မြန်ဆန်သော မိမိဘာသာ ပြန်လည်ကုစားနိုင်သော အစွမ်းရှိသည်။ ခန္ဓာကိုယ် ရှိနေသမျှ ကာလပတ်လုံး ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို အမြန်ဆုံးနှုန်းဖြင့် ပြန်လည်ကောင်းမွန်စေသည်။

"မချိုးဖျက်နိုင်သောခန္ဓာ!"

ကျန့်ဖုန်းသည် အချက်အလက်ကို စစ်ဆေးကြည့်ပြီး ချက်ချင်းပင် ဝမ်းသာစွာဖြင့် အော်လိုက်သည်။ စနစ်သည် အမှန်စင်စစ် အစွမ်းထက်၏။ အစမှာပင် hostအား ဤမျှကြီးမားသော အံ့အားသင့်ဖွယ်ရာကို ပေးအပ်လိုက်သည်။

ဤအရာသည် ကျန့်ဖုန်းကို ခံစစ်သမားလမ်းစပေါ်သို့ တင်ပေးလိုက်သကဲ့သို့ပင်ဖြစ်သည်။ နောင်တစ်နေ့၌ မချိုးဖျက်နိုင်သောခန္ဓာဖြင့် ကျန့်ဖုန်းသည် မကောင်းဆိုးဝါးစစ်မြေပြင်ထဲသို့ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်စရာမလိုဘဲ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ရန်မှာ မည်မျှအံ့ဩဖွယ်ရာဇာတ်လမ်းဖြစ်လာမည်ကို မြင်ယောင်ကြည့်ရန် ခဲယဉ်း၏။

ရှေးအခါက လူသားပညာရှင်များသည် မှော်သားရဲများနှင့် မကောင်းဆိုးဝါးများနှင့် နှိုင်းယှဉ်လျှင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားတွင် အဆင့်နိမ့်ကျနေ၏။ ဆိုလိုသည်မှာ ပြင်ပဝိဉာဉ်စွမ်းအားတိုးပွားမှုသည် အတွင်းဝိညာဉ်စွမ်းအာနှင့် နှိုင်းယှဉ်၍မရအောင် မမျှတပေ။

လူသားပညာရှင်များအနက် သူရဲကောင်းများနှင့် စစ်သည်တော်များသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအား အမြင့်ဆုံးကို ပိုင်ဆိုင်ထား၏။ လုပ်ကြံသတ်ဖြတ်သူများက ဒုတိယနေရာတွင် ရပ်တည်၏။ မှော်ဆရာများ၊ ဆင့်ခေါ်သူများနှင့် ဘုန်းတော်ကြီးများမှာမူ အားနည်းလှ၏။

ထို့ကြောင့် စစ်မြေပြင်ပေါ်တွင် မှော်ဆရာတစ်ဦးသည် မကောင်းဆိုးဝါး၏ အနီးကပ်တိုက်ခိုက်မှုကို ခံရလျှင် အသက်ရှင်ကျန်ရစ်ရန် ခဲယဉ်း၏။

လူသားပညာရှင်များသည် တူညီသောနယ်ပယ်မှ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ရာတွင် ထူးချွန်သော လက်နက်ကိရိယာများကို အားထားရ၏။ သို့ရာတွင် ကျန့်ဖုန်းသည် မချိုးဖျက်နိုင်သောခန္ဓာဖြင့် သံချပ်ကာ၏ ခုခံကာကွယ်မှုစွမ်းအားအပေါ် မှီခိုမှုကို ကြီးမားစွာ လျှော့ချနိုင်မည်ဖြစ်သည်။

အကြောင်းမှာ မချိုးဖျက်နိုင်သောခန္ဓာက ပြင်ပဝိဉာဉ်စွမ်းအာကို ဆက်တိုက်တိုးမြှင့်ပေးခြင်းသည် ကျန့်ဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားကို သံချပ်ကာနှင့် နှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိစေမည်ဖြစ်သည်။

စနစ်၏ လုပ်ဆောင်ချက်အားလုံးကို အခြေခံအားဖြင့် နားလည်သွားပြီးနောက် ကျန့်ဖုန်းသည် ပြန်လည်နိုးထရန် အလွန်တောင့်တလာ၏။ အကြောင်းမှာ သူ၏ အဖော်များသည် ဆက်လက်တိုက်ခိုက်နေသေးသောကြောင့် ဖြစ်သည်။

ကျန့်ဖုန်းသိသလောက်ဆိုပါက ထိုသုံးဦး၏ စွမ်းအားဖြင့် အဆင့်ငါးအထွတ်အထိပ်ရှိ အနီရောင်မီးတောက်ကျားနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

မလွတ်မြောက်နိုင်တော့ပါက သူတို့သည် အမှန်တကယ် သေဆုံးသွားနိုင်သည်။

"တင်းတောင်၊ host၏ အသက်ရှင်မှုလက္ခဏာကို ပျောက်ဆုံးနေသည်ကို ထောက်လှမ်းမိသည်။ hostအတွက် မချိုးဖျက်နိုင်သောခန္ဓာကို စတင်အသက်သွင်းသည်။ အသက်သွင်းခြင်း အောင်မြင်သည်။ ဂုဏ်ယူပါတယ် host။ ပြင်ပဝိဉာဉ်စွမ်းအား နှစ်ထောင်အထိ တိုးမြင့်သွားပါပြီ”

ကျန့်ဖုန်း၏ အသိစိတ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွား၏။ သူသည် သူ့အတွင်း၌ ရုတ်တရက် နွေးထွေးပြီး ကြီးမားသော စွမ်းအားတစ်ခု စီးဝင်လာသည်ကို ခံစားရသည်။ နောက်ကျောပေါ်ရှိ ထိတ်လန့်ဖွယ် ဒဏ်ရာများသည် မြင်နိုင်သော နှုန်းထားဖြင့် ပြန်လည်ကောင်းမွန်လာ၏။ သူ၏ အသားနှင့်သွေး ဆဲလ်တိုင်းသည် အားဖြည့်ခံရသကဲ့သို့ ခံစားရ၏။

"တင်းတောင်၊ မချိုးဖျက်နိုင်သောခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နေသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း အောင်မြင်သည်။ ကျေးဇူးပြုပြီး တိုက်ပွဲကို စတင်ပါ”

All Chapters