ကျန့်ဖုန်းသည် နတ်ဘုရားချိပ်ပိတ်ကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီး မူလအစကတည်းက မချိုးဖျက်နိုင်သောခန္ဓာကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုကြောင့် သူသည် အရာအားလုံးတွင် အစွမ်းကုန် ကြိုးစားလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ လူသားတွေရဲ့ ခန္ဓာကိုယ်က နတ်ဆိုးတွေထက် အားနည်းတယ်လို့ ဘယ်သူပြောလဲ၊ ငါ့ရဲ့ မချိုးဖျက်နိုင်တဲ့ ခန္ဓာက ဖျက်ဆီးလို့ မရအောင်ကို သန်မာတယ်။ လုံဟောက်ချန်က မဟာမိတ်သမိုင်းမှာ သူမတူတဲ့ အလင်းသားတော် ဖြစ်တယ်ဆိုရင်၊ စိတ်မရှိပါနဲ့ ငါလည်း အတူတူပဲ။ မြင့်မြတ်ဝိညာဉ်မီးဖို မရှိရင်တောင်မှ ငါလည်း ဆွဲဆောင်ခြင်း ဆိုတဲ့ ကျွမ်းကျင်မှုကို သင်ယူနိင်ပြီး ဒါကို ရန်သူတွေရဲ့ ဒေါသအကုန် ငါ့ဆီ ပုံကျလာအောင် အတင်းအကျပ် ဆွဲဆောင်နိုင်သေးတယ်။ ခေါင်းကိုးလုံးနဂါးက အရမ်းသန်မာတယ်ဆိုလား၊ ငါက နဂါးဥ တစ်လုံးကောက်ရပြီး အဲဒီထဲကနေ နဂါးဘုရင်တစ်ကောင် ရတယ်ကွ။

