← Chapters

တူလေး ယန်

Vol. 3 Ch. 23

တူလေး ယန်

Vol. 3 Ch. 23

"နံပါတ်တစ်က ဒုတိယပွဲစဉ်ကို အနိုင်ရရှိသည်။"

ကျန့်ဖုန်းသည် သွမ့်ယီ ကို ထူပေးလျက် ပြိုင်ပွဲဝင် နေရာရှိ ပထမဆုံးတန်းသို့ သွားပြီးထိုင်လိုက်သည်။

သွမ့်ယီ သည် အတော်ကြာကြာ ငြိမ်သက်နေပြီးမှ ခါးသက်သက်ဖြင့် ပြောလိုက်သည်။

"ကျန့်ဖုန်း၊ မင်းက အရမ်းကို ပြင်းထန်တယ်။ မင်းကို ရှုံးနိမ့်မှုကို ငါ စိတ်ထဲမှ လက်ခံလိုက်ပါပြီ။"

ဤပြိုင်ပွဲတွင် အဆင့်ငါးရှိသော သူရဲကောင်းငါးဦးရှိသည်။ တတိယအချီတွင် ထုတ်ပယ်ခံခဲ့ရသော ဟန်ယွီမှလွဲ၍ သွမ့်ယီ သည် ရှုံးနိမ့်မှုအရသာကို ခံစားရသော ဒုတိယမြောက် အဆင့်ငါး သူရဲကောင်းဖြစ်သည်။

"မင်းလည်း အားနည်းတာမဟုတ်ပါဘူး၊ ငါ့လက်နက်ကိုတောင် ပျက်စီးအောင် လုပ်နိုင်ခဲ့တယ်။"

ကျန့်ဖုန်းက အနည်းငယ်ပြုံးရင်းပြောသည်။

"ဖိုင်နယ်အတွက် မျှော်လင့်နေပါတယ်။"

"အိုကေ၊ ဖိုင်နယ်မှာ ကျွန်တော်ဟာ အခုထက်ပိုပြီး အားကောင်းလာမှာပါ"

သွမ့်ယီ က စိတ်ဓာတ်ခိုင်မာစွာဖြင့် ပြောကာ ရှုံးနိမ့်ခြင်း၏ခါးသက်မှုမှ မြန်စွာလွတ်မြောက်သွားသည်။

ကျန့်ဖုန်းက သူ့ပခုံးကို ပုတ်ပေးရင်း ပြန်ပြောသည်။

"ဆက်လက်ကြိုးစားကြစို့"

ကျန့်ဖုန်းသည် မူလက "သူရဲကောင်းများ၏ဂုဏ်သတင်းအတွက် အပြန်အလှန်အားပေးကြစို့" ပြောလိုသော်လည်း၊ နောက်ဆုံးတွင် စိတ်လှုပ်ရှားလွန်းပြီး အနည်းငယ်ရှက်ဖွယ်ရာဖြစ်နေသည်ဟု ခံစားရသဖြင့် မပြောတော့ပေ။

သွမ့်ယီ က ခေါင်းညိမ့်လိုက်ပြီး ပြောသည်။

"ကျွန်တော် အခု ပြန်တော့မယ် ညီအစ်ကို ကျန်း "

ကျန့်ဖုန်းက ခေါင်းညိမ့်သဘောတူသည်။

သွမ့်ယီ ထွက်ခွာသွားပြီးနောက် ယန်ဝမ်ကျောက်က ပြောသည်။

"ညီအစ်ကို ကျန်း၏ စွမ်းရည်က အံ့ဩစရာပါပဲ”

"မင်းလည်း အားနည်းတာမဟုတ်ပါဘူး၊ နှိမ့်ချစရာမလိုဘူး။"

ကျန့်ဖုန်းက ပြုံးရင်းပြောသည်။

"ညီအစ်ကို ကျန်းက ဘယ်ကလဲ၊ ဆရာကရော ဘယ်သူလဲ ဆိုတာလေး သိခွင့်ရှိမလား။ ညီအစ်ကို ကျန်းလို စွမ်းရည်ပြည့်ဝတဲ့ သူရဲကောင်းကို သင်ကြားပေးနိုင်တဲ့ ဆရာက ကြီးမြတ်တဲ့ သူရဲကောင်းတစ်ဦးဖြစ်မှာပဲ"

ယန်ဝမ်ကျောက်က အတန်ငယ်စူးစမ်းချင်စိတ်ဖြင့် ပြောသော်လည်း နောက်ဆုံးတွင် သူ၏အကန့်အသတ်ကို သိလိုက်သည်။

"ပြောရခက်ရင် မပြောပါနဲ့"

"မင်း ငါ့ဆရာအမည်ကို မကြားဖူးလောက်ဘူး။ သူက ကျော်ကြားတယ်လို့ မထင်ဘူး"

ကျန့်ဖုန်းက သူ့ကိုကြည့်ပြီး အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

ဒါက မင်းကိုယ်တိုင်မေးနေတာနော်၊ နောက်မှ အပြစ်မတင်နဲ့။

"ငါ့ဆရာရဲ့နာမည်က ယန်ဟောက်ယွီ"

ကျန့်ဖုန်းက ပြောလိုက်သည်။

"ယန်ဟောက်ယွီ"

ယန်ဝမ်ကျောက်က အမည်ကိုအသံထွက်ဖတ်ကာ ချက်ချင်း သူ၏မျက်နှာအရောင်ပြောင်းသွားပြီး သူ၏မျက်ဆန်များ ကျုံ့ဝင်လာကာ အော်ဟစ်လိုက်သည်။

“ဘာ။ မင်းက ငါ့အဘေးရဲ့ တပည့်လား"

ကျန့်ဖုန်းက ရယ်မောချင်စိတ်ကို ချုပ်တည်းကာ မသိဟန်ဆောင်ပြီး မေးလိုက်သည်။

“ဘယ် အဘေးလဲ”

ယန်ဝမ်ကျောက်၏မျက်နှာသည် ရုတ်တရက် အလွန်ထူးဆန်းသွားသည်။ သူသည် ကျန့်ဖုန်းကို ဂရုတစိုက်ကြည့်ရှုပြီး နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလိုက်သည်။

"ကျွန်တော့်အဖိုးက ယန်‌ဟောက်ဟန်၊ လက်ရှိမဟာမိတ်အကြီးအကဲ၊ သူရဲကောင်းဘုရားကျောင်းခန်းမသခင်၊ ကာကွယ်ရေးနှင့် ညှိနှိုင်းရေးနတ်ဘုရားလေ။ ယန်ဟောက်ယွီ ဆိုတာက ကျွန်တော့်အဘေး"

ထိုစကားကိုကြားလိုက်ရသော ကျန့်ဖုန်းသည် အံ့အားသင့်သောဟန်ဖြင့် ယန်ဝမ်ကျောက်ကိုကြည့်ကာ ပြောလိုက်သည်။

"ဒါဆို ငါက မင်းရဲ့ ဆရာဦးလေးဆိုတဲ့ သဘောပေါ့"

"ဆရာဦးလေး..."

ယန်ဝမ်ကျောက်သည် စကားမပြောနိုင်တော့ဘဲ စိတ်ထဲတွင် တွေးမိသည်။

"ငါ့ထက် အသက်ငယ်တဲ့ ဒီလူငယ်လေးက ငါ့ရဲ့ဆရာဦးလေးဖြစ်နေပြီလား။ ဒါက ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ"

ကိုယ့်ကိုယ်ကိုယ် မေးခွန်းမမေးမိဖို့တော့ သတိရှိရမယ်။

ချီးပဲ...

ဒီလိုမျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။

တိုက်ရမလား မတိုက်ရမလား။

တိုက်မယ်ဆိုရင် ဆရာကိုပုန်ကန်ရာရောက်မှာစိုးရိမ်တယ်၊ မတိုက်ရင် ရှုံးနိမ့်ရာရောက်မှာပါ။

"ဟေ့၊ ငါမင်းကိုစတွေ့ကတည်းက ရင်းနှီးနေသလို ခံစားလိုက်နေရတာတ၊ ကြည့်ရတာ ငါတို့နှစ်ယောက် ဆွေမျိုးတော်စပ်နေတာနဲ့တူတယ်"

ကျန့်ဖုန်းက ဝမ်းသာစရာတစ်ခုကိုရှာတွေ့သလိုပြောသည်။

ယန်ဝမ်ကျောက်က စကားမပီမသဖြင့် လုံးဝမယုံကြည်နိုင်ဟန်ဖြင့်ပြောသည်။

“မဖြစ်နိုင်ဘူး။ အဘေးက အနှစ်လေးဆယ်နီးပါး တရားအားထုတ်နေတာ။ မင်းက သူ့ရဲ့တပည့်ဘယ်လိုဖြစ်နိုင်မလဲ"

ဒီအချိန်ထိ သူဒီအချက်ကို လက်မခံနိုင်သေးပေ။

"တူလေး ယန်၊ မင်းမေးတဲ့မေးခွန်းကို ငါမဖြေနိုင်ဘူး။ ဆရာ့ကို မတွေ့တာဖြင့် ခြောက်လတောင်ရှိပြီ၊ ဘယ်လိုလုပ် သက်သေက ရှိမှာလဲ"

ကျန့်ဖုန်းက အေးဆေးစွာပြောကာ သူ့ကို တိုက်ရိုက်ပင် "တူလေး ယန်"ဟု ခေါ်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေမပြောစမ်းပါနဲ့။ မင်း သက်သေအရင်ပြ"

ယန်ဝမ်ကျောက်က စိတ်ရှုပ်သွားသည်။

သူဟာ အကြောင်းမဲ့ သူ့ထက်ငယ်တဲ့ ဆရာဦးလေးတစ်ယောက် ရှိလာမှာကို မလိုချင်ပါဘူး။

ကျန့်ဖုန်းက အနည်းငယ်ပြုံးပြီး တိတ်ဆိတ်စွာထိုင်ကာ ပြိုင်ပွဲကိုကြည့်နေသည်။ ဒီအချက်အလက်ဟာ အလွန်ထူးဆန်းလွန်းလှသည်၊ ယန်ဝမ်ကျောက်ကို အချိန်ခဏပေးရမည် ဖြစ်သည်။

နောက်ထပ်ပွဲစဉ်နှစ်ပွဲရှိသေးသည်၊ တစ်ပွဲမှာ အဆင့်ငါးနှင့် အဆင့်လေးတိုက်ခိုက်ခြင်းဖြစ်ပြီး နောက်တစ်ပွဲမှာ အဆင့်လေးနှစ်ဦးတိုက်ခိုက်ခြင်းဖြစ်သည်။

အထူးအံ့အားသင့်စရာမရှိပဲ၊ အဆင့်ငါးသူရဲကောင်းသည် အဆင့်လေးသူရဲကောင်းကို လွယ်ကူစွာနှင့် အနိုင်ရလိုက်သည်။ အဆင့်လေးသူရဲကောင်းနှစ်ဦးတိုက်ခိုက်သည့်ပွဲ၏လေထုသည်လည်း အတန်အသင့်ပြေလျော့နေသည်။ ဖိုင်နယ်သို့ရောက်ပြီဖြစ်၍ အဆင့်သတ်မှတ်ခြင်းအတွက် မိမိကိုယ်ကိုအားစိုက်ရန် မလိုတော့ပေ၊ ဒဏ်ရာရရှိပါက ပိုဆုံးရှုံးမည်ဖြစ်သည်။

ယနေ့ပြိုင်ပွဲတွင် နောက်ဆုံးလေးဦးကို ဆုံးဖြတ်ပြီးဖြစ်ကာ မနက်ဖြန်တွင် ကနဦးအဆင့် ရှုံးထွက်ပွဲစဉ်များ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲပြီးဆုံးသွားသောအခါ ယန်ဝမ်ကျောက်သည် ထွက်ခွာရန် ထလိုက်သည်။

"ညီအစ်ကို ကျန်း..." ယန်ဝမ်ကျောက်က စတင်ပြောသည်။

"ဆရာဦးလေးလို့ခေါ်ပါ" ကျန့်ဖုန်းက အေးဆေးစွာပြောသည်။

"ပြန်တော့မယ်၊ ညီအစ်ကို ကျန်း"

ယန်ဝမ်ကျောက်က မြန်မြန်ဆန်ဆန် နှုတ်ဆက်ပြီး ထလိုက်ကာ မြန်မြန်ထွက်သွားသည်။

သူဟာ ဆရာဦးလေးတစ်ယောက်ရလာတဲ့အချက်ကို လက်မခံနိုင်သေးပါဘူး၊ ဒါကြောင့် သူ့အဖိုးဆီသွားပြီး အတည်ပြုရပေမည်။

တကယ်လို့ အဘေးတွင် တပည့် အသစ်တစ်ယောက် ရှိမည် ဆိုပါက သူ့ အဖိုးက သေချာပေါက် သိရမည်ပင်။

ကျန့်ဖုန်းသည် ယန်ဝမ်ကျောက် စိတ်ရှုပ်ထွေးကာ ထွက်ပြေးသွားသည်ကိုမြင်တော့ အနည်းငယ်ပြုံးလိုက်သည်။ သူသည် ဂရုမစိုက်ဘဲ ဘေးမှနဂါးလေးကို ကောက်ယူကာ ထွက်ခွာသွားသည်။

"ဒီညတော့ မင်းကို ဆရာဦးလေးလို့ စိတ်ထဲကနေပြီး ခေါ်ခိုင်းမယ်"

ကျန့်ဖုန်းက ရယ်မောလိုက်သည်။

ကျန့်ဖုန်းသည် နဂါးလေးနှင့်အတူ ဟိုတယ်သို့ပြန်ရောက်ပြီး ကျေနပ်ဖွယ်ရာညစာစားကာ အခန်းထဲသို့ပြန်ဝင်ပြီး လေ့ကျင့်မှုစတင်သည်။

"ဘာလဲ။ မင်း ဆင့်ကဲပြောင်းလဲတော့မှာလား။ ဒီလောက်တောင် မြန်တယ်လား"

ကျန့်ဖုန်းသည် သူ့ရင်ခွင်ထဲက နဂါးလေးကို အံ့အားသင့်စွာကြည့်ကာ ပြောလိုက်သည်။ အကောင်ပေါက်ပြီး ဆယ်ရက်ပင် မပြည့်သေးပေ၊ ယခုပင် ဆင့်ကဲပြောင်းလဲမှုစတင်တော့မည်လား။

"ဝူးဝူး"

နဂါးလေးသည် သိသိသာသာ စိတ်လှုပ်ရှားနေပြီး ၎င်း၏အသံတွင် ပျော်ရွှင်မှုအရိပ်အယောင်ကိုပင် ကြားနိုင်သည်။

"ကောင်းပြီ၊ ဆင့်ကဲပြောင်းလဲမှုကို အာရုံစိုက်ပါ။ ဒီမှော်ပုံဆောင်ခဲတွေအားလုံး မင်းအတွက်ပဲ။ လိုအပ်ရင် ငါက ထပ်ရှာပေးမယ်"

ကျန့်ဖုန်းကလည်း ကျေနပ်နေသည်။

နဂါးလေးသည် မွေးဖွားစတွင် အဆင့်ငါးမှော်သားရဲဖြစ်ပြီး ယခုစတင်ဆင့်ကဲပြောင်းလဲနေသည်။ ဆင့်ကဲပြောင်းလဲပြီးနောက် မည်သည့်အဆင့်သို့ရောက်မည်ကို မသိရသေးပေ။

သို့သော် ရိုးရိုးတိုးတက်မှုမျိုးမဟုတ်နိုင်ပါ။ နဂါးလေးသည် ဤကာလအတွင်း စားသုံးခဲ့သော မှော်ပုံဆောင်ခဲများသည် မိမိ၏အဆင့်ထက် တစ်ဆင့်မြင့်သော မှော်ပုံဆောင်ခဲများဖြစ်ကြောင်း နားလည်ရမည်။ ထိုကဲ့သို့သော ကြီးမားသည့် ဝိညာဉ်စွမ်းအားကို သာမန်အဆင့်တူ မှော်သားရဲများ စုပ်ယူ၍မရနိုင်ပေ။

နဂါးလေးသည် ဆက်တိုက် ဆယ်လုံးနီးပါး စားသုံးခဲ့သည်၊ ထို့ကြောင့် ဤဆင့်ကဲပြောင်းလဲမှုသည် ရိုးရိုးရှင်းရှင်းမဟုတ်နိုင်ပါ။

ကျန့်ဖုန်းသည် နဂါးလေးကို အိပ်ရာပေါ်တွင်ထားကာ ကျန်ရှိသော အဆင့်ခြောက် ရွှေရောင်ဓားနှစ်လက်နတ်ဆိုးပုံဆောင်ခဲတစ်လုံးနှင့် အဆင့်ငါးပုံဆောင်ခဲလေးလုံးကို နဂါးလေးပတ်လည်တွင် ထားရှိလိုက်သည်။ ဆင့်ကဲပြောင်းလဲမှုအတွက် လိုအပ်သော ဝိညာဉ်စွမ်းအားကို ထောက်ပံ့ရန်ဖြစ်သည်။

နဂါးလေးသည် စိတ်လှုပ်ရှားစွာဖြင့် အဆင့်ငါးပုံဆောင်ခဲတစ်လုံးကို မျိုချလိုက်ပြီး ကွေးညွှတ်ကာ မျက်လုံးများကိုဖြည်းညှင်းစွာပိတ်လိုက်ကာ နက်ရှိုင်းစွာအိပ်ပျော်သွားသည်။

ကျန့်ဖုန်းသည် ခဏကြည့်ပြီးနောက် နားမလည်နိုင်သဖြင့် ခြေချင်းချိတ်ထိုင်ကာ လေ့ကျင့်မှုစတင်လိုက်သည်။

ညနေခင်း မှောင်သွားသောအခါ ယန်ဝမ်ကျောက်သည် မြင့်မြတ်မြို့တော် မဟာမိတ်အစိုးရအဆောက်အဦမှ ထွက်လာပြီး မျက်နှာတွင် အံ့အားသင့်မှုများနှင့် ပြည့်နေကာ နောက်ဆုံးတွင် လက်ခံလိုက်သည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ယန်‌ဟောက်ဟန်၏စကားမှတစ်ဆင့် ကျန့်ဖုန်းသည် သူ၏ဆရာဦးလေးအမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

ဟေ့၊ ငါဘယ်လိုရင်ဆိုင်ရမလဲ။

ယန်ဝမ်ကျောက်သည် အလွန်ပူပန်သောကရောက်နေသဖြင့် ဆက်မတွေးတော့ဘဲ တိုက်ရိုက်သူ၏အခန်းထဲသို့ပြန်သွားသည်။

သူ၏အခန်းသည် ကျန့်ဖုန်း၏အခန်းနှင့် မဝေးလှပေ၊ တစ်ခုက တတိယထပ်တွင်ရှိပြီး အခြားတစ်ခုက စတုတ္ထထပ်တွင်ရှိသည်။

အခန်းထဲသို့ပြန်ရောက်သောအခါ သူသည် ယနေ့တိုက်ပွဲကို ပြန်လည်သုံးသပ်မှု စတင်သည်။ ဤသည်မှာ သူ၏အလေ့အထဖြစ်ပြီး ၎င်းသည် သူ၏တိုက်ခိုက်မှုသိမြင်မှုကို မြှင့်တင်ရန်နှင့် ပိုမိုအားကောင်းလာရန် ကူညီပေးသည်။

နောက်ဆုံးတွင် ယန်ဝမ်ကျောက်က ကောက်ချက်ချလိုက်သည်။

"မြင့်မြတ်အစောင့်အရှောက်မီးဖိုလား။ ငါ့ရဲ့ ကြယ်တာရာပင်လယ်မီးဖိုနဲ့ယှဉ်ရင် ကွာဟမှုအတော်လေးကြီးသေးတယ်"

"ကွာဟမှုလား"

ရုတ်တရက် အေးစက်သောစကားနှစ်ခွန်းသည် သူ၏အခန်းထဲတွင် မြည်လာသည်။

All Chapters