← Chapters

နဂါးပေါက်လေး အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားပြီ

Vol. 4 Ch. 34

နဂါးပေါက်လေး အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားပြီ

Vol. 4 Ch. 34

ရုတ်တရက် ဟိုတယ်အခန်းအတွင်း၌ လှိုင်းတံပိုးများ ပေါ်ပေါက်လာပြီး ကျန့်ဖုန်း၏ ပုံရိပ်ပေါ်လွင်လာသည်။

သူ သူရဲကောင်းစမ်းသပ်ကွင်းမှ ပျောက်ကွယ်သွားရခြင်း၏ အကြောင်းရင်းမှာ နဂါးပေါက်လေးသည် ၎င်း၏ဆင့်ကဲပြောင်းလဲမှုကို ပြီးဆုံးတော့မည်ကို သူသတိပြုမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သွေးသားစာချုပ်စွမ်းအားကို အသုံးပြုကာ အာကာသမှတစ်ဆင့် ခရီးသွားပြီး ဟိုတယ်သို့ ပြန်လာခြင်းဖြစ်သည်။

ထိုအခိုက်တွင် ဟိုတယ်အတွင်း၌ အပူချိန်သည် အလွန်မြင့်မားနေပြီး ဆုံးခန်းတိုင်မရှိသော မီးဒြပ်စင်များသည် ရူးသွပ်စွာ စုစည်းလာကာ အားလုံးသည် နဂါးပေါက်လေးရှိရာ ပိုးတုံးလုံးကြီးဆီသို့ စီးဝင်နေသည်။

အပူချိန် မြင့်တက်လာသည်နှင့်အမျှ ကျန့်ဖုန်းသည် အခန်းအတွင်းရှိ ပရိဘောဂအားလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ အမြန်သိမ်းဆည်းသည်။ သို့မတ်ပါက ၎င်းတို့သည် မကြာမီ ပြာဖြစ်သွားမည်ဖြစ်သည်။

လျော်ကြေးငွေသည် အတော်အတန်များပြားသော ကုန်ကျစရိတ်တစ်ခုဖြစ်လိမ့်မည်။

ကျန့်ဖုန်းသည် လက်ရှိတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသောအပူချိန်အတွင်း၌ ရှိနေသည်။ နဂါးပေါက်လေးနှင့် သူ၏သွေးသားစာချုပ်ကြောင့် သူ၏ခန္ဓာကိုယ်သည် မီးကို လုံးဝမကြောက်ရွံ့သောကြောင့် နဂါးပေါက်လေးထံသို့ ချဉ်းကပ်နိုင်ပြီး နဂါးပေါက်လေး၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို အနီးကပ်ကြည့်ရှုနိုင်သည်။

ယခုအခါ ဟိုတယ်အိပ်ရာသည် မီးလောင်ကျွမ်းခြင်းကြောင့် ပျက်စီးသွားပြီဖြစ်ကာ ပိုးတုံးကြီးသည် လေထဲတွင် မျောနေသည်။ မီးဒြပ်စင်များ ဝင်လာသည်နှင့်အမျှ ပိုးတုံးလုံးသည် အရွယ်အစားကြီးထွားလာသည်။

မကြာမီအတွင်း ပိုးတုံးလုံးသည် အမြင့် နှစ်မီတာနှင့် အချင်း တစ်မီတာခွဲအထိ ကြီးထွားလာသည်။

မည်မျှကြာအောင်ကြာသည်ကို မသိရသော်လည်း ပိုးတုံး၏ မီးဒြပ်စင်များကို စုပ်ယူမှုသည် ပြည့်ဝမှုအဆင့်သို့ ရောက်ရှိပြီး ပိုးတုံးလုံးသည် ကြီးထွားမှု ရပ်တန့်သွားသည်။

"ကတ်" ဟူသောအသံဖြင့် ပိုးတုံးကြီး၏မျက်နှာပြင်ပေါ်တွင် ရုတ်တရက် အက်ကြောင်းတစ်ခုပေါ်လာသည်။ နဂါးပေါက်လေး ဥမှပေါက်ချိန်ကကဲ့သို့ပင် အက်ကြောင်းများသည် ဆက်လက်ပွားများလာပြီး နောက်ဆုံးတွင် အပိုင်းပိုင်းကွဲထွက်သွားသည်။

ရုတ်တရက် ကျယ်ပြန့်သော အမြှေးပါးအတောင်ပံများ ဖြန့်ကားလိုက်ပြီး သန်မာထွားကြိုင်းသော နဂါးကိုယ်ထည်ပေါ်မှ စီးဆင်းနေသော မီးတောက်အမှတ်အသားများသည် ချော်ရည်ကဲ့သို့ ပုံပေါ်နေသည်။

ကျန့်ဖုန်းသည် နဂါးပေါက်လေး ဆင့်ကဲပြောင်းလဲပြီးနောက် ကြီးမားသောပြောင်းလဲမှုများကို အံ့အားသင့်နေစဉ် တစ်ချိန်တည်းမှာပင် ခန့်ညားသောခေါင်းတစ်ခုသည် ပိုမိုနီးကပ်စွာ ဝင်ရောက်လာကာ တောက်ပသောရွှေရောင်မျက်လုံးများသည် ဟိုတယ်အခန်းကို လင်းထိန်စေသည်။ ၎င်းသည် ကျန့်ဖုန်း၏လက်နှစ်ဖက်ထဲသို့ အသာအယာ ဝင်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် ကျန့်ဖုန်း၏နဖူးပေါ်တွင် မီးတောက်သင်္ကေတတစ်ခု ရုတ်တရက်ပေါ်လာသည်။ သူသည် အံ့အားသင့်သွားပြီး မျက်လုံးများကိုမှိတ်ကာ မြေပြင်ပေါ်တွင် ခြေချင်းချိတ်၍ ထိုင်လိုက်သည်။

နဂါးပေါက်လေး၏ ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားသည်။ သွေးသားစာချုပ်၏သက်ရောက်မှုကြောင့် ကျန့်ဖုန်းကိုယ်တိုင်လည်း အံ့အားသင့်ဖွယ်ရာ ပြောင်းလဲမှုများ ကြုံတွေ့ရသည်။ ပထမဦးစွာ သူ၏အတွင်းဝိညာဉ်စွမ်းအားသည် ရုတ်တရက်မြင့်တက်လာသည်။

စွမ်းအားသည် ၂၅၀၀ ကျော်မှ ၂၆၀၀ သို့ အမြန်မြင့်တက်လာသော်လည်း ဤသည်မှာ အစပိုင်းသာဖြစ်သည်။

နှစ်ထောင့်ခုနှစ်ရာ။

နှစ်ထောင့်ရှစ်ရာ။

နှစ်ထောင့်ကိုးရာ။

သုံးထောင်။

နောက်ဆုံးတွင် ကျန့်ဖုန်း၏အတွင်းဝိညာဉ်စွမ်းအားသည် ၃၀၀၀ အမှတ်သို့ မြင့်တက်လာပြီး အဆင့်ငါး တတိယအဆင့်သူရဲကောင်းမှ အဆင့်ငါး ဆဌမအဆင့်သူရဲကောင်းသို့ တိုက်ရိုက်ဖြတ်ကျော်ကာ သူ၏စွမ်းအားသည် သိသိသာသာတိုးတက်လာသည်။

သို့သော်လည်း ဤသည်မှာ နဂါးပေါက်လေး ဆင့်ကဲပြောင်းလဲမှုမှရရှိသော အကျိုးကျေးဇူးအားလုံးမတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အတွင်းဝိညာဉ်စွမ်းအား ကြီးထွားမှု ရပ်တန့်သွားပြီးနောက် ကျန့်ဖုန်း၏ပြင်ပဝိညာဉ်စွမ်းအားလည်း စတင်မြင့်တက်လာသောကြောင့်ဖြစ်သည်။

တိုတောင်းသောအချိန်အတွင်းတွင် ကျန့်ဖုန်း၏ပြင်ပဝိညာဉ်စွမ်းအားသည် ၂၈၀၀ ကျော်မှ ၃၀၀၀ အထိ တိုးတက်လာပြီး မချိုးဖျက်နိုင်သောခန္ဓာ lv1 ၏ အမြင့်ဆုံးကန့်သတ်ချက်ကိုလည်း ချိုးဖျက်ကာ ၃၁၀၀ အမှတ်သို့ တိုးမြှင့်နိုင်သည်။

မကြာမီအချိန်အကြာတွင် ကျန့်ဖုန်းသည် ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး ချွန်ထက်သောအလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာကာ သူ၏စွမ်းအင်သည် မယုံနိုင်လောက်အောင် ပြင်းထန်လာပြီး သူ၏စွမ်းအားသည် သိသိသာသာတိုးတက်လာသည်။

ကျန့်ဖုန်းသည် နဂါးပေါက်လေး၏ခေါင်းကို ပွေ့ဖက်ကာ ပျော်ရွှင်စွာပြောသည်။

"မင်းက အရမ်းတော်တယ်။ မင်းက ငါ့ရဲ့သုံးလကြာ လေ့ကျင့်ချိန်ကို လျှော့ချပေးတယ်"

"ဝါးးး"

မူလက ခန့်ညားခမ်းနားသော နဂါးပေါက်လေး၏ရွှေရောင်မျက်လုံးများသည် ယခုအခါ ချစ်စရာကောင်းသောအရိပ်အယောင်ကို ပြသကာ မျက်တောင်ခတ်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ယခင်ထက် ပိုမိုကြီးထွားလာသော်လည်း ချစ်စရာကောင်းအောင် လုပ်သည့်အခါတွင် ယခုထက်ထိ ချစ်စရာကောင်းနေဆဲဖြစ်သည်။

"ကောင်းပြီ၊ ဒါက ဥကနေပေါက်တာ လဝက်ပဲ ရှိသေးတာတောင် အဆင့်ခြောက် မှော်သားရဲဖြစ်နေပြီ၊ တကယ်လို့ ဒီသတင်းသာ ပျံ့သွားရင် လူတိုင်း မနာလိုမှုတွေနဲ့ ပြည့်နှက်ကုန်ကြလိမ့်မယ်”

ကျန့်ဖုန်းကပြောသည်။

နဂါးပေါက်လေးသည် ချစ်စရာကောင်းသော မျက်နှာအမူအရာဖြင့် ကျန့်ဖုန်းကို ကြည့်နေသည်။ သူ့ကို ပြည့်ပြည့်ဝဝနားလည်သူ ကျန့်ဖုန်းသည် နဂါးပေါက်လေးဆိုလိုသည်ကို သဘာဝအတိုင်းသိရှိသည်။

အကြမ်းဖျင်းအားဖြင့် ဆိုရသော်.

"မှော်ပုံဆောင်ခဲတွေသာ လုံလောက်တယ်ဆိုရင် သူ့အနေနဲ့ ဆက်လက် ဆင့်ကဲပြောင်းလဲနိုင်ပြီး အကို့ကို ပြိုင်ဘက်အားလုံးကို အနိုင်ယူဖို့ ကူညီပေးနိုင်တယ်” ဟူ၍ပင်။

ကျန့်ဖုန်းသည် နဂါးပေါက်လေး၏ခေါင်းကို ပုတ်ခတ်ကာ ရယ်စရာပြောသည်။

"လက်ရှိမှာ မှော်ပုံဆောင်ခဲတွေ မရှိတော့ဘူး၊ မင်းအားလုံးစားပြီးသားဖြစ်နေပြီ။ ငါပြိုင်ပွဲပြီးဆုံးပြီး နတ်ဆိုးအမဲလိုက်အဖွဲ့ ထူထောင်ပြီးတဲ့အခါ မင်းစားဖို့ မှော်ပုံဆောင်ခဲတွေ အများကြီးရှိလိမ့်မယ်"

"ဝူးဝါး" နဂါးပေါက်လေးက ဆိုသည်။

"အကိုက အရမ်းကောင်းတယ်"

နဂါးပေါက်လေးနှင့် အတူတူကစားပြီးနောက် ကျန့်ဖုန်းသည် တစ်စုံတစ်ရာကို ရုတ်တရက်သတိရသည်။ သူနှင့် ကျန်းရှင်းရန်တို့သည် နေ့စဉ်ပြိုင်ပွဲအပြီးတွင် ဟိုတယ်သို့အတူတူပြန်ရန် သဘောတူညီကြသည်။

ဖိုင်နယ်ပွဲဝင်ပြီးကတည်းက ကျန်းရှင်းရန်သည် ကျန့်ဖုန်း၏အနီးသို့ ပြောင်းရွှေ့နေထိုင်သည်။ သို့မှသာ သူတို့နှစ်ဦးသည် အတူတကွ စားသောက်နိုင်မည်ဖြစ်သည်။

ကျန့်ဖုန်းသည် ပြတင်းပေါက်မှ အပြင်ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ညနေခင်းရောက်နေပြီဖြစ်ပြီး ယနေ့၏တိုက်ပွဲများသည် အားလုံးပြီးဆုံးသွားပြီဖြစ်သည်။

"သူကလည်း လူကြီးတစ်ယောက်ပဲ၊ ဟိုတယ်ကို ပြန်သွားတဲ့လမ်းကို မသိတာတော့ မတ်နိုင်ပါဘူး"

ကျန့်ဖုန်းသည် သူမ၏ချိန်းဆိုမှုကို ပျက်ကွက်သည့် အမှားကို ဖုံးကွယ်ရန် ကြိုးစားလျက် သူ၏နှုတ်ခမ်းဖျားတွင် ရွတ်ဆိုသည်။

ထိုအခိုက်တွင် တံခါးခေါက်သံ "ဒေါက် ဒေါက် ဒေါက်"ကို ကြားလိုက်ရသည်။

ကျန့်ဖုန်းသည် တံခါးဖွင့်လိုက်ပြီး ကျန်းရှင်းရန်ဖြစ်ကြောင်း တွေ့မြင်လိုက်ရသည်။

ကျန့်ဖုန်းကိုမြင်သော ကျန်းရှင်းရန်သည် ပထမဦးစွာ အံ့အားသင့်သွားပြီး ထို့နောက်တွင် အမျက်ထွက်ကာ ပြောသည်။

"ဟိုတယ်ကို အတူတူပြန်ဖို့ သဘောတူတာမလား။ ငါတို့အဖွဲ့ထဲမှာ ငါကပထမဆုံးဖြစ်နေတယ်"

"တိုက်ပွဲပြီးတဲ့အချိန်ကစပြီး နင်ကိုစောင့်နေတာ၊ ဒါပေမယ့် နင်မလာဘူး။ နင် ပျောက်သွားတယ်လို့ထင်တာ။ ပြီးတော့ သူရဲကောင်းစမ်းသပ်ကွင်းကိုသွားပြီး မေးမြန်းကြည့်တော့၊ နင်၊ နင်လည်း ပထမဆုံးတိုက်ပွဲမှာပါတယ်ဆိုပဲ"

"ပြော၊ ဘာလို့ငါ့ကိုမစောင့်တာလဲ"

ကျန်းရှင်းရန်၏ မေးခွန်းများစွာကြောင့် ကျန့်ဖုန်းသည် အတော်လေးရှက်ရွံ့သွားသည်။ သူသည် သူ၏ခေါင်းကို ကုတ်ခြစ်ရင်း ဘာမျှမပြောဘဲ ဘေးဖယ်ရှားလိုက်ကာ ကျန်းရှင်းရန်အား အခန်းအတွင်းသို့ ကြည့်ရှုခွင့်ပြုလိုက်သည်။

ကျန်းရှင်းရန်သည် ရှုပ်ထွေးနေစဉ် အတွင်းသို့ဝင်ရောက်လာသည်။ ရုတ်တရက် ပုံရိပ်တစ်ခုသည် သူမထံသို့ လျင်မြန်စွာခုန်တက်လာပြီး သူမအား "အားး" အော်ဟစ်ကာ ကျန့်ဖုန်း၏နောက်သို့ ခုန်တက်သွားစေသည်။

"ဝူးဝါး"

နဂါးပေါက်လေးသည် အသံအနည်းငယ်ထုတ်ကာ ငိုကြွေးသည်။ ကျန်းရှင်းရန်က ၎င်းကို ငြင်းပယ်လိုက်သည် ခံစားရသည်နှင့်တူသည်။

ကျန်းရှင်းရန်သည် ကျန့်ဖုန်း၏နောက်မှ ထွက်ပေါ်လာပြီး နဂါးပေါက်လေးရှေ့တွင် ရပ်ကာ သူမ၏လှပသောမျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် နဂါးပေါက်လေးကို ညွှန်ပြကာ မေးမြန်းသည်။

"ကျန့်ဖုန်း၊ နဂါးပေါက်လေး အောင်အောင်မြင်မြင်နဲ့ ဆင့်ကဲပြောင်းလဲသွားပြီလား"

"တ်တယ်၊ ဒီနေ့ပြိုင်ပွဲအပြီးမှာ ဆင့်ကဲပြောင်းလဲမှုစတင်တယ်၊ ဒါကြောင့် ငါအပြေးပြန်လာတာ"

ကျန့်ဖုန်းက ရှင်းပြသည်။

ကျန်းရှင်းရန်သည် နဂါးပေါက်လေးကို ကြည့်ရှုရန် လှည့်သွားပြီး ၎င်း၏ခေါင်းကို ထိတွေ့ရန် မနိုင်မနင်းလုပ်ကာ အံ့အားသင့်စွာ ပြောသည်။

"ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ကြီးသွားတာလဲ"

နဂါးပေါက်လေးသည် "ဝူးဝူး" အသံနှစ်ချက်ပြုလုပ်သည်။ ကျန့်ဖုန်းက ပျော်ရွှင်စွာပြောသည်။

"ဒါက ပိုကြီးလာသလို ပိုလည်း သန်မာလာတယ်"

"သန်မာတာကောင်းတယ်၊ ဒါပေမယ့် မင်းအခုဒီလောက်ကြီးနေပြီ၊ ငါမင်းကိုပွေ့ဖက်လို့တောင် မရတော့ဘူး"

ကျန်းရှင်းရန်က နောက်ဆုတ်လျက် ပြောသည်။

ဤစကားကိုကြားသော ကျန့်ဖုန်းက စိတ်ဆိုးသည့် ဟန်ဖြင့် ပြောသည်။

"ပွေ့ဖက်နိုင်တာက အဓိကလား။ နဂါးပေါက်လေးကို မပွေ့ဖက်နိုင်ရင် ငါ့ကိုပွေ့ဖက်လိုက်ပါ။ ငါလည်း ပွေ့ဖက်ရလွယ်ကူတယ်"

ကျန်းရှင်းရန်သည် မျက်နှာနီရဲသွားပြီး ကျန့်ဖုန်း၏စကားကို လျစ်လျူရှုကာ နဂါးပေါက်လေးကို စူးစမ်းသောအားဖြင့် ကြည့်ရှုနေသည်။

"အရမ်းလှတဲ့ အကြေးခွံတွေပါလား"

ကျန်းရှင်းရန်က မနိုင်မနင်းလုပ်ကာ နဂါးပေါက်လေး၏ ခမ်းနားထည်ဝါပြီး ပတ္တမြားနီကျောက်ကဲ့သို့သော အကြေးခွံများကို ဆုပ်ကိုင်ရန် လက်ကိုဆန့်ထုတ်သည်။

နဂါးပေါက်လေး ပထမဆုံးဥမှပေါက်ချိန်က ကျန်းရှင်းရန်၏လက်နှစ်ဖက်တွင် မကြာခဏပွေ့ချီခံရသောကြောင့် ၎င်းသည် သူစိမ်းများကို မကြောက်ရွံ့ပေ။ ကျန်းရှင်းရန်ထံမှ မကောင်းသောရည်ရွယ်ချက်ကိုလည်း မခံစားရပေ။

ထို့ကြောင့် ၎င်းသည် နာခံစွာဖြင့် ၎င်း၏ခေါင်းကို ပေးသည်။

"ဒီတော့ နဂါးပေါက်လေးနဲ့ ကြယ်တာယာယူနီကွန်းဘုရင် ဘယ်သူက ပိုမိုက်တာလဲ"

ကျန့်ဖုန်းက မေးသည်။

"နဂါးပေါက်လေးက အကောင်းဆုံးပဲ၊ မိုက်တဲ့အပြင် စွမ်းအားလည်းရှိတယ်။ ဒါပေမယ့် ကြယ်တာယာယူနီကွန်းဘုရင်ကို မတွေ့ရသေးဘူး"

ကျန်းရှင်းရန်က ပြောသည်။

"မစိုးရိမ်ပါနဲ့၊ အခုအချိန်မှာ ထိပ်ဆုံး ၁၆ ဦးကို မတွေ့ရသေးပေမယ့်လည်း နောက်ကျ တွေ့ရလိမ့်မယ်။ ယန်ဝမ်ကျောက်ကို မှတ်မိလား။ ဒီနေ့မနက်က ငါ့ကို 'ဆရာဦးလေး' လို့ခေါ်တဲ့သူလေ။ သူ့ရဲ့အစီးအနင်းအဖော်က ကြယ်တာယာယူနီကွန်းဘုရင်ပဲ"

ကျန့်ဖုန်းက ပြောသည်။

"ဟမ်၊ နဂါးပေါက်လေးက ပိုမိုက်တယ်လို့ထင်တယ်"

ကျန်းရှင်းရန်က တွေးတောပြီးနောက် ပြောသည်။

"ဟမ်၊ ဘာလို့လဲ။ ငါတို့တောင်မတွေ့ဖူးသေးဘူး။ ငါက ယန်ဝမ်ကျောက်ထက် ပိုချောလို့လား"

ကျန့်ဖုန်းက မေးသည်။

"နင်က အရှက်ကို မရှိဘူး"

ကျန်းရှင်းရန်က ရယ်မောလိုက်သည်။

All Chapters