← Chapters

ထိပ်ဆုံးသို့ ရောက်ရှိခြင်း၊ သမိုင်းမှတ်တိုင် စိုက်ထူခြင်း

Vol. 8 Ch. 96

ထိပ်ဆုံးသို့ ရောက်ရှိခြင်း၊ သမိုင်းမှတ်တိုင် စိုက်ထူခြင်း

Vol. 8 Ch. 96

အထပ် ၈၀ သို့ ရောက်ရှိသွားသောအခါ ကောင်းကင်တတ်လှေကား ထံမှ သက်ရောက်လာသော ဖိအားသည် ရုတ်တရက် ပြောင်းလဲသွားပြီး ၊ ချက်ချင်းဆိုသလိုပင် ယခင်ကထက် အဆပေါင်းများစွာ တိုးမြင့်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် တောင်ကြီးတစ်လုံး မိမိအပေါ်သို့ ပိကျလာသကဲ့သို့ ဖြစ်ပြီး ၊ အသက်ရှူရန်ပင် ခက်ခဲလာစေသည်။

“အမ်”

အထပ် ၈၀ သို့ ရောက်ရှိလာချိန်တွင် အမတနန်းတော်၏ ဆက်ခံသူပင်လျှင် မျက်နှာအမူအရာ ပျက်လာပြီး ၊ သူသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

ဤသည်မှာ သူ၏ အကန့်အသတ်ပင် ဖြစ်သည်။ သူသည် နောက်ထပ် ခြေတစ်လှမ်းမျှ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

“အထပ် ၈၀ ဆိုတာ လင်းထျန်း နဲ့ မိစ္ဆာနတ်ဘုရားသားတော်ထက် ငါးဆင့်တောင် ပိုမြင့်နေပြီ... ဒီလောက်ဆို လုံလောက်ပြီ မဟုတ်လား”

အမတနန်းတော် ဆက်ခံသူ၏ မျက်လုံးများသည် တောက်ပနေပြီး ၊ သူသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ရေရွတ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာထားသည် ရုတ်တရက် ပြောင်းလဲသွားပြီး တည်ကြည်လေးနက်သွားကာ ၊ ယခင်က တက်ကြွနေသော ပုံစံနှင့် လုံးဝ ကွဲပြားခြားနားသွားခဲ့သည်။

မြင်ကွင်းတစ်ဆုံးတွင် လူရိပ်နှစ်ခုသည် အပေါ်သို့ ဆက်လက် တက်လှမ်းနေဆဲပင် ဖြစ်သည်။

ထို့အပြင် သူတို့နှစ်ဦးသည် ဖိအားကို သိပ်ခံစားရပုံ မပေါ်ဘဲ မြေပြန့်တွင် လမ်းလျှောက်နေသကဲ့သို့ ခြေလှမ်းများက ပေါ့ပါးလွန်းလှသည်။

ဒီနှစ်ယောက်က ဘာတွေလဲ..ဘီလူးသရဲတွေလား!?

အမတနန်းတော် ဆက်ခံသူမှာ ကြောင်အမ်းသွားသည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော မျက်လုံးများသည် စုရွှမ် နှင့် လမ့်ရိုလီ တို့အပေါ် သို့ ကျရောက်နေပြီး ၊ နေရာအနှံ့အပြားမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

“အဲ့ဒီနှစ်ယောက်က အတော်စွမ်းတာပဲ...ခုထိ ဆက်သွားနေတုန်းပဲ... အထပ် ၈၀ က သူတို့အတွက် အကန့်အသတ် မဟုတ်ဘူးလား”

“သောက်ကျိုးနည်း...ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... ဟိုလူက ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကို ပိုင်ဆိုင်ထားပြီး မဟာဧကရာဇ် ပုံရိပ်ယောင်လေးခုကို ကျင့်ကြံထားတာဆိုတော့ စွမ်းတာ လက်ခံလို့ရတယ်... ဒါပေမဲ့ ဟိုအမျိုးသမီးကရော ဘာလို့ ဒီလောက် စွမ်းနေရတာလဲ”

“ဘုရားရေ... သူတို့နှစ်ယောက်က တကယ့်ကို တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ... နှစ်ယောက်လုံးက လူမဆန်အောင် စွမ်းလွန်းတယ်”

“အထပ် ၈၀ ရောက်တာတောင် သူတို့နှစ်ယောက်က ဆက်သွားနေတုန်းပဲ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ”

လင်းထျန်း၏ မျက်လုံးများသည် ပြူးကျယ်နေပြီး ၊ သူ၏မျက်နှာသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

“ဒီနှစ်ယောက်က တကယ်ရော တာအိုရွှမ်ကမ္ဘာက ပါရမီရှင်တွေ ဟုတ်ရဲ့လား”

မိစ္ဆာနတ်ဘုရားသားတော်ပင်လျှင် မေးခွန်းပြန်ထုတ်မိသည့်အထိ ဖြစ်ခဲ့ရသည်။

“ဒီနှစ်ယောက်က တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တွေပဲ... သူတို့က အထပ် ၈၈ စံချိန်ကို‌တောင် ချိုးဖျက်နိုင်လောက်တယ်... ငါ့ရဲ့ တာအိုရွှမ်ကမ္ဘာကနေ ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက် မွေးထုတ်ပေးနိုင်တော့မှာလား”

နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး ချီဖုန်းသည် လွန်စွာ စိတ်လှုပ်ရှားနေပြီး ၊သူ၏ လက်သီးများကို ခပ်တင်းတင်း ဆုပ်ထားသည်။

တာအိုရွှမ်ကမ္ဘာတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး မွေးဖွားလာမည်ကို သူသည် အခြားသူများထက် ပို၍ ပျော်ရွှင်နေခဲ့သည်။

အထပ် (၈၁)

အထပ် (၈၂)

အထပ် (၈၃)

……

မရေမတွက်နိုင်သော လူအများ၏ စောင့်ကြည့်မှုအောက်တွင် စုရွှမ် နှင့် လမ့်ရိုလီတို့သည် ကောင်းကင်တတ်လှေကား၏ အထပ် ၉၀ ထိ ရောက်ရှိသွားကြသည်။

၎င်းသည် နှစ်ပေါင်း တစ်သောင်းကြာ တည်ရှိခဲ့သော ကောင်းကင်တတ်လှေကား၏ စံချိန်ကို ချိုးဖျက်လိုက်ခြင်း ပင် ဖြစ်သည်။

အမ်......

လူအုပ်ကြီးသည် အတော်လေး အံ့အားသင့်သွားပြီး ၊ အာမေဋိတ်သံများပင် ထပ်ထွက်မလာတော့ချေ။

ယခုအခါတွင်မူ၊ ကျင့်ကြံသူအားလုံးတို့သည် ကောင်းကင်တတ်လှေကားပေါ်ရှိ လူရိပ်နှစ်ခုကို စူးစိုက်ကြည့်နေကြသည်။

ထိုအချိန်တွင် စုရွှမ် နှင့် လမ့်ရိုလီတို့၏ ခန္ဓာကိုယ်များသည် နတ်အလင်းများဖြင့် လွှမ်းခြုံထားသကဲ့သို့ ထင်မှတ်ရပြီး အလွန်ထူးကဲလှသည်။

ကြည့်ရှုနေသူများ၏ မျက်လုံးထဲတွင် သူတို့နှစ်ဦးသည် လွန်စွာ ခံ့ညားထည်ဝါနေသည်။

“ငါ့မိန်းမက တကယ်ကို လွှမ်းမိုးနိုင်လွန်းတယ်... ကံကောင်းလို့ ငါ့မှာ စနစ် ရှိနေတာ... မဟုတ်ရင် သူ့ဖိနှိပ်တာ ခံလိုက်ရပြီ”

စုရွှမ် သည် ကောင်းကင်တတ်လှေကား၏ တစ်ဖက်ခြမ်းရှိ လမ့်ရိုလီကို လှမ်းကြည့်လိုက်သည်။

သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးသည် တည်ငြိမ်အေးဆေးနေပြီး စိတ်လှုပ်ရှားမှု အနည်းငယ်မျှသာ ပြသနေသည်။

ကောင်းကင်တတ်လှေကား၏ ဖိအားသည် သူမကို မနှိပ်ကွပ်နိုင်ပုံရပေသည်။

“စုရွှမ်က အရမ်းစွမ်းတာပဲ... သူက အခုထိ တောင့်ခံနိုင်တုန်းပဲ... အရှင်မြတ်အဆင့် နှောင်းပိုင်း ကျင့်ကြံသူတောင် ဒီလိုဖိအားမျိုးကို ခံနိုင်ဖို့ ခက်ခဲလိမ့်မယ်...”

လမ့်ရိုလီ သည်လည်း စုရွှမ် ကို တချက်ကြည့်လိုက်ပြီး ၊ သူမ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ လက်ကနဲ ဖြစ်သွားသည်။

သူမသည် ကောင်းကင်ကိုးထပ်မြင့်မြတ်နတ်ဖီးနစ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ၊ ယခင်ဘဝမှ ကျင့်ကြံခြင်း အတွေ့အကြုံများ ရှိသည်။ သူမသည် မပျက်စီးနိုင်သော ရုပ်ခန္ဓာကို ပြန်လည်ရရှိတော့မည် ဖြစ်သဖြင့် ကောင်းကင်တတ်လှေကား၏ ဖိအားကို ခံနိုင်ရည်ရှိပေသည်။

သို့သော် စုရွှမ်သည် ဤဘဝတစ်ခုတည်းဖြင့် ယခုလို ပြုလုပ်နိုင်သည်။ဤသည်မှာ မယုံနိုင်စရာပင်။

“ငါ စုရွှမ်ကို မယှဉ်နိုင်တော့ဘူးလား...”

လမ့်ရိုလီ တစ်ယောက် တွေးမိလိုက်သည်။

“ပြီးတော့ ဒီလူရဲ့ ကျင့်ကြံဆင့်ကို ငါအခုထိ အကဲခတ်လို့ မရသေးဘူး... ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဖုံးကွယ်ထားတာလဲ မသိဘူး...”

စုရွှမ် နှင့် လမ့်ရိုလီတို့၏ အကြည့်များသည် တစ်ယောက်နှင့် တစ်ယောက် ဆုံတွေ့သွားကြပြီး ၊ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များ အနည်းငယ် တုန်ခါသွားသည်။

ဖော်ပြ၍မရသော လေထုတစ်ခု ဖြစ်ပေါ်လာခဲ့ပုံရသည်။ အကြည့်ချင်း ဖလှယ်ပြီးနောက် နှစ်ဦးသား ဆက်လက် တက်လှမ်းကြသည်။

ကောင်းကင်တတ်လှေကားတွင် စုစုပေါင်း ၉၉ ထပ် ရှိသည်။ သို့သော် သမိုင်းတစ်လျှောက်တွင် မည်သည့် ပါရမီရှင်ကမျှ အထပ် ၉၀ ထိ မတတ်ရောက်ဖူးခဲ့ပေ။

အကယ်၍ လမ့်ရိုလီ နှင့် စုရွှမ် တို့သာ ဤအရာကို အောင်မြင်ခဲ့လျှင်ဖြင့် သေချာပေါက် သမိုင်းဝင် အောင်မြင်မှု ဖြစ်လာပေလိမ့်မည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စောင့်ကြည့်နေမှုအောက်တွင် စုရွှမ် နှင့် လမ့်ရိုလီတို့သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကြသည်။

အထပ် ၉၁၊ အထပ် ၉၂၊ အထပ် ၉၃...

နောက်ဆုံးတွင် သူတို့သည် ၉၈ ထပ်မြောက် အမြင့်သို့ ရောက်ရှိသွားကြသည်။

ယခုအချိန်တွင် သူတို့နှစ်ဦးသည် ကောင်းကင်တတ်လှေကား၏ ထိပ်ဆုံးဖြစ်သော ၉၉ထပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဤအခိုက်အတန့်တွင် ကမ္ဘာလောကကြီး၌ မည်သည့်အသံမျှ မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်း အသက်ရှူအောင့်ထားကြပြီး မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ တောက်လောင်ကာ ထိုလူရိပ်နှစ်ခုကို စိုက်ကြည့်နေကြသည်။

သူတို့သည် သမိုင်းကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတော့မည် ဖြစ်သည်။ ထိပ်ဆုံးသို့ ရောက်ရန် နောက်ထပ် တစ်လှမ်းသာ လိုတော့သည်။

ဒါက ဘာအဓိပ္ပာယ်လဲ?

ဆိုလိုသည်မှာ သူတို့၏ အမည်နာမများသည် နတ်ဘုရား‌ ကျောင်းတော်၏ သမိုင်းတွင် ထာဝရ ကမ္ပည်းတင် ကျန်ရစ်တော့မည် ဖြစ်သည်။

ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် ကြည့်လျှင် တာအိုရွှမ်ကမ္ဘာ တစ်ခုလုံး၏ သမိုင်းတွင် ထွင်းထုမှတ်တမ်းတင်ခြင်း ခံရပေလိမ့်မည်။ ထိုကဲ့သို့သော အောင်မြင်မှုများသည် ရှေ့ဆောင်လမ်းပြ ဖြစ်ပြီး မကြုံစဖူး ထူးကဲသော အရာများ ဖြစ်သည်။

“မိန်းမ... မင်းက တကယ်ကို အံ့မခန်းပဲ”

စုရွှမ် သည် လမ့်ရိုလီ ကို ကြည့်ကာ အနည်းငယ် ပြုံးလျက် တိုးတိုးလေး ပြောလိုက်သည်။

သူ၏ ဇနီးသည်တွင် အကန့်အသတ်မဲ့သော အလားအလာနှင့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီများ ရှိသည်။

အကယ်၍သာ မိမိတွင် ကိုယ်ပိုင်စနစ် မရှိခဲ့လျှင် မည်သည့်နေရာသို့ ရောက်နေမည်ကို မသိနိုင်ပေ။

“ရှင်လည်း မဆိုးပါဘူး”

လမ့်ရိုလီ က စုရွှမ် ကို စိုက်ကြည့်ရင်း ထိုနည်းတူ ပြန်လည်ဖြေကြားလိုက်သည်။

စုရွှမ် ဤအဆင့်ထိ ရောက်လာလိမ့်မည်ဟု သူမသည်လည်း လုံးဝ မျှော်လင့်မထားခဲ့မိပေ။

“ဒီနှစ်ယောက်က တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်တွေပဲ... အရင်ကရော နောင်ကျရင်ရော သူတို့လိုလူ ပေါ်လာဖို့ မလွယ်ဘူး... ပါရမီရှင်များ တိုက်ပွဲပြီးရင် သူတို့နဲ့ မိတ်ဆွေဖြစ်အောင် ကြိုးစားရမယ်”

ချီဖုန်း တစ်ယောက်တည်း ရေရွတ်လိုက်မိပြီး စိတ်ကူးတစ်ခု ဖြစ်ပေါ်လာသည်။

ဤနှစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပါရမီပါသူများ ဖြစ်နေခြင်းက သူ့အား ပါရမီရှင်များကို ပျိုးထောင်လိုစိတ် ပြင်းပြလာစေသည်။

ထို့နောက် မရေမတွက်နိုင်သော လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် သူတို့နှစ်ဦးသည် နောက်ဆုံးခြေလှမ်းကို အတူတကွ ဖြည်းညှင်းစွာ လှမ်းလိုက်ကြသည်။

ဝုန်း!!

မျှော်လင့်ထားသည့်အတိုင်းပင် နှစ်ယောက်စလုံး အပေါ်သို့ ရောက်ရှိသွားကြသည်။

တစ်ခဏချင်းမှာပင် ၊ ကောင်းကင်နှင့် မြေကြီးသည် တုန်ခါသွားပြီး မဟာတာအို၏ အသံများသည် ကောင်းကင်တေးသွားများကဲ့သို့ ကမ္ဘာလောက အနှံ့ ပဲ့တင်ထပ်လာသည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေကာ တောက်ပမှု၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် အလွန်အားကောင်းသော တာအိုအရှိန်အဝါများ ပျံ့နှံ့လာသကဲ့သို့ ရှိပြီး ၊ အောက်ဖက်ရှိ ကျင့်ကြံသူများအားလုံးတို့သည် ဉာဏ်အလင်းပွင့်တော့မည့်အလား တောက်ပလာစေသည်။

“သောက်ကျိုးနည်း... သူတို့ တကယ်... သူတို့ တကယ် ထိပ်ဆုံးကို ရောက်သွားကြပြီ... နတ်ဘုရားကျောင်းတော်ရဲ့ ကောင်းကင်တတ်လှေကား စမ်းသပ်မှုမှာ အထပ် ၉၉ ဆင့်အထိ ရောက်နိုင်တဲ့ ကျင့်ကြံသူ တကယ် ရှိတာပဲ”

“အံ့ဩစရာပဲ... အရှေ့ပိုင်း စွန့်ပစ်နယ်မြေရဲ့ ပါရမီရှင်စာရင်းမှာ နံပါတ်တစ် ဖြစ်တဲ့ လင်းထျန်း တောင် အထပ် ၇၅ ထိ ခက်ခက်ခဲခဲ ရောက်နိုင်ခဲ့တာ... ဒီနှစ်ယောက်က လင်းထျန်း ထက် အများကြီး သာနေတယ်”

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အံ့အားသင့်စွာဖြင့် အာမေဋိတ် ပြုလိုက်ကြသည်။

“ထူးဆန်းသလို ခံစားနေရတယ်... ဒါ ဘာဖြစ်တာလဲ... ငါ့ခံစားချက်က... လက်ရှိ ကျင့်ကြံမှု နယ်ပယ်ကို ချိုးဖျက်တော့မယ့်အတိုင်းပဲ”

ရုတ်တရက် လူတစ်ယောက်က ထိုသို့ ပြောလိုက်သည်။

ဝုန်း!

နောက်တစ်စက္ကန့်တွင် သူသည် နောက်နယ်ပယ်အဆင့်တစ်ခုကို အမှန်တကယ်ပင် ချိုးဖျက် ဝင်ရောက်သွားသည်။

“သောက်ကျိုးနည်း... ငါတို့ တကယ် အဆင့်တက်သွားပြီ... လောကကြီးက အဆင့်တက်ဖို့ ကူညီပေးနိုင်တဲ့ မဟာတာအို စွမ်းအင်တွေနဲ့ ပြည့်နှက်နေတာပဲ”

လူတစ်ယောက် အဆင့်တက်သွားသည်ကို မြင်သောအခါ ရောက်ရှိနေကြသော ကျင့်ကြံသူ အားလုံးသည် အံ့အားသင့်သွားကြပြီး ၊ သူတို့၏ ဝိညာဉ်စွမ်းအင်များကို အသက်သွင်းကာ ကျင့်ကြံမှုကို စတင်လိုက်ကြတော့သည်။

ဝုန်း ဝုန်း ဝုန်း!!

မကြာမီတွင် နောက်ထပ် ကျင့်ကြံသူ အများအပြားသည် နောက်ထပ်နယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်သွားကြသည်။

ထို့ကြောင့် မိစ္ဆာနတ်ဘုရားသားတော် ၊ လင်းထျန်း နှင့် အမတနန်းတော် ဆက်ခံသူ ကဲ့သို့သော ထိပ်တန်း ပါရမီရှင်များပင် ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။

“ဒါက... နတ်ဘုရား ကျောင်းတော်ရဲ့ ဘိုးဘေး ချန်ထားခဲ့တဲ့ အခွင့်အရေးများလား”

ချီဖုန်း ၏ မျက်လုံးများတွင် ရွှေရောင်အလင်းများဖြင့် တောက်ပနေသည်။

All Chapters