ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်၊ မိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ခြင်း (၂)
Vol. 8 Ch. 104
အမည်: စုရွှမ်
အဆင့်အတန်း: မြောက်ပိုင်းနယ်မြေ စုမိသားစု သခင်ငယ်၊ အရှေ့ပိုင်းစွန့်ပစ်နယ်မြေ တာယန်မြင့်မြတ်နယ်မြေ မြင့်မြတ်သားတော်
ကျင့်ကြံမှုအဆင့်: ဘုရင်အဆင့် ၉
ကျင့်စဉ်: တာယန်မြင့်မြတ်ကျမ်း၊ စုမိသားစု ဧကရာဇ်ကျမ်း (မပြည့်စုံ)၊ ထာဝရကောင်းကင်ဧကရာဇ်ကျမ်း
သိုင်းပညာ: တာယန်ဓားကိုးကွက်၊ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်၊ တန်ခိုးပြောင်းလဲခြင်း၊ နတ်ဆင်အကျဉ်းထောင်နှိမ်နင်းခြင်း…
ခန္ဓာကိုယ်: ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ (နိုးထမှု ၂၇%)
စနစ်၏မျက်နှာပြင်ကို ကြည့်ရင်း စုရွှမ်သည် ကျေနပ်စွာ ပြုံးလိုက်သည်။
“ဒီလိုဆိုရင်တော့ အရင်ဆုံး ပါရမီရှင်တိုက်ပွဲကြီးမှာ ပထမရအောင် လုပ်ပြီးတော့ အမတရှေးဟောင်းကမ္ဘာကို ဝင်မယ်… ကံကြမ္မာအခွင့်အလမ်းရှာပြီး ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာရဲ့ နိုးထမှုကို အရှိန်မြှင့်မယ်… ဧကရာဇ်လမ်းစ မပွင့်ခင်မှာ ငါ့ရဲ့ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကို လုံးဝ နိုးထအောင် လုပ်နိုင်လောက်တယ်…”
“အဲဒီအခါကျရင် ငါက ဧကရာဇ်လမ်းစကို လွှမ်းမိုးပြီး လောကမှာ ပြိုင်ဘက်ကင်း ဖြစ်လာမှာပဲ…”
ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်ကို မစတင်ရသေးသော်လည်း၊ စုရွှမ်သည် အမတရှေးဟောင်းကမ္ဘာနှင့် ဧကရာဇ်လမ်းစအထိ တွေးထားပြီး ဖြစ်သည်။
စုရွှမ်အတွက်မူ ၊ ထိုဒဏ္ဍာရီထဲက ဧကရာဇ်လမ်းစသည်သာ သူ၏ တကယ့် စိန်ခေါ်မှုဖြစ်ပေသည်။
အခြားအရာများမှာမူ ရိုးရှင်းသော အကြိုလေ့ကျင့်ခန်းတစ်ခုမျှသာ ဖြစ်သည်။
…
[ဒင်း !.. လက်ထပ်ပြီး နှစ်ဆယ့်ခုနစ်ရက်မြောက်နေ့အတွက် ဆုလာဘ်မှာ ပုံရိပ်ယောင်၊ ကြယ်တာရာများ ကောင်းကင်ဘုံကိုးထပ်ကို တောက်ပစေခြင်းဖြစ်သည် ]
[ဒင်း!... လက်ထပ်ပြီး နှစ်ဆယ့်ရှစ်ရက်မြောက်နေ့အတွက် ဆုလာဘ်မှာ စိတ်တည်ငြိမ်စေသော ကြာဖြူတစ်ပွင့်ဖြစ်သည်]
နှစ်ရက်ကြာပြီးနောက် ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်သည် တရားဝင် စတင်ခဲ့ချေပြီ။
လေဟာနယ်ထဲတွင် နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး ချီဖုန်းသည် မားမားမတ်မတ် ရပ်တည်နေသည်။
သူသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ရှိနေပြီး ကောင်းကင်ပါရမီရှင်အပေါင်းကို ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ ချီးကျူးဂုဏ်ယူမိသော အရိပ်အမြွက်များဖြင့် တောက်ပနေသည်ကို တွေ့ရပေလိမ့်မည်။
ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်သို့ ဝင်ရောက်နိုင်သော ကျင့်ကြံသူများမှာ မဆိုးလှသော ကောင်းကင်ပါရမီရှင်များဟု ဆိုနိုင်ပြီး စုစုပေါင်း လူတစ်သိန်းရှိကာ အားအနည်းဆုံးမှာပင် ချမ်းသွမ့် အလယ်အလတ်အဆင့် ဖြစ်သည်။
“လူကြီးမင်းတို့… ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်ရဲ့ စည်းမျဉ်းတွေကို ကျွန်တော် ပြောပြတာကို ငြိမ်ငြိမ်လေး နားထောင်ပေးကြပါဦး…”
ချီဖုန်းသည် ကျယ်လောင်စွာဖြင့် ဆိုလိုက်ပြီး ၊ ခွန်အားအပြည့်ဖြင့် သူ၏ အသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
ကျင့်ကြံသူအားလုံးမှာ မျက်တောင်ပင်မခတ် စင်မြင့်ပေါ်မှ ချီဖုန်းကို စိုက်ကြည့်နေကြသည်။
“ငါတို့ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ဒုတိယအဆင့်… စည်းမျဉ်းကလည်း အရမ်းရိုးရှင်းတယ်… အဲဒါကတော့ လျို့ဝှက်နယ်မြေထဲ ဝင်ပြီးတော့ မိစ္ဆာမျိုးနွယ်နဲ့ တိုက်ခိုက်ရမယ်… သက်ဆိုင်ရာ အမှတ်တွေ ရယူရမယ်… အမှတ် အများဆုံး တစ်သောင်းရရင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ်…”
ချီဖုန်း၏ အသံသည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ချီဖုန်း၏ စကားသံဆုံးသည်နှင့် ၊ ပတ်ဝန်းကျင်ျစ်ခုလုံး ရုတ်တရက် ဆူညံသွားသည်။
“မိစ္ဆာမျိုးနွယ်တဲ့… ဒီတစ်ကြိမ် ပါရမီရှင်တိုက်ပွဲကြီးက စည်းမျဉ်းပြောင်းလိုက်တာပဲ…”
“ဟုတ်တယ်… ယခင်နှစ်တွေမှာ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ဒုတိယအဆင့်က အရှင်မြတ်အဆင့်နှောင်းပိုင်းရဲ့ ဖိအားကို ခံနိုင်ရုံပဲ လိုတယ်… ဒီတစ်ခေါက် ပါရမီရှင်တိုက်ပွဲကြီးက မိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ခြင်းအဖြစ် ပြောင်းလဲသွားတယ်…”
“မိစ္ဆာမျိုးနွယ်… သူတို့က လွန်ခဲ့တဲ့ နှစ်ငါးထောင်က တာအိုရွှမ်ကမ္ဘာကို တိုက်ခိုက်ခဲ့ပြီး တာအိုရွှမ်ကမ္ဘာကို ပျက်စီးလုနီးပါးဖြစ်အောင် လုပ်ခဲ့တဲ့ မိစ္ဆာကမ္ဘာက သက်ရှိတွေပဲ… သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားကောင်းတယ်… တန်ခိုးစွမ်းအင်ကလည်း အရမ်းကြမ်းတမ်းတယ်… ပြီးတော့ သွေးဆာပြီး အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်… ဒီတစ်ဆင့်မှာတော့ ကောင်းကင်ပါရမီရှင်တော်တော်များများ သေဆုံးသွားနိုင်လောက်တယ်…”
…
ပါရမီရှင်တိုက်ပွဲကြီး ဒုတိယအဆင့်၏ စည်းမျဉ်းများကို ကြေညာပြီးနောက်တွင် ၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူပွက်သွားသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။
ဒီဒုတိယအဆင့်က ဒီလောက်တောင် ခက်ခဲအောင် လုပ်ထားတာလား!?
“လူကြီးမင်းတို့… စိတ်ချပါ… လျို့ဝှက်နယ်မြေထဲက မိစ္ဆာမျိုးနွယ်တွေက ငါတို့ စစ်ဆေးပြီးသားတွေပဲ… သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က အရှင်မြတ်အဆင့်အောက်မှာပဲ ရှိတယ်… မင်းတို့ သတိထားပြီး ကိုယ့်ခွန်အားအလိုက် ပြိုင်ဘက်ကို ရွေးချယ်ရင် အထဲမှာ အလွယ်တကူ သေဆုံးသွားမှာ မဟုတ်ဘူး…”
ချီဖုန်းသည် လူတိုင်းကို ဤသို့ ဆိုလိုက်ပြီး နှစ်သိမ့်ပေးခဲ့သည်။
သို့သော် သိသာထင်ရှားစွာပင် လူအုပ်ကြီးသည် ထိုအရာကို လက်မခံကြဘဲ အဆုံးမရှိသော ဆူညံသံများဖြင့် ပေါက်ကွဲနေကြဆဲ ဖြစ်သည်။
“ဘာတွေ လာနောက်နေတာလဲ… ဒါက အသုံးဝင်လို့လား… မိစ္ဆာမျိုးနွယ်တွေက သဘာဝအရ သွေးဆာတယ်… သူတို့ကို ရန်မစဘဲနေရင်တောင် သူတို့က ငါတို့ကို မသတ်ဘူးလို့ အာမခံနိုင်လို့လား…”
လူတိုင်း သံသယများဖြင့် မေးခွန်းထုတ်နေကြသည်။
လူတိုင်း၏ မကျေနပ်မှုကို ချီဖုန်းသည် ဖြေရှင်းချက် ပြန်မထုတ်ဘဲ ဂရုမစိုက်သော အမူအရာဖြင့် ဖြည်းညင်းစွာ ဆိုလိုက်သည်။
“မင်းတို့ ကိုယ့်ကိုယ်ကို မနိုင်ဘူးလို့ ထင်ရင် အခုပဲ ထွက်သွားလို့ရတယ်… ဘယ်သူကမှ မင်းတို့ကို အတင်းအကျပ် ပါဝင်ခိုင်းတာ မဟုတ်ဘူး…”
“ဒီတစ်ခေါက် ပါရမီရှင်တိုက်ပွဲကြီးက အမတရှေးဟောင်းကမ္ဘာကို ဝင်ဖို့ အရည်အချင်းရှိသူတွေကို ရွေးချယ်တာ… မင်းတို့ ကိုယ့်ကိုယ်ကို မနိုင်ရင် ရွေးချယ်မှုစံနှုန်း တင်းကျပ်တာကို အပြစ်မတင်နဲ့… နားလည်လား…”
“အရင်ကလိုပဲ ပြောမယ်… ညံ့ရင် ပိုလေ့ကျင့်… မကစားနိုင်ရင် မကစားနဲ့…”