← Chapters

တတိယအဆင့်၊ ဇာတ်လမ်းစတင်ခြင်း (၂)

Vol. 8 Ch. 109

တတိယအဆင့်၊ ဇာတ်လမ်းစတင်ခြင်း (၂)

Vol. 8 Ch. 109

အကယ်၍ အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်ပြီး ထိုအတွင်းမှ ကြီးမားသော ကံကြမ္မာအခွင့်အလမ်းကို ရရှိမည်ဆိုပါက ၊ မိမိ၏ တစ်ဘဝတာ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည်ဟု ဆိုကြသည်။

ကျင့်ကြံသူများအတွက်မူ ဤသည်မှာ မတွန်းလှန်နိုင်သော အခွင့်အရေးတစ်ခုဖြစ်ပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ယှဉ်ပြိုင်စေရန် လုံလောက်သည်။

“မနက်ဖြန် ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့်မှာ စုရွှမ်နဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရှိမလား မသိဘူး...”

အမတနန်းတော်၏ ဆက်ခံသူ၊ မိစ္ဆာနတ်ဘုရားသားတော်နှင့် လင်းထျန်းတို့အားလုံးသည် ဤသို့သော အတွေးများ ရှိနေကြသည်။

သူတို့အားလုံးသည် အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များဖြစ်ကြရာ သဘာဝအတိုင်း အထွတ်အထိပ် ကောင်းကင်ပါရမီရှင်နှင့် ယှဉ်ပြိုင်လိုကြသည်။

“ရိုလီ... မနက်ဖြန်မှ တွေ့မယ်...”

စုရွှမ်သည် လမ့်ရိုလီကို ခပ်ဖွဖွ ပြုံးပြပြီးနောက် သူ့နေရာသို့ ပြန်သွားခဲ့သည်။

စုရွှမ်၏ ထွက်ခွာသွားသော နောက်ကျောပြင်ကို ကြည့်ရင်း လမ့်ရိုလီသည် သူမ၏ နီရဲသော နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။ သူမသည်လည်း စုရွှမ်နှင့် ယှဉ်ပြိုင်လိုသည်။

သို့သော် ပြန်လည်ဝင်စားသော အမတနယ်မြေ၏ ဧကရီတစ်ယောက်အနေဖြင့် ၊ သူမနှင့် စုရွှမ်ကြားက ကွာခြားမှုကို မည်သို့ မမြင်နိုင်ဘဲ နေမည်နည်း။

အနည်းဆုံးတော့ ယခုအချိန်တွင် သူမသည် စုရွှမ်၏ ပြိုင်ဘက် မဟုတ်သေးချေ။

“နောက်တစ်ခါပေါ့... နောက်တစ်ခါမှ စုရွှမ်ကို ချုပ်နှောင်မယ်...”

လမ့်ရိုလီသည် သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်သည်။

“အယ်... စုရွှမ်ဆိုတဲ့ အဲ့ကောင်လေး... ဒီလောက်မြန်မြန် ထွက်သွားတာ... ငါ က သူနဲ့ စကားနည်းနည်းလောက် ပြောချင်သေးတာလေ...”

ချီဖုန်းသည် စုရွှမ်၏ ထွက်ခွာသွားသော နောက်ကျောပြင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

…

နောက်တစ်နေ့ နံနက်စောစောတွင် စုရွှမ်သည် သူ၏ အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေစဉ်၊ သူ၏ ဦးနှောက်ထဲ၌ ရုတ်တရက် စနစ်၏ သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း!... လက်ထပ်ပြီး နှစ်ဆယ့်ကိုးရက်မြောက်နေ့အတွက် ဆုလာဘ်မှာ ဆယ်နှစ်တာ ကျင့်ကြံမှုဖြစ်သည် 】

နေမင်းသည် အရှေ့ဘက်မှ ထွက်ပေါ်လာပြီး ၊ ကျဆင်းလာသော နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်သည် နတ်ဘုရားကျောင်းတော်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ဒေါင်... ဒေါင်... ဒေါင်...

ခမ်းနားသော ခေါင်းလောင်းသံ သုံးချက်မှာ ကောင်းကင်သို့ ပဲ့တင်ထပ်သွားပြီး နတ်ဘုရားကျောင်းတော်၏ ထောင့်တိုင်းသို့ ပျံ့နှံ့ကာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို နှိုးဆော်လိုက်သည်။

ခေါင်းလောင်းသံကို ကြားသည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူများစွာသည် ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့် ကျင်းပရာနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

“တတိယအဆင့်ရဲ့ စည်းမျဉ်းကို ငါ မျိုးနွယ်စုထဲက အကြီးအကဲတွေဆီက ကြားဖူးတယ်... စင်မြင့် တစ်ရာ ထားရှိပြီး ကောင်းကင်ပါရမီရှင်တွေအချင်းချင်း စင်မြင့်ကို လုယက်နိုင်တယ်... သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ နောက်ဆုံး စင်မြင့်ပေါ်မှာ ကျန်ရှိနေတဲ့သူတွေက ထိပ်ဆုံးအယောက် တစ်ရာထဲ ဝင်ရောက်နိုင်မှာပဲ..”

“ရှုံးရင် စင်မြင့်ပေါ်က ဆင်း... နိုင်ရင် စင်မြင့်ကို သိမ်းပိုက်... နောက်ဆုံး ကျန်ရှိတဲ့ ကျင့်ကြံသူ အယောက် တစ်ရာက ထိပ်ဆုံး အ‌ယောက်တစ်ရာပဲ... ပြောရရင် ဒီလို စည်းမျဉ်းက ‘ကျန်ရစ်သူက ဘုရင်’ ပဲ ...”

“ဟုတ်တယ်... ထိပ်ဆုံး အယောက် တစ်ရာကို ရွေးချယ်ပြီးတာနဲ့ နောက်ဆုံးမှာတော့ ကောင်းကင်ပါရမီရှင်တစ်ယောက်ချင်းစီရဲ့ စင်မြင့်ပေါ်က အောင်ပွဲအရေအတွက်အလိုက် အဆင့်သတ်မှတ်မှာ...”

အချိန် မကုန်ဆုံးမီ ၊ တတိယအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သော ကျင့်ကြံသူ အယောက်တစ်သောင်းသည် ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်ရှိလာကြသည်။

ပွဲသည် အလွန် စည်ကားနေပြီး ၊ ကျင့်ကြံသူများက ပါရမီရှင်တိုက်ပွဲကြီး၏ တတိယအဆင့် စည်းမျဉ်းများကို ဆွေးနွေးနေကြသည်။

သူတို့ တစ်ယောက်ချင်းစီတိုင်းသည် စိတ်အားထက်သန်နေကြကာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လျက်ရှိသည်။

ဤနေ့တွင် အလယ်ပိုင်းဒေသမှ အဖွဲ့အစည်းများစွာ၊ မင်းဆက်ကြီးများ၊ မိသားစုကြီးများနှင့် မြင့်မြတ်နယ်မြေကြီးများအားလုံး ရောက်ရှိလာကြသည်။

သူတို့သည် ဤမျှ ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ပွဲတွင် တာအိုရွှမ်ကမ္ဘာ၏ အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များသည် မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို ကြည့်ရှုလိုကြသည်။

“ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့် စတင်ပြီ... တတိယအဆင့်ကို ဝင်ရောက်လာတဲ့သူတွေအားလုံးက တာအိုရွှမ်ကမ္ဘာရဲ့ အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တွေပဲ... တကယ်ကို မျှော်လင့်စရာပဲ...”

“ဟုတ်တာပေါ့... ဒီကောင်းကင်ပါရမီရှင်တွေက တာအိုရွှမ်ကမ္ဘာရဲ့ မျှော်လင့်ချက်တွေ... ဒီခေတ်ရဲ့ အတောက်ပဆုံး ဖြစ်တည်မှုတွေ... ဒါပေမဲ့ ဒီတစ်ကြိမ် ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမက ဘယ်သူဖြစ်မလဲ... ဘယ်အဖွဲ့အစည်းကလာတာလဲ မသိဘူး...”

“ဟားဟား... ငါကြားတာတော့ ဒီတစ်ကြိမ်မှာ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတယ်... ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ... မျက်လုံးနှစ်လွှာ... အဓိပတိရိုး... အစွမ်းထက်ဆုံး ခန္ဓာကိုယ်သုံးမျိုးကို ပိုင်ဆိုင်ပြီး မဟာဧကရာဇ် ပုံရိပ်ယောင် ငါးမျိုးကိုတောင် ကျင့်ကြံထားတယ်... သူကပဲ ပထမဖြစ်လောက်တယ်...”

အဖွဲ့အစည်းကြီးတစ်ခုမှ အကြီးအကဲတစ်ဦးက မုတ်ဆိတ်ကို ပွတ်သပ်ရင်း တွေးတောစွာ ဆိုလိုက်သည်။

“ဘာ... ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ... မျက်လုံးနှစ်လွှာ... အဓိပတိရိုး... ဒီခန္ဓာကိုယ်သုံးမျိုးက တစ်ယောက်တည်းပေါ်မှာ တစ်ပြိုင်နက် ရှိနေတယ် ... ပြီးတော့ သူက မဟာဧကရာဇ် ပုံရိပ်ယောင် ငါးမျိုးကိုတောင် ကျင့်ကြံထားသေးတယ် ဟုတ်လား...”

အဖွဲ့အစည်းတစ်ခုမှ အကြီးအကဲတစ်ဦးမှာ ကြောင်အမ်းသွားပြီး တံတွေးအနည်းငယ် မျိုချလိုက်မိသည်။

ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၊ မျက်လုံးနှစ်လွှာ၊ အဓိပတိရိုး... ဤခန္ဓာကိုယ်သုံးမျိုးထဲမှ တစ်မျိုးတည်းဖြင့် အထွတ်အထိပ် ကောင်းကင်ပါရမီရှင်တစ်ဦးကို ဖန်တီးရန် လုံလောက်သည်။

အစွမ်းထက်ဆုံး ခန္ဓာကိုယ်သုံးမျိုးသည် တစ်ဦးတည်းတွင် စုစည်းနေခြင်းသည် စိတ်ကူးမယဉ်နိုင်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဒီလို အံ့မခန်းတဲ့ ကောင်းကင်ပါရမီရှင်မျိုးက ကျင့်ကြံခြင်းသမိုင်းမှာတောင် ဒုတိယတစ်ယောက် ရှာမတွေ့နိုင်ဘူး... သူက ဘယ်ကလာတာလဲ... တာအိုရွှမ်ကမ္ဘာမှာ ဘယ်တုန်းက ဒီလို ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တာလဲ...”

ကြီးမြတ်သော ပုဂ္ဂိုလ်များစွာသည် အံ့အားသင့်စွာ ချီးကျူးလိုက်ကြသည်။

“အာ... မင်းတို့လို အဘိုးကြီးတွေက နေ့တိုင်း တာအိုရွှမ်ကမ္ဘာရဲ့ သတင်းတွေကို အာရုံမစိုက်လို့ပဲ... ငါကြားဖူးတာတော့ အဲဒီလူက စုရွှမ်လို့ခေါ်တယ်... မြောက်ပိုင်းနယ်မြေကလာတာ... စုမိသားစုက... စုရွှမ်ကျီရဲ့ မျိုးဆက်ပဲ...”

“ဘာ... စုရွှမ်ကျီရဲ့ မျိုးဆက် ?...”

စုရွှမ်ကျီဟူသော စကားလုံးသုံးလုံးကို ကြားလိုက်သည်နှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်များမှာ အနည်းငယ် တုန်ခါသွားကြသည်။

စုရွှမ်ကျီအကြောင်းကို သူတို့အားလုံး သေချာပေါက် သိရှိကြသည်။ လွန်ခဲ့သော နှစ်သုံးထောင်က ကမ္ဘာပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး တာအိုရွှမ်ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့သော ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ဦး ဖြစ်သည်။

“မင်း ဒီလိုပြောမှပဲ ငါလည်း သတိရလာတယ်... မကြာသေးခင်က စုရွှမ်ကျီ မသေဆုံးသေးဘူးဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒီတုန်းက ငါ သိပ်အာရုံမစိုက်ခဲ့ဘူး... သူ့ရဲ့ မျိုးဆက်က သူ့ထက်တောင် ပိုပြီး ကြောက်စရာကောင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး... ဒီလို ဖြစ်တည်မှုမျိုးက အရာအားလုံးကို လွှမ်းမိုးတော့မှာပဲ... ဒါပေမဲ့ ကံကောင်းတာက ဒီလို ဖြစ်တည်မှုမျိုးက ငါတို့ တာအိုရွှမ်ကမ္ဘာမှာ မွေးဖွားလာတာပဲ... တခြားကမ္ဘာမှာ မဟုတ်ဘူး...”

“…”

ပွဲမစတင်မီ ၊ အဖွဲ့အစည်းကြီးများမှ လာရောက်သော ပုဂ္ဂိုလ်များသည် ယနေ့ခေတ်၏ ပါရမီရှင်တိုက်ပွဲကြီး၏ ချန်ပီယံနှင့် ဖျက်မြင်း စုရွှမ်အကြောင်းကို စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

All Chapters