← Chapters

ပါရမီရှင်တိုက်ပွဲကြီး ဇာတ်သိမ်း၊ အသီးသီး၏ တုံ့ပြန်မှု

Vol. 8 Ch. 115

ပါရမီရှင်တိုက်ပွဲကြီး ဇာတ်သိမ်း၊ အသီးသီး၏ တုံ့ပြန်မှု

Vol. 8 Ch. 115

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့်များသည် ထိုအယောက်တစ်ရာပေါ်တွင် ကျရောက်နေသည်။

ဤကျင့်ကြံသူ အယောက် တစ်ရာသည် တာအိုရွှမ်ကမ္ဘာတစ်ခုလုံး၏ အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များ ဖြစ်သလို ၊ မျှော်လင့်ချက်လည်း ဖြစ်သည်။ နောင်တစ်ချိန်တွင် တာအိုကို သက်သေပြကာ ဧကရာဇ်ဖြစ်နိုင်ချေ အများဆုံးရှိသော ပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။

ကောင်းကင်ပါရမီရှင် အယောက်တစ်ရာကို ကြည့်ရင်း မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ စိတ်ထဲတွင် လေးစားခြင်းနှင့် ချီးကျူးခြင်းများ ဖြစ်ပေါ်လာကြသည်။

ကျင့်ကြံသူ အယောက် တစ်ရာအနက် အားအနည်းဆုံးမှာပင် ချမ်းသွမ့်အဆင့်အထွတ်အထိပ်ဖြစ်ရာ ၊ မျိုးဆက်ဟောင်း ကျင့်ကြံသူများမှာ မနေနိုင်ဘဲ ချီးကျူးလေတော့သည်။

ရွှေခေတ် ဆိုတဲ့အတိုင်း… ကောင်းကင်ပါရမီရှင်တွေရဲ့ ခုလိုအရှိန်အဝါကို အရင်က တခါမှ မမြင်ဖူးဘူး….

“လူကြီးမင်းတို့… သင်တို့ဟာ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ထိပ်ဆုံး အယောက်တစ်ရာထဲကို ဝင်ရောက်နိုင်ခဲ့တဲ့အတွက် အမတရှေးဟောင်းကမ္ဘာထဲကို ဝင်ရောက်ခွင့် ရရှိသွားပြီ… သင်တို့က ကျုပ်တို့ တာအိုရွှမ်ကမ္ဘာပဲ… ချီးကျူးထိုက်တဲ့ လူတွေပဲ…”

“ဒါပေမဲ့…”

ရုတ်တရက် ချီဖုန်း၏ စကားသံမှာ ပြောင်းလဲသွားပြီး ၊ ကျင့်ကြံသူအားလုံး၏ စိတ်ကို ဖမ်းစားနိုင်ခဲ့သည်။

ဒါပေမဲ့… ဘာလဲ?

“ဒါပေမဲ့ အမတရှေးဟောင်းကမ္ဘာထဲက အန္တရာယ်ကို သင်တို့လည်း သိကြမှာပါ… အမတရှေးဟောင်းကမ္ဘာမှာ အောင်နိုင်သူဖြစ်ဖို့က ကိုးပုံသေပြီး တစ်ပုံပဲရှင်သန်တယ်…အခု ထွက်ခွာချင်တယ်ဆိုရင် အချိန်ရသေးတယ်…”

“အကယ်၍ သင်တို့ အမတရှေးဟောင်းကမ္ဘာကို ဝင်ရောက်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်… ထွက်ခွာမသွားချင်ဘူးဆိုရင် သုံးရက်ကြာပြီးနောက် နတ်ဘုရားကျောင်းတော်မှာ ထပ်တွေ့ကြမယ်…”

ချီဖုန်း၏ ကျယ်လောင်သော အသံသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားကာ ကျင့်ကြံသူတိုင်း၏ နားထဲသို့ ရောက်ရှိသွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

အမတရှေးဟောင်းကမ္ဘာထဲတွင် အမှန်ပင် ကြီးမားသော ကံကြမ္မာအခွင့်အလမ်းများ ရှိသည်နှင့် အလျောက် ၊ စိတ်ကူးမယဉ်နိုင်သော အန္တရာယ်များလည်း ရှိပေသည်။

အနည်းငယ် သတိလက်လွတ်ဖြစ်သွားလျှင်ပင် ထိုထဲတွင် သေဆုံးသွားနိုင်ခြေ ရှိသည်။

ထို့ကြောင့် ဝင်ရောက်ခြင်းမပြုမီတွင် အမှန်တကယ်ပင် စဉ်းစားဆင်ခြင်ရန် လိုအပ်သည်။

ခဏတာ တိတ်ဆိတ်ပြီးနောက်၊

“သင်တို့… ကောင်းကောင်း စဉ်းစားပြီးကြပြီလား…”

ချီဖုန်းသည် ထပ်မံ ပြောဆိုလိုက်သည်။ သူ၏ အသံသည် ယခင်ကအတိုင်းပင် ကျယ်လောင်ပြီး ကောင်းကင်ဘုံသံစဉ်ကဲ့သို့ ပြင်းထန်လှသည်။

“ ကျွန်တော်တို့… ဝင်ရောက်ချင်ပါတယ်…”

ကျင့်ကြံသူတစ်ဦးသည် ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ သူ၏ လေသံသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။

တစ်ယောက်က ပြန်ဖြေသည်နှင့် ကျန်သူများကလည်း ထိုနည်းတူစွာ အော်ဟစ်လိုက်ကြသည်။

“အမတရှေးဟောင်းကမ္ဘာကို ဝင်ရောက်ပြီးရင် နောင်တရမှာ မဟုတ်ဘူး…”

“တိုက်ပွဲကြီးခေတ်မှာ… ဒီခေတ်မှာ မယှဉ်ပြိုင်ရင်… ဘယ်အချိန်မှ ယှဉ်ပြိုင်တော့မှာလဲ…”

“အမတရှေးဟောင်းကမ္ဘာကို မဖြစ်မနေ ဝင်မယ်…”

သွေးများပွက်ပွက်ဆူနေသော အသံများသည် လေဟာနယ်ထဲ၌ ထွက်ပေါ်လာသည်။ ၎င်းတို့ အားလုံးသည် တာအိုရွှမ်ကမ္ဘာမှ ကောင်းကင်ပါရမီရှင်များ၏ အော်ဟစ်သံများ ဖြစ်ပေသည်။

တာအိုရွှမ်ကမ္ဘာသည် လောကသုံးထောင်ထဲတွင် အလယ်အလတ်အဆင့်တွင်သာ ရှိပြီး၊ အပြင်ဘက်မှ စွမ်းအားရှင်များ၏ ကျူးကျော်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။

အကြောင်းရင်းကို ရှာဖွေကြည့်လျှင်ဖြင့်၊ ဤသည်မှာ တာအိုရွှမ်ကမ္ဘာတွင် အကြွင်းမဲ့ အားကောင်းသော ကျင့်ကြံသူတစ်ဦးမှ မရှိသောကြောင့် ဖြစ်သည်။

ယခုအခါတွင်မူ ၊ ရွှေခေတ်ကြီး စတင်ပြီဖြစ်ရာ တာအိုရွှမ်ကမ္ဘာမှ ကောင်းကင်ပါရမီရှင်များလည်း ထွန်းတောက်ရန် အချိန်တန်ချေပြီ။

အမတရှေးဟောင်းကမ္ဘာကို လွှမ်းမိုးကာ ဧကရာဇ်လမ်းစတွင် အောင်နိုင်သူဖြစ်ရမည်။

အကယ်၍ ထိုသို့သော ဖြစ်တည်မှုမျိုး ပေါ်ထွက်လာပါက ၊ လောကသုံးထောင်တွင် မည်သည့်သက်ရှိမျှ တာအိုရွှမ်ကမ္ဘာကို အထင်သေးဝံ့မည် မဟုတ်တော့ချေ။

“သင်တို့ နောင်တမရဘူးဆိုရင် သုံးရက်ကြာပြီးနောက် ဒီနေရာမှာပဲ… စုစည်းပြီး ထွက်ခွာမယ်…”

“ကောင်းပြီ…”

“ကောင်းပြီ…”

“ကောင်းပြီ…”

…

တာအိုရွှမ်ကမ္ဘာ ပါရမီရှင်တိုက်ပွဲကြီးမှာ ဇာတ်သိမ်းသွားပြီး ၊ ထိပ်တန်းကောင်းကင်ပါရမီရှင်အပေါင်း၏ မာနကြီးသော တိုက်ပွဲမှတ်တမ်းများမှာလည်း တာအိုရွှမ်ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထိုအထဲတွင် စုရွှမ်၏ တိုက်ပွဲမှတ်တမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

တစ်ခဏအတွင်းမှာပင် ၊ စုရွှမ်၏ အမည်နာမသည် လောကကြီးကို ကြီးကြီးမားမား ရိုက်ခတ်‌စေခဲ့သည်။

အလယ်ပိုင်းဒေသ၊ အရှေ့ပိုင်းစွန့်ပစ်နယ်မြေ၊ အနောက်ပိုင်းနယ်မြေ၊ တောင်ပိုင်းအရိုင်းနယ်မြေ စသော အဖွဲ့အစည်းကြီးများစွာမှ ကျင့်ကြံသူများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

စုရွှမ်တဲ့..

အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်လေးတစ်ယောက်က တာအိုရွှမ်ကမ္ဘာ မျိုးဆက်သစ်လူငယ်တွေကို လွှမ်းမိုးအနိုင်ယူပြီး ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမဖြစ်လာသတဲ့ !!

…

မြောက်ပိုင်းနယ်မြေ စုမိသားစု။

“ဟားဟားဟား… ရွှမ်အာက တကယ်ပဲ တာအိုရွှမ်ကမ္ဘာ ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမနေရာကို ရသွားတယ်… ငါ သိသားပဲ… ငါ သိသားပဲ… ငါတို့ ရွှမ်အာက အကောင်းဆုံးပဲ…”

စုယွင်ထျန်းမှာ ထိုသတင်းကြားပြီး ပျော်ရွှင်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်တော့ဘဲ မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားသည်။

“ရွှမ်အာက တကယ်ပဲ တော်တာပဲ… ဒါပေမဲ့ ဒီလိုသာဆို ရွှမ်အာက တာအိုရွှမ်ကမ္ဘာကို ကိုယ်စားပြုအနေနဲ့ အမတရှေးဟောင်းကမ္ဘာကို ဝင်ရောက်ပြီး လောကသုံးထောင်က ထိပ်တန်းကောင်းကင်ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရတော့မှာ မဟုတ်လား…”

ကျန်းယွဲ့မှာ စုရွှမ်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်နေသည်။

သို့သော် မိခင်တစ်ယောက်အနေဖြင့် သူမသည် နောက်ဆက်တွဲကိစ္စများကို စဉ်းစားနေပြီဖြစ်ပြီး မျက်နှာထက်တွင် စိုးရိမ်မှုများ ရှိနေခဲ့သည်။

“စိတ်မပူပါနဲ့… ယွဲ့အာ… မင်း ငါတို့ ရွှမ်အာက ကြီးမားတဲ့ ကံကြမ္မာပိုင်ရှင်ဖြစ်ပြီး ကောင်းချီးများစွာ ပိုင်ဆိုင်ထားတာဖြစ်လို့ သေဆုံးဖို့မဖြစ်နိုင်ဘူးဆိုတာ ယုံကြည်ထားရမယ်…”

စုယွင်ထျန်းသည် ကျန်းယွဲ့၏ စကားကို ကြားပြီး သူ့စိတ်ထဲတွင် စိုးရိမ်စိတ်အနည်းငယ် ဖြစ်ပေါ်လာခဲ့သော်လည်း ၊ သူသည် ကျန်းယွဲ့ကို နူးညံ့စွာဖြင့် နှစ်သိမ့်ပေးလိုက်သည်။

“ဟားဟားဟား… ငါ သိသားပဲ… စုရွှမ်က… ရေကန်ထဲက ပစ္စည်းမဟုတ်ဘူး… လေနဲ့ တိမ်တိုက်တွေကို တွေ့ဆုံပြီး စစ်မှန်တဲ့ နဂါးတစ်ကောင်အဖြစ် ကောင်းကင်ဘုံကိုးထပ်မှာ ပျံသန်းတော့မှာ…”

“အလယ်ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကြီး ဆိုတာ… မြစ်ချောင်းအသွယ်သွယ် ပေါင်းဆုံရာ ပင်လယ်ကြီးတစ်ခုလိုပဲ… ဒါပေမဲ့ ဒီလိုအခြေအနေမှာတောင် စုရွှမ်က ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တယ်… ငယ်ငယ်ကတည်းက ငါ့နောက်ကို လိုက်ခဲ့တဲ့ ကောင်လေး ပီသပါပေတယ်”

စုမိသားစု၏ ဘိုးဘေးဘုရားကျောင်းထဲတွင် ရှိနေသော စုရွှမ်ကျီသည် သူ၏ နတ်အာရုံဖြင့် တစ်ချက်လှမ်းကြည့်လိုက်ရာ ဤသတင်းကို သိရှိသွားပြီး ၊ အရက်ပြင်းများစွာကို ဆက်တိုက် မော့သောက်ရင်း အတော်လေး စိတ်လှုပ်ရှားနေသည်။

အရှေ့ပိုင်းစွန့်ပစ်နယ်မြေ၊ တာယန်မြင့်မြတ်နယ်မြေ။

“သွားပြီ… စုရွှမ် ဒီကောင်လေးက တကယ်ပဲ ထိပ်ဆုံးကို ရောက်သွားတယ်… ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမကို ရသွားတယ် …”

မြင့်မြတ်သခင်၏ ခန်းမထဲတွင် တာယန်မြင့်မြတ်သခင်မှာ ထိုသတင်းကို ကြားပြီးနောက် လုံးဝ တည်ငြိမ်မနေနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့သည်။

သူသည် အတော်လေးကို စိတ်လှုပ်ရှားနေပုံရသည်။

သူ၏ အမြင်တွင် စုရွှမ်သည် ထိပ်ဆုံး အယောက်တစ်ရာထဲကို ဝင်ရောက်နိုင်လျှင်ပင်၊ တာယန်မြင့်မြတ် နယ်မြေအတွက် ကြီးမားစွာ ဂုဏ်ဆောင်ခဲ့သည်ဟုပင် ဆိုနိုင်သည်။

ပထမကိုမူ တာယန်မြင့်မြတ်သခင်အနေဖြင့် အိပ်မက်ထဲတွင်ပင် မတွေးဝံ့ချေ။

တာယန်မြင့်မြတ်သခင်သည် လွန်ခဲ့သော နှစ်တစ်ထောင်က ပါရမီရှင်တိုက်ပွဲကြီးကို ကိုယ်တိုင် သွားရောက်ခဲ့ဖူးသည်ကို သင် သိထားရမည်။

ထိုအချိန်က သူသည် ထိပ်ဆုံး အယောက်တစ်ထောင်ထဲသို့ပင် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

၎င်းမှာ သူ၏ အဆုံးစွန်ပင် ဖြစ်သည်။

ထိုနေရာမှ ကောင်းကင်ပါရမီရှင်များသည် သူ့ကို တောင်ကြီးတစ်လုံးအား ဖြတ်ကျော်ရန် မဖြစ်နိုင်သော ခံစားချက်ကို ပေးစွမ်းခဲ့သည်။

သို့သော် စုရွှမ်သည် ခေတ်တစ်ခေတ်ကို လွှမ်းမိုးကာ ပထမဖြစ်လာခဲ့သည်။

“ဟားဟားဟား… ဒီခေတ်မှာ.. ငါ့တာယန်မြင့်မြတ်နယ်မြေကနေ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီ…”

တာယန်မြင့်မြတ်သခင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ ဂုဏ်သိက္ခာကိုပင် မထိန်းသိမ်းနိုင်တော့ဘဲ ကောင်းကင်သို့ မော့၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“စုရွှမ် ဒီကောင်လေး ပါရမီရှင်တိုက်ပွဲကြီးမှာ ပထမရတယ်… ကောင်းကင်ပါရမီရှင်အားလုံးကို ချေမှုန်းတယ်… ငါ နှစ်တစ်သောင်းအကြာကထက်တောင် ပိုပြီး အံ့သြဖို့ကောင်းတာပဲ…”

မြင့်မြတ်နယ်မြေ တားမြစ်နယ်မြေထဲတွင် ရှိနေသည့် တာယန်ဘိုးဘေးကြီး၏ လှပသော မျက်ဝန်းသည် ထူးဆန်းစွာ ဝင်းလက်တောက်ပသွားသည်။ သူမသည် လက်ထဲက လက်ဖက်ရည်ကြမ်းကို ညင်သာစွာ တစ်ငုံသောက်လိုက်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

စုရွှမ်သည် အလယ်ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲကြီး၏ ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့သည့်အပေါ် တာယန်ဘိုးဘေးကြီးမှာ ထွေထွေထူးထူး အံ့သြသွားခြင်း မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ စုရွှမ်သည် ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ၊ မျက်လုံးနှစ်လွှာ ၊ အဓိပတိရိုးကို ပိုင်ဆိုင်ထားသည့်အပြင် မဟာဧကရာဇ် ပုံရိပ်ယောင်များစွာကို ကျင့်ကြံထားသူ ဖြစ်သည်။

ထိုသို့ စဉ်းစားလျှင်ဖြင့် စုရွှမ်သည် အမြင့်သို့ ရောက်ရှိနိုင်ခြင်းမှာ မဆန်းတော့ချေ။

“ဒီလိုဆိုရင် စုရွှမ်က အမတရှေးဟောင်းကမ္ဘာကို သွားတော့မှာပဲ… အထဲမှာ ကံကြမ္မာအခွင့်အလမ်းတွေ မရေမတွက်နိုင်အောင် ရှိတယ်… စုရွှမ်ရဲ့ ခွန်အားနဲ့ဆိုရင် အထဲမှာ အောင်နိုင်သူဖြစ်မှာ သေချာတယ်…”

“ဒါပေမဲ့ သူ့ရဲ့ စရိုက်အရ အဖွဲ့အစည်းအချို့ကို ရန်စမိမှာ သေချာတယ်…”

“ကြည့်ရတာ ငါ တာအိုရွှမ်ကမ္ဘာမှာ နေခဲ့တာ မှန်သွားတယ်…”

တာယန်ဘိုးဘေးကြီးသည် တည်ငြိမ်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

အမတရှေးဟောင်းကမ္ဘာ ပွင့်သည်နှင့် စုရွှမ်သည် ထိုထဲသို့ ဝင်ရောက်ပြီး အပြင်ဘက်မှ အဖွဲ့အစည်းများစွာကို ရန်စမိမည်မှာ သေချာသည်။

အကယ်၍ သူမသည် တာအိုရွှမ်ကမ္ဘာတွင် မရှိပါက ၊ စုရွှမ်သည် အမှန်တကယ်ပင် သေဆုံးသွားနိုင်ခြေ ရှိသည်။

သို့သော် သူမသည် တာအိုရွှမ်ကမ္ဘာတွင် ရှိနေသ‌ရွေ့ လောကသုံးထောင်လုံးက လာသူတိုင်း မုချဧကန် သေရမည်။

စုရွှမ်ကို သူမ ကာကွယ်မည်။ မည်သူမျှ ထိခိုက်ခွင့်ပြုမည်မဟုတ်။

…

အလယ်ပိုင်းဒေသ၊ ကျိမိသားစု။

“ဘာ… ငါ လွှတ်လိုက်တဲ့ သေမင်းတမန်က စုရွှမ်ကို မသတ်နိုင်ရုံတင်မကဘူး သူ့ကို ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမကိုတောင် ရသွားစေတယ် ? ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

“အဲဒီကောင်က အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ပုရွက်ဆိတ်တစ်ကောင်ပဲ မဟုတ်လား… အလယ်ပိုင်းဒေသတစ်ခုလုံးမှာ သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ ကောင်းကင်ပါရမီရှင်တစ်ယောက်မှ မရှိဘူးလား…”

ကျိချန်တောက်မှာ ကြောင်အမ်းသွားပြီး၊ သူ၏ မျက်နှာအမူအရာမှာ ကြည့်ရဆိုးနေခဲ့သည်။

စုရွှမ်သည် သူ၏သားကို ဖျက်ဆီးခဲ့သည်မှာ ဘာမျှမဟုတ်ချေ။

သို့သော် သူကိုယ်တိုင် စုရွှမ်ကို သတ်ရန် လူလွှတ်ခဲ့သည်။ ဤသည်မှာ ကျိမိသားစုနှင့် စုရွှမ်တို့ကြားတွင် ရန်ငြိုးဖွဲ့ပြီးဖြစ်သည်ဟု ဆိုလိုသည်။

ဤအခြေအနေထိ ရောက်ရှိလာပြီဖြစ်ရာ ၊သူ့တွင် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ချေ။ စုရွှမ်ကို သတ်နိုင်မှသာလျှင် အဆုံးသတ်နိုင်ပေလိမ့်မည်။

“လာစမ်း…”

ကျိချန်တောက်သည် တစ်ချက် အော်ဟစ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လေဟာနယ်သည် ကွဲအက်သွားပြီး ၊ အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် ခန်းမကြီးထဲတွင် ပေါ်ထွက်လာသည်။

ထိုပုံရိပ်သည် ပိန်ပိန်ပါးပါး ယောက်ျားတစ်ယောက်ဖြစ်ပြီး ၊ သူ၏အရှိန်အဝါသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ၏ ကိုယ်ခန္ဓာပတ်လည်တွင် ဖျော့တော့သော နိယာမစွမ်းအင်များ လည်ပတ်နေခြင်းပင်။

ထိုသူသည် အရှင်မြတ်အဆင့် အထွတ်အထိပ် ဖြစ်ကာ သူတော်စင်အဆင့်သို့ ဝင်ရောက်လုနီးပြီ ဖြစ်သည်။

ဤကဲ့သို့သော စွမ်းအားရှင်သည် မြောက်ပိုင်းနယ်မြေတွင် ထွက်ပေါ်လာမည်ဆိုပါက ၊ ဧရာမ ပုဂ္ဂိုလ်တစိဦးအဖြစ် တင်စားခံရနိုင်သည်။

သို့သော် ကျိမိသားစုတွင် သူသည် သေမင်းတမန်တစ်ဦးမျှသာ ဖြစ်သည်။

“စုရွှမ်က ပါရမီရှင်တိုက်ပွဲကြီးမှာ ပထမ နေရာကို ရသွားပြီ… မင်း… သူ့ကို သတ်လိုက်…”

ကျိချန်တောက်၏ မျက်နှာမှာ မည်းမှောင်နေပြီး ၊ သူ၏လေသံမှာ အေးစက်နေသည်။

“ကောင်းပြီ…”

အနက်ရောင်ဝတ်ရုံနှင့် ယောက်ျားသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ထို့နောက်တွင် သူသည် ခေါင်းညိတ်ကာ ခန်းမကြီးထဲမှ ပျောက်ကွယ်သွား‌လေသည်။

“ဟားဟား… စုရွှမ်… စုရွှမ်… မင်းရဲ့ ကျော်ကြားမှုကိုပဲ အပြစ်တင်လိုက်တော့… ‘တောအုပ်ထဲမှာ ပိုမြင့်တဲ့သစ်ပင်ကို လေပိုတိုက်တယ်’ ဆိုတဲ့ အဆိုကို မင်း မသိဘူးလား…”

…

All Chapters