← Chapters

အရာအားလုံးကို ချုပ်နှောင်ခြင်း။ ဤသည်မှာ တစ်ယောက်တည်းသောသူ၏ မဟာခေတ်

Vol. 8 Ch. 113

အရာအားလုံးကို ချုပ်နှောင်ခြင်း။ ဤသည်မှာ တစ်ယောက်တည်းသောသူ၏ မဟာခေတ်

Vol. 8 Ch. 113

ယခုအခါတွင် လင်းထျန်းမှာ သေဆုံးနေသော ခွေးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ၊ ယခင်က စိတ်ဓာတ်တက်ကြွမှုသည် တစ်စုံတစ်ရာမျှပင် မရှိတော့ဘဲ အတော်လေး ဆိုးရွားနေသည်။

“နောင်တစ်ချိန်မှာ ဒီအလယ်ပိုင်းဒေသရဲ့ ကောင်းကင်ပါရမီရှင် ပထမဆိုတဲ့ နာမည်က ငါ့အတွက်ပဲ …”

စုရွှမ်၏ အသံသည် တည်ငြိမ်နေပြီး လေဟာနယ်ထဲတွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

ထိုစကားများသည် ကျင့်ကြံသူတိုင်း၏ နားထဲသို့ ကျရောက်သွားပြီး ၊ မိုးခြိမ်းသံကဲ့သို့ သူတို့၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

လူတိုင်း သတိမပြန်ဝင်မီမှာပင် “ဘုန်း” ဟူသော အသံတစ်ခုနှင့်အတူ စုရွှမ်သည် ခြေတစ်ဖက်တည်းဖြင့် လင်းထျန်းအား ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

အမ်…

တစ်ခဏအတွင်းမှာပင် လျို့ဝှက်နယ်မြေထဲတွင်ဖြစ်စေ၊ အပြင်ဘက်တွင်ဖြစ်စေ ဤမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူတိုင်း တုန်လှုပ်သွားကြသည်။

အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်းတွင် ပထမဖြစ်သော လင်းထျန်းသည် စုရွှမ်၏ လက်အောက်တွင် ခွေးတစ်ကောင်ကဲ့သို့ ချေမှုန်းခံလိုက်ရသည်။

မူလက သူတို့နှစ်ဦးကြားတွင် ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခုကို ဆင်နွဲရမည်ဟု ထင်မှတ်ခဲ့သော်လည်း ၊ တကယ်တန်းတွင် လုံးဝ အဆင့်မတူကြောင်းကို သိလိုက်ရသည်။

ဤသို့သော ကွာခြားမှုကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာသည်။

ဤလူငယ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။

ယွီဟွာမင်းဆက်မှ လူများမှာ လုံးဝ ကြောင်အမ်းသွားကြသည်။

သူတို့၏ မြင့်မြတ်သားတော်သည် ယွီဟွာနတ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အပြင် ဘိုးဘေးကြီး၏ အမွေအနှစ်ကို ရရှိထားရာ တစ်ဘဝတာ ပြိုင်ဘက်ကင်းပြီး အရာအားလုံးကို လွှမ်းမိုးရမည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ချေမှုန်းခံခဲ့ရသနည်း။

ဤသည်မှာ အိပ်မက်တစ်ခုပင် မဟုတ်သလော။

ယွီဟွာမင်းဆက်အတွက်မူ ဤသည်မှာ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။

…

စုရွှမ်သည် မျက်နှာအမူအရာမပြောင်းဘဲ စင်မြင့်ထက်တွင် ရပ်နေပြီး သူ၏ ဝတ်ရုံပေါ်မှ ဖုန်မှုန့်များကို ညင်သာစွာ ခါချလိုက်သည်။ ထို့နောက် သူ့ကို စိုက်ကြည့်နေသော ပါရမီရှင်များကို တည်ငြိမ်စွာဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။

ဤတစ်ချက်တည်းသော အကြည့်ကြောင့်ပင် လူတိုင်း အရိုးထဲထိ အေးစက်သော ခံစားမှုကို ခံစားလိုက်ရပြီး ၊ အားလုံး ခေါင်းငုံ့‌နေကြကာ စုရွှမ်နှင့် မျက်နှာချင်းမဆိုင်ဝံ့တော့ချေ။

စုရွှမ်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အရိပ်ကဲ့သို့ လှုပ်ရှားသွားကာ တစ်မုဟုတ်ချင်းမှာပင် အခြားစင်မြင့်တစ်ခုထက်သို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။

စင်မြင့်ထက်မှ ထိုကျင့်ကြံသူမှာ ချက်ချင်းပင် သတိပြန်ဝင်လာသည်။

သူသည် စင်မြင့်အောက်သို့ ထွက်ပြေးသွားပြီး တစ်ကိုယ်လုံး ထိတ်လန့်နေကာ နောက်သို့ လှည့်ကြည့်ရန်ပင် မဝံ့ချေ။

သေစမ်း…ဒီကောင် စုရွှမ်က လုံးဝ လူမဟုတ်ဘူး!

သူ့အနေနဲ့ ရန်မစဝံ့မှတော့ ဒါဆို ရှောင်ရုံပေါ့ မဟုတ်ဘူးလား…

စုရွှမ်မှာ ကြောင်အမ်းသွားသည်။

ဒါ ဘယ်လိုဖြစ်တာလဲ?

ဒီကောင်တွေက သူနဲ့ ထပ်မကစားတော့ဘူးလား?

သို့သော် ဤသည်မှာလည်း အရေးမကြီးချေ။

မည်သို့ပင်ဖြစ်စေ သူတို့ စင်မြင့်ပေါ်မှ ဆင်းသွားခြင်းသည် သူတို့ ရှုံးနိမ့်ရာရောက်ပြီး ၊ ယင်းကို သူ၏ အောင်ပွဲအရေအတွက်အဖြစ် ရေတွက်သည်။

စုရွှမ်သည် ကိုယ်တစ်ချက်လှုပ်ကာ နောက်တစ်ဆင့် စင်မြင့်သို့ ထွက်ခွာသွားသည်။

မကြာမီပင် စုရွှမ်သည် မိစ္ဆာနတ်ဘုရားသားတော်၏ စင်မြင့်သို့ ရောက်ရှိသွားသည်။

“ဟားဟားဟား… စုရွှမ်… ငါ မင်းကို စောင့်နေတာ ကြာပြီ…”

မိစ္ဆာနတ်ဘုရားသားတော်သည် အလွန် စိတ်လှုပ်ရှားနေဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အသံမှာ အလွန် ခန့်ညားပြီး ကောင်းကင်ဘုံကိုးထပ်သို့ ပဲ့တင်ထပ်သွားသည်။

စုရွှမ်သည် ပြုံးလိုက်သည်။ နောက်ဆုံးတော့ သူနှင့် တိုက်ခိုက်ဝံ့တဲ့သူတစ်ယောက် ရှိလာခဲ့ပြီ ဖြစ်သည်။

“စလိုက်ကြရအောင်…” စုရွှမ်သည် တည်ငြိမ်စွာ ဆိုလိုက်သည်။

“စမယ်…”

မိစ္ဆာနတ်ဘုရားသားတော်သည် သူ့ လက်ကို ဝှေ့ယမ်းလိုက်ရာ မိစ္ဆာချီများသည် ကောင်းကင်သို့ ထိုးတတ်သွားပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ၏ မျက်ဝန်းတစ်စုံသည် ချက်ချင်း နီရဲသွားပြီး သွေးလမင်းနှင့် တူနေသည်။

စုရွှမ်ကို ရင်ဆိုင်ရင်း မိစ္ဆာနတ်ဘုရားသားတော်ကဲ့သို့ မာနကြီးသော ပုဂ္ဂိုလ်ပင်လျှင် အနည်းငယ်မျှ ပေါ့ဆခြင်းမပြုဝံ့ဘဲ တိုက်ရိုက် အစွမ်းကုန်ထုတ်သုံးပြီး နည်းလမ်းများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

စုရွှမ်သည် တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပြီး၊ သူ့ညာလက်ကို ညင်သာစွာ မြှောက်ကာ ထိုးနှက်လိုက်သည်။

ဘုန်း…

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ၏ အရှိန်အဝါသည် လေဟာနယ်ထဲတွင် ပျံ့နှံ့သွားပြီး ၊ မည်မျှ ဝေးကွာသော နေရာအထိ ရောက်ရှိသွားသည်ကို မသိနိုင်ဘဲ ဘေးမှ စင်မြင့်ပေါ်မှ ကျင့်ကြံသူများကိုပင် တိုက်ရိုက် လွင့်ထွက်သွားစေသည်။

စုရွှမ်သည် ပြောင်းလဲသွားခြင်း မရှိသော မျက်နှာထားဖြင့် ယခင်က အတိုင်းပင် ချေမှုန်းလိုက်သည်။

မိစ္ဆာနတ်ဘုရားသားတော်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွားပြီး မယုံကြည်နိုင်စွာဖြင့် စုရွှမ်ကို စိုက်ကြည့်နေသည်။

သူ… ရှုံးနိမ့်သွားသတဲ့လား ?

ဒါတင်မက တစ်ကွက်တည်းနဲ့ ချေမှုန်းခံလိုက်ရတာလား…

စောနက ခံစားချက်ကို ပြန်စဉ်းစားကြည့်လျှင်ဖြင့် ၊ သူသည် တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသကဲ့သို့ပင်။

“မင်း ရှုံးပြီ…”

စုရွှမ်က တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

ဝိုး…

တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူအားလုံးမှာ တုန်လှုပ်ခြောက်ခြားသွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

မိစ္ဆာနတ်ဘုရားနန်းတော်မှ မိစ္ဆာနတ်ဘုရားသားတော်ပင်လျှင် ထိုနည်းတူစွာ ပြတ်ပြတ်သားသား ရှုံးနိမ့်ကာ တစ်ကွက်တည်းဖြင့် ချေမှုန်းခံလိုက်ရသည်။

ဒီကောင် စုရွှမ်က တကယ်ပဲ တာအိုရွှမ်ကမ္ဘာက ကောင်းကင်ပါရမီရှင်လား!?

ဘာလို့ ဒီလောက်တောင် ကြောက်မက်ဖွယ်ကောင်းနေရတာလဲ ?

“စုရွှမ်ဒီကောင်ရဲ့ ခွန်အားက ထပ်တိုးတက်သွားတာလား… လွန်ခဲ့တဲ့ရက်အနည်းငယ်ကထက် ပိုပြီး ကြောက်စရာကောင်းလာတယ်လို့ ခံစားရတယ်…”

လမ့်ရိုလီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများသည် ထူးဆန်းစွာ တောက်ပသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“စုရွှမ်က ငါထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်… ဒီလိုကြည့်ရင်တော့ ငါလည်း သူ့ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး…”

ဝေးကွာသော စင်မြင့်ထက်တွင် အမတနန်းတော်၏ ဆက်ခံသူသည် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် လင်းထျန်းနှင့် မိစ္ဆာနတ်ဘုရားသားတော်တို့ထက် အားကောင်းသည်ဟု သူကိုယ်သူ ထင်မှတ်သော်လည်း ထိုမျှလောက်တော့ မသာလွန်လှချေ။

သူတို့နှစ်ဦးသည်ပင် စုရွှမ်၏ ချေမှုန်းခြင်းကို ခံရလျှင်ဖြင့်

သူသည်လည်း‌ ကောင်းနိုင်မည် မထင်။

ထိုသို့ စဉ်းစားမိပြီး အမတနန်းတော်၏ ဆက်ခံသူမှာ ရုတ်တရက် ထိတ်လန်ကာ စိတ်ထဲ၌ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

ဤသည်မှာ အလွန် မယုံနိုင်စရာပင်။

အမတနန်းတော်ထဲတွင် သူသည် အသန်မာဆုံး ကောင်းကင်ပါရမီရှင်ဟု ချီးကျူးခံရပြီး၊ ဤခေတ်တွင် မဟာဧကရာဇ် ဖြစ်လာနိုင်ခြေ အလွန်များကာ မသေမျိုး အမတဖြစ်လာလျှင်ပင် မဖြစ်နိုင်စရာ မရှိသော ဖြစ်တည်မှု ဖြစ်သည်။

သို့သော် ပါရမီရှင်တိုက်ပွဲကြီးသို့ ရောက်လာပြီး စုရွှမ်ဟူသော ဤမိစ္ဆာကောင်နှင့် တွေ့ဆုံလိုက်ရချိန်တွင် အမတနန်းတော်၏ ဆက်ခံသူမှာ သေးနုပ်သော ခံစားမှုကို ခံစားလိုက်ရသည်။

“အရမ်းအားကောင်းတယ်… စုရွှမ် က အရမ်းအားကောင်းလွန်းတယ်… အငြင်းပွားဖွယ်ရာ မရှိတဲ့ ပထမ… ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… ငါတို့ သူ့ကို တွေ့ရင် ရေတွင်းထဲက ဖားက လကို မြင်သလို… သမုဒ္ဒရာထဲက ပိုးကောင်က ကောင်းကင်ကို မြင်သလိုပဲ…”

“အာ… ရွှေခေတ်ဆိုတာ ဒါပဲ… ဒါပေမဲ့ ဒါကလည်း တစ်ယောက်တည်းသောသူရဲ့ မဟာခေတ်ပဲ ဖြစ်ပုံရတယ်…”

“ထားလိုက်ပါတော့… ထားလိုက်ပါတော့… စုရွှမ်နဲ့ ထပ်တွေ့ရင် သူ့ကို ရှောင်လိုက်တာပဲ ကောင်းတယ်… ငါကတော့ သူ့လက်ချက်နဲ့ သေဆုံးချင်စိတ်မရှိဘူး… ထိပ်ဆုံး အယောက်တစ်ရာထဲဝင်ရင်ကို ကျေနပ်ပြီ…”

မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုသို့ဆိုလိုက်ကြသည်။

လျို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်။

“အရမ်း ကြောက်စရာကောင်းတာပဲ… ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… တကယ့်ကို သရဖူမဆောင်းရသေးတဲ့ ဘုရင်ပဲ…”

“အရမ်းအားကောင်းတယ်… ဒီလို ကောင်းကင်ပါရမီရှင်မျိုး တစ်ခါမှ မမြင်ဖူးဘူး…”

“တိုက်ပွဲကြီးခေတ်မှာ ကောင်းကင်ပါရမီရှင်တွေ ပေါ်ထွက်လာပြီး ကြယ်တွေလို တောက်ပနေတယ်… ဒါပေမဲ့ တကယ်ပဲ ‘အတူတကွ ပေါ်ထွက်’ တာလား… တစ်ယောက်တည်း ထူးချွန်ပြောင်မြောက်နေတာပဲ ဖြစ်ပုံရတယ်…”

အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများမှာ ဤသို့ ဆိုလိုက်ကြသည်။

မိစ္ဆာနတ်ဘုရားသားတော်ကို ချေမှုန်းပြီးနောက် လျို့ဝှက်နယ်မြေထဲတွကယင် မည်သူမျှ စုရွှမ်ကို ရင်ဆိုင်ဝံ့ခြင်း မရှိတော့ဘဲ စုရွှမ် စင်မြင့်ပေါ်သို့ တက်လာသည်ကို မြင်သည်နှင့် အားလုံးမှာ စင်မြင့်အပြင်ဘက်သို့ ထွက်ပြေးကြသည်။

ထို့ကြောင့် ဤသည်မှာ အလွန် ထူးဆန်းသော အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။

လျို့ဝှက်နယ်မြေထဲတွင် စင်မြင့်ထက်ရှိ ကျင့်ကြံသူများမှာ ဆက်တိုက်ဆိုသလို ပြောင်းလဲနေကြသည်။

စင်မြင့်တစ်ခုပေါ်တွင် ကြာရှည်စွာ မနေရဲကြ‌ပေ။

အကြောင်းမှာ သင်သည် စင်မြင့်ပေါ်တွင် ကြာရှည်စွာ နေမည်ဆိုပါက စုရွှမ်သည် သင့်ကို လာရှာပေလိမ့်မည်။

သို့သော် ဤသို့ဖြစ်လာသောအခါတွင် စုရွှမ်နှင့် တိုက်ခိုက်မည့်သူ တစ်ယောက်မှ မရှိတော့ချေ။

စုရွှမ်အနေဖြင့် အနည်းငယ် အားမလိုအားမရဖြစ်သော်လည်း လက်ခံနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူတို့ စင်မြင့်ပေါ်မှ ဆင်းသွားတိုင်း ၊ သူ၏ အောင်ပွဲအရေအတွက်အဖြစ် ရေတွက်သည်။

နောက်ဆက်တွဲ အချိန်တွင် ပါရမီရှင်တိုက်ပွဲကြီး၏ တတိယအဆင့်မှာ ဤသို့ ထူးဆန်းသော အခြေအနေဖြင့် အဆုံးသတ်သို့ ရောက်ရှိသွားသည်။

တစ်နာရီခွဲအချိန် ကုန်ဆုံးသွားပြီးနောက် လျို့ဝှက်နယ်မြေသည် ပြိုလဲသွားသည်။

ဤအရေးကြီးဆုံးသော အခိုက်အတန့်ကို ရောက်ရှိမှသာ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ နောက်ဆုံး ကြိုးစားအားထုတ်မှုကို စတင်လိုက်ကြသည်။

လူတိုင်းက ထိပ်ဆုံး အယောက်တစ်ရာတွင် ပါဝင်နိုင်ရန်အတွက် စင်မြင့်များကို လုယက်လာကြသည်။

ထို့ကြောင့် ဤနောက်ဆုံးအခိုက်အတန့်မှာ အပြင်းထန်ဆုံးသော အခိုက်အတန့်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိချေ။

ကောင်းကင်ပါရမီရှင်များသည် သွေးမြေကျကာ အဆက်မပြတ် သေဆုံးနေကြသည်။

ယခုအခါတွင်မူ စုရွှမ်သည် မလှုပ်ရှားတော့ဘဲ သူ၏ စင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

သူ၏ အဆင့်သည် ပထမဖြစ်မည်မှာ သေချာသည်။

အကြောင်းမှာ သူသည် တစ်ခါမျှ မရှုံးနိမ့်ခဲ့သောကြောင့် ဖြစ်သည်။

ထို့အပြင် အခြားကျင့်ကြံသူများမှာ သူ့ကို မြင်သည်နှင့် စင်မြင့်ပေါ်မှ ခုန်ချသွားကြသဖြင့် သူ၏ အောင်ပွဲအရေအတွက်မှာ မည်မျှ စုဆောင်းမိပြီကို မသိနိုင်ချေ။

ဘုန်း…

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ၊ လျို့ဝှက်နယ်မြေ၏ လေဟာနယ်မှာ စတင်ကွဲအက်လာပြီး စင်မြင့်များမှာလည်း စတင် ပြိုလဲကာ လောကကြီးသည် စတင် ပျက်စီးလာခဲ့သည်။

လျို့ဝှက်နယ်မြေမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဤသို့ဖြင့် ပါရမီရှင်တိုက်ပွဲကြီး တတိယအဆင့်မှာ ပြီးဆုံးသွားခဲ့ချေပြီ။

All Chapters