← Chapters

အခန်း (၁၀၀)

Vol. 10 Ch. 100

အခန်း (၁၀၀)

Vol. 10 Ch. 100

"ရွီဝမ်ချိုင်"

ချန်ဆန်းရှီက ရွီဝမ်ချိုင်ရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်

ပြီး"မြို့တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့အသက်တွေအားလုံးကိုကာကွယ်ရမယ့်တာဝန်ကို မင်းလက်ထဲအပ်နှင်းမယ် မင်းထမ်းဆောင်နိုင်မလား"

ချန်ဆန်းရှီက ရွီဝမ်ချိုင်ရဲ့နား နားသို့တိုးတိုးကပ်ပြောလိုက်သည်။

"အရှင်"

ရွှီဝမ်ချိုင်က မျက်ရည်များ ဝဲလျက် "ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်အသက်နဲ့ ရင်းပြီးတော့တောင် ဘာအမှားအယွင်းမှ မရှိစေရဘူးလို့ ကတိပေးပါတယ်"

လျှို့ဝှက်ချက်ဆိုသည်မှာ လူသိများလေ ပေါက်ကြားဖို့ လွယ်ကူလေဖြစ်သည်။ ထို့ကြောင့် ချန်ဆန်းရှီက သူ၏ အစီအစဉ်ကို မည်သူ့ကိုမျှ မပြောဘဲ ထိုည သန်းခေါင်ယံအချိန်တွင် မြို့အရှေ့ဘက်ရှိ မြင်းဇောင်း၌ ဟန်ချန်းနှင့် သွားရောက် တွေ့ဆုံခဲ့သည်။

...

ညနက်ပိုင်းတွင်မြို့တောင်ဘက်ရှိ မြို့တံခါးငယ်လေးမှာ အသံတိတ် ပွင့်လာသည်။ မြင်းစီးသမား သုံးဦးသည် မြို့ပြင်ရှိ တောအုပ်လေးအတွင်း၌ စောင့်ဆိုင်းနေကြသည်။ လူရိုင်းများမှာ မြို့ကို ဝိုင်းထားသည်ဟု ဆိုသော်လည်း အင်အား အကန့်အသတ်ရှိသဖြင့် လမ်းကြောင်းအားလုံးကို မပိတ်ဆို့နိုင်ပေ။ အထူးသဖြင့် အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသော သိုင်းပညာရှင်များအတွက်မူ ဤကဲ့သို့ လမ်းငယ်လေးများမှတစ်ဆင့် ဖောက်ထွက်ရန်မှာ မခဲယဉ်းလှပေ။

"အချိန် ဘယ်လောက် လိုသေးလဲ" မြို့ဝန် ရွှီယုပင်က မြင်းပေါ်မှနေ၍ မေးလိုက်သည်။

"အမွှေးတိုင် တစ်ဝက်စာလောက်ပါပဲ" ဟု ထန်မင်က ပြန်ဖြေသည်။

"ဟင်း... မင်းတို့အားလုံးက တကယ့်ကို သစ္စာတရားတွေ ကြီးမားနေကြတာပဲ" ရွှီယုပင်က မဲ့ပြုံး ပြုံးလျက် "တစ်ယောက်က သူ့မိန်းမကို ခေါ်ချင်တယ်၊ တစ်ယောက်က သူ့တူကို ခေါ်ချင်တယ်... ဒီလို ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုလုပ် အလုပ်ကြီးအလုပ်ငယ်တွေ လုပ်နိုင်မှာလဲ ဗိုလ်မှုးချန်ကတော့ ဧကရာဇ်ရဲ့ ဘွဲ့ထူးတွေ ရထားလို့ ထားလိုက်ပါဦး... ဒီ လော်တုန်ချွမ်က ဘာကောင်မို့လို့လဲ"

အမှန်စင်စစ်... ရှန်ထင်ချွန်ကို မြို့ပြင်ထွက်လာအောင် မျှားခေါ်ခဲ့သည်မှာ လော်တုန်ချွမ်ပင် ဖြစ်သည်။ ရွှီယုပင်က လော်တုန်ချွမ်ကို အသက်ချမ်းသာခွင့်ပေးမည်ဟု ကတိပေးကာ အသုံးချခဲ့ခြင်းဖြစ်သည်။ သို့သော် လျိုမိသားစုမှာမူ တစ်ယောက်မကျန် သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

ကျန်ရှိနေသော သိုင်းပညာခန်းမများကိုလည်း သူ ရှင်းပစ်ရဦးမည်။ သို့သော် မကြာမီ ရောက်လာမည့် လူရိုင်းစစ်ကူ သုံးသောင်းနှင့် မိစ္စာဂိုဏ်းမှ ပညာရှင်များကြောင့် ပိုယန်မြို့မှာ သွေးပင်လယ် ဝေတော့မည်ဖြစ်ရာ သူ ကိုယ်တိုင် လက်ယောင်စရာပင် လိုမည်မဟုတ်တော့ပေ။

"ဗိုလ်မှူးဟန်" ရွှီယုပင်က အေးစက်စွာ အမိန့်ပေးသည် "ငါတို့ ဘေးကင်းရာရောက်တာနဲ့ အဲဒီလော်ကိုပါ ရှင်းပစ်လိုက်။ နှမြောဖို့ကောင်းတာက 'နတ်ဘုရားရတနာ' ကို အခုထိ ရှာမတွေ့သေးတာပဲ။ အဲဒါသာ ရရင် ငါ နန်းတွင်းမှာ အာဏာအရှိဆုံးသူ ဖြစ်နေလောက်ပြီ"

"ဩော်... ဒါတွေအားလုံးက အမတ်ကြီးယန် ရဲ့ လက်ချက်ပေါ့လေ"

အမှောင်ထဲမှ ခပ်ပြင်းပြင်း အသံတစ်သံ ထွက်ပေါ်လာသည်။

နောက်ထပ် မြင်းစီးသမား သုံးဦး အမှောင်ထဲမှ ထွက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အနီရောင် အရာရှိဝတ်စုံကို ဝတ်ထားသော ခရိုင်ဝန် ကျိီကွမ်းရှန် ပင် ဖြစ်သည်။ သူ၏ ဘေးတွင် ဒန်ဂါဒ်နှင့် ကိုယ်ရံတော် အစေခံအိုကြီးတို့ ပါလာကြသည်။

"ကျိီကွမ်းရှန်" ရွှီယုပင် လန့်သွားသည် "မင်း ဒီမှာ ဘာလုပ်နေတာလဲ"

"မင်းနဲ့ စာရင်းရှင်းဖို့ လာတာပေါ့" ကျိီကွမ်းရှန်က တုန်ရီနေသော လက်ညှိုးဖြင့် ထိုးကာ "မြို့က ရန်သူဝိုင်းခံနေရချိန်မှာ မင်းက ဗိုလ်မှုးကြီးရှန်ကို သတ်တယ်၊ သူ့မိသားစုကို သတ်တယ်ဒါဟာ တိုင်းပြည်အပေါ် သစ္စာဖောက်တာပဲ"

"စကားကို ဆင်ခြင်ပြောစမ်း"

ရွှီယုပင်က ပြန်အော်သည် "ရှန်ထင်ချွန်က မြို့ပြင်ထွက်ရင်း ချုံခိုတိုက်ခိုက်ခံရတာ၊ ငါနဲ့ ဘာဆိုင်လဲ"

"မင်းလိမ်နေတာပဲ ငါ အခုလေးတင် ရှန်စံအိမ်ကို သွားကြည့်ခဲ့တာ၊ ငါးနှစ်အရွယ် ကလေးအပါအဝင် ရှစ်ယောက်လုံး အိမ်ထဲမှာ အသတ်ခံထားရတာ။ လူရိုင်းတွေက မြို့ထဲခိုးဝင်ပြီး ဗိုလ်မှူးကြီး မိသားစုကိုပဲ ရွေးသတ်သွားတယ်လို့ မင်း ပြောချင်တာလားမင်းတို့ ယန်အဖွဲ့သားတွေဟာ တကယ့်ကို အသိတရား မရှိတဲ့လူတွေပဲ"

သူတို့နှစ်ဦး အပြန်အလှန် အငြင်းပွားကြရင်း ရွှီယုပင်က စိတ်မရှည်တော့ဘဲ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ကျိီကွမ်းရှန်ဘက်ကလည်း ပညာရှင်နှစ်ဦးရှိသဖြင့် တိုက်ပွဲမှာ အပြင်းအထန် ဖြစ်ပွားတော့သည်။

...

တစ်ချိန်တည်းမှာပင်...

လော်တုန်ချွမ်သည် သူ၏တူဖြစ်သူ နှင့်အတူ မြင်းကို အပြင်းနှင်လျက် ရှိသည်။

"ဦးလေး... ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ"

"ထွက်ပြေးကြမလို့"

လော်တုန်ချွမ်က သက်ပြင်းချကာ "ရှန်ထင်ချွန်က လူအပဲ အစကတည်းက ရတနာကို ဖုံးကွယ်ဖို့ ကြံစည်ခဲ့လို့ အခုတော့ ငါပါ ဒုက္ခရောက်ကုန်ပြီ။ ငါပေးထားတဲ့ ကျောက်စိမ်းဆွဲပြားကို သေချာသိမ်းထား၊ ငါတို့ ဒီမှာ လမ်းခွဲကြမယ်"

"ဦးလေး... ကျွန်တော် လိုက်ခဲ့မယ်လေ"

"မလိုက်နဲ့ မြို့ဝန်ရွှီတို့နဲ့ ကျင်းယီဝေတွေကတကယ့်ကို ရက်စက်တဲ့သူတွေ။ ငါ သူတို့နောက် လိုက်သွားပြီး မင်းကို လက်လွှတ်လိုက်ပြီလို့ပဲ ပြောမယ်။ မင်းကတော့ အနောက်ဘက်ကို အမြန်ပြေး... ခြောက်လအတွင်း ငါ့ဆီက သတင်းမရရင် ငါသေပြီလို့ မှတ်လိုက်တော့။ ငါ့အတွက် ကလဲ့စားချေဖို့လည်း မစဉ်းစားနဲ့"

လော်တုန်ချွမ်က သူ၏တူကို မောင်းထုတ်လိုက်ပြီး ချိန်းဆိုထားသည့် နေရာသို့ သွားရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် လေကို တိုးဖြတ်လာသော မြှားသံတစ်ခုကြောင့် သူ သတိဝင်သွားပြီး မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

"ဇွစ်"

ချပ်ဝတ်ဖောက်မြှားတစ်စင်းက သူ၏ မြင်းကို ထိမှန်သွားသည်။

လော်တုန်ချွမ် ဘာဖြစ်တာလဲဟု ကြည့်ရန် ပြင်ဆင်စဉ်မှာပင် နောက်ထပ် မြှားတန်းကြီး တစ်ခုက ရောက်လာပြန်သည်။ မြှားများက တစ်စင်းပြီး တစ်စင်း၊ တရစပ် ရောက်လာသဖြင့် သူ၏ ဓားကို ဝေ့ယမ်းကာ ကာကွယ်နေရသည်။

"ဘယ်သူက ဒီလောက် မြန်မြန် ပစ်နိုင်တာလဲ"

အဝေးရှိ သစ်ပင်တစ်ပင်ပေါ်တွင် လူတစ်ဦး ရှိနေသည်။ လော်တုန်ချွမ်က ဒေါသတကြီးဖြင့် ထိုလူရှိရာသို့ ပြေးသွားလိုက်သည်။ သို့သော် ချန်ဆန်းရှီ၏ လေးအတတ်မှာ အံ့မခန်းကောင်းလှသည်။ ၁၅-ပိသာလေးကို အသုံးပြုကာ တစ်ခဏအတွင်း မြှားသုံးစင်း တပြိုင်တည်း ပစ်နိုင်သည်မှာ နတ်လေးပညာတစ်ခုကဲ့သို့ပင်။

လော်တုန်ချွမ်မှာ ပညာရှင်တစ်ဦး ဖြစ်သော်လည်း မြှားဒဏ်ကြောင့် အရှိန်လျော့သွားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရသွားသည်။ နောက်ဆုံးတွင် ချန်ဆန်းရှီနှင့် အနီးကပ် တိုက်ခိုက်နိုင်သည့် အနေအထားသို့ ရောက်လာသော်လည်း ဒဏ်ရာများကြောင့် သူ အားနည်းနေပြီဖြစ်သည်။

ချန်ဆန်းရှီက မြှားအိတ် ၃ အိတ်ကုန်အောင် ပစ်ခတ်ပြီးနောက် လော်တုန်ချွမ်မှာ "ဖြံ" တစ်ကောင်လို မြှားများ စိုက်လျက် လဲကျသွားသည်။ ချန်ဆန်းရှီက အမှားအယွင်း မရှိစေရန် သူ၏ ခေါင်းကို ဓားဖြင့် ဖြတ်လိုက်သည်။

"လီတာကျိ၊ ရှန်အားနျို... မင်းတို့အတွက် ကလဲ့စားချေပေးလိုက်ပြီ" ဟု ချန်ဆန်းရှီက ရေရွတ်လိုက်သည်။

ထိုစဉ် အဝေးမှနေ၍ ဦးလေးဖြစ်သူ အသတ်ခံရသည်ကို မြင်သွားသော တူဖြစ်သူက ဒေါသတကြီး ပြေးဝင်လာသည်။ ချန်ဆန်းရှီ နောက်ဆံတင်းစရာ မရှိစေရန် ဤလူငယ်ကိုပါ သတ်ပစ်လိုက်ရတော့သည်။

"ကဲ... အခုတော့ ငါက လူဆိုးကြီး ဖြစ်သွားပြန်ပြီ" ချန်ဆန်းရှီက သွေးချင်းချင်းနီနေသော ဓားကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

All Chapters