အခန်း (၁၀၁)
Vol. 10 Ch. 101
သေဆုံးသွားသော ကောင်လေးအတွက် ချန်ဆန်းရှီက စိတ်မကောင်းဖြစ်မိသော်လည်း အချိန်ဆွဲမနေဘဲ အလောင်းကို ဖုံးကွယ်ကာ ချိန်းဆိုထားသည့်နေရာသို့ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
...
တောအုပ်အတွင်း၌...
ဒန်ဂါဒ်နှင့် အစေခံအိုကြီးတို့မှာ ခြေလက်များ ပြတ်တောက်လျက် နောက်ဆုံးထွက်သက်ကို ရှူရှိုက်ကာ သေဆုံးသွားကြပြီဖြစ်သည်။
"ဟန်ချန်း... မင်း... မင်း"
ထန်မင်ကသူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသော ဓားမြှောင်ကို ကြည့်ရင်း ဒေါသနှင့် နားမလည်နိုင်မှုတို့ ရောပြွမ်းနေသည် "သစ္စာဖောက်... သေစမ်း—"
နှလုံးကို ဓားနှင့်အထိုးခံရသော်လည်း သူ ချက်ချင်းမသေပေ။ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ဟန်ချန်းကို ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး သူ၏ ရှုချွန်းဓား ကို ဆွဲထုတ်ကာ နောက်ဆုံးအင်အားဖြင့် ပြန်လည်တိုက်ခိုက်တော့သည်။
အဝေးတစ်နေရာတွင်...
ခရိုင်ဝန် ကျိီကွမ်းရှန် နှင့် မြို့ဝန် ရွှီယုပင် တို့သည် မြင်းပေါ်မှနေ၍ ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"ကျိီ.. ဟန်ချန်းက မင်းရဲ့လူလား"
"မင်းရဲ့လူ မဟုတ်ဘူးလား"
ကျိီကွမ်းရှန်က မျက်မှောင်ကြုတ်သည် "ဒါဆို ငါ့ဆီကို လျှို့ဝှက်စာ ပို့ပေးခဲ့တာ သူပေါ့"
"သူက မင်းလူမဟုတ်ဘူးဆိုရင်... ဒါဆို သူက ဘုရင်ခံဆွန်ရဲ့ လူပဲ ဖြစ်ရမယ်" ရွှီယုပင်က ချက်ချင်း ရိပ်မိသွားသည်။
"သူပါ ပါဝင်ပတ်သက်နေတာလား" ကျိီကွမ်းရှန်က ဖိအားပေးလိုက်သည် "ရွှီ... မင်း အကုန်ဝန်ခံစမ်း ယွမ်ကျိုး မှာ မင်းတို့ ဘာတွေ ကြံစည်နေကြတာလဲ"
"စကားမများနဲ့၊ ငါက နတ်ဘုရားရတနာအတွက်ပဲ လာတာ။ ကျန်တာ ဘာမှမသိဘူး" ရွှီယုပင်က မြင်းကိုနှင်ကာ ထွက်ပြေးရန် ပြင်သည်။
"ရပ်လိုက်စမ်း" ကျိီကွမ်းရှန်က ရှေ့က ပိတ်ရပ်လိုက်သည် "ရတနာကို အပ်ပြီး အကြောင်းစုံ ရှင်းပြစမ်း။ ဒါဆို မင်းအသက်ကို ငါ ချမ်းသာပေးမယ်"
"ကျိီကွမ်းရှန်... မင်းက ဘာကောင်မို့လို့လဲ"
"ရိုင်းလှချည်လား"
"ကောင်းပြီလေ... ပညာရှိဆိုတာ စကားထက် လက်သီးကို သုံးရတာပဲ တိုက်ကြမလား"
"လာလေ"
အနီရောင် ဝတ်စုံနှင့် အရာရှိကြီးနှင့် အပြာရောင် ဝတ်စုံနှင့် အရာရှိကြီးတို့မှာ မြင်းပေါ်မှ ဆင်းကာအရာရှိဦးထုပ်များကို ချွတ်ပြစ်လိုက်ပြီးခါးပတ်များကို ဖြုတ်ကာ အတွင်းခံ အင်္ကျီလက်များကို မတင်၍ တစ်ဦးကိုတစ်ဦး လုံးထွေး သတ်ပုတ်ကြတော့သည်။ တစ်ယောက်ကိုတစ်ယောက် ထိုးကြ၊ ဆံပင်ဆွဲကြ၊ မုတ်ဆိတ်မွေးဆွဲကြနှင့် မကြာမီမှာပင် မင်းစိုးရာဇာ နှစ်ဦးမှာ မျက်နှာတွင် အညိုအမည်းများ စွဲကုန်ကြသည်။
"လူကြီးမင်းတို့... အတော်လေး ကျွမ်းကျင်ကြတာပဲ"
ချန်ဆန်းရှီရုတ်တရက် ပေါ်လာသည်။
"ဗိုလ်မှုးချန်"
ရွှီယုပင်က ဝမ်းသာအားရ အော်လိုက်သည် "အချိန်မီ ရောက်လာတာပဲမြန်မြန်... ဒီမိစ္ဆာကောင်ကို သတ်ပစ်စမ်း။ ပြီးရင် ငါနဲ့အတူ မြို့တော်ကို လိုက်
ခဲ့"
"ဗိုလ်မှုးချန်... သူ့ကို သတ်" ကျိီကွမ်းရှန်က ရွှီယုပင်၏ အပေါ်မှ ခွစီးကာ ဆံပင်ကို ဆွဲထားရင်း အော်သည် "ပြီးရင် ငါနဲ့လိုက်ခဲ့၊ နန်းတွင်းက လူကြီးမင်းဂေါင်က မင်းကို စောင့်ရှောက်လိမ့်မယ်"
"ဇွစ်"
ကျန်းယွဲ့ဓား အိမ်ထဲက ထွက်လာသည်။ ကျိီကွမ်းရှန်၏ ခေါင်း မြေကြီးပေါ်သို့ ကျသွားသည်။
"ကောင်းတယ်" ရွှီယုပင် အသက်ရှူပင် မဝသေးခင်မှာပင် သူ၏လည်ပင်းဆီသို့ ဝင်းလက်နေသော ဓားဦး ရောက်လာသည် "ဗိုလ်မှုးချန်... ခင်ဗျား ဘာလုပ်တာလဲ ရူးနေပြီလား"
"ဇွစ်"
ဓားတစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် အသက်တစ်ချောင်း ထပ်မံ ဆုံးရှုံးသွားပြန်သည်။ ဤလူအားလုံးမှာ သေထိုက်သူများသာ ဖြစ်သည်။ သူ့ကို ကစားကွက်ထဲက ရုပ်သေးရုပ်လို အသုံးချချင်နေကြသူများ ဖြစ်သည်။
ချန်ဆန်းရှီဓားကို အိမ်ထဲ ပြန်ထည့်လိုက်သည်။
"ထန်မင်လည်း သေသွားပြီ"
ဟန်ချန်းသည် သွေးချင်းချင်းနီလျက်၊ မျက်နှာဖြူဖျော့စွာဖြင့် ရောက်လာသည် "မစ္စတာချန်... တကယ့်ကို ပြောင်မြောက်တဲ့ 'သူတစ်ပါးလက်နဲ့ လူသတ်တဲ့' ဗျူဟာပဲ။ ဒီလိုသာ မလုပ်ရင် ရွှီယုပင်က ခင်ဗျား ထွက်မပြေးတာကို သတိထားမိပြီး ထန်မင်ကို ခင်ဗျားကို အရင်သတ်ခိုင်းမှာ သေချာတယ်"
"ခင်ဗျား အဆင်ပြေရဲ့လား" ချန်ဆန်းရှီက ဒဏ်ရာရထားသော ဟန်ချန်းကို ကြည့်ကာ မေးလိုက်သည်။
"မသေပါဘူး၊ ဒါပေမဲ့ တိုက်နိုင်ခိုက်နိုင်တဲ့ အင်အားတော့ မရှိတော့ဘူး" ဟန်ချန်းက သွေးတစ်လုပ် ထွေးထုတ်လိုက်ရင်း "အလောင်းတွေကို ဒီအတိုင်းပဲ ထားခဲ့လိုက်ပါ။ လူရိုင်းသူလျှိုတွေ မကြာခင် တွေ့လိမ့်မယ်။ နောက်ပိုင်း မြို့တော်က စုံစမ်းရင် ဒီအရာရှိတွေဟာ အချင်းချင်း သတ်ဖြတ်မိတယ်လို့ပဲ ယူဆကြလိမ့်မယ်။ ကျွန်တော်ကတော့ အပြန်လမ်းမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ခင်ဗျားတို့ကတော့ လမ်းငယ်လေးအတိုင်း သခင်မလေးနဲ့ သခင်လေးကို ခေါ်ပြီး ဒီညပဲ အမြန်ထွက်သွားကြပါ"
"ဗိုလ်မှူးဟန်" ချန်ဆန်းရှီက မြို့ရှိရာဘက်ကို စိုက်ကြည့်ရင်း "ကျွန်တော် သူတို့လေးတင် ခေါ်သွားမယ်လို့ ဘယ်သူပြောလဲ"
ဟန်ချန်း လန့်သွားသည် "ဘာကို ဆိုလိုတာလဲ ဗိုလ်မှုးချန်"
"အားလုံး... လိုက်ခဲ့ကြရမယ်" ချန်ဆန်းရှီ၏ အသံက ပြတ်သားနေသည် - "ပိုယန်မြို့ထဲမှာရှိတဲ့ စစ်သားပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ်... မြို့ကိုကာကွယ်ဖို့ ကြိုးစားခဲ့တဲ့သူမှန်သမျှ အားလုံးကို ငါနဲ့အတူ ခေါ်သွားမယ်"
"ဒါ မဖြစ်နိုင်ဘူး"
ဟန်ချန်း အံ့သြသွားသည် "လူရိုင်းတွေက ဝိုင်းထားတာလေ၊ ဒီလောက်လူအများကြီး ဘယ်လိုလုပ် အတူတူ ထွက်သွားနိုင်မှာလဲ"
"ကျွန်တော့်မှာ နည်းလမ်းရှိတယ်။ လူရိုင်းတွေကို နှစ်ရက်လောက် လိုက်မလာဝံ့အောင် ဟန့်တားနိုင်မယ့် နည်းလမ်းပဲ။ အဲဒီအချိန်အတွင်းမှာ ဟန်ခန်းကလာမယ့် စစ်သား နှစ်ထောင်နဲ့ ပေါင်းနိုင်ရင် ငါတို့ အသက်ရှင်ဖို့ လမ်းစရှိတယ်"
ချန်ဆန်းရှီသိသည်။ အရပ်သားတွေကို ခေါ်သွားတာက ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်ဆိုတာကို။ ဒါပေမဲ့ သူ့အတွက် အသက်ပေးဖို့ အသင့်ဖြစ်နေတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို သူ မစွန့်ပစ်နိုင်ဘူး။ ကျန်ခဲ့ရင် အကုန်သေမယ်၊ လိုက်ခဲ့ရင်တော့ လမ်းမှာ သေကောင်းသေနိုင်ပေမယ့် တစ်ယောက်ပိုရှင်ရင်တောင် တန်ဖိုးရှိသည်။
နောက်တစ်ချက်က... ခွေးဧကရာဇ်နဲ့ လူရိုင်းတွေရဲ့ "သွေးယဇ်ပူဇော်ခြင်း" အကြံအစည်ကို သူက ရသလောက် ဖျက်ဆီးပစ်ချင်သည်။
...
"ငွေပေးကြစမ်း၊ ငွေပေးကြစမ်း"
မြို့နောက်ဘက်ရှိ ကျောက်မိသားစု သိုင်းပညာခန်းမတွင် မြို့သူဌေးကြီးများနှင့် လူကြီးပိုင်းများ စုဝေးနေကြသည်။ သူတို့အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
ဝမ်ကျိီက အမြင့်ကနေ အော်နေသည် "မိသားစုတစ်စုကို ငွေပြား တစ်
ထောင်စီပေးရမယ်၊ ငွေစက္ကူပဲ လက်ခံတယ်"
"မစ္စတာဝမ်... တစ်ထောင်ဆိုတာ မများလွန်းဘူးလား"
"ဟုတ်တယ်... မင်းက အကျပ်အတည်းကို အခွင့်ကောင်းယူနေတာပဲ"
"တိတ်စမ်း"
ဝမ်ကျိက ဟောက်လိုက်သည် "အန်းဒင်ခရိုင်က ဝိုင်းခံထားရတုန်းပဲ၊ မင်းတို့မှာ အခြားထွက်ပေါက်ရှိရင် သွားကြလေ။ ငါက မင်းတို့နဲ့ ရင်းနှီးလို့ အခုလို လာခေါ်တာ။ အသက်ရှင်ချင်ရင် တစ်ထောင်ပေးပြီး ငါနဲ့အတူ ဟန်ခန်းခရိုင်ကို လိုက်ခဲ့၊ မဟုတ်ရင် ဒီမှာပဲ သေဖို့ပြင်ကြ"
နောက်ဆုံးတွင် လူနှစ်ထောင်ခန့် စုမိသွားသည်။ ရွှေငွေရတနာများနှင့် ဆေးဝါးများကိုလည်း လှည်းပေါ်တင်ကာ အဆင်သင့်ဖြစ်နေကြသည်။
ဝမ်ကျိက မြို့တံခါးကို အမှောင်ထဲတွင် ဖွင့်လိုက်သည်။ သူက ရှေ့ဆုံးက ဦးဆောင်ပြီး ကျောက်ကန်နှင့် ရှုံချူအန်း တို့က ဘေးကလိုက်သည်။
နှစ်နာရီခန့် သွားပြီးနောက် လူရိုင်းစခန်းကို တွေ့လိုက်ရသည်။ ကင်းလှည့်နေသော မြင်းတပ်များမှာ အနည်းဆုံး နှစ်ထောင်ခန့် ရှိမည်။
"ဝမ်ကျိီ... မင်း သေချာရဲ့လား ဒီလမ်းက လူရိုင်းစခန်းကြီးဆီ တည့်
တည့်သွားနေတာလေ" သူဌေးကြီးတစ်ဦးက တုန်တုန်ရင်ရင် ပြောသည်။
ဝမ်ကျိီက လှောင်ပြုံး ပြုံးလိုက်သည် "ငါက အဲဒီစခန်းဆီကိုပဲ သွားနေတာလေ"
သူဌေးကြီးတွေ ဘာမှမစဉ်းစားရသေးခင်မှာပင် ရုတ်တရက် ဟိန်းထွက်လာသော အော်ဟစ်သံများကြောင့် လန့်သွားကြသည်။
"တိုက်ကြစို့—"
"ဝူမူအာ ကို အရှင်ဖမ်းကြစို့—"
စစ်သား နှစ်ရာကျော်က မီးတုတ်တွေကို မြှောက်ကာ ရုတ်တရက် အော်ဟစ်တိုက်ခိုက်ကြတော့သည်။ လူရိုင်းစခန်းထဲကလူတွေလည်း ရုတ်တရက် ရန်သူရောက်လာသဖြင့် လန့်သွားပြီး စစ်ပြင်ကြသည်။
"ဝမ်ကျိီ... မင်း ဘာလုပ်နေတာလဲ"
"ဘာလုပ်ရမှာလဲ... ရန်သူ့စခန်းကို ဝင်တိုက်တာလေ ခင်ဗျားတို့လည်း အသက်ရှင်ချင်ရင် ဓားကိုကိုင်ပြီး အတူတိုက်ကြ၊ မဟုတ်ရင် လူရိုင်းတွေရဲ့ ဓားစာမိကုန်လိမ့်မယ်"
တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်၌...
"အရှင်ကတော့ တကယ့်ကို ပါးနပ်တဲ့သူပဲ၊ ကျွန်တော်တောင် လေးစားမိတယ်"
ရွှီဝမ်ချိုင်က သူ၏ ယပ်တောင်ကို ဝေ့ယမ်းရင်း အမိန့်ပေးလိုက်သည် - "မီးရှို့ကြစမ်း"