← Chapters

အခန်း (၁၀၃)

Vol. 10 Ch. 103

အခန်း (၁၀၃)

Vol. 10 Ch. 103

"တောက်..."

ချန်ဆန်းရှီ၏ သံခမောက်မှာ နှစ်ခြမ်းကွဲသွားပြီး နဖူးထက်တွင် နာကျင်မှုနှင့်အတူ သွေးစများ စီးကျလာသည်။ "ကြေးနီအရေပြား၊ သံအရိုး" ဆိုသော်လည်း အရာရာ၌ အကန့်အသတ် ရှိသည်သာ။ အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသော ပညာရှင်တစ်ဦး၏ အင်အားမှာ အဆင့်တစ်ခုကို ကျော်လွန်နေပြီဖြစ်သည်။

ကံကောင်းစွာနဲ့ပဲ နောက်ဆုံးမှာတော့ သူ တားဆီးနိုင်ခဲ့ပါတယ်။

ချန်ဆန်းရှီက အဆင်ခြင်မဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ လော်တုံချွမ်ကို သတ်ဖြတ်တုန်းက အတွင်းအားသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်ရဲ့ ခွန်အားကို သိရှိဖို့ တမင်တကာ ခုခံခဲ့တာပါ။ သူ့ရဲ့ ဝရဇိန်ခန္ဒာနဲ့ဆိုရင် တောင့်ခံနိုင်မယ်လို့ ယုံကြည်ချက်ရှိခဲ့သလို၊ အဲဒီနောက်မှ ရုတ်တရက် အလစ်အငိုက်ယူပြီး သေစေနိုင်တဲ့ ဓားချက်ကို ထုတ်သုံးဖို့ သူ ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

ဝရဇိန်ခန္ဒာနဲ့ ပြည့်စုံတဲ့ ဓားသိုင်းပညာ... ဒီနှစ်ခုထဲက တစ်ခုခုသာ လိုအပ်ခဲ့ရင် သူ အောင်မြင်မှာ မဟုတ်ပါဘူး။

...

တဖက်တွင်လည်း ဆွန်လီက သူမရဲ့ အဆင့်တူ အရိုးဖွဲ့စည်းအဆင့်ရှိ စစ်သည်နှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမကိုယ်တိုင်လည်း အကြိမ်ကြိမ် အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရသလို ခြေလှမ်းအနည်းငယ်အကွာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အာရုံစိုက်ဖို့တောင် မနည်းရုန်းကန်နေရပါတယ်။ သူမက အရိုးဖွဲ့စည်းခြင်းအဆင့်ရှိ စစ်သူကြီးတွေတင်မကဘဲ မြင်းတပ် ဒါဇင်ပေါင်းများစွာရဲ့ ဝိုင်းရံတိုက်ခိုက်မှုကိုပါ ရင်ဆိုင်ရတော့မှာပါ။

ဒီအတိုင်းသာ ဆက်သွားရင်တော့ သူမရဲ့ သွေးချီအားနည်းလာပြီး ရှုပ်ထွေးလှတဲ့ ဓားချက်တွေကြားမှာ သေဆုံးသွားရုံပဲ ရှိပါတယ်။

သူမ ခေါ်ဆောင်လာတဲ့ မြင်းစစ်သည် ငါးဆယ်ဟာလည်း ခဏလေးအတွင်းမှာတင် ထက်ဝက်လောက် ကျဆုံးသွားခဲ့ပါပြီ...

အဲဒီအချိန်မှာပဲ ချွန်ထက်တဲ့ မြှားတစ်စင်းက ညဖက်ကောင်းကင်ယံကို ဖြတ်သန်းသွားတဲ့ အသံနဲ့အတူ ကျယ်လောင်တဲ့ အော်ဟစ်သံကြီး ထွက်ပေါ်လာပါတယ်။

“ဝူမူအာသေပြီဟေ့ ဟန်ခန်းခရိုင်က စစ်ကူတွေ ရောက်လာပြီ မင်းတို့ လူရိုင်းသူခိုးတွေ အမြန်ဆုံး လက်နက်ချကြစမ်း”

ချန်ဆန်းရှီက လှံဖျားမှာ ခေါင်းတစ်လုံးကို ချိတ်မြှောက်ပြီး သူတို့ကို ပြသလိုက်သည်။

“ခေါင်းဆောင်ကြီး သေသွားပြီလား”

လူရိုင်းမြင်းတပ်တွေအားလုံး တုန်လှုပ်ခြောက်ခြားသွားကြပါတယ်။

“သတ်... သတ်... သတ်ကြဟေ့—”

အချက်ပြမြှားသံ ထွက်ပေါ်လာပြီးနောက်မှာတော့ အစောပိုင်းက တောင်ပေါ်မှာ ပုန်းအောင်းနေတဲ့ ဆွန်ပုချီ တို့တစ်သိုက်က မီးတုတ်တွေကို ပြန်လည် ဝှေ့ယမ်းပြီး အစွမ်းကုန် အော်ဟစ်ကြပါတော့တယ်။ စစ်ဗုံသံတွေကလည်း မြေကမ္ဘာတုန်ဟီးမတတ် ဆူညံသွားပြီး သစ်ပင်ရိပ်တွေကြားမှာ လူဘယ်လောက်တောင် ရှိနေသလဲဆိုတာ ခန့်မှန်းလို့မရအောင် ဖြစ်သွားပါတယ်။

“စစ်ကူတွေ ဟန်ခန်းခရိုင်က စစ်ကူတွေ တကယ်လွှတ်လိုက်တာပဲ”

“ခြုံခိုတိုက်ခိုက်ခံနေရပြီ အမြန်ဆုတ်ကြ”

“ဆုတ်... ဆုတ်ကြတော့”

မြင်းတပ်ငါးရာကျော်ဟာ ကြောက်လန့်တုန်ရီကုန်ကြပါတယ်။

“ဘယ်ကို ပြေးမလို့လဲ—”

ချန်ဆန်းရှီက လက်တစ်ဖက်မှာ ခေါင်းစိုက်ထားတဲ့ လှံကိုကိုင်ကာနောက်

လက်တစ်ဖက်က ကျန်းယွဲ့ဓားကို ဆွဲပြီး ရန်သူတွေကြားထဲ တိုးဝင်သတ်ဖြတ်ပါတော့တယ်။

ဒီလိုနဲ့ လူရိုင်းမြင်းတပ်သားတွေက ခြုံခိုတိုက်ခိုက်ခံရတာ သေချာပြီလို့ ပိုပြီး ယုံကြည်သွားကြပါတယ်။ တိုက်လိုခိုက်လိုစိတ်တွေ အကုန်ပျောက်ဆုံးကုန်ပြီး အသက်လုပြေးဖို့ပဲ စဉ်းစားကြပါတော့တယ်။

“ပြီးပြီ”

ချန်ဆန်းရှီသိလိုက်ပါတယ် ဒီမြင်းတပ်သားတွေ သူတို့ရဲ့ အဓိကစစ်စခန်းကို ပြန်ရောက်သွားတာနဲ့ လူရိုင်းစစ်တပ်ကြီး တစ်ခုလုံး ပြိုလဲမယ့်အချိန်ပဲ။

...

မြို့ရိုးပေါ်မှာတော့...

“လူပျင်းတွေ၊ ထကြတော့ ဝမ်ကျိီနဲ့ သူ့လူတွေ သေဘေးနဲ့ ရင်ဆိုင်နေရပြီ”

ကျူထုန် တစ်ယောက် စိုးရိမ်လွန်းလို့ ဟိုဟိုဒီဒီ လမ်းလျှောက်နေပါတယ်။

“အရှင်... အရှင်က ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”

ရွှီဘင်ကလည်း စတင် ပျာယာခတ်လာပါတယ်။

“အရှင်က အဆင်ပြေမှာပါ”

ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ကြားထဲမှာ ရွှီဝမ်ချိုင်ကတော့ အတည်ငြိမ်ဆုံးပါပဲ။ သူက ငှက်မွေးယပ်တောင်ကို တင်းတင်းဆုပ်ကိုင်ရင်း “လက်ဖက်ရည်တစ်ခွက်စာ အချိန်လောက်ပဲ ထပ်စောင့်လိုက်ပါ အဲဒီနောက်မှာတော့ လူရိုင်းစစ်သည် ခြောက်ထောင်ကို လက်ဖျစ်တစ်ချက်တီးရုံနဲ့ ချေမှုန်းနိုင်လိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

နောက်ဆုံးမှာတော့ အရှေ့တောင်ကုန်းပေါ်မှာ မီးတောက်တွေ ဒုတိယအကြိမ် ထိန်လင်းလာပါတယ်။

“ကောင်းပြီ၊ ကောင်းပြီ လူရိုင်းစစ်တပ် ပြိုကွဲပြီဟေ့”

ရွှီဝမ်ချိုင်က သူ့ယပ်တောင်ကို ဝှေ့ယမ်းပြီး မဆိုင်းမတွ အမိန့်ပေးလိုက်ပါတယ်။

“လျူချင်ကွေ့ ၊ ကျူထုန်၊ ဝူတ၊ ရွှီဘင်... ငါ့အမိန့်ကို နားထောင်ကြ။ အနောက်ဘက် မြို့တံခါးကို ဖွင့်ပြီး အစွမ်းကုန် တိုက်ကြတော့ မြင်းစစ်သည်တွေက ရှေ့ဆုံးကနေ "မဟာလှည်းဝိုင်းဗျူဟာ' နဲ့ ဦးဆောင်မယ်၊ ကျန်တဲ့လူတွေက နောက်ကလိုက် တွေ့တဲ့လူ အကုန်သတ်၊ ပြီးတော့ မှတ်ထားရမှာက အသံကို ကျယ်နိုင်သမျှ ကျယ်အောင်အော်ပြီး မီးတုတ်တွေကိုလည်း အများကြီး ထွန်းထားကြ”

“ရွှီဝမ်ချိုင်...”

လျူချင်ကွေ့က သံသယတစ်ဝက်နဲ့ ပြောလိုက်တယ် “ငါတို့ အသက်တွေကို မင်းနဲ့ ဗ်ုလ်မှုးချန်လက်ထဲ ပုံအပ်လိုက်ပြီနော်”

မနေ့ညနေက ရွှီဝမ်ချိုင်ရဲ့ စီစဉ်မှုအောက်မှာ ဆွန်မောင်နှမနဲ့ ဝမ်ကျိီတို့ဟာ မြို့ထဲက စစ်တပ်ကို ရုတ်တရက် အုပ်ချုပ်လိုက်ပြီး ညဖက်မှာ မြို့ပြင်ထွက်တိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့တာပါ။ အစကတော့ သူတို့ ဘာတွေဖြစ်နေမှန်း နားမလည်ခဲ့သလို ဘယ်သူ့အမိန့်ကိုမှလည်း အလွယ်တကူ မနာခံချင်ခဲ့ကြပါဘူး။

ဒါပေမဲ့ အခုတော့ မြို့ထဲက လူထက်ဝက်လောက်ကချန်ဆန်းရှီရဲ့ လူတွေ ဖြစ်နေပါပြီ။ အဲဒီထဲမှာ ဆွန်မောင်နှမက အဆင့်အတန်း မြင့်တဲ့သူတွေမို့ သူတို့က အလွယ်တကူ ငြင်းပယ်လို့ မရပါဘူး။

အရေးအကြီးဆုံးကတော့ တစ်ညထဲမှာဘဲ ရှန်ထင်ချွန်၊ လော်တုံချွမ် နဲ့ တခြားသူတွေအားလုံးက အသက်ရှင်လား သေလား မသိရဘဲ ပျောက်ချင်းမလှ ပျောက်ကွယ်သွားတာပါပဲ။ ဒါဟာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေပြီဆိုတာ သိသာနေပြီး သူတို့ လျစ်လျူရှုထားလို့ မရတဲ့ အသက်အန္တရာယ်ကိစ္စလည်း ဖြစ်နေပါတယ်။

ဒီလို အချက်တွေကြောင့်... သူတို့က နောက်ဆုံးအချိန်ကို ရောက်နေပြီလို့ ခံစားနေရပါတယ်။

“မြို့ပြင်ကို ထွက်ကြစို့”

မြို့တံခါးတွေ အကျယ်ကြီး ပွင့်သွားပါတယ်။

မြို့ထဲမှာ ကျန်ရှိနေတဲ့ စစ်သည်တွေကအပြင်ကို အုံနဲ့ကျင်းနဲ့ ထွက်လာကြပါတယ်။ လူတစ်ထောင်တောင် မပြည့်တဲ့ အင်အားနဲ့ လူရိုင်းစစ်တပ် ခြောက်ထောင်ကို စတင် ထိုးစစ်ဆင်ပါတော့တယ်။

...

အနောက်ဘက် မြို့တံခါး

ဖန်ချွမ်ကတော့ ရုတ်ရုတ်သဲသဲ စစ်ပွဲကြားမှာ သေဆုံးသွားခဲ့ပါပြီ။

ကျောက်ရှန်မင် ကတော့ လက်တစ်ဖက် ပြတ်သွားပြီး အသက်ငင်နေပါတယ်။

သိုင်းပညာခန်းမက တပည့်တွေနဲ့ ဒေသခံ သူဌေးသူကြွယ်တွေလည်း အများစု သေဆုံးကုန်ကြပါပြီ။ ဝမ်ကျိီနဲ့ သူ့လူတွေလည်း အခုထိ တိုက်ခိုက်နေရတုန်း ဖြစ်ပေမဲ့ အကျအဆုံး များလှပါတယ်။

“ရွှီဝမ်ချိုင်က ငါ့ကို လိမ်နေတာလား၊ ဒါက တကယ်ပဲ ကျောက်တုံးလေးစီစဉ်ထားတာ ဟုတ်ရဲ့လား”

သူက အဆုံးမရှိသလို ဖြစ်နေတဲ့ လူရိုင်းစစ်တပ်ကို ကြည့်ပြီး “တကယ်လို့ ဘာမှမတတ်နိုင်ရင်လည်း သေလိုက်ရုံပေါ့” လို့ ရေရွတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက သူ မြို့ရိုးပေါ် တက်ခဲ့တုန်းက မသေခဲ့ပါဘူး။ အကယ်၍ ဒီနေ့ စစ်မြေပြင်မှာ သေရမယ်ဆိုရင်လည်း ဒါက ဂုဏ်သိက္ခာရှိတဲ့ ဇာတ်သိမ်းတစ်ခုပါပဲ။

“ကောင်းပြီ နောက်ဘဝကျရင် မင်းနဲ့အတူ လက်တွဲဖော် ထပ်ဖြစ်ပါရစေဦး”

ရှုံချွမ်အန်း လည်း ဒဏ်ရာတွေက အရိုးတွေ မြင်နေရတဲ့အထိ ပြင်းထန်နေပြီး သေဖို့ပဲ ပြင်ဆင်ထားလိုက်ပါတယ်။

“သတ်ကြဟေ့”

သူတို့နောက်က မြို့တံခါးကြီးတွေ ပွင့်သွားပါတယ်။ မီးတောက်တွေက ကောင်းကင်ယံအထိ မြင့်တက်သွားပြီး ဟိန်းဟောက်သံတွေက မိုးခြိမ်းသံလို ဆူညံလာပါတယ်။

လူရိုင်းစစ်သည်တွေက အဲဒီအရှိန်အဝါကြောင့် တုန်လှုပ်သွားကြပေမဲ့ အရေအတွက် များနေသေးတာကြောင့် ချက်ချင်း ပြိုလဲမသွားသေးပါဘူး။ သူတို့ ဇဝေဇဝါ ဖြစ်နေတာက ဘာလို့ ပိုယန်မြို့ကလူတွေ ဒီည အရူးအမူး ဖြစ်နေကြတာလဲ ဒီလို ယုံကြည်ချက်တွေ ဘယ်က ရလာတာလဲ၊ တကယ်ပဲ အသေခံချင်နေကြတာလား ဆိုတာပါပဲ။

ဒါပေမဲ့ စောစောက ထွက်သွားတဲ့ မြင်းတပ်အဖွဲ့ ပြန်ရောက်လာပြီး သတင်းပို့တဲ့အခါမှာတော့ သူတို့ရဲ့ သံသယတွေ အဖြေပေါ်သွားပါတယ်။

“သခင်ကြီး ဝူမူအာ သေပြီ”

“ဟန်ခန်းခရိုင်က မြင်းစစ်သည် သုံးထောင်လောက် စစ်ကူရောက်လာပြီ”

“မဟုတ်ဘူး၊ ငါးထောင်တောင်”

“ဘာ”

ဒုတိယ စစ်သူကြီးက ကြောင်တောင်တောင် ဖြစ်သွားပေမဲ့“မစိုးရမ်ကြနဲ့ စစ်ကူတွေက ဒီလောက်အများကြီး ဘယ်က ရောက်လာမှာလဲ” လို့ အော်ဟစ်လိုက်ပါတယ်။

“ဝူမူအာရဲ့ ခေါင်းက ဒီမှာဟေ့—”

မြင်းဖြူတစ်စီး စစ်မြေပြင်ထဲကို ဒုန်းစိုင်းဝင်လာပြီး လအလင်းရောင်အောက်မှာ အားလုံးရင်းနှီးနေတဲ့ ခေါင်းတစ်လုံးကို မြှောက်ပြလိုက်ပါတယ်။ “အမြန် လက်နက်ချကြ”

“ခေါင်းဆောင်ကြီး...”

“ရှူး—”

မြှားတစ်စင်းက လျင်မြန်စွာ ပျံသန်းလာပြီး အရိုးဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်မှာ ရှိနေတဲ့ စစ်သည်ကို မြင်းပေါ်ကနေ တိုက်ရိုက်ထိ မှန်သွားပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်လိုက်တဲ့ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်ကလေးပါပဲ။

အဓိက စစ်သူကြီးနဲ့ ဒုတိယ စစ်သူကြီး နှစ်ယောက်လုံး သေဆုံးသွားတဲ့ သတင်းဟာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပိုပြီး ချဲ့ကားသွားပါတော့တယ်။ နောက်ဆုံးမှာတော့ လျန်ကျိုး စစ်မြေပြင်မှာ 'တပ်စခန်းရှစ်ခု' က အနိုင်ရသွားပြီဖြစ်ကြောင်းနဲ့ ဆွန်ဒူရှန်ကိုယ်တိုင် သူတို့ကို ဝိုင်းရံသတ်ဖြတ်ဖို့ ရောက်လာပြီဆိုတဲ့ ကောလာဟလတွေအထိ ဖြစ်သွားပါတယ်။

အဲဒီအချိန်မှာတင်...

လူရိုင်းစစ်သည် ခြောက်ထောင်လုံး... တောင်ပြိုသလိုမျိုး တမဟုတ်ချင်း ပြိုလဲသွားပါတော့တယ်။

ပိုယန်မြို့က စစ်သည်တွေက နောက်ကနေ လိုက်လံသတ်ဖြတ်ကြပြီး လူရိုင်းတွေကတော့ ပြန်တောင် မခုခံနိုင်တော့ပါဘူး။ သူတို့ရဲ့ ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေကို စွန့်ပစ်ပြီး ထွက်ပြေးကြတာကြောင့် စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပါတယ်။

ဒီအချိန်ကျမှသာ...

လျူချင်ကွေ့၊ ရှုံချွမ်အန်း၊ ကျောက်ကန်နဲ့ တခြားသူတွေဟာ စစ်ပွဲကြားမှာ အတားအဆီးမရှိ ဖြတ်သန်းသွားလာနေတဲ့ ချန်ဆန်းရှီကို ကြည့်ပြီး အံ့သြနေကြပါတယ်။ အတွင်းအားသန့်စင်ခြင်းအဆင့်ရှိတဲ့ စစ်သူကြီးရဲ့ ခေါင်းကို လှံဖျားမှာ ချိတ်ပြီး သွားနေတဲ့ သူ့ကို နတ်ဘုရားတစ်ပါးလိုပဲ ငေးကြည့်နေမိကြပါတယ်။

တစ်ညတည်းအတွင်းမှာတင် ပိုယန်မြို့ဟာ ဝိုင်းရံခံထားရတဲ့ အခြေအနေကနေ ကြီးကျယ်တဲ့ အောင်ပွဲကြီးကို ရရှိခဲ့ပါတယ်။

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ၊ မင်းဆက်တွေ ပြောင်းလဲသွားတဲ့တိုင် ဒီတိုက်ပွဲကို သမိုင်းမှာ အခုလို မှတ်တမ်းတင်ခဲ့ကြပါတယ်။

“မင်းဆက်ဟောင်း၊ လုံချင်းခေတ် ၇၂ နှစ်မြောက်၊ ၁၂ လပိုင်း ၆ ရက်နေ့မှာ မဟာဧကရာဇ် ချန်ဆန်းရှီဟာ အကျပ်အတည်းဖြစ်နေတဲ့ အခြေအနေမှာ ရန်သူ့စစ်သူကြီးတွေကို ကွပ်မျက်ပြီး ကျန်ရှိနေတဲ့ စစ်သည် တစ်ထောင်ကျော်နဲ့အတူ လူရိုင်း ခြောက်ထောင်ကို အနိုင်ယူခဲ့သည်။ ဒီတိုက်ပွဲကို သမိုင်းတွင် 'ပိုယန်တိုက်ပွဲ' ဟု ခေါ်ဆိုကြပြီး 'ချောက်နက်အတွင်းမှ နဂါးထွက်ပေါ်လာခြင်း' ဟုလည်း တင်စားကြလေသည်”

...

မိုးလင်းတဲ့အခါမှာတော့ လူရိုင်းစစ်သည် ခြောက်ထောင်ဟာ မရေမတွက်နိုင်တဲ့ ရိက္ခာနဲ့ အသုံးအဆောင်တွေကို ထားခဲ့ပြီး မဟာတံတိုင်းရဲ့ အပြင်ဘက်ကို နောက်လှည့်မကြည့်ဘဲ ဆုတ်ခွာသွားကြပါပြီ။

စစ်ပွဲဆိုတာ ကောင်းကင်၊ မြေကြီးနဲ့ လူသားတွေရဲ့ ပေါင်းစပ်ညှိနှိုင်းမှု့ပေါ်မှာ မူတည်ပါတယ်။ စစ်သည်ဦးရေ တစ်ခုတည်းနဲ့တင် အောင်ပွဲကို ရာနှုန်းပြည့် မဆုံးဖြတ်နိုင်ပါဘူး။

အကယ်၍ တစ်ဦးတစ်ယောက်က 'စစ်ရေးအခြေနေ' ကို အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် အင်အားကြီးတဲ့ ရန်သူကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာမဟုတ်ပါဘူး။

လူရိုင်းစစ်တပ်ကမြို့ကို အချိန်အတော်ကြာ ဝိုင်းထားပေမဲ့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် အစကနေ အဆုံးအထိ အတွင်းအားသန့်စင်ခြင်းအဆင့်ရှိ စစ်သူကြီး သုံးဦးတောင် ဆုံးရှုံးခဲ့တာကြောင့် စိတ်ဓာတ်တွေ အလွန်အမင်း ကျဆင်းနေခဲ့တာပါ။ နောက်ဆုံးစစ်သူကြီးပါ ကျဆုံးသွားတဲ့အခါမှာတော့ သူတို့ဟာ သဲပုံလို ပြိုလဲသွားဖို့ပဲ ရှိပါတော့တယ်။

ဆန့်ကျင်ဘက်အနေနဲ့ ပိုယန်မြို့ကတော့...

အချိန်အတော်ကြာ ဝိုင်းရံခံထားရပေမဲ့ ဒေသခံ သူဌေးတွေနဲ့ အထက်တန်းလွှာတွေကလွဲရင် စစ်သည်တွေနဲ့ အရပ်သားတွေမှာတော့ မကြုံစဖူး တိုက်ခိုက်လိုစိတ်တွေ တဖွဖွ ဖြစ်ပေါ်နေပြီး စည်းလုံးနေခဲ့ကြပါတယ်။ သူတို့ထဲက ရာပေါင်းများစွာဟာ "အသေခံတိုက်ခိုက်မယ့် စိတ်ဓာတ်" တွေ ကိန်းအောင်းနေကြတာပါ။

ဒီလို အားသာချက်၊ အားနည်းချက်တွေ ကြီးမားလာတဲ့အခါမှာ ကွာဟချက်ကလည်း အလွန်ကျယ်ပြန့်သွားပါတယ်။

ဒါ့အပြင် ဟန်ခန်းခရိုင်က စစ်ကူတွေ မကြာခင် ရောက်လာတော့မယ်ဆိုတာကို သိနေတဲ့သူကလည်း ရှိနေခဲ့တာ မဟုတ်လား။

ကောင်းကင်၊ မြေကြီးနဲ့ လူသား အခြေအနေတွေ အားလုံးက တစ်သားတည်း ဖြစ်နေတဲ့အခါမှာ လူရိုင်းစစ်တပ် ဘာလို့ မရှုံးနိမ့်ဘဲ နေပါ့မလဲ

ဒါပေမဲ့ ဒီလို အံ့ဖွယ်အောင်ပွဲအတွက် အားလုံးက ပျော်ရွှင်နေကြတုန်းမှာပဲ ချန်ဆန်းရှီက နောက်ထပ် အမိန့်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လိုက်ပါတယ်။

“မြို့ကို စွန့်ခွာကြစို့”

“မြို့ကို စွန့်ခွာမှာလား”

“ဘာဖြစ်လို့လဲ”

ကျောက်ကန်တို့လူတွေဆီက မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

“လူရိုင်းတွေရဲ့ တစ်ဝက်ကျော်က တစ်ညတည်းနဲ့ သေကြေ ဒဏ်ရာရကုန်ကြပြီ။ ရာပေါင်းများစွာကလည်း သူတို့အချင်းချင်း နင်းမိပြီး သေကုန်ကြတာ။ သူတို့ မဟာတံတိုင်း အပြင်ဘက်ကို ဆုတ်သွားကြပြီ၊ စားကျက်မြေတွေဆီတောင် ပြန်ပြေးသွားနိုင်တယ်။ ပိုယန်မြို့ထဲမှာ ရိက္ခာနဲ့ လက်နက်တွေ အလုံအလောက် ရှိနေတာပဲ။ ငါတို့က ဒီအခွင့်အရေးကို သုံးပြီး ခံစစ်ကို ပိုခိုင်မာအောင်လုပ်ပြီး ဆက်တောင့်ခံထားသင့်တာပေါ့”

“လူရိုင်းတွေက ငါတို့ကို မတိုက်ခိုက်ဘဲ အကြာကြီး ဝိုင်းထားခဲ့တာ ဘာလုပ်နေတယ်လို့ မင်းထင်လဲသူတို့က စစ်ကူကို စောင့်နေကြတာ နောက်တစ်ခါကျရင် အခုထက် ပိုမြင့်တဲ့ အဆင့်ရှိတဲ့ စစ်သူကြီးတွေ ပါလာနိုင်တယ်”

ချန်ဆန်းရှီက အားလုံးရဲ့ ရှေ့မှောက်မှာ ခါးသီးလှတဲ့ အမှန်တရားကို ဖွင့်ပြောလိုက်ပါတယ်။

"ငါတို့မှာအတွင်းအားသန့်စင်ခြင်းအဆင့်ရှိတဲ့သူ တစ်ယောက်မှတောင် မရှိဘူး။ ဒီလို အခြေအနေနဲ့ ဘယ်လို ဆက်ပြီး ခံစစ်ပြင်မလဲ”

"အရှင်ပြောတာ မှန်ပါတယ်”

ရွှီဝမ်ချိုင်ကလည်း ထပ်လောင်းပြောပါတယ် “မနေ့ညက ငါတို့ လူရိုင်းတွေရဲ့ လူယုံတော်တစ်ယောက်ကို ဖမ်းမိခဲ့တယ် သူ ဝန်ခံတာကတော့ လူရိုင်းစစ်တပ် အင်အား သုံးသောင်းကျော် ပိုယန်မြို့ကို မကြာခင် ချီတက်လာတော့မယ်တဲ့။ ရှုံးနိမ့်သွားတဲ့ လူရိုင်းတွေကလည်း အမြန်ပြန်စုဖွဲ့ပြီး နောက်တစ်ကြိမ် လာတိုက်ကြဦးမှာ။ အခုလောလောဆယ်မှာတော့ မြို့ကနေ ပြေးတာကပဲ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”

“ဒါပေမဲ့... ငါတို့ကကော”

မြို့ရိုးပြုပြင်ဖို့ တာဝန်ယူထားရတဲ့ အရပ်သား မြောက်မြားစွာဟာ စစ်တပ်က မြို့ကို စွန့်ခွာတော့မယ်ဆိုတာ ကြားတဲ့အခါ စိတ်ပျက်လက်ပျက်နဲ့ သူတို့ရဲ့ ကိရိယာတွေကို ချပစ်လိုက်ကြပါတယ်။

မြို့ကို စွန့်ခွာမယ်ဆိုတာ... သူတို့ကိုပါ စွန့်ပစ်ခဲ့မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လားဒီလိုမျိုးကိစ္စတွေက အရင်ကလည်း အများကြီး ရှိခဲ့တာပဲ။ စစ်တပ်က ပြေးသွားပြီး အရပ်သားတွေကို သတ်ဖြတ်ဖို့ ထားခဲ့ကြတာမျိုးပေါ့။ ဒါဆိုရင် သူတို့ လွန်ခဲ့တဲ့ တစ်လလုံးလုံး အသက်နဲ့လဲပြီး မြို့ကို ကာကွယ်ခဲ့တာက ဘာအတွက်လဲ

ထူးခြားတာကတော့ အရပ်သားတွေ ဆူပူအုံကြွမှု မဖြစ်ခဲ့ပါဘူး။ သူတို့အမူအရာတွေ ထုံထိုင်းနေပြီး ဝိညာဉ်မရှိတဲ့ ဇွန်ဘီတွေလို မြို့ရိုးတွေကို ဆက်ပြီး ပြုပြင်နေကြပါတယ်။

စစ်သည်အသစ်တွေနဲ့ လုပ်သားအများစုကလည်း အတူတူပါပဲ။ မြို့ကို စွန့်ခွာတယ်ဆိုတာက မြန်မြန်ဆန်ဆန် ပြေးနိုင်ဖို့ကိုပဲ အဓိကထားတာပါ။ မြင်းမစီးနိုင်တဲ့သူတွေကတော့ နောက်မှာ ကျန်ခဲ့ဖို့ပဲ ရှိပါတယ်။

ဒါ့အပြင် သူတို့ရဲ့ မိသားစုဝင် အများစုကလည်း ဒီမှာပဲ ရှိနေတာလေ၊ သူတို့ ဘယ်လို စိတ်နဲ့ ထားခဲ့နိုင်မှာလဲ? ဇနီးမယားတွေ၊ သားသမီးတွေ၊ မိဘတွေကို သေဖို့ ထားခဲ့ရမှာလား?

...

“ခဏနေဦး၊ ငါ စကားမဆုံးသေးဘူး”

ချန်ဆန်းရှီက သူ့ရဲ့ သွေးချီအင်အားကို စုစည်းပြီး အားလုံးကြားအောင် ကျယ်လောင်စွာ ပြောလိုက်ပါတယ် “ငါတို့ မြို့ကို စွန့်ခွာမှာ မှန်တယ်၊ ဒါပေမဲ့ ပြည်သူတွေကို စွန့်ပစ်ခဲ့မယ်လို့ ငါ တစ်ခါမှ မပြောခဲ့ဘူး”

“ငါ့အမိန့်ကို နာခံကြ ပိုယန်မြို့ထဲက ထွက်သွားချင်တဲ့ အရပ်သားအားလုံး စစ်တပ်နဲ့ လိုက်ခဲ့နိုင်တယ်။ ငါတို့ စစ်တပ်က နောက်ဆုံးကနေ မင်းတို့ကို အကာအကွယ်ပေးပြီး လိုက်လာမယ်”

ဒီစကားကို ကြားလိုက်ရတဲ့အခါ...

အရပ်သားတွေတင်မကဘဲ ရွှီဝမ်ချိုင်နဲ့ တခြား လက်အောက်ငယ်သားတွေပါ အံ့သြသွားကြပါတယ်။

'အရပ်သားတွေနဲ့အတူ ထွက်ပြေးမယ် ပြီးတော့ သူတို့ကို အကာအကွယ် ပေးဦးမယ် ဟုတ်လားနှစ်ပေါင်း ထောင်ချီတဲ့ သမိုင်းမှာ ဒီလိုမျိုး ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲလမ်းခရီး ကြန့်ကြာမှာကို မစိုးရိမ်ဘူးလား'

“ဒါပေမဲ့ ဘယ်သူ့ကိုမှ အတင်းအကျပ် မခေါ်ဘူးနော်”

ချန်ဆန်းရှီက ဆက်ပြောလိုက်တယ်“ငါတို့ ဒီနေ့ မွန်းတည့်ခင်မှာ အနောက်

ဘက် မြို့တံခါးကနေ ထွက်ခွာမယ်။ အနောက်ဘက်ကို ဦးတည်ပြီး ဟန်ခန်းခရိုင်ကို ယာယီသွားကြမယ်။ သွားမလား၊ ကျန်ခဲ့မလားဆိုတာ မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ပြီးသေချာစဉ်းစားကြပါ၊ မင်းတို့ ထွက်သွားရင် ဒီကို ဘယ်တော့မှ ပြန်မလာနိုင်တော့တာမျိုး ဖြစ်နိုင်သလို၊ လမ်းခရီးမှာ သေဆုံးသွားဖို့လည်း အလားအလာ အများကြီး ရှိတယ်”

“အရှင်”

“ကျွန်တော်တို့ လိုက်ပါ့မယ်”

“သေသေရှင်ရှင် လိုက်ပါ့မယ်”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် မြို့ထဲက အရပ်သားတွေဟာ တညီတညွတ်တည်း ဒူးထောက်လိုက်ကြပါတယ်။

“ဒီမှာ ကျန်ခဲ့ရင်လည်း လူရိုင်းတွေရဲ့ သတ်ဖြတ်တာကို ခံရမှာပဲလေ”

လူရိုင်းတွေက လုယက်ဖျက်ဆီးတာကြောင့် နာမည်ကြီးတာမို့ ဘယ်သူ့ကိုမှ အသက်ချမ်းသာပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ထွက်ပြေးတာကပဲ အသက်ရှင်ဖို့ တစ်ခုတည်းသော လမ်းစ ဖြစ်ပါတယ်။

“ကျေးဇူးတင်ပါတယ် အရှင်”

“ရွှီဝမ်ချိုင်၊ မင်းပဲ စီစဉ်စရာရှိတာ စီစဉ်လိုက်တော့”

ဒီစကားတွေကို ထားခဲ့ပြီးနောက် ချန်ဆန်းရှီက မြို့အရှေ့ဘက်က မြင်းဇောင်းကိုသွားပြီး ဒဏ်ရာပြင်းထန်နေတဲ့ ဟန်ချန်း ကို မေးလိုက်ပါတယ် “စစ်ဝန်ကြီးဌာဋ္ဌက ဘာသတင်း ထူးသေးလဲ”

“နောက်ထပ် ရက်နည်းနည်းတော့ လိုဦးမယ်” ဟန်ချန်းက ပြန်ဖြေပါတယ်။ “မကြာခင်မှာ သတင်းစကား တစ်ခုခု ရတော့မှာပါ”

“ကောင်းပြီ”

ချန်ဆန်းရှီကမြို့စားရွှီရဲ့ စကားကို ပြန်သတိရပြီး ဟန်ခန်းခရိုင်ကို သွားရင်တောင် လုံခြုံချင်မှ လုံခြုံမယ်လို့ ခံစားနေရပါတယ်။ သူ ပြောခဲ့ဖူးတာက... လိုအပ်ရင် ဟန်ခန်းခရိုင်ကိုတောင် စွန့်ပစ်နိုင်တယ် တဲ့။

ဒါပေမဲ့ အနောက်ဘက်ကို ဆက်သွားပြီး ယူပြည်နယ်ကနေ ထွက်လိုက်ရင် အနောက်မြောက် ခရိုင်သုံးခုထဲက တစ်ခုဖြစ်တဲ့ ယွမ်ကျိုးကို ရောက်ပါလိမ့်မယ်။ အကယ်၍ ယွမ်ကျိုးပါ ကျသွားမယ်ဆိုရင်တော့ တပ်စခန်းရှစ်ခုနဲ့ စစ်ဝန်ကြီးဌာဋ္ဌရှိရာ လျန်ကျိုး ဆီကိုပဲ ခိုလှုံဖို့ သွားရပါတော့မယ်။ အဲဒီမှာဆိုရင်တော့ သူတို့အတွက် ပိုပြီး ထောက်ပံ့မှုတွေ ရနိုင်သလို နောက်ဆုံး မျှော်လင့်ချက်ကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။

All Chapters