← Chapters

အခန်း (၁၀၄)

Vol. 10 Ch. 104

အခန်း (၁၀၄)

Vol. 10 Ch. 104

ဘုရင်ခံအိမ်တော်ကို သူတို့တွေ ဘယ်လောက်ပဲ ကြောက်ရွံ့နေကြပါစေ၊ အဲဒီကိုရောက်မှသာ ဘေးကင်းနိုင်မယ်ဆိုတာကို အားလုံးက သိနေကြတယ်။

"မစ္စတာချန်... ဒီနေ့ ခင်ဗျားပြလိုက်တဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်ထွန်းတာမျိုးပါပဲ"

ကိုယ်ရံတော်ဟန်က မှတ်ချက်ပြုရင်း "ခင်ဗျား တကယ်ပဲ ဒီလူထောင်ပေါင်းများစွာကို ဦးဆောင်သွားဖို့ စိတ်ကူးထားတာလား" ဟု မေးလိုက်သည်။

"ကျွန်တော် ပြောပြီးသားစကားကို ပြန်မနှုတ်တော့ဘူး"

ချန်စန်းရှီက တွက်ချက်ကြည့်ပြီး "ရှီမြစ်မျိုးနွယ်စုတွေကမဟာတံတိုင်းဆီကနေ အခုလေးတင် လွတ်မြောက်လာကြတာ။ သူတို့တွေ ပြန်ပြီး တုံ့ပြန်ဖို့နဲ့ စစ်တပ်ကြီး ရောက်လာဖို့ စောင့်ဆိုင်းရတာ အနည်းဆုံး တစ်ရက်တော့ ကြာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့က ဒီကနေ ထွက်ခွာသွားတာ သုံးရက်နဲ့ သုံးည ရှိနေပြီ"

"မလုံလောက်သေးဘူး"

ဟန်ချန်းက ခေါင်းခါလိုက်ပြီး "မြင်းတပ်က တစ်ရက်ကို မိုင်ရာချီ ခရီးနှင်

နိုင်တယ်။ ဒါပေမဲ့ ဒီလို အိုမင်းမစွမ်းတဲ့သူတွေ ၊ ဖျားနာသူတွေနဲ့ မသန်စွမ်းသူတွေပါတဲ့ အုပ်စုကြီးက ဘယ်လောက်ဝေးဝေး သွားနိုင်မှာလဲ သူတို့တွေ မကြာခင် လိုက်မီလာလိမ့်မယ်"

"ဒါကြောင့်လည်း ကိုယ်ရံတော်ဟန်အနေနဲ့ ဘုရင်ခံအိမ်တော်ကို အမြန်ဆုံး ဆက်သွယ်ပေးဖို့ ကျွန်တော် မျှော်လင့်တာပေါ့။ ဖြစ်နိုင်ရင် စစ်ကူတချို့ လွှတ်ပေးဖို့ပေါ့ဗျာ"

ဟန်ခန်းခရိုင်က စစ်သည်နှစ်ထောင် တကယ်လာနိုင်ပါ့မလား၊ လာရင်ရော ဘယ်လောက်များမလဲဆိုတာကို ချန်စန်းရှီ သံသယဝင်နေမိသည်။

"ကျွန်တော် အကြံပေးချင်တာကတော့..."

ဟန်ချန်းက စိတ်မသက်မသာဖြင့် "သခင်လေးနဲ့ သခင်မလေး၊ ပြီးတော့ ခင်ဗျားရဲ့ မိသားစုကို အရင်ထွက်သွားခိုင်းလိုက်ပါ"

"ကောင်းပါပြီ ဆွန်လီကို ကျွန်တော် မေးကြည့်လိုက်မယ် သူတို့ကတော့ မြင်းစီးပြီး အမြန်ထွက်သွားလို့ ရတာပဲ" ဟု ချန်စန်းရှီက ပြန်မငြင်းဘဲ ပြောလိုက်သည်။

"ကောင်းပြီ... ကျွန်တော် သွားတော့မယ်"

ဟန်ချန်းက ချောင်းဆိုးရင်း "အမှန် ပြောရရင် ကျွန်တော်က သေပြီးသားလူပဲ။ ခင်ဗျားနဲ့အတူ တစ်နေရာရာမှာ တွေ့သွားလို့ ပြဿနာတက်ရင် ကျွန်တော် ဥဩငှက်အော်သံပေးပြီး အချက်ပြမယ်။ အဲဒီအသံနောက်ကို လိုက်ခဲ့ရင် ကျွန်တော့်ကို တွေ့နိုင်တယ်"

"ပြီးတော့ ဒါကို ယူထားလိုက်"

သူက ပြောပြောဆိုဆိုနှင့် ကျင့်စဉ်စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။

"အတွင်းအားသန့်စင်ခြင်းအဆင့် လှံသိုင်း"

ချန်ဆန်းရှီက "တစ်သားတည်းဖြစ်ခြင်း လှံသိုင်း"အမည်ရှိ စာအုပ်ကို ကိုင်ထားရင်း "ဒါက ဘယ်က ရလာတာလဲကျွန်တော်ရော ကျင့်လို့ရပါ့မလား"

"ပိုယန်ကို မလာခင် ဘုရင်ခံက ငါ့ကို ပေးလိုက်တာဒါက သူကိုယ်တိုင် ဖန်တီးထားတဲ့ စစ်တပ်သုံး လှံသိုင်း သုံးမျိုးကို ပေါင်းစပ်ထားတာပဲ။ မူလကတော့ ခင်ဗျားအတွက် မဟုတ်ဘူး"

ဟန်ချန်းက မြို့ဘက်ကို လှမ်းကြည့်ရင်း "အချိန်တန်ရင် သခင်လေးကို ပေးဖို့ စီစဉ်ထားတာဒါပေမဲ့ အခုတော့ ခင်ဗျားကို ပေးလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်"

"ဆွန်ပုချီ လား"

ချန်ဆန်းရှီက ယင်း၏ ဆိုလိုရင်းကို နားလည်သွားသည်။ ဘုရင်ခံဆွန်ကမောင်နှမနှစ်ယောက်ကို ဒီကို လွှတ်လိုက်တာဟာ အတွေ့အကြုံ ရစေချင်ရုံတင် မဟုတ်ဘဲ မောင်ဖြစ်သူ ပုချီရဲ့ စိတ်နေစိတ်ထားကို ပြုပြင်ပေးပြီး အဆင့်မြင့် ကျင့်စဉ်တစ်ခု ပေးဖို့ ပြင်ဆင်ထားတာ ဖြစ်မည်။ ဒါပေမဲ့ အခုကြည့်ရတာ...

အခုအချိန်အထိ ဆွန်ပုချီဟာ လှံသိုင်းကျင့်တာကို တစ်ခါမှ မတွေ့ဖူးသလို အရိုးဖွဲ့စည်းခြင်းအဆင့်မှာတောင် အောင်မြင်မှု မရသေးပေ။ မြားပစ်တာကိုသာ မကြာခဏ ကျင့်နေသော်လည်း တိုးတက်မှု မရှိခဲ့ပေ။

"ဒီကျင့်စဉ်ကို ယူထားပြီး အတွင်းအားသန့်စင်ခြင်းကို အပြင်းအထန် ကျင့်ကြံပါ"

ဟန်ချန်းက မောပန်းစွာ ပြောလိုက်သည် "ဒီကနေ ရှေ့ဆက်ပြီးရင် မင်းဘာသာ မင်းရုန်းကန်ရတော့မယ်။ မှတ်ထားပါ... ဥဩငှက်အော်သံ ကြားရင် ကျွန်တော့်ကို လာရှာပါ"

ပြောပြီးသည်နှင့် သူက လက်သီးဆုပ် ဂါရဝပြုကာ ထွက်ခွာသွားသည်။

"နောက်ဆုံးတော့ ငါ ကျင့်စရာတစ်ခု ရပြီ"

ချန်ဆန်းရှီသည် နေ့စဉ် သိုင်းပညာ လေ့ကျင့်နေကျဖြစ်ရာ ရုတ်တရက် ရပ်နားလိုက်ရခြင်းက သူ့အတွက် တစ်မျိုးကြီး ဖြစ်နေခဲ့သည်။

သူ မြို့ထဲကို ပြန်ရောက်တဲ့အခါ စွန့်ပစ်ထားတဲ့ အိမ်အိုလေးတစ်ခုထဲမှာ

ဆွန်လီနဲ့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အမလန်တို့ကို တွေ့လိုက်ရသည်။

သူ အခန်းအပြင်မှာ ရပ်နေပြီး ချက်ချင်း မဝင်သွားသေးပေ။ ဆွန်လီသည် သူ့အတွက် အချိန်ဆွဲပေးရင်း ဒဏ်ရာရခဲ့ကာ သူမ၏ အရိုးများပင် ထိခိုက်သွားခဲ့သည်။ ဂူရှင်းလန်က သူမကို ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးနေသည်။

အားလုံး ပြီးသွားမှသာ သူ တံခါးကို ဖွင့်လိုက်သည်။

"အစ်ကိုရှီ"

ဂူရှင်းလန်က သူ့ရင်ခွင်ထဲ တိုးဝင်လာသည်။ သူမက သူ့ကို ဟိုကြည့်ဒီကြည့် စစ်ဆေးရင်း နောက်ဆုံးတွင် သူ့နဖူးပေါ်က ဦးခေါင်းကို နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားခဲ့သည့် အမာရွတ်ကြီးကို သတိထားမိသွားသည်။

"ဒါက ပွန်းရုံလေးတင်ပါ၊ ကိုယ် ဘာမှမဖြစ်ပါဘူး"

ချန်စန်းရှီက သူမကို ချော့မော့ပြီးနောက် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးဘက်ကို လှည့်ကာ "စီနီယာအစ်မဆွန်... အစ်မက မြင်းတပ်ကို တားဆီးပေးခဲ့လို့သာပေါ့။ ကျွန်တော်က အတွင်းအားသန့်စင်ခြင်း အဆင့်က ကျွမ်းကျင်သူ တစ်ယောက်ကိုပဲ ရင်ဆိုင်နိုင်တာ။ အစ်မသာ မရှိရင် ပိုယန်မြို့ကတော့ တကယ့်ကို အန္တရာယ်ကြီးထဲ ရောက်သွားမှာ"

"မောင်ငယ်လေးက မြှောက်ပင့်ပေးတာ တော်သားပဲ။ အဲဒါ မင်းရဲ့ အောင်ပွဲပဲဟာကို... မင်းက ငါ့ကို ဂုဏ်ပေးနေတာလား"

ဒဏ်ရာကြောင့် ဆွန်လီ၏ ဖြူလျော့နေသော မျက်နှာက ပို၍ပင် ဖြူဖျော့သွားသည် "ဒါပေမဲ့ မင်းက အခုဆို အရိုးဖွဲ့စည်းခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ မဟုတ်လားဒါကြောင့်လည်း မင်းက လှံနဲ့ဓားနှစ်မျိုးလုံးကို ကျင့်နေတာကိုး၊ တခြားကျင့်စရာ မရှိတော့လို့ပဲ ဖြစ်ရမယ်"

အချိန်သိပ်မကြာသေးပေ သူမ ပိုယန်ကို စရောက်ချိန်၌သူက အရိုးဖွဲ့စည်းခြင်းကို စတင်နေရုံသာ ရှိသေးသည်။ အခုတော့ သူက အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသူကို လက်တစ်ဖက်တည်းနဲ့ သတ်ဖြတ်နိုင်ခဲ့ပြီး ရန်သူ့စစ်တပ်ကို အောင်အောင်မြင်မြင် မောင်းထုတ်နိုင်ခဲ့သည်။ သူ့ရဲ့ တိုးတက်မှုနှုန်းက အံ့မခန်းပင်။

"စီနီယာအစ်မဆွန်..."

ချန်စန်းရှီက မေးလိုက်သည်"အစ်မနဲ့ အမမောင်လေး ပုချီတို့ အရင်

ထွက်သွားချင်လား"

"အရင်ထွက်သွားရမယ်"

ဆွန်လီက ကုတင်တိုင်ကို မှီရင်း ခေါင်းစောင်းကာ "မောင်ငယ်လေး... မင်း ငါ့ကို အထင်သေးနေတာလား"

"ဘာလို့ အဲဒီလို ပြောရတာလဲ အစ်မ"

ဆွန်လီက အနည်းငယ် စိတ်ဆိုးသွားသော်လည်း သူမ၏ အားနည်းနေသော အသံက သူမကို နုနယ်သွားစေသည် "မင်းတို့အားလုံးက ပြည်သူတွေကို ကာကွယ်ဖို့ ကျန်နေခဲ့ပြီးတော့ ငါ့ကိုကျတော့ အရင်ထွက်သွားခိုင်းတယ်။ ငါက မိန်းမဖြစ်နေလို့လား၊ ဒါမှမဟုတ် ငါက ဘုရင်ခံရဲ့ သမီးဖြစ်နေလို့ ပိုတန်ဖိုးရှိနေတာလား"

"ကျွန်တော် အဲဒီလို မဆိုလိုပါဘူး"

ချန်ဆန်းရှီက ဟန်ချန်း၏ တောင်းဆိုချက်အရသာ မေးမြန်းရခြင်း ဖြစ်သည်။ သူမ အရင်ထွက်သွားမည်မဟုတ်ကြောင်း သူ သိသော်လည်း သူမ၏ ဒဏ်ရာပြင်းထန်မှုကို ကြည့်လျှင် နောက်တန်းမှာ ကျန်နေခဲ့ဖို့က မလွယ်ကူပေ။

သူ ခဏစဉ်းစားပြီးမှ ပြောလိုက်သည်"စီနီယာအစ်မ... အစ်မက ဒဏ်ရာ ပြင်းထန်နေတယ်။ ကျန်နေခဲ့ရင် ခရီးနှောင့်နှေးနိုင်တယ်"

"မင်း ငါ့ကို နှင်ထုတ်နေတာလား" ဆွန်လီက ဒေါသတကြီး လှုပ်ရှားလိုက်ရာ ဒဏ်ရာက နာကျင်သွားသဖြင့် ကုတင်ပေါ် ပြန်လှဲလိုက်ရသည်။

"မဟုတ်ပါဘူးအစ်မရဲ့ ဒီလိုလုပ်ပါ... အစ်မ အရင်မသွားပါနဲ့။ အရပ်သားတွေနဲ့အတူ လိုက်သွားပေးပါ။ ဒါမှ အမလန်ကိုလည်း ကူစောင့်ရှောက်ပေးနိုင်မယ်၊ ပြီးတော့ အရပ်သားတွေကိုလည်း တစ်ခုခု မဖြစ်အောင် ကာကွယ်ပေးနိုင်မယ်။ အစ်မသာ သဘောမတူရင် ဒီလိုရှုပ်ထွေးနေတဲ့ အခြေအနေမှာ အမလန်တစ်ယောက်တည်း သွားရမှာကို ကျွန်တော် ဘယ်လို စိတ်ချနိုင်ပါ့မလဲ အမလန်တင်မဟုတ်ဘူး၊ ရွီမိသားစု၊ ကျူးထုံရဲ့ အမေတို့လည်း ရှိသေးတယ်။ သူတို့ကို စောင့်ရှောက်ဖို့ လူလိုတယ်လေ။ အစ်မကလွဲရင် တခြားဘယ်သူ့ကိုမှ ကျွန်တော် မယုံဘူး"

သူက အကျိုးအကြောင်းတွေ အရှည်ကြီး ရှင်းပြလိုက်သည်။ နောက်ဆုံးတွင်တော့ ဆွန်လီ သဘောတူသွားလေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မဆွန်" ချန်ဆန်းရှီက လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"အစ်ကိုရှီ... ခဏလောက် လာခဲ့ပါဦး"

ဂူရှင်းလန်က သူ့ကို အပြင်ဘက်ကို ဆွဲထုတ်သွားပြီး ခပ်ဝေးဝေးရောက်မှ တိုးတိုးလေး မေးလိုက်သည် "အမာရွတ်ပျောက်ဆေး ရှိလား"

"အမာရွတ်ပျောက်ဆေးလား"

"ကျွန်မအတွက် မဟုတ်ဘူး... ဆွန်လီအတွက် သူ ငိုနေတယ်..." ဂူရှင်းလန်က စိတ်မကောင်းစွာဖြင့် ပြောပြသည် "သူ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေက အနက်ကြီးတွေပဲ၊ အရိုးတွေတောင် မြင်နေရတယ်။ ဒဏ်ရာကျက်ဆေးတွေ ရှိပေမဲ့ သူကတော့ ငိုနေတုန်းပဲ။ အမာရွတ်ပျောက်ဆေး ပါမလာလို့ ဖြစ်ရမယ် မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့ရင် နောင်ကျရင် ဘယ်လိုလုပ်မလဲ..."

"နားလည်ပါပြီ" ချန်ဆန်းရှီက ခေါင်းညိတ်လိုက်သည် "မထွက်ခွာခင် ကိုယ်ပေးမယ်"

သူသည် ဆေးပညာတွင် ကျွမ်းကျင်သူဖြစ်ရာ ကျင့်စဉ်တိုးတက်စေသော ဆေးများသာမက လောကီရောဂါမျိုးစုံကိုလည်း ကုသနိုင်သည်။ အမာရွတ်ဖျောက်ခြင်းသည် သူ့အတွက် အသေးအဖွဲကိစ္စသာ ဖြစ်သည်။ သူ ဖော်စပ်နေကျ ဆီးနှင်းခန္ဒာဆေးရည်တွင်လည်း အလားတူ အာနိသင်ရှိသော ပစ္စည်းများ ပါဝင်ပြီးသား ဖြစ်သည်။

အချိန်မဆိုင်းဘဲ သူ ဆေးဆိုင်ကနေ လိုအပ်တဲ့ ဆေးမြစ်တွေကို ယူပြီး အမာရွတ်ပျောက်ဆေးကို ချက်ချင်း ဖော်စပ်လိုက်သည်။ ပြီးတော့ ရှေးဟောင်း လျှို့ဝှက်ချက်ဖြစ်တဲ့ ဒဏ်ရာလိမ်းဆေးတွေနဲ့ သွေးတိတ်ဆေးတွေကိုလည်း အမြောက်အမြား ဖော်စပ်ကာ သူ့လက်အောက်ငယ်သားတွေကို ဝေပေးလိုက်သည်။

နောက်ဆုံးကျန်တာကတော့ ကျားသွေးအရက် ပဲ ဖြစ်သည်။

မူလကတော့ ဒီအရက်တွေကို မြို့တော်ကနေ ဆုလာဘ်အဖြစ် ပို့ပေးထားတာ ဖြစ်သော်လည်း အလေးချိန်များသဖြင့် အကုန်မသယ်နိုင်ပေ။ ရှောင်ရှင်းပေါ်မှာ ခြောက်အိုးလောက်သာ ချိတ်ထားနိုင်သည်။ အလကားမဖြစ်စေရန် ချန်ဆန်းရှီက ကျန်တဲ့ အချိန်လေးမှာ အရက်တစ်ဝက်လောက်ကို မော့သောက်လိုက်ပြီး သူ့ရဲ့ မှတ်ဉာဏ်ထဲက ကျင့်စဉ်ကို စတင်လေ့ကျင့်လိုက်သည်။

လှံသိုင်း သုံးမျိုးရဲ့ ပုံစံတွေနဲ့ နည်းစနစ်တွေက အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။ ဒါတင်မကသေးဘဲ အသက်ရှူသွင်းပုံတွေကပါ အသေးစိတ် ကွဲပြားသွားခဲ့သည်။ သူတို့ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုပြီး တိုက်စစ်ရော ခံစစ်ပါ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံသွားခဲ့သည်။

အမည်ကတော့ ရိုးရိုးလေး "တစ်သားတည်းဖြစ်ခြင်း" ဟု ပေးထားသော်လည်း ချန်ဆန်းရှီကတော့ ဒီကျင့်စဉ်ထဲမှာ "ရူးသွပ်ခြင်း" အငွေ့အသက်ကို ခံစားနေရသည်။ ဒါကို "သွေးရူးသွပ်လှံသိုင်း" လို့ ခေါ်ရင်တောင် ပိုမှန်လိမ့်မည်။

လေ့ကျင့်ရတဲ့ အခက်အခဲကလည်း ဆယ်ဆမက မြင့်တက်သွားသည်။ သာမန်လူဆိုရင်တော့ မှတ်မိဖို့တောင် ခက်ခဲလိမ့်မည်။ ဒါကြောင့်လည်း

ဆွန်ပုချီကို သူ့စိတ်ဓာတ်တွေ ပြုပြင်ပြီးမှ ပေးဖို့ စီစဉ်ခဲ့တာ ဖြစ်မည်။

အတွင်းအားသန့်စင်ခြင်းအဆင့်တွင် - သွေးလှုပ်ရှားခြင်း ၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း၊ နှလုံးလောင်ကျွမ်းခြင်း နှင့် သွေးပေါက်ကွဲခြင်း ဟု အဆင့်ဆင့် ရှိသည်။

သွေးလှုပ်ရှားခြင်းသည် သွေးသန့်စင်ခြင်းနှင့် မတူပေ။ သွေးလှုပ်ရှားခြင်းသည် သွေးအတွင်းရှိ 'ချီ' ကို ပိုမို အသုံးချခြင်း ဖြစ်သည်။ ဤအဆင့်ကို အောင်မြင်မှသာ ဟွာကျင်း အဆင့်သို့ တက်လှမ်းနိုင်သည်။

ချန်ဆန်းရှီက "သန့်စင်ခြင်း" ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ကိုယ်တိုင် ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တွင်းရှိ သွေးစီးဆင်းမှုကို အတင်းအကျပ် ပြောင်းလဲကာ ပေါက်ကွဲအားကို မြှင့်တင်ပြီး ကိုယ်တွင်းအင်္ဂါတွေကို မီးနဲ့ ဖုတ်သလို ပြင်းပြင်းထန်ထန် သန့်စင်ရခြင်း ဖြစ်သည်။

ကျားသွေးအရက်ရဲ့ အာနိသင်နဲ့ ဒီလှံသိုင်းပေါင်းစပ်လိုက်တဲ့အခါ သူဟာ မီးဖိုထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ ခဏချင်းမှာပဲ ချွေးတွေ ရွဲရွဲစိုသွားပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးကြောတွေ၊ အရိုးတွေနဲ့ အကြောတွေအားလုံး အရည်ပျော်ကျတော့မလို ဖြစ်သွားသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် မနက်ခင်းကုန်ဆုံးချိန်မှာတော့ ဒီကျင့်စဉ်ကို ချောမွေ့စွာ လေ့ကျင့်နိုင်ခဲ့သည်။

[ကျင့်ကြံမှု့ - တစ်သားတည်းဖြစ်ခြင်း လှံသိုင်း (အစမပြုရသေး)]

[တိုးတက်မှု့ - ၅ / ၁၀၀]

[စွမ်းဆောင်ရည် - နဂါးဆင်သွေး၊ နဂါးကိုးကောင်အသက်သွေးကြော၊ ဝရဇိန်ခန္ဓာ]

"ဒါ ဘာလှံသိုင်းလဲ ငါ တစ်ခါမှ မမြင်ဖူးပါလား"

ခိုးကြည့်နေတဲ့ ဆွန်ပုချီက မျက်လုံးပြူးကာ "ငါလည်း သင်ချင်တယ်" လို့ အော်လိုက်သည်။

"သင်လေ" ချန်ဆနရှီကက သူ့ကို သတိထားမိတာ ကြာပြီဖြစ်သည်။ အရင်းစစ်တော့လည်း ဒါက သူ့ပစ္စည်းပဲ မဟုတ်လား။

"အတွင်းအားသန့်စင်တဲ့ ကျင့်စဉ်လားတော်ပြီ... ငါ မသင်တော့ဘူး"

ဆွန်ပုချီက စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ပြီး လက်လျှော့လိုက်သည်။ ပြီးမှ သူ တစ်ခုခုကို သတိရသွားပြီး "ဒါ ဘယ်က ရတာလဲမင်းဘာသာ မင်း ဖန်တီးလိုက်တာလားမဟုတ်လောက်ပါဘူး... ငါ့အဖေ ဒီကို ရောက်လာတာလား"

ချန်ဆန်းရှီက သူ့ကို ပြန်မဖြေဘဲ အနောက်ဘက် မြို့တံခါးဆီကို ထွက်လာခဲ့သည်။

"အရှင်"

လျူချင်ကွေ့၊ ကျောက်ကန်နဲ့ တခြားသူတွေဟာ ရာထူးတူပေမဲ့ သူ့ကို "အရှင်" လို့ပဲ မသိစိတ်ကနေ ခေါ်နေကြပြီ။

"နောက်တန်းကနေ ကာကွယ်ပေးဖို့ လက်နက်ကိုင်ဆောင်နိုင်သူ တစ်ထောင်ငါးရာ ရှိပါတယ်။ အဲဒီထဲမှာ ခြေလျင်စစ်သည် တစ်ထောင်နှစ်ရာနဲ့ မြင်းတပ် သုံးရာ ပါပါတယ်။ အရှင် သင်ပေးထားတဲ့ မဟာလှည်းဝိုင်းဗျူဟာကို အသုံးပြုနိုင်ပါတယ်။ ပြီးတော့ သန်မာတဲ့ လူငယ်အရပ်သား ငါးရာလည်း ရှိပါတယ်။ စုစုပေါင်း နှစ်ထောင်ပါ။"

"အရပ်သားဘက်က ကြည့်ရင်တော့ လူပေါင်း လေးသောင်းကျော်လောက် ကျွန်တော်တို့နောက် လိုက်ချင်နေကြတယ်။ မနေ့ညက တိုက်ပွဲကနေ ရလာတဲ့ လက်နက်တွေ၊ ရိက္ခာတွေနဲ့ မြင်းတစ်ထောင်နီးပါးကိုလည်း အကုန် သယ်သွားရမလား"

"ဖြစ်နိုင်သမျှ အကုန်သယ်မယ်၊ အထူးသဖြင့် မြင်းတွေကိုပေါ့" ချန်ဆန်းရှီက ညွှန်ကြားလိုက်သည် "ဖွဲ့စည်းပုံကို လေ့ကျင့်ပေးဖို့ အချိန်မရှိတော့ပေမဲ့ သူတို့ကို မြင်းစီးတတ်အောင် သင်ပေးရင် အကျိုးရှိမယ်။ အားလုံးကို အမိန့်ပေးလိုက်... နောက်တစ်နာရီအတွင်း ထွက်ခွာမယ်"

"ဟုတ်ကဲ့"

အနောက်ဘက် မြို့တံခါးအပြင်ဘက်မှာတော့ လမ်းပြစစ်သည်တွေရဲ့ ဦးဆောင်မှုနဲ့အတူ အရပ်သားတွေဟာ တသီတတန်းကြီး လိုက်ပါလာကြပြီး အဆုံးမဲ့ကျယ်ပြောတဲ့ ကမ္ဘာကြီးထဲကို ဝင်ရောက်သွားကြသည်။

ဒီခရီးစဉ်ရဲ့ အန္တရာယ်အရှိဆုံးကတော့ ရန်သူတွေ လိုက်လံတိုက်ခိုက်မှာပဲ ဖြစ်သည်။ စားနပ်ရိက္ခာကတော့ ပြဿနာ မဟုတ်ပေ။ မြို့ထဲကနဲ့ ရန်သူ့စခန်းက ရလာတဲ့ ရိက္ခာတွေက အကြာကြီး စားလို့ရသည်။

သံဝေဂရစရာ ကောင်းတာကတော့... ဒီဆောင်းရာသီမှာ ငတ်ပြတ်ပြီး သေရတော့မယ့် လူတွေဟာ မြို့ကို စွန့်ခွာရတဲ့နေ့မှာမှ အဝတ်အစား နွေးနွေးထွေးထွေးနဲ့ ဝမ်းဗိုက် ပြည့်ပြည့်စုံစုံ ရှိနေကြခြင်းပင်။

"ထွက်ခွာမယ်"

ချန်ရှီကက မြင်းပေါ်ကနေ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ နောက်တန်းကာကွယ်ရေးတပ်ဖွဲ့ နှစ်ထောင်သည် ရှေ့သို့ ချီတက်လာသည်။

သူကပိုယန်ခရိုင်ကို နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်ပြီးနောက် သူ့မြင်းကို အချက်ပေးကာ တပ်ဖွဲ့နောက်သို့ လိုက်ပါသွားလေတော့သည်။

All Chapters