← Chapters

အခန်း (၁၀၆)

Vol. 10 Ch. 106

အခန်း (၁၀၆)

Vol. 10 Ch. 106

ချန်ဆန်းရှီသည် မြင်းပေါ်မှ ချက်ချင်းဆင်းကာ တောအုပ်အတွင်းမှ ထွက်ပေါ်လာသော အသံရှိရာသို့ တိုးဝင်သွားခဲ့သည်။

ကျောက်တုံးကြီးနောက်တွင် ဟန်ချန်းကို တွေ့လိုက်ရသည်။ သူသည် ဟိုင်

တုန်ချင်းသိမ်းငှက်တစ်ကောင်ကို လွှတ်ပေးနေသည်။ ထိုငှက်သည် သာမန်

ငှက်တစ်ကောင်နှင့်မတူဘဲ ထူးခြားသားရဲ တစ်ကောင်၏ အသွင်မျိုး ရှိနေသည်။

"မစ္စတာချန်... ဘုရင်ခံအိမ်တော်က စာရောက်လာပြီ၊ ကျွန်တော်တို့အတွက် မျှော်လင့်ချက် ရှိသွားပြီ..."

ဟန်ချန်းသည် ကျောက်ဆောင်ကို မှီရင်း ပြောလိုက်သည် "အနောက်မြောက်ပြည်နယ် သုံးခုရဲ့ စစ်မြေပြင်မှာ အရှုံးအနိုင် ဆုံးဖြတ်ရမယ့် အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီတဲ့။ အဲဒါကြောင့် တပ်စခန်းရှစ်ခုက အထူးတပ်ဖွဲ့တွေနဲ့ မြို့စောင့်တပ်တွေကို အခုလောလောဆယ် ခွဲထုတ်ပေးဖို့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ သူတို့က မြို့စောင့်တပ် အင်အား ငါးသောင်းကိုတော့ စုစည်းပေးလိုက်ပြီ။ အဲဒီထဲမှာ အနောက်မြောက်ပြည်နယ် သုံးခုရဲ့ 'ရွေးချယ်ခံနယ်မြေ' က အရံဗိုလ်ချုပ်တွေလည်း ပါဝင်ပြီး နေ့ညမနား ယွမ်ကျိုးဆီကို အမြန်ချီတက်လာနေကြတယ်"

"ရွေးချယ်ခံနယ်မြေ ဟုတ်လား"

ချန်ဆန်းရှီက ထိုစကားလုံးကို သတိထားလိုက်မိသည် "ကျွန်တော့်လို လူမျိုးတွေကို ပြောတာလား"

"ဟုတ်တယ်"

ဟန်ချန်"က ခေါင်းညိတ်ပြသည် "ဒီရွေးချယ်မှုက နွေဦးအစ ဖေဖော်ဝါရီမှာ စရမှာ ဖြစ်ပေမဲ့ အားလုံးစုစည်းမိရင် တရားဝင်စတင်ဖို့အတွက် လူအများစုက လျန်ကျိုးကို စောစောရောက်နေကြတာ။ နောက် ခုနစ်ရက်လောက်ဆိုရင် သူတို့ အနောက်မြောက်နယ်စပ်က ယွမ်ကျိုးရဲ့ ဟွမ်းဝမ်ခရိုင်ကို ရောက်လာကြလိမ့်မယ်။ အဲဒီခရိုင်ကို အခြေစိုက်စခန်းအဖြစ် သုံးပြီးတော့မှ စစ်မြေပြင်အခြေအနေအရ ယွမ်ကျိုးရဲ့ နေရာအနှံ့အပြားက ဝိုင်းရံခံထားရတာတွေကို သွားရောက်ကူညီကြမှာ"

"ကျွန်တော်တို့နဲ့ ဟွမ်းဝမ်ခရိုင်က သိပ်မဝေးဘူး။ အဲဒီကိုရောက်ဖို့ ခုနစ်ရက်လောက်ပဲ ကြာလိမ့်မယ်။ ဒါပေမဲ့... အရပ်သား လေးသောင်းကို မြစ်တစ်ဖက်ကမ်း ကူးခိုင်းဖို့က အချိန်ဘယ်လောက် ကုန်သွားမလဲ မသိဘူး။ မြောက်ပိုင်းရဲ့ အကြီးဆုံးမြစ်ဖြစ်တဲ့ ဟုန်းကျီမြစ်ကို ဖြတ်ရမှာလေ။မစ္စတာချန်... ကျွန်တော့်အကြံပြုချက်ကတော့ အရင်အတိုင်းပဲ၊ ဒီအရပ်သားတွေနဲ့ လက်အောက်ငယ်သားတွေကို ထားခဲ့ပြီး မြင်းတပ်ကိုပဲ ဦးဆောင်ပြီး ရှေ့ကို အမြန်နှင်ပါ။ မြစ်ကို ဖြတ်ကျော်နိုင်တာနဲ့ ခင်ဗျား ဘေးကင်းသွားပြီ"

ဟန်ချန်းက ဆက်ပြောသည် "နောက်ပြီးတော့ ဘရင်ခံက ဒီစစ်ပွဲကို လူသစ်တွေအတွက် စမ်းသပ်ချက်အဖြစ် သုံးနေတာ။ တကယ့်လက်တွေ့ တိုက်ပွဲက ရွေးချယ်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပဲ။ စစ်ဗိုလ်ချုပ်တစ်ယောက်က စစ်သည်တွေကို မကွပ်ကဲနိုင်ရင် ကျင့်ကြံမှုအဆင့် ဘယ်လောက်မြင့်မြင့် ဘာအသုံးကျမှာလဲ ဒါကြောင့် မစ္စတာချန်... အမြန်ဆုံး ဟွမ်းဝမ်ခရိုင်ကို ရောက်အောင်သွားတာ အကောင်းဆုံးပဲ။ နောက်ကျသွားရင် ဘုရင်ခံအပေါ် အမှတ်ကောင်းကောင်းရမယ့် အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ် သေချာစဉ်းစားပါ"

"ထပ်ပြောနေဖို့ မလိုတော့ပါဘူး မစ္စတာဟန် အခုအချိန်မှာတော့ ကျွန်တော် နောင်တမရချင်ဘူး" ဟု ချန်ဆန်းရှီက ပြတ်သားစွာ ပြောလိုက်သည်။

အကယ်၍ သူသည် မြို့ကို အစကတည်းက စွန့်ခွာထွက်ပြေးခဲ့လျှင် ၎င်းမှာ သူရဲဘောကြောင်ခြင်းသာ ဖြစ်လိမ့်မည်။ သို့သော် လမ်းတစ်ဝက်ရောက်မှ ပစ်ထားခဲ့ဖို့ဆိုသည်မှာ သူ ဘယ်လိုမှ စိတ်မဖြောင့်နိုင်ပေ။ ရွေးချယ်မှုအတွက်လည်း သူ မစိုးရိမ်ပါ။ သူ၏ ကျင့်ကြံမှုသည် မနှေးလှသလို စစ်ကွပ်ကဲမှုအတတ်တွင်လည်း သူသည် ထူးချွန်သူတစ်ဦးဖြစ်ရာ စစ်မြေပြင်တွင် သူသည် တစ်နေ့တွင် ပေါ်လွင်လာမည်မှာ အသေအချာပင်။

"ကောင်းပြီလေ"

ဟန်ချန်းက ထပ်ပြီး မတိုက်တွန်းတော့ပေ"မစ္စတာချန် သေချာစဉ်းစားပြီးရင်တော့ ပြီးတာပါပဲ။ ဒါနဲ့... သခင်လေးကို တပ်ဖွဲ့ရဲ့ ရှေ့ဆုံးမှာပဲ ထားလိုက်ပါ နောက်တန်းမှာ မထားပါနဲ့"

"ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါတယ်" ချန်ဆန်းရှီကထွက်ခွာလာခဲ့သည်။

ချန်ဆန်းရှီသည် မြေပုံပေါ်တွင် သူ၏ တည်နေရာကို စစ်ဆေးကာ လမ်းကြောင်းအသစ်ကို သတ်မှတ်လိုက်သည်။ သူတို့၏ ပန်းတိုင်သည် ဟန်ခန်းခရိုင် မဟုတ်တော့ဘဲ ဟွမ်းဝမ်ခရိုင် ဖြစ်ကြောင်း အားလုံးကို အသိပေးလိုက်သည်။

"ခုနစ်ရက်"

"အရပ်သားတွေနဲ့ဆိုရင်တောင် အမှီသွားလို့ ရနိုင်သေးတယ်"

ယခင်က ခန့်မှန်းထားသော လဝက်အချိန်ထက် များစွာ သာလွန်ကောင်းမွန်လှသည်။ သို့သော် လိုက်လံတိုက်ခိုက်သူများနှင့် ရင်ဆိုင်ရမည်မှာတော့ မလွဲဧကန်ပင်။

မြင်းတပ် သုံးထောင်... သူတို့ထဲမှာ အတွင်းအားသန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သူ မပါရင်တော့ ငါ ရင်ဆိုင်နိုင်ကောင်းရဲ့။ ချန်ဆန်းရှီသည် အတွင်းအားသန့်စင်ခြင်း အဆင့်ကို အမြန်ဆုံးရောက်အောင် ကျင့်ကြံပြီးမှ ရန်သူ့အခြေအနေကို ကြည့်ကာ ဆုံးဖြတ်ရန် ဆုံးဖြတ်လိုက်သည်။

နောက်သုံးရက်ပတ်လုံး သူသည် တပ်ဖွဲ့ကြီး၏ အနောက်ဆုံးတွင် တစ်ယောက်တည်း ကျန်နေခဲ့ကာ အချိန်ရတိုင်း ကျင့်ကြံလိုက်၊ ကျန်တဲ့အချိန်တွင် ဗိုင်ဟူမြင်း၏ အံ့မခန်း အလျင်နှုန်းဖြင့် တပ်ဖွဲ့ကို အမီလိုက်လိုက်ဖြင့် သံသရာလည်နေခဲ့သည်။

ညနက်ပိုင်းတွင် ချန်ဆန်းရှီသည် နောက်ဆုံးကျန်သော ကျားသွေးအရက်အိုးကို မော့သောက်လိုက်ပြီး ဝိညာဉ်အစေ့တစ်ဆုပ်ကို ပါးစပ်ထဲ ထည့်လိုက်ကာ လက်ထဲက လှံရှည်ကို စတင် လေ့ကျင့်တော့သည်။

လရောင်အောက်တွင် သူ၏ လှံသည် အေးစက်သော လေထုကို ခွင်းလျက် ရွှေမြွေတစ်ကောင်ကဲ့သို့ တည်ငြိမ်မှု၊ ပျံလွှားမြွေတစ်ကောင်ကဲ့သို့ လျင်မြန်မှုနှင့် တပ်ဖျက်လှံသိုင်း၏ ရက်စက်ကြမ်းကြုတ်မှုတို့ကို တစ်သားတည်း ပေါင်းစပ်ထားသည်။

မြွေဖြူအားထုတ်ခြင်း၊ နွားသံကန်ခြင်း၊ ပျံလွှားငှက် အသိုက်လုခြင်း၊ နဂါးဝါ လမ်းပိတ်ခြင်း...

တစ်ကွက်ပြီးတစ်ကွက် လှပစွာ ပေါင်းစပ်သွားသည်။ သူ၏ လက်ထဲက လှံရှည်သည် မြွေတစ်ကောင်နှင့် မတူတော့ဘဲ တစ်နေ့တွင် နဂါးဖြစ်လာမည့် ရိုင်းစိုင်းကြမ်းကြုတ်သော စပါးအုံးကြီးတစ်ကောင်နှင့် တူနေတော့သည်။

တစ်သားတည်းဖြစ်ခြင်း လှံသိုင်း၏ အစွမ်းကြောင့် ချန်ဆန်းရှီ၏ သွေးများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ ခန္ဓာကိုယ်အတွင်း၌ ဖော်ပြ၍မရနိုင်သော နာကျင်မှုကို ခံစားနေရသည်။ သူ အကြိမ်ကြိမ် မေ့လဲလုနီးပါး ဖြစ်ခဲ့ရသော်လည်း တဖြည်းဖြည်းနှင့် ပုံစံကို နားလည်လာကာ သူ၏ လှံသိုင်းနှင့် စည်းချက်ကို ညှိယူလိုက်သောအခါ ကြမ်းတမ်းလှသော နဂါးဆင်သွေး သည် သူ၏ အလိုအတိုင်း ထိန်းချုပ်နိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

သွေးစီးဆင်းမှု၏ အရှိန်အဟုန်ကြောင့် သူ၏ တုံ့ပြန်မှုနှုန်း၊ ပေါက်ကွဲအားနှင့် အာရုံငါးပါးတို့သည် သိသိသာသာ တိုးတက်လာခဲ့သည်။ သွေးလှုပ်ရှားခြင်းအဆင့်တွင် သူသည် ပတ်ဝန်းကျင်မှ အန္တရာယ်များကို အလွယ်တကူ သိမြင်နိုင်ပြီး လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း ရှိလာသည်။

ဒါကြောင့်လည်း ဝူမူအာ လို လူတွေက ငါပစ်တဲ့ မြားတွေကို အလွယ်တကူ ကာကွယ်နိုင်ကြတာကိုး။

အတွင်းအားသန့်စင်ခြင်း အဆင့်ရှိ ကျွမ်းကျင်သူများသည် "သွေးလှုပ်ရှားခြင်း" ကြောင့် ရရှိလာသော ဘက်စုံစွမ်းရည်ကို သုံးကာ အန္တရာယ်အများစုကို ဖြေရှင်းနိုင်ပြီး အံ့အားသင့်ဖွယ် ပေါက်ကွဲအားဖြင့် ပြန်လည်တိုက်ခိုက်နိုင်ကြခြင်း ဖြစ်သည်။

ဒါပေမဲ့ ချန်ဆန်းရှီတွင် နဂါးဆင်သွေးနှင့် နဂါးကိုးကောင်အသက်သွေးကြော တို့ရှိနေရာ သူ၏ သွေးလှုပ်ရှားမှု အလျင်နှုန်းသည် တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်နေမည်မှာ အသေအချာပင်။

[ကျင့်ကြံမှု့ - တစ်သားတည်းဖြစ်ခြင်း လှံသိုင်း (အခြေခံအဆင့်)]

[တိုးတက်မှု့ - ၀ / ၅၀၀]

[စွမ်းဆောင်ရည် - နဂါးဆင်သွေး ၊ နဂါးကိုးကောင်အသက်သွေးကြော၊ ဝရဇိန်ခန္ဓာ၊ ရူးသွပ်သွေးအက ]

[ရူးသွပ်သွေးအက - သွေးလှုပ်ရှားမှုကို အစွမ်းကုန် မြှင့်တင်ထားခြင်း၊ တားဆီး၍မရသော ရူးသွပ်မှု့]

တားဆီး၍မရသော ရူးသွပ်မှု လှံသိုင်းသုံးမျိုး ပေါင်းစပ်ထားသည့်အတွက် ရက်စက်မှု၊ ကြမ်းကြုတ်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ ပေါင်းစပ်ကာ သေခြင်းတရားကို မကြောက်သော "ရူးသွပ်မှု" အသွင်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

"နောက်ဆုံးတော့ အတွင်းအားသန့်စင်ခြင်း အဆင့်ကို ရောက်ပြီ"

ချန်ဆန်းရှီသက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် တပ်ဖွဲ့ကြီးနောက်သို့ မလိုက်သေးဘဲ သူ့မြင်း ကို ခဏပုန်းခိုင်းထားကာ သူကိုယ်တိုင်လည်း တောအုပ်ထဲတွင် ပုန်းအောင်းရင်း လိုက်လာမည့် ရန်သူများကို စောင့်နေလိုက်သည်။

သူသည် ညအချိန်ကို အခွင့်ကောင်းယူကာ အုပ်စုကွဲနေသော ရန်သူစစ်သည်များကို တစ်ယောက်ချင်း ဖမ်းဆီးပြီး သတင်းနှိုက်ယူလိုက်သည်။ နောက်ဆုံးတွင် သူ သိလိုက်ရသည်မှာ လိုက်လာသော မြင်းတပ်ဗိုလ်ချုပ်များထဲတွင် အမြင့်ဆုံးအဆင့်မှာ အတွင်းအားသန့်စင်ခြင်း၏ အခြေခံအဆင့်သာ ရှိသည်ဟူ၍ ဖြစ်သည်။

အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်နှင့် မတွေ့မချင်း သူ ဘာကိုမှ ကြောက်နေစရာ မလိုတော့ပေ။

"ရန်သူ တိုက်ခိုက်နေပြီ"

လူရိုင်းမြင်းတပ်သားများ နားနေစဉ်မှာပင် မြားမိုးများ ရွာချလာသဖြင့် စစ်သည်အချို့ ချက်ချင်း သေဆုံးသွားသည်။ အားလုံးက လှမ်းကြည့်လိုက်သောအခါ မြင်းဖြူတစ်စီး စီးထားသော အရာရှိတစ်ဦးတည်းကိုသာ တွေ့လိုက်ရသည်။

"ရှန်မင်းဆက်ရဲ့ သူလျှိုပဲ"

"လိုက်သတ်ကြစမ်း"

လူရိုင်းစစ်သည်များက သူ့ကို သူလျှိုတစ်ယောက်ဟုသာ ထင်နေကြသည်။ သို့သော် သူတို့ လိုက်သွားသည့်အခါ မြင်းဖြူကြီးသည် ပျောက်ကွယ်သွားပြန်သည်။

"မင်း မြန်မြန်ပြေးနိုင်လို့ ကံကောင်းသွားတယ်"

ရွှီ—

သူတို့ လက်လျှော့လိုက်သည့်အချိန်မှာပင် နောက်ထပ် မြားအချို့ ရောက်လာပြန်သည်။

"လိုက်စမ်း"

မြင်းဖြူကြီးက ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ ဤသို့ဖြင့် ဆယ်ကြိမ်မက ထပ်ခါတလဲလဲ ဖြစ်နေခဲ့သည်။

"ဒါကတော့ လွန်လွန်းပြီ"

မြင်းတပ်ဗိုလ်ချုပ်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ စစ်သည်ဆယ်ဂဏန်းကို ခေါ်ကာ မြင်းဖြူကြီးနောက်သို့ အတင်းလိုက်တော့သည်။ သို့သော် ယခုတစ်ကြိမ်တွင် မြင်းဖြူကြီး၏ အရှိန်မှာ ထူးဆန်းစွာ နှေးကွေးနေသည်။

ခြေလှမ်း သုံးရာအကွာသို့ ရောက်သောအခါ ချန်ဆန်းရှီက မြင်းကို ချက်ချင်း လှည့်လိုက်ပြီး မြားကို ပစ်ခတ်လိုက်သည်။ ဗိုလ်ချုပ်၏ နောက်လိုက်များ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားသည်။ ခြေလှမ်း ဆယ်လှမ်းအကွာသို့ ရောက်သောအခါ သူ၏ လက်ထဲတွင် မြားအစား လှံရှည်တစ်စင်းက ရောက်ရှိနေပြီ ဖြစ်သည်။

လူရိုင်းဗိုလ်ချုပ်သည်လည်း လှံစွပ်ပါသော ပုဆိန်ရှည်ကြီးကို ကိုင်ကာ အဆင်သင့် ပြင်ထားသော်လည်း တကယ်တမ်း ရင်ဆိုင်ရချိန်တွင် သူသည် မည်သို့ ကာကွယ်ရမည်ကို မသိတော့ဘဲ ရင်ထဲတွင် ကြောက်စိတ်များ ဝင်လာကာ ထွက်ပြေးချင်စိတ်ပင် ပေါက်လာခဲ့သည်။

ဗျစ်—

သူ တုန့်ဆိုင်းနေသည့် ခဏချင်းမှာပင် လှံရှည်သည် သူ၏ နှလုံးသားကို ဖောက်ထွက်သွားခဲ့သည်။

နောက်က လိုက်လာသော မြင်းတပ် သုံးထောင် ရောက်လာချိန်တွင်တော့ မြင်းဖြူစီး သူရဲကောင်းမှာ အသက်ဝိညာဉ်များကို နှုတ်ယူသွားသော တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားပြန်ပြီ ဖြစ်သည်။

လူထောင်ပေါင်းများစွာကြားထဲတွင် ရန်သူ့ဗိုလ်ချုပ်၏ ခေါင်းကို ဖြတ်

ယူသွားခဲ့သည်။ ခေါင်းဖြတ်ပြီးနောက်မှာတော့ အရိပ်ပင် မကျန်ခဲ့ပေ

"ငါတို့... ငါတို့ ဆက်လိုက်ကြဦးမှာလား"

ဒု-ဗိုလ်ချုပ်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း ဘာမှမလုပ်နိုင်ဘဲ ကြောင်ရပ်နေမိတော့သည်။

All Chapters