← Chapters

အခန်း (၁၀၈)

Vol. 10 Ch. 108

အခန်း (၁၀၈)

Vol. 10 Ch. 108

"ဝမ်ကျီကိုခေါ်ပြီး အမြန်ထွက်သွားကြတော့ ဒီကောင့်ကို ငါပဲ မျှားခေါ်သွားမယ်"

ချန်ဆန်းရှီ၏ ဟိန်းဟောက်သံက တောအုပ်အတွင်း ဟည်းသွားသည်။

"အရှင်ချန်"

ကျောက်ကန်နှင့် ကျန်တဲ့သူတွေက မြင်းဖြူပေါ်က ချန်ဆန်းရှီကို ကြည့်ပြီး မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည် "အဲဒါ မဟာသွေးကြောအဆင့်ရှိတဲ့သူလေ အရှင်တစ်ယောက်တည်း မဖြစ်နိုင်ဘူး"

"စကားများမနေနဲ့တော့ သူခိုင်းတဲ့အတိုင်း အမြန်လုပ်စမ်း"

ဖန်ယုံက ပိုပြီးအခြေအနေကို နားလည်သည်။ မိစ္စာဂိုဏ်းခေါင်းဆောင်အာမူကူသည် မြင်းဖြူစီးထားသည့် ချန်ဆန်းရှီနောက်ကိုသာ အငမ်းမရ လိုက်သွားသည်ကို မြင်လိုက်ရသည်။ ဤသည်မှာ အခွင့်ကောင်းပင် ဖန်ယုံသည် ဒဏ်ရာရနေသော ဝမ်ကျီကို ဆွဲမကာ ဘေးနားက စစ်သည်တွေကို အမိန့်ပေးလိုက်သည်။

"အားလုံး ငါ့နောက်လိုက်ခဲ့ တပ်ဖွဲ့ကို အမြန်ဆုံး ဆုတ်ခွာမယ်"

"ဟုတ်တယ်၊ အရှင်ချန်ရဲ့ မြင်းဖြူက တကယ့်ကို မြန်တာပဲ၊ သူတို့ကို ဖြတ်ထုတ်နိုင်မှာပါ" ကျောက်ကန်လည်း စိတ်မအေးနိုင်ပေမယ့် လက်ရှိအခြေအနေအရ ဖန်းယုံတို့နောက်ကနေ အမြန်ဆုံး လိုက်သွားရတော့သည်။

"အတွင်းအားသန့်စင်ခြင်းအဆင့်ရှိတဲ့ ငနုလေးက ငါ့ရဲ့ သံချပ်ကာမြင်းတပ် သုံးထောင်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တယ်ပေါ့လေ... ဟက် မင်းမှာ ဘယ်လောက်စွမ်းရည်ရှိလဲဆိုတာ ငါ ကိုယ်တိုင် မြည်းစမ်းကြည့်ရသေးတာပေါ့"

အာမူကူသည် တခြားလူစုကို လိုက်ဖို့ စိတ်မဝင်စားတော့ပေ "သူတို့ကို သွားရှင်းလိုက်ကြ" ဟု သူ၏လူများကို အမိန့်ပေးခဲ့ပြီး သူကိုယ်တိုင်မှာမူ မြင်းကို အရှိန်ကုန်တင်ကာ လူငယ်စစ်ဗိုလ်လေးနောက်သို့ အငမ်းမရ လိုက်လေတော့သည်။

"ဒီမြင်းက"

ခဏကြာအောင်လိုက်ပြီးနောက်တွင် အာမူကူ မျက်လုံးများ အရောင်တောက်လာသည်။ ပြိုင်ဘက်စီးထားသော မြင်းဖြူသည် သာမန်စစ်မြင်းမဟုတ်ဘဲ ထူးခြားသားရဲအဆင့်ဝင် ဖြစ်ကြောင်း သူ ချက်ချင်းရိပ်မိလိုက်

သည်၎င်းသည် အဖိုးမဖြတ်နိုင်သော ရတနာပင်။

"ဒီမြင်းက ငါ့အတွက်ပဲ မင်းလိုကောင်နဲ့ မထိုက်တန်ဘူး"

သို့သော် နှစ်ဦးကြား အကွာအဝေးက တဖြည်းဖြည်း ပိုဝေးလာသည်။ အာမူကူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မြင်းပေါ်မှ လေထဲသို့ ခုန်တက်ကာ တောင်ကုန်းသစ်တောများကြားမှ ဖြတ်လမ်းအတိုင်း အရှိန်ပြင်းစွာ ပြေးတော့သည်။

ဗိုင်ဟူမြင်းသည် အရွယ်အစား ကြီးမားသဖြင့် တောင်ကုန်းတောအုပ် ထူထပ်သောနေရာတွင် အရှိန်အပြည့် မပြေးနိုင်ပေ။ သို့သော် မြင်းပေါ်မှဆင်းလိုက်လျှင်လည်း ချန်ဆန်းရှီအနေဖြင့် မဟာသွေးကြောနယ်ပယ် ကျွမ်းကျင်သူကို အပြေးပြိုင်၍ မရနိုင်သည်ကို သူသိသည်။

ရှဲ... ရှဲ...

ညာဘက် တောင်စောင်းမှ လျင်မြန်လှသော ခြေသံများ ထွက်ပေါ်လာသည်။ အာမူကူသည် ရိပ်ကနဲ ဘဲမြင်ရလောက်အောင် မြန်သော အရှိန်ဖြင့် နီးကပ်လာရာ လွင်ပြင်သို့ မရောက်မီ ချန်ဆန်းရှီကို အမှီလိုက်နိုင်မည်မှာ သေချာသလောက် ရှိနေသည်။

"ရှောင်ရှူင်း... မင်း အရင်သွားနှင့်တော့"

ချန်ဆန်းရှီကမြင်းပေါ်မှ လွှားကနဲ ခုန်ဆင်းလိုက်သည်။ မြင်းပေါ်တွင် ပါလာသော မီးတုတ်ကို မီးခတ်ကျောက်ဖြင့် အမြန်ညှိလိုက်ပြီးနောက် ဆီစိမ်ပုဆိုးဖြင့် ပတ်ထားသော မီးမြား ကို မီးညှိလိုက်သည်။ ထို့နောက် ရိပ်ကနဲ မြင်နေရသော ရန်သူထံသို့ လျှပ်စီးလက်သကဲ့သို့ တရစပ် ပစ်ခတ်လိုက်သည်။

"မြားပစ်တာ သိပ်တော်တာပဲဟေ့"

အာမူကူသည် မြားမိုးများကြားမှပင် ရင်ထဲက အံ့သြမိသွားသည် "မြင်းပေါ်ကနေ မြားပစ်တဲ့ စွမ်းရှာက တကယ့် ပါရမီရှင်ပဲ။ ကံဆိုးတာက မင်းက ငါတို့ မြက်ခင်းပြင်ကလူ မဟုတ်တာပဲ အားစိုက်မနေပါနဲ့တော့။ ၁၀-ပိသာအားရှိတဲ့ လေးနဲ့ ပစ်ရင်တောင် ငါ့ရဲ့ ကာကွယ်စွမ်းအားကို မဖောက်နိုင်ဘူး"

သူသည် လက်ထဲက ဝရဇိန်တုတ်တို ကို ဝေ့ယမ်းကာ မြားများကို အလွယ်တကူ ကာကွယ်ရင်း လေထဲမှ ကျားရဲတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သည်။

ချလွမ်—

လှံရှည်နှင့် ဝရဇိန်တုတ်တို ထိပ်တိုက်တွေ့ဆုံသွားသည်။ ခဏချင်းမှာပင် ချန်ဆန်းရှီသည် လှံဖျားမှတစ်ဆင့် လက်မောင်းဆီသို့ တိုးဝင်လာသော ဖော်ပြ၍မရသည့် ကြောက်မက်ဖွယ် စွမ်းအားကြီးကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းမှ နဂါးဆင်သွေးများ ရူးသွပ်စွာ ခုန်ပေါက်လာပြီး တစ်

ကိုယ်လုံးကို ဝရဇိန်ခန္ဓာအဖြစ် ပြောင်းလဲလိုက်သော်လည်း လှံကို ကိုင်ထားသော သူ၏ လက်မောင်းများမှာ သတ္တုတုန်ခါသံများပင် ထွက်ပေါ်လာသည်။

ပြင်းထန်လှသော နာကျင်မှုက သူ့ကို လွှမ်းမိုးသွားသည်။ လှံ၏ သစ်သားလက်ကိုင်မှာ ရော်ဘာကဲ့သို့ ကွေးညွတ်တုန်ခါသွားသဖြင့် သူ၏လက်မှ လွှတ်ချလိုက်ရတော့သည်။

"သေပေတော့"

မျက်စိတစ်မှိတ်အတွင်းမှာပင် အာမူကူက သူ့ရှေ့သို့ ရောက်လာပြီး ဝရဇိန်တုတ်တိုဖြင့် နှလုံးသားကို တည့်တည့် ထိုးစိုက်လိုက်သည်။

ဒေါင်—

ခေါင်းလောင်းကြီးကို ထုလိုက်သကဲ့သို့ သတ္တုချင်း ထိမှန်သံ ထွက်ပေါ်လာပြန်သည်။ ချန်ဆန်းရှီသည် ကျန်းယွဲ့ဓား ကို အချိန်မီ ထုတ်ကာ ခုခံလိုက်သော်လည်း တောင်ကြီးတစ်လုံးဖြင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရကာ အရှိန်ဖြင့် လွင့်ထွက်သွားသည်။ သစ်ပင်တစ်ပင်ကို ပြင်းထန်စွာ ဆောင့်မိသွားပြီး ကိုယ်တွင်းအင်္ဂါများ အောင့်တက်သွားသည်။ သူကကျန်းယွဲ့ဓားကို မြေကြီးထဲစိုက်ကာ အားယူရပ်လိုက်ရသည်။

သိုင်းပညာ စတင်ကျင့်ကြံကတည်းက ပထမဆုံးအကြိမ် သူ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ သူ ညံ့လွန်း၍ မဟုတ်ဘဲ ပြိုင်ဘက်က မဟာသွေးကြောအဆင့်ဖြစ်နေသောကြောင့်ပင်။

"မဆိုးဘူး၊ ငါ့ရဲ့ တိုက်ကွက်နှစ်ကွက်ကို တောင့်ခံနိုင်တာ အတော်လေး အထင်ကြီးဖို့ ကောင်းတယ် ဒါပေမဲ့ ဒီမှာတင် ပြီးပြီ"

အာမူကူက စကားပြောနေသော်လည်း အသက်ရှူချိန် မပေးဘဲ အံ့သြဖွယ် အရှိန်ဖြင့် ထပ်မံ တိုက်ခိုက်ပြန်သည်။

ရွှီ... ရွှီ... ရွှီ...

ချန်ဆန်းရှီသည် မီးတုတ်ကို မြေကြီးထဲ စိုက်လိုက်ပြီး လေးနှင့် မြားကို ပြန်လည် ဆွဲယူလိုက်သည်။ မြားကို မီးညှိလိုက်၊ ပစ်လိုက်သည်မှာ တစ်ဆက်တည်းပင်။ အာမူကူသည် မီးမြားတစ်စောင်ကို လက်ဖြင့် ဖမ်းလိုက်ပြီး မမြင်ရသော စွမ်းအားတစ်ရပ်ဖြင့် မီးတောက်ကို ငြိမ်းသတ်ကာ မြားထိပ်ကို လက်ဖြင့် ချေမွပစ်လိုက်သည်။

ရွှီ—

နောက်ထပ် မီးမြားတစ်စောင် ပျံသန်းလာပြန်သည်။

"သေခါနီး အားထုတ်တာလား သေပေတော့"

အာမူကူသည် အရင်အတိုင်းပင် မြားကို အလွယ်တကူ ဖမ်းလိုက်ပြီး ချိုးပစ်ရန် ပြင်လိုက်သည်။ သို့သော် ယခုတစ်ကြိမ် မီးမြားမှာ လက်ထဲတွင် ထူးဆန်းစွာ ပူလောင်လာသည်။

"ဟင်"

ဝုန်း—

ရုတ်တရက် အနီရောင် မီးတောက်များ ဟုန်းဟုန်းတောက် ပွင့်ထွက်လာပြီး ပေပေါင်းများစွာ မြင့်သော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ အာမူကူသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ထိုအနီရောင် မီးတောက်အတွင်း ဝါးမြိုခံလိုက်ရကာ ပြာပုံဘဝသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

ချန်ဆန်းရှီသည် အသက်ကို ပြင်းပြင်းရှူကာ မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး အတွင်းဒဏ်ရာများကို အသက်ရှူကျင့်စဉ်ဖြင့် ထိန်းချုပ်လိုက်ရသည်။

"နောက်ဆုံးတော့ ငါ အသုံးမပြုချင်ဆုံးသော နည်းလမ်းကို သုံးလိုက်ရပြီ..."

သူသည် ဤကဲ့သို့သော ဓားကောင်းတစ်လက်ကို မီးမြှိုက်ပစ်ရမည်မှာ နှမြောစရာ ကောင်းလှသဖြင့် မြားကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နတ်ဘုရားရတနာ နှင့် ထူးဆန်းသောမီးတောက် တို့၏ အစွမ်းကို သူစိမ်းများ မြင်သွားမည်ကိုလည်း သူ အမြဲစိုးရိမ်သည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ တခြားသော မိစ္စာဂိုဏ်းသားများ လိုက်မလာသည်ကို အတည်ပြုနိုင်ခဲ့သည်။

"မဟာသွေးကြောအဆင့်ဆိုတာလား..."

ထိုသူသည် တခြားသူများနှင့်မတူသော စွမ်းအားတစ်ရပ်ကို အသုံးပြုနိုင်သည်ကို ချန်ဆန်းရှီ သတိပြုမိသည်။ ၎င်းမှာ ခန္ဓာကိုယ်မျက်နှာပြင် သို့မဟုတ် လက်နက်တွင် ကပ်ပါလာနိုင်သော စွမ်းအား ပင် ဖြစ်ရမည်။

"အဲဒီစွမ်းအားကို မြားမှာရော ကပ်လို့ရမလားဒါမျိုးသာ မရရင် အဆင့်မြင့်ကျင့်ကြံသူတွေကို မြားနဲ့ သတ်ဖို့က မလွယ်ဘူး။"

ချန်ဆန်းရှီသည် ကြိုတင်ပြင်ထားသော ကုသရေးဆေးလုံးများကို အမြန်သောက်လိုက်ပြီး အာမူကူ၏ ပြာများကို လေထဲ လွင့်ပစ်လိုက်သည်။ မည်သည့်ခြေရာလက်ရာမှ မကျန်အောင် လုပ်ဆောင်ပြီးနောက် အနီးနားရှိ တောအုပ်ကို မီးရှို့ကာ အစအန ဖျောက်လိုက်လေတော့သည်။

All Chapters