လီဖူယွဲ့ အကူညီတောင်းခြင်း
Vol. 4 Ch. 32
“ဝမ်းသာစရာသတင်းပဲ ဂုဏ်ယူပါတယ်”
ယန်ချန့်အတွက်တော့ ဖန်းအိမ်တော်နဲ့ပက်သက်၍ မည်သည့်ခံစားချက်မှမရှိချေ။ ကျန်းအိမ်တော်က ကျင်းစီရင်စုကို ထိန်းချုပ်နိုင်လေ ပိုကောင်းလေပင်။
“ဒါနဲ့ လာရင်းကိစ္စကိုပြောပါဦး စကားမစပ် လက်ဖက်ရည်လေးလည်း သောက်ကြည့်ပါ ဒါက ကျုပ်ကိုယ်တိုင်စိုက်ထားတဲ့ လက်ဖက်ရွက်လေ စိတ်ကြည်စေပြီး အာရုံစူးစိုက်မှု ကောင်းစေတယ်”
ယန်ချန်က လက်ဖက်ရည်ခွက်များ ငှဲ့ပေးမည်ပြင်လျင် ကျန်းရင်ရင်က အလျင်စလိုဖြင့် လက်ဖက်ရည်အိုးအား ဆွဲယူကာ ငှဲ့လိုက်တော့သည်။
-ဘယ့်နှယ် ဆရာကြီးကို လက်ဖက်ရည်ငှဲ့စေရမှာလား။
ယန်ချန်တယောက် ထိုအပြုအမူအား စိတ်ထဲမထားပေ။ သွက်သွက်လက်လက်ရှိသည့် ကျန်းရင်ရင်ကိုတောင် ကျိတ်၍ ချီးကျူးနေမိသည်။
လီဖူယွဲ့ ကျန်းဝမ်လီ တို့က ကျန်းရင်ရင်ငှဲ့ပေးသည့် လက်ဖက်ရည်အား တငုံသောက်ကြည့်သည်။ ဖန်သက်သက်အရသာကို စတင်ခံစားလိုက်ရပြီး စက္ကန့်အနည်းငယ်ကြာ လျှာပေါ်သို့ အေးမြတဲ့အရသာတခုဖြတ်စီးသွားကာ သူမတို့စိတ်အာရုံကလည်း ပို၍ ပြတ်သားလာသည်ကို သတိထားမိသွားသည်။
-စိတ်ဝိဉာဥ်အာရုံကို အားဖြည့်ပေးတာလား ဘယ်လောက်တောင် တန်ဖိုးကြီးလိုက်လဲ ဒါကို သူကိုယ်တိုင်စိုက်ထားတယ်ဆိုတော့။
လီဖူယွဲ့က တုန်လှုပ်နေမှုကို မိနစ်အနည်းငယ်ကြာသည်အထိ ခက်ခက်ခဲခဲ ထိန်းချုပ်ပြီးနောက် သူမရဲ့လာရင်းကိစ္စအား သတိရသွားသည်။
ကျန်းဝမ်လီနဲ့ ကျန်းရင်ရင်တို့နှစ်ယောက်သားကမူ ယန်ချန့်ဆီမှ မည်သည့်အရာမဆို သူတို့အတွက် အကူညီဖြစ်စေမှန်းသိထားသည့်အတွက် လီဖူယွဲ့လောက် မတုန်လှုပ်တော့ချေ။ သို့သော်လည်း အထိုက်လျောက်တော့ ဆွံ့အနေသေးသည်။
“လာရင်းကိစ္စကတော့ ဒီလိုပါသခင်လေးယန် ကျန်းရင်ရင်ရဲ့ မီးအဆိပ်ကို သခင်လေးကုသပေးလိုက်မှန်း ကျမသိထားပါတယ် အခုသခင်လေးဆီ လည်ပတ်ရင်း တခုအကူညီတောင်းစရာလည်း ရှိနေပါတယ်”
လီဖူယွဲ့က ရှည်လျားစွာစကားခံနေသည်။ ပြီးနောက်
“သခင်လေးယန်ရဲ့ ဆေးပညာက အံ့မခန်းပါပဲ သခင်လေးကိုယ်တိုင် အကဲဖြတ်ပွဲကို တက်ရောက်ထားတဲ့အတွက် သားရဲကပ်ဘေးအကြောင်း သိထားနှင့်မှာပါ ကျမအကူညီတောင်းလိုတာက သခင်လေးယန်ဆီက ကျင့်ကြံသူတွေအတွက် ခန္ဓာကိုယ်အားဖြည့်ဆေးအချို့ ရနိုင်မလားလို့ပါ”
-ကောင်းကင်ဘုံ အကြီးကဲလီက လုံးဝအားမနာဘူးနော် တိုက်ရိုက်ကြီးတောင်းတာပဲ။
-အာ့မှန်းသိ ဒီလူအိုကြီး ခေါ်မလာပါဘူး အခုတော့ မျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ
လီဖူယွဲ့စကားအဆုံး၌ ကျမ်းဝမ်လီတို့အသီးသီး မျက်နှာပျက်သွားကာ ယန်ချန်လည်း မျက်မှောက်ကြုတ်သွားရသည်။ ဒါကဘယ်လိုဟာသလဲ..ငါ့ရဲ့သေမျိုးးေဆပညာက ကျင့်ကြံသူအပေါ် ထိရောက်တယ်ဆိုတာက ဖြစ်နိုင်ပါ့မလား။ ကျန်းရင်ရင်ကို ကုသနိုင်ခဲ့တယ်ဆိုတာက တိုက်ဆိုင်မှုတခုဆိုရင်ရော…။
ယန်ချန့်အမူရာကိုစောင့်ကြည့်နေသည့် လီဖူယွဲ့တယောက် ထိတ်ခနဲ ဖြစ်သွားကာ အနှီဆရာကြီးသာ စိတ်မပျော်ပါက သူမတို့အနေဖြင့် လက်ဖျောက်တချက်တီးစာပင် ခံနိုင်မည်မဟုတ်ဟု တွေးမိပြီး တွေ့တွေ့ချင်း အကူညီတောင်းမိသည့် ကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည်။
“အကြီးကဲလီ ခင်ဗျားသေချာလား”
ယန်ချန့်မျက်နှာက တည်တင်းနေသည်။ အဆိုပါကိစ္စက နောက်စရာမဟုတ်ပေ။ တဖက်သူကသာ သူ့ဆေးပညာကို လှောင်ပြောင်လိုသည့် ရည်ရွယ်ချက်ရှိနေရင်တော့ သူ့အနေဖြင့် ခွင့်လွှတ်မည်မဟုတ်။
လီဖူယွဲ့တယောက် စူးရှတင်းမာသည့် အကြည့်ကြောင့် ဆတ်ခနဲ ဖြစ်သွားသည်။
“ သေချာပါတယ် သခင်လေးယန်ရဲ့ ဆေးပညာကို ကျမယုံကြည်တယ်”
မတတ်နိုင်တော့။ စပြီးမှ အဆုံးထိလျှောက်ရုံမှ လွဲ၍ သူမ၌ ရွေးချယ်စရာမရှိချေ။ တေးသံသာဂိုဏ်းအတွက်သာမက သွေးမိစ္ဆာဂိုဏ်းအား ရင်ဆိုင်သည်ဖြစ်စေ ဒါမှမဟုတ် သားရဲကပ်ဘေးအတွက်ဖြစ်စေ သူမစွန့်စားမည်ဖြစ်သည်။
ယန်ချန်တယောက် အတန်ကြာငြိမ်သက်ကာ တွေးနေသည်။
-တကယ်ကြီး ငါဖော်တဲ့ဆေးက ကျင့်ကြံသူတွေကို ထိရောက်တယ်ဆိုရင်ကော.. ဒါဆို နောင်မှာ တေးသံသာဂိုဏ်းလို အင်အားစုတခုနောက်ခံ ရလိုက်တာနဲ့အတူတူပဲ
-အင်း…သားရဲကပ်ဘေးကလည်း နီးလာပြီ ဒီရွာအပါအဝင် ဒီအနီးနားကရွာတွေမှာ အရင်လိုပြန်စည်ဖို့ဆိုရင်တော့ သားရဲကပ်ဘေးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်မှဖြစ်မယ် ငါတယောက်တည်းနဲ့တော့ မရနိုင်ဘူး အကြီးကဲလီပြောတာကို ငါစမ်းကြည့်သင့်လား
ယန်ချန်က အတွေးများစွာဖြင့် ရှုယင်အားတချက်ကြည့်သည်။ မသကာ ရှုယင်တို့နဲ့အတူ ခရိုင်ကြီးတခုခုအား ပြောင်းရွှေ့လျင်လည်း သားရဲကပ်ဘေးအား အထိုက်အလျောက် ကျော်လွှားနိုင်ပြီး ထိုအရာကကော မည်မျှ သေချာသနည်း မိုးပြိုအများဖြစ်သည် မဟုတ်လား။
“အကြီးကဲလီ ခဗျားက ကျတော့်ကိုအတော်လေးအထင်ကြီးနေတာပဲ”
ယန်ချန်က အသာပြုံးရင်း ကျန်းဝမ်လီတို့အား ဝေ့ဝဲ ကြည့်လိုက်သည်။
-ငါထင်တယ် ဒီမိန်းမကိုခေါ်လာတဲ့အတွက် သခင်လေးယန် ငါတို့ကိုအပြစ်မြင်နေလောက်ပြီ
ကျန်းဝမ်လီတယောက် အနည်းငယ်စိတ်ရှုပ်ထွေးသွားကာ အခြေနေဒီထက်ပိုတင်းမာလာလျင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကို အသည်းအသန် စဥ်းစားနေလေသည်။ အိမ်အတွင်း လေထုကလည်း တင်းကျပ်နေသည်။
အတန်ကြာတော့
“ကောင်းပြီ အကြီးကဲလီပြောတဲ့ သားရဲကပ်ဘေးကို ကျတော်လည်းစိုးရိမ်မိတယ် ဒါပေမယ့် ဆေးဝါးကိစ္စကတော့ ကျတော်ခဗျားကို အနည်းကျဥ်း ကူညီပေးမယ် ဘယ်လိုလဲ”
အဆုံး၌ အကြီးကဲလီပြောသည့်ကိစ္စအား စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အတွက် အကျိုးယုတ်စရာတော့ မရှိပေ။
ယန်ချန်ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကိုကြားလျင် လီဖူယွဲ့သာမက ကျန်းဝမ်လီတို့ပါ စိတ်သက်သာရာ ရသွားတော့သည်။
“တခုတော့ရှိတယ်”
ယန်ချန်က ရုတ်တရက်ပြောလာသည်။
“ကျတော့်အနေနဲ့ ခဗျားတို့လို ကျင့်ကြံသူတွေနဲ့ မိတ်ဆွေဖြစ်ရတဲ့အပေါ် ကျေနပ်မိပါတယ် ဒါပေမယ့် ဒါက ကျတော့်ရဲ့နေ့စဥ်ဘဝကို သက်ရောက်မှု ရှိစေလို့တော့မဖြစ်ဘူး သိတဲ့အတိုင်း ကျတော်က သေမျိုးပါ ဟုတ်တယ်မလား”
စကားကိုတော့ တခါတည်းအပြတ်ပြောထားတာ ကောင်းမည်။ ကျင့်ကြံသူများနဲ့ပက်သက်ရသည်မှာ ဓားသွားနှစ်ဖက်အား ဆုပ်ကိုင်ထားရသည်နဲ့ တူညီသည်ဟု သူထင်သည်။ ထို့ကြောင့် နက်နက်ရှိုင်းရှိုင်းပက်သက်မည်တော့ မဟုတ်ချေ။
လီဖူယွဲ့က ချက်ချင်းပဲ သဘောတူလိုက်သည်။ သူမနေဖြင့် ကျန်းဝမ်လီတို့ပြောပြချက်ကြောင့် သခင်လေးယန်က မူလပြန်ရောက်ခြင်းဘဝ၌ ရှင်သန်နေသည်ကို သိထားတဲ့အတွက် ဖြစ်သည်။
“ကျမနားလည်ပါတယ် သခင်လေးယန်ရဲ့ အကူညီက လူသားလောကအတွက် အထောက်ပံ့ကောင်း ဖြစ်စေမှာပါ”
“ဟားးး အဲ့စကားက ကြီးကျယ်လွန်းပါတယ်”
ယန်ချန်က လီဖူယွဲ့စကားအား အနည်းငယ်ကျေနပ်သလိုခံစားလိုက်ရသော်လည်း ထိုမျှသာ ဖြစ်သည်။
မကြာခင်မှာပဲ လက်ဖက်ရည်ဝိုင်းက ပြန်လည်အသက်ဝင်လာကာ အချိန်တချို့ကြာပြီးနောက်မှာတော့ ယန်ချန်က မကြာသေးမီအချိန် ရှုယင်တို့သားအမိအတွက် ဖော်စပ်ထားသည့် ဆေးရည်များထဲမှ လက်ကျန်ကို လီဖူယွဲ့ဆီ ပေးလိုက်သည်။
“အကြီးကဲလီ အများကြီးမျှော်လင့်မထားနဲ့ ဟုတ်ပြီလား”
လီဖူယွဲ့တယောက် အဆုံးသတ်၌ ယန်ချန့်ဆီက အကူညီကို ရနိုင်သည်ဟု တွေးကာ ဆေးရည်အားလက်ခံလိုက်သည်။ အကျိုးသက်ရောက်မှု ရှိမရှိလား။ တွေးစရာပင်မလိုချေ။ လက်ဖက်ရည်တခွက်က စိတ်အာရုံကို တိုးတက်စေပြီး ထမင်းတနပ်ဖြင့် မည်သူက ကျန်းဝမ်လီကို အခြေတည်ဝိဉာဥ်အဆင့်နှောင်းပိုင်းထိ ရောက်စေနိုင်သနည်း။ ကျန်းရင်ရင်ကကော..။
……………………………………………….