အခန်း (၃၅)
Vol. 4 Ch. 35
တောအုပ်က တစတစနက်ရှိုင်းလာပြီး နေရောင်ပင် တိုးမပေါက်တော့ချေ။
ပတ်ဝန်းကျင်လည်း မြူအချို့ ရစ်သိုင်းနေသေးသည်။ အေးစက်သည့်လေထုကြောင့် ယန်ပိုင် မျက်နှာမဲ့သွားရပြီး တခုခု ထူးခြားနေသည်ကို သတိပြုမိသွားသည်။ ထိုအရာက သားရဲဗီဇပင်ဖြစ်ပြီး အန္တရာယ်အား အလိုလိုသိစိတ်ဖြစ်သည်။
“ဟို အရှေ့မှာပါ ကျတော့်ကို လွှတ်ပေးနိုင်မလား ကျတော် ကျတော့်မှာ ကင်းလှည့်ရမယ့်တာဝန်ရှိလို့ပါ”
ဝံပုလွေခေါင်းဆောင်က အထိတ်တလန့်ဖြင့် ထွက်ခွာခွင့်ပြုရန် ခွင့်တောင်းလာသည်။
“နေဦး ငါနဲ့အတူနေ ဒင်းတို့ဘာလုပ်နေလဲဆိုတာ ငါသွားကြည့်မယ်”
ယန်ပိုင်ကမူ လွှတ်ပေးရန်စိတ်ကူးမရှိပဲ ဆက်၍သာ ဆုပ်ကိုင်ထားကာ ကျောက်ဂူကြီးရှိရာ တိုးကပ်သွားသည်။ ကျောက်ဂူကြီးအတွင်းမှာတော့ မြွေသားရဲ ဖွတ်မိကျောင်းသားရဲ မျောက်ဝံများ တောဝက်များ သာမက အခြားသားရဲကြီးငယ်များစွာ စုရုံးနေပြီး ကျောက်ဂူကြီးအတွင်းထဲမှာတော့ ကြီးမားသည့် ကျောက်သားစင်မြင့်တခုရှိနေကာ တကိုယ်လုံး အဝါအနက် ပြောက်ကျားကွက်များဖြင့် ခန့်ညားထည်ဝါသည့် ကျားသစ်တကောင်က ဘုရင်တပါးနှယ် ထိုင်နေလေသည်။ သူ့ဘေးတွင်လည်း မြေခွေးမလေးနှစ်ကောင်က သူ့ခန္ဓာကိုယ်အား နှိပ်နှယ်ပေးနေရသည်။
-သောက်ကျိုးနည်း ငါ့ထက်အထာကျနေတာပဲ ငါကြည့်မရတော့ဘူးနော်…
“မင်းတို့အတွက် အခွင့်ရေးနော် တုန့်ဆိုင်းမနေကြနဲ့ မင်းတို့သာ အရှင့်ဆီမှာ သစ္စာခံမယ်ဆိုရင် မကြာခင်မှာ မင်းတို့တွေအကုန်လုံး သားရဲဘုရင် သားရဲဧကရာဇ်တွေ ဖြစ်လာနိုင်တယ်”
ကျားသစ်ကြီးရဲ့စကားသံက လွှမ်းမိုးနိုင်စွမ်းရှိစွာ ဂူအတွင်းကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
တောတွင်းရှိသားရဲများမှ အချို့သားရဲများက စိတ်လှုပ်ရှားနေကြပြီး အနည်းငယ်သတိကြီးသည့် တောဝက်များနဲ့ မြေခွေးများကမူ တုန့်ဆိုင်းနေကြလေသည်။
“သခင်ကျားသစ်ကြီးစကားကို ယုံပါတယ် ကျတော်တို့မြွေပါမျိုးနွယ်က သေချာပေါက် အရှင့်ဆီမှာ သစ္စာခံမှာပါ”
“ကျတော်တို့ ဖွတ်မိကျောင်းတွေကလည်း ဆန္ဒရှိပါတယ်”
“ကျတော်တို့ မျောက်ဝံမျိုးနွယ်ကလည်း..”
“ကျမတို့….”
သားရဲများက အလုယက် ပြောဆိုနေကြချိန် တဖက်မှာတော့ ယန်ပိုင်က မျက်နှာရှုံ့မဲ့နေသည်။
-ဘယ်ကသားရဲဧကရာဇ်လည်း အောက်လမ်းက တိုးလာတဲ့ကောင်ကများ
(အတုယောင်နည်းလမ်းများဖြင့် ကျင့်ကြံဆင့်အား တိုးမြင့်ထားခြင်းကိုဆိုလို)
ကျားသစ်ကြီးက တောဝက်များနဲ့ မြေခွေးမလေးများအား ဝေ့ကြည့်လိုက်သည်။ ပြီးနောက်
“မင်းတို့ကကော ဘယ်လိုလဲ”
တောဝက်အိုကြီးက ကျားသစ်ရဲ့အကြည့်ကြောင့် တုန့်ဆိုင်းသွားသော်လည်း အကျိုးမြတ်ရနိုင်သည့်နည်းလမ်းက ရိုးရှင်းလွန်းနေသည်မှာ သံသယဖြစ်စရာကောင်းသည်ဟု ခံစားနေရလေသည်။ မြေခွေးမလေးများကလည်း ထို့အတူပင်။
မူလက အေးချမ်းတဲ့တောအုပ်ငယ်လေးအနေဖြင့် ပြင်ပတောအုပ်ကြီးများ၏ လွှမ်းမိုးမှုကို မခံယူလိုပေ။
“ကျတော်တို့ကို စဥ်းစားဖို့အချိန်နည်းနည်းပေးပါ”
“ကျမတို့လည်း..”
ကျားသစ်ကြီးက မကျေမနပ်ဖြင့် စကားစအားဖြတ်တောက်လိုက်ပြီး ကြီးမားသည့် လက်ကြီးတဖက်အား ခါယမ်းလိုက်သည်နှင့် လေထဲ၌ သိပ်သည်းသည့် သွေးစက်ကြီးတခု ထွက်ပေါ်လာသည်။
“ဒါ..ဘာလဲသိလား မိစ္ဆာသွေးပဲ မင်းတို့တဘဝလုံးရှင်သန်ရင်တောင် တစက်ရဖို့ မရေရာတဲ့ သွေးကွ နားလည်လား ငါ့အရှင်ဆီမှာ သစ္စာခံရုံနဲ့ ဒီလိုသွေးစက်တွေရပြီး မင်းတို့ရဲ့ခွန်အားတွေ အကြီးကျယ် တိုးတက်သွားမှာ ဟမ့် နုံအတဲ့ တောဝက်နဲ့ မြေခွေးမတွေပဲ ကျွတ်..ကျွတ်”
တောဝက်ကြီးများက လှုပ်လှုပ်ရှားရှားဖြစ်သွားသော်လည်း တောဝက်အိုကြီးက ချက်ချင်းပဲ တည်ငြိမ်အောင် မာန်မဲလိုက်သည်။ သူ့သဘောအရဆို သွေးသက်ဆီမှ မကောင်းတဲ့လူသားအငွေ့သက်ကိုရနေခဲ့ပြီး ထိုအရာက တောဝက်များကို ထိခိုက်စေလိမ့်မည်ဟု ခံစားနေရလေသည်။
“မင်းတို့ ငြင်းပယ်ချင်နေတယ်ပေါ့”
တုန့်ဆိုင်းနေသေးသည့် တောဝက်နဲ့မြေခွေးမလေးတို့အားကြည့်ကာ ကျားသစ်ကြီးက သူ့ခွန်အားကို ထုတ်ပြန်ရန်ဆုံးဖြတ်လိုက်တော့သည်။
-အနုနည်းနဲ့မရရင် နည်းနည်းကြမ်းမယ်ကွာ
ကျောက်ဂူကြီးတခုလုံး လှုပ်ယမ်းသွားကာ ကျောက်နံရံမှ ကျောက်သားအချို့ ကွာကျလာသည်။ သားရဲဧကရာဇ်၏ ခွန်အားက သွားရှုပ်လို့တော့မရပေ။
သားရဲအကုန်လုံးလည်း ဖိအားအောက် အလဲလဲအပြိုပြိုဖြစ်၍ တုန်လှုပ်နေကြချိန် အသံသြသြတခုက ကျောက်ဂူအပြင်ဘက်မှ ဝင်ရောက်လာသည်။
“ကြောင်ပေါက်လေး ပြပွဲက သိပ်ကြည့်မကောင်းဘူး တခြားဇာတ်လမ်းရှိသေးလား”
………………………………………………..