အခန်း (၃၆)
Vol. 4 Ch. 36
အသံက ကျားသစ်ဘုရင်ကို လှောင်ပြောင်လိုက်သည့် ပုံစံဖြစ်ပြီး ထိုအသံနဲ့အတူ ဝကစ်နေသည့် အဖြူရောင်ဝက်ဝံပေါက်တကောင်က ကျောက်ဂူကြီးထဲ လက်နှစ်ဖက်နောက်ပစ်လျက် တလှမ်းချင်း လှမ်းဝင်လာလေသည်။
ကျောက်ဂူထဲရှိသားရဲများစွာ၏အကြည့် အားလုံးကို ဖမ်းစားလိုက်နိုင်ပုံပေါ်သည်ကို မြင်လျင် ယန်ပိုင် ကျိတ်၍ မာန်တက်သွားတော့သည်။ ကျားသစ်ကြီးကမူ စူးရှသည့် မျက်လုံးအစုံဖြင့် စားတော့မတက် စိုက်ကြည့်၍ မေးသည်။
“ကောင်လေး မင်းဘယ်သူလဲ ငါဒီနေ့နည်းနည်း စိတ်ကောင်းဝင်နေတယ် မင်းနဲ့မဆိုင်ရင် ခုထွက်သွားလိုက်တော့”
ယန်ပိုင်က ကျားသစ်ကြီးရဲ့စကားကို လျစ်လျူရှုကာ သားရဲများအား ကြည့်လိုက်သည်။
-ဆိုတော့ ဒီကောင်တွေကို ကြောင်ပေါက်လေးက စုစည်းထားတာကိုး
ယန်ပိုင့်အကြည့်က တောဝက်နဲ့ မြေခွေးမလေးများဆီ ရောက်သွားပြန်သည်။ တောဝက်အိုကြီးက ယန်ပိုင်ကို အသေချာကြည့်နေပြီး သူ့စိတ်ထဲမည်သည့်အရာကို တွေးနေမှန်း သူပဲသိလိမ့်မည် ဖြစ်သည်။
“မင်းတို့ရဲ့စိတ်ဓာတ်ကို ကြိုက်တယ်”
ယန်ပိုင်က လက်ထောင်ပြကာ ချီးကျူးလိုက်သည်။ အမှန်က လက်မထောင်ချင်တာ သူ့လက်ပုံစံနဲ့ လက်မလုပ်တာကို အသားမကျသေးလို့ 😂
ယန်ပိုင်ရဲ့ လျစ်လျူရှုခြင်းကို ခံလိုက်ရတဲ့အခါမှာတော့ ကျားသစ်ကြီး ပေါက်ကွဲသွားသည်။
“ကောင်လေး မင်းငါ့ကိုလျစ်လျူရှုရဲတယ်ပေါ့”
ပြင်းထန်တဲ့ ဖိအားတခုထွက်ပေါ်လာပြီး နောက်ထပ်တကြိမ် ကျောက်နံရံများ အက်ကွဲလာသည်။ သို့သော်လည်း မထင်မှတ်ထားသည်က ယန်ပိုင်က ထိုဖိအားကို အရေးပင်မစိုက်ပဲ သူဆွဲခေါ်လာသည့် ဝံပုလွေခေါင်းဆောင်အား လှည့်၍ပင် စကားပြောနေလေသည်။
“မင်း.. တာဝန်ကျေတယ် သွားမင်းအလုပ် မင်းပြန်လုပ်လို့ရပြီ”
ယန်ပိုင့်ဆီက ခွင့်ပြုချက်ရသည်နှင့် ဝံပုလွေခေါင်းဆောင်လည်း ကျောက်ဂူအပြင်ဘက်သို့ ကသောကရော ပြေးထွက်သွားသည်မှာ အမြီးပင်မမြင်ရတော့ချေ။
“ခုနက ငါ့ကိုစကားပြောလိုက်တာမင်းလား”
ယန်ပိုင့်အကြည့်က ကျားသစ်ကြီးဆီပြန်ရောက်သွားသည်။
-ဟမ် ဒီကောင် သောက်ကျိုးနည်းကြီး ချေမိုးနေတာဟ
-သတ္တိအရမ်းကောင်းလွန်းလို့ လေးစားမိပြီ ဝံကြီးရေ
ကျောက်ဂူထဲရှိ တုန်လှုပ်နေတဲ့ သားရဲများအားလုံး ယန်ပိုင်အား ကြည့်ကာ ဆွံ့အနေသည်။ အနှီဝဝကစ်ကစ် ဝက်ဝံလေးက မည်သည့်နေရာက ရောက်လာသနည်း။
“မင်း…”
ဖိအားက နောက်ထပ်တဖန် ထပ်တိုးလာပြန်သည်။ ဒီတကြိမ်မှာတော့ ယန်ပိုင်က လျစ်လျူမရှုတော့ချေ။ ကျားသစ်ကြီးအား စူးရဲစွာစိုက်ကြည့်ပြီး မေးလိုက်သည်။
“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ ရည်ရွယ်ချက်က ဘာလဲ”
ယန်ပိုင့်ရဲ့မေးခွန်းက ကျားသစ်ကြီးက ပြန်မဖြေ။ တလျှောက်လုံး သူ့အားလျစ်လျူရှုနေသည့်အပေါ် စိတ်ထိခိုက်သွား၍ထင် ချက်ချင်းပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတော့သည်။
“အိုး.. အရမ်းလောတာပဲ နေပါဦးဟ”
ကျားသစ်ကြီးက ခန္ဓာကိုယ်နဲ့မလိုက် လျင်မြန်စွာ လှုပ်ရှားလာပြီး သွေးမျက်လုံးကဲ့သို့ နီရဲနေသည့် မျက်လုံးအစုံက ပတ်ဝန်းကျင်ရှိသားရဲများကို မြေပြင်ပေါ် တုန်ယင်နေစေသည်။
“သောက်စကားများလွန်းတဲ့ကောင် သေလိုက်တော့”
ကျားသစ်လက်ကြီးတဖက်ဖြင့် ယန်ပိုင့်အား ဖမ်းကုပ်သည်။ ယန်ပိုင်က ထိုအခြနေကို တွက်ဆထားသည့်နှယ် ခေါင်းတယမ်းယမ်းဖြင့် ဟန်ပါပါအမူရာလုပ်ကာ ဘေးဘက်အား ရှောင်ထွက်လိုက်သည်။ ပြီးနောက် သူ့ရဲ့ညာဘက်လက်ဖြင့် အသာလေး ပြန်ပုတ်ထုတ်လိုက်သည်။
“ဝုန်း”
ကြီးမားတဲ့လက်နှစ်ခု တိုက်ရိုက်ဆုံသွားပြီး ကျောက်ဂူတခုလုံးတုန်ခါသွားသည်။
“မင်းက မဆိုးဘူးပဲ”
ကျားသစ်ကြီးက နောက်တကြိမ် ထပ်မံတိုက်ခိုက်လာသည့် အခါမှာတော့ ယန်ပိုင်တယောက် အချိန်ဆွဲရန် စိတ်မရှိတော့ပေ။ ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် ခုန်ဝင်လာသည့် ကျားသစ်ကြီးအား ဆုပ်ကိုင်ကာ မြေပြင်ပေါ် ကိုင်ရိုက်လိုက်သည်။
“သိပ်မာတဲ့ ကျောရိုးလေး သခင်လေးပိုင်က ချိုးပေးမယ် ဟုတ်ပြီလား”
အုန်းခနဲ အသံနဲ့အတူ ထိတ်လန့်ဖွယ်ရာ အော်သံကြီးတခု ကျောက်ဂူထဲမှ အပြင်ဘက်ထိ ပျံ့ထွက်သွားကာ အပြင်ဘက်သစ်ပင်များပေါ်မှ ငှက်များပင် အထိတ်တလန့် ထပြေးကြတော့သည်။
-ဘာဖြစ်တာလဲ ဧည့်စာရင်းစစ်တာလား
နှစ်ကွက်တည်းမှ နှစ်ကွက်တည်း။ ကျားသစ်ကြီးအား အမှောက်သိပ်လိုက်ခြင်း။ သိထားရမည်က ကျားသစ်ကြီးဆိုသည်ကား မိစ္ဆာသွေးနိုးထပြီးသား ဧကရာဇ်အဆင့် ဖြစ်သော်လည်း ယန်ပိုင့်ကိုတော့ တချက်ကလေးပင် ထိအောင်မတိုက်ခိုက်နိုင်ခဲ့ချေ။
ယန်ပိုင်က မြေပြင်ပေါ် လဲလျောင်း၍ ကျောရိုးများ ကျိုးသွားသည့်အတွက် အော်ဟစ်နေရသည့် ကျားသစ်ကြိးရဲ့ ရင်ဘတ်အား ဝဝကစ်ကစ် ကိုယ်လုံးကြီးဖြင့် တက်ဖိလိုက်သည်။
“ကောင်းကောင်းမေးမယ် ဖြေ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ရည်ရွယ်ချက်ကဘာလဲ”
ပါးစပ်ထဲမှ သွေးအတောင့်လိုက်ထွက်ကျနေသည့် ကျားသစ်ကြီးခမျာ ယန်ပိုင့်ကို ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ဖြင့်ကြည့်နေသည်။
“ငါ့ကိုအဲ့လိုအကြည့်နဲ့ကြည့်ပြီး စိတ်ပျော့အောင်လာမလုပ်နဲ့ မေးတာကိုဖြေလိုက်”
ယန်ပိုင် ကျားသစ်ကြီး၏ ရင်ဘတ်ကို နှစ်ချက်ဆင့်ခုန်လိုက်သည်။
ဝေါင်း….
အသံကတိုးညင်းသော်လည်း ထိုအထဲ၌ ထိတ်လန့်မှု အံ့သြသင့်မှုတို့ပါဝင်ကာ ကြောက်လန့်နေသည်မှာလည်း အသေချာပင်။
“မဖြေသေးဘူးလား”
“ဖြေ..ဖြေပါ့မယ် သားရဲအရှင်ဖြစ်တဲ့ မီးတောက်ကျားကြီးက လွှတ်လိုက်တာပါ ရည် ရည်ရွယ်ချက် ကိုတော့ ကျတော်မသိပါဘူး သူ သူက ဒီတိုင်း တောအုပ်ထဲက သားရဲတွေကိုပဲ စည်းရုံးဖို့မှာလိုက်ပါတယ်”
သိပ်များများ စစ်မေးစရာမလိုပေ။ နဂိုတည်းက သတ္တိကြောင်တဲ့ ကျားသစ်ကြီးက ထစ်အစွာဖြင့် အကုန်ပြောပြတော့သည်။
“မင်းပြောသလောက် မရိုးရှင်းဘူးဆိုတာ ငါသိတယ်”
ယန်ပိုင်က ကျားသစ်ကြီးရဲ့လည်ပင်းအား ဆုပ်ကိုင်၍ လေထဲဆွဲမြှောက်လိုက်သည်။
“ကျတော်ပြောတာအမှန်တွေပါ ကျတော့်ကိုမသတ်ပါနဲ့”
ထိုအချိန် တောဝက်အိုကြီးက ဝင်ရောက်ပြောဆိုသည်။
“ခုနတုန်းက သူပြတဲ့သွေးတစက်က သံသယဝင်စရာကောင်းတယ် သေချာစစ်ဆေးကြည့်ရင် အဖြေသိရမှာပါ”
တောဝက်ကြီးရဲ့စကားကိုကြားတော့ မူလက သူတွေ့ထားသည့် သွေးစက်အား သတိရသွားကာ ကျားသစ်ကြီးဆီမှ တောင်းယူလိုက်သည်။ ပြီးနောက်
“မင်းကတော့ မလိုတော့ဘူး”
ချက်ချင်းပဲ ကျားသစ်ကြီး၏ ဦးခေါင်းအား ဆွဲဖြုတ်၍ အဆုံးသတ်ပေးလိုက်သည်။
-ဒီသွေးစက်ကဘာလဲ.. ဘာထူးခြားလို့လဲ သခင်လေးကိုပြန်မေးရင်ကောင်းမလား မဟုတ်သေးဘူး ငါ့ဘာသာငါစစ်ဆေးကြည့်မယ်
ယန်ပိုင်က သွေးစက်ကို တချက်တည်း မြိုချကြည့်သည်။ ပြီးနောက် မိနစ်အနည်းငယ် ကြာမြင့်သွားသည် မည်သည့်အရာမှထူးခြားမလာပေ။
-ချီးပဲ ဘာမှလည်းမထူးဘူး ညှီနံ့တောင်ရသေး ဝေါ့
ကျောက်ဂူထဲရှိသားရဲများမှာ မလှုပ်ရဲသေး။ ယန်ပိုင်ရဲ့လှုပ်ရှားမှုများအား အဆက်မပြတ်စောင့်ကြည့်နေကြသည်။
“သခင်လေး တခုလောက်မေးလို့ရမလား”
အချိန်အတော်ကြာ ငြိမ်သက်နေသည့်ယန်ပိုင်အားကြည့်၍ တောဝက်အိုကြီးက သူစိတ်ထဲမရှင်းသည်ကို မေးရန်ဆုံးဖြတ်လိုက်သည်။
“ဘာမေးဖို့လဲ”
“သခင်လေးဆီမှာ ဒီတောဝက်အိုကြီးကို ကယ်တင်ခဲ့တဲ့ လူသားတဦးရဲ့ အနံ့တခုရမိပါတယ် ဒါကတိုက်ဆိုင်တာများ ဖြစ်နေမလား”
လူသားအနံ့ဟုတ်လား။ သခင်လေးရဲ့အနံ့ကို သူကဘယ်လိုသိနေတာလဲ။
ယန်ပိုင်က တောဝက်အိုကြီးအား စူးရဲစွာစိုက်ကြည့်၍ မေးလိုက်သည်။
“ခဗျားရဲ့ လူသားကဘယ်လိုပုံစံလဲ”
တောဝက်အိုကြီးက ယန်ချန့်သွင်ပြင်အား ရှင်းပြလေသည်။ အတန်ကြာတော့ ယန်ပိုင် ခေါင်းတဆတ်ဆတ်ညိတ်ကာ တခဏတွေးနေလေသည်။ အတန်ကြာမှ
“ခဗျားပြောတဲ့သူက ကျုပ်သခင်လေးပဲ”
ယန်ပိုင့်ဆီမှ အတည်ပြုချက် ကြားချိန်မှာတော့ မူလက မသေချာစွာ အတည်ပြုချင်ပုံသာရှိသည့် တောဝက်အိုကြီးမှာ ချက်ချင်းပင် မြေပြင်ပေါ် ဝပ်တွားလိုက်သည်။
“သခင်လေးအဆင်ပြေမယ်ဆိုရင် ကျေးဇူးရှင်နဲ့တွေ့ပါရစေ ခွင့်ပြုပေးပါ”
ငါ့သခင်လေးနဲ့တွေ့ချင်တာလား ဟိုကခဗျားကို မှတ်တောင်မှတ်မိပါ့မလားဟ။ ထိုသို့တွေးနေသော်လည်း ထုတ်မပြောလိုက်ပေ။
-သခင်လေးခြံထဲမှာ မွေးမြူရေးသားရဲတွေ မရှိသေးဘူး ဒီတောဝက််ချို့ ပြန်ခေါ်သွားရင်ကောင်းမလား
တောဝက်အိုကြီးက ယန်ပိုင့်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေစဥ် မြေခွေးမလေးများမှလည်း ယန်ပိုင့်အား ခေါ်ဆောင်သွားပါရန် ဝိုင်းပြောကြတော့သည်။ သူမတို့က မူလတောအုပ်မှ လက်တုန့်ပြန်မည်ကို ကြောက်ရွံနေခြင်း ဖြစ်သည်။
“နေဦး နေကြဦး အကုန်လုံးတော့ ခေါ်ဖို့အဆင်မပြေဘူး မင်း…မင်းးးပြီးတော့ မင်းတို့ အကုန်ထွက်သွားစမ်း”
ယန်ပိုင်က တောဝက်အဖွဲ့နဲ့ မြေခွေးအဖွဲ့မှလွဲ၍ ကျန်အဖွဲ့များအား မောင်းထုတ်လိုက်သည်။ ကျန်သားရဲများမှာလည်း မူလက ခွန်အားကြီးမားသည့် ယန်ပိုင်ကိုခစားချင်သော်လည်း မောင်းထုတ်ခံလိုက်ရသည့်အတွက် စိတ်ပျက်နေကြသည့် အမူရာဖြင့် ကျောက်ဂူထဲမှ ထွက်သွားကြတော့သည်။
“သခင်လေး…”
တောဝက်အိုကြီးက အသံပြုသည်။
“ခဗျားက သခင်လေးနဲ့ဆုံဖူးတော့ လိုက်ခဲ့ ဟိုမြေခွေးမလေးတွေကတော့ အင်း.. နည်းနည်းလိုက်ခဲ့ သခင်မလေးဆော့ကစားဖို့ အဖော်ရတာပေါ့”
အဆုံး၌ ယန်ပိုင်က တောဝက်အချို့ မြေခွေးအချို့အား ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။ နောင်တွင် ပျင်းစရာကောင်းသည့် ကိစ္စများ ယန်ချန်မှ ခိုင်းစေလာပါက တဆင့်ပြန်လည်းခိုင်းစားမည် ဖြစ်သည်။
………………………………………………..