← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ကျန်းအိမ်တော်အတွင်း ခန်းမကျယ်ထဲ၌ ကျန်းမိသားစုဝင်များ အကြီးကဲများ စုဝေးကာ တစုံတခုအား အပြင်းအထန် ဆွေးနွေးကြသည်။ ထိုအရာကား

ယန်ချန်နေထိုင်သည့် ရွာငယ်လေး၌ သွားရောက်နေထိုင်ကြရန်ဖြစ်ပြီး ကျန်းအိမ်တော်၏ အောက်ခြေမှစ ကျန်းဝမ်လီထိ ထိုအခွင့်ရေးကြီးအား ရယူချင်နေကြသည့်အတွက် ဆွေးနွေးပွဲ၏လေထုက ကမ္ဘာအရေးတခုနှယ် တင်းမာနေရခြင်းဖြစ်သည်။

“ကျန်းထန် မင်းက အိမ်တော်ကို ဆက်ဦးစီးဖို့လိုတယ် ပြီးတော့ ယန်အာ မင်းကတော့ မင်းအဖေကို ကူညီလိုက်”

ကျန်းဝမ်လီရဲ့ဆုံးဖြတ်ချက်ကို ကြားတော့ ကျန်းထန်တို့သားအဖခမျာ မျက်နှာရှုံ့မဲ့သွားပြီး ချက်ချင်းပဲ ကန့်ကွက်တော့သည်။

“မဟုတ်တာ ကျတော့်နေရာကို အိမ်တော်ထဲက အရည်ချင်းရှိတဲ့သူ လွှဲပေးလို့ရနေပြီပဲ ကျတော်လည်း အဖေနဲ့အတူ သခင်လေးယန်ရဲ့ ရွာမှာလိုက်နေမယ်”

ကျန်းယန်ကလည်း အားကျမခံ

“အဖိုး ကျတော်လည်း လိုက်မယ် ကျတော်ရှိနေရင် ညီမလေးလည်း လေ့ကျင့်ဖော်ရတာပေါ့”

အိမ်တော်မှအကြီးကဲများ.. “........”

ငါတို့လည်း ဒီအခွင့်ရေးကြီးကို လိုချင်တယ်လေကွာ… ။

ကျန်းဝမ်လီက တင်းမာခက်ထန်သည့်အကြည့်ဖြင့် ကျန်းထန်တို့သားအဖအား ကြည့်လိုက်သည်။ သို့သော်လည်း ယတိပြတ်ဆုံးဖြတ်ထားသည့် ကျန်းထန်တို့က အလျှော့မပေးကြပေ။

“ဘာလဲ မင်းတို့က ကျန်းအိမ်တော်ကို ဖျက်သိမ်းလိုက်ချင်တာလား ဟမ် အိမ်တော်ကိုမှီခိုနေရတဲ့ မိသားစုဝင်တွေကို မငဲ့ကွက်တော့ဘူးလားကွ”

-ဒါဆို အဖေကျတော့ ဘာလို့ကိုယ်လွတ်ရုန်းလဲ

သေချာသည်က ကျန်းထန်အနေဖြင့် ထိုစကားလုံးများအား ထုတ်ပြောရဲမည်မဟုတ်ချေ။

ထိုစဥ် အကြီးကဲတဦးက ဝင်ပြောလာသည်။

“ဘိုးဘေးကို ကျတော်တခုပြောလိုပါတယ်”

“ပြော”

“လက်ရှိအခြေနေအရ ကျင်းစီရင်စုကြီးမှာ ကျတော်တို့ကျန်းအိမ်တော်က ပြိုင်ဘက်မရှိ ရပ်တည်နိုင်နေပါပြီ အိမ်တော်ရဲ့ ကိစ္စအဝဝကို အရင်ကလို စိုးရိမ်တကြီး စီမံနေစရာမလိုတော့ပါဘူး ဒီအတွက် အိမ်တော်မှာ မရှိမဖြစ်လိုအပ်မယ့် ဘဏ္ဍာရေးအကြီးကဲ ကုန်သွယ်ရေးအကြီးကဲနဲ့ အရေးကြုံရင် အိမ်တော်ကို ကာကွယ်ဖို့ လူငယ်အချို့ ချန်ထားရင် ရပြီမဟုတ်လားခဗျ”

ထိုအကြီးကဲ၏စကားက အခြားသူရည်ညွန်းလိုက်သည့် အကြီးကဲများကို ဒေါသထွက်စေသည်။

“မင်းဘယ်လိုတောင် ပြောထွက်တာလဲ ငါတို့ကကော သခင်လေးယန်အနား နေဖို့ မထိုက်တန်ဘူးလား”

“ဟုတ်တယ် ကျုပ်ဆိုတဲ့ အဖိုးကြီးက ဆယ်စုနှစ်များစွာ ကျန်းအိမ်တော်အတွက် အားစိုက်ထုတ်ခဲ့တာပါ”

မကြာခင်မှာပဲ တယောက်တပေါက်အသံများ ပြည့်သွားကာ ခန်းမတခုလုံး ဆူညံသွားတော့သည်။ ချန်ထားခံရမည့် လူငယ်များကလည်း မကျေနပ်ကြ။

“တော်ကြတော့ ငါသေချာစဥ်းစားဦးမယ်”

အဆုံးမှာတော့ ကျန်းဝမ်လီတယောက် အော်ငေါက်ခဲ့ရပြီး သူကိုယ်တိုင်လည်း ကျန်းအိမ်တော်မှ မိသားစုဝင်များ၏ ယန်ချန့်အပေါ် အလေးအနက်ရှိမှုအား လျှော့တွက်မိခဲ့လေသည်။

“ဘာတွေများ အခက်ခဲ ဖြစ်နေတာလဲ ဘိုးဘေးကျန်း”

စကားသံနဲ့အတူ လီဖူယွဲ့တယောက် ခန်းမကျယ်ထဲဝင်လာလေသည်။ သူမက တေးသံသာဂိုဏ်းမှ အကြီးကဲဖြစ်သည့်အပြင် သူမရဲ့ကျင့်ကြံဆင့်နဲ့ အိမ်တော်ကြား ရင်းနီးမှုတို့ကြောင့် ယခုကဲ့သို့ ခန်းမကျယ်ထဲအား တိုက်ရိုက်ဝင်ရောက်နိုင်လေသည်။

“အားလုံးထွက်သွားကြတော့ နောက်နေ့မှ အကြောင်းပြန်မယ်”

အကြီးကဲများ လူငယ်များ ကျန်းဝမ်လီအား အရိုသေပေး၍ ထွက်ခွာသွားတော့သည်။ အတန်ကြာတော့ ကျန်းဝမ်လီက

“မိန်းခလေးလီ အကြောင်းကိစ္စအထူးအထွေရှိလို့လား”

လီဖူယွဲ့မှ ပြုံး၍တုန့်ပြန်သည်။

“သခင်လေးယန်ဆီ အလည်အပတ်သွားမလို့ပါ ဒါနဲ့ ခုနက သခင်လေးယန်ရဲ့ရွာမှာ နေကြဖို့ဆိုလား”

လီဖူယွဲ့က စကားကိုဆုံးသည်ထိမပြော ကျန်းဝမ်လီ၏ အမူရာအား အကဲခတ်နေကာ ဂျင်းများက ကြီးလေစပ်လေ ဆိုတဲ့သဘောတရားအား လက်ခံမိသွားခဲ့သည်။ ကျန်းဝမ်လီတယောက် အနည်းငယ်မျက်နှာပျက်သွားသော်လည်း ချက်ချင်းပြန်ထိန်းချုပ်၍ ပြောလိုက်သည်။

“တခြားတော့ မဟုတ်ပါဘူး သခင်လေးယန်က သူ့ရွာလေးကို ပြန်စည်ကားချင်တယ်လို့ ပြောတော့ ကျုပ်လည်း အကြံတခုတွေးမိလို့ အိမ်တော်ကလူတွေနဲ့ တိုင်ပင်နေတာပါ”

“ဆိုတော့ သခင်လေးယန်ရဲ့ရွာမှာ သွားနေကြဖို့လား”

လီဖူယဲဲရဲ့အမေးကို ကျန်းဝမ်လီက ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ပဲ မိန်းခလေးလီ အသိပဲလေ ကျန်းအိမ်တော်အတွက် အခြေနေအရပ်ရပ်က တည်ငြိမ်နေပြီဆိုတော့ တချို့တိုးတက်စေမယ့် အခွင့်ရေးကောင်းတွေနောက် လိုက်ဖို့ကြိုးစားတာ မဆန်းဘူးမဟုတ်လား”

“ဒါပေါ့ ဒါပေါ့”

လီဖူယွဲ့က ပြုံးတုံ့တုံ့အမူရာဖြင့် ကျန်းဝမ်လီတို့အားကြည့်၍ သူမသည်လည်း တစုံတခု ဆုံးဖြတ်ချက်ချလိုက်သည်။

“ခုနက မိန်းခလေးလီပြောတာ သခင်လေးယန်ဆီ လည်ပတ်ဖို့ဆိုလား သွားကြမယ်လေ ကျုပ်လည်း မရောက်ဖြစ်တာကြာပြီ”

ကျန်းဝမ်လီက လီဖူယွဲ့ကို အလျင်မြန်ဆွဲထုတ်ကာ စကားစဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ခေါ်ထုတ်ရန်ကြိုးစားသည်။

“ကောင်းပြီ သွားကြတာပေါ့ရှင်”

မကြာမီ နှစ်ဦးသား ယန်ချန်နေထိုင်ရာ ရွာအဝင်နားရောက်လာကြသည်။ ရွာငယ်လေးက အရင်တိုင်း တိတ်ဆိတ်အေးချမ်းနေကာ ပြင်ပအရှုပ်ထွေးများနဲ့ မသက်ဆိုင်သည့်နှယ်ဖြစ်သည်။

“အင်း… ပတ်ဝန်းကျင်က နေချင်စရာ​လေးပဲ”

လီဖူယွဲ့၏ တီးတိုးရေရွတ်သံကိုကြားလျင် ကျန်းဝမ်လီတယောက် ချောင်းဟန့်လိုက်မိတော့သည်။

“အဟွတ်.အဟွတ်.. အမှန်ပဲ ဒီလိုပတ်ဝန်းကျင်က ကျုပ်တို့လို လူအိုကြီးတွေနဲ့ အံကိုက်ပေါ့ အင်း မိန်းခလေးလီတို့လို တိုးတက်နေဆဲ လူငယ်တွေကတော့ မြို့ပြက သင့်တော်ပါတယ်လေ”

“ခစ်..ခစ်..ခစ် ဟုတ်ပါတယ်လေ”

လီဖူယွဲ့၏ ရယ်သံများက ရွာလမ်းမတလျှောက် ပျံ့လွင့်နေလေသည်။

……………………………………………….

All Chapters