← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

မကြာမီ နှစ်ယောက်သား ယန်ချန်ရဲ့ ခြံဝင်းဆီ ရောက်ရှိသွားတော့သည်။

“အဖိုးလီတို့ပါလား ဝင်ခဲ့ကြဗျာ”

ယန်ချန်က လက်ထဲမှ ဘူးသီးခြောက်ထွင်းလက်စအား လက်စသပ်လိုက်ကာ ကျန်းဝမ်လီတို့ကို ဧည့်ခံရန် ထွက်လာသည်။

“ထိုင်ကြပါ ဒီနေ့တော့ လက်ဖက်ရည်ကောင်းကောင်းလေးအပြင် ဒေသထွက်ရိုးရိုးမုန့်အချို့လည်း ပြင်ထားတာရှိတယ် ရောက်တုန်း မြည်းစမ်းသွားကြပေါ့”

ထိုသို့ပြောပြီးနောက် ရှုယင်အား ဧည့်သည့်များအတွက် ပြင်ဆင်ရန် မှာလိုက်တော့သည်။ ကျန်းဝမ်လီတယောက် ယန်ချန့်ဆီအကြိမ်များစွာ ရောက်ဖြစ်၍ အထူးအဆန်းမဖြစ်သော်လည်း လီဖူယွဲ့မှာမူ ခြံဝင်းထဲရှိ တောဝက်များ မြေခွေးများကိုကြည့်၍ ဆွံ့အနေလေသည်။

-ဒီလူက သားရဲမွေးမြူရေးလုပ်တော့မှာလား

ပို၍ထူးခြားသည်က ခြံဝင်းထဲရှိ ချီစွမ်းအင်များက သူမနောက်ဆုံးတကြိမ်ရောက်လာသည်ထက်ပို သိပ်သည်းနေခြင်းဖြစ်သည်။ သူမရဲ့အကြည့်များက ယန်ချန်ကိုင်ထားသည့် ဘူးသီးခြောက်ထံ ရောက်သွားပြန်သည်။

-ဒါက ဘူးသီးခြောက်လား ဝိုင်ထည့်တဲ့အရာပေါ့ သူကကော ဘယ်အဆင့်လဲ ငါမြင်တောင်မမြင်နိုင်ဘူး

“သခင်လေးယန် နှောင့်ယှက်ရတာ အားနာပါတယ်”

ကျန်းဝမ်လီက အမှန်တကယ်အားနာနေဟန်ဖြင့် ဆိုသည်။

“ပြောနေရမယ့်လူတွေမှ မဟုတ်တာ မလိုပါဘူး ဒါနဲ့ ဒီတခေါက်အကြီးကဲလီ ပါလာတယ်ဆိုတော့ ကျတော်ပေးလိုက်တဲ့ ဆေးရည်က ထူးခြားမှုရှိရဲ့လား”

မူလက ပတ်ဝန်းကျင်အခြေနေကြောင့် နစ်မြောနေသည့် လီဖူယွဲ့လည်း ယန်ချန့်စကားသံကြားမှ အသိပြန်ဝင်လာသည်။

“အမ်. ဟုတ်ကဲ့ ထိရောက်မှုက ထင်ထားတာထက် ကောင်းမွန်ပါတယ် ဒါကြောင့် ဂိုဏ်းချုပ်က သခင်လေးကို အလေးနက်ကျေးဇူးတင်နေပြီး ဒီတကြိမ်လာရောက်လည်ပတ်မှုက သခင်လေးယန်ကို ကျေးဇူးတင်လက်ဆောင် လာပို့ပေးတာပါ”

လီဖူယွဲ့က ထိုသို့ပြောပြီးနောက် သိုလှောင်လက်စွပ်ထဲမှ သေတ္တာငယ်တလုံးထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။

“မပြောပလောက်တဲ့ လက်ဆောင်လေးပါ သခင်လေးယန် စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်”

ကျန်းဝမ်လီတယောက် ဆွံ့အနေသည်။ ဒီမိန်းမ တကယ်ကြီးလက်​ဆောင်နဲ့လာတာပဲ ငါကကော…။ ကျန်းဝမ်လီ အနည်းငယ်ရှက်ရွံသလို ခံစားသွားရသည်။ ကျန်းအိမ်တော်ရှိ ၎င်းတို့မြေးအဖိုးမှာ ယန်ချန့်ဆီမှ အကျိုးမြတ်များ ရယူထားသော်လည်း ယခုချိန်ထိ မည်သည့်ကျေးဇူးတင် လက်ဆောင်မှ မပေးရသေးဘူးမဟုတ်လား။

ယန်ချန်က အားတုံ့အားနာဟန်ဖြင့်ပြုံးကာ သေတ္တာငယ်အား အသာဖွင့်ကြည့်လိုက်သည်။ အထဲမှာတော့ အမျိုးသမီးဝတ် ဝတ်ရုံရှည်တထည်ပါရှိပြီး ဝတ်ရုံရှည်က ပိုးသားဖြင့်ယက်လုပ်ထားကာ ခါး လက် လည်ပင်းနဲ့ ရင်ဘတ်နေရာများ၌ ရွှေချည်ထိုးထားသည်။ ပိုးသားက နူးညံ့နေသည်မှာ ထိကိုင်လိုက်သည်နှင့် နှစ်လိုဖွယ်ခံစားမှုကို ပေးစွမ်းလေသည်။

-စိတ်ဝိဉာဥ်အဆင့် ကိုယ်ချပ်ဝတ်ရုံလား တကယ်ကြီး ရင်းနှီးထားတာပဲ ငါရှက်လိုက်တာ

ကျန်းဝမ်လီတယောက် မသိမသာမျက်နှာလွှဲထားသော်လည်း ဝတ်ရုံ၏ဆွဲဆောင်မှုကို မလွန်ဆန်နိုင်သည့်အတွက် မျက်လုံးထောင့်မှ မသိမသာခိုးကြည့်နေသည်။

ယန်ချန်က ဝတ်ရုံကို အတော်လေး သဘောကျမိသည်။ ခေတ်သစ်လောကမှ ထိပ်တန်းဒီဇိုင်းများကို မမီသော်လည်း ကျင့်ကြံရေးလောကရှိ စံနှုန်းများနဲ့တိုင်းတာပါက လက်ခံနိုင်တာထက် ပိုသည်။

“အစ်မရှု ဒါ အစ်မရှုအတွက်ဖြစ်မယ် ယူလိုက်ပါ”

ယန်ချန်က ဝတ်ရုံကိုသေတ္တာငယ်ထဲ ပြန်ထည့်၍ ရှုယင်ထံကမ်းပေးလိုက်သည်။ ရှုယင်တယောက် ထိုမျှတန်ဖိုးရှိသည့် လက်ဆောင်တခု ရမည်ဟုမထင်ထားသည့်အတွက် မှင်သက်နေသည်။

“သခင်လေး ဒါ..ဒါက တန်ဖိုးကြီးလွန်းတယ်”

ရှုယင်ရဲ့တုန့်ဆိုင်းမှုအားမြင်လျင် လီဖူယွဲ့က ဝင်ရောက်ပြောဆိုသည်။

“ဒါက သာမန်အသေးအမွှားလက်​ဆောင်လေးပါ စိတ်ထဲအလေးနက်ကြီး ဖြစ်စရာမလိုပါဘူး”

ယန်ချန်ကလည်း ပြုံးကာ ရှုယင်ကိုလက်ခံစေသည့်အတွက် ရှုယင်ခမျာ မငြင်းဆန်နိုင်တော့။ အမှန်တကယ်လည်း သူမရဲ့တောက်ပရွှန်းလဲ့နေသည့် မျက်လုံးအစုံက သူမကို သစ္စာဖောက်နေသည် မဟုတ်လား။

“ကေျးဇူးတင်ပါတယ် အစ်မလီ”

ရှုယင်က သေတ္တာငယ်ကိုယူ၍ သေချာသိမ်းဆည်းရန် စားပွဲမှထွက်သွားသည်။ ထိုချိန် ယန်ချန်က

“လက်ဆောင်အတွက် ကျေးဇူးပါအကြီးကဲလီ အစ်မရှုသဘောကျသလို ကျတော်လည်း နှစ်သက်မိပါတယ်”

“သခင်လေးယန် လက်ခံတာကိုပဲ ကျေနပ်ပါပြီ”

ကျန်းဝမ်လီက သူ့ကိုယ်သူ ဘေးထွက်နေသည်ဟု ခံစားရ၍ထင် တမင်ချောင်းအနည်းငယ်ဟန့်ကာ စကားဝင်ပြောရန်ကြိုးစားသည်။

“သခင်လေးယန် ဒီလူအိုကြီးတခုလောက် ခွင့်တောင်းလို့ရမလား”

“ဘာများလဲအဖိုးလီ အခုလိုယဥ်ယဥ်ကျေးကျေးကြီး လုပ်နေဖို့မလိုပါဘူး ပြောပါ”

ကျန်းဝမ်လီက လည်ချောင်းအနည်းငယ်ရှင်းကာ သူ့အတွေးများအား ပြောပြတော့သည်။

“ဒီလိုပါ ခုနောက်ပိုင်း ကျင်းစီရင်စုက ဖန်းအိမ်တော်အရေးကိစ္စပြီးတဲ့နောက် ကျန်းအိမ်တော်လည်း မျှော်လင့်ထားတာထက်ပို တိုးတက်လာခဲ့ပါတယ် အခုဆို ကျန်းအိမ်တော်က စီရင်စုတခုလုံးကို ထိန်းချုပ်နိုင်ပြီဆိုတော့ ဒီလူအိုကြီးလည်း စိတ်ချသွားခဲ့ပါပြီ ဒါကြောင့် ကျန်းအိမ်တော်အရေးကိစ္စတွေကို နောက်ပိုင်းမှာ မပါဝင်တော့ပဲ ကျန်နေတဲ့သက်တမ်းကို သခင်လေးယန်ရှိတဲ့ ဒီရွာလေးမှာ ကုန်ဆုံးဖို့တွေးထားတဲ့အကြောင်းပြောရင်း သခင်လေးယန်ရဲ့စိတ်ကူးကို သိလိုပါတယ်”

-ထင်တဲ့အတိုင်းပဲ မြေခွေးကြီး

လီဖူယွဲ့က နှာခေါင်းရှုံ့ကာ မျက်နှာလွှဲလိုက်သည်။ သိသာစွာပင် ကျန်းဝမ်လီအပေါ် အမြင်ကပ်သွားခြင်းဖြစ်သည်။

“သြော်..ဒါလား ကောင်းတာပေါ့ဗျာ အသက်ကြီးတဲ့သူတွေက အေးချမ်းဆိတ်ငြိမ်တဲ့နေရာမှာနေဖို့ လိုအပ်တာအမှန်ပဲ အဖိုးလီရဲ့စိတ်ကူးကို ကန့်ကွက်စရာမရှိပါဘူး သင့်တော်တဲ့ခြံဝင်းတခုသာရွေးလိုက် တခုတော့ရှိတယ် မူလပိုင်ရှင်ရွာသားတွေ ပြန်လာခဲ့သည်ရှိသော် အဖိုးလီဖယ်ပေးရလိမ့်မယ်နော်”

“စိတ်ချပါ စိတ်ချပါ ဒီလူအိုကြီးက အနိုင်ကျင့်လိုစိတ် မရှိပါဘူး”

ကျန်းဝမ်လီတယောက် ခွင့်ပြုချက်ရသည်နှင့် ဝမ်းသာသွားကာ ပြုံးဖြီးနေသည့်မျက်နှာအား မဖုံးကွယ်ထားနိုင်တော့ပေ။

-အဖိုးလီကတော့ တခုခုတော့တခုခုပဲ။

ထိုစဥ် မျက်နှာလွှဲထားသည့် လီဖူယွဲ့ကလည်း ဝင်ရောက်ပြောဆိုပြန်သည်။

“သခင်လေးယန် ကျမဆီမှာ အဖိုးလီနည်းတူ ခွင့်တောင်းစရာရှိပါတယ်”

ယန်ချန် မှင်သက်သွားသည်။ ဘာလဲ ခဗျားပါလာနေမလို့လား ခဗျားကမအိုသေးဘူးလေ တောင့်တုန်းဖြောင့်တုန်းမဟုတ်လား။ ယန်ချန့်ရဲ့အကြည့်က လီဖူယွဲ့အား အထက်အောက် စုန်ဆန်ကြည့်နေသည်။

တဖက်တွင် အနည်းငယ်ရှက်ရွံသွားသည့် လီဖူယွဲ့က ချက်ချင်းပဲ သူမဆိုလိုရင်းအား ရှင်းပြန်ရန်ကြိုးစားတော့သည်။

“သခင်လေးယန် တွေးသလိုမဟုတ်ပါဘူး ဒီလိုပါ နောက်လကုန်မှာကျင်းပမယ့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် ပဏမတပည့်ဆယ်ဦးရွေးထားပါတယ် အဲ့အထဲမှာ ကျန်းရင်ရင်လည်းပါပြီးတော့ တေးသံသာဂိုဏ်းအတွက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲက အရေးကြီးတယ်ဆိုတာကို သခင်လေးယန် ခန့်မှန်းမိမှာပါ ကျမတောင်းဆိုချင်တာက ပဏမတပည့်ဆယ်ဦးကို ဒီရွာငယ်ထဲမှာ တလတန်သည် ရက်အနည်းငယ်တန်သည် သီးသန့်လေ့ကျင့်ရေးလုပ်စေမလားပေါ့”

ယန်ချန်နားလည်သွားသည်။ တပည့်များအား ဂိုဏ်းပြင်ပလွှတ်၍ လေ့ကျင့်စေခြင်း။ ဒါပေမယ့် ဘာလို့ဒီရွာဖြစ်နေတာလဲ။ ဘာအတွေးတွေလဲဟ။

ယန်ချန်တယောက် ထိုသို့တွေးနေသော်လည်း ပြင်ပအမူရာကတော့ လေးနက်တည်ကြည်ဟန် ထိမ်းထားသည်။

“စိတ်ကူးကောင်းပဲ ဒါက သီးသန့်လေ့ကျင့်ရေးဆိုတာထက် ပိုတဲ့ကိစ္စများရှိနေသေးလား အကြီးကဲလီ”

လီဖူယွဲ့တယောက် ဆတ်ခနဲ ဖြစ်သွားသည်။

-သခင်လေးယန်က ဂိုဏ်းကတပည့်တွေကို သူ့ဆီက သိုင်းကျင့်စဥ်အချို့နဲ့ လက်နက်မဲ့တိုက်ခိုက်ရေးနည်းလမ်းတွေ သင်ပေးစေချင်တာကို ခန့်မှန်းမိသွားတာလား

“အမ်… နောက်ဆက်တွဲကတော့ သခင်လေးယန် စိတ်မရှိရင် ဓားသိုင်းနဲ့ လက်နက်မဲ့တိုက်ခိုက်ရေးနည်းလမ်းအချို့ကိုလည်း သင်ပေးစေချင်ပါတယ်”

ထိုစကားအား ပြောပြီးနောက် လီဖူယွဲ့တယောက် ယန်ချန်ငြင်းပယ်လိုက်မလား စိုးရိမ်နေမိသည်။ ယန်ချန်က အချိန်အနည်းငယ်ကြာ စဥ်းစားနေသည်။

-ငါက လေ့ကျင့်ပေးရမှာလား သေမျိုးက ကျင့်ကြံသူတွေကို သင်ပေးရမယ်ပေါ့ တမျိုးတော့တမျိုးပဲ ဒါပေမယ့်စနစ်ရဲ့တိုက်ခိုက်ရေးနည်းလမ်းတွေက ဓားရေးဖြစ်ဖြစ် အခြားလက်နက်ဖြစ်ဖြစ် တကယ့်ထိပ်တန်းအဆင့်မှာ ရှိနေတာတော့ ငါငြင်းမရဘူး နောက်ပြီးစနစ်ဆီက ထူးခြားတဲ့ စာအုပ်အချို့လည်း ငါ့မှာရှိတော့ အဲ့စာအုပ်တွေကိုလေ့လာစေပြီး သင်ပေးရင်ကောင်းမလား

-မဟုတ်သေးဘူး ဒါဆိုကျင့်ကြံသူတွေနဲ့ အရမ်းရောသလို ဖြစ်သွားမှာပေါ့

ယန်ချန်တယောက် အကျိုးအပြစ်များ ချိန်ဆကာ တွေဝေနေပြီး လီဖူယွဲ့နဲ့ ကျန်းဝမ်လီတို့ကမူ တိတ်ဆိတ်ကာ စောင့်ဆိုင်းနေသည်။ အတန်ကြာတော့

-လက်ခံထားတာကောင်းပါတယ် အနည်းဆုံး ရွာလေးစည်ကားတာပေါ့ နောက်ပြီးသားရဲလှုပ်ရှားမှုတွေ ရွာထဲပေါ်လာရင် ငါ့အတွက်လည်း အကူညီတချို့ရနိုင်သေးတယ် ငါသာသူတို့နောက်ကွယ်မှာ ဖုံးကွယ်ထားရင် အရာအားလုံး အဆင်ပြေချောမွေ့သွားနိုင်တယ်

“ကောင်းပြီလေ လအနည်းငယ်ပဲ လာခဲ့ကြပေါ့ အဆုံးမှာ ရွာက ကျုပ်ကိုယ်ပိုင်လည်း မဟုတ်ဘူးလေ တိုက်ခိုက်ရေးနည်းလမ်းအချို့ သင်ပေးဖို့အတွက် ကျုပ်ပြင်ဆင်ဦးမယ် ဒီတော့ လာမယ်ဆို နောက်တပတ်လောက်နေမှ လာခဲ့ကြ”

ယန်ချန်ဆီမှ ခွင့်ပြုချက်ကိုရလျင် လီဖူယွဲ့တယောက်အလုံးကြီး ကျသွားသကဲ့သို့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။

………………………………………………

All Chapters