← Chapters

ခေါင်းဆောင်၊ ခင်ဗျား ဓားပြသွားတိုက်လာတာလား

Vol. 10 Ch. 91

ခေါင်းဆောင်၊ ခင်ဗျား ဓားပြသွားတိုက်လာတာလား

Vol. 10 Ch. 91

ဤကျွမ်းကျင်မှုများကို မြင်လိုက်ရသောအခါ ကျန့်ဖုန်း ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် တောက်လောင်ခဲ့ရသည်။ တိုက်ခိုက်ရေးသူရဲကောင်းတစ်ဦးအနေဖြင့် သူသည် ကာကွယ်ရေးသူရဲကောင်း၏ ကွပ်ကဲမှု ကျွမ်းကျင်မှုများနှင့် အဖွဲ့သားများအတွက် အားဖြည့်ပေးသည့် ကျွမ်းကျင်မှုများ အလွန် လိုအပ်နေသည်။

သို့သော် ဤအားနည်းချက်များကို စနစ်၏ ကျွမ်းကျင်မှု မျက်နှာပြင်မှ ကျွမ်းကျင်မှုများ သင်ယူခြင်းဖြင့် ဖြည့်ဆည်းနိုင်သည်။

ထို့အပြင် သူ အမြဲတမ်း လိုအပ်နေခဲ့သော ဧရိယာ-ထိရောက်မှု ကျွမ်းကျင်မှုများသည် စနစ် စျေးဆိုင်တွင် များပြားစွာ ရှိနေပြီး ၎င်းတို့၏ စွမ်းအားသည် အလွန် ကြီးမားသည်။

အမှန်တွင် ကျန့်ဖုန်း သည် သူရဲကောင်း ဘုရားကျောင်းမှ ကာကွယ်ရေးသူရဲကောင်း ကျွမ်းကျင်မှုများကို သင်ယူရန် ရွေးချယ်နိုင်သည်။

အလင်းသားတော် လုံဟောက်ချန် လုပ်နိုင်သည်ကို သူလည်း သဘာဝအတိုင်း လုပ်နိုင်ပေသည်။

သို့သော် သူ၏ အမြင်တွင် စနစ် စျေးဆိုင်ရှိ ကျွမ်းကျင်မှုများသည် ပို၍ပင် အစွမ်းထက်သည်ဟု ထင်ရသည်။

အဘယ်ကြောင့်ဆိုသော် ဤကျွမ်းကျင်မှုများသည် ကြီးထွားမှုကိုဦးတည်သောကြောင့် ဖြစ်ပြီး သင်ယူရန် များစွာ ကြိုးစားအားထုတ်ရန် မလိုအပ်ပေ။ စနစ်ဒင်္ဂါး အလုံအလောက်ရှိသရွေ့ ဤကျွမ်းကျင်မှုများကို ချက်ချင်း ကျွမ်းကျင်နိုင်သည်။

“စနစ်၊ နတ်ဘုရားအကာအကွယ် LV1 ၊ မြင့်မြတ်အရှိန်အဝါနဲ့ ကြယ်ကြွေခြင်း ကို ဝယ်မယ်”

“ဒင်း၊ စနစ် ဒင်္ဂါး ၁၅,၀၀၀ ဖြတ်တောက်လိုက်ပါပြီ။ host ၏ လက်ရှိ စနစ် ဒင်္ဂါး လက်ကျန်မှာ ၆,၄၇၆ ဖြစ်ပါတယ်။ host သည် နတ်ဘုရားအကာအကွယ် LV1၊ မြင့်မြတ်အရှိန်အဝါ LV1၊ ကြယ်ကြွေခြင်း LV1 ကျွမ်းကျင်မှုများကို နားလည် တတ်မြောက်သွားခြင်းအတွက် ဂုဏ်ယူပါတယ်”

စနစ် ပြောပြီးသည်နှင့် ကျန့်ဖုန်း သည် သူခုမှ သင်ယူခဲ့သော ကျွမ်းကျင်မှု သုံးခုကို မည်သို့ အသုံးပြုရမည်နှင့် ပတ်သက်သည့် မရင်းနှီးသော မှတ်ဉာဏ်များစွာ သူ၏ စိတ်ထဲတွင် ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ထို့ကြောင့် ကျန့်ဖုန်း ၏ စုစုပေါင်း စနစ် ဒင်္ဂါး ၄၀,၀၀၀ ကျော်မှ ၆,၀၀၀ ကျော်သာ ကျန်ရှိတော့သည်။

ဤ စနစ် ဒင်္ဂါး များသည် ရရှိရန် ခက်ခဲသော်လည်း သုံးစွဲရသည်မှာ အလွန် လျင်မြန်သည်ဟု ဆိုရမည် ဖြစ်သည်။

စနစ် ဒင်္ဂါး များ ရရှိခြင်းသည် သုံးစွဲရန်အတွက် ဖြစ်သည်၊ မဟုတ်ပါက ရန်သူများကို သတ်ဖြတ်ရန် ဒီလောက်တောင် အပင်ပန်းခံနေစရာ ဘာအကြောင်းရှိပါ့မလဲ။

ဤတစ်ကြိမ်သည် ကျန့်ဖုန်း ၏ ခွန်အားနှင့် အဖွဲ့၏ အမြုတေအဖြစ် သူ၏ စွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

၎င်းသည် သူ့ကို မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစေခဲ့သည်။ ယခု သူ အလွန် မောပန်းနေသော်လည်း မကြာမီ စစ်မြေပြင်ပေါ်သို့ တက်လှမ်းရန် နောက်ထပ် အခွင့်အရေးကို သူ မျှော်လင့်နေဆဲပင်။

သူ ခုမှ သင်ယူခဲ့သော ကျွမ်းကျင်မှု သုံးခုကို စမ်းသပ်ကြည့်ရန် သူ စိတ်မရှည်တော့ပေ။

သို့သော် သူ၏ စိတ်လှုပ်ရှားမှုကြားမှပင် သူသည် စိတ်ကို ငြိမ်သက်စေပြီး သူ၏ ဒဏ်ရာများကို ကုသရန် မချိုးဖျက်နိုင်သော ခန္ဓာကို အသုံးပြု၍ ကျင့်ကြံခြင်း ကို စတင်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူ၏ ဒဏ်ရာများသည် သေချာပေါက် မပေါ့ပါးခဲ့ပေ။ အဆင့်တူ သာမန် သူရဲကောင်းတစ်ဦးအတွက်ဆိုလျှင် ပျောက်ကင်းရန် လပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။

သို့သော် မချိုးဖျက်နိုင်သောခန္ဓာ ကြောင့် ကျန့်ဖုန်း သည် တစ်ညတာအတွင်း၌ပင် လုံးဝနီးပါး ပြန်လည် သက်သာလာခဲ့ပြီး နောက်တစ်နေ့ တိုက်ပွဲကို ထိခိုက်မှု မရှိစေရန် သေချာစေခဲ့သည်။

မနက်စောစောတွင် စစ်သည်တော်အဆင့် နံပါတ်တစ် နတ်ဆိုးအမဲလိုက်အဖွဲ့ မှ အဖွဲ့ဝင်များ နိုးလာကာ မျက်နှာသစ်နေစဉ် နတ်ဆိုးမျိုးနွယ်စု စစ်သည် နှစ်ဦးက တပ်စခန်းတံခါးသို့ မနက်စာ လာပို့ပေးခဲ့သည်။

“စစ်တပ် စခန်းထဲမှာ ဒီလောက်တောင် ကောင်းကောင်းမွန်မွန် စီစဉ်ပေးတာလား”

ဝမ်မင် က စစ်သား ၏ လက်ထဲမှ မနက်စာဘူးကို ယူပြီးနောက် အနည်းငယ် သံသယဖြင့် မေးလိုက်သည်။

“မနေ့က မြို့ရိုးပေါ်မှာ ခင်ဗျားတို့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး အထက်လူကြီးတွေက ခင်ဗျားတို့ရဲ့ အစားအသောက်တွေကို ဘုန်းတော်ကြီးတွေရဲ့ စံနှုန်းအတိုင်း ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်”

အစားအသောက်ဘူးများကို ပေးပို့လာသော စစ်သားက ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှင်းပြသည်။

“အဖွဲ့တိုင်းကို ဒီလိုမျိုး စီစဉ်ပေးတာ မဟုတ်ပါဘူး၊ ဒါကြောင့် ခင်ဗျားတို့ ဆက်လက် ကြိုးစားကြဖို့ မျှော်လင့်ပါတယ်”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်”

ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ဝမ်မင်သည် လူတိုင်းကို အတူတကွ ထိုင်ကာ ကောင်းမွန်စွာ စားသုံးရန် ခေါ်လိုက်သည်။

စားသောက်နေစဉ် ကျန်းရှင်းရန် က ရုတ်တရက် မေးလိုက်သည်–

“ကျန့်ဖုန်း၊ နင် မနေ့ညက ဘယ်အချိန် ပြန်ရောက်လာတာလဲ”

“အရမ်း နောက်ကျနေပြီ၊ အချိန်ကို သတိမထားမိဘူး။ မင်းတို့အားလုံး ကျင့်ကြံနေကြတာ တွေ့လို့ အနှောင့်အယှက် မပေးခဲ့ဘူး”

ကျန့်ဖုန်း က ပြောလိုက်သည်။

“ခေါင်းဆောင်၊ ခင်ဗျားကို အပြင် ခေါ်ထုတ်သွားတာ ဘာအတွက်လဲ”

ဝတုတ်လေး ယောင်လီ က သူ၏ အစားအစာများကို ပါးစပ်ထဲ အပြည့်ထည့်ထားရင်း မပီမသ မေးလိုက်သည်။

“ငါတို့ရဲ့ စစ်သေနာပတိ ရှန့်လင်းရှင်းက နတ်ဆိုးမျိုးနွယ်စု နဲ့ တိုက်ပွဲဝင်ဖို့ မြို့ပြင်ကို ခေါ်ထုတ်သွားတာ”

ကျန့်ဖုန်း က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို တည်ငြိမ်စွာနှင့် အကျဉ်းချုပ် ပြန်ပြောပြခဲ့သည်။

သို့သော် သူ၏ အဖွဲ့သားများ စိတ်ပူပန်ခြင်းကို ရှောင်ရှားရန် အန္တရာယ်ရှိသော အတွေ့အကြုံအချို့ကို ချန်လှပ်ထားခဲ့သည်။

သို့သော်လည်း ကျန့်ဖုန်း ပြောပြီးသည်နှင့် ဝမ်မင် က စိတ်လှုပ်ရှားစွာ ထရပ်ကာ မယုံနိုင်သည့် လေသံဖြင့် အော်ဟစ်လိုက်သည်–

“ဘာ”

“ခေါင်းဆောင်၊ ခင်ဗျားကို အလင်းကောင်းကင်တမန် သူရဲကောင်းတွေနဲ့အတူ မြို့ပြင်ကို ထိုးဖောက်တိုက်ခိုက်ဖို့ ခေါ်ထုတ်သွားတာလေ သူက နတ်ဆိုးနှင်ခံတပ် စစ်သေနာပတိ ဖြစ်နေရင်တောင်မှ ငါတို့ နတ်ဆိုးအမဲလိုက်သူ တွေကို ဒီလောက် အန္တရာယ်များတဲ့ မစ်ရှင်မျိုးကို တာဝန်ပေးခွင့် မရှိသင့်ဘူး မဟုတ်လား”

“အဆင်ပြေပါတယ်၊ ငါ့တစ်ယောက်တည်းကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး”

ကျန့်ဖုန်း က အနည်းငယ် ပြုံးလိုက်သည်။ ဤတိုက်ပွဲမှ ရရှိခဲ့သည့် အကျိုးအမြတ်များသည် အမှန်တကယ် ပေါများလှပြီး စနစ် ၏ ဆုလာဘ်များသည် သူ၏ ရင်ထဲရှိ ဒေါသကို လုံးဝ ဖယ်ရှားပစ်ခဲ့သည်ပင်။

ဝတုတ်လေး က သူ၏ လက်ထဲရှိ အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ပြီး စားပွဲကို ရိုက်ချကာ ဒေါသတကြီးဖြင့် ပြောသည်–

“ရိုင်းစိုင်းလိုက်တာ၊ ဒါ မစ်ရှင် မဟုတ်ဘူး၊ ဒါ ပြောင်ကျကျ လူသတ်မှု ပဲ။ ငါတို့ မြို့ကာကွယ်ရေး တိုက်ပွဲ ပြီးတာ သိပ်မကြာသေးဘူး၊ ခေါင်းဆောင်၊ ခင်ဗျား ဒဏ်ရာတောင် မသက်သာသေးခင် ဒီလို အန္တရာယ်များတဲ့ မစ်ရှင်မှာ ပါဝင်ဖို့ ခေါ်ထုတ်သွားတယ်။ ဒါ လွန်လွန်းတယ်”

သူသည် လုပ်ကြံသတ်ဖြတ်သူဘုရားကျောင်းမှ ဖြစ်သော်လည်း သူသည် စစ်သည်တော်အဆင့် နံပါတ်တစ် နတ်ဆိုးအမဲလိုက်အဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ကျန်းရှင်းရန် ကလည်း ဒေါသအပြည့် မျက်နှာဖြင့် ပြောလိုက်သည်။

“ကျန့်ဖုန်း၊ ငါတို့ တပ်ဖွဲ့မှုူးဆီ သွားပြီး ဒီကိစ္စကို တိုင်ကြရအောင်”

ပုံမှန်အားဖြင့် အေးစက်ပြီး စကားနည်းသော ဖန်းလီ ကလည်း ခေါင်းကို မော့ကာ စိတ်ခံစားမှု မရှိသော မျက်နှာဖြင့် ပြောလိုက်သည်။

“အတူတူ သွားကြမယ်”

နူးညံ့ပြီး ရှက်တတ်သော စရိုက်ရှိသည့် မုရုံရှန်းအာပင်လျှင် သူမ၏ မျက်နှာလေးသည် ဒေါသဖြင့် နီမြန်းနေသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ကျွန်မလည်း သွားချင်တယ်”

ကျန့်ဖုန်း သည် စိတ်လှုပ်ရှားနေသော လူအုပ်ကို ကြည့်ကာ အနည်းငယ် စိတ်ထိခိုက်သွားပြီး သူတို့ကို အမြန် နှစ်သိမ့်ပေးလိုက်သည်–

“အားလုံး စိတ်မလှုပ်ရှားကြပါနဲ့။ ငါ ပြန်ရောက်တော့ တပ်ဖွဲ့မှူး နဲ့ စကားပြောပြီးပြီ၊ သူက လုပ်ကြံသတ်ဖြတ်သူဘုရားကျောင်း ရဲ့ အထက်လူကြီးတွေကို ဒုက္ခပေးဖို့ သွားနေလောက်ပြီ။ ဒါက လုပ်ကြံသတ်ဖြတ်သူဘုရားကျောင်း ရဲ့ နယ်မြေ ဖြစ်ပေမဲ့ ငါတို့ တပ်ဖွဲ့မှူးက အခြား နတ်ဆိုးအမဲလိုက်အဖွဲ့ ကိုးဖွဲ့ရဲ့ တပ်ဖွဲ့မှူး တွေနဲ့ ပူးပေါင်းပြီး ဒီကိစ္စကို ပူးပေါင်း တိုင်ကြားဖို့ သွားနေပြီ၊ တပ်ဖွဲ့မှူး နဲ့ တခြားသူတွေက ငါ့ကို ရှင်းပြချက် ပေးလိမ့်မယ်လို့ ယုံပါတယ်”

ထို့နောက် ချက်ချင်းပင် ကျန့်ဖုန်း က ပြောသည်။

“ဒီမစ်ရှင်က အန္တရာယ်ရှိပေမဲ့ ငါလည်း အများကြီး ရခဲ့တယ်။ အခု ဂုဏ်ထူးဆောင်အမှတ် တွေ ဝေမျှကြရအောင်”

(T/N ကျွမ်းကျင်မှုအမှတ်ကို E Tran မှာပြောင်းထားသလို ဂုဏ်ထူးဆောင်အမှတ် ဆိုပြီး ပြောင်းသုံးပါမယ်)

ဂုဏ်ထူးဆောင်အမှတ် များ ခွဲဝေခြင်းအကြောင်းကို ပြောလိုက်သောအခါ လူတိုင်း၏ အာရုံသည် ယခင်ကိစ္စမှ ပြောင်းလဲသွားပြီး သူတို့၏ အကြည့်များသည် ကျန့်ဖုန်း အပေါ်တွင် စုစည်းသွားသည်။

ကျန့်ဖုန်း က “အများကြီး ရခဲ့တယ်” ဆိုရာတွင် ဂုဏ်ထူးဆောင်အမှတ် မည်မျှကို ဆိုလိုသည်ကို သူတို့အားလုံး အလွန် သိချင်နေကြသည်ပင်။

ကျန့်ဖုန်း သည် သူ၏ လက်ပတ်ကို ဖြေလိုက်ပြီး ဂုဏ်ထူးဆောင်အမှတ် တန်ဖိုး စစ်ဆေးသည့် ကျောက်မျက် ကို သူ၏ ဂုဏ်ထူးဆောင်တံဆိပ်ဖြင့် ဖိကာ ဝိညာဉ်စွမ်းအား ထိုးသွင်းပြီးနောက် ကျန့်ဖုန်း ၏ ဂုဏ်ထူးဆောင်အမှတ် တန်ဖိုး သည် အလျင်အမြန် ပေါ်လာခဲ့သည်။

မနေ့ညက တိုက်ပွဲတွင် ရှန့်လင်းရှင်း သည် သူ့ကို မြို့ပြင်ခေါ်ထုတ်သွားခြင်း၌ မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့သော်လည်း ကျန့်ဖုန်း သည် မစ်ရှင်ကို ငြင်းပယ်နိုင်ခဲ့သည်။

သို့သော် သူ၏ ဘေးကင်းရေးကို သေချာစေခြင်းအပေါ် အခြေခံ၍ ကျန့်ဖုန်း သည် ဂုဏ်ထူးဆောင်အမှတ် တစ်ချို့ကို ရိတ်သိမ်းရန် ရွေးချယ်ခဲ့သည်။

တိုက်ပွဲအပြီးတွင် သူသည် စုစုပေါင်း အဆင့် ၆ နတ်ဆိုး ရှစ်ကောင် ကို သတ်ခဲ့သည်။ ရွှေရောင်ဓားနှစ်လက်နတ်ဆိုး တစ်ကောင် နှင့် မီးလျှံ နတ်ဆိုးရုပ် ခုနစ်ကောင် တို့ ဖြစ်သည်။

သူသည် စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ် ၂,၄၀၀ ရရှိခဲ့သည်။

သူသည် စုစုပေါင်း အဆင့် ၅ နတ်ဆိုးမျိုးနွယ်စုဝင် သုံးဆယ့်နှစ်ကောင်ကို သတ်ခဲ့သည်။ ထိုအထဲတွင် ကျောက်စိမ်း ဓားနှစ်လက်နတ်ဆိုး သည် ဂုဏ်ထူးဆောင်အမှတ် ဆယ်မှတ် တန်ပြီး ခေါင်းနှစ်လုံးပါ နတ်ဆိုး လင်းတသည် ဆယ့်ငါးမှတ် တန်ကာ ဘီတာ ပျံသန်း နတ်ဆိုးနှင့် တူညီသည်။

သူသည် စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ် ၃၈၀ ရရှိခဲ့သည်။

သူသည် အဆင့် ၄ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ရာ့သုံးကောင် ကို သတ်ခဲ့ပြီး စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ် ၁၀၃ မှတ် ရရှိခဲ့သည်။

သူသည် တတိယအဆင့် နတ်ဆိုးမျိုးနွယ်ဝင် နှစ်ဆယ့်သုံးကောင် ကို သတ်ခဲ့ပြီး ဂုဏ်ထူးဆောင်အမှတ် နှစ်မှတ် ရရှိခဲ့သည်။

စုစုပေါင်းအားဖြင့် ကျန့်ဖုန်း သည် ဂုဏ်ထူးဆောင်အမှတ် ၂,၈၈၅ မှတ် ရရှိခဲ့သည်။

ဤရှုထောင့်မှ ကြည့်လျှင် အဆင့်မြင့် နတ်ဆိုး များသည် ပို၍ပင် တန်ဖိုးရှိသည် ။

အဆင့် ၅ အောက်ရှိ နတ်ဆိုးမျိုးနွယ်စုဝင်များသည် မည်မျှပင် သတ်ပါစေ၊ အဆင့်မြင့် နတ်ဆိုး တစ်ကောင်ကို ချေမှုန်းခြင်းလောက် အကျိုးမများပေ။

ကျန့်ဖုန်း သည် သူရရှိခဲ့သော ဂုဏ်ထူးဆောင်အမှတ် နှစ်ထောင့်ရှစ်ရာသည် နတ်ဆိုးအမဲလိုက်အဖွဲ့သစ် အသင်းပြိုင်ပွဲတွင် ဗိုလ်စွဲရန် လုံလောက်နေပြီဟုပင် ခံစားရသည်။

ကျန့်ဖုန်း ၏ စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ် ပေါ်လာသောအခါ သူ့ပတ်လည်တွင် စုရုံးနေကြသော သူ၏ အဖွဲ့သားများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့သည် ၎င်းကို လုံးဝ မယုံနိုင်ခဲ့ကြပေ။

သူတို့၏ နှလုံးသားများ အလွန်အမင်း တုန်လှုပ်သွားသည်!

သူတို့၏ မျက်နှာများသည် မယုံနိုင်စရာ အမူအရာများဖြင့် ပြည့်နှက်နေသည်။

ယခင်က မြို့ကာကွယ်ရေး တိုက်ပွဲတွင် သူတို့၏ အဖွဲ့တစ်ခုလုံးသည် ဂုဏ်ထူးဆောင်အမှတ် သုံးရာကျော် သာ ရရှိခဲ့သည်ကို သိထားရမည် ဖြစ်သည်။

သို့သော် ကျန့်ဖုန်း က တစ်ကြိမ်တည်း မြို့ပြင်ထွက်ခဲ့ခြင်းဖြင့် ဂုဏ်ထူးဆောင်အမှတ် များစွာ ရရှိခဲ့သည်။

ဝတုတ်လေး ၏ မူလက သေးငယ်သော မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်လာသည်။ သူသည် ထစ်ထစ်အအဖြင့် မေးလိုက်သည်။

“ခေါင်းဆောင်၊ ခင်ဗျား ဓားပြသွားတိုက်လာတာလား၊ မဟုတ်ရင် ဘယ်လိုလုပ် ဂုဏ်ထူးဆောင်အမှတ် ဒီလောက် အများကြီး ရှိနိုင်မှာလဲ”

All Chapters