← Chapters

ဘိုးဘေးချင်း မှားယွင်း မြုပ်နှံမိခြင်း

Vol. 16 Ch. 158

ဘိုးဘေးချင်း မှားယွင်း မြုပ်နှံမိခြင်း

Vol. 16 Ch. 158

တစ်နာရီ ကြာပြီးနောက် တက္ကစီက မြစ်လမ်း ထောင့်လေးတွင် ရပ်တန့်သွားခဲ့သည်။

စိတ်ကျန်းမာရေး ဆေးခန်း တံခါးပေါက်ဝကို ရောက်တော့ သက်လတ်ပိုင်း အမျိုးသမီးက အနည်းငယ် အိုမင်းနေပြီ ဖြစ်သည့် အဆောက်အဦးကို မျက်မှောင်ကြုတ်ပြီး တစ်ချက် ကြည့်လိုက်သည်။

ချန်ယွီ့က ဤသို့‌သော နေရာများတွင် နေထိုင်နေသည်ဆိုသည်မှာ အတော်လေး ယုံကြည်ဖို့ ခဲယဉ်းလှ၏။

ဤမျှ အချိန်ကြာအောင် လိုက်စထွင်း လွှင့်ပြီး နောက်ပိုင်းတွင် ချန်ယွီ့က များပြားလှသည့် မုန့်ဖိုးများကို ရရှိခဲ့သည်။ ပလတ်ဖောင်းက တစ်ဝက် နှုတ်လျှင်ပင် အနည်းဆုံး တစ်သန်း သို့မဟုတ် နှစ်သန်းလောက်တော့ အိတ်ထောင်ထဲ ကျန်နေသင့်၏။

ဤပုံစံကို မြင်တွေ့ပြီးနောက်တွင် သက်လတ်ပိုင်း အမျိုးသမီးမှာ သူမကိုယ်သူမ သိပ်ပြီး သေချာခြင်း မရှိတော့ပေ။

ချန်ယွီ့၏ စုတ်ပဲ့နေသည့် နေရာလေးကို ကြည့်ရင်း သူမမှာ အနည်းငယ် မရေမရာ ဖြစ်လာရလေသည်။

ဒေါက် ဒေါက် ဒေါက် …

နောက်တစ်စက္ကန့်၌ ဟွမ်ထင်က သူမ၏ လက်ကို မြှောက်ပြီး တံခါးကို ခေါက်လိုက်သည်။

“ တံခါးက သော့မပိတ်ထားဘူး … ကျေးဇူးပြုပြီး ဝင်လာလို့ ရပါတယ် …”

ချန်ယွီ့အသံကို ကြားတော့ ဟွမ်ထင်က အသက်ကို ပြင်းပြင်းရှိုက်ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

“ အာ …”

သူမ အထဲသို့ ဝင်ရောက်သည့် အခိုက်အတန့်မှာပဲ ဟွမ်ထင်မှာ ကြက်သေသေသွားခဲ့လေသည်။

ဒီ အခန်းက ဘာကြီးလဲ …

အဘိုးကြီး တစ်ယောက်ကို ရွှေချထားတဲ့ ရုပ်ထုကြီး တစ်ခု …

နံရံပေါ်မှာလည်း နိုင်ငံခြားသားတွေရဲ့ ဓာတ်ပုံတွေ အများကြီးကို ချိတ်ထားတယ် …

ချန်ယွီ့ စားပွဲရဲ့ ဘယ်ဘက် စင်နှစ်ခုမှာကျတော့ စားသောက်စရာတွေ ၊ ကလေး ကစားစရာ အရုပ်တွေနဲ့ နေ့စဉ်သုံး ပစ္စည်းတွေ …

ပြီးတော့ အဲ့ဒီ စင်နှစ်ခုပေါ်မှာ စာရွက်တွေကလည်း ကပ်ထားသေးတယ် …

'ကုသရေး ပစ္စည်းများနှင့် ကုသရေး ဆေးဝါးများ'

ညာဘက်ခြမ်းမှာတော့ မျက်စိအမြင်ကို ပို၍ ဖမ်းစားနေသည့် ပစ္စည်းများ ရှိနေလေသည်။

စွန်းဝူခုံး တိမ်စီးနေသည့် ကြေးရုပ်ထုနှင့် နီကျားပုံစံ ထွင်းထုထားသည့် သစ်သားပန်းပု။

“ ဒါက ဘာကြီးလဲ …” ဟွမ်ထင်မှာ ညာဘက်ခြမ်း စင်အောက်၏ အရာကို မြင်တွေ့ပြီးနောက် မနေနိုင်ဘဲ သူမကိုယ်သူမ အသံထွက် ရေရွတ်လိုက်မိသည်။

ဤသည်ကို ကြားတော့ ချန်ယွီ့က မျက်လုံးထောင့်ကနေ ထို အမျိုးသားကို တစ်ချက်ကြည့်ပြီး သာမန်လျှံကာပဲ ခွန်းတုံ့ပြန်လိုက်၏။ “ ဟူယင်ကျွင်း …”

ဟွမ်ထင်၏ မျက်နှာကြွက်သားတို့ လိမ်တွန့်သွားခဲ့ရ၏။

ချန်ယွီ့မှာ ပိုက်ဆံတွေ ထားစရာ နေရာမရှိအောင် ပေါသောလွန်းလို့လား … ဒါမှမဟုတ် ဒီတိုင်း ကြိုက်လို့ ဝယ်ထားတာလား …

ဟွမ်ထင်၏ သားလေးမှာလည်း ဤနှစ်တွင် သုံးနှစ် တင်းတင်းပြည့်ပြီ ဖြစ်ပြီး ကာတွန်းကားများ ကြည့်ရသည်ကို နှစ်သက်သည့် အရွယ်ပင်။

ထို့ကြောင့် ဟွမ်ထင်သည်လည်း ဟူယင်ကျွင်းနှင့် စိမ်းသက်နေခြင်း မရှိပေ။

ဟူယင်ကျွင်းက ကာတွန်း ဇာတ်ကောင် ‘ထုထု’၏ ဖခင်ဖြစ်သူပင်။

ဒီလောက် အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းကို သုံးပြီး ကာတွန်း ဇာတ်ကောင်ကို ထွင်းထုထားတယ်ပေါ့ … ချန်ယွီ့က ငကြောင်လား …

အမျိုးသမီး တစ်ဦး၏ သန္ဓေပါ အလိုလိုသိစိတ်နှင့် ကျောက်စိမ်းလက်ဝတ်ရတနာ ပစ္စည်းများအပေါ် ရင်းနှီးကျွမ်းဝင်နေမှုကြောင့် ဟွမ်ထင်သည် ဤ ဟူယင်ကျွင်း ကျောက်စိမ်းပန်းပုက အရည်အသွေး မညံ့ကြောင်းကို မကိုင်ကြည့်ဘဲ သိနေခဲ့သည်။

သူမ ခင်ပွန်း သူမအတွက် လုပ်ပေးထားသည့် ကျောက်စိမ်းလက်စွပ်နှင့် အရည်အသွေး အတူတူပင်။

သွေးကြောများ စိမ်းစိုပြီး ကြည်လင်နေသည့် ကျောက်စိမ်း။

ဟွမ်ထင်မှာ ဟူယင်ကျွင်းကို ထပ် မကြည့်နိုင်တော့ချေ။

“ ခင်များက အတွင်းရေးမှူးဟွမ်ထင်တယ် …”

ချန်ယွီ့က နှုတ်ဟ၍ ဟွမ်ထင်၏ တိတ်တဆိတ် ဝေဖန်နေသည့် စကားသံများကို ဖြတ်တောက်လိုက်သည်။

ဟွမ်ထင်လည်း ချက်ချင်းလက်ငင်း အသိစိတ် ပြန်ဝင်လာခဲ့ပြီး သူမ ဤနေရာသို့ ရောက်လာခဲ့ရသည့် ရည်ရွယ်ချက်ကို ပြန် အမှတ်ရသွားခဲ့၏။

“ ဟယ်လို ဒေါက်တာချန် … ဒါက ကျွန်မရဲ့ စီးပွားရေးကတ်ပါ …”

ဟွမ်ထင်က သူမ၏ အိတ်ထဲမှနေ၍ နာမည်ကတ်တစ်ခုကို ထုတ်ပြီး ချန်ယွီ့ အနားသို့ ရောက်လာခဲ့သည်။

“ ခင်များတို့ ဥက္ကဌ လတ်တလော ရိုက်ထားတဲ့ ဓာတ်ပုံရော ပါလာလား …”

ချန်ယွီ့က နာမည်ကတ်ကို ယဉ်ကျေးစွာ လက်ခံ၍ ဘေးသို့ ချထားလိုက်သည်။

“ အင်း … ကျွန်မ ယူခဲ့တယ် …”

ဟွမ်ထင်က သူမ၏ အိတ်ထဲသို့ တစ်ဖန် လက်ရောက်သွားခဲ့ပြီး အမျိုးသားတစ်ဦး၏ ကိုယ်လုံးပြည့် ကြည်လင်သည့် ဓာတ်ပုံကို ထုတ်ယူလာခဲ့သည်။

ပုံထဲရှိ အမျိုးသားကို ကြည့်ရင်း ချန်ယွီ့ ပြောလိုက်၏။ “ ပိုက်ဆံ အရင်ချေ …”

“ ပြဿနာ မရှိဘူး ..”

မရောက်လာမီကတည်းက ဟွမ်ထင်သည် ချန်ယွီ့နှင့် အကြမ်းဖျင်း ဖုန်းပြောထားပြီး ဖြစ်၏။

အွန်လိုင်းပြင်ပတွင် အကူအညီတောင်းလိုပါက ပိုက်ဆံ အရင်ချေဖို့လိုသည်။

ယွမ်တစ်သောင်းက ချက်ချင်း ရောက်လာခဲ့ပြီး ဟွမ်ထင်က အလျင်စလို လေသံဖြင့် ပြော၏။ “ ဒေါက်တာချန် … ဥက္ကဌရဲ့ အခြေအနေကတော့ ကျွန်မ ဖုန်းထဲမှာ ပြောပြခဲ့တဲ့ အတိုင်းပါပဲ …”

“ ဥက္ကဌယင် သူ့ မွေးရပ်မြေက ပြန်လာပြီးကတည်းက ကံဆိုးမှု အမျိုးမျိုးနဲ့ ကြုံတွေ့နေရတော့တာပါပဲ …”

“ ရေသောက်ရင် ရေတီးတယ် … ထမင်းစားနေရင် အစာနင်တယ် …”

“ အပြင်မှာ လမ်းလျှောက်နေရင် ဘယ်နားကနေ ရောက်လာမှန်း မသိတဲ့ ငှက်ပြောသီးအခွံကို တက်နင်းမိပြီး ချော်လဲတယ် … မဟုတ်ဘူးဆိုလည်း သူ့ခေါင်းပေါ်ကို ငှက်တွေ မစင်စွန့်လို့စွန့် … တစ်ခါတစ်လေ အမှိုက်သရိုက်တွေ ခေါင်းပေါ် ပစ်ချတာ ခံရတယ် …”

“ ဒီရဲ့ပြဿနာတွေက ကြီးကြီးမားမား မဟုတ်ဘူးဆိုပေမယ့် ဒီရဲ့ကံဆိုးမှုတွေက သူ့ကို အကြီးအကျယ် စိတ်ဒုက္ခရောက်အောင် လုပ်နေတယ် …”

“ ကံဆိုးမှုတွေက တစ်ခုပြီး တစ်ခုဖြစ်တော့ ဥက္ကဌယင်မှာ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပဲ …”

“ နယ်ပယ်တူထဲ လူတစ်ချို့ကတော့ ဒီအကြောင်းကို သိပြီး ဥက္ကဌယင်က မကောင်းတာတွေ လုပ်ခဲ့ဖူးလို့ သူ့ အကျိုး ပြန်ခံစားနေရတာလို့ ဆိုကြတယ် …”

“ အဲ့ဒါတွေ အကုန်လုံးက သောက်အဓိပ္ပာယ် မရှိတဲ့ စကားတွေပဲ …”

ဟွမ်ထင်က တင်းမာသည့်လေသံဖြင့် အပြင်ကမ္ဘာက ကောလဟာလများကို ငြင်းဆန်လိုက်သည်။ ထို့နောက် ကူကယ်ရာမဲ့သည့် အမူအရာဖြင့် “ ဒါပေမယ့် ကောဟလာဟတွေ ပျံ့သွားတာနဲ့ အမှန်တရားကို မသိတဲ့လူတွေက ထိတ်ထိတ်ပျာပျာ ဖြစ်သွားနိုင်တယ် …”

“ အဲ့လို ဖြစ်လာရင် ပလတ်ဖောင်းရဲ့ စတော့ရှယ်ယာဈေးနှုန်းလည်း ထိခိုက်လာမှာပဲ …”

“ ဒေါက်တာချန် … ရှင်က အစွမ်းအစရှိတဲ့လူပါ … ပြီးတော့ ရှင် တစ်ယောက်တည်းပဲ ဥက္ကဌယင်ကို ကယ်တင်နိုင်မှာမို့လို့ပါ …”

“ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကူညီပါဦး … ဒီကိစ္စ ပြီးသွားရင် ဥက္ကဌယင်က ရှင့်ကို ထိုက်ထိုက်တန်တန် ဆုချီးမြင့်ဦးမှာပါ …”

“ အဲ့လောက် အများကြီး စိတ်ပူနေစရာ မလိုပါဘူး …” ချန်ယွီ့က ညင်သာစွာပြုံး၍ ပြောလိုက်ပြီး “ ကျွန်တော်က ခင်များတို့ဆီကနေ ကုသကြေးကို တောင်းခံပြီးပြီ … လျစ်လျူရှုစရာ အကြောင်း မရှိဘူး ..”

ဤအထိ ပြောပြီးနောက် ချန်ယွီ့က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။

“ ခင်များရဲ့ ဥက္ကဌအပြင် ခင်များလည်း ဒုက္ခရောက်နိုင်တဲ့ အလားအလာတွေ ရှိနေတယ်နော်…. ကျွန်တော့်ဆီ ရောက်တုန်းရောက်ခိုက် တစ်ခါတည်း ကုသသွားပါလား ..”

“ ကျွန်မလည်း ဒုက္ခရောက်နိုင်တယ် ဟုတ်လား …”

ဟွမ်ထင် ကြက်သေသေသွားခဲ့ပြီး သူမ ပြူးကျယ်နေသည့် မျက်ဝန်းတို့ဖြင့် မေးလိုက်၏။ “ ကျွန်မ … ကျွန်မလည်း ကံဆိုးမှာမို့လို့လားဟင် …”

“ ကံဆိုးမှာလို့လည်း ပြောလို့ရတယ် … ဒါပေမယ့် ခင်များတို့ ဥက္ကဌလို အခြေအနေမျိုးနဲ့တော့ မတူဘူး … သူက နည်းနည်းလေး ကွဲတယ် …”

“ တကယ်လို့ ခင်များ ကုသချင်တယ်ဆို နောက်ထပ် ယွမ် တစ်သောင်း လွှဲပေးလိုက် …”

ဟွမ်ထင်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့၏။ သို့ပေမယ့်လည်း ကုသစားရိတ်အတွက် စိုးရွံ့နေခြင်း မဟုတ်။ ဟွမ်ထင်က အတွင်းရေးမှူးမျှသာ ဆိုသော်လည်းပဲ သူမ၏ အဆင့်အတန်းက အတွင်းရေးမှူးများစွာအနက် ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေသူဟု ဆို၍ ရသည်။

သူမက ဘုတ်ဒါရိုက်တာများနှင့် ကော်ပိုရေးရှင်းထဲရှိ ရာထူးမြင့် အရာရှိကြီးများ၏ အတွင်းရေးမှူးပင်။

လတ်တလောတွင် မည်သည့် ကံဆိုးမှုတို့မျှလည်း ကြုံတွေ့ခဲ့ရခြင်း မရှိရာ အဘယ်ကြောင့် ချန်ယွီ့က သူမ ဒုက္ခရောက်နေသည်ဟု ဆိုရသနည်း။

“ ခင်များက တုံ့ဆိုင်းနေတယ်ဆိုတော့လည်း ထားလိုက်တော့ … ခင်များတို့ ဥက္ကဌအကြောင်းပဲ အရင်ပြောကြတာပေါ့ …” ချန်ယွီ့ ပြောလိုက်သည်။

“ ကောင်းပြီလေ …”

ဆိုရိုးစကားများအတိုင်း ယုံကြည်ခြင်းသည် မြင်တွေ့ခြင်း မည်သည်။ ဟွမ်ထင်ကလည်း ချန်ယွီ့ မည်သို့သော နည်းလမ်းများဖြင့် ဥက္ကဌယင်၏ ပြဿနာကို ဖြေရှင်းပေးမလဲဆိုတာ သိချင်နေမိသည်။

“ ခင်များတို့ ဥက္ကဌက မွေးရပ်မြေကနေ ပြန်လာခဲ့တာ သိပ်မကြာဘူး … သူသွားခဲ့တာက ငလျင်ကြောင့်ပဲ …”

“ ငလျင်က သူ့ ဧရိယာအတွင်းမှာရှိတဲ့ အိမ်ခြေတော်တော်များများကို ဖျက်စီးသွားခဲ့ရုံတင် မကသေးဘူး … သူ့ဘိုးဘေးတွေ မြုပ်နှံတဲ့ အုတ်ဂူကိုပါ ထိခိုက်သွားစေခဲ့တယ် …”

“ အဲ့ သင်္ချိုင်းမှာက သူ့ ဘိုးဘေးတွေရဲ့ အရိုးတွေတင် မကဘူး … တခြားလူတွေရဲ့ ဘိုးဘေးအရိုးတွေလည်း ရှိတယ် …”

ဤသည်ကို ကြားတော့ ဟွမ်လင်းက ခေါင်းညိတ်လိုက်သည်။

“ ဟုတ်တယ် ဒေါက်တာချန် … အဲ့အတိုင်း အတိအကျပဲ … ကျွန်မတို့ရဲ့ ဥက္ကဌ သူ့ မွေးရပ်ကို ပြန်သွားခဲ့တာက အဲ့ကိစ္စကြောင့်ပဲ …”

ဤအကြောင်းကို ဖုန်းထဲတွင် မပြောပြခဲ့ဖူးပေ။ ထို့ကြောင့် ချန်ယွီ့အပေါ် သူမ၏ ယုံကြည်မှုကလည်း နောက်လယ်ဗယ်တစ်ဆင့်ကို မြင့်တက်လာသည်။

ဤအကြောင်းကို ဥက္ကဌယင်အပြင် အုပ်စုထဲရှိ ထိပ်သီး အမှုဆောင် စီနီယာ တစ်ချို့ကလွဲပြီး သိရှိခြင်း မရှိကြပေ။

“ အဲ့နေရာက ငလျင်ကြောင့် ပရမ်းပတာ ဖြစ်သွားခဲ့တယ် … သင်္ချိုင်းလုပ်ဖို့ မသင့်လျော်တော့ဘူး …”

“ ဥက္ကဌယင်က လူလွှတ်ပြီး သူ့ဘိုးဘေးတွေရဲ့ အရိုးကို ကောက်ခိုင်းတယ် … ပြီးတဲ့နောက်မှာ သူ လက်ရှိ နေထိုင်တဲ့ မြို့မှာ မြုပ်နှံဖို့ ရည်ရွယ်ထားတယ် …”

“ ဟုတ်တယ် … သင်္ချိုင်းအသစ်ကိစ္စကို ကျွန်မကိုယ်တိုင်ပဲ ကိုင်တွယ်ခဲ့တာ …”

ချန်ယွီ့ ပြောဆိုသည်ကိုပင် မစောင့်ဘဲ ဟွမ်ထင်က ပြောဆိုလိုက်၏။

“ ပြဿနာက အဲ့တာပဲ …”

“ ငလျင်ကြောင့် မြေကြောတွေ ရှုပ်ထွေးကုန်ပြီး အရိုးတော်တော်များများက ရောထွေးကုန်တယ် … “ ချန်ယွီ့က ထူးမခြားနား အမူအရာဖြင့် ပြောလိုက်ပြီး “ ဘယ်အရိုးက ဘယ်သူ့ ဘိုးဘေးဥစ္စာလဲဆိုတာ သာမန် မျက်လုံးနဲ့ ကြည့်ပြီး ဆုံးဖြတ်ဖို့က မဖြစ်နိုင်ဘူး …”

“ ဥက္ကဌယင်က သူ့ဘိုးဘေးတွေရဲ့ အရိုးကို ရှာဖွေဖို့အတွက် ဖုန်းရွှေ မာစတာတစ်ယောက်ကို ငှားခဲ့တယ် …”

“ ကံဆိုးချင်တော့ သူ ငှားခဲ့တဲ့လူက အတုအယောင် မာစတာ ဖြစ်နေခဲ့တာပဲ …”

“ အဲ့လူက သူများ ဘိုးဘေးရဲ့ အရိုးတွေကို မင်းတို့ ဥက္ကဌရဲ့ အရိုး ဆိုပြီး မြုပ်နှံဖို့ ယူလာပေးတယ် …”

“ မဖြစ်နိုင်တာ …”

ဟွမ်ထင်၏ နှုတ်ခမ်းမှာ ရှော့ခ်ရမှုကြောင့် အကြီးအကျယ် ပွင့်အာသွားခဲ့သည်။

ဤသည်က … ဤသည်က သိပ်ကို ချဲ့ကားလွန်းသွားပြီ ဖြစ်၏။

ဥက္ကဌယင်က သူများ ဘိုးဘေးရဲ့ အရိုးတွေကို သူ့ဘိုးဘေးတွေလိုမျိုး မြုပ်နှံခဲ့မိတယ် …

ထိုကဲ့သို့သော အရာမျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ပါချေ။

“ ခင်များလည်း အရင်က ကျွန်တော့်ရဲ့ လိုက်စထွင်းတွေကို ကြည့်ခဲ့ဖူးပါတယ် … ဟုတ်တယ်နော်… ကျွန်တော် တစ်ခါက လောကကြီးထဲ တစ္ဆေသရဲဆိုတာ မရှိတဲ့ အကြောင်း ပြောခဲ့ဖူးတယ် …”

“ လူတစ်ဦး သေသွားပြီးတဲ့နောက်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ အထူးစွမ်းအင် ခန္ဓာတစ်မျိုး ဖြစ်တည်လာတယ် …”

“ သူတို့ရဲ့ မွေးရပ်မြေမှာ မြုပ်နှံထားတဲ့ လူသေကို တခြား နယ်မြေမှာ မြုပ်နှံတာက အဲ့ဒီ စွမ်းအင်ခန္ဓာတွေကို လေလွင့် ဝိဉာဏ်တွေဖြစ်အောင် လုပ်လိုက်တာနဲ့ မခြားဘူး …”

“ သူတို့ စိတ်ဆိုးမလား မဆိုးဘူးလား ခင်များပြောကြည့် …”

ချန်ယွီ့ ပြုံးပြီး မေးလိုက်သည်။

All Chapters