← Chapters

အခန်း (၃၃၆၃-၃၃၆၄)

Vol. 221 Ch. 3363-3364

အခန်း (၃၃၆၃-၃၃၆၄)

Vol. 221 Ch. 3363-3364

အခန်း ၃၃၆၃ - တိုက်ပွဲ

“ဟမ့်…”

မိစ္ဆာအရှင်နှင့် အခြားသုံးယောက်က တစ်ချိန်တည်းမှာ လှည့်ကြည့်လိုက်ကြ၏။

လေဟာနယ်က ပွင့်ထွက်သွားပြီး ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူ့မှာ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံရှိပြီး လေထဲမှာ မတ်တတ်ရပ်နေ၏။ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။

တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာပြီးနောက် ဆူဇီမိုပထမဆုံးပြုလုပ်သည့်အရာမှာ ဗြဟ္မာတစ္ဆေမိခင်ကို လာရှာခြင်းပင်။

လမ်းလေးသွယ်မှအရှင်များ၏ ပိုင်နက်နယ်မြေမှာပင်၊ မိစ္ဆာအရှင်နှင့် အခြားသုံးယောက်နှင့် ရင်ဆိုင်ရစဉ်မှာပင် ဆူဇီမိုသည် အော်ရာချင်းယှဉ်ရာမှာ အရေးနိမ့်ခြင်းမရှိပေ။

“စိတ်ဝင်စားစရာပဲ”

သရဖူဆောင်းအမျိုးသားက ရယ်မောကာပြောလိုက်၏။

“မင်းက တကယ်ပဲ ရောက်လာရဲတယ်ဆိုတော့…”

ဆူဇီမိုက သရဖူဆောင်းအမျိုးသားကို တစ်ချက်ဝေ့ကြည့်လိုက်၏။

နောက်ထပ် မဟာသူတော်စင်တစ်ဦး…။

လမ်းလေးသွယ်မှ အရှင်များအပြင် ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ နောက်ထပ် မဟာသူတော်စင်တစ်ဦးသာ ရှိနိုင်လေသည်။ ကောင်းကင်ဘုံနန်းတော် ၃၃ခု၏ နန်းတော်အရှင်..။

မိစ္ဆာအရှင်နှင့် အခြားသူများ တက်လှမ်းလာပြီးနောက် သူတော်စင်အရှင်ငါးဦးသည် ကောင်းကင်ဘုံ ၃၃သို့ ဆင်းသက်ပြီး ကောင်းကင်ဘုံနန်းတော် ၃၃မှ နန်းတော်အရှင်နှင့်ပင် ပူးပေါင်းကာ လမ်းလေးသွယ်မှအရှင်များကို ဖိနှိမ်ခဲ့လေသည်။ သို့သော်လည်း နောက်ဆုံးမှာ သူတို့သည် လက်ဗလာဖြင့် ပြန်သွားရ၏။

သို့သော် ယခု နန်းတော်အရှင်သည် မိစ္ဆာအရှင်၊ ဗြဟ္မာတစ္ဆေမိခင်နှင့် ငရဲအရှင်တို့နှင့် အတူတကွရှိနေ၏။ သူက လုံးဝရန်လိုသည့်ပုံမပေါ်ဘဲ သူတို့သည် တစ်ယောက်ကိုတစ်ယောက် အတော်လေး ရင်းနှီးမှုရှိနေသည့်ပုံရလေသည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်နှင့် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ပြီးပြည့်စုံသောမှတ်ဉာဏ်များနှင့်အတူ ဆူဇီမို၏ ရှေ့မှာ မဟာကမ္ဘာတစ်ထောင်လောကသည် လျှို့ဝှက်ချက်များစွာ မရှိတော့ပေ။

သူသည် ကောင်းကင်ဘုံနန်းတော်သုံးဆယ့်သုံးခုမှ နန်းတော်အရှင်၏ သရုပ်သကန်ကို ခန့်မှန်းမိထားပြီဖြစ်၏။

ဆူဇီမိုသည် သူတို့လေးယောက်ကို အတူတကွတွေ့မြင်ရခြင်းမှာ အံ့အားသင့်မသွားပေ။

မိစ္ဆာအရှင်က ဆူဇီမိုဆင်းသက်ရောက်ရှိလာသည်ကိုတွေ့မြင်သောအခါ သူက ဖြစ်ပျက်လာတော့မည့်အရာကို ဂရုစိုက်ခြင်းမရှိသည့်အလား အမူအရာကင်းမဲ့နေဆဲဖြစ်၏။

သူသည် ဆူဇီမိုကို တစ်ချက်မျှသာကြည့်ပြီးနောက် တစ်ဖက်သို့ပြန်လှည့်ကာ ဗလာကျင်းနေသော ဂူကမ္ပည်းကျောက်စာတိုင်ပေါ်မှာ ထိုင်နေဆဲဖြစ်၏။

ငရဲအရှင်က မျက်မှောင်ကြုတ်လိုက်သည်။

တစ္ဆေပုံရိပ်အလွှာများကြားမှာ သူမ၏ ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်းမတွေ့မြင်ရသော်လည်း သတ်ဖြတ်လိုစိတ်က အထဲကနေ တလိပ်လိပ်ထိုးတက်လာလေသည်။

ဗြဟ္မာတစ္ဆေမိခင်၏ အသံက ထွက်ပေါ်လာ၏။

“အရင်တုန်းက သူတော်စင်အရှင်ငါးဦးက သူတို့ရဲ့ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တွေအားကိုးနဲ့ ကျူးကျော်ဝင်ရောက်လာခဲ့တယ်.. အဲလိုဆိုရင်တောင် သူတို့တွေက လက်ဗလာနဲ့ပြန်သွားရတယ်… အခုနင်က ဒီကို တစ်ယောက်တည်းရောက်လာတယ်ဆိုတော့ သက်သက် အသေလာခံတာပဲ”

ယခု ဆူဇီမိုသည် မဟာသူတော်စင်တစ်ပါးဖြစ်လာပြီး ဗြဟ္မာတစ္ဆေမိခင်က သူနှင့်တစ်ယောက်ချင်းရင်ဆိုင်ရမည်ကို အနည်းငယ်ကြောက်လန့်လာပြီဖြစ်ကာ မိစ္ဆာအရှင်နှင့်အခြားနှစ်ယောက်ကို ဆွဲထည့်ဖို့ ကြိုးစားလိုက်လေသည်။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မိစ္ဆာအရှင်နှင့်အခြားနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူက မှင်သေသေဖြင့် ပြောလိုက်သည်။

“အရင်တုန်းက သူတော်စင်အရှင်ငါးဦးက မင်းတို့လေးယောက်ကို တိုက်ခိုက်ဖို့ရောက်လာခဲ့တာပဲ… ဒီနေ့ငါက သူ့အသက်ကိုပဲ လိုချင်တယ်”

သူက ရှင်းရှင်းလင်လင်းမပြောဆိုသော်လည်း ယနေ့ ဖြစ်ပျက်လာမည့်အရာသည် မိစ္ဆာအရှင်နှင့် အခြားနှစ်ယောက်နှင့် မသက်ဆိုင်ကြောင်း ဆူဇီမိုက သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်၏။

ဟမ့်…

ဗြဟ္မာတစ္ဆေမိခင်က လှောင်ရယ်လိုက်၏။

“နင်က ငါ့ကို ပြဿနာရှာဖို့ရောက်လာပြီး အခုချိန်မှာ သူတို့သုံးယောက်က မဆိုင်သလိုနေမယ်လို့ ထင်လို့လား”

“အဲဒါ ငါ့ကိစ္စမဟုတ်ဘူး”

ရုတ်တရက် မိစ္ဆာအရှင်က ပြောလိုက်၏။

ဗြဟ္မာတစ္ဆေမိခင်၏ မျက်နှာပေါ်ရှိအပြုံးက အေးခဲတောင့်တင်းသွားပြီး အံကိုကြိတ်ကာပြောလိုက်၏။

“နင်က အမြဲတမ်းနှလုံးသားကင်းမဲ့တယ်ဆိုတာ ငါမေ့နေတာ… နင့်ကိုယ်နင်ကလွဲရင် နင်က တခြားဘယ်သူ့ရဲ့ သေခြင်းရှင်ခြင်းကိုမှ စိတ်မဝင်စားဘူး”

ဗြဟ္မာတစ္ဆေမိခင်၏ အကြည့်က ရွှေ့ပြောင်းသွားပြီး သရဖူဆောင်းအမျိုးသားနှင့် ငရဲအရှင်ကို ကြည့်လိုက်လေသည်။

“ငါ့ကိုမကြည့်နဲ့”

သရဖူဆောင်းအမျိုးသားက ပခုံးအနည်းတွန့်ပြီး တစ်ဘက်ကိုလှည့်ကာ အဓိပ္ပါယ်ပါပါပြောလိုက်၏။

“ဒီမှာ တိုက်ခိုက်ဖို့ ငါတို့အလှည့်မရောက်သေးဘူးနဲ့တူတယ်… ဟုတ်တယ်မလား”

ငရဲအရှင်၏ အမူအရာက ညိုမှောင်၍ သူက နှုတ်ဆိတ်နေ၏။

“နင်တို့တွေ… သိပ်ကောင်းတယ်”

ဗြဟ္မာတစ္ဆေမိခင်က လှောင်ရယ်လိုက်၏။

“ရတယ်လေ… သူက ငါ့ကိုဘယ်လိုသတ်မလဲ ကြည့်ရတာပေါ့”

သူမစကားမဆုံးသေးခင် ဗြဟ္မာတစ္ဆေမိခင်သည် ခပ်စူးစူးအော်သံတစ်သံနှင့်အတူ တွဲဖက်၍ မရေမတွက်နိုင်သော တစ္ဆေပုံရိပ်များစွာနှင့်အတူ ဆူဇီမိုရှိရာသို့ ပြေးဝင်သွား၏။

ထိုအခိုက်အတန့်မှာ လောကတစ်ခုလုံးသည် အဆုံးမဲ့တစ္ဆေများဖြင့် ပြည့်နှက်ပြီး ပုံရိပ်ယောင်များက အထိပ်ထပ်ဆင့်သွား၏။

တစ္ဆေများသည် မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းနေ၏။ သူတို့က သွားများကိုဖြဲပြီး ဆူဇီမိုကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်ကာ ပြေးဝင်လာနေကြ၏။

“ပျက်ပြယ်စမ်း”

ဆူဇီမို၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာလေသည်။ သူ၏ နောက်ဘက်မှာ အစိမ်းရောင်ကြာပင်တစ်ပင်ပေါ်ထွက်လာပြီး ၎င်းသည် ကစဉ့်ကလျားချီဖြင့်ပြည့်နှက်ကာ အလင်းရောင်နှင့်အတူ ယိမ်းနွဲ့သွား၏။

ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းကနေ ဖြာထုတ်လိုက်သော ဂမ္ဘီရအလင်းနှင့် ထိခတ်မိသောအခါ တစ္ဆေပုံရိပ်များစွာသည် စူးစူးဝါးဝါးအော်ဟစ်ပြီး အဘက်ဘက်ကို လှည့်ထွက်ပြေးသွားကြသည်။

သူတို့က အနားကိုလုံးဝ ချဉ်းကပ်မလာနိုင်ပေ။

တစ္ဆေလက်တစ်ဖက်က ပေါ်ထွက်လာပြီး ၎င်း၏ လက်သည်းများက လေဟာနယ်ကိုဆုတ်ဖြဲကာ စူးရှလွန်းသောအသံတစ်သံကို ထုတ်ဖော်၍ ဆူဇီမို၏ မျက်နှာရှိရာသို့ ဖမ်းဆွဲလိုက်၏

ဆူဇီမို၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ဖြစ်ပြီး တဝင်းဝင်းတောက်ပနေ၏။ သူက တစ်ချက်အော်ငေါက်ပြီး ရှေ့သို့တက်လှမ်းကာ ပစ်ထိုးလိုက်လေသည်။

ကစဉ့်ကလျားသူတော်စင်ခန္ဓာ၏ သွေးချီက လေထဲမှာ ပြည့်နှက်သွား၏။ ထိုထိုးချက်သည် လောကကို ထိုးဖောက်ပြီး သက်ရှိများအားလုံးကို ဖိနှိမ်ပစ်ချင်သည့်အလား ကြွယ်ဝ၍ ခံ့ညားသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

ဝုန်း…

လက်သီးနှင့် လက်သည်းက ကျယ်လောင်သောမြည်သံနှင့် ပြင်းထန်စွာ ထိခတ်သွား၏။

ဗြဟ္မာတစ္ဆေမိခင်က ညည်းတွားအော်ဟစ်ပြီး ခြေလှမ်းရာချီ ဆုတ်ပေးလိုက်ရလေသည်။ သူမ၏ အစစ်အမှန်ခန္ဓာက ဆူဇီမို၏ ထိုးချက်ဖြင့် တစ္ဆေသရဲအလွှာများကြားကနေ ခါထုတ်ခံလိုက်ရ၏။

ဝုန်း… ဝုန်း… ဝုန်း….

ဆူဇီမိုသည် သူမနောက်သို့ ပြေးလိုက်သွားပြီး ဗြဟ္မာတစ္ဆေမိခင်ကို အသက်ရှူခွင့်မပေးပေ။ သူ၏ လက်သီးများက တူများကဲ့သို့ သူ၏ တံတောင်များက လှံများကဲ့သို့ ဖြစ်နေပြီး ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လိုက်၏။

ဗြဟ္မာတစ္ဆေမိခင်သည် တစ်လှမ်းပြီးတစ်လှမ်းနောက်သို့ ဆုတ်ပေးနေရ၏။ သူမက လုံးဝ မခုခံနိုင်ပေ။

မဟာသူတော်စင်များကြား တိုက်ပွဲတစ်ခုမှာ ကမ္ဘာတုန်လောက်ဖွယ်ရာ ဓမ္မပညာရပ်များ၊ နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော လှုပ်ရှားကွက်များ မရှိတော့ပေ။ အရာရာတိုင်းသည် ရိုးရှင်းမှုသို့ ပြန်သွားပြီး အကြမ်းထည်အကျဆုံး သဘာဝသို့ ပြန်လည်ရောက်ရှိသွားလေသည်။

မဟာသူတော်စင်တစ်ပါးထံမှ သာမန်ကာလျှံကာ ထိုးချက်တစ်ချက်၊ ကန်ချက်တစ်ချက်သည် မဟာတာအိုကို ဖျက်ဆီးပစ်နိုင်သည့်စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။

မဟာတာအိုပင် ၎င်းကို ခံနိုင်ရည်မရှိပါက တခြားမည်သည့် ဓမ္မတာအို သို့မဟုတ် နတ်ဘုရားစွမ်းအားက အဲဒါကို ခံနိုင်ရည်ရှိမှာလဲ။

ရုတ်တရက် ဗြဟ္မာတစ္ဆေမိခင်သည် သတ်ဖြတ်ကွက်တစ်ကွက်ကို ထုတ်ဖော်လိုပြီး ညိုမှောင်နေသော ဓားတိုတစ်လက်ကို ဆင့်ခေါ်လိုက်၏။

ဤသည်မှာ သူမ၏ သူတော်စင်လက်နက် တစ္ဆေမိခင်ဓားသွားဖြစ်သည်။

ထိုဓားသွားဖြင့် တစ်ယောက်ယောက်က ထိခတ်ခံရသည်နှင့် သူတို့၏ ဝိညာဉ်က ချက်ချင်းပင်ဆွဲနုတ်ခံရပေလိမ့်မည်။

ချွင်…

ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး သူက အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်၏။ ဗြဟ္မာတစ္မေမိခင်၏ အတွေးများသည် သူ့ထံကနေ ဖုံးကွယ်မထားနိုင်ပေ။

သူက သူ၏ လက်ချောင်းကို အနည်းငယ်ကွေးပြီး တစ္ဆေမိခင်ဓားသွားကိုတောက်ကာ ကြေမွသွားစေ၏။

ထို့နောက် သူသည် လှုပ်ရှားကွက်ကို လျင်မြန်စွာပြောင်းလဲပြီး သူ၏ လက်ချောင်းများကို ဓားတစ်လက်အဖြစ်စုကာ ရှေ့သို့ပစ်ထိုးလိုက်၏။ ဗြဟ္မာတစ္ဆေမိခင်၏ နှာရောင်ပေါ်တွင် သွေးသံရဲရဲဒဏ်ရာတစ်ခု ပေါ်ထွက်လာလေသည်။

ဗြဟ္မာတစ္ဆေမိခင်က အချိန်မီမရှောင်တိမ်းနိုင်ခဲ့လျှင် သူမ၏ ဦးခေါင်းက ထိုးဖောက်ခံရပေလိမ့်မည်။

အစကတော့ ငရဲအရှင်သည် အရိုးဖြူပလ္လင်ပေါ်မှာ မတ်မတ်ထိုင်နေဆဲဖြစ်၏။ ယခု ဗြဟ္မာတစ္ဆေမိခင်က အန္တရာယ်ရှိလာသောအခါ သူက ဆက်လက်၍ကြည့်မနေနိုင်တော့ဘဲ ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။

ဝေါ…

သွေးပင်လယ်က သိပ်သည်းပြင်းထန်ကြီးမားသော လှိုင်းလုံးများနှင့်အတူ တလိပ်လိပ်ထိုးတက်လာ၏။

မရေမတွက်နိုင်သော အဖြူရောင်အရိုးများက ငရဲအရှင်၏ ဘေးပတ်လည်မှာစုစည်းပြီး အဆက်မပြတ် စုပုံထပ်ကာ တိမ်လွှာများကြား ထိုးတက်သွားသည့်ဘီလူးတစ်ကောင်ကို ပေါ်ထွက်လာစေ၏။ ၎င်းမှာ မကောင်းဆိုးဝါးဆန်သောအော်ရာရှိပြီး ဧရာမအရိုးဖြူဓားတစ်လက်ကိုကိုင်ဆွဲကာ ဆူဇီမိုရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲမသွားဘဲ စိတ်ဖြင့်စေညွှန်လိုက်၏။

ဇီ…

ဓားတေးသံက လောကမှာ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

ဓားအလင်းနှစ်ခုက ပေါ်ထွက်လာပြီး ကောင်းကင်ကိုဆုတ်ဖြဲကာ ဗြဟ္မာတစ္ဆေမိခင်နှင့် ငရဲအရှင်ကို အသီးသီးခုတ်ပိုင်းချလိုက်လေသည်။

အဝီစိဓားနှင့် တမလွန်ဓားက ဆင်းသက်ရောက်ရှိလာ၏။

မဟာသူတော်စင်နှစ်ဦးနှင့် ရင်ဆိုင်ရစဉ်မှာပင် ဆူဇီမိုက စီးပိုးခြယ်လှယ်မှုရှိပြီး အကြောက်အလန့်ကင်းမဲ့နေဆဲဖြစ်၏။

ချွင်…

အထက်ရှဆုံးအဝီစိဓားက ဧရာမအရိုးဖြူဓားကို ခုတ်ပိုင်းချလိုက်၏။ ဧရာမအရိုးဖြူဓားက တိုက်ရိုက်လှီးဖြတ်မခံရသော်လည်း ၎င်းမှာ အပေါက်တစ်ပေါက်ရှိလာဆဲဖြစ်၏။

ငရဲအရှင်က ဆတ်ခနဲတုန်ယင်သွား၏။

ဗြဟ္မာတစ္ဆေမိခင်၏ အခြေအနေက ပို၍ပင် ဆိုးဝါးလေသည်။

အစကတော့ သူမသည် ဆူဇီမို၏ တိုက်ခိုက်မှုများဖြင့် ဒဏ်ရာရရှိထားပြီဖြစ်၏။ ယခု သူမသည် တမလွန်ဓား၏ တိုက်ခိုက်မှုများနှင့်ရင်ဆိုင်နေရပြီး သူမက လုံးဝမခုခံနိုင်ပေ။

ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတစ်ခု ပေါ်ထွက်လာ၏။

သူမ၏ ဒဏ်ရာများက မပြင်းထန်ပေ။ သို့သော်လည်း တမလွန်ဓားကနေ ဆောင်ကြဉ်းပေးလာသည့် ကြောက်စရာအကောင်းဆုံးအရာမှာ ၎င်းက အပေါ်ယံဒဏ်ရာများသာဖြစ်လျှင်တောင် တမလွန်ဓားသည် ၎င်း၏ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ တစ်ဘက်သူ၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်နိုင်လေသည်။

ဗြဟ္မာတစ္ဆေမိခင်၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွား၏။

သူမ၏ အကြည့်က ခဏမျှ အေးခဲတောင့်တင်းသွားပြိးနောက် ပြန်လည်အသက်ဝင်လာလေသည်။

သူမက သေဆုံးမသွားပေ။

ဆူဇီမို၏ မျက်လုံးထဲတွင် အံ့အားသင့်သည့်အကြည့်တစ်ခု ပေါ်ထွက်လာ၏။

ဗြဟ္မာတစ္ဆေမိခင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အံကိုကြိတ်ကာပြောလိုက်၏။

“တစ္ဆေတာအိုရဲ့အရှင်အနေနဲ့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကက တစ္ဆေတွေအားလုံးကို ထိန်းချုပ်ထားတဲ့ တစ္ဆေမျိုးနွယ်ရဲ့ဘိုးဘေးအနေနဲ့ ငါ့ကို ဓားချက်တစ်ချက်နဲ့ သတ်ဖြတ်နိုင်မယ်လို့ နင်ထင်လို့လား”

ဆူဇီမိုက မထီတရီပြုံးလိုက်၏။

“ငါနင့်ကို ဓားချက်တစ်ချက်နဲ့ မသတ်ဖြတ်နိုင်ဘူးဆိုရင် နောက်ထပ်နဲနဲပိုပြီး ခုတ်ပိုင်းပေးရတာပေါ့”

ဗြဟ္မာတစ္ဆေမိခင်က ထိုစကားကိုကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။ ရုတ်တရက် သူမက လေဟာနယ်ထဲသို့ ခပ်စူးစူးအော်ပြောလိုက်၏။

“ရှင်ဘာလို့ ထွက်မလာသေးတာလဲ… သူကျွန်မကိုသတ်ပြီးမှ ရှင်ထွက်လာတော့မှာလား။”

အခန်း ၃၃၆၄ - ဓားကိုချိုးခြင်း

ထိုသို့သူမပြောလိုက်သည့်ခဏမှာပင် နောက်ထပ်ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေ၏။ သူ၏ ဆံပင်ရှည်ကို ပုခုံးပေါ်မှာ သာမန်ကာလျှံကာ ဖြန့်ချထား၏။ သူက အလွန်တရာငယ်ရွယ်ပြီး ချောမောသည့်ပုံပေါ်သော်လည်း သူ့ထံမှ အဖော်မဲ့အထီးကျန်သော ခံစားချက်တစ်ခု ထွက်ပေါ်နေ၏။

အနက်ရောင်ဝတ်အမျိုးသား…။

အဲဒါထက် သူ့ကို သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်ဟု ခေါ်ဆိုရမည်ဖြစ်လေသည်။

အရင်တုန်းက အနက်ရောင်ဝတ်အမျိုးသားသည် မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုနှင့် သူတော်စင်ဧကရီဘဝအပါအဝင် ရှေးဟောင်းလျှို့ဝှက်ချက်များစွာကို သိုင်းတာအိုပင်မခန္ဓာထံ ပြောပြခဲ့၏။

သို့သော်လည်း တကယ်တမ်းမှာ အရင်တုန်းက မဟာကမ္ဘာတစ်ထောင်လောကတွင် သူတော်စင်ဧကရာဇ်အဆင့်မှာရှိသော သက်ရှိခုနှစ်ဦးမက ရှိခဲ့လေသည်။

မဟာကမ္ဘာတစ်ထောင်လောကမှာ အထွတ်အမြတ်ခိုလှုံရာရှစ်ခုရှိခဲ့၏။

တစ်နည်းအားဖြင့်ဆိုသော် သူတော်စင်ဧကရီဘဝအပြင် သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများကနေတစ်ဆင့် သူတော်စင်ဧကရာဇ်တစ်ပါးဖြစ်သည်အထိ ကျင့်ကြံလာနိုင်ခဲ့သော နောက်ထပ်သက်ရှိတစ်ဦးရှိနေ၏။ သူသည် ပြန်ဝင်စားခြင်းအထွတ်အမြတ်ခိုလှုံရာကို တည်ထောင်ပြီး မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုနှင့် ယှဉ်နိုင်လာခဲ့လေသည်။

အနက်ရောင်ဝတ်အမျိုးသားသည် ထိုလူ့အကြောင်းကို တစ်ချိန်လုံး ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

သိုင်းတာအိုပင်မခန္ဓာကလည်း မမေးမြန်းခဲ့ပေ။

သူတို့နှစ်ယောက်မှာ အလိုအလျောက် နားလည်မှုတစ်ခုရှိနေခဲ့၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကသာ လမ်းခြောက်သွယ်ကိုဦးဆောင်၍ သူတော်စင်အရှင်ပြန်ဝင်စားခြင်း၏ အကြွင်းအကျန်ဝိညာဉ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

သူကသာ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခု၏ တည်ရှိမှုကို ပြောပြနိုင်မည်ဖြစ်လေသည်။

“ခင်ဗျားတိုက်ခိုက်မလို့လား”

ဆူဇီမိုက တည်ငြိမ်စွာမေးလိုက်၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက တိုက်ခိုက်မည်ဆိုလျှင် ဆူဇီမိုသည် ယနေ့မှာ ဗြဟ္မာတစ္ဆေမိခင်ကို တကယ်ပင် သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ဘဲ လောလောဆယ်မှာ နောက်သို့ပြန်လည်ဆုတ်ခွာရပေမည်။

သူသည် မဟာသူတော်စင်တစ်ပါးဖြစ်လာသော်လည်း သူသည် သူတော်စင်ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်မှုမရှိပေ။

ဗြဟ္မာတစ္ဆေမိခင်သည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း ပေါ်ထွက်လာသည်ကိုတွေ့မြင်သောအခါ သူမ၏ မျက်လုံးထဲတွင် ရိုသေလေးစားသည့် အငွေ့အသက်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဆိုးယုတ်အော်ရာက ရုတ်တရက် သိသိသာသာ ပျက်ပြယ်သွား၍ သူမ၏အကြည့်က နူးညံ့ပျော့ပျောင်းသွား၏။ သူမက အသံနှိမ့်ကာ ပြောလိုက်၏။

“ဆရာ.. ဒီလူက အရမ်းလွန်နေပြီ… သူက ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ ကျွန်မရဲ့အသက်ကို ယူဖို့အတွက် တကယ်ပဲရောက်လာခဲ့တယ်.. ကျေးဇူးပြုပြီး ကျွန်မအတွက် ရပ်တည်ပေးပါဦးဆရာ”

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက မှင်သေသေဖြင့် ပြောလိုက်၏။

“ဒါက မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးရန်စပဲ… ကိုယ့်ဘာသာကိုယ်ဖြေရှင်းကြ… ငရဲ… ဝင်မပါနဲ့”

“ဟုတ်ကဲ့”

ငရဲအရှင်က ထိုစကားကိုကြားသောအခါ သူက ရိုသေလေးစားသောအမူအရာတစ်ခုကို ထုတ်ဖော်ပြီး တွေဝေတုံ့ဆိုင်းခြင်းလုံးဝမရှိရဲဘဲ ခေါင်းငုံ့သွား၏။

“ဆရာ…”

ဗြဟ္မာတစ္ဆေမိခင်က ဒေါသထွက်၍ စိတ်ထိခိုက်ခံစားသွားရ၏။

“ဒီလူက ရှင်သန့်စင်မွမ်းမံထားတဲ့ ဓားနှစ်လက်ကိုသုံးပြီး ကျွန်မကိုအနိုင်ကျင့်နေတာပဲ… ရှင်အဲဒါကို ဒီတိုင်းကြည့်နေမှာလား”

“ဟုတ်သားပဲ… အဲဒါကတော့ မင်းအတွက် သိပ်ပြီးတော့ မမျှတဘူး”

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ခေါင်းညိတ်ပြလိုက်၏။

သူက သူ၏ လက်ကို ညင်သာစွာဝေ့ယမ်းလိုက်၏။

ဟမ်…

ဆူဇီမိုက ဆတ်ခနဲတုန်ယင်ပြီး သူ၏ လက်ဖဝါးများက ထုံကျင်သွားသည်ဟု ခံစားလိုက်ရလေသည်။

အစက သူ့လက်ထဲမှာရှိနေသော အဝီစိဓားနှင့် တမလွန်ဓားသည် သူ့လက်ထဲကနေ ရုန်းထွက်ပြီး သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းရှိရာသို့ သူတို့ဘာသာသူတို့ ပျံသန်းသွားကြသည်။

တစ်ခဏချင်းမှာပင် အဝီစိဓားနှင့် တမလွန်ဓားသည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ လက်ထဲသို့ ဆင်းသက်သွား၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေသည်။ အဝီစိဓားနှင့် တမလွန်ဓားမှာ သူတို့၏ အခြေခံအုတ်မြစ်အဖြစ် အစိမ်းရောင်ကြာပန်းဓားနှင့် အနီရောင်ကြာပန်းဓားရှိသော်လည်း သူတို့ကို သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ပြန်လည်ပုံသွင်းပေးခဲ့လေသည်။ သူက ဓားနှစ်လက်ကို ထိန်းချုပ်နိုင်ခြင်းမှာ ဆူဇီမိုက အံ့အားသင့်မသွားပေ။

“ဒီဓားနှစ်လက်က မင်းကို အများကြီးကူညီပေးခဲ့ပြီးပြီ… သူတို့ကိုပြန်ယူရမယ့်အချိန်ပဲ”

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက သူ့လက်ထဲရှိ အဝီစိဓားနှင့်တမလွန်ဓားကို ရုတ်တရက်လွှတ်လိုက်၏။ ဓားနှစ်လက်က လျှောချသွားစဉ် သူက ဓားနှစ်လက်၏ ကိုယ်ထည်များကို နောက်တစ်ဖန်ဖမ်းဆုပ်ပြီး ခပ်တင်းတင်းဖျစ်ညှစ်လိုက်၏။

ဖျောက်…

ကြွပ်ဆတ်ဆတ်အသံတစ်သံထွက်ပေါ်လာသည်။

လက်ရှိလူတိုင်းက တုန်လှုပ်သွားကြ၏။

အထက်ရှဆုံးနှင့် သတ်ဖြတ်ရာမှာနံပါတ်တစ်ဟု ခေါ်ဆိုနိုင်သော အဝီစိဓားနှင့်တမလွန်ဓားသည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ လက်ဗလာဖြင့် ချိုးခြေမွှခြင်းခံလိုက်ရ၏။

ဓားနှစ်လက်က ကြေမွသွားပြီး အစိမ်းရောင်အလင်းနှင့် အနီရောင်အလင်းနှစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ ၎င်းသည် အစိမ်းရောင်ကြာပန်းဓားနှင့် အနီရောင်ကြာပန်းဓား၏ စွမ်းအားဖြစ်လေသည်။

သူတို့သည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီး သူတော်စင်ဧကရာဇ်က ၎င်းကို မတားဆီးပေ။

ဆူဇီမိုက တည်ငြိမ်နေသော်လည်း သူက တိတ်တဆိတ်တုန်လှုပ်သွား၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် သူတွေးထင်ထားသည်ထက် ပိုမိုသန်မာနေနိုင်သည်။

သိုင်းတာအိုပင်မခန္ဓာက အမြုတေသိုင်းလောကကို ပြောင်းပြန်လှန်ကောက်ချတ်ချ၍ စကြဝဠာ၏ မူလဇာစ်မြစ်ကို ခြေရာကောက်ခဲ့စဉ်က မူလအမြုတေစိတ်ဝိညာဉ်များ သို့မဟုတ် သူတော်စင်ဧကရာဇ်များ၏ အဆင့်မှာရှိသော ပညာရှင်များသည် ခွန်အားအရာနှင့် ကျင့်ကြံမှုနယ်ပယ်မှာသာ တိုးလာခြင်းမဟုတ်သည်ကို သူက ကောက်ချတ်ချနိုင်ခဲ့ပြီဖြစ်၏။

သူတို့သည် အဆင့်အတန်းပိုမိုမြင့်မားသော သက်ရှိပုံစံများဖြစ်သည်။

ဤသူများသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ ပကတိထိန်းချုပ်သူများနှင့် ခေါင်းဆောင်များဖြစ်ကြလေသည်။

ဆူဇီမိုသည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်ကိုရောက်ရှိခဲ့စဉ်က သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က မဟာသူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်နေပြီဖြစ်၏။

သူတော်စင်နယ်ပယ်ကိုဝင်ရောက်လာပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်သည် မဟာသူတော်စင်များ၏ အဆင့်ကို ကျော်တက်သွားခဲ့လေသည်။

ယခု သူ၏ ကျင့်ကြံမှုနယ်ပယ်သည် မဟာသူတော်စင်အဆင့်ကို ရောက်ရှိလာပြီး သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကလည်း ဆပွားမြင့်တက်လာသည်။

ထိုသို့ဆိုလျှင်တောင် ၎င်းသည် သူတော်စင်ဧကရာဇ်များ၏ အဆင့်ကို မရောက်ရှိနိုင်သေးပေ။

ဤအချက်ကနေတစ်ဆင့် မဟာသူတော်စင်များနှင့် သူတော်စင်ဧကရာဇ်များကြား ကြီးမားသည့်ကွာဟချက်ကို သိသာထင်ရှားစွာတွေ့မြင်နိုင်သည်။

ဗြဟ္မာတစ္ဆေမိခင်က ထိုသည်ကိုတွေ့မြင်သောအခါ သူမက ကျေနပ်သွားပြီး ပြုံး၍ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်ဆရာ”

အဝီစိဓားနှင့် တမလွန်ဓားမရှိလျှင် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် သူမကို အနိုင်ယူနိုင်မည်ဆိုလျှင်တောင် ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ သူမကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။

ဗြဟ္မာတစ္ဆေမိခင်သည် ဆူဇီမိုကို စိုက်ကြည့်ပြီး သံရှည်ဆွဲအော်ဟစ်လိုက်၏။ မရေမတွက်နိုင်သော တစ္ဆေပုံရိပ်များက သူမ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး နောက်တစ်ဖန်ရှေ့သို့ ပြေးဝင်လာ၏။

ဆူဇီမိုက တလိပ်လိပ်ထိုးတက်လာသော သွေးချီနှင့်အတူ ရှေ့သို့လျှောက်လှမ်းလာ၏။ အဝီစိဓားနှင့် တမလွန်ဓားမရှိလျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ဗြဟ္မာတစ္ဆေမိခင်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။

ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ မျိုးဆက်မှတ်ဉာဏ်များကို ရရှိပြီး ကစဉ့်ကလျားသူတော်စင်ခန္ဓာကနေတစ်ဆင့် မဟာသူတော်စင်တစ်ပါးဖြစ်လာပြီးနောက် သူသည် မည်သည့်သူတော်စင်အရှင်ကိုမဆို ဖိနှိမ်နိုင်နေပြီဖြစ်၏။

ဝုန်း… ဝုန်း…

နှစ်ဦးနှစ်ဘက်က ကမ္ဘာတုန်လောက်ဖွယ်ရာမြည်ဟည်းသံများနှင့်အတူ လေထဲမှာ တိုက်ခိုက်လိုက်ကြ၏။

ကစဉ့်ကလျားမဟာတာအိုနှင့် ဆာလောင်တစ္ဆေတာအိုက ရောထွေးယှက်ဖြာ၍ ထိတွေ့ရိုက်ခတ်ကာ တစ်ခုကိုတစ်ခု ဝါးမျိုချေဖျက်နေကြ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ဆာလောင်တစ္ဆေတာအိုသည် ကစဉ့်ကလျားမဟာတာအို၏ စွမ်းအားကို သေချာပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆာလောင်တစ္ဆေတာအိုသည် ပြန်ဝင်စားခြင်းမဟာတာအို၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းသည် အဆုံးမဲ့သောစွမ်းအား၏ အားဖြည့်ထောက်ပံ့မှုကို ရရှိထား၏။ ဒါ့အပြင် မရေမတွက်နိုင်သော တစ္ဆေပုံရိပ်များက ဆာလောင်တစ္ဆေတာအိုကနေ အဆက်မပြတ် တိုးထွက်လာနေ၏။

စွန့်လွှတ်စတေးခြင်းနှင့် အမျိုးမျိုးသောနည်းလမ်းများကနေတစ်ဆင့် သူတို့သည် တိုက်ပွဲထဲမှာ ဗြဟ္မာတစ္ဆေမိခင်ကို တောင့်ခံထားနိုင်အောင် ထိန်းပေးထားနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုသည် ကစဉ့်ကလျားသူတော်စင်ခန္ဓာမှာ အဆင့်မြင့်ကျွမ်းကျင်မှုရရှိထားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က မဟာသူတော်စင်များထက် သာလွန်နေပြီဖြစ်၏။

သူ၏ သူတော်စင်စွမ်းပကား ဆင်းသက်လာသောအခါ အဆုံးမဲ့ပုံရိပ်ယောင်များက သူ့နားကို လုံးဝမချဉ်းလာနိုင်ကြပေ။

သူ၏ သွေးချီကို တစ်ကြိမ်လှည့်ပတ်လိုက်တိုင်း တစ္ဆေပုံရိပ်ထောင်ချီက ပြာကျသွားလေသည်။

သိပ်မကြာခင် ဗြဟ္မာတစ္ဆေမိခင်သည် ရှုံးနိမ့်၍ အရေးနိမ့်သည့်ပုံပေါ်လာ၏။

ရွှစ်…

ဆူဇီမိုသည် အခွင့်အလမ်းကိုချိန်ဆပြီး ဗြဟ္မာတစ္ဆေမိခင်၏ အစစ်အမှန်ခန္ဓာကို မမှိတ်မသုန်စိုက်ကြည့်လိုက်၏။ သူက သူ၏ လက်ချောင်းဓားနှင့်အတူ သူမ၏ ဦးခေါင်းကို ခုတ်ပိုင်းဖြတ်တောက်လိုက်ပြီး လတ်ဆတ်သောသွေးများက ပန်းထွက်လာ၏။

ကစဉ့်ကလျားချီက တလိပ်လိပ်ထိုးတက်ပြီး ဗြဟ္မာတစ္ဆေမိခင်၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင်ခြေမွှဖျက်ဆီးပစ်လိုက်၏။

သို့သော်လည်း နောက်ခဏ၌ ဗြဟ္မာတစ္ဆေမိခင်၏ ခန္ဓာကိုယ်က ပြန်လည်ပေါ်ထွက်လာလေသည်။

သူမက ပိုမိုအားနည်းသည့်ပုံပေါ်လာသော်လည်း သူမ၏ ကျင့်ကြံမှုနယ်ပယ်နှင့် တိုက်ခိုက်ရည်ခွန်အားက ကျန်ရှိနေဆဲဖြစ်၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲမသွားဘဲ သူ၏ သတ်ဖြတ်ခြင်းနည်းလမ်းများကို နောက်တစ်ဖန် ထုတ်ဖော်လိုက်လေသည်။

သူသည် ဗြဟ္မာတစ္ဆေမိခင်ကို ထပ်ဖန်တလဲလဲသတ်ဖြတ်နေ၏။ သို့သော်လည်း ထိုသူသည် အမြဲတမ်းပြန်လည်ရှင်သန်လာပြီး သူမကို လုံးလုံးလျားလျားမသတ်ဖြတ်နိုင်ပေ။

“ဟီးဟီးဟီး…”

ဗြဟ္မာတစ္ဆေမိခင်က အူမြူးအားရစွာ ရယ်မောလိုက်၏။

“နင့်ရဲ့ခွန်အားက ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ ငါ့ကိုသတ်ဖြတ်ဖို့အတွက် မလုံလောက်ဘူး… သက်သက်ခွန်အားကို ဖြုန်းတီးမနေနဲ့”

တကယ်တမ်းမှာ ကောင်းကင်ဘုံသုံးဆယ့်သုံးခုသို့ ဝင်ရောက်လာပြီးနောက် သူ၏ ခွန်အားက ဤနေရာမှာ ဖိနှိမ်ခံထားရသည်ကို ဆူဇီမိုက တဖြည်းဖြည်းအာရုံခံမိနိုင်ခဲ့သည်။

ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ ဥပဒေသတချို့ပါဝင်သည့် ကန့်သတ်လွှာတစ်ခုရှိနေပုံရလေသည်။

လူတစ်ယောက်က ဤနေရာကိုခြေချလာသည်နှင့် သူတို့သည် ထိုဥပဒေသများဖြင့် သက်ရောက်ခြင်းခံရပေလိမ့်မည်။

ထို့ကြောင့်ပင် အရင်တုန်းက သူတော်စင်အရှင်ငါးဦးသည် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တစ်ခုစီကို ကိုင်ဆွဲထားလျှင်တောင် သူတို့က လက်ဗလာနှင့်ပြန်သွားရခြင်းဖြစ်လေသည်။

ဆူဇီမိုက နှုတ်ဆိတ်နေပြီး အဆက်မပြတ်တိုက်ခိုက်လိုက်၏။

သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စေညွှန်လိုက်လေသည်။

ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ။

မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာ၊ တောင်အကြီးအကဲ၊ ဆိုးယုတ်အမျိုးသမီး၊ တျဲယွဲ့နှင့် အခြားပညာရှင်များက ကစဉ့်ကလျားခန်းမထဲမှာ စုဝေးရောက်ရှိလာပြီး ဆူဇီမိုဘယ်ရောက်နေသလဲ ဆွေးနွေးပြောဆိုနေကြ၏။

ရုတ်တရက်ဆိုသလို…။

ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက လှုပ်ခါလာ၏။

“ဟမ့်…”

ခန်းမထဲရှိ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကြ၏။

ဤနေရာမှာ မဟာသူတော်စင်ပညာရှင်သုံးဦးရှိနေ၏။

ဘယ်သူက သူတို့ကို ရန်စရဲတာလဲ။

သူတော်စင်အရှင်ငါးဦးပူးပေါင်းလာမည်ဆိုလျှင်တောင် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ပြန်လည်တိုက်ခိုက်နိုင်လေသည်။

“တစ်ခုခုလွဲနေတယ်”

တောင်အကြိးအကဲ မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“အဲဒါက အပြင်ဘက်ကနေ လာတာမဟုတ်ဘူး”

မဟာသူတော်စင်သုံးဦးသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ကြာတောင်ထွတ်လေးခုဝန်းရံထားသည့် ဧရာမတောင်ထွတ်ကို တစ်ချိန်တည်းမှာလှည့်ကြည့်လိုက်ကြ၏။

တောင်ထွတ်က အဆက်မပြတ်ယိမ်းထိုးပြီး အက်ကွဲကြောင်းများဖြင့်ပြည့်နှက်လာ၏။ မရေမတွက်နိုင်သောကျောက်တုံးများနှင့် ဖုန်လုံးများက လိမ့်ဆင်းလာပြီး တိမ်စိုင်များကြားရောက်ရှိသည့် ငွားငွားစွင့်စွင့်မြင့်မားသော တောင်ထွတ်က မြေပြင်ကနေ ကြွတက်လာ၏။

ဒေါင်…

ထို့နောက်ချက်ချင်းပင် ခပ်ထိုင်းထိုင်းနှင့်ရှေးကျသော ခေါင်းလောင်းသံတစ်သံက တောင်ဆီကနေ ထွက်ပေါ်လာ၏။

မဟာသူတော်စင်သုံးပါးက ဆတ်ခနဲတုန်ယင်သွား၏။

တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား သူတို့က အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

“ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်… ကစဉ့်ကလျားခေါင်းလောင်း။”

All Chapters