အခန်း (၃၃၆၇-၃၃၆၈)
Vol. 221 Ch. 3367-3368
အခန်း ၃၃၆၇ - နှုတ်ဆက်ခြင်း
ဆူဇီမို၏ မျက်လုံးထဲရှိ အေးစက်မှုကို အာရုံခံမိသွားပြီး သူတော်စင်အရှင်နတ်ဘုရားအပြစ်ဒဏ်က ရှင်းပြလိုက်၏။
“တာအိုရောင်းရင်းဆူ.. မင်း အဲဒါနဲ့ပတ်သက်ပြီး သဘောမကျတာ ရှိကောင်းရှိလိမ့်မယ်… ဒါပေမယ့် ငါတို့မှာ ရွေးချယ်စရာမရှိဘူး”
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးဆင်းသက်ပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောက ဖျက်ဆီးခံရတာနဲ့ သက်ရှိတွေအားလုံးက တိတ်ဆိတ်ငြိမ်သက်ခြင်းဆီ ပြန်သွားရလိမ့်မယ်.. စကြဝဠာထဲမှာရှိတဲ့ သက်ရှိတွေအားလုံးလည်း သေရလိမ့်မယ်… အဲဒါက သူတော်စင်တွေတင်မဟုတ်ဘူး… ငါတို့တောင် ချမ်းသာရာရမှာ မဟုတ်ဘူ”
သူတော်စင်အရှင်ဘိုးဘေးမီးကလည်း သဘောတူထောက်ခံစွာဖြင့် ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်… ငါတို့က ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ကယ်တင်ဖို့နဲ့ ငါတို့ရဲ့ လူမှုအဖွဲ့အစည်းကို ဆက်လက်ရပ်တည်ဖို့ အသက်ဓာတ်လောင်စွာကို ထိန်းသိမ်းထားတဲ့အနေနဲ့ အဲဒါကိုလုပ်ရတာပဲ”
“ဟားဟား…”
ထိုစကားကိုကြားသောအခါ မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာက ရယ်မောလိုက်၏။
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကအတွက် သက်ရှိတွေအားလုံးကို သတ်ဖြတ်တယ်တဲ့လား… ဒါဆို ဒီစကားကိုကြားရင် မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက မင်းတို့ကို ကျေးဇူးတင်ပေးရမှာလား”
ဆိုးယုတ်အမျိုးသမီးက အေးစက်စွာပြောလိုက်၏။
“အဲဒါက ကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ လူမှုအဖွဲ့အစည်းအတွက်ဆိုရင် အဲဒါမပါဘဲ ငါတို့တွေ ကောင်းကောင်းရပ်တည်နိုင်တယ်”
တောင်အကြီးအကဲက လေးနက်စွာသက်ပြင်းချပြီး သူတော်စင်အရှင်ငါးဦးကို ကြည့်လိုက်၏။
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကဆိုတာဘာလဲ… အစစ်အမှန်အသွေးအသားနဲ့ အသက်တို့ ရှိမှပဲ အဲဒါက ကမ္ဘာတစ်ထောင်သုံးဆင့်လောကဖြစ်လိမ့်မယ်”
“မင်းတို့တွေက အဲဒါကို ကမ္ဘာတစ်ထောင်သုံးဆင့်လောကအတွက် လုပ်တယ်ဆိုရင် အဲဒီလုပ်ရပ်က မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအတွက် တွေးပေးတာ ဖြစ်သင့်တာပေါ့”
သူတော်စင်အရှင်ကစဉ့်ကလျားစကြဝဠာက လှောင်ရယ်လိုက်၏။
“ရွှမ်ဖျင်… မင်းက သူတို့နဲ့ အကျိုးသင့်အကြောင်းသင့်ပြောဆိုဖို့ ကြိုးစားနေတုန်းပဲလား… အဲဒီလူတွေက ကြားကောင်းအောင် လျှောက်ပြောနေပေမယ့် သူတို့တွေက သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဖြေရှင်းပြီး သူတို့ရဲ့အသက်တွေကို ကာကွယ်ဖို့အတွက် မျိုးနွယ်စုတစ်သောင်းသက်ရှိတွေကို စွန့်လွှတ်စတေးပစ်ချင်ရုံပဲ”
သူတော်စင်အရှင်ထွက်ရပ်လမ်းက မှင်သေသေဖြင့်ပြောလိုက်၏။
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးဆင်းသက်လာတဲ့အခါ လူတိုင်းက သေကြရလိမ့်မယ်… ငါတို့က သက်ရှိတွေအားလုံးကို အရင်ကြိုတင်ပြီး သတ်ဖြတ်ထားလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ငါတို့ရှင်သန်နိုင်မယ်”
သူတော်စင်အရှင်နတ်ဘုရားအပြစ်ဒဏ်က ပြောလိုက်၏။
“မင်းက သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဖြေရှင်းချင်တယ်ဆိုရင် တန်ဖိုးတစ်ခုကိုတော့ ပေးဆပ်ရမှာပဲ”
ခန်းမထဲရှိလူအများစုသည် သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သောကပ်ဘေးကို ပထမဆုံးအကြိမ် ကြားဖူးကြခြင်းဖြစ်လေသည်။
သက်ရှိများအားလုံးကို သတ်ဖြတ်ရမည်ဟူသောစကားကို သူတော်စင်အရှင်ငါးဦးက လုံးဝဂရုမစိုက်သောပုံစံဖြင့် ပြောဆိုနေသည်ကို ကြားရသောအခါ သူတို့က ကြက်သီးမွေးညင်းထလာကြ၏။
သူတော်စင်အရှင်ငါးဦး၏ မျက်လုံးထဲမှာ သူတို့ကို ပုရွက်ဆိတ်များဟုပင် မဆိုနိုင်ဘဲ ပေးဆပ်ရမည့် တန်ဖိုးတစ်ခုမျှသာဖြစ်သည်။
“ဟုတ်တယ်… တန်ဖိုးတစ်ခုကိုတော့ တကယ်ပဲပေးဆပ်ရမှာပဲ”
ဆူဇီမို၏ အကြည့်က အေးစက်လာပြီး သူက သူတော်စင်အရှင်ငါးဦးကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒါပေမဲ့ အဲဒီပေးဆပ်ရမယ့်တန်ဖိုးက မင်းတို့တွေမဟုတ်ဘဲ ဘာလို့ ကျန်တဲ့သက်ရှိတွေအားလုံးဖြစ်နေရတာလဲ… ဒါဆို မင်းတို့ရဲ့အသက်တွေကပဲ အဖိုးတန်ပြီး ကျန်တဲ့သက်ရှိတွေရဲ့အသက်တွေက အဖိုးမတန်တော့ဘူးပေါ့… အဲလိုလား”
“ဟဲဟဲ…”
သူတော်စင်အရှင်ယင်ယန်က ထိုစကားကိုကြားသောအခါ ပြုံး၍ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ… မင်းရဲ့တွေးခေါ်ပုံက နဲနဲရိုးစင်းနေတာပဲ.. ငါတို့ရဲ့အသက်တွေက တခြားသက်ရှိတွေအားလုံးနဲ့ ဘယ်တူပါ့မလဲ”
“တာအိုရောင်းရင်းဆူ… မင်းက မဟာသူတော်စင်တစ်ပါးဖြစ်လာပြီပဲ… ငါတို့တွေအားလုံးက အင်မော်တယ်တည်ရှိမှုတွေ… ငါတို့ကို မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေရဲ့အသက်နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ”
သူတော်စင်အရှင်ဘိုးဘေးမီး၏ အကြည့်က တျဲယွဲ့ထံ ရောက်ရှိသွားပြီး ရုတ်တရက်ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ… မင်းက သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဖြေရှင်းမှပဲ… မင်းရဲ့တာအိုလက်တွဲဖော်နဲ့ ထာဝရရှင်သန်နိုင်လိမ့်မယ်”
ဆူဇီမိုသည် တျဲယွဲ့ကို များစွာဂရုစိုက်ပြီး သူမအတွက် လက်စားချေရန် ကောင်းကင်ဘုံသုံးဆယ့်သုံးခုသို့ သွားရောက်ကာ ဗြဟ္မာတစ္ဆေမိခင်ကိုပင် သတ်ဖြတ်ခဲ့သည်ကို သူတော်စင်အရှင်ဘိုးဘေးမီးက သိရှိထားလေသည်။ ထို့ကြောင့်ပင် သူက ထိုစကားကို ပြောလိုက်ခြင်းဖြစ်၏။
ဆူဇီမိုပြန်မဖြေခင် တျဲယွဲ့က မှင်သေသေဖြင့်ပြောလိုက်၏။
“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးကို စွန့်လွှတ်စတေးပြီးမှ ထာဝရအသက်ကိုရမယ်ဆိုရင် ငါက စောစောစီးစီးသေဖို့ပဲ ဆန္ဒရှိတယ်”
တျဲယွဲ့၏ တုံ့ပြန်မှုက ပို၍ပင် တဲ့တိုးဆန်ပြီး သူတော်စင်အရှင်ဘိုးဘေးမီးက မျက်မှောင်ကြုတ်လိုက်လေသည်။
သူတော်စင်အရှင်ငါးဦး၏ မျက်နှာများကိုကြည့်ပြီး ဆူဇီမိုက သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းပြောသည့် စကားကို ပြန်လည်အမှတ်ရလိုက်၏။
သေဆုံးခြင်းသည် အကြီးကျယ်ဆုံးမျှတမှု…။
သူတော်စင်အရှင်နတ်ဘုရားအပြစ်ဒဏ်က နှစ်ဦးနှစ်ဖက် ဆက်လက်၍ သဘောတူညီမှု မရရှိနိုင်တော့သည်ကို တွေ့မြင်သောအခါ သူက စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့တွေ ငြင်းခုန်နေစရာမလိုဘူး… လောလောဆယ် ငါတို့ရှေ့မှာရှိတဲ့အန္တရာယ်က သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေး မဟုတ်သေးဘူး… အဲဒါက ပြန်ဝင်စားခြင်းအထွတ်အမြတ်ခိုလှုံရာက ဆိုးယုတ်မိစ္ဆာအုပ်စုပဲ”
“တာအိုရောင်းရင်းဆိုးယုတ်အမျိုးသမီး… တာအိုရောင်းရင်းတောင်အကြီးအကဲ.. မင်းတို့တွေက အစကတည်းက ပြန်ဝင်စားခြင်းအထွတ်အမြတ်ခိုလှုံရာကမှ မဟုတ်တာ ငါတို့တွေ အခုချိန်မှာ ဘာလို့မပူးပေါင်းရမှာလဲ… တာအိုရောင်းရင်းဆူနဲ့ မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာနဲ့ဆို ငါတို့တွေ သေချာပေါက် အောင်မြင်မှာပဲ”
“ငါ့ကို ထည့်မတွက်နဲ့”
မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာက မျက်လုံးစွေကြည့်လိုက်၏။
“ငါ… မင်းတို့တွေထဲ ဝင်မပါချင်ဘူး… တစ်နေ့နေ့မှာ ငါက မင်းတို့ပေးဆပ်ရမယ့်တန်ဖိုးတစ်ခု ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”
တောင်အကြီးအကဲက ခေါင်းခါပြလိုက်၏။
“ငါတို့ရဲ့ တွေးခေါ်ပုံတွေက မတူကြဘူး”
“တာအိုရောင်းရင်းဆူ… မင်းဘယ်လိုသဘောရလဲ”
သူတော်စင်အရှင်နတ်ဘုရားအပြစ်ဒဏ်က ထပ်မံ၍မေးလိုက်သည်။
“စိတ်မဝင်စားဘူး”
ဆူဇီမိုက တူညီသောအဖြေကိုသာ ပြန်ပေးလိုက်၏။
သူတော်စင်အရှင်နတ်ဘုရားအပြစ်ဒဏ်၏ မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ၏ အမူအရာက သုန်မှုန်လာ၏။
“အထီးကျန်သိုင်းသခင်…”
သူတော်စင်အရှင်နတ်ဘုရားအပြစ်ဒဏ်က ပြောလိုက်၏။
“မင်းက လက်ရှိအောင်မြင်ထွန်းပေါက်မှုတွေကို ရရှိလာတယ်ဆိုတာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းကြောင့်ပဲ… ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဘီလီယံကျော်က ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက လမ်းကြောင်းမှားကို ရွေးချယ်ခဲ့မိတဲ့အတွက် သေဆုံးခဲ့ရတယ်.. ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကပါ ဖျက်ဆီးခံခဲ့ရတယ်ဆိုတာကို မင်းသိထားရမယ်”
“မင်းငါ့ကိုလာပြီး ခြိမ်းခြောက်နေတာလား”
ဆူဇီမို၏ အကြည့်က သတ်ဖြတ်လိုစိတ်နှင့်အတူ အေးစက်လာ၏။
သူတော်စင်အရှင်နတ်ဘုရားအပြစ်ဒဏ်က အကြောက်အလန့်မရှိဘဲ မှင်သေသေဖြင့်သာ ပြောလိုက်၏။
“ငါက ခြိမ်းခြောက်တာမဟုတ်ဘူး… ငါကမင်းကို သတိပေးနေရုံပဲ… အဲဒါက တကယ်ပဲ ကျရောက်လာမယ်ဆိုရင် အခြေအနေတစ်ရပ်လုံးပေါ် သက်ရောက်စေဖို့ မင်းရောငါရောပါ မတတ်နိုင်ဘူး”
“ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ… ခြေတစ်လှမ်းအမှားက ထာဝရပျက်သုဉ်းခြင်းဆီ ဦးတည်သွားနိုင်တယ်”
ဆူဇီမိုက သူတော်စင်အရှင်ငါးဦးကို အမူအရာကင်းမဲ့စွာဖြင့်ကြည့်ပြီး ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်၏။ အလွန်တရာကြောက်စရာကောင်းသောဖိအားတစ်ရပ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
“မင်းတို့ အခုနေသွားမယ်ဆိုရင် ငါမင်းတို့တွေကို မသတ်ဘူး… ဒါက မင်းတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ”
သူတော်စင်အရှင်ငါးဦး၏ အမူအရာက ပြောင်းလဲသွားကြ၏။
ဆူဇီမို၏ မတ်တတ်ထရပ်လိုက်သော အပြုအမူသည် သူတို့အပေါ် ကြီးမားသည့်ဖိအားကျရောက်လာစေ၏။ တကယ်ဆို နောက်ခဏ၌ ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မည့်အလားပင် သူတို့က ခံစားနေရ၏။
ကံကောင်းထောက်မစွာဖြင့် သူတော်စင်အရှင်ငါးဦးသည် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်ငါးခုနှင့်အတူ အဲဒါကို ခံနိုင်ရည်ရှိကြလေသည်။ သူတို့က ဣန္ဒြေပျက်ယွင်းမသွားကြပေ။
သူတော်စင်အရှင်ငါးဦးက ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ လှည့်ထွက်လိုက်ကြ၏။
သူတို့လှည့်ထွက်လိုက်ကြသည့်ခဏမှာပင် ခန်းမ၏ ဝင်ပေါက်ဝကနေ နောက်ထပ်လူတစ်ဦး လျှောက်လှမ်းဝင်ရောက်လာပြီး သူတော်စင်အရှင်ငါးဦး၏ ဘေးကနေ ဖြတ်လာ၏။
အမျိုးသမီးမှာ အနက်ရောင်ဆံပင်ရှိပြီး အနည်းငယ်ဖျော့တော့နေပြီဖြစ်သော ရှေးဟောင်းဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားလေသည်။ သူမမှာ မှင်သေသေအမူအရာတစ်ခုရှိနေပြီး သူမ၏မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်အတက်အကျမှမရှိပေ။ ထိုသူက သူတော်စင်ကူယောင်ဖြစ်သည်။
ဆူဇီမိုသည် သူတော်စင်ကူယောင်ဝတ်ဆင်ထားသည့် ရှေးဟောင်းဝတ်ရုံကို တွေ့မြင်သောအခါ သူကငေးငိုင်သွားပြီး သူ၏ ရင်ထဲမှာ ဝဲဂယက်ဖြာသွားလေသည်။
ယောင်ရွှယ်က…
ထိုအတွေးက ပေါ်ထွက်လာသည့်ခဏမှာပင် တစ်ခုခုလွဲမှားနေသည်ကို ဆူဇီမိုက နားလည်သိရှိသွား၏။
“အဲဒါယောင်ကျိပဲ”
သူတော်စင်အရှင်တချို့က သူတော်စင်ကူယောင်ကို တွေ့မြင်သောအခါ သူမကို မှတ်မိသွားကြ၏။
သူတော်စင်အရှင်ယင်ယန်က သူတော်စင်အရှင်ဘိုးဘေးမီးထံ အသံတစ်ခုပို့လွှတ်ပေးလိုက်၏။
“အထီးကျန်သိုင်းသခင်ကို ဖျောင်းဖျဖို့ သူ့ကိုပြောကြည့်ပါလား”
သူတော်စင်အရှင်ဘိုးဘေးမီးက သူတော်စင်ကူယောင်ကိုကြည့်လိုက်၏။
သူတော်စင်ကူယောင်ကလည်း သူ့ကို ကြည့်လိုက်လေသည်။ သို့သော်လည်း သူမက တစ်ချက်ကြည့်ပြီးနောက် အကြည့်ပြန်လွှဲသွား၏။ သူမ၏ အကြည့်သည် မှင်သေသေဖြင့်ရှိနေ၏။ သူမသည် မည်သည့်စိတ်ခံစားချက်မှမပါဘဲ သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
သူတော်စင်အရှင်ဘိုးဘေးမီးက ညင်သာစွာသက်ပြင်းချပြီး ခေါင်းခါလိုက်၏။
သူတော်စင်ကူယောင်သည် ခန်းမထဲသို့ရောက်ရှိလာသောအခါ သူမက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီး သူမ၏ အကြည့်က လူတိုင်းကို ဖြတ်သန်းသွားလေသည်။
လင်းရွှမ်ကျီက အလောတကြီးမတ်တတ်ထရပ်ပြီး သူမကို ပြုံး၍နှုတ်ဆက်လိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတချို့ကလည်း မတ်တတ်ထရပ်လိုက်ကြ၏။
သို့သော်လည်း သူတော်စင်ကူယောင်က လုံးဝတုံ့ပြန်မလာခဲ့ပေ။ သူမသည် သူစိမ်းများကိုကြည့်ရှုနေသည့်အလား သူတို့ကို ကြည့်နေလေသည်။ တကယ်ဆို သူမ၏ အကြည့်သည် တစ်နေရာရာမှာ နည်းနည်းကလေးပင် ကြန့်ကြာမသွားခဲ့ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းများက မှင်တက်သွားကြ၏။
နတ်ဆိုးမကျိကို သူတော်စင်ကူယောင်ကြည့်ရှုပုံကလည်း အတူတူပင်ဖြစ်၏။
သူမသည် သူမ၏ မိတ်ဆွေဟောင်းများ သို့မဟုတ် နတ်ဆိုမကျိကိုပင် ဆက်လက်၍မမှတ်မိတော့သည့်အလားပင်။
နတ်ဆိုးမိကျိက သူတော်စင်ကူယောင်ကို စိုစွတ်နေသောမျက်လုံးများနှင့်အတူ ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“အစ်မ… သူငါ့ကို မမှတ်မိတော့ဘူးနဲ့တူတယ်”
ဆိုးယုတ်အမျိုးသမီးက ထိုသည်ကိုတွေ့မြင်သောအခါ ညင်သာစွာသက်ပြင်းချလိုက်၏။
သူတော်စင်ကူယောင်ကိုကြည့်နေစဉ် သူမ၏ မျက်လုံးထဲမှာ ရှားရှားပါးပါး သနားဂရုဏာသက်သည်အကြည့်တစ်ခု ပေါ်ထွက်လာ၏။
သူမထံမှာ ဤကဲ့သို့သော စိတ်ခံစားချက်ပေါ်ထွက်လာသည်မှာ ရှားရှားပါးပါးဖြစ်လေသည်။
သူတော်စင်ကူယောင်၏ အကြည့်က ခန်းမကိုဖြတ်သန်း၍ နောက်ဆုံး ဆူဇီမိုထံကျရောက်သောအခါ အနည်းငယ်ရပ်တန့်သွား၏။
ထိုအခိုက်အတန့်မှာ အေးစက်၍ စိမ်းသက်နေသောထိုမျက်လုံးများထဲမှာ အသက်ဓာတ်တစ်စွန်းတစ်စ ရုတ်တရက်ပေါ်ထွက်လာ၏။
သူမက ဆူဇီမိုကို မှတ်မိသိရှိသွားလေသည်။
သူမသည် ဆူဇီမိုကို နှုတ်ဆက်ဖို့အတွက် ယနေ့ ဤနေရာကို ရောက်ရှိလာခြင်းဖြစ်သည်။
အခန်း ၃၃၆၈ - ကောင်းကင်ဘုံသက်ရှိတာအို၏ အရှင်
သူတော်စင်ကူယောင်သည် အရာအားလုံးကို ဖြတ်တောက်ပြီး မေ့ပျောက်သလောက်နီးပါးပင်။
လူတစ်ယောက်နှင့် အတိတ်တစ်ခုကလွဲလျှင်…
သူမက ဤအဆင့်ကိုတက်လှမ်းဖို့ ဆုံးဖြတ်လိုက်သည့်အချိန်မှာ သူမက ဆက်လက်၍ သူမ မဟုတ်တော့သည်ကို သူတော်စင်ကူယောင်က သိရှိထား၏။
သူမသည် ကူယောင် သို့မဟုတ် ယောင်ရွှယ်ဖြစ်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူမသည် ယနေ့ရောက်ရှိလာသည်မှာ ဆူဇီမိုကိုသာမက သူမ၏ အတိတ်နှင့် ထိုအိပ်မက်ကိုပါ နှုတ်ဆက်ရန်ဖြစ်လေသည်။
ဆူဇီမိုသည် ခန်းမ၏ ဝင်ပေါက်ဝမှ ယောင်ရွှယ်ကိုကြည့်ပြီး သူမဝတ်ဆင်ထားသည့် အဝတ်အစားဟောင်းများကို ကြည့်လိုက်လေသည်။ သူက တစ်စုံတစ်ရာကို ခပ်ရေးရေးနားလည်သဘောပေါက်သွား၏။
ကူယောင်ခြံဝန်းမှာတုန်းက သူတော်စင်ကူယောင်သည် သူ့အပေါ် အတော်လေးအေးစက်ပြီး သူစိမ်းများလို ပြုမူဆက်ဆံခဲ့လေသည်။
သို့သော်လည်း သူတော်စင်ကူယောင်ထံမှာ ယောင်ရွှယ်၏ အငွေ့အသက်များ ရှိနေသေးသည်ကို ဆူဇီမိုက ပြောနိုင်လေသည်။
ထိုအခိုက်အတန့်မှာ သူတော်စင်ကူယောင်သည် တူညီသောအဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ယောင်ရွှယ်က ထွက်ခွာသွားတော့မည်ကို ဆူဇီမိုက အာရုံခံမိနိုင်သည်။
ယောင်ရွှယ်သည် ခန်းမထဲသို့ဝင်ရောက်လာသောအခါ သူမသည် ရှေ့ကိုဆက်တိုးမလာပေ။ သူမက ဖော်မပြတတ်သောနူးညံ့သိမ်မွေ့မှုနှင့်အတူ ဆူဇီမိုကိုအဝေးကနေ ကြည့်နေရုံသာဖြစ်၏။ ထိုအကြည့်မှာ ဝန်လေးမှုနှင့် နှမြောတမ်းတမှုပါဝင်နေ၏။
“နင်တို့နှစ်ယောက်စလုံးအတွက် ဂုဏ်ယူပါတယ်”
ယောင်ရွှယ်က ပြုံးပြလိုက်၏။
တျဲယွဲ့က တည်ငြိမ်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
သူတော်စင်ကူယောင်၏ မျက်လုံးထဲမှ နှုတ်ဆက်နေသောအငွေ့အသက်များကို သူမက မြင်နိုင်လေသည်။
ရင်နှီးနေကျအပြုံးကို တွေ့မြင်သောအခါ ဆူဇီမိုက ငေးငိုင်သွားလေသည်။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်က ပင်ယန်းမြို့သို့ ပြန်လည်ရောက်ရှိပြီး သူတို့နှစ်ယောက်နှင့် ပတ်သက်သည့်အရာရာတိုင်းကို ပြန်လည်အမှတ်ရလာသည့်အလားပင်။
“ယောင်ရွှယ်… မင်း…”
ဆူဇီမို စကားပြောလိုက်သည့်ခဏမှာပင် ယောင်ရွှယ်က အပြုံးနှင့်အတူ သူမ၏ခေါင်းကို ညင်သာစွာခါပြလိုက်လေသည်။
“ဇီမို…”
ယောင်ရွှယ်က ညင်သာစွာခေါ်လိုက်ပြီး ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
“ကောင်းကောင်းရှင်သန်နေထိုင်ပါ။”
ယောင်ရွှယ်က ဆူဇီမိုကိုလေးနက်စွာကြည့်ပြီး လှည့်ထွက်သွား၏။
သူမလှည့်ထွက်လိုက်သည့်ခဏမှာပင် သူမ၏ မျက်ဝန်းထဲရှိ စိတ်ခံစားချက်များ၊ ဝန်လေးမှုနှင့် မျှော်လင့်တမ်းတမှုတို့အားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူမ၏ မျက်လုံးထဲရှိအလင်းရောင်က မှိန်ဖျော့သွားလေသည်။
ထိုမျက်လုံးများက လှပနေဆဲဖြစ်သော်လည်း သူတို့မှာ မည်သည့်ဝဲဂယက်မှ မရှိသည့် ရေသေအိုင်တစ်ခုကဲ့သို့ဖြစ်လေသည်။
ယောင်ရွှယ်၏ အော်ရာက ဆပွားမြင့်တက်လာ၏။
လောကက လှုပ်ခါ၍ မဟာတာအိုက ပဲ့တင်ထပ်လာသည်။
ယောင်ရွှယ်သည် ကစဉ့်ကလျားခန်းမထဲကနေ လျှောက်လှမ်းထွက်လာသည့်ခဏမှာပင် သူမက မဟာသူတော်စင်တစ်ပါးဖြစ်လာခဲ့လေသည်။
“ဂုဏ်ယူပါတယ်”
သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် အခြားသူများကပင် ယောင်ရွှယ်ကို ဂုဏ်ပြုစကား ပြောဆိုလိုက်ကြ၏။
သို့သော်လည်း ယောင်ရွှယ်၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး သူတော်စင်အရှင်ငါးဦးကို လုံးလုံးလျားလျား လျစ်လျူရှုထားလေသည်။ ရပ်တန့်ခြင်းမရှိဘဲ သူမက လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။
သူတော်စင်အရှင်ဘိုးဘေးမီးက ငေးငိုင်နေသောအမူအရာဖြင့် သက်ပြင်းချလိုက်၏။
ပထမဆုံးအကြိမ်အဖြစ် သူသည် အရင်တုန်းက ခေါင်းမာခဲ့ခြင်းကို စတင်၍သံသယဝင်လာခဲ့သည်။
သူတော်စင်အရှင်ငါးဦးက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
သူတော်စင်အရှင်ငါးဦး၏ ပေါ်ထွက်လာမှုကြောင့် ကစဉ့်ကလျားခန်းမထဲရှိ စိတ်အာရုံများက ယခင်အတိုင်း စိတ်လက်ပေါ့ပါးမှု မရှိကြတော့ပေ။
သူတော်စင်အရှင်ငါးဦး ထွက်ခွာသွားပြီးလျှင်တောင် မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့မည့်အလား လူတိုင်းသည် သူတို့၏ ရင်ထဲမှာ ဖိအားတစ်ရပ်ကို ခံစားနေကြရ၏။
ဤစုဝေးပွဲကို ဆက်လက်၍ ကျင်းပဖို့မဖြစ်နိုင်လောက်တော့သည်ကို လူတိုင်းက သိရှိထားပြီး မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်ကြ၏။
မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာက လက်နှစ်ဖက်ကိုယှက်ပြီး နှုတ်ဆက်လိုက်၏။
သိပ်မကြာခင် ခန်းမထဲမှာ လူတချို့သာကျန်ရစ်ခဲ့၏။
တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးက ထွက်ခွာမသွားပေ။
လူတိုင်းလူစုခွဲထွက်ခွာသွားပြီးနောက် ဆိုးယုတ်အမျိုးသမီးက မတ်တတ်ထရပ်ကာ ဆူဇီမိုကို ပြောလိုက်၏။
“ယောင်ရွှယ်က ဒီလိုမျိုး သူ့ရဲ့မဟာတာအိုကို ကျင့်ကြံတယ်ဆိုတာ သူက တကယ်ပဲ နှလုံးသားကင်းမဲ့တာကြောင့် မဟုတ်ဘူး”
“သူက ဘယ်မဟာတာအိုကိုကျင့်ကြံတာလဲ”
ဆူဇီမိုက သူ၏ ရင်ထဲမှာ ခန့်မှန်းချက်တစ်ခုကို ရရှိနေပြီဖြစ်သော်လည်း မေးလိုက်ဆဲဖြစ်၏။
ဆိုးယုတ်အမျိုးသမီးက ပြောလိုက်သည်။
“ချစ်ခြင်းမေတ္တာကွေကွင်းခြင်း”
“ချစ်ခြင်းမေတ္တာကွေကွင်းခြင်းလား”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဆိုးယုတ်အမျိုးသမီးက ပြောလိုက်သည်။
“ယောင်ရွှယ်က ဘဝအမျိုးမျိုးကို တွေ့ကြုံခံစားဖို့အတွက် အိပ်မက်တွေကို အသုံးချခဲ့တယ်… သူက ချစ်ခြင်းမေတ္တာကို ရရှိပြီးတဲ့နောက် အဲဒါကို မေ့ဖျောက်ခြင်းကနေပဲ အချစ်နွံထဲမှာ ပိတ်မိနေခြင်းကို ရှောင်လွှဲနိုင်လိမ့်မယ်… အဲဒီနည်းလမ်းနဲ့ သူ့အတွက် မဟာတာအိုကို ရရှိစေလိမ့်မယ်”
“ချစ်ခြင်းမေတ္တာကို ရရှိပြီးတဲ့နောက် မေ့ဖျောက်ဖို့အတွက်ဆိုရင် သူက စိတ်ခံစားချက်တွေနဲ့ စိတ်အာရုံတွေအားလုံးကို ဖြတ်တောက်ရလိမ့်မယ်”
တျဲယွဲ့သည် သူမ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
“ဒီလိုမျိုး မဟာတာအိုတစ်ခုကို ကျင့်ကြံဖို့ဆိုတာ သူ့အတွက်တော့ အနည်းငယ်ရက်စက်ရာကျလွန်းမနေဘူးလား”
“ဟုတ်တယ်”
ဆိုးယုတ်အမျိုးသမီးက ညင်သာစွာသက်ပြင်းချပြီး ရုတ်တရက်ပြောလိုက်၏။
“တကယ်တော့ ယောင်ရွှယ်က လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဘီလီယံကျော်က တိုက်ပွဲမှာပါဝင်ပတ်သက်ခဲ့ခြင်း မရှိခဲ့ဘူး.. သူတော်အရှင်ဘိုးဘေးမီးနဲ့ သူတော်စင်အရှင်ရွှမ်ဖျင်တို့အပြင် အဓိကကတော့ ဆရာကလည်း သူ့ကို ဝင်မပါအောင် တားဆီးခဲ့လို့ပဲ”
“ဘာလို့လဲ”
ဆူဇီမိုက မေးလိုက်၏။
ဆိုးယုတ်အမျိုးသမီးနှင့် ယောင်ရွှယ်၏ ဆရာက သူတော်စင်ဧကရီဘဝဖြစ်လေသည်။
သူတော်စင်ဧကရီဘဝသည် ထိုတိုက်ပွဲမှာ ပါဝင်ပတ်သက်ခြင်းကို အခြားမည်သူ့ကိုမှမတားဆီးဘဲ ယောင်ရွှယ်ကိုသာ တားဆီးခဲ့လေသည်။ အဲဒါက အနည်းငယ်ထူးဆန်းနေ၏။
ဆိုးယုတ်အမျိုးသမီးက ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ ဆရာက သူ့ကိုအများကြီး မျှော်လင့်ထားလို့ပဲ… သူတစ်ခုခုဖြစ်လာမှာကို စိုးရိမ်နေခဲ့တာ… သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဖြေရှင်းဖို့အတွက် မျှော်လင့်ချက်က ယောင်ရွှယ်နဲ့အတူရှိနေတယ်လို့ ဆရာကပြောခဲ့ဖူတယ်”
ဆူဇီမိုက ဒွိဟဖြစ်သွား၏။
သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးကို ဖြေရှင်းဖို့အတွက်မျှော်လင့်ချက်က ယောင်ရွှယ်နှင့်အတူရှိနေတာလား။
ဆိုးယုတ်အမျိုးသမီးက ပြောလိုက်၏။
“ငါအရင်က အဲဒီအကြောင်းကိုကြားတုန်းကလည်း နင့်လိုပဲ ဒွိဟဖြစ်နေခဲ့တယ်… ဆရာက အချက်တစ်ချက်ကိုပဲ ပြောခဲ့တယ်”
“စစ်မှန်တဲ့မျှတမှုနဲ့ မေတ္တာဂရုဏာက စိတ်ခံစားချက်မရှိခြင်းကနေဘဲ လာမယ်တဲ့”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား တီးတိုးရေရွတ်လိုက်၏။
ရုတ်တရက် တောင်အကြီးအကဲက ပြောလိုက်၏။
“ငါတို့က သူတော်စင်တွေလို့ ခေါ်ဆိုခံရဖို့ မထိုက်တန်ဘူးလို့ သူတော်စင်ဧကရီဘဝက ပြောခဲ့ဖူးတယ်”
“ဘာအဓိပ္ပါယ်လဲ”
ဆူဇီမိုက မေးလိုက်၏။
တောင်အကြီးအကဲက ပြောလိုက်၏။
“သူတော်စင်ဆိုတာ… လူတစ်ယောက်ရဲ့ ကျင့်ကြံမှုနယ်ပယ်ကို ရည်ညွှန်းတာမဟုတ်ဘူးတဲ့… အဲဒါက မျှတမှု၊ တရားနည်းလမ်းကျမှု၊ တစ်ကိုယ်ကောင်းမဆန်မှုနဲ့ မေတ္တာဂရုဏာကိုခေါ်ဆိုတာလို့ သူပြောခဲ့တယ်… ဒါပေမဲ့ ငါအပါအဝင် သူတော်စင်တွေကြားမှာ ဘယ်သူမှာ အတ္တဆန်တဲ့ စိတ်ဆန္ဒတွေမရှိကြလို့လဲ”
ဆူဇီမိုက အလေးအနက်စဉ်းစားတွေးတောလိုက်၏။
ဆိုးယုတ်အမျိုးသမီးက ပြောလိုက်သည်။
“တကယ်တော့ သက်ရှိတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကနေတစ်ဆင့် မဟာဧကရာဇ်တွေဖြစ်လာတဲ့အထိ ကျင့်ကြံဖို့ဆိုတာ တကယ်ကိုမလွယ်ဘူး… ငါတို့တွေက မဟာသူတော်စင်တွေဖြစ်လာခဲ့တယ်ဆိုတာ အဓိကကတော့ လမ်းခြောက်သွယ်က ပြန်ဝင်စားခြင်းရဲ့အစိတ်အပိုင်းဖြစ်နေပြီး ငါတို့က ပြန်ဝင်စားခြင်းကောင်းကင်ဘုံတာအိုရဲ့ အားဖြည့်ထောက်ပံ့မှုကို ရရှိခဲ့လို့ပဲ”
“နင်က ဒီလောက်မြန်မြန်ဆန်ဆန် မဟာသူတော်စင်တစ်ပါးဖြစ်လာတယ်ဆိုတာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းရဲ့ အခွင့်အလမ်းနဲ့ အမွေအနှစ်ကြောင့်ပဲ”
“ယောင်ရွှယ်ကတော့ သူက ဒီအဆင့်ထိ သူ့ဘာသာသူ တက်လှမ်းလာခဲ့တယ်… ဒါပေမဲ့ တကယ်တော့ သူ့အတွက်လည်း အဲဒီနည်းလမ်းက အရမ်းကိုရက်စက်ရာကျလွန်းတယ်”
တောင်အကြီးအကဲက ပြောလိုက်၏။
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ဒီလိုမျိုး ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုပေါ်ထွက်လာပြီဆိုတော့.. ဟိုလူတချို့က နိုးထလာလောက်တော့မယ်… မင်း သတိထားဦး”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
တကယ်တမ်းမှာ သူတော်စင်အရှင်ငါးဦး၏ ရောက်ရှိလာမှုသည် သူ့အတွက် နောက်ဆုံးသတိပေးချက်တစ်ခုနှင့် တူလေသည်။
သူတို့နောက်တစ်ကြိမ်ရောက်ရှိလာသည့်အချိန်မှာ သူတို့သာလျှင် ကလိမ့်မည်မဟုတ်ပေ။
ထိုသို့ပြောဆိုပြီးနောက် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးက မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်ကြ၏။
ဆူဇီမိုနှင့်တျဲယွဲ့က သူတို့ကို လိုက်ပို့လိုက်ကြသည်။
ခန်းမ၏ ဝင်ပေါက်ဝမှာ ဆိုးယုတ်အမျိုးသမီးက ရုတ်တရက် သူမ၏ ခြေလှမ်းကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်၏။ သူမက တွေဝေတုံ့ဆိုင်းသောအမူအရာဖြင့် မျက်မှောင်ကြုတ်ထားပြီး တစ်ခုခုကို ပြောချင်သော်လည်း ရပ်တန့်လိုက်လေသည်။
ဆိုးယုတ်အမျိုးသမီးထံတွင် ဤကဲ့သို့သောအမူအရာတစ်ခုပေါ်ထွက်လာသည်မှာ တကယ့်ကိုရှားရှားပါးပါးဖြစ်လေသည်။
“ဘာဖြစ်လို့လဲ”
ဆူဇီမိုက မေးလိုက်သည်။
ဆိုးယုတ်အမျိုးသမီးက ခဏမျှနှုတ်ဆိတ်ပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ဘယ်သူကမှ မဆန့်ကျင်မတိုက်ခိုက်နိုင်တဲ့ တည်ရှိမှုတစ်ခု မွေးဖွားလာမယ်ဆိုရင်တော့…”
ထိုနေရာအရောက်မှာ ဆိုးယုတ်အမျိုးသမီးက နောက်တစ်ဖန်ရပ်တန့်ပြီး သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။
“ထားလိုက်ပါတော့”
ဆိုးယုတ်အမျိုးသမီးက စကားကို တစ်ဝက်တစ်ပျက်ဖြင့်သာပြောဆိုပြီး လှည့်ထွက်သွားလေသည်။
အစက စည်ကားသက်ဝင်နေသောခန်းမသည် တိတ်ဆိတ်ခြောက်ကပ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်၏။
“ရှင့်ကို ကျေးဇူးတင်ပါတယ်”
တျဲယွဲ့က သူမ၏ ဘေးမှာရှိသော ဆူဇီမိုကိုကြည့်ပြီး ပြုံးပြလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“ကံဆိုးစွာနဲ့ပဲ… သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကြောင့် ငါက ဗြဟ္မာတစ္ဆေမိခင်ကို လုံးလုံးလျားလျား မသတ်ဖြတ်နိုင်ခဲ့ဘူး”
“ရပါတယ်… တောင်အကြီးအကဲပြောသလိုပေါ့… အသက်တစ်သက်အတွက် အသက်တစ်သက်ပဲ… မျှတပါတယ်လေ”
တျဲယွဲ့က ပြောလိုက်၏။
“နောက်ပြီး အရင်တုန်းက ကျွန်မကို ဆိုးယုတ်အမျိုးသမီးက ကယ်တင်ပေးခဲ့ပေမယ့် ကျွန်မက ပြန်ဝင်စားခြင်းကို တွေ့ကြုံဖြတ်ကျော်ခဲ့ရတယ်… သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းရဲ့ တိတ်တဆိတ်သဘောတူညီမှုမရှိရင် ကျွန်မက အခုလို ရှင်သန်နိုင်မှာမဟုတ်လောက်ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ရုတ်တရက် တျဲယွဲ့ကမေးလိုက်၏။
“ပြောရရင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲက လူသားတာအို၊ ဆာလောင်တစ္ဆေတာအို၊ တောကောင်တာအို၊ ငရဲတာအိုနဲ့ အဆူရာတာအိုတို့ရဲ့အရှင်တွေက ပေါ်ထွက်လာကြပြီ… ဒါပေမဲ့ အခုချိန်ထိ ပေါ်ထွက်မလာသေးတဲ့ အရှင်တစ်ပါးကျန်နေသေးတယ်”
“အဲဒီသူက ကောင်းကင်ဘုံသုံးဆယ့်သုံးခုမှာ အမြဲတမ်းရှိနေခဲ့တယ်… ဒီတစ်ခေါက် ငါသူ့ကိုမြင်ခဲ့တယ်”
ဆူဇီမိုကပြောလိုက်၏။
“ငါထင်တာမမှားဘူးဆိုရင် ကောင်းကင်ဘုံသုံးဆယ့်သုံးခုရဲ့နန်းတော်အရှင်… ကောင်းကင်ဘုံသက်ရှိမျိုးနွယ်ကို ထိန်းချုပ်ထားတဲ့ မဟာသူတော်စင်က ကောင်းကင်ဘုံတာအိုရဲ့အရှင်ပဲ”
“အတိအကျဆိုရရင် သူ့ကို ကောင်းကင်ဘုံသက်ရှိတာအိုရဲ့ အရှင်လို့ခေါ်ရမယ်”
“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲက နောက်ဆုံးတစ်ခုက ကောင်းကင်ဘုံတာအိုမဟုတ်ဘဲ ကောင်းကင်ဘုံသက်ရှိတာအိုဖြစ်ရမယ်။”