← Chapters

အခန်း (၃၃၇၇-၃၃၇၈)

Vol. 221 Ch. 3377-3378

အခန်း (၃၃၇၇-၃၃၇၈)

Vol. 221 Ch. 3377-3378

အခန်း ၃၃၇၇ - နှလုံးသားကင်းမဲ့သော ပြန်ဝင်စားခြင်း

ဆိုးယုတ်အမျိုးသမီးကလည်း ငြိမ်သက်သွား၏။

လူဆိုးများကို သတ်ဖြတ်သူသည် နောက်ဆုံးမှာ သူကိုယ်တိုင် လူဆိုးဖြစ်လာ၏။

သူတို့သည် လူဆိုးကို သတ်ဖြတ်မည်ဆိုလျှင်ပင် သူတို့သည် နောက်ဆုံးမှာ နောက်ထပ်လူဆိုးအသစ်များ ဖြစ်မလာဘူးဟု ဘယ်သူက အာမခံနိုင်မလဲ။

ဒါက နောက်ထပ် ပြန်ဝင်စားခြင်းပုံစံတစ်ခု ဖြစ်နေမလား။

သူတို့သည် ဤပြန်ဝင်စားခြင်းကို ဘယ်လို ရှောင်လွှဲနိုင်မလဲ။

ကမ္ဘာတစ်ထောင်သုံးဆင့်လောကအနေဖြင့် ဤကံကြမ္မာကနေ လွတ်မြောက်ဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား။

ထိုစဉ်မှာ တောင်အကြီးအကဲက ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခုနှင့်အတူ ညင်သာစွာ သက်ပြင်းချပြီး ရုတ်တရက်မေးလိုက်၏။

“အဲဒါက ဆရာ့အတွက်လား”

တောင်အကြီးအကဲအနေဖြင့် ဆရာ(မ)ဟု ခေါ်ဆိုနိုင်သောသူက သူတော်စင်ဧကရာဇ်ဘဝသာဖြစ်၏။

(သူတော်စင်ဧကရာဇ်ဘဝက အမျိုးသမီးပါ။)

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် အထီးကျန်အဖော်မဲ့နေသော အမူအရာတစ်ခုနှင့်အတူ သူ၏ခေါင်းကို အနည်းငယ်မော့ပြီး မိုးကောင်းကင်ထက်ရှိ ခပ်ပါးပါး အက်ကွဲကြောင်းများကို တိတ်တဆိတ်ကြည့်နေ၏။

ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။

စောစောက သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက မောက်မာဝင့်ကြွားပြီး သူ့မှာ အလွန်တရာ စီးပိုးခြယ်လှယ်နိုင်သည့် စွမ်းအားကြီးမားသော အော်ရာတစ်ခု ရှိနေ၏။ သူပြောလိုက်သော စကားများကပင် လူတိုင်းအပေါ် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်စေလေသည်။

တောင်အကြီးအကဲသည် သူတော်စင်ဧကရာဇ်ဘဝအကြောင်း ထုတ်ဖော်ပြောဆိုသည့်အချိန်မှာ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက မတူညီသော လူတစ်ယောက် ဖြစ်သွားပုံရ၏။

ထိုခိုက်အတန့်မှာ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းကို ကြည့်ပြီး ဆူဇီမိုသည် သူတော်စင်အပျက်အစီးနယ်မြေရှိ သွေးပင်လယ်ဘေးမှာ တစ်ယောက်တည်းထိုင်နေတတ်သောလူ၏ အထီးကျန်အဖော်မဲ့သော နောက်ကျောကို ကြည့်ရှုနေရသည့်အလား ခံစားရလေသည်။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းနှင့် သူတော်စင်ဧကရာဇ်ဘဝကြားမှာ ဖြစ်နိုင်တာက....

တောင်အကြီးအကဲက နောက်တစ်ဖန် သက်ပြင်းချကာ ပြောလိုက်၏။

“ခင်ဗျားက ဆရာ့အတွက် လက်စားချေချင်တယ်ဆိုရင်တောင် ခင်ဗျားရဲ့ အမျက်ဒေါသကို မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအပေါ် ပုံမချသင့်ဘူး... သူတို့တွေက အဲဒီကိစ္စနဲ့ မသက်ဆိုင်ကြဘူး... သူတို့က အပြစ်ကင်းစင်ကြတယ်”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက လက်နှစ်ဖက်နောက်ပစ်ကာ တိတ်တဆိတ် မတ်တတ်ရပ်နေဆဲဖြစ်၏။

“ဆရာ... သူပြောတာ အမှန်ပဲလား”

ထိုစဉ်မှာပင် နောက်ထပ်အမျိုးသမီးတစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

ဤအမျိုးသမီးသည် အလွန်တရာ ငယ်ရွယ်ပြီး နုနယ်သည့်ပုံပေါ်သော်လည်း သူမသည် ဗြဟ္မာတစ္ဆေမိခင်နှင့် ကိုးဆယ်ရာခိုင်နှုန်း တူညီနေပြီဖြစ်၏။

ဗြဟ္မာတစ္ဆေမိခင်လား…

လူတိုင်းက ထိုအမျိုးသမီးကို ချက်ချင်းပင် မှတ်မိသိရှိသွားကြ၏။

သို့သော်လည်း သိပ်မကြာခင် ဤအမျိုးသမီးသည် ဗြဟ္မာတစ္ဆေမိခင် ပြန်ဝင်စားလာခြင်း ဖြစ်လောက်သည်ကို လူတိုင်းက နားလည်သိရှိသွားကြ၏။

သူမ၏ ကျင့်ကြံမှုနယ်ပယ်က အလွန်တရာ နိမ့်ကျသော်လည်း သူမ၏ ယခင်ဘဝ မှတ်ဉာဏ်များက ကျန်ရှိနေဆဲဖြစ်၏။

ဗြဟ္မာတစ္ဆေမိခင်သည် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းကို မမှိတ်မသုန် စိုက်ကြည့်ပြီး သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။ သူမ၏ အကြည့်က တွေဝေရှုပ်ထွေးနေပြီး မကျေမချမ်းနှင့် မချိတင်ကဲ ခံစားချက်များဖြင့် ပြည့်နှက်နေကာ သူမက ဖြည်းဖြည်းချင်း မေးလိုက်၏။

“ရှင်က အဲဒီအမျိုးသမီးအတွက် လောကမှာရှိတဲ့ သက်ရှိတွေ အားလုံးကိုတောင်မှ သတ်ဖြတ်နိုင်တယ်... ဒါပေမဲ့ ကျွန်မအသတ်ခံရတုန်းက ရှင်က စောင့်ကြည့်နေခဲ့တယ်... ကျွန်မကို ကယ်တင်ဖို့တောင် အရေးမလုပ်ခဲ့ဘူး”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် ဗြဟ္မာတစ္ဆေမိခင်ကို ကြည့်ပင်မကြည့်ဘဲ အေးစက်စွာသာ ပြန်ဖြေလိုက်၏။

“မင်းက သူနဲ့ယှဉ်ဖို့ ထိုက်တန်လို့လား”

ထိုစကားလုံးများက အလွန်တရာ ရက်စက်ပြီး အေးစက်နေ၏။

ဗြဟ္မာတစ္ဆေမိခင်က ထိုစကားကို ကြားသောအခါ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းထိုးသွား၏။

“ဟီးဟီးဟီး...”

ဗြဟ္မာတစ္ဆေမိခင်က ရယ်မောလိုက်သော်လည်း သူမ၏ မျက်နှာက မျက်ရည်များဖြင့် ပြည့်နှက်နေပြီး ဖြစ်ကာ တီးတိုးရေရွတ်လိုက်၏။

“ဒါဆို ရှင့်နောက်ကို ဒီလောက်နှစ်ပေါင်းများစွာ လိုက်ပါပြီး အဖော်ပြုပေးပြီးနောက် ကျွန်မက ရှင့်ရဲ့ ရင်ထဲမှာ တကယ်ပဲ အဲလောက်ထိ စုတ်ပြတ်နုံချာနေတာလား... ကျွန်မက သူနဲ့ယှဉ်ဖို့တောင်မှ မထိုက်တန်ဘူးလား”

ဗြဟ္မာတစ္ဆေမိခင်က ခါးသီးစွာ ပြုံးပြီး ညင်သာစွာ ပြောလိုက်၏။

“ဒါဆိုရင် ကျွန်မရဲ့ဝိညာဉ်ကို ရှင် ဘာလို့ကာကွယ်ပေးခဲ့တာလဲ... ကျွန်မကို အရင်ဘဝမှတ်ဉာဏ်တွေနဲ့အတူ သေဆုံးစေလိုက်တာက ပိုကောင်းတယ် မဟုတ်ဘူးလား”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက နောက်ဆုံးမှာ ဗြဟ္မာတစ္ဆေမိခင်ကို အမူအရာကင်းမဲ့စွာဖြင့် လှည့်ကြည့်လိုက်ပြီး မေးလိုက်၏။

“မင်းက သေချင်လို့လား... ဒါဆိုလည်း မင်းဆန္ဒကို ငါဖြည့်ပေးနိုင်တယ်”

ကောင်းကင်ဘုံသက်ရှိတာအိုအရှင်၊ ငရဲအရှင်နှင့် အခြားသူများက တုန်လှုပ်သွားပြီး အံ့အားသင့်တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့ကို မပြောနှင့်… ဆူဇီမို၊ မဟာသူတော်စင်ကစဉ့်ကလျား စကြာဝဠာနှင့် အခြားသူများပင် အေးစက်၍ နှလုံးသားကင်းမဲ့သော ထိုစကားလုံးများကို ကြားသောအခါ သူတို့ပင် မယုံကြည်နိုင်ကြပေ။

မည်သို့ပင်ဆိုစေ ဗြဟ္မာတစ္ဆေမိခင်သည် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ တပည့်ဖြစ်ခဲ့လေသည်။

သို့သော်လည်း သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ ရင်ထဲမှာ သူသည် ဤတပည့်အပေါ် မည်သည့်ခံစားချက်မှ ရှိပုံမရပေ။

ဗြဟ္မာတစ္ဆေမိခင်က ပြုံး၍ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းကို ဦးညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

“မင်းတို့အားလုံးက သေရတော့မှာပဲ... ဒီလိုဆိုမှတော့ ငါက မင်းကို အရင်ပို့ပေးရတာပေါ့”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက သူ၏ ဝတ်ရုံစကို ညင်သာစွာ ဝေ့ယမ်းလိုက်၏။

ဖောက်...

လူတိုင်း၏ ရှေ့မှောက်မှာ ဗြဟ္မာတစ္ဆေမိခင်သည် ဖုန်မှုန့်များအဖြစ် ချက်ချင်းပင် ပြောင်းလဲပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။

လက်ရှိလူတိုင်းက ရင်ထိတ်ထိတ် ခံစားလိုက်ရ၏။

သူ၏ တပည့်အပေါ်မှာပင် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်နိုင်လေသည်။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းကို ကောင်းကင်ဘုံသက်ရှိတာအိုအရှင်နှင့် ငရဲအရှင်တို့ ကြည့်ရှုပုံမှာ ကြောက်ရွံ့မှုအပြင် စိမ်းသက်နေသည့် အငွေ့အသက်တစ်ခုပါ ပါဝင်လာ၏။

ရုတ်တရက် ငရဲအရှင်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ရိုသေလေးစားသော အမူအရာနှင့်အတူ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း ရှေ့မှာ ဒူးထောက်ချလိုက်၏။ သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဆရာရဲ့ အပြုအမူတွေက လောကတစ်ခု ဖန်တီးဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်မှုတစ်ခုနဲ့ မကွာခြားဘူး... အဲဒါက ထာဝရကြည်ညိုလေးစားခံရဖို့ ထိုက်တန်တယ်... ဆရာကပဲ ကမ္ဘာတစ်ထောင်သုံးဆင့်လောကအတွက် တရားမျှတမှုကို ထိန်းသိမ်းပေးနိုင်မယ်”

“ကျုပ်က ဆရာ့နောက်ကို လိုက်ပြီး ဆရာ့အတွက် ငရဲကို ကာကွယ်ပေးလိုပါတယ်”

“မင်းက ဒူးထောက်တာ တော်တော်မြန်တာပဲ”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက ပြုံးလိုက်၏။

ထိုစကားလုံးများက တခြားတစ်စုံတစ်ရာကို သွယ်ဝိုက်နေပုံရ၏။

ငရဲအရှင်ကလည်း အဲဒါကို ရှင်းရှင်းလင်းလင်း ပြောနိုင်သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေ၏။ သူ၏မျက်နှာက နီမြန်းသွားခြင်းပင် မရှိဘဲ လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကျုပ်အနေနဲ့ ဆရာ့ရှေ့မှာ ဒူးထောက်ပြီး ရှိခိုးဦးချတယ်ဆိုရင် ဒါက ဖြစ်သင့်တဲ့အပြုအမူပဲ... ဆရာ... ဒါက ခင်ဗျား ရသင့်ရထိုက်တဲ့ ရိုသေလေးစားခံရမှုပဲ”

“မြှောက်လုံးပင့်လုံးက တကယ်ကို မဆိုးဘူးပဲ”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက ညင်သာစွာ ခေါင်းညိတ်ပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။

“ကံဆိုးစွာနဲ့ပဲ မင်းက ဒူးထောက်ထားတယ်ဆိုရင်တောင် သေရဦးမှာပဲ”

ငရဲအရှင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

ကောင်းကင်ဘုံသက်ရှိတာအိုအရှင်ကလည်း ရုတ်တရက် ဒူးထောက်ချပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဆရာက တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် ကျုပ်တို့ကို သတ်ချင်နေတာပဲ... ကျုပ်မှာ ကန့်ကွက်စရာ မရှိဘူး”

“ငရဲ... ငါတို့ရဲ့ဝိညာဉ်တွေ ရှိနေသေးသရွေ့ ဆရာက ငါတို့ကို အချိန်မရွေး ပြန်ဝင်စားပေးနိုင်တယ်... ဆရာရဲ့ အပြုအမူက မဟာကောင်းမှုအတွက်ပဲ... မင်း ဆရာရဲ့ အခက်အခဲကို နားလည်ရမယ်”

ငရဲအရှင်က အလောတကြီး ပြောလိုက်၏။

“ကောင်းကင်ဘုံသက်ရှိ... မင်းပြောတာ မှန်တယ်”

“မဟာကောင်းမှုလား... အခက်အခဲလား…”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက သရော်တော်တော် အမူအရာနှင့်အတူ သူတို့နှစ်ယောက်ကို သူ၏ မျက်ဝန်းထောင့်ကနေ တစ်ချက်ကြည့်လိုက်၏။

“မင်းတို့တွေ သေသွားတယ်ဆိုတော့လည်း သေသွားတယ်ပေါ့... မင်းတို့နှစ်ယောက်က ပြန်ဝင်စားဖို့ ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး”

ကောင်းကင်ဘုံသက်ရှိတာအိုအရှင်နှင့် ငရဲအရှင်က ထိတ်လန့်တကြားဖြစ်သွားကြ၏။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် စကားတည်သော လူတစ်ယောက်ဖြစ်ပြီး သူတို့နှင့် သေချာပေါက် စနောက်နေမည် မဟုတ်သည်ကို သူတို့ သိရှိထားကြ၏။

“ဆ... ဆရာ... ဘာလို့လဲ”

ငရဲအရှင်၏ အသံက တုန်ယင်လာ၏။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က အာရှဲ့ထက် အများကြီး နိမ့်ကျနေတာပဲ... မင်းတို့က မိစ္ဆာအရှင်ကိုတောင်မှ မယှဉ်နိုင်ကြဘူး”

သူ့စကားမဆုံးသေးခင် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက ငရဲအရှင်နှင့် ကောင်းကင်ဘုံသက်ရှိတာအိုအရှင် ရှေ့မှာ ပေါ်ထွက်လာလေသည်။ သူ၏ လက်ဖဝါးနှစ်ဖက်က သူတို့၏ ဦးခေါင်းများအပေါ် ဆင်းသက်သွားပြီဖြစ်၏။

ဆူဇီမိုက လွဲလျှင် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ အပြုအမူများကို မည်သူကမှ ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ပေ။

လူတိုင်း တုံ့ပြန်လာသည့်အချိန်မှာ သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက သူတို့နှစ်ယောက်၏ ဦးခေါင်းများအပေါ် သူ၏ လက်ဖဝါးနှစ်ဖက် ညင်သာစွာ ဖိချလိုက်သည်ကိုသာ သူတို့က မြင်တွေ့လိုက်ရ၏။

ဒုန်း...

ငရဲအရှင်နှင့် ကောင်းကင်ဘုံသက်ရှိတာအိုအရှင်၏ မျက်လုံးများက ထုံထိုင်းသွားပြီး သူတို့၏ အသက်ဓာတ်အားက လျင်မြန်စွာ ခန်းခြောက်သွားလေသည်။ သူတို့သည် မြေပြင်ပေါ်ကို ခေါင်းငိုက်စိုက်ကျပြီး အသက်မရှူကြတော့ပေ။ သူတို့၏ ဝိညာဉ်များက ပျက်ပြယ်သွား၏။

မဟာသူတော်စင်နှစ်ဦးသည် ဤမျှအထိ အလွယ်တကူ သတ်ဖြတ်ခံလိုက်ရသည်။

ဒါ့အပြင် သူတို့နှစ်ယောက်သည် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ တပည့်များဖြစ်ပြီး အရင်က ကောင်းကင်ဘုံသက်ရှိတာအိုနှင့် ငရဲတာအိုကို စောင့်ကြပ်ပေးခဲ့သောသူများ ဖြစ်လေသည်။

ရူးသွပ်ခြင်း...

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက ရူးသွပ်သွားလေပြီ။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာနှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ စိတ်ထဲမှာ ထိုအတွေးတစ်ခုသာ ရှိတော့လေသည်။

သူတို့သည် သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ အပြုအမူများကို လုံးဝနားမလည်နိုင်တော့ပေ။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းသည် လောကရှိ သက်ရှိများ အားလုံးကို သတ်ဖြတ်ပြီးမှသာ တကယ်ပဲ ရပ်တန့်မှာလား။

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ စိတ်နှင့်ဆုံးဖြတ်ချက်ကို မည်သူကမှ မပြောင်းလဲပေးနိုင်တော့သည်ကို ဆိုးယုတ်အမျိုးသမီးနှင့် တောင်အကြီးအကဲကသာ သိရှိထားကြ၏။

ထိုသို့ပြုလုပ်ပေးနိုင်ခဲ့သည့် တစ်ဦးတည်းသောသူသည် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က သေဆုံးသွားခဲ့ပြီဖြစ်၏။

“နောက်ပြီးကျရင် မင်းတို့တွေအလှည့်ပဲ”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက ဆူဇီမို၊ ဆိုးယုတ်အမျိုးသမီး၊ တောင်အကြီးအကဲနှင့် မဟာသူတော်စင် ကစဉ့်ကလျား စကြဝဠာကို ကြည့်ပြီး သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်နှင့်အတူ ညင်သာစွာ ပြုံးလိုက်၏။

ထိုအခိုက်အတန့်မှာ သူတို့သည် သူ့ကို မယှဉ်နိုင်ဘူးဆိုတာ သိထားသည်ဆိုလျှင်တောင် သေဖို့ကို စောင့်ဆိုင်းနေကြမည် မဟုတ်ပေ။

“ဂါး…”

မဟာသူတော်စင် ကစဉ့်ကလျား စကြဝဠာက မာန်သွင်းအော်ဟစ်လိုက်ပြီး သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။ သူ၏ အော်ရာက ဆပွားမြင့်တက်လာလေသည်။

ဆိုးယုတ်အမျိုးသမီးနှင့် တောင်အကြီးအကဲကလည်း တိုက်ခိုက်လိုက်ကြ၏။

“အားနည်းလွန်းတယ်”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်းက ခေါင်းခါပြီး သူ၏ လက်ကိုသာ ညင်သာစွာ မြှောက်လိုက်၏။

မဟာသူတော်စင် ကစဉ့်ကလျား စကြဝဠာနှင့် အခြားသူများသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာသည့် တုန်လှုပ်စရာကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။

ထိုစွမ်းအားက သန်မာလွန်းပြီး သူတို့ကို ဖုန်မှုန့်များအဖြစ် ခြေမွှပစ်လုနီးပါးပင်။

ဒေါင်...

ကစဉ့်ကလျား ခေါင်းလောင်းက အသံထွက်လာ၏။

ဆူဇီမိုက သူ၏ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်ကို ဆင့်ခေါ်ပြီး တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လိုက်၏။

“ဟဲဟဲ...”

သူတော်စင်ဧကရာဇ် ပြန်ဝင်စားခြင်း၏ အမူအရာက တည်ငြိမ်နေ၏။ အတွေးတစ်ချက်နှင့်အတူ လူသားစာအုပ်က ဆင်းသက်လာလေသည်။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်နှင့် ဝိညာဉ်သည် မမြင်ရသော လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူက ခပ်သဲ့သဲ့ ညည်းတွားလိုက်ရ၏။ ကစဉ့်ကလျား ခေါင်းလောင်းကလည်း ယိမ်းထိုးသွားလေသည်။

အခန်း ၃၃၇၈ - ဖျက်ဆီးခြင်း

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းပြောသည်မှာ မှန်လေသည်။ ဆူဇီမို၏ ဝိညာဉ်သည် လူသားစာအုပ်ထဲမှာ စာရင်းဝင်ထားပြီး သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် အတွေးတစ်ချက်နှင့်အတူ သူ့ကိုဖိနှိမ်နိုင်သည်။

သူသည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းနှင့် လုံးဝမတိုက်ခိုက်နိုင်ပေ။

ဆိုးယုတ်အမျိုးသမီး၊ တောင်အကြီးအကဲနှင့် မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာတို့က သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ စွမ်းပကားကို ရင်ဆိုင်ခုခံဖို့အတွက် စွမ်းအားမဲ့နေကြ၏။

သူတို့ကြားကွာဟချက်က ကြီးမားလွန်းလေသည်။

အောက်ဘက်မှာရှိသော သူတော်စင်များက ထိုသည်ကို တွေ့မြင်သောအခါ ကူကယ်ရာမဲ့သွားကြ၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက လူတိုင်းကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ငါက ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နဲ့ လူသားစာအုပ်တွေကို ထိန်းချုပ်နိုင်တယ်ဆိုမှတော့ ငါက ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ထိန်းချုပ်နိုင်တာပေါ့… ဒီလောကမှာ ဘယ်သူကမှ ငါ့ကိုမယှဉ်နိုင်ဘူး… မင်းတို့တွေအားလုံးပူးပေါင်းတိုက်ခိုက်မယ်ဆိုရင်တောင် အလကားပဲ”

“မင်းပြောတာမှန်တယ်”

ဆူဇီမိုက သူ၏ ဝိညာဉ်မှာ သိပ်သည်းပြင်းထန်ကြီးမားသောဖိအားကို အတတ်နိုင်ဆုံးခုခံဆန့်ကျင်ပြီး သွားကြားက လေသံဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ မင်းရဲ့ လူသားစာအုပ်ကို မပြောနဲ့.. သုံးဘုံလောက၊ ဒြပ်စင်ငါးမျိုးနဲ့ ပြန်ဝင်စားခြင်းစက်ဝန်းကနေ လွတ်မြောက်နေတဲ့လူတစ်ယောက်ရှိတယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် မဟာကမ္ဘာတစ်ထောင်လောက၏ အောက်ဘက်ကနေ ကျယ်လောင်သောမြည်ဟည်းသံ ထွက်ပေါ်လာ၏။

ဝုန်း…

ကောင်းကင်ဘုံများက ညောင်းညောင်းညုန်းညုန်းအော်မြည်ပြီး ကမ္ဘာမြေက ကွဲထွက်သွား၏။

ခရမ်းရောင်မီးတောက်လုံးတစ်လုံးက မဟာကမ္ဘာတစ်ထောင်လောက၏ အဟန့်အတားကို ချိုးဖျက်ပြီး သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ ဖိအားကို တွန်းလှန်လိုက်၏။ တစ်ခဏချင်းမှာပင် ၎င်းသည် မဟာကမ္ဘာတစ်ထောင်လောက၏ အထက်ကို ရောက်ရှိလာသည်။

မီးတောက်များက ပျက်ပြယ်သွားပြီး လူတစ်ယောက် ပေါ်ထွက်လာ၏။

ထိုလူမှာ အနက်ရောင်ဆံပင်ရှိပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ၏ မျက်လုံးများက ခရမ်းရောင်မီးတောက်နှစ်ခုနှင့်အတူ တောက်လောင်နေပြီး သူသည် ကျယ်ပြော၍ လျှို့ဝှက်ဆန်းကြယ်သော အော်ရာတစ်ခုကို ဖြာထုတ်ထား၏။ သူ၏ အော်ရာမှာ မည်သည့်အလင်း သို့မဟုတ် မည်သည့်အမှောင်မှ မရှိပေ။ အစ သို့မဟုတ် အဆုံး မရှိပေ။ သူသည် လေဟာနယ်အချိန်ကိုကျော်လွန်ပြီး သုံးဘုံလောက၏ အထွတ်အထိပ်မှာ ကြီးစိုးနေသည်။

သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်ရောက်ရှိလာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ မူလစကြဝဠာက တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။

မူလစကြဝဠာထဲမှာ သူ့စိတ်၏ လမ်းညွှန်မှုအောက်တွင် မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦးကပင် ပေါ်ထွက်လာကြ၏။

တကယ်တော့ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦးသည် ယခုတင် မွေးဖွားလာခါစဖြစ်ပြီး သူ့ကို ပေးနိုင်သည့်အကူအညီက အကန့်အသတ်ရှိနေ၏။

သို့သော်လည်း ဤအချက်သည် သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားက မူလအမြုတေစိတ်ဝိညာဉ်ခြောက်ဦး၏ အထက်မှာ ရောက်ရှိနေသည်ဟု ဆိုလိုလေသည်။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်များကို ထိန်းချုပ်ထားသည်ဆိုလျှင်တောင် သူ့မှာ အခွင့်အရေးတစ်ခုရှိနေသေးသည်။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ထိန်းချုပ်ဖို့အတွက် စာအုပ်သုံးအုပ်ကို အသုံးချနိုင်လေသည်။

သိုင်းတာအိုပင်မခန္ဓာကတော့ သူကိုယ်တိုင်က မူလစကြဝဠာဖြစ်လေသည်။

မူလစကြဝဠာက မွေးဖွားလာခါစဖြစ်ပြီး ၎င်း၏ ခွန်အားသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆင့်ကဲပြောင်းလဲလာသည့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကထက် နိမ့်ကျနေပေလိမ့်မည်။

သို့သော်လည်း သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ မည်သို့ပင်ဆိုစေ အက်ကွဲကြောင်းများရှိနေ၏။

မူလစကြဝဠာနှင့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကြား တိုက်ပွဲ၏ ရလဒ်ကို မည်သူကမှ ကြိုတင်မခန့်မှန်းနိုင်ပေ။

ဤသည်က မကြုံစဖူးထူးခြားအံ့မခန်းတိုက်ပွဲတစ်ခု ဖြစ်လာပေမည်။

သိုင်းတာအိုပင်မခန္ဓာပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ အမူအရာက တည်ငြိမ်နေပြီး အံ့အားသင့်မသွားပေ။

“ကြည့်ရတာ မင်းက… မင်းရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးနိုင်ခဲ့ပြီနဲ့တူတယ်”

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ပြုံး၍ ပြောလိုက်၏။

“မင်းအပေါ်မှာ သူ အကဲဖြတ် မမှားခဲ့ဘူးပဲ”

“ဟမ်…”

ဆူဇီမိုက ခဏကြာ မှင်တက်သွား၏။

သူ မမေးရသေးခင် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းက ဆက်ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ မင်းရဲ့ သိုင်းတာအိုပင်မခန္ဓာကတောင် ငါလုပ်ချင်တဲ့အရာကို တားနိုင်မှာမဟုတ်ဘူး”

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး မနှိုင်းယှဉ်သာအောင် ကြီးမားကျယ်ပြန့်သော စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ထုတ်လွှတ်ကာ ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်များဆီ ပို့လွှတ်လိုက်လေသည်။

ဇီ…

ကောင်းကင်ဘုံစာအုပ်က အဆက်မပြတ်ဖြန့်ကြက်ပြီး ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးကို ဖုံးအုပ်လုနီးပါးဖြစ်၏။

စာအုပ်သည် ထိုစွမ်းအားကို ခံနိုင်ရည်မရှိသည့်အလား မရေမတွက်နိုင်သောစာရွက်များက လေထဲမှာပြန့်ကျဲသွား၏။

စာရွက်တစ်ရွက်ချင်းစီက ညိုမှောင်နေသောအလင်းရောင်တစ်ခုကို ဖြာထုတ်နေလေသည်။

ကမ္ဘာမြေစာအုပ်က အဆက်မပြတ်ယိမ်းထိုးနေပြီး တမလွန်ဘုံက လှုပ်ခါသွား၏။ နန်းတော်များစွာက လဲပြိုကျသွားသည်။

စာအုပ်သုံးအုပ်၏ စွမ်းအားက တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာခြင်းသည် ကမ္ဘာဖျက်ကပ်ဘေးတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။

သိုင်းတာအိုပင်မခန္ဓာက တုန်လှုပ်၍ အော်ပြောလိုက်၏။

“ပြန်ဝင်စားခြင်း… မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ကြည့်ရသည်မှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် သူနှင့်လုံးဝတိုက်ခိုက်ချင်ပုံမရပေ။ ထိုအစား သူသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဖျက်ဆီးပစ်လိုနေ၏။

ရုတ်တရက် ဆူဇီမိုက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း ပြုလုပ်နေသည့်အရာရာတိုင်းက သူတော်စင်ဧကရီဘဝအတွက်ဆိုလျှင် သူသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဖျက်ဆီးချင်သည့်အကြောင်းအရင်းကို ရှင်းပြနိုင်ပေလိမ့်မည်။

အရင်တုန်းက သူတော်စင်ဧကရီဘဝသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ဆန့်ကျင်တိုက်ခိုက်ရင်း သေဆုံးသွားခဲ့သောကြောင့်ဖြစ်၏။

မူလအမြုတေစိတ်ဝိညာဉ်များဖြစ်စေ၊ ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်များဖြစ်စေ ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို မဖျက်ဆီးနိုင်ကြပေ။

အရင်တုန်းက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းနှင့် သူတော်စင်ဧကရီဘဝ၏ ပူးပေါင်းခွန်အားသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ အက်ကွဲကြောင်းတချို့ဖန်တီးနိုင်ခဲ့ရုံသာဖြစ်၏။

သို့သော် ယခုအချိန်မှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းတွင် ထိုသို့ပြုလုပ်နိုင်သည့်အစွမ်းအစ တကယ်ပင်ရှိလာ၏။

ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်များသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးနီးပါးကို ခြုံငုံထားပြီး မျိုးနွယ်စုတစ်သောင်းမှသက်ရှိများအားလုံး၏ သေခြင်းရှင်ခြင်း၊ ကောင်းကင်ဘုံတာအိုများနှင့် မဟာတာအိုများပင် သူတို့ထဲမှာ ပါဝင်နေ၏။

ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်တို့ကို ပြင်းထန်စွာဖောက်ခွဲဖျက်ဆီးလိုက်မည်ဆိုလျှင် အက်ကွဲနေပြီဖြစ်သော ကမ္ဘာတစ်ထောင်သုံးဆင့်လောကက ဖျက်ဆီးခံရဖို့ အခွင့်များလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက သုန်မှုန်နေ၏။

ဤသည်မှာ ပြန်လည်အဖက်မဆယ်နိုင်သော ဖြစ်စဉ်တစ်ခုဖြစ်လေသည်။

သူသည် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းနှင့် တိုက်ခိုက်ရမည်ဆိုလျှင် ဘယ်သူအနိုင်ရမည်ကို မသိရှိနိုင်သေးပေ။

သို့သော်လည်း သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် ကမ္ဘာတစ်ထောင်လောကကို ဖျက်ဆီးလိုသည်ဆိုလျှင် သူ၏ လက်ရှိခွန်အားနှင့် ထိုသူကို တားဆီးနိုင်မည်မဟုတ်ပေ။

ဒါ့အပြင် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ ပျက်စီးမှုသည် သူတော်စင်များနှင့် မဟာသူတော်စင်များအပါအဝင်၊ ကမ္ဘာတစ်ထောင်သုံဆင့်လောကထဲရှိ သက်ရှိအားလုံး သေရမည်ဟု ဆိုလိုလေသည်။

မည်သူကမှ ချမ်းသာရာရလိမ့်မည်မဟုတ်ပေ။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကိုယ်တိုင်ပင် ဤမျှအထိ ကြောက်စရာကောင်းသောစွမ်းအားတစ်ခုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဆင်တူစွာပင် သိုင်းတာအိုပင်မခန္ဓာသည်လည်း ထိုစွမ်းအားကို ခံနိုင်ရည်မရှိပေ။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် သေဖို့အတွက် စိတ်ပိုင်းဖြတ်ပြီးထားပြီဖြစ်၏။ သူသည် သူနှင့်အတူ လူတိုင်းကိုဆွဲခေါ်သွားချင်ရုံသာမက ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးကိုပါ မြှုပ်နှံပစ်ချင်နေသည်။

ဤသည်မှာ သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း၏ နောက်ဆုံးရူးသွပ်မှုဖြစ်သည်။

ဆိုးယုတ်အမျိုးသမီး၊ တောင်အကြီးအကဲနှင့် အခြားသူများသည်လည်း ဤအချက်ကို နားလည်သိရှိသွားပြီး နက်ရှိုင်းသော ကူကယ်ရာမဲ့သည့်ခံစားချက်က ပေါ်ထွက်လာကြ၏။

မည်သည့်ချုပ်နှောင်မှုမှမရှိသည့် ပညာရှင်တစ်ဦး လောကမှာ မွေးဖွားပေါ်ထွက်လာသည့်အခါ ဤပညာရှင်က ရူးသွပ်မှုမှာ ကျဆင်းသွားသည်နှင့် လူတိုင်းက အဖတ်ဆယ်မရသောကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ဤလောကရှိ သက်ရှိများအားလုံးသည် ကမ္ဘာဖျက်ကပ်ဘေးဆင်းသက်လာသည်ကို စောင့်ဆိုင်းနေဖို့သာရှိတော့လေသည်။

လောကမှာ။

ချစ်ခင်ရသူတချို့က တစ်ယောက်လက်ကိုတစ်ယောက် တင်းကျပ်စွာဆုပ်ကိုင်ထားကြ၏။ မိဘတချို့က သူတို့၏ ကလေးများကို တင်းကျပ်စွာပွေ့ဖက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးနေကြ၏။

လူတချို့က စိတ်ပျက်အားငယ်သောအမူအရာများရှိပြီး ခါးသီးစွာ ငိုကြွေးနေကြ၏။

လူတချို့က သူတို့၏ မျက်လုံးများကိုမှိတ်ထားပြီး နောက်ဆုံးအခိုက်အတန့်ကို စောင့်ဆိုင်းနေကြ၏။

ကမ္ဘာဖျက်ကပ်ဘေးမတိုင်ခင် သက်ရှိများအားလုံးက အမျိုးမျိုးသောအခြေအနေများမှာ ရှိနေကြ၏။

ဤအခိုက်အတန့်သည် မနှိုင်းယှဉ်သာအောင် ရှည်ကြာသည်ဟု ထင်ရသည်။

ဆူဇီမိုနှင့် တျဲယွဲ့သည် စိတ်ချင်းဆက်နေပြီး တစ်ချိန်တည်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြ၏။

သည်ဘက်မျိုးဆက်မှာ သူတို့သည် ကြီးကျယ်ခမ်းနားသော ဘဝတစ်ခုကို ရရှိခဲ့ကြလေသည်။ သူတို့သည် နောက်ဆုံးအချိန်ထိ အတူတကွ လျှေက်လှမ်းနိုင်ခဲ့သည့်အချက်ကပင် လုံလောက်နေလေပြီ။

ကောင်းကင်ဘုံစာအုပ်၊ ကမ္ဘာမြေစာအုပ်နှင့် လူသားစာအုပ်တို့က လုံးလုံးလျားလျား ပေါက်ကွဲထွက်သွားပြီး ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုတိုက်ခတ်လာ၏။ ၎င်းက အရာရာတိုင်းကို ဖျက်ဆီးပစ်နေ၏။ သူတော်စင်များနှင့် မဟာသူတော်စင်များသည် အဲဒါကို လုံးဝမခုခံနိုင်ဘဲ သိပ်မကြာခင် သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ အခြေအနေက ပို၍ပင် ဆိုးဝါးလေသည် သူတို့သည် ချက်ချင်းပင် လောင်ကျွမ်းပြာကျသွား၏။

မရေမတွက်နိုင်သော သက်ရှိများက ညှိုးခြောက်သွားလေသည်။

တောင်တန်းများနှင့် မြစ်များကလည်း ဖျက်ဆီးခံနေရ၏။

ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တစ်ပါးအနေဖြင့်ပင် ဆူဇီမိုသည် ခဏမျှသာတောင့်ခံနိုင်ပြီးနောက် သူသည်လည်း ကြောက်စရာကောင်းသောစွမ်းအားဖြင့် ဝါးမျိုခြင်းခံရပြီး သေဆုံးသွား၏။

မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက် လေဟာနယ်ထဲမှာ လူနှစ်ဦးသာလျှင် ကျန်ခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာနှင့် သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်း။

သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းသည် အရင်ကလို တူညီသော ထူးဆန်းသည့်အကြည့်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို လေးနက်စွာကြည့်နေ၏။

သိုင်းတာအိုပင်မခန္ဓာမှာ သူ၏ အတွေးများကို နားလည်ဖို့ စိတ်အာရုံ သို့မဟုတ် အချိန်မရပေ။

ကမ္ဘာတစ်ထောင်သုံးဆင့်လောကက လဲပြိုကျနေ၏။

အဖျက်စွမ်းအားသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ ဖျက်ဆီးခံလိုက်ရသော အပျက်အစီးပုံများထဲမှာ မုန်တိုင်းအလွှာများကို ဖြစ်ပေါ်လာစေပြီး သူတော်စင်ဧကရာဇ်ပြန်ဝင်စားခြင်းကို အပိုင်းပိုင်းဆုတ်ဖြဲလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် မုန်တိုင်း၏ အလယ်မှာရှိနေပြီး သူသည်လည်းပဲ ၎င်းကို မရှောင်တိမ်းနိုင်ပေ။

သို့သော်လည်း သူက လက်မလျှော့ပေ။

သူ့မှာ နောက်ဆုံးအခွင့်အရေးတစ်ခု ရှိနေသေး၏။

သူသည် မူလစကြဝဠာကို စတင်၍ ဖောက်ကွဲဖျက်ဆီးပြီး ၎င်း၏ စွမ်းအားကိုအသုံးချကာ ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ အဖျက်စွမ်းအားမုန်တိုင်းကို ခုခံနေ၏။

စကြဝဠာနှစ်ခု၏ ဖောက်ကွဲမှုအတွင်းမှာ လောကနှစ်ခု၏ အပျက်အစီးပုံများအထက်မှာ သူသည် ဆက်လက်၍ ပြောင်းပြန်လှန်ကောက်ချက်ချပြီး စကြဝဠာ၏ မူလဇာစ်မြစ်ကို ခြေရာကောက်နေ၏။

သူသည် ပို၍ပင်ရှေးကျသော အာဒိကပ္ပစကြဝဠာတစ်ခုကို ဆင့်ကဲပြောင်းလဲစေနိုင်မည်ဆိုလျှင် သူသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ အဖျက်စွမ်းအားမုန်တိုင်းထဲမှာ အသက်ဓာတ်အသစ်တစ်ခုကို ရရှိကောင်းရရှိပေလိမ့်မည်။

သူသည် ၎င်းကို အောင်မြင်စွာ ကောက်ချက်မချနိုင်ဘူးဆိုလျှင် သူ၏ အသိစိတ်က တိတ်ဆိတ်ငြိမ်သက်မှုသို့ ပြန်သွားပြီး သူက သေရပေလိမ့်မည်။

ယခင်က သိုင်းတာအိုပင်မခန္ဓာသည် သုံးကြိမ်ဆက်တိုက် အောင်အောင်မြင်မြင်ဆင့်ကဲပြောင်းလဲစေနိုင်ခဲ့သည့် အကြောင်းအရင်းမှာ ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ မူလအစကတည်းက တည်ရှိနေခဲ့ပြီးသားဖြစ်သော စွမ်းအားကြီးမားသော သက်ရှိများ၏ ဓမ္မတာအိုများ၏ အငွေ့အသက်များကြောင့် ဖြစ်လေသည်။

သို့သော်လည်း မူလစကြဝဠာမတိုင်ခင် ၎င်းက မည်ကဲ့သို့သောပုံစံရှိသည်ကို မည်သူကမှ သူ့ကို အဖြေတစ်ခု မပေးနိုင်ပေ။

သူသည် နောက်ထပ်အပိုင်းကို ကောက်ချက်ချဖို့အတွက် သူ့ကိုယ်သူသာ အားကိုးရတော့မည်ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာမှာ လုံးလုံးလျားလျား သဲလွန်စမဲ့နေခြင်း မဟုတ်ပေ။

သူသည် မူလစကြဝဠာကို ဆင့်ကဲပြောင်းလဲစေခဲ့ပြီးနောက် သူ၏ ဓမ္မတာအိုကို ပြန်လည်စတင်ဖွဲ့စည်းခဲ့လေသည်။

မဟာတာအိုသုံးထောင်ဖြင့် ထောက်ပံ့ပေးထားသည့် အမြုတေသိုင်းလောကကို သူက ထိုက်ကျိဟု ခေါ်ဆိုလေသည်။

အမြုတေသိုင်းလောက၏ ဤအဆင့်မှာ ယင်နှင့်ယန်သည် လောကမှာ အရာရာတိုင်းအဖြစ် ဆင့်ကဲပြောင်းလဲဖို့ ခွဲထုတ်ခံလိုက်ရ၏။

ထို့နောက် မဟာတာအိုသုံးထောင်က ဖျက်ဆီးခံရပြီး လောကကနေ ခွဲထုတ်မရသည့် ကျယ်ပြောသော ကစဉ့်ကလျားစကြဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

ကစဉ့်ကလျားမှာ ယင်နှင့်ယန်နှင့် အလင်းနှင့်အမှောင်သည် မွေးဖွားပေါ်ထွက်လာ၏။ ယင်နှင့်ယန်က ရောထွေးယှက်ဖြာပြီး ဒြပ်စင်ငါးမျိုးအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။

ဤအဆင့်မှာ သိုင်းတာအိုပင်မခန္ဓာက ၎င်းကို မူလဒြပ်စင်ဟု ခေါ်ဆိုလေသည်။

နောက်ဆက်တွဲအနေဖြင့် မူလဒြပ်စင်စကြဝဠာက ဖျက်ဆီးခံရပြီး ဒြပ်ဝတ္ထု၊ ဘဝနှင့် မဟာတာအိုတို့မရှိသည့် စကြဝဠာတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွား၏။

ထိုနေရာမှာ အလင်းသို့မဟုတ် အမှောင်၊ အစ သို့မဟုတ် အဆုံးမရှိပေ။ ထိုနေရာမှာ မသဲမကွဲသန္ဓေသားလောင်းပုံစံတစ်ခုသာရှိလေသည်။

ဤသည်မှာ ပုံစံတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ဖော်ပြ၍မရသည့် စကြဝဠာတစ်ခုဖြစ်လေသည်။

ဤအဆင့်မှာ သိုင်းတာအိုပင်မခန္ဓာက ၎င်းကို မူလဟု ခေါ်ဆိုလေသည်။

ထို့နောက် ပုံစံမဲ့၍ ဖော်ပြ၍မရနိုင်သော ပို၍ပင် ရှေးကျသည့် စကြဝဠာတစ်ခု မွေးဖွားပေါ်ထွက်လာကောင်း ပေါ်ထွက်လာနိုင်လေသည်။

ထိုနေရာမှာ မည်သည့်ရုပ်ဝတ္ထုမှ မရှိရုံသာမက မည်သည့်ပုံစံ သို့မဟုတ် မည်သည့်ပုံသဏ္ဍာန်မှပင် မရှိပေ။ တစ်ယောက်ယောက်က ထိုစကြဝဠာထဲမှာ ရှိနေမည်ဆိုလျှင်တောင် သူတို့ကို မမြင်နိုင်၊ မထိနိုင် သို့မဟုတ် အာရုံခံမိနိုင်မည် မဟုတ်ပေ။

ဤအဆင့်မှာ သိုင်းတာအိုပင်မခန္ဓာသည် ၎င်းကို အာဒိကပ္ပဟု ခေါ်ဆိုလေသည်။ သို့သော်လည်း အာဒိကပ္ပက အမှန်တကယ်တည်ရှိသလား သို့မဟုတ် မည်ကဲ့သို့သောပုံစံရှိသည်ကို မည်သူကမှ မသိရပေ။

အခြားအရာရာတိုင်းနှင့်အတူ ကမ္ဘာတစ်ထောင်သုံးဆင့်လောကက ဖျက်ဆီးခံလိုက်ရလေသည်။

ဗလာကျင်းသွားသော စကြဝဠာထဲမှာ မည်သည့်အသက်ဓာတ်အငွေ့အသက် သို့မဟုတ် မည်သည့်အသံမှ မရှိတော့ပေ။

၎င်းက မှောင်မိုက်၍ အေးစက်ပြီး အထီးကျန်အဖော်မဲ့နေ၏။

ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ အမှောင်ထုကို ဖြည်းဖြည်းချင်းစူးစမ်းရှာဖွေဖော်ထုတ်ပြီး ရှေ့သို့တစ်ဦးတည်း ဆက်လက်တက်လှမ်းနေသည့် အသိစိတ်တစ်စသာ ဖြစ်လေသည်။

All Chapters