← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အပိုင်း ( 286 )

အားနည်းလွန်းတယ် !!!

ရင်ပြင်တစ်ခုလုံး ပွက်လောရိုက် ဆူညံသွားတော့သည်။

တစ်ချို့သော ကျောင်းသားကျောင်းသူများသည် အစစ်အမှန် သိုင်းပညာဌာနဘက်တွင် လွှတ်စရာလူမရှိသောကြောင့် ရှုကျိုးကို စေလွှတ်လိုက်သည်ဟုပင် သံသယဖြစ်သွားကြသည်။

လူအုပ်ထဲရှိ လီရို့ရှီသည် ပတ်ဝန်းကျင်မှ ဆွေးနွေးပြောဆိုမှုများကို ကြားကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနမှာက တကယ်ကြီးကို လူရှားနေတာပဲ၊ တကယ်လို့ ရှုကျိုးက လူစားထိုး ဝင်ပေးရတယ်ဆိုရင်တောင်မှ၊ နောက်ဆုံးနေရာမှာ ရှိမနေသင့်ဘူးလေ ….. “

သူမသည် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရှုကျိုးရှိရာဘက်သို့ ငေးကြည့်နေတော့သည်။

ထိုင်ခုံများရှိရာဘက်၌ ကွေ့မူသည် သူ့ဘေးနားရှိ ဝုချင်းရှန်ကို ကြည့်ကာ စကားပြောလာခဲ့သည် “ မင်းက ရှုကျိုးကို နောက်ဆုံးနေရာမှာ ထားချင်တာ သေချာလား? “

ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်၍ ပြန်ပြောလာခဲ့သည် “ သူ့ရဲ့စွမ်းအားနဲ့ဆိုရင်၊ သူက အဲ့ဒီနောက်ဆုံးနေရာကို ကိုင်တွယ်နိုင်တယ်ထပ်ပိုတယ်ဆိုတာကို ကျွန်တော်ယုံကြည်တယ် “

၎င်းကိုမြင်တွေ့လိုက်ရသောအခါတွင် ကွေ့မူသည် မည်သည့်စကားမှ ထပ်မပြောလာ‌တော့ပေ။

ဒီပြိုင်ပွဲသည် ဤနေရာတွင် ရှိနေကြသည့် ပညာရှင်များက အတူတကွ စီစဥ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အစပိုင်းတွင် သူတို့သည် ရှုကျိုးကို အလယ်ပိုင်းတွင် ထားရန်အတွက် ကြံရွယ်ခဲ့ကြသည်။

သို့သော် ရှန့်ဝမ်ချန်းသည် ရှုကျိုးကို နောက်ဆုံးတွင် ထားရန် အဆိုပြုလာခဲ့သည့်အတွက် သူတို့ပင် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။

ကွေ့မူသည် သိလိုစိတ်များ ပြည့်နှက်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်နေတော့သည်၊ ဒီကလေးက ဘယ်လိုစွမ်းအားမျိုးပိုင်ဆိုင်ထားလို့ ရှန့်ဝမ်ချန်းက ဒီလောက်တောင် ယုံကြည်မှုရှိနေရတာလဲ?

သူက အလယ်အလတ် ဒုတိယအဆင့်ကို တိုက်ရိုက်ရောက်သွားလို့များလား?

…

“ ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲရဲ့ ပထမပွဲစဥ်စပါမယ်၊ နတ်သိုင်းဌာနရဲ့ ကျောင်းလေ့နဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ရှန်ဖေး၊ စင်ပေါ်တက်လာပါ “

အဆိုပါ ကြေညာချက်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူနှစ်ဦးသည် စင်မြင့်ထက်သို့ လျင်မြန်စွာ ခုန်တက်လာကြသည်။

ကျောင်းလေ့နှင့် ရှန်ဖေးတို့သည် သူတို့ သက်ဆိုင်ရာ အဖွဲ့များထဲတွင် အားအနည်းဆုံးလူများဖြစ်သည်၊ သို့သော် ဤအဖွဲ့ထဲတွင် အားနည်းသည့်ပုံပေါ်နေခြင်းဖြစ်ပြီး၊ သူတို့၏စွမ်းအားသည် ကျန်မည်သည့်နေရာမဆို ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ပေသည်။

ရှုကျိုးမှာလည်း သေချာအာရုံစိုက်၍ ကြည့်ရှုနေတော့သည်။

ပထမဦးဆုံးပွဲစဥ်သည် စိတ်ဓာတ်ရေးရာအတွက် အလွန်အရေးပါလှသည်။

ရှန်ဖေးက နိုင်မှာလား?

“ ပြိုင်ပွဲ စပါပြီ !! “

ဝုချင်းရှန်သည် မည်သည့်စကားကိုမှ ဖြုန်းတီးမနေဘဲ၊ လူနှစ်ဦးက စင်ပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြေညာမောင်းခတ်လာတော့လေသည်။

လူနှစ်ဦးစလုံး ချက်ချင်း လှုပ်ရှားလာကြသည်။

ကျောင်းလေ့သည် မြေပြင်ပေါ်သို့ ခြေဆောင့်ချလိုက်ပြီး၊ သူ၏ဓားရှည်ကို လျင်မြန်စွာ လွှဲရမ်း၍ ရှန်ဖေးကို ထိုးစိုက်လာခဲ့သည်။

အားကောင်းသော ချီ-သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ကာ ရင်ပြင်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်၊ ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ စွမ်းအားပင် ဖြစ်သည်၊ ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုကပင် ယမန်နေ့က ရှုကျိုးနှင့် ဝမ်ချောင်ခုန်းတို့၏ တိုက်ပွဲထပ် သာလွန်နေခဲ့သည်။

ရှန်ဖေးကမူ ပုဆိန်တိုတစ်ချောင်းကို အသုံးပြုသည်၊ ၎င်းကို မြင်လိုက်ရသောအခါတွင် သူသည် ရှောင်ရှားခြင်း မပြုလုပ်ဘဲ၊ ရှေ့သို့ပြေးတက်လာကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဝှစ် !!!

သူက ဝဖိုင့်ဖိုင့်ဖြစ်နေခဲ့သော်လည်း၊ သူ၏လှုပ်ရှားမှုများသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းလေ့အနားသို့ ရောက်ရှိလာခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှန်ဖေးသည် သူ၏ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်သည်။

“ ခွမ်းးး !! “

ကျယ်လောင်သော အသံ ပေါ်ထွက်လာခဲ့ကာ၊ ကျောင်းလေ့ လွင့်ထွက်သွားတော့သည်။

“ သတ် !!! “

ရှန်ဖေးသည် သူ၏အားသာချက်ကို အသုံးပြုကာ ဖိအားပေးလိုက်သည်။

သူ၏ပုဆိန်တိုက်ခိုက်ရေး နည်းစနစ်မှာ အနီးကပ်တိုက်ပွဲတွင် ပြိုင်ဘက်ကင်းလှသောကြောင့် ကျောင်းလေ့မှာ သူနှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ရှေ့သို့ထပ်တက်လာခဲ့ကာ ကျောင်းလေ့ကို ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။

“ ဝှစ် !! “

ဤတစ်ကြိမ်တွင် ကျောင်းလေ့မှာ လျင်မြန်စွာ ရှောင်တိမ်းသွားခဲ့သည်။

ရှန်ဖေး၏ ခုတ်ပိုင်းချက် လွဲချော်သွားခဲ့ကာ၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်သွားခဲ့သည်။

ကျောင်းလေ့၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ ရှန်ဖေးမှ သူ၏ပုဆိန်ကို မြှောက်နေသည့် အခိုက်အတန့်ကို အမိအရဖမ်းဆုပ်ကာ သူ၏ဓားရှည်ဖြင့် ထပ်မံ၍ ထိုးသွင်းလာခဲ့သည်။

ရှန်ဖေးသည် ကိုယ်ကို အမြန်လှည့်ကာ ပုဆိန်ကို ပိတ်ဆို့တားဆီးလိုက်သည်။

“ သတိထား !!! “

ထိုအချိန်တွင် ချန်းရှင်မှ ရုတ်တရက် အော်ပြောလာခဲ့သည်။

ရှန်ဖေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူ့အနောက်ရှိ ကျောင်းလေ့သည် လေပေါ်သို့ တက်လှမ်းသွားခဲ့သည်။

“ လင်းယုန်ခြေလှမ်းလား? “ စင်အောက်ရှိ ရှုကျိုးမှာလည်း နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားတော့သည်။

အစစ်အမှန် သိုင်းပညာဌာနတွင် ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းရှိနေသကဲ့သို့ နတ်သိုင်းဌာနတွင်လည်း ဒုတိယအဆင့်နယ်ပယ်မှာပင် လေပေါ်တွင် လမ်းလျှောက်စေနိုင်သည့် လင်းယုန်ခြေလှမ်းကဲ့သို့သော နည်းစနစ်တစ်ခုရှိသည်။

ကျောင်းလေ့သည် အဆိုပါ နည်းစနစ်ကို အမြင့်ပိုင်းအဆင့်များအထိ လေ့ကျင့်ထားပုံရကာ တတိယအဆင့်ပညာရှင်တစ်ဦးကဲ့သို့ လေပေါ်တွင် ရပ်နေနိုင်ခဲ့သည်။

တိုက်ပွဲ၏ အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

ကျောင်းလေ့မှာ လင်းယုန်ခြေလှမ်းကို အသုံးပြုကာ လေပေါ်သို့ တက်သွားပြီဖြစ်သောကြောင့် ရှန်ဖေး၏ အားသာချက် ဆုံးရှုံးသွားရပြီဖြစ်သည်။

သူသည် လေထဲရှိ ကျောင်းလေ့ထံမှ အဆက်မပြတ် ရောက်ရှိလာသော တိုက်ခိုက်မှုများကို ခုခံကာကွယ်နေရုံသာ တတ်နိုင်တော့သည်။

“ ဝှစ် ဝှစ် ဝှစ် !!! “

ကျောင်းလေ့၏ အမြန်နှုန်းသည် အလွန်မြန်ဆန်နေကာ သူ၏ဓားရှည်မှာလည်း လျှပ်စီးတန်းတစ်ခုကဲ့သို့ ထိုးစိုက်လာခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ရာနှင့်ချီသော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

မုန်တိုင်းကဲ့သို့သော တိုက်ခိုက်မှုများအောက်တွင် ရှန်ဖေးသည် ဒဏ်ရာများ အဆက်မပြတ်ရရှိသွားခဲ့ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့မှာလည်း ပိုပို၍ ကြီးမားလာခဲ့သည်။

“ ဖူးးး ~~~ “

အဆုံးတွင် ကျောင်းလေ့သည် အခွင့်အရေးကို ဖမ်းဆုပ်ကာ ရှန်ဖေး၏ ရင်ဘတ်ကို ဓားဖြင့် ထိုးလာခဲ့သည်။

သို့သော် ရှန်ဖေးသည် နာကျင်မှုကို လျစ်လျူရှုထားပုံရပြီး၊ ကျောင်းလေ့၏ဓားကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်၍ သူ၏ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်သည်။

စွပ်ဟူသောအသံနှင့်အတူ ဓားရှည်သည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။

သို့သော် ရှန်ဖေးသည် ဤအခွင့်အရေးကို ဖမ်းဆုပ်ကာ သူ့ရှေ့ရှိ ကျောင်းလေ့ကို ဆောင့်ဆွဲလိုက်သည်။

သူ၏မျက်လုံးများထဲတွင်မူ ရူးသွပ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ သေ !!! “

ရှန်ဖေးသည် သူ၏ပုဆိန်ကို လွှဲရမ်းကာ ကျောင်းလေ့ကို ခုတ်ပိုင်းလိုက်သည်။

“ ဒီကောင်က ရူးသွားတာလား? “ စင်အောက်ရှိ ချန်းရှင်မှာလည်း အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ ဓားနဲ့စိတ်လိုလက်ရ အထိုးခံလိုက်တယ်ပေါ့၊ အဲ့တာက မနာဘူးလား?

ရှုကျိုး၏ အကြည့်မှာလည်း လေးနက်သွားခဲ့သည်၊ ဤပြိုင်ပွဲမှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်လာခဲ့ပြီဖြစ်သည်။

စင်မြင့်ထက်ရှိ ကျောင်းလေ့မှာလည်း ရှန်ဖေးက ဤမျှ ရက်စက်ကြမ်းကြုတ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ၊ သို့သော် သူ၏တုံ့ပြန်မှုသည် အလွန်တရာ မြန်ဆန်နေခဲ့သည်။

သူသည် ဓားရှည်ကို စွန့်ပစ်လိုက်ကာ ရှန်ဖေး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

“ ထပ် “

ရှန်ဖေး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။

သူ၏နောက်ဆုံးသော တိုက်ခိုက်မှု ကျရှုံးခဲ့လေသည်။

“ နတ်သိုင်းဌာနက ကျောင်းလေ့ အနိုင်ရတယ် “

…

ရှန့်ဝမ်ချန်းသည် ရှန်ဖေးကို စင်ပေါ်မှ ဖယ်ရှား၍ အရေးပေါ်ကုသမှု ပြုလုပ်ရန် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ညွှန်ကြားလိုက်သည်။

ရှုကျိုး၊ ချန်းရှင်နှင့် တစ်ခြားလူတို့မှာလည်း စိတ်တင်းကြပ်သွားကြသည်။

ဤတစ်လှည့်တွင် ရှန်ဖေးသည် ကျောင်းလေ့ ဒဏ်ရာရရှိသွားအောင် မပြုလုပ်နိုင်ခဲ့ပေ။

နတ်သိုင်းဌာနရဲ့ ပထမဦးဆုံး ပြိုင်ပွဲဝင်ကတောင် ဒီလောက်ကြီးသန်မာနေတာလားဟ?

ကွာခြားချက်က ဒီလောက်တောင် ကြီးတာလား?

“ ကျောင်းလေ့ရဲ့ ခွန်အားက သာမန်ပါပဲ၊ ဒါပင်မဲ့ သူ့ရဲ့လင်းယုန်ခြေလှမ်းကတော့ တော်တော်ကြီးကို အဆင့်မြင့်တယ်၊ လေပေါ်မှာတောင် ရပ်နေနိုင်ပြီ “

ချန်းရှင်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ငါတို့အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒုတိယအဆင့်နယ်ပယ်မှာက ချင်ဖုန်းနဲ့ငါပဲ အဲ့လိုလုပ်နိုင်တယ် “

“ ကျောင်းလေ့ကို ပထမဦးဆုံး လူအဖြစ် သတ်မှတ်ထားတယ်ဆိုတာက နတ်သိုင်းဌာနရဲ့ နည်းဗျူဟာတစ်ခု ဖြစ်နိုင်တယ် “

၎င်းကို အသုံးပြုကာ အစစ်အမှန် သိုင်းပညာဌာနကို ထိုးလှဲရန် ကြံရွယ်ထားခြင်းဖြစ်သည်။

“ ငါတို့က သူတို့ကို အောင်မြင်ခွင့် ပေးလို့ မရဘူး “

ချန်းရှင်သည် အံကြိတ်ကာ သူမ၏လက်သီးသေးသေးလေးများကို တင်းကြပ်စွာ ဆုပ်ခဲနေတော့သည်။

တစ်ခြားသောအဖွဲ့ဝင်များမှာလည်း အမူအရာများ လေးနက်နေကြသည်။

သူတို့ဘေးနားရှိ ရှုကျိုးသည် အသက်ကို လေးလေးပင်ပင် ရှူသွင်း၍ စကားပြောလာခဲ့သည် “ ကျောင်းလေ့ရဲ့ ချီ-သွေးစွမ်းအားက အဲ့လောက်ကြီး မဟုတ်ပါဘူး၊ သူစင်ပေါ်မှာ ရှိနေတဲ့အချိန်မှာ ပွဲသိမ်းတိုက်ကွက်နဲ့ အမှောက်သိပ်ပေးလိုက်တာက အကောင်းဆုံးပဲ “

အားလုံးသည် အကြည့်များ ဖလှယ်လိုက်ပြီး၊ ခြောက်ကပ်ကပ် ပြုံးနေကြတော့သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 287 )

အားနည်းလွန်းတယ် !!! ၂

ပွဲသိမ်းတိုက်ကွက်နဲ့ ကျောင်းလေ့ကို အနိုင်ယူရမှာလား?

အဲ့လောက်လွယ်မနေမှာ ငါစိုးရိမ်မိတယ် ~~~

…

“ ဒုတိယမြောက်ပွဲစဥ်က အစစ်အမှန် သိုင်းပညာဌာနရဲ့ ဂျန်ချန်နဲ့ ကျောင်းလေ့ပါ “

ဂျန်ချန်မှ စင်ပေါ်သို့ တက်လာခဲ့သည့် အချိန်တွင် သူ၏ အကြည့်သည် အလွန်တရာ လေးနက်နေခဲ့သည်။

သူ၏ခွန်အားသည် ရှန်ဖေးနှင့် တူညီနေခဲ့သည်၊ သို့သော် သူ၏အမြန်နှုန်းသည် ပိုကောင်းနေသောကြောင့် သူသည် ဤတိုက်ပွဲတွင် နိုင်ကိုနိုင်ရမည် ဖြစ်သည်။

လူနှစ်ဦးစလုံး စင်ပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် တိုက်ပွဲစတင်တော့လေသည်။

ဝှစ် !!!

ချက်ချင်းဆိုသလိုပင် ဂျန်ချန်သည် မှုန်ဝါးဝါးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား‌တော့သည်၊ သူ၏အမြန်နှုန်းသည် ကျောင်းလေ့ထပ်ပင် ပို၍မြန်ဆန်နေခဲ့သည်။

သူသည် ဓားကို ဆုပ်ကိုင်ကာ လျှပ်စီးတန်းကဲ့သို့ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် ကျောင်းလေ့ကို ထိုးချလိုက်သည်။

“ ကောင်းတယ်ဟေ့ !!! “

ထိုအချိန်တွင် အစစ်အမှန် သိုင်းပညာဌာနမှ ပြိုင်ပွဲဝင်များသည် မအောင့်ထားနိုင်တော့ဘဲ၊ စိတ်ထဲတွင် အော်ဟစ်အားပေးမိသွားခဲ့သည်၊ သူတို့သည် အဆိုပါ အမြန်နှုန်းက ကျောင်းလေ့ကို အနိုင်ရရန် လုံလောက်သည်ဟု ယုံကြည်နေကြသည်။

“ ရွှစ် !! “

ဂျန်ချန်၏ ပုံရိပ်ဖြတ်ကျော်သွားပြီးသည့်နောက် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာ၌ ကျောင်းလေ့၏ ပခုံးပေါ်တွင် သွေးစွန်းသော ဒဏ်ရာတစ်ခု ပေါ်လာခဲ့ပြီး၊ သူ့ရင်ဘတ်ပေါ်ရှိ အကျ်ီ မှာလည်း အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။

သို့သော် ဂျန်ချန်၏ အမူအရာ ပြောင်းလဲသွားသည်၊ ဤကဲ့သို့သော ဒဏ်ရာမျိုးသည် ကျောင်းလေ့အတွက် အသေးအမွှားလေးမျှသာ ဖြစ်သည်။

သူထင်ထားသည့်အတိုင်းပင်၊ လှောင်ပြောင်နေသည့် အမူအရာတစ်ခုသည် ကျောင်းလေ့၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

“ အမြန်နှုန်းကတော့ ကောင်းပါတယ်၊ ဒါပင်မဲ့ ခွန်အားကတော့ မလုံလောက်သေးဘူး “

ဝှစ် !!

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် လင်းယုန်ခြေလှမ်းကို အသုံးပြုကာ လေပေါ်သို့ ထပ်တက်သွားတော့သည်။

ဂျန်ချန်၏ တိုက်ခိုက်မှုမှာလည်း ကျရှုံးသွားခဲ့သည့်အတွက် တိုက်ပွဲ၏ အခြေအနေသည် တစ်ဖက်သတ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

စင်အောက်ရှိ ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ဒုတိယပွဲလည်း ရှုံးပြီ “

သူထင်ထားခဲ့သည့်အတိုင်းပင် ငါးမိနစ် ကြာခဲ့ပြီးသည့်နောက်တွင် ဂျန်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြတ်တောက်ရာများဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ သူသည် ကျောင်းလေ့၏ တိုက်ခိုက်မှုများကြောင့် ခြေကုန်လက်ပန်းကျသွားခဲ့သည်။

အဆုံးတွင် ကျောင်းလေ့သည် ဂျန်ချန်၏ အားနည်းချက်ရှိရာ နေရာကို တိုက်ခိုက်ကာ သူ့အား စင်ပေါ်မှ ကန်ချလိုက်သည်။

ဒုတိယမြောက်ပွဲစဥ်တွင်လည်း ကျောင်းလေ့သာ အောင်ပွဲခံသွားခဲ့သည်။

…

တတိယမြောက်ပွဲစဥ်မှသာလျှင် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနဘက်မှ တတိယမြောက်ပြိုင်ပွဲဝင်သည် ရှုဝမ်ချန်းဟု အမည်ရသည့် လူငယ်တစ်ဦးဖြစ်ပြီး၊ သူသည် အဆင့်မြင့်ခြေလှမ်းသိုင်း နည်းစနစ်တစ်ခုကို လေ့ကျင့်ထားသည်။

သူက လေပေါ်တွင် လမ်းမလျှောက်နိုင်သော်လည်း၊ အမြန်နှုန်းမှာမူ ကျောင်းလေ့ထပ် များစွာသာလွန်နေခဲ့သည်။

ကျောင်းလေ့သည် သူ၏ ဝေဟင်အားသာချက်ကို အသုံးပြုကာ တိုက်ခိုက်မှုများ ပစ်လွှတ်ရာတွင် ထူးချွန်ထက်မြက်နေခဲ့သည်။

ရှုဝမ်ချန်းရောက်လာသည်နှင့်တစ်ပြိုင်နက် သူသည် သူ၏အမြန်နှုန်းကို အသုံးပြုကာ ကျောင်းလေ့ကို မြေပြင်ပေါ်မှာပင် အမှောက်သိပ်ရန်အတွက် မြေပြင်တိုက်ပွဲ ဆင်နွှဲရန် တွန်းအားပေးနေတော့သည်။

ရလဒ်ကမူ အသေးစိတ်ရှင်းပြနေရန် မလိုတော့ပေ။

အစစ်အမှန် သိုင်းပညာဌာန၏ တတိယမြောက်ပြိုင်ပွဲဝင်ဖြစ်သည့် ရှုဝမ်ချန်းသည် ကျောင်းလေ့ထပ် များစွာပို၍ အစွမ်းထက်နေခဲ့သည်။

သူသည် ကျောင်းလေ့ကို မြေပြင်ပေါ်တွင် ဖိနှိပ်ထားကာ ဆက်တိုက်တိုက်ခိုက်နေရင်းဖြင့် နောက်ဆုံးတွင် အနိုင်ရသွားခဲ့သည်။

“ ကောင်းတယ် !! “

စင်အောက်ရှိ အစစ်အမှန် သိုင်းပညာဌာန၏ အဖွဲ့ဝင်များသည် မနေနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်အားပေးလာကြသည်။

ယခင်က ပွဲစဥ်နှစ်ခုတွင် ကျောင်းလေ့သည် များစွာ အနိုင်ကျင့်ခဲ့သောကြောင့် သူတို့အားလုံး ဒေါသတကြီးဖြစ်နေခဲ့ရသည်။

ယခုတွင် သူရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

သို့သော် မကြာခင်မှာပင် အားလုံး၏ အမူအရာများသည် ထပ်မံ၍ လေးနက်သွားကြသည်။

နတ်သိုင်းဌာနသည် ပြိုင်ပွဲဝင်တစ်ဦးကိုသာလျှင် စေလွှတ်ရသေးသည်။

အစစ်အမှန် သိုင်းပညာဌာနဘက်ကမူ သုံးဦးမြောက်အထိ စေလွှတ်နေခဲ့ရပြီဖြစ်သည်။

ချန်းရှင်၏ မျက်လုံးများထဲတွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်၊ ဤကဲ့သို့သောပြိုင်ပွဲမျိုး၌ မည်သူက ပိုမိုတောင့်ခံနိုင်မလဲဆိုသည်မှာ အရေးအကြီးဆုံးပင် ဖြစ်သည်။

သို့သော် စုစုပေါင်း စွမ်းဆောင်မှုမှာလည်း အရေးပါနေစဲပင်ဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာနဘက်မှ ပထမဦးဆုံး အဖွဲ့ဝင်နှစ်ဦး၏ စွမ်းဆောင်မှုသည် အတော်လေး ဆိုးရွားနေခဲ့ပြီး၊ ၎င်းသည် စုစုပေါင်းရလဒ်ကိုပင် ထိခိုက်စေနိုင်လေသည်။

“ စိတ်မပူပါနဲ့၊ ကျွန်တော်ရှိပါတယ် “ ဘေးတစ်ဖက်ရှိ ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည်။

ချန်းရှင်သည် အနည်းငယ် မှင်သက်သွားကာ၊ သူ့ကို လှည့်ကြည့်လာပြီး၊ ထို့နောက်တွင် ခေါင်းငြိမ့်ပြလာခဲ့သည်။

တစ်ချို့သော အကြောင်းပြချက်များကြောင့် ရှုကျိုး၏အသံကို ကြားရခြင်းသည် သူမ၏စိတ်ကို တည်ငြိမ်သွားစေခဲ့သည်။

…

ပြိုင်ပွဲကို ဆက်လက်၍ ကျင်းပနေခဲ့သည်။

စတုတ္ထမြောက်ပွဲစဥ်တွင်လည်း ရှုဝမ်ချန်းသာ ထပ်မံ၍ အောင်ပွဲဆင်သွားခဲ့သည်။

ပဥ္စမမြောက်ပွဲစဥ်တွင်မူ ရှုဝမ်ချန်းသည် နတ်သိုင်းဌာနဘက်မှ တတိယမြောက် ပြိုင်ပွဲဝင်ကို ရှုံးနိမ့်သွားခဲ့သည်။

ဆဌမမြောက်ပွဲတွင်ကား နတ်သိုင်းဌာနမှသာ ထပ်မံ၍ အောင်ပွဲခံသွားခဲ့သည်။

သတ္တမမြောက်ပွဲတွင်မူ အစစ်အမှန် သိုင်းပညာဌာနဘက်မှ ပြန်လည် အနိုင်ရသွားခဲ့သည်။

…

လာမည့်တိုက်ပွဲများတွင် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနနှစ်ခုစလုံးသည် နိုင်လိုက်ရှုံးလိုက်ဖြင့် ဘတစ်ပြန်ကျားတစ်ပြန် ဖြစ်နေခဲ့သည်။

သို့သော် အောင်ပွဲရ အရေအတွက်ကမူ နတ်သိုင်းဌာနကသာ ပိုများနေခဲ့သည်။

ဆယ့်သုံးကြိမ်မြောက်ပွဲစဥ်တွင်မူ အစစ်အမှန် သိုင်းပညာဌာနမှ အဌမမြောက် ပြိုင်ပွဲဝင်သည် နတ်သိုင်းဌာန၏ ဆဌမမြောက် ပြိုင်ပွဲဝင်နှင့် ယှဥ်ပြိုင်နေခဲ့ရသည်။

ရလဒ်ကား ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။

…

သူသည် စင်ပေါ်မှ ဆင်းလာခဲ့ကာ နီရဲနေသော မျက်နှာဖြင့် ချန်းရှင်ကို ကြည့်လာခဲ့သည် “ ခေါင်းဆောင်၊ တောင်းပန်ပါတယ်၊ ကျွန်တော် ……. “

“ အဆင်ပြေပါတယ်၊ နင်ကောင်းကောင်းလုပ်ခဲ့တယ် “ ချန်းရှင်မှ နှစ်သိမ့်ပေးလိုက်သည်။

ထိုလူသည် မျက်နှာရဲပတောင်းခတ်သွားကာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊ ခေါင်းကိုငုံ့၍ အဖွဲ့ထဲသို့ ပြန်ဝင်သွားတော့သည်။

ချန်းရှင်သည် အသက်ကို လေးလေးပင်ပင် ရှူသွင်းကာ အမူအရာလေးနက်သွားခဲ့သည်။

နောက်တစ်လှည့်သည် သူမ၏အလှည့်ဖြစ်ပြီး၊ နတ်သိုင်းဌာနကမူ ဆဌမြောက်ပြိုင်ပွဲဝင်အထိသာ စေလွှတ်ရသေးပြီး၊ အင်ပြည့်အားပြည့် ရှိနေသည့် လူလေးဦး ကျန်ရှိနေသေးသည်။

ချန်းရှင်ရင်ဆိုင်နေရသည့် ဖိအားသည် အတော်လေး ကြီးမားနေခဲ့သည်။

“ ကံကောင်းပါစေ “ ရှုကျိုးသည် သူမကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ စိတ်အေးအေးထားပါ၊ ကျွန်တော်ရှိနေပါသေးတယ် “

ချန်းရှင်သည် ခေါင်းငြိမ့်ပြလာခဲ့ကာ စင်ပေါ်သို့ တက်သွားတော့သည်။

…

“ ပြိုင်ပွဲစပါပြီ “

ဝုချင်းရှန်၏ စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် စင်မြင့်ထက်ရှိ လူနှစ်ဦးမှာ ရုတ်တရက် လှုပ်ရှားလာတော့သည်။

ခွမ်း !!

ခလမ်း !!

ခွမ်း !!

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်းရှင်နှင့် သူမ၏ပြိုင်ဘက်သည် ထိပ်တိုက်ရင်ဆိုင်နေကြပြီး၊ ကျယ်လောင်သော ထိတွေ့မှု အသံများကို ဖြစ်ပေါ်သွားစေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

စင်အောက်ရှိ အစစ်အမှန် သိုင်းပညာဌာနမှ အဖွဲ့ဝင်များ၏ လက်ဝါးများတွင် ချွေးများပင် စို့နေခဲ့ပြီဖြစ်သည်။

ချန်းရှင်မှာ ဒုတိယအဆင့်နယ်ပယ်တွင် ဒုတိယအားအကောင်းဆုံးဟု သတ်မှတ်ခံခဲ့ရသောကြောင့်၊ သူမသည် နတ်သိုင်းဌာ၏ ဆဌမမြောက် ပြိုင်ပွဲဝင်ကို ချေမှုန်းနိုင်သင့်ပေသည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းသည် အစစ်အမှန် သိုင်းပညာဌာနက အလွန်အားနည်းသည်ဟု ဖော်ပြရာ ကျသွားမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ချန်းရှင်သည် မျှော်လင့်ချက်များကို အသက်ဆက်ပေးနိုင်ခဲ့သည်။

“ ဒင် !!! “

စင်မြင့်ထက်၌ ဓားတစ်လက်သည် နဂါးတစ်ကောင်ကဲ့သို့ မည်ဟိန်းလာခဲ့ရာ၊ အားကောင်း ချီ-သွေးစွမ်းအင် လှိုင်းလုံးသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ တောက်ပနေသည့် နေလုံးကြီးကိုပင် ကွယ်ပျောက်သွားစေခဲ့သည်။

“ ဖူးးး ~~ “

ချီ-သွေးစွမ်းအင်များ ဖုံးလွှမ်းလာခဲ့ကာ ပုံရိပ်တစ်ခုသည် စင်ပေါ်မှ လွင့်ထွက်သွားပြီး မြေပြင်နှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

“ ချန်းရှင် အနိုင်ရပါတယ် “

…

တိုက်ပွဲသည် မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။

လူတော်တော်များများသည် ချန်းရှင်၏ စွမ်းအားကြောင့် မှင်သက်သွားကြသည်၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒုတိယအဆင့်နယ်ပယ်မှာ အစွမ်းဆုံးလူက ထင်ထားခဲ့အတိုင်းပဲ၊ တကယ်ကို ကြောက်ဖို့ကောင်းတယ်။

စင်အောက်ရှိ ရှုကျိုးမှာလည်း တိတ်တဆိတ် ခေါင်းငြိမ့်နေတော့သည် “ ဒီတိုက်ပွဲက အစစ်အမှန် သိုင်းပညာဌာနရဲ့ ပြိုင်ဘက်ကင်းပုံစံကို ချပြနိုင်ခဲ့တယ် “

ယခင်ကတိုက်ပွဲများသည် အစစ်အမှန် သိုင်းပညာဌာန၏ ဂုဏ်သတင်းကို ချေမွခဲ့သည်။

ချန်းရှင်ပေါ်ထွက်လာမှုသည် အခြေအနေများကို ပြောင်းပြန်လှန်သွားခဲ့သည်။

သို့ရာတွင် လှောင်ပြောင်နေသည့် လူတစ်ချို့မှာလည်း ရှိနေသေးသည်။

“ ပထမဦးဆုံးပွဲမှာတင် အကုန်ထုတ်သုံးနေတော့၊ နောက်ပွဲတွေကို ဘယ်လိုတိုက်မှာလဲ? “

“ နတ်သိုင်းဌာနက လူခြောက်ယောက်ပဲ လွှတ်ရသေးတယ်၊ နောက်ထပ်လူလေးယောက် ကျန်နေသေးတယ်၊ ပြီးတော့ နောက်ဆုံးတစ်ယောက်က ယန်တျန်ဒုံလေ။ ချန်းရှင်က အခုတည်းက အင်ပြည့်အားပြည့် သုံးနေမယ်ဆိုရင် ဘယ်လိုလုပ် ကြာကြာတိုက်နိုင်မှာလဲ? “

နတ်သိုင်းဌာနဘက်၌ ယန်တျန်ဒုံနှင့် တစ်ခြားလူများသည် လှောင်ပြောင်နေသည့် အမူအရာများဖြင့် အေးစက်စွာ စောင့်ကြည့်နေကြသည်။

ချန်းရှင်မှာ ဤတိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ပြီး၊ သူမ၏ ခွန်အားကို ပြသခဲ့သော်လည်း၊ လာမည့်တိုက်ပွဲများမှာ များစွာရိုးရှင်းနေတော့မည် ဖြစ်သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 288 )

အားနည်းလွန်းတယ် !!! ၃

…

သို့သော် အမှန်တရားကမူ လူတော်တော်များများကို စိတ်ပျက်လက်ပျက်ဖြစ်သွားစေခဲ့သည်။

ထို့နောက်၌ ချန်းရှင် နတ်သိုင်းဌာနဘက်မှ သတ္တမမြောက် ပြိုင်ပွဲဝင်နှင့် ရင်ဆိုင်ခဲ့သည်။

ချန်းရှန်သည် သုံးကွက်အတွင်းမှာပင် ရန်သူကို အနိုင်ယူနိုင်ခဲ့သည်။

ပရိတ်သတ်တစ်အုပ်လုံး ပွက်လောရိုက်သွားရလေပြီ။

၎င်းက ချန်းရှင်၏ အကန့်အသတ်မဟုတ်သည်မှာ သိသသာလွန်းလှသည်။

တစ်ခဏခန့် အနားယူခဲ့ပြီးသည့်နောက်တွင် သူမသည် စင်ပေါ်သို့ ပြန်တက်လာခဲ့ကာ နတ်သိုင်းဌာန၏ အဌမမြောက်ပြိုင်ပွဲဝင်ကို စိန်ခေါ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ တိုက်ပွဲသည် ယခင်ကလောက် လွယ်ကူမနေခဲ့ပေ၊ သို့သော် သူမသည် အကွက်၂၀အတွင်းမှာပင် ရန်သူကို အနိုင်ယူနိုင်ခဲ့သည်။

စင်ပေါ်၌

ချန်းရှင်သည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။

သူမသည် ကွေ့မူရှိရာဘက်သို့ အလိုအလျောက် ငေးကြည့်မိသွားကာ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။

ယမန်နေ့ညက ကွေ့မူသည် သူ၏ မူလစွမ်းအင်များကို အသုံးပြုကာ သူမကို ကုသပေးခဲ့ပြီး၊ သူမ၏ခွန်အားကိုပင် ထပ်မံ၍ မြင့်တက်သွားစေခဲ့သည်။

ချန်းရှင်၏ စွမ်းအားသည် ဒုတိယအဆင့်နယ်ပယ်မှာပင် ထိပ်တန်းစာရင်းဝင်နေပြီးသားဖြစ်သည်၊ အဆိုပါ မူလစွမ်းအင်များကို စုပ်ယူနိုင်ခဲ့ပြီးသည့်နောက်၌ သူမသည် ဒုတိယအဆင့်နယ်ပယ်တွင် ပြိုင်ဘက်ကင်းလုနီးပါးအထိ ဖြစ်လာခဲ့သည်။

သို့သော် အရာအားလုံးတွင် ကန့်သတ်ချက်များ ရှိစမြဲပင်ဖြစ်သည်။

သုံးပွဲဆက်တိုက် တိုက်ခိုက်ခဲ့ရပြီးသည့်နောက်တွင် သူမသည် အနည်းငယ် မောပန်းလာခဲ့ပြီဖြစ်သည်။

သို့ရာတွင် သူမသည် နောက်မဆုတ်သွားဘဲ၊ နတ်သိုင်းဌာန၏ နဝမမြောက်ပြိုင်ပွဲကို လှမ်းကြည့်လိုက်သည်။

ယနေ့တွင် သူမသည် အစစ်အမှန် သိုင်းပညာဌာန၏ ပြိုင်ဘက်ကင်း စွမ်းအားကို လူတိုင်းကို ပြသချင်နေခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ရှုကျိုးရှိနေသောကြောင့် သူမသည် မည်သည့်အရာကိုမှ ထိန်ချန်မထားရဘဲ၊ အစွမ်းကုန်ထုတ်သုံးနိုင်တော့မည် ဖြစ်သည်။

…

မကြာခင်မှာပင် နတ်သိုင်းဌာနဘက်မှ နဝမမြောက်ပြိုင်ပွဲဝင်ဖြစ်သူ ကျောက်ထင်သည် စင်ပေါ်သို့ တက်လှမ်းလာခဲ့သည်။

လူနှစ်ဦးသည် မည်သည့်စကားကိုမှ ဖြုန်းတီးမနေဘဲ၊ ချက်ချင်း တိုက်ခိုက်နေကြတော့သည်။

ခွမ်း !!

ခလမ်း !!

ခွမ်း !!

စင်ပေါ်၌ သတ္တုထိတွေ့မှု အသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့ကာ လူနှစ်ဦးသည် ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်နေကြသည်။

၎င်းမှာ ကျောက်ထင်၏ စွမ်းအားက ချန်းရှင်ထပ် အနည်းငယ်မျှသာ နိမ့်ကျသည်ကို သက်သေပြနေခဲ့သည်။

“ ပြီးသွားပြီ “

ချန်းရှင်မှ အေးစက်စွာ ပြောလာခဲ့ပြီး၊ အခွင့်အရေးကို ဖမ်းဆုပ်ကာ သူမ၏ဓားဖြင့် တရကြမ်း ထိုးချလိုက်သည်။

ကျောက်ထင်ထံတွင် ရှောင်ရှားရန် အချိန်မရှိခဲ့ပေ၊ ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲမျိုး၌ မည်သို့မျှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် ကျောက်ထင်သည် ကျယ်လောင်စွာ ကြုံးဝါး၍ သူမ၏ ပွဲသိမ်းတိုက်ကွက်ကို ချက်ချင်း ထုတ်သုံးလာခဲ့ကာ၊ စင်မြင့်တစ်ခုလုံးကို ကြယ်ရောင်စုံဖြင့် တောက်ပသွားစေခဲ့သည် ……. ကမ္ဘာဖောက်ခွဲခြင်း ကောင်းကင်ဘုံ ကြယ်ကြာပွတ် !!

ဘမ်း !!!

ဝုန်းးးး !!!

ချက်ချင်းဆိုသလိုပင် သူမ၏ကြာပွတ်သည် ဥက္ကာပျံများအဖြစ် အသွင်ပြောင်းသွားပြီး၊ စင်ပေါ်သို့ နိမ့်ဆင်းလာခဲ့ကာ တွင်းပေါက်များ ဖြစ်ပေါ်သွားစေခဲ့သည်။

ထိုအချိန်တွင် အစစ်အမှန် သိုင်းပညာဌာနဘက်မှ လူများ၏ အမူအရာများ တင်းကြပ်သွားတော့သည်။

ရှုကျိုးတစ်ဦးတည်းသာလျှင် အေးဆေးတည်ငြိမ်နေခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ချန်းရှင်သည် မြေပြင်ကို ခြေဆောင့်၍ လေထဲသို့ ခုန်တက်ကာ ကျောက်ထင်၏ ပွဲသိမ်းတိုက်ကွက်ကို ရှောင်ရှားလိုက်သည်။

ထို့နောက်တွင် သူမ၏ခန္ဓာကိုယ်ကို လှည့်ကာ ကျောက်ထင်အရှေ့သို့ ခုန်သွားလိုက်သည်။

ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်း !!

ချန်းရှင်သည် အဆိုပါ နည်းစနစ်အား လေပေါ်သို့ တက်လှမ်းနိုင်သည်အထိ လေ့ကျင့်နိုင်ခဲ့သော လူနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

သူမက လေပေါ်သို့ တက်သွားသည့်အချိန်တွင် ကျောက်ထင်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ချန်းရှန်၏ ဓားသည် ကျောက်ထင်၏ ရင်ဘတ်ကို မိုးကြိုးတစ်ခု ပစ်လွှတ်လာသကဲ့သို့ ထိမှန်သွားခဲ့သည်။

ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးခဲ့ပြီးသည့်နောက်တွင် ကျောက်ထင်သည် အတော်လေး ခြေကုန်လက်ပန်းကျနေပြီ ဖြစ်နေသောကြောင့် တိုက်ကွက်တစ်ခုတည်းဖြင့် စင်ပေါ်မှ လွင့်ထွက်သွားတော့သည်။

ချန်းရှင် အနိုင်ရခဲ့ပြီဖြစ်သည်။

…

ယန်တျန်ဒုံ၏ အမူအရာ မည်းမှောင်သွားခဲ့ကာ ကျိန်ဆဲလာတော့လေသည် “ အမှိုက်တစ်အုပ် !!! “

နတ်သိုင်းဌာနရှိ လူတိုင်း မပျော်မရွှင်ဖြစ်သွားကြသည်။

သူတို့ ကြိုးစားအားထုတ်ကာ တိုက်ယူခဲ့ရသည့် အောင်မြင်မှုများကို မိန်းမတစ်ယောက်က ပြန်လည်သိမ်းပိုက်သွားခဲ့သည်။

ချန်းရှင်က ငါတို့ နတ်သိုင်းဌာနကို တကယ်ကြီး ရိုက်ချိုးနိုင်တော့မှာလား?

အားလုံးသည် ယန်တျန်ဒုံကို ငေးကြည့်လာကြသည်။

ယန်တျန်ဒုံမှ အေးစက်စွာ ပြောလာခဲ့သည် “ ချန်းရှင်က ငါ့ကို ရှုံးထားတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ ဘာမှစိုးရိမ်နေစရာမလိုဘူး။ သူမက ခြေကုန်လက်ပန်းကျနေပြီ၊ ထပ်တိုက်မှာ မဟုတ်လောက်ဘူး “

သူသည် မလှမ်းမကမ်းရှိ ရှုကျိုးကို ငေးကြည့်ကာ သူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

တစ်ဖက်ရှိ ရှုကျိုးကမူ စင်ပေါ်ရှိ ချန်းရှင်ကို ကြည့်ကာ အသာအယာ ပြုံးမိသွားသည်။

“ အဲ့တာက ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ အစ်မကြီးပဲ “

သူသည် အကြောအခြင်များကို ဆန့်ထုတ်ကာ စင်ပေါ်သို့ တက်ရန် ပြင်ဆင်နေတော့သည်။

သို့သော် ချန်းရှင်ကမူ စင်ပေါ်မှ မဆင်းလာခဲ့ပေ။

ဝုချင်းရှန်သည် သူမကို ကြည့်ကာ ပြောလာခဲ့သည် “ ချန်းရှင်၊ မင်းက ဆင်းသွားပြီး၊ အနားယူဖို့ ရွေးချယ်လို့ရတယ် “

ချန်းရှင်မှ ခေါင်းခါ၍ ပြောလာခဲ့သည် “ ကျွန်မက ဆက်တိုက်နိုင်ပါတယ် “

သူမသည် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာနှင့်အတူ ယန်တျန်ဒုံရှိရာဘက်သို့ ငေးကြည့်လိုက်သည်။

“ စီနီယာအစ်မ !! “ ရှုကျိုးသည် မျက်မှောင်ကြုတ်သွားကာ အော်ခေါ်လိုက်သည်။

သူသည် ဆက်မတိုက်နှင့်တော့ဟု ပြောချင်နေခဲ့သည်။

သို့သော် ချန်းရှင်၏မျက်လုံးများကို မြင်လိုက်ရသောအခါတွင်မူ မည်သည့်စကားကိုမှ မပြောဖြစ်တော့ပေ။

ထိုနေ့က ချန်းရှင်သည် တစ်ကျောင်းလုံး၏ ရှေ့တွင် ယန်တျန်ဒုံ၏ ခြေထောက်များ ဖြတ်တောက်ခြင်းကို ခံခဲ့ရကာ၊ အစစ်အမှန် သိုင်းပညာဌာနကိုသာလျှင် မဟုတ်ဘဲ၊ သူမကိုယ်တိုင်ကိုပါ အရှက်ရသွားစေခဲ့သည်။

ယခုတွင် သူမ၏စွမ်းအား မြင့်တက်လာခဲ့ပြီဖြစ်သောကြောင့် သူမသည် ထိုအရှက်တရားကို သူမကိုယ်တိုင် ဆေးကြောချင်နေခဲ့သည်။

ရှုကျိုးထံတွင် သူမကို တားပိုင်ခွင့် မရှိပေ။

ဝုချင်းရှန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း၊ မည်သ်််စကားမှ မပြောလာခဲ့ဘဲ ကျယ်လောင်စွာ ကြေညာလိုက်သည် “ အစစ်အမှန် သိုင်းပညာဌာနက ချန်းရှင်နဲ့ နတ်သိုင်းဌာနက ယန်တျန်ဒုံတို့ရဲ့ တိုက်ပွဲ စပါမယ် “

စင်အောက်ရှိ ယန်တျန်ဒုံမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။

ထို့နောက်တွင် သူသည် အေးစက်စွာ ရယ်မော၍ စင်ပေါ်သို့ ခုန်တက်လာခဲ့သည်။

“ ချန်းရှင်၊ နင့်ရဲ့ သတ္တိကို ငါလေးစားပါတယ် “ ယန်တျန်ဒုံသည် ချန်းရှင်ကို ကြည့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ ငါ့ကို တိုက်ခိုက်ရဲတယ်ဆိုတော့ အရင်တစ်ခေါက်တုန်းက နင့်ဒဏ်ရာတွေ ပြန်ကောင်းသွားပြီလား? “

“ ပေါက်ကရတွေ တော်လိုက်တော့၊ စမယ် “ ချန်းရှင်သည် သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

သူမသည် စကားလုံးများက မည်သို့မျှ အသုံးမဝင်ဘဲ သူ့ကို အနိုင်ယူလိုက်ခြင်းကသာလျှင် သူမ၏အရှက်တရားအား ဆေးကြောနိုင်မည်ဆိုသည်ကို သိနေခဲ့သည်။

ယန်တျန်ဒုံသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ ချန်းရှင်အား သေလူတစ်ဦးကို ကြည့်နေသည့်အတိုင်း ကြည့်လာခဲ့သည်။

သူ၏ မူလကနဦး ရည်ရွယ်ချက်သည် ရှုကျိုးကို ဒုက္ခိတဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်၊ သို့သော် နောက်တစ်ဦးကိုပြုလုပ်ရမည်ဆိုပါကလည်း ပျော်ရွှင်ဝမ်းမြောက်စွာ ပြုလုပ်မည် ဖြစ်သည်။

…

“ ပြိုင်ပွဲ စပါပြီ “ ဝုချင်းရှန်မှ ကျယ်လောင်စွာ ကြေညာလာခဲ့သည်။

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ချန်းရှင်သည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ယန်တျန်ဒုံဆီသို့ ပြေးတက်လာခဲ့သည်။

“ ဟက် !!! “

သူမသည် ဓားကို လွှဲရမ်းကာ အရှေ့သို့ ထိုးသွင်းလာခဲ့သည်၊ အားကောင်းသော ချီ-သွေးစွမ်းအားများ အရူးအမူး ပေါက်ကွဲထွက်လာခဲ့သည်။

ယန်တျန်ဒုံကမူ အေးဆေးတည်ငြိမ်နေစဲပင်ဖြစ်ပြီး၊ နောက်ကျောဘက်တွင် ရှိနေသည့် သူ၏လှံရှည်ကို လွှဲရမ်းကာ အရှေ့သို့ ရိုက်ချလာခဲ့သည်။

“ ဝုန်းးးး !!! “

မည်သည့်နည်းစနစ်မှ မပါဝင်သည့် ယန်တျန်ဒုံ၏ ရိုးရှင်းသော ရိုက်ချက်သည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့သည်။

“ ဟမ်? “ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ယန်တျန်ဒုံ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

အားကောင်းသော ခွန်အားတစ်ခုသည် သူ၏လက်မောင်းကိုပင် လှုပ်ခါသွားစေခဲ့သည်။

“ ဒီကောင်မက အဆင့်တက်သွားတာလား? “ ယန်တျန်ဒုံသည် ချန်းရှင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ သတ် !!! “

ချန်းရှင်သည် ကျယ်လောင်စွာ ကြုံးဝါး၍ သူမ၏ဓားရှည်ကို လွှဲရမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များ ပေါ်ထွက်လာကာ ဒါဇင်နှင့်ချီသော ဓားအလင်းတန်းများသည် ယန်တျန်ဒုံကို ဖုံးလွှမ်းလာခဲ့သည်။

“ ဝုန်းးး !!! “

၎င်းသည် အမြှောက်ဆံတစ်ခုကဲ့သို့ မြေပြင်ကို ထိမှန်ကာ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။

ဖုန်မှုန့်များ လွင့်ပါးပျောက်ကွယ်သွားသည့်နောက်တွင် အဝတ်အစားများ စုတ်ပြဲကာ လက်မောင်းများတွင် ဒဏ်ရာများ ရနေသည့် ယန်တျန်ဒုံ၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။

စင်အောက်ရှိ နတ်သိုင်းဌာနဘက်မှ အဖွဲ့ဝင်များသည် အံ့ဩတကြီးဖြင့် အော်ပြောမိသွားကြသည်။

ငါတို့ရဲ့ ပါရမီရှင်က ချန်းရှင်ကြောင့် ဒဏ်ရာရသွားတာလား?

ချန်းရှင်၏ မျက်နှာပေါ်တွင်လည်း ဖျော့တော့သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ ငါလုပ်နိုင်ခဲ့ပြီ !!

ယခင်က ကျော်ဖြတ်နိုင်ရန် ခက်ခဲသည့် ပြိုင်ဘက်သည် သူမကြောင့် ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်သည်။

“ အရမ်းကောင်းတယ် …… “

ယန်တျန်ဒုံကမူ ကြက်သီးထဖွယ်ကောင်းသည့် အပြုံးတစ်ခုကို ဖော်ထုတ်ကာ ချန်းရှင်ကို စိုက်ကြည့်လာခဲ့သည်။

ထို့နောက်၌ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

ယန်တျန်ဒုံသည် လှံရှည်ကို ဆုပ်ကိုင်ကာ ချန်းရှင်ဆီသို့ ပြေးတက်လာခဲ့သည်။

ချန်းရှင်သည် သူ၏တိုက်ခိုက်မှုကို သူမ၏ဓားဖြင့် မိတ်ဆက်ပေးလိုက်သည်။

ဘမ်းးး !!

ဤတစ်ကြိမ်တွင်မူ ချန်းရှင်သည် အနောက်သို့ လွင့်ထွက်ကာ ပြန်ဆုတ်သွားခဲ့ရသည်။

“ ဘာတွေဖြစ်နေတာလဲ? ဒီကောင်က ရုတ်တရက်ကြီး ပိုသန်မာလာသလိုပဲ “ ချန်းရှင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ အားနည်းလွန်းတယ် “

ယန်တျန်ဒုံမှ ရှေ့သို့ထပ်တက်လာခဲ့ရာ၊ ချက်ချင်းဆိုသလိုပင် ချန်းရှင်ကို လိုက်မှီသွားခဲ့သည်၊ ထို့နောက်တွင် သူ၏လှံစွမ်းအားသည် ရွှေရောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချန်းရှင်ဆီသို့ တိုးဝင်သွားတော့သည်။

၎င်းမှာသူ၏ ပွဲသိမ်းတိုက်ကွက် မဟုတ်ဘဲ၊ သွေးကြောမှတ်များ၏ လျှို့ဝှက်စွမ်းအားသာဖြစ်သည်။

သိုင်းပညာတစ်ဦးက ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်လာခဲ့သည့် အချိန်တွင် သွေးကြောမှတ်၏ လျှို့ဝှက်စွမ်းအားကို ပို၍ ကျွမ်းကျင်ပိုင်နိုင်လာကာ ပွဲသိမ်းတိုက်ကွက်ကဲ့သို့သော အစွမ်းထက် တိုက်ခိုက်မှုများအဖြစ် ထုတ်လွှတ်နိုင်လေသည်။

သို့သော် ၎င်းမှာ မည်သူမဆို တတ်မြောက်နိုင်သည့် အရာမဟုတ်ပေ။

သူတို့၏ သက်ဆိုင်ရာ တိုက်ခိုက်ရေး နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်ကာ ဒုတိယအဆင့် အထွတ်အထိပ်တွင် သွေးကြောမှတ်များကို ကောင်းစွာ ထိန်းချုပ်နိုင်သည့် ထူးချွန်ထက်မြက်သော ပါရမီရှင်များကသာလျှင် ထိုကဲ့သို့ ပြုလုပ်နိုင်ပေသည်။

ချင်ဖုန်းမှာလည် ထိုကဲ့သို့သော လူတစ်ဦးပင် ဖြစ်သည်။

ယခင်က သူ၏ ဓားမွေးမြူခြင်း နည်းစနစ်သည် ဓားချီကို နှစ်ဝက်တိတိ စုဆောင်းရပြီး၊ ၎င်းကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် တတိယအဆင့်ပညာရှင်ကိုပင် တိုက်ခိုက်နိုင်သည့် စွမ်းအားမျိုး ထုတ်လွှတ်ပေးခဲ့သည်။

၎င်းမှာ ယန်တျန်ဒုံ၏ ရွှေနဂါးလှံနှင့် အတူတူပင်ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ချန်းရှင်သည် သူမဓားဖြင့် ရှေ့သို့ ထိုးချလိုက်ရာ၊ ဆယ်မီတာကျော်ရှည်လျားသည့် ဓားချီတစ်ခု ပေါ်ထွက်လာခဲ့ကာ ရှေ့ဘက်ရှိ ရွှေရောင်နဂါးကြီးကို ပိုင်းဖြတ်သွားတော့သည်။

“ ဂျိမ်းးးးး !!! “

ဓားချီမှ ရွှေရောင်နဂါးကြီးကို ထိတွေ့သွားသည့် အချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောက်သော အသံတစ်သံ ဖြစ်ပေါ်လာခဲ့ကာ စင်မြင့်တစ်ခုလုံးကိုပင် ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းသွားစေခဲ့ပြီး၊ မြေပြင်ပေါ်တွင် အက်ကြောင်းများပင် ထသွားစေခဲ့သည်။

ခရက်ဟူသောအသံနှင့်အတူ ဓားချီ ပြိုကွဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်နဂါးကြီးသည် ချန်းရှင်ဆီသို့ ရောက်လာခဲ့ကာ သူမကို တိုက်ချလာတော့သည်။

“ ဖူးးးး “

ချန်းရှင်သည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရကာ စင်မြင့်ထက်မှ ပြုတ်ကျသွားခဲ့သည်။

ထိုအချိန်တွင် ယန်တျန်ဒုံသည် သူမနောက်သို့ ရောက်လာခဲ့ကာ သူမ၏နောက်ကျောကို ခြေထောက်ဖြင့်ကန်ကာ သူမကို စင်ပေါ်သို့ ပြန်ပစ်တင်လိုက်သည်။

“ သေ !! “

ယန်တျန်ဒုံသည် ချန်းရှင်ကို စကားပြောခွင့် မပေးဘဲ သူ၏လှံရှည်ဖြင့် မြန်မြန်ဆန်ဆန် တိုက်ခိုက်နေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းသော ဒဏ်ရာများစွာ ပေါ်လာခဲ့ပြီး၊ သူမ၏ ဂါဝန်မှာလည်း သွေးတို့ဖြင့် ရဲပတောင်းခတ်နေခဲ့ပြီဖြစ်သည်။ သူမ၏ ဝမ်းဗိုက်မှာလည်း ထိုးဖောက်ခံထားရပြီဖြစ်သည်။

ယန်တျန်ဒုံမှာ လုံးဝမရပ်တန့်ဘဲ လှံရှည်ဖြင့် ထပ်မံ၍ တိုက်ခိုက်ခဲ့လာရာ ဂျွတ်ဟူသော အသံသည် နှင်းဖြူရောင်လက်မောင်းတစ်ခုသည် လေထဲသို့ ပျံတက်ကာ သွေးများ စီးဖြန်းလာခဲ့သည်။

“ အရှုံးပေးတယ် “

စင်အောက်မှ အော်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးသည် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသော မျက်လုံးတို့ဖြင့် စင်မြင့်ကို စိုက်ကြည့်နေခဲ့သည်။

ယန်တျန်ဒုံမှ သူ၏စွမ်းအားကို ပေါက်ကွဲ၍ ချန်းရှင်ကို နှိပ်စက်နေခြင်းသည် တစ်ခဏလေးအတွင်းမှာပဲ ဖြစ်ပျက်နေခဲ့ခြင်းဖြစ်သည်။

အားလုံးသည် သွေးများဖြင့် ပေကျံကာ စင်မြင့်ထက်တွင် လဲကျနေသည့် ချန်းရှင်ကို ငေးကြည့်ပြီး လုံးဝတိတ်ဆိတ်ငြိမ်သက်သွားကြသည်။

စင်အောက်ရှိ ရှုကျိုးသည် ချန်းရှင်ကိုယ်စား အရှုံးပေးလာခဲ့သည်။

ပြိုင်ပွဲ၏ စည်းမျဥ်းစည်းကမ်းများအရ အဖွဲ့ဝင်တစ်ဦးမှ အရှုံးပေးလာခဲ့ပါက ပြိုင်ပွဲ ပြီးဆုံးသွားမည် ဖြစ်သည်။

သို့သော် ယန်တျန်ဒုံသည် ၎င်းကို လျစ်လျူရှုထားကာ ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်လာပြန်သည်။

“ ဝုန်းးးး !!! “

သူသည် နဂါးကဲ့သို့သော လှံရှည်ကို သယ်ဆောင်ကာ ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအားများကို ထုတ်လွှတ်၍ ချန်းရှင်၏ ခန္ဓာကိုယ်အောက်ပိုင်းကို ခုတ်ချလိုက်သည်။

……………………………………………………………………………………………………………………………………

All Chapters