← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အပိုင်း ( 292 )

နတ်စွမ်းရည်မျိုးစေ့

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံး၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားတော့သည်။

အကြီးအကဲကွေ့ပြောသည့် ဆေးဆိုသည်မှာ သာမန်ဆေးမဟုတ်ဘဲ၊ ပြိုင်ပွဲတွင် အသုံးမပြုရန် တားမြစ်ထားသည့် တားမြစ်ဆေးများပင် ဖြစ်သည်။

သူ့ဘေးနားရှိ အသားစများကို ကောက်ယူနေသည့် ကျုံးချန်မှာလည်း အမူအရာ ပြောင်းလဲသွားတော့သည်။

သူသည် ၎င်းတို့အား ကောက်ယူနေခြင်းကို ရပ်တန့်လိုက်သည်။

သိုင်းပညာရှင်တစ်ဦးက ပြိုင်ပွဲတွင် တားမြစ်ဆေးသုံးစွဲသည်ဆိုသည်မှာ အလွန်တရာ လေးနက်ပြင်းထန်သော ကိစ္စတစ်ခုဖြစ်သည်။

တားမြစ်ဆေးဟုခေါ်ဆိုသော အရာများသည် ခွန်အားကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်ကြသော်လည်း၊ ရံဖန်ရံခါတွင် ကြီးမားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်ကာ၊ လူတစ်ဦး၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားစေကာ အတွေးအခေါ်များပင် လွဲမှားသွားစေနိုင်သည်။

တားမြစ်ဆေးတော်တော်များများသည် လနတ်ဘုရားဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်နေခဲ့သည်။

ထို့ကြောင့် အကယ်၍ ပြိုင်ပွဲတစ်ခုတွင် သိုင်းပညာရှင်တစ်ဦးက တားမြစ်ဆေး သုံးစွဲခဲ့သည်ဆိုပါက၊ ထိုလူအား ညှာတာခြင်းမရှိဘဲ ကွပ်မျက်ရမည်ဖြစ်သည်။

“ အကြီးအကဲကွေ့၊ အမြင်မှားသွားတာ ……….. “ ကျုံးချန်မှ အလောတကြီးပြောလာခဲ့သည်။

ကွေ့မူသည် မည်သည့်စကားမှ မပြောဘဲ လက်ဝေ့ယမ်းလိုက်ရာ အသားအပိုင်းအစများစွာကို သူ့ဆီသို့ ပျံသန်းလာစေလိုက်သည်။

သူ၏မျက်လုံးများသည် တလက်လက် တောက်ပနေခဲ့သည်၊ သူမှ ရုတ်တရက် လက်ညှိးထိုးလိုက်ရာ အလင်းတန်းတစ်ခုသည် အသားအပိုင်းအစတစ်ခုထဲသို့ တိုးဝင်သွားတော့သည်။

“ ဇွီ !! “

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ခရမ်းရောင်သွေးကြောမှတ်တစ်ခုသည် အဆိုပါ အသားအပိုင်းအစထဲတွင် ပေါ်ထွက်လာခဲ့သည်။

ကွေ့မူသည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် အမူအရာ အေးစက်သွားပြီး၊ မာမာထန်ထန် စကားပြောလာခဲ့သည် “ သွေးကြောမှတ်က ခရမ်းရောင်ဖြစ်နေပြီးတော့ သွေးကြောတွေက မာနေတယ်၊ ဒီတိုက်ပွဲမစခင်မှာ ယန်တျန်ဒုံက တားမြစ်ဆေးသောက်ခဲ့တယ် “

ပရိတ်သတ်တစ်အုပ်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။

ရင်ပြင်အတွင်းရှိ လူအားလုံး၏ မျက်နှာများပေါ်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်၊ ယန်တျန်ဒုံက တားမြစ်ဆေးကို တကယ်ကြီးသောက်ခဲ့တာလားဟ?

စင်အောက်ရှိ ရှုကျိုး၏မျက်နှာပေါ်တွင်လည်း အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ခုနတုန်းက ဒီကောင့်ရဲ့ စွမ်းအားတွေ ရုတ်တရက်ကြီး အားကောင်းလာခဲ့တာက အံ့ဩစရာမဟုတ်တော့ဘူးပဲ၊ ဒီကောင်က တားမြစ်ဆေးသောက်ထားတာကိုး “

သူ့အား ဇဝေဇဝါဖြစ်သွားစေသည့် အရာမှာ အစွမ်းထက်ပညာရှင်များ အများအပြားနှင့် နဝမအဆင့် ပညာရှင်နှစ်ဦးရှိနေသည့် ကြားမှာပင် ယန်တျန်ဒုံက တားမြစ်ဆေးကို လူမမိအောင် မည်ကဲ့သို့ သောက်သုံးခဲ့လဲဆိုသည်ပင် ဖြစ်သည်။

နဝမအဆင့် ပညာရှင်ဖြစ်သည့် အကြီးအကဲကွေ့ကပင် သူ၏အလောင်းကို ဂရုတစိုက် စစ်ဆေးပြီးသည့်နောက်မှသာလျှင် အဆိုပါဖြစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့သည်။

ဝှစ် !!!

ဝှစ် !!!

ချီဟောက်၊ ဝုချင်းရှန်နှင့် တစ်ခြားသောပညာရှင်များကလည်း လေးနက်နေသော အမူအရာများဖြင့် စင်ပေါ်သို့ ခုန်ဆင်းလာကြသည်။

“ ယန်တျန်ဒုံက တားမြစ်ဆေး သုံးခဲ့တာလား? “ ချီဟောက်၏ အမူအရာသည် အနည်းငယ် မပျော်မရွှင်ဖြစ်နေလျက်ရှိသည်။

ယခုလေးတင် သူသည် ယန်တျန်ဒုံက အမြင့်ပိုင်း အဆင့်များအတွက် ပြိုင်ဘက်ကင်းသည့် မျိုးစေ့တစ်ခုဖြစ်သည်ဟု ပြောဆိုနေခဲ့ခြင်းဖြစ်သည်။

ယခုတွင်ကား ဤကဲ့သို့ ဖြစ်သွားခဲ့သည်၊ ၎င်းမှာ သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။

တစ်ခြားလူများမှာလည်း တလေးတနက် ဖြစ်သွားကြသည်။

ယန်တျန်ဒုံသေဆုံးသွားခဲ့ပြီဖြစ်သော်လည်း၊ သူတားမြစ်ဆေးသုံးစွဲခဲ့သည့် ကိစ္စကိုမူ လျစ်လျူရှုထား၍ မရပေ။

အားလုံးရဲ့ရှေ့မှာ ဆေးသုံးခဲ့ပြီးတော့ အဲ့တာကို ဘယ်သူမှ သတိမပြုမိခဲ့ဘူး၊ ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ?

ဝုချင်းရှန်နှင့် တစ်ခြားလူများသည် ကျုံးချန်ကို အလိုအလျောက်ကြည့်မိသွားတော့သည်။

ကျုံးချန်၏ အမူအရာ မည်းမှောင်သွားတော့သည် “ ငါက တော်ဝင်သိုင်းပညာ တက္ကသိုလ်ရဲ့ ကျောင်းအုပ်ပါ။ ဒီကိစ္စရဲ့အတိမ်အနက်ကို ငါက မင်းတို့ထပ် ပိုနားလည်တယ် “

သူသည် စိတ်ထဲတွင် အနည်းငယ် ဒေါသဖြစ်နေလျက်ရှိသည်။

ယန်တျန်ဒုံ၊ တော်ဝင်သိုင်းပညာ တက္ကသိုလ်နှင့် နတ်သိုင်းဌာနတို့၏ ဒုတိယအဆင့်နယ်ပယ်တွင် အစွမ်းအထက်ဆုံး ပါရမီရှင်သည် တားမြစ်ဆေးသုံးစွဲသည်အထိ အောက်တန်းကျနေခဲ့သည်။

၎င်းမှာ သူ့တော်ဝင်သိုင်းပညာ တက္ကသိုလ်၏ ဂုဏ်သတင်းကိုပါ ထိခိုက်သွားစေမည်ဖြစ်သည်။

ထိုအချိန်တွင် ကွေ့မူမှ တည်တည်ငြိမ်ငြိမ် စကားပြောလာခဲ့သည် “ ဒီဆေးက တော်တော်ကြီးကို အပုန်းကောင်းတယ်၊ တကယ်လို့ ယန်တျန်ဒုံ မသေသွားဘူးဆိုရင်၊ ငါကတောင် ဒါကိုရှာတွေ့ခဲ့မှာ မဟုတ်ဘူး “

“ ဒီလိုဆေးအမျိုးအစားမျိုးက ဆေးလောကက နဝမအဆင့်ပညာရှင်တွေရဲ့ နောက်ဆုံးပေါ် သုတေသနရလဒ်ပဲ ဖြစ်သင့်တယ်၊ ကျုံးချန်က ဒါတွေကို ပိုင်ဆိုင်ဖို့အတွက် အဆင့်မမှီသေးဘူး “

လူတိုင်း အသာအယာ ခေါင်းငြိမ့်ပြလာကြသည်။

ဟုတ်၊ မဟုတ်ဟုတ် သူတို့သည် ထိုအတိုင်းသာ ပြောရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တော်ဝင်သိုင်းပညာ တက္ကသိုလ်သည် ရန်ပြည်ထောင်၏ ထိပ်တန်းတက္ကသိုလ်နှစ်ခုထဲမှ တစ်ခုဖြစ်ပြီး၊ ယခုလက်ရှိအချိန်၌ ရှေ့တန်းစစ်မျက်နှာပြင်မှာလည်း ကသောင်းကနင်းဖြစ်နေပြီဖြစ်သောကြောင့် ကြယ်ပြာဂြိုဟ်ပေါ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားရမည် ဖြစ်သည်။

အကယ်၍ တော်ဝင်သိုင်းပညာ တက္ကသိုလ်တွင် ကိစ္စများပေါ်လာမည်ဆိုပါက၊ ဆူပူမှုများ ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။

သို့သော် ကျုံးချန်က စစ်ဆေးမေးမြန်းခြင်းခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

“ ဆေးနယ်ပယ်က အဲ့လူတွေလား? “

၎င်းကို ကြားလိုက်ရသောအခါတွင် ဝုချင်းရှန်၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။

အကယ်၍ ထိုလူများနှင့်သာ အမှန်တကယ် သက်ဆိုင်နေမည်ဆိုပါက၊ ဤကိစ္စသည် စိတ်ဝင်စားဖွယ်ကောင်းလာလိမ့်မည် ဖြစ်သည်။

ဆေးပညာလောကသည် သိုင်းပညာနယ်ပယ်နှင့် အနီးကပ်ဆုံးသော နယ်ပယ်တစ်ခုဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် သိုင်းပညာရှင်များ သုံးစွဲနေရသည့် အရင်းအမြစ်အားလုံးက ဆေးလောကမှတစ်ဆင့် ရရှိခြင်းကြောင့်ဖြစ်သည်။

အထူးသဖြင့် နတ်သိုင်းဌာနအတွက် ကျင့်ကြံရေး အရင်းအမြစ်များဖြစ်ပြီး၊ ကုန်ကြမ်းများမှစ၍ ရှုပ်ထွေးသော လုပ်ငန်းစဥ်များနှင့် ရောင်းချမှုများအထိ၊ အရာအားလုံးသည် ဆေးလောကမှ သူဌေးကြီးများအပေါ်တွင် မှီခိုနေခဲ့ရသည်။

ဆန့်ကျင်ဘက်အနေဖြင့် အစစ်အမှန် သိုင်းပညာဌာနအတွက် ကျင့်ကြံရေး အရင်းအမြစ်များကမူ ဆေးလောကကိုပင် ကျော်လွှားနိုင်လေသည်။

ဆေးလောကမှ တကယ့်သူဌေးကြီးများသည် လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ပထမမျိုးဆက် နိုးထလာသူများဖြစ်သည်၊ သူတို့သည် ကန့်လန့်ကာနောက်ကွယ်သို့ ရောက်သွားကြပြီဖြစ်သည်၊ သို့သော် အမှန်တိုင်းပြောရမည်ဆိုပါက သူတို့သည် ဤလောက၏ တကယ့်အုပ်စိုးသူများအဖြစ်သာ ဆက်ရှိနေသေးသည်။

ကြွယ်ဝမှုဖြစ်စေ၊ ခွန်အားပင်ဖြစ်စေ၊ သူတို့ကသာလျှင် အလုံးစုံချုပ်ကိုင်ထားခဲ့သည်။

ယခုတွင် တစ်စုံတစ်ဦးသည် ယန်တျန်ဒုံကို အသုံးချကာ ရှုကျိုးကို ဖျက်စီးချင်နေခဲ့သည်၊ သို့သော် ၎င်းက ဆေးလောကမှ သူဌေးကြီးများ၏ လုပ်ရပ်ဟု သတ်မှတ်၍ မရသော်လည်း၊ သူတို့နှင့် မဆိုင်ဘူးဟု သတ်မှတ်လိုက်၍ မရပေ။

သို့ရာတွင် ယခုလက်ရှိ အချိန်သည် ထိုကိစ္စကို ဆွေးနွေးနေရမည့် အချိန်မဟုတ်ပေ။

ဝုချင်းရှန်မှ အေးအေးလူလူ စကားပြောလာခဲ့သည် “ အကြီးအကဲကွေ့၊ နောက်ပြိုင်ပွဲကရော ……. “

တားမြစ်ဆေး အသုံးပြုသည့် လူပေါ်လာခဲ့သောကြောင့် ၎င်းက ဒုတိယနေရာသို့ ရောက်ရှိသွားမည်မှာ ဓမ္မတာပင်။

ကွေ့မူမှ စကားပြောလာခဲ့သည် “ အဆင်ပြေပါတယ်၊ အဲ့တာကို ငါကိုယ်တိုင် စုံစမ်းလိုက်မယ် “

စကားပြောခဲ့ပြီးသည့်နောက်တွင် သူသည် လက်များဖြင့် စည်းတံဆိပ်များ ရေးဆွဲပြီး နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ချက်ချင်းဆိုသလိုပင် ၎င်းသည် ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

“ ဇွီ !! “

ရွှေရောင်‌ရောင်ခြည်တန်းတစ်ခု ပေါ်ထွက်လာခဲ့သည် ကျောင်းသားကျောင်းသူအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

မကြာခင်မှာပင် ဖျော့တော့သော ခရမ်းရောင် အလင်းတန်းတစ်ခုသည် ယန်တျန်ဒုံ၏ အလောင်းအပိုင်းအစများဆီမှ ထွက်ပေါ်လာခဲ့သည်။

ယန်တျန်ဒုံ သုံးစွဲထားသည့် တားမြစ်ဆေး၏ ဂုဏ်သတ္တိများကို ထောက်လှမ်းခြင်းဖြင့် တစ်ခြားလူများထံတွင်လည်း အဆိုပါ ဂုဏ်သတ္တိများ ရှိ၊ မရှိဆိုသည်ကို စစ်ဆေးမည် ဖြစ်သည်။

ရွှေရောင်ရောင်ခြည်တန်းသည် အားလုံးပေါ်မှ ဖြည်းညှင်းစွာ ဖြတ်သန်းသွားခဲ့သည်။

ရှုကျိုးမှာလည်း ရွှေရောင်ရောင်ခြည်တန်း၏ စစ်ဆေးခြင်းကို ခံခဲ့ရသည်၊ သို့သော် မည်သည့်မူမမှန်မှုမှ မဖြစ်ပေါ်လာခဲ့ပေ။

မကြာခင်မှာပင် ကွေ့မူသည် အဆိုပါ နည်းစနစ်ကို ရုတ်သိမ်းလိုက်ပြီး၊ အနည်းငယ် စိတ်ပေါ့ပါးသွားခဲ့သည် “ ကြည့်ရတာတော့ ယန်တျန်ဒုံတစ်‌ယောက်တည်းကပဲ တားမြစ်ဆေးကို သောက်ခဲ့တဲ့ပုံပဲ “

သူသည် ဝုချင်းရှန်ကို ကြည့်ကာ ဆက်ပြောလာခဲ့သည် “ အရှုပ်အထွေးတွေကို ရှောင်ရှားဖို့အတွက် တတိယအဆင့်ပြိုင်ပွဲကို ဆက်လုပ်လိုက်ပါ “

ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလိုက်သည်။

မူလကနဦး အစီအစဥ်သည် တတိယအဆင့်နယ်ပယ်၏ ပြိုင်ပွဲများကို နောက်တစ်နေ့မှ ကျင်းပရန်စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင် ဤဖြစ်ရပ် ပေါ်လာခဲ့ပြီ ဖြစ်သောကြောင့် ထိုအချိန်တွင် မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို မည်သူမှ မသိကြပေ။

ယနေ့မှာပင် ဌာနနှစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်တော့မည် ဖြစ်သည်။

“ ဒုတိယအဆင့်နယ်ပယ် ပြိုင်ပွဲရဲ့ ချန်ပီယံက ရှုကျိုးပါ !!! “

ဝုချင်းရှန်မှ ကျယ်လောင်စွာ ကြေညာလာခဲ့သည် “ ခဏနားပါမယ်၊ နောက်၁၀မိနစ်ကြာရင် တတိယအဆင့် ပြိုင်ပွဲတွေ စပါမယ် “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် ပုံရိပ်တော်တော်များများသည် ထိုင်ခုံများရှိရာဘက်သို့ ပြန်ရောက်သွားခဲ့သည်။

ကျုံးချန်သည် ရှုကျိုးရှိရာဘက်သို့ ငေးကြည့်ကာ တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

အစပိုင်းတွင် သူသည် ယန်တျန်ဒုံကို သတ်ဖြတ်ခဲ့ခြင်းအတွက် ရှုကျိုးကို အတော်လေး မုန်းတီးနေခဲ့သည်။ သို့သော် သူသည် သူ၏ဒေါသများကို မဖွင့်ထုတ်ခဲ့ပေ။

…………………………………………………………………………………………………………………………………

အပိုင်း ( 293 )

နတ်စွမ်းရည်မျိုးစေ့ ၂

ယန်တျန်ဒုံသည် တားမြစ်ဆေးကိုပင် သုံးစွဲခဲ့သော်လည်း ရှုကျိုးကို အနိုင်မယူနိုင်ခဲ့ပေ။

လူနှစ်ဦးကြားရှိ ကွာဟချက်မှာ လွန်စွာကြီးမားနေသောကြောင့် သူတိတ်ဆိတ်သွားရတော့လေသည်။

…

စင်အောက်ရှိ ပရိတ်သတ်များမှာလည်း ဆွေးနွေးပြောဆိုမှုများဖြင့် ပွက်လောရိုက်နေလျက်ရှိသည်။

နှစ်ဖက်စလုံးရှိ တတိယအဆင့်နယ်ပယ်မှ အဖွဲ့ဝင်အားလုံးသည် ယနေ့တွင် တတိယအဆင့်ပြိုင်ပွဲစတင်မည်ဟု သိလိုက်ရသောကြောင့် စိတ်တင်းကြပ်သွားကြတော့သည်။

၎င်းသည် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့ကြားရှိ ရုန်းကန်မှုက ယနေ့တွင် ပြီးဆုံးသွားတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

အဆုံးတွင် မည်သူက ရယ်မောနိုင်မည်နည်း?

အမှန်တိုင်းပြောရမည်ဆိုပါက လူတော်တော်များများ၏စိတ်ထဲတွင် ထင်မြင်ချက်တစ်ခု ရှိနေပြီးသားဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာနဘက်မှ ပထမအဆင့်နှင့် ဒုတိယအဆင့်နယ်ပယ်တို့၏ စွမ်းဆောင်မှုသည် အလွန်အားရဖွယ်ကောင်းနေခဲ့ပြီး၊ အကယ်၍ သူတို့၏ တတိယအဆင့်နယ်ပယ်က ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင်တောင်မှ စုစုပေါင်းရလဒ်ကို များစွာထိခိုက်သွားစေမည် မဟုတ်ပေ။

အစစ်အမှန် သိုင်းပညာဌာနသည် အကြီးမားဆုံးသော အားသာချက်ကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။

၎င်းတို့အားလုံးမှာ လူတစ်ဦး၏ စွမ်းဆောင်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

လူတော်တော်များများသည် ရှုကျိုးကို ကြည့်နေကြတော့သည်။

ချင်ဖုန်းမှာလည်း ရှုကျိုးဆီသို့ လျှောက်လှမ်းလာခဲ့သည်။

“ ဂျူနီယာညီလေး၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ ချင်ဖုန်းသည် သက်ပြင်းတချချဖြစ်သွားတော့သည် “ မင်းက ဒီလောက်ကြီးတောင် သန်မာလာခဲ့ပြီပဲ “

“ တကယ်လို့ ငါက ဒုတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိနေဦးမယ်ဆိုရင်၊ ငါကတောင် မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်လောက်မှာကို ကြောက်မိတယ် “

သူသည် ညီးတွားပြောဆိုနေရင်းဖြင့် သူက ဤကလေးကို လက်ညှိုးလေးတစ်ချောင်းဖြင့် သတ်နိုင်ခဲ့သည့် အချိန်မှ ယခုအနေအထားသို့ ရောက်ရှိလာသည်အထိ ဖြစ်ပျက်သွားခဲ့သော အရာများကို ပြန်လည်အမှတ်ရသွားတော့သည်။

ရှုကျိုးသည် အပြုံးဖြင့် ခေါင်းခါပြလိုက်သည် “ မဖြစ်နိုင်ဘူးလို့ သုံးစရာမလိုဘူး၊ ဒုတိယအဆင့်မှာပဲ ရှိနေဦးမယ်ဆိုရင်၊ စီနီယာအစ်ကိုကြီးက ကျွန်တော့်ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူး “

၎င်းမှာ သူ၏ယုံကြည်ချက်ပင်ဖြစ်သည်။

သွေးကြောမှတ် လည်ပတ်မှုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်အတူ သူသည် ဒုတိယအဆင့် နယ်ပယ်တွင် ပြိုင်ဘက်ကင်းနေခဲ့ပြီဖြစ်သည်။

“ မင်း၊ ကောင်စုတ်လေး !! “ ချင်ဖုန်းသည် ရယ်ရယ်မောမောဖြင့် ကျိန်ဆဲလိုက်သည်၊ ထို့နောက်တွင် ခေါင်းငြိမ့်ပြလာခဲ့သည် “ မဆိုးဘူး၊ အစစ်အမှန် သိုင်းပညာဌာနက ဒီလိုမျိုး ပြိုင်ဘက်ကင်း စိတ်ဓာတ်မျိုးကို လိုအပ်တယ် “

“ စီနီယာအစ်ကို၊ လာမဲ့ပြိုင်ပွဲတွေအတွက် ယုံကြည်ချက်ရှိလား? “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။

“ စိတ်ချထားလိုက်စမ်းပါ၊ မင်းက အစွမ်းတွေ ရှယ်ပြခဲ့တဲ့ဟာကို စီနီယာအစ်ကိုကြီးဖြစ်တဲ့ငါက ဘယ်လိုလုပ် ထိန်ချန်ထားနိုင်မှာလဲ? “

ချင်ဖုန်းသည် အတော်ပင် စိတ်အေးလက်အေး ဖြစ်နေပုံရကာ၊ အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကံကောင်းပါစေ “

“ ကံကောင်းပါစေ “

…

မကြာခင် အချိန်မှာပင် တတိယအဆင့်ပြိုင်ပွဲ တရားဝင် စတင်လာတော့သည်။

ရှုကျိုးနှင့် တစ်ခြားလူများသည် ပွဲစဥ်များကို မတ်တပ်ရပ်ကာ စောင့်ကြည့်နေလျက်ရှိသည်။

ရှုကျိုးအတွက်ကား သူ၏အဓိကပွဲစဥ် မဟုတ်တော့သော်လည်း၊ တတိယအဆင့် အထွတ်အထိပ်၏ တကယ့်စွမ်းအားက မည်မျှအတိုင်းအတာအထိ ရှိနေမလဲဆိုသည်ကို အလွန်သိချင်နေခဲ့သည်။

အခုလက်ရှိငါက သူတို့ကို တိုက်နိုင်မှာလား?

“ ဝုန်းးး !!! “

စင်ပေါ်ရှိ ပုံရိပ်နှစ်ခုသည် ချက်ချင်း တိုက်ခိုက်နေကြတော့ကြသည်။

တောင်အသေးစားလေး နှစ်လုံး တိုက်မိသွားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့ကာ၊ ကြောက်မက်ဖွယ် ချီ-သွေးစွမ်းအင်များ ဖုံးလွှမ်းသွားခဲ့ပြီး၊ စင်မြင့်မှာပင် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်။

မီတာ ၁၀၀အတွင်းရှိ မြေပြင်ပင် လှုပ်ရမ်းသွားခဲ့သည်။

စင်အောက်ရှိ ဒုတိယအဆင့်နယ်ပယ်မှ လူတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။

တတိယအဆင့် အထွတ်အထိပ်ဆိုတဲ့အတိုင်းပဲ၊ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုလေးတွေကတင် တော်တော်လေးကို ကြောက်ဖို့ကောင်းနေပြီ။

ရှုကျိုးမှာလည်း အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ တွေးတောဆင်ခြင်နေတော့သည် “ အဲ့တာက တတိယအဆင့် အထွတ်အထိပ်လား? ငါက နည်းနည်းလေး လိုနေသေးတာပဲ “

ထိုလူများသည် တတိယအဆင့် အထွတ်အထိပ်၏ စစ်မှန်သော ပညာရှင်များဖြစ်ပြီး၊ သူတို့၏ စွမ်းအားများသည် စတုတ္ထအဆင့်နှင့်ပင် နီးကပ်နေခဲ့ပြီဖြစ်သည်။

စတုတ္ထအဆင့်သည် သိုင်းပညာရှင်တို့အတွက် ထင်ရှားသော တံခါးပေါက်တစ်ခုဖြစ်သည်။

ပထမအဆင့်မှ တတိယအဆင့်ကြားရှိ ပညာရှင်များကို အဆင့်နိမ့် တတိယအဆင့် သိုင်းပညာရှင်များဟု ခေါ်ဆိုလေ့ရှိသည်၊ စတုတ္ထအဆင့်မှ ဆဌမအဆင့်ကြားရှိ ပညာရှင်များကိုမူ အလယ်အလတ် တတိယအဆင့် ပညာရှင်များဟု သမုတ်လေ့ရှိကာ သတ္တမမှ နဝမအဆင့်အတွင်းရှိ ပညာရှင်များကိုမူ အဆင့်မြင့် တတိယအဆင့် သိုင်းပညာရှင်များဟု ခေါ်ဆိုလေ့ရှိသည်။

တတိယအဆင့်နှင့် စတုတ္ထအဆင့်ကြားရှိ ကွာဟချက်သည် အဆင့်တစ်ဆင့်မျှသာ ကွာဟနေပုံရသည်၊ သို့သော် တကယ့်ကွာခြားချက်ကမူ ပထမအဆင့်နှင့် တတိယအဆင့်ကြားရှိ ကွာဟချက်ထပ်ပင် ပိုမိုကြီးမားနေခဲ့သည်။

သို့ရာတွင် ရှုကျိုးသည် အကယ်၍ သူကသာ တတိယအဆင့်သို့ ရောက်သွားမည်ဆိုပါက ထိုလူများကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။

ကံဆိုးစွာဖြင့် ယခုလက်ရှိ အချိန်၌ သူသည် နှောင်းပိုင်း ဒုတိယအဆင့်တွင်သာ ပိတ်မိနေခဲ့ပြီး၊ ဒုတိယအဆင့် အထွတ်အထိပ်သို့ ထိုးဖောက်နိုင်ရန် နည်းလမ်းရှာဖွေနေခဲ့ရသည်။

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ပြန်ကြည့်လိုက်သည်။

သန့်ရှင်းစင်ကြယ်‌သော ကြာပန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အစောပိုင်း အချိန်များအတွင်းက အချိန်ရပ်တန့်ခြင်း စွမ်းရည်ကို နှစ်ကြိမ်တိတိ သုံးခဲ့သောကြောင့် ကြာပန်းသည် အသက်ကင်းမဲ့သွားပုံရကာ ပွင့်ဖတ်များပင် ညှိုးနွမ်းသွားခဲ့သည်။

ယင်ယန်ငါးထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ကြာပန်းကို ဖြည်းညှင်းစွာ ထောက်ပံ့ပေးနေခဲ့သည်။

“ ဟမ်? “

ထို့နောက်တွင် ရှုကျိုးသည် အဆိုပါ စွမ်းအားက ကြာပန်းအလယ်ရှိ သွေးကြောမှတ် လည်ပတ်မှုထံမှ ရောက်ရှိလာကြောင်းကို သတိပြုမိသွားတော့သည်။

“ ဗွီ !! “

ထိုအချိန်တွင် ကြာပန်းဆီမှ အဆုံးမဲ့ စွမ်းအင်များ ပေါ်ထွက်လာခဲ့ပြီး၊ ပွင့်ဖတ်ဆယ့်နှစ်ခုကို ဆေးကြောသန့်စင်နေတော့သည်။

ထို့နောက်တွင် ကြာပန်းအထက်ရှိ ရွှေရောင်အတားအဆီးမှာလည်း အဆိုပါ လျှို့ဝှက်စွမ်းအား၏ သက်ရောက်မှုကို ခံနေခဲ့ရကာ အနည်းငယ် လှုပ်ခါလာခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင်အတားအဆီးထံမှ ရွှေရောင်အလင်းတန်းတစ်ခု ခွဲထွက်လာခဲ့ကာ သွေးကြောမှတ် လည်ပတ်မှုဆီသို့ တိုးဝင်လာခဲ့သည်။

“ ဝုန်းးးး !! “

ချက်ချင်းဆိုသလိုပင် ယင်ယန်ငါးသည် အနည်းငယ် လှုပ်ခါသွားခဲ့သည်၊ ရွှေရောင်အလင်းတန်းမှာမူ သွေးကြောမှတ် လည်ပတ်မှုနှင့် လျင်မြန်စွာ ပေါင်းစည်းသွားခဲ့သည်။

ရှုကျိုး၏ အမူအရာသည် အလွန်တရာ လေးနက်သွားတော့သည်၊ ငါအဆင့်တက်မှာကို တားဆီးနေတဲ့ကောင်က သွေးကြောမှတ် လည်ပတ်မှုနဲ့ ပေါင်းစည်းသွားတာလား?

အဲ့တာ ပြဿနာ ဖြစ်လာစေမှာလား?

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ခန္ဓာကိုယ် ရုတ်တရက်လှုပ်ခါသွားခဲ့သည်။

သွေးကြောမှတ် လည်ပတ်မှုထဲသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရွှေရောင်အလင်းတန်းသည် ၎င်းနှင့် ပေါင်းစပ်မသွားဘဲ၊ လျှို့ဝှက်လမ်းကြောင်းတစ်ခုအတွင်းသို့ တိုးဝင်သွားကာ၊ ကိုယ်တွင်းအဂ်ါငါးခုထဲတွင် ပြန်ပေါ်လာခဲ့သည်။

ရှုကျိုးမှာ သူ၏ခန္ဓာကိုယ်ကို အတွင်းပိုင်းကို ဆက်လက်၍ ကြည့်ရှုနေခဲ့ရာ သူ၏နှလုံးပေါ်တွင် ရွှေရောင်အစက်အပြောက်လေးများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဝုန်းးး !! “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏နှလုံးထံမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သောကြောင့် ရှုကျိုး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

“ အဲ့ဒီရွှေရောင်အလင်းတန်းတွေက ငါ့ရဲ့နှလုံးကို ပြုပြင်ပေးနေတာလား? “

ရှုကျိုးသည် တစ်စုံတစ်ခုကို ချက်ချင်းသဘောပေါက်သွားကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

အဆိုပါ အလင်းတန်းသည် နဂါးအသွင်ပြောင်းခြင်းဆိုသည့် သူ၏ သားရဲစွမ်းရည်ထံမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး၊ ယခုတွင် ၎င်းသည် သွေးကြောမှတ် လည်ပတ်မှုထံသို့ တိုးဝင်သွားကာ၊ သူ၏နှလုံးကို ပြုပြင်မွမ်းမံလာခဲ့သည်။

နှလုံးသည် စတင်၍ လှုပ်ခါလာခဲ့သည်။

“ ငါ့ရဲ့နှလုံးကို နဂါးနှလုံးအဖြစ် ပြောင်းချင်နေတာလား? “

ရှုကျိုးက ဝေခွဲမရဖြစ်နေသည့် အချိန်တွင် ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် မြည်ဟီးလာကာ၊ တံခါးပေါက်တစ်ခုသည် သူ၏နှလုံးအတွင်းပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။

ကလီစာငါးခု၏ တံခါးပေါက် !!!

လျှို့ဝှက်စွမ်းအား လျှံကျလာခဲ့သည် !!

ရှုကျိုးသည် ကလီစာငါးခု၏ တံခါးပေါက်ကို ပထမဦးဆုံးအကြိမ်အဖြစ် အသက်သွင်းလိုက်သည်။ ၎င်းသည် အစစ်အမှန် သိုင်းပညာဌာန၏ သုတေသနအခန်းများထဲတွင် အထူးနည်းလမ်းကို အသုံးပြု၍သာ ဖွင့်လှစ်နိုင်သော အရာတစ်ခုဖြစ်သည်။

သို့သော် ရှုကျိုးကမူ လူအများ မလုပ်နိုင်သည့် အရာများကို အလွယ်တကူ ပြုလုပ်နေနိုင်သည့် လူထူးဆန်းတစ်ဦးဖြစ်သည်။

ပုံမှန်အားဖြင့် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို သုံးစွဲခြင်းသည် လူတစ်ဦး၏ အသက်ဓာတ်ကို လျော့ပါးစေမည်ဖြစ်သည်၊ သို့သော် ရှုကျိုး၏ အင်မော်တယ်စွမ်းရည်သည် အင်မော်တယ်စွမ်းအားဖြင့် ဆက်တိုက်အားဖြည့်ပေးနေခဲ့သောကြောင့် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး မည်သို့မျှ မပေါ်ပေါက်လာခဲ့ပေ၊ နှလုံး၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများ စီးထွက်လာခဲ့သည်။

“ ဗွီ !! “

၎င်းတို့သည် ရွှေရောင်အလင်းတန်းနှင့်အတူ ရောစပ်သွားပြီး၊ ချက်ချင်းဆိုသလိုပင် ဓာတ်ပြုမှုတစ်ခု ဖြစ်ပေါ်သွားသကဲ့သို့ ရွှေရောင်မီးခိုးများ ဖြစ်ပေါ်သွားစေခဲ့သည်။

ရွှေရောင်အလင်းတန်းက သူ၏နှလုံးသားထဲသို့ ရောနှောဝင်ရောက်လာခဲ့သည့် အချိန်တွင် ရှုကျိုး၏ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး၊ အားကောင်းသော စွမ်းအားတစ်ခုသည် သူ၏ နှလုံးထဲမှ ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးမှ စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ သူ၏ချီ-သွေးစွမ်းအင်က လျင်မြန်စွာ မြင့်တက်လာသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဒီရွှေရောင်အလင်းတန်းက ငါ့ရဲ့ကလီစာငါးခုကို အားဖြည့်ပေးနိုင်တာလား? ”

…………………………………………………………………………………………………………………………………….

အပိုင်း ( 294 )

နတ်စွမ်းရည်မျိုးစေ့ ၃

အစပိုင်းတွင် ရွှေရောင်အလင်းတန်းသည် သူ၏နှလုံးကို ပြောင်းလဲနေခဲ့သည်၊ သို့သော် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား၏ သန့်စင်ခြင်းကို ခံလိုက်ရပြီးသည့်နောက်တွင်မူ ၎င်းမှာ ၎င်း၏ စွမ်းရည်ကို ဆုံးရှုံးသွားပုံရပြီး၊ နှလုံးကို အားဖြည့်ပေးလာခဲ့သည်။

( ကလီစာနဲ့ နှလုံးစွမ်းအားကို အတူတူပဲလို့ မှတ်ပေးပါ၊ အခေါ်အဝေါ် လေးပဲ ကွဲတာပါ )

ရွှေရောင်အလင်းတန်းက အားကောင်းလာသည်နှင့်အမျှ ရှုကျိုး၏ နှလုံးမှာလည်း ဆင့်ကဲပြောင်းလဲနေသကဲ့သို့ ပိုပို၍ တောက်ပလာခဲ့သည်။

စနစ်၏မျက်နှာပြင်ပေါ်ရှိ ချီ-သွေးစွမ်းအင် ပမာဏ တိုးပွားလာခြင်းမှာ ထင်ရှားသော သက်သေတစ်ခုပင် ဖြစ်သည်။

“ သိုင်းပညာရှင်တွေက စတုတ္ထအဆင့်ကို ရောက်မှ ကလီစာငါးခုကို စပြီးတော့ လေ့ကျင့်လို့ရတာ မဟုတ်ဘူးလားဟ? “ ရှုကျိုး၏ အကြည့်များ ထူးဆန်းသွားခဲ့သည် “ ငါက အဲ့တာကို ဒုတိယအဆင့်မှာပဲ ကျင့်ကြံလို့ရနေတာလား? “

ရှုကျိုးသည် ရွှေရောင်အလင်းတန်းက ပိုမိုထင်ရှားတောက်ပလာခြင်းနှင့်အတူ သူ၏နှလုံးအတွင်းပိုင်းတွင် မျိုးစေ့ကဲ့သို့သော အရိပ်တစ်ခု ဖြစ်ပေါ်လာသည်ကို မြင်တွေ့သွားခဲ့သည်။

ထိုအရိပ်က ထင်ရှားလာလေလေ၊ ရွှေရောင်အလင်းတန်းကို စုပ်ယူသည့်အမြန်နှုန်းက ပိုမို မြန်ဆန်လာလေလေပင် ဖြစ်သည်။

အဆိုပါ အရိပ်သည် မှိတ်တုပ်တုပ်ဖြစ်နေခဲ့ရသည့် ဘဝမှတစ်ဆင့် ထင်ထင်ရှားရှား မြင်တွေ့နေရသည့်အဆင့်အထိ ပြောင်းလဲသွားခဲ့သည်။

“ ဒါက နတ်စွမ်းရည်မျိုးစေ့လား? “ ရှုကျိုး အံ့အားသင့်သွားတော့သည်။

စတုတ္ထအဆင့်ပညာရှင်တစ်ဦးသည် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားကို ဖွင့်လှစ်ခြင်းအပြင် အံ့ဖွယ်ကောင်းသည့် နတ်စွမ်းရည် အမျိုးမျိုးကိုလည်း ရရှိတတ်‌သေးသည်။

လူသားတို့၏ ကလီစာငါးခုသည် ကောင်းကင်ဘုံနှင့် မြေကမ္ဘာတို့၏ ဓာတ်ကြီးငါးပါးနဲ့ ဆက်စပ်နေလျက်ရှိသည်။

စတုတ္ထအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် လူတစ်ဦးသည် ကလီစာငါးခုကို ကျင့်ကြံရင်းဖြင့် အစွမ်းထက် ဓာတ်ကြီးငါးပါး နည်းစနစ်များကို ရရှိနိုင်ကြသည်။

နတ်စွမ်းရည်ဟု ခေါ်ဆိုနေကြသော အရာသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေဖန်ဆင်းခြင်းကို နားလည်သွားကာ ယင်ယန်၏ လျှို့ဝှက်ချက်များကို ခိုးယူခြင်းပင်ဖြစ်သည်။

သေမျိုးခန္ဓာကိုယ်ဖြင့် နတ်ဘုရားဆန်သော လှုပ်ရှားမှုများကို ပြုလုပ်ရန်၊ လေနှင့်မိုးတို့ကို ဆင့်ခေါ်ရန်၊ စစ်သားများ မွေးထုတ်ရန်အတွက် ပဲစေ့များကြဲချရန် ……….. စသည်တို့ပင်ဖြစ်သည်။

သိုင်းပညာရှင်များသည် နတ်စွမ်းရည်များကို ကျင့်ကြံပြီးသည့်နောက်မှပင် ထူးခြားသော စွမ်းရည်များကို အမှန်တကယ်ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာတို့၏ နိယာမမှာလည်း ထိုကဲ့သို့သော စွမ်းရည်တစ်ခု ဖြစ်သည်။

ယခုတွင်၌ ရှုကျိုး၏ နှလုံးသားထဲတွင် ရှိနေသည့် မျိုးစေ့အရိပ်သည် နတ်စွမ်းရည်တစ်ခု မွေးဖွားလာခြင်းပင် ဖြစ်သည်။

“ တကယ်လို့ ငါကသာ နတ်စွမ်းရည်တွေ ပိုင်ဆိုင်လာပြီဆိုရင် …….. “ ရှုကျိုး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

စတုတ္ထအဆင့် ပညာရှင်တစ်ဦးကပင် နတ်စွမ်းရည် မပိုင်ဆိုင်နိုင်ကြပေ၊ ထိုကဲ့သို့ ဖြစ်ပေါ်ရန်အတွက် ပါရမီနှင့် ကံတရားနှစ်မျိုးစလုံး ကောင်းမွန်နေရန် မရှိမဖြစ်လိုအပ်သည်။

နတ်စွမ်းရည်ရှိသည့် ပညာရှင်နှင့် မရှိသည့် ပညာရှင်တို့မှာ လုံးဝကွဲပြားသာ အရာများဖြစ်သည်။

အကယ်၍ ယခုတွင် ရှုကျိုးကသာ နတ်စွမ်းရည်ကို ကျင့်ကြံနိုင်မည်ဆိုပါက၊ တတိယအဆင့် အထွတ်အထိပ်ပညာရှင်ကပင် သူ၏ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။

ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်လိုက်သည်၊ မျိုးစေ့သည် အရိပ်တစ်ခုအဖြစ် ရှိနေသေးစဲဖြစ်ပြီး၊ စစ်မှန်သည့် နတ်စွမ်းရည်မျိုးစေ့အဖြစ် အပြည့်အဝ ပုံပေါ်လာမည်ကို စောင့်ဆိုင်းနေတော့သည်။

သူသည်လည်း တစ်ခဏခန့် တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။

ရွှေရောင်အလင်းတန်းသည် သွေးကြောမှတ်မှတစ်ဆင့် နှလုံးဆီသို့ ဆက်လက်၍ တိုးဝင်နေခဲ့ပြီး၊ မျိုးစေ့အရိပ်မှာလည်း တလက်လက် တောက်ပနေခဲ့သည်။

နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင် ရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။

သို့သော် မျိုးစေ့သည် အရိပ်အဖြစ်သာ ကျန်ရှိနေသေးသည်၊ နတ်စွမ်းရည်မျိုးစေ့ကို အပြည့်အဝ မရရှိသေးသည်မှာ သိသာလွန်းလှသည်။

“ ကြည့်ရတာတော့ ရွှေအလင်းတန်းကို လိုနေသေးတဲ့ပုံပဲ ………. “

ရှုကျိုးမှာ စဥ်းစားခန်းဖွင့်နေတော့လေသည် “ ဒီရွှေအလင်းတန်းက ရွှေတံတိုင်းဆီကနေ ကျလာခဲ့တာ၊ တကယ်လို့ ငါကသာ ဒီတံတိုင်းကို သွေးကြောမှတ် လည်ပတ်မှုထဲ တိုက်ရိုက်ပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်တော့မှာ မဟုတ်ဘူးလား? “

အဆိုပါ ရွှေတံတိုင်းသည် သူက သွေးကြောမှတ်များကို ပေါင်းစည်းကာ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ကို တားဆီးနေခဲ့သည်။

အကယ်၍ အဆိုပါ တံတိုင်းကိုသာ သွေးကြောမှတ် လည်ပတ်မှုနှင့် ပေါင်းစပ်နိုင်ခဲ့မည်ဆိုပါက သူ၏ကျင့်ကြံရေးက တိုးတက်သွားရုံတင်မကဘဲ၊ နတ်စွမ်းရည်မျိုးစေ့ကပါ အပြည့်အဝ ဖွဲ့စည်းသွားနိုင်လေသည်။

အကယ်၍ ၎င်းက အပြည့်အဝ ပုံပေါ်မလာခဲ့ဘူးဆိုလျှင်တောင်မှ ၎င်းသည် ကလီစာငါးခုကို အကျိုးပြုနေဦးမည် ဖြစ်သည်။

ရွှေရောင်အလင်းတန်းဖြင့် ကလီစာငါးခုကို ဆက်တိုက်အားဖြည့်ပေးနေခြင်းသည် စတုတ္ထအဆင့်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ချနေခြင်းဖြစ်ပြီး၊ သူက စတုတ္ထအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားမည့်အချိန်တွင် သူ၏ကျင့်ကြံရေး လမ်းကြာင်းသည် များစွာလွယ်ကူချောမွေ့နေမည် ဖြစ်သည်။

အဆိုပါ အုတ်မြစ်သည် စတုတ္ထအဆင့်နယ်ပယ်အတွက် ပြိုင်ဘက်ကင်းလမ်းကြောင်းကို ကြိုတင်ပြင်ဆင်ပေးခြင်းလည်း ဖြစ်သည်။

“ လျှို့ဝှက်စွမ်းအားတွေ အများကြီး သုံးခဲ့တာတောင်မှ ရွှေအလင်းတန်း နည်းနည်းလေးပဲ ကျလာခဲ့တာက နှမြောစရာပဲ၊ ရွှေတံတိုင်းကို ပေါင်းစပ်ရတာက တကယ်ကို မလွယ်ဘူးပဲ “

ရှုကျိုး၏ မျက်လုံးများ တောက်ပသွားကာ ရှန့်ဝမ်ချန်း ပြောပြာခဲ့သည့် စကားများကို ပြန်၍ အမှတ်ရသွားတော့သည်။

“ လနတ်ဘုရားဂိုဏ်းမှာ လနတ်ဘုရားမရဲ့ ကိုယ်ပွားကို ဆင့်ခေါ်ဖို့အတွက် စွမ်းအင်အမျိုးမျိုးကို သန့်စင်နိုင်တဲ့ ပစ္စည်းတစ်ခု ရှိတယ်လေ “

ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ တကယ်လို့ ငါကသာ အဲ့တာကို ရမယ်ဆိုရင်၊ ဒီရွှေတံတိုင်းကို သန့်စင်နိုင်လောက်တယ် “

“ ငါက အဲ့လိုပစ္စည်းမျိုးကို လာမဲ့ဂိုဏ်းဖြိုခွဲရေး စစ်ဆင်ရေးမှာ ရနိုင်မလားဆိုတာကို သိချင်မိတယ် “

ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ ၎င်းက လနတ်ဘုရားဂိုဏ်းအတွက် အလွန်တန်ဖိုးရှိသော ရတနာပစ္စည်းတစ်ခုဟု ဆိုကြသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက ရန်ပြည်ထောင်အဖွဲ့ချုပ်သည် တိုက်ပွဲကြီးနှင့် တိုက်ပွဲသေး ရာနှင့်ချီ၍ ပြုလုပ်ကာ လနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲများကို ချေမှုန်းခဲ့သော်လည်း၊ အဆိုပါ ပစ္စည်းကို အနည်းငယ်မျှသာ သိမ်းယူနိုင်ခဲ့သည်။

သူက ၎င်းကို ရ၊ မရဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်နေတော့သည်။

“ ဘာဖြစ်တာလဲ? “

ဘေးနားရှိ ရှန်ဖေးသည် သူသက်ပြင်းချနေသည်ကို မြင်တွေ့သွားကာ မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။

“ ဘာမှ မဟုတ်ပါဘူး “ ရှုကျိုးသည် အတွေးယာဥ်ကြောထဲမှ ပြန်ထွက်လာကာ စင်ပေါ်သို့ လှမ်းကြည့်လိုက်သည် “ ပွဲစဥ်ဘယ်လောက်ကို ရောက်နေပြီလဲ? “

“ ဆယ်ပွဲမြောက်ကို ရောက်နေပြီ၊ ငါတို့က ငါးပွဲနိုင်ထားတယ် “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ ပထမအဆင့်နှင့် ဒုတိယအဆင့်နယ်ပယ်တို့၏ အောင်ပွဲများကြောင့် တတိယအဆင့်နယ်ပယ်တို့၏ ပြိုင်ပွဲတွင် ၅၀%မျှ အနိုင်ရရုံဖြင့်ပင် ဤပြိုင်ပွဲကြီးတစ်ခုလုံးကို အနိုင်ရသွားရန် လုံလောက်နေမည်ဖြစ်သည်။

ပြိုင်ပွဲသည် ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကာ၊ အစစ်အမှန် သိုင်းပညာဌာနမှ ဦးဆောင်နေခဲ့လေသည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

တတိယအဆင့် ပြိုင်ပွဲများက ပြိုင်ဆိုင်မှုပြင်းထန်ကာ ခက်ခဲကြမ်းတမ်းနေခဲ့သော်လည်း၊ ဆယ်ကွက်အတွင်းမှာပင် အနိုင်အရှုံး ပေါ်လာလေ့ရှိသည်။

သိပ်မကြာခင် အချိန်မှာပင် ချန်ဖုန်း၏အလှည့်သို့ ရောက်ရှိလာခဲ့သည်။

ရှုကျိုးမှာလည်း ချင်ဖုန်း၏ စွမ်းအားကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

ချင်ဖုန်းက အလယ်အလတ် တတိယအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ သူ၏ဓားပျိုးထောင်ခြင်း နည်းစနစ်သည် တတိယအဆင့် အထွတ်အထိပ်ထပ် သာလွန်သည့် စွမ်းအားကို ထောက်ပံ့ပေးနိုင်လေသည်။

တစ်ခါက သူသည် နတ်ဆိုတစ်ထောင် လှိုဏ်ဂူထဲတွင် ၎င်းကို အသုံးပြုကာ တတိယအဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်၍ ရှုကျိုးကို ကယ်တင်ခဲ့ဖူးသည်။

ယခု၌ သူသည် အလယ်အလတ် တတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် အဆိုပါ တိုက်ကွက်က ပိုမိုကြောက်မက်ဖွယ်ကောင်းလာမည်သာ ဖြစ်သည်။

ပြိုင်ဘက်နှင့် အကွက်ပေါင်းများစွာ ဖလှယ်ခဲ့ပြီးသည့်နောက်တွင် ချင်ဖုန်း၏ ဓားရှည်သည် မြောက်များစွာသော ဓားချီများအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ဓားချီတစ်ခုချင်းစီတိုင်းသည် စတုတ္ထအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် စွမ်းအားများကို သယ်ဆောင်ထားခဲ့သည်။

“ ဝုန်းးး !! “

ဓားချီသည် ကောင်းကင်ပေါ်သို့ ထောင်တက်သွားခဲ့ကာ တစ်ကီလိုမီတာအတွင်းရှိ တိမ်ထုကို ဖြိုခွင်းသွားခဲ့သည်။

အဆိုပါ တိုက်ကွက် ကျဆင်းလာခြင်းနှင့်အတူ အားလုံးသည် ဒုတိယအဆင့်နယ်ပယ်တွင် ရှိနေခဲ့စဥ်က ရရှိခဲ့သည့် ချင်ဖုန်း၏ ပြိုင်ဘက်ကင်း ဂုဏ်ထူးကို ပြန်၍အမှတ်ရသွားကြသည်။

ထိုအချိန်က သူသည် တတိယအဆင့်နယ်ပယ်မှ ပညာရှင်တစ်ဦးကို တိုက်ခိုက်ပြီး၊ အဆိုပါ ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် ချင်ဖုန်းသည် ဓားကို အေးအေးလူလူ သိမ်းကာ၊ စင်ပေါ်မှ ဆင်းလာခဲ့သည်၊ စင်ပေါ်ရှိ သူ၏ပြိုင်ဘက်ကမူ မြှားအစင်း အခုတစ်‌သောင်းနှင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ မေ့မြောသွားခဲ့သည်။

“ ဘယ်လိုလဲ၊ ငါ့ရဲ့ တိုက်ကွက်က အထင်ကြီးဖို့ကောင်းတယ်မလား? “ ချင်ဖုန်းသည် ရှုကျိုးအနားသို့ ရောက်လာခဲ့ကာ ပေါ့ပေါ့ပါးပါးမေးမြန်းလာခဲ့သည်။

“ တကယ်အထင်ကြီးဖို့ကောင်းပါတယ် “ ရှုကျိုးသည် ထိန်းမထားခဲ့ဘဲ ပွင့်ပွင့်လင်းလင်း ချီးကျူးပြောဆိုလိုက်သည် “ တကယ်လို့ ကျွန်တော်သာဆိုရင်လည်း အဲ့အကွက်ကို တောင့်ခံနိုင်လောက်မှာ မဟုတ်ဘူး “

“ ဒါပေါ့ကွ “ ချင်ဖုန်းမှာ ဂုဏ်ယူဝင့်ကြွားသွားသည့်ပုံပင်။

သို့သော် သူသည် ဤတစ်ကြိမ်တွင် အဆိုပါ တိုက်ကွက်ကို အသုံးပြုလိုက်သောကြောင့် နောက်ထပ်ခြောက်လကြာသည်အထိ ထိုကဲ့သို့သော ဝှက်ဖဲအား လက်လွှတ်ထားရမည်ဆိုသည်ကို သိနေခဲ့သည်။

“ ဒီကလေးက ငါ့ထပ်ပိုစွမ်းလာဖို့ အချိန်အများကြီး ယူရမှာ မဟုတ်ဘူး “ ချင်ဖုန်းသည် ရှုကျိုးကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

…

နောက်ပိုင်းပွဲစဥ်များတွင် မည်သည့်အံ့ဩဖွယ်ရာမှ ရှိမနေခဲ့ပေ။

နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့၏ တတိယအဆင့်နယ်ပယ်ပြိုင်ပွဲသည် ၁၁ : ၁၀မှတ်ဟူသော ရလဒ်မျိုးဖြင့် ပြီးဆုံးသွားခဲ့သည်။

သို့သော် တတိယအဆင့်နယ်ပယ်ပြိုင်ပွဲ၏ ချန်ပီယံဟူသည့် ဂုဏ်ပုဒ်ကမူ နတ်သိုင်းဌာနဆီသို့ ရောက်ရှိသွားခဲ့သည်။

နတ်သိုင်းဌာနတွင် ပညာရှင်များစွာရှိနေခဲ့ပြီး၊ အကောင်းဆုံးများထဲမှ အကောင်းဆုံးလူများကို ရွေးချယ်၍ ယှဥ်ပြိုင်ခိုင်းခဲ့ခြင်းဖြစ်သောကြောင့် ထိုကဲ့သို့ ဖြစ်ပေါ်လာရသည်မှာ ပုံမှန်သာလျှင် ဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာန၏ ရလဒ်က နတ်သိုင်းဌာနထပ် သာလွန်နေခဲ့ခြင်းကပင် အတော်အတန် ချီးကျူးဖွယ်ကောင်းနေခဲ့ပြီဖြစ်သည်။

တတိယအဆင့်ပြိုင်ပွဲပြီးဆုံးသွားခြင်းနှင့်အတူ အားလုံး၏ အမူအရာများ တင်းမာသွားတော့သည်။

နတ်သိုင်းဌာနနှင့် အစစ်အမှန် သိုင်းပညာဌာနမှ ကျောင်းသူကျောင်းသားများသည် စင်မြင့်ကို စိုက်ကြည့်ကာ ဝုချင်းရှန်ကို စောင့်ဆိုင်းနေတော့သည်။

သူတို့သည် ဤနှစ်ရက်တာ ပြိုင်ပွဲ၏ ရလဒ်က မည်ကဲ့သို့ ဖြစ်သွားလဲဆိုသည်ကို သိချင်နေကြသည်။

အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနနှစ်ခုကြားတွင် မည်သူက ရယ်မောနိုင်မည်နည်း??

“ ငါကြားတာတော့ ဒီပြိုင်ပွဲရဲ့ ရလဒ်က အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာတဲ့ “

“ ဒီပြိုင်ပွဲကို ဘယ်ဘက်ကပဲ နိုင်နိုင်၊ နိုင်ငံတော်ကနေ အဲ့ဌာနကို အပြည့်အဝ ထောက်ပံ့ပေးတော့မှာတဲ့ “

“ ဆိုတော့ …….. ဘယ်ဘက်က နိုင်သွားတာလဲ? “

နတ်သိုင်းဌာနမှ သာမန်ကျောင်းသူကျောင်းသားတစ်ချို့ကပင် စိုးရိမ်တကြီးနှင့် အာရုံစိုက်နေခဲ့ကြသည်။

၎င်းမှာ ကျင့်ကြံရေး အရင်းအမြစ်အားလုံးနှင့် သက်ဆိုင်နေသည့် ကိစ္စတစ်ခုဖြစ်သည်။

ပြိုင်သုံးခုအတွင်း၌ နတ်သိုင်းဌာနသည် တတိယအဆင့်နယ်ပယ်ပြိုင်ပွဲကိုသာ အနိုင်ယူနိုင်ခဲ့သည်။ သူတို့အနိုင်ရနိုင်သည့် အခွင့်အလမ်းမှာ အတော်လေး နည်းပါးလွန်းနေခဲ့သည်။

နတ်သိုင်းဌာနဘက်မှ ဒုတိယအဆင့်နယ်ပယ် ပြိုင်ပွဲဝင်တို့၏ စွမ်းဆောင်ရည်မှာလည်း အတော်အတန် ကောင်းမွန်နေခဲ့သည်၊ အကယ်၍ ရှုကျိုးသာ မရှိဘူးဆိုပါက ဒုတိယအဆင့်ပြိုင်ပွဲ၏ ချန်ပီယံမှာလည်း နတ်သိုင်းဌာန၏ ပိုင်ဆိုင်မှုသာ ဖြစ်နေခဲ့မည်ဖြစ်သည်။

သို့သော် ရှုကျိုးကမူ ……. သာမန်ဆန်သော စံနှုန်းများဖြင့် တိုင်းတာ၍ မရပေ။

ယမန်နေ့က သူသည် ပထမအဆင့်နယ်ပယ်တွင် တိုက်ခိုက်ခဲ့ပြီး၊ ယနေ့တွင်မူ ဒုတိယအဆင့် အထွတ်အထိပ် ပါရမီရှင်များကိုပါ စိန်ခေါ်တိုက်ခိုက်ခဲ့သည်၊ ၎င်းမှာ မည်သူမှ မထင်မှတ်ထားသော အရာဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ်ပါလေ နောက်ဆုံးဆုံးဖြတ်ချက်က အဲ့ဒီ အဆင့်မြင့်ပညာရှင်တွေအပေါ်မှာ မူတည်နေသေးတယ် “

ထိုအချိန်၌ အားလုံး၏ အကြည့်များသည် စင်မြင့်ထက်သို့သာ ကျရောက်လာခဲ့သည်။

စင်ပေါ်၌

ဝုချင်းရှန်သည် နဝမအဆင့် ပညာရှင်နှစ်ဦးကို ငေးကြည့်ကာ၊ မည်သူကမှ စကားမပြောလာခဲ့ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ကျယ်လောင်စွာ ကြေညာလာတော့သည်။

“ ဌာနနှစ်ခုကြားက ပြိုင်ပွဲက ဒီမှာတင် ပြီးဆုံးသွားပါပြီ !! “

“ ရလဒ်ကို မနက်ဖြန်ကျရင် ဒီနေရာမှာပဲ ကြေညာပေးပါမယ် “

သူသည် ရလဒ်ကို ချက်ချင်း မကြေညာခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနနှစ်ခုလုံး၏ ကံကြမ္မာများနှင့် သက်ဆိုင်နေကာ အလွန်တရာ အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သောကြောင့်ပင်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် သမိုင်းတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးချေ။

သူသည် ရလဒ်ကို မကြေညာခင် အချိန်တွင် နဝမအဆင့်ပညာရှင်တစ်ချို့နှင့် အသေးစိတ် ဆွေးနွေးရဦးမည်ဖြစ်သည်။

ဝုချင်းရှန်၏ စကားလုံးများကို ကြားလိုက်ရသောအခါတွင် အားလုံး၏ စိတ်နှလုံးသားများ ပေါ့ပါးသွားခဲ့သည်။

ရှုကျိုးမှာလည်း ထိုကဲ့သို့ပင် ခံစားသွားခဲ့ရသည်၊ စိတ်သက်သာရာရခြင်းနှင့် စိတ်ပျက်ခြင်းတို့ကို တစ်ချိန်တည်းမှာပင် ခံစားနေခဲ့ရသည်။

သူသည် ဤပြိုင်ပွဲ၏ ရလဒ်က အလွန်တရာ အံ့အားသင့်ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်သွားစေမည်ဟု မှန်းဆမိနေခဲ့သည်။

သူကိုယ်တိုင်ကပင် ၎င်းအတွက် သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

…………………………………………………………………………………………………………………………..

All Chapters