အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အပိုင်း ( 298 )
အသက်လဲပွဲ
ရှားလီကော်၏ စကားကို ကြားလိုက်ရသောအခါတွင် သူ့ဘေးနားရှိ ရှန့်ဝမ်ချန်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သူသည် ရှားလီကော်က ကူညီပေးနိုင်မည်ဆိုသည်ကို သိနေခဲ့သည်။
သို့သော် ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် မေးမြန်းလာခဲ့သည် “ စီနီယာရှား၊ တကယ်လို့ ဒီဘိုးဘေးနဂါးခြင်ဆီက ပျောက်သွားမယ်ဆိုရင်၊ အဲ့တာက ကျွန့်တော် ခန္ဓာကိုယ်ထဲမှာ ရှိနေဦးမှာလား? “
ရှားလီကော် အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် သူသည် ခေါင်းခါပြ၍ ပြောလာခဲ့သည် “ တစ်ခါပျောက်သွားတာနဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတော့မှာမဟုတ်ဘူး “
သူသည် ရှုကျိုးက ထိုကဲ့သို့သော မေးခွန်းမျိုးကို မည်သည့်အတွက်ကြောင့် မေးလာရလဲဆိုသည်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူက အဲ့ဘိုးဘေးနဂါးခြင်ဆီကို ဆက်ပြီးတော့ သိမ်းထားချင်နေတာများလား?
“ ဒီဘိုးဘေးနဂါး ခြင်ဆီဆီမှာ တော်တော်လေးကို လွန်ကျူးတဲ့ ရန်လိုစိတ်ရှိတယ်။ တကယ်လို့ အဲ့တာက မင်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားမယ်ဆိုရင်၊ မင်းရဲ့ခန္ဓာကိုယ်ကို နဂါးမျိုးနွယ်စုဝင်အဖြစ် ပြောင်းလဲသွားစေနိုင်တယ် “
ရှားလီကော်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဆိုတော့၊ အဲ့လိုအတွေးမျိုးကို မတွေးတာက အကောင်းဆုံးပဲ “
ရှုကျိုး၏ စိတ်ထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားတော့သည်၊ နဝအဆင့် အထွတ်အထိပ် ပညာရှင်က ထင်ထားတဲ့အတိုင်းပဲ၊ အသိဉာဏ်ကြွယ်ဝပြီးတော့ ဗဟုသုတများတယ်။
ယခင်က သူ၏ခန္ဓာကိုယ်သည် အဆိုပါ ဘိုးဘေးနဂါးခြင်ဆီကြောင့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲလုမတတ် ဖြစ်သွားခဲ့ဖူးသည်။
သို့သော် သူသည် အဆိုပါ ဘိုးဘေးနဂါးခြင်ဆီကို လုံးဝမပျောက်ကွယ်သွားစေချင်ပေ။
သူသည် ၎င်းအား နတ်စွမ်းရည်မျိုးစေ့တစ်ခု ပြောင်းလဲရန် ဆန္ဒရှိနေခဲ့သည်။
သို့သော် အကယ်၍ သူကသာ ဤတစ်ကြိမ် အခွင့်အရေးကို လွဲချော်သွားမည်ဆိုပါက၊ တစ်ဖက်လူသည် နောက်တစ်ကြိမ်ကူညီရန် စိတ်ပါတော့မည် မဟုတ်ပေ။
လာမည့် လနတ်ဘုရားဂိုဏ်းခွဲ ရှင်းလင်းရေးမစ်ရှင်တွင် မှော်ဆန်သည့် အဆိုပါပစ္စည်းကို မရခဲ့ဘူးဆိုပါက၊ ရှုကျိုးသည် ဒုတိယအဆင့်မှာပင် အချိန်အတော်ကြာ ပိတ်မိသွားနိုင်သည်။
“ စီနီယာ “ ရှုကျိုးသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ၊ လေးလေးနက်နက် ပြောလာခဲ့သည် “ စီနီယာက အဲ့ဘိုးဘေးနဂါးခြင်ဆီကို ကျွန်တော့်ရဲ့ သွေးကြောမှတ် လည်ပတ်မှုနှင့် ပေါင်းစည်းပေးနိုင်မလားလို့ ကျွန်တော်အတင့်ရဲပြီး မေးပါရစေ “
“ ကျွန်တော် တစ်ခါ စမ်းကြည့်ခဲ့ဖူးတယ်၊ အဲ့တာက ကျွန်တော့်အတွက် တော်တော်လေး အကျိုးရှိခဲ့တယ် “
“ အို့? “
ရှားလီကော်၏ မျက်လုံးများထဲတွင် ထူးခြားသည့် အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်၊ သို့သော် အဆုံး၌ သူသည် ခေါင်းတခါခါဖြစ်သွားခဲ့သည် “ တော်တော်လေးကို ခက်တယ်။ လွဲချော်မှုသေးသေးလေးတစ်ခုကတင် မင်းရဲ့ သွေးကြောမှတ် လည်ပတ်မှုကို ပျက်စီးသွားစေနိုင်တယ် “
ရှုကျိုး၏ မျက်နှာပေါ်တွင် ကူရာကယ်ရာမဲ့သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ အဆိုပါ ဘိုးဘေးနဂါးခြင်ဆီက ပျောက်ကွယ်သွားမည်ဆိုပါက ထပ်မံ၍ ပေါ်လာဦးမည်လားဆိုသည်ကို သူမသိပေ။
သို့သော် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးမှ ကြင်နာစွာ ကူညီပေးလာခဲ့သောကြောင့် သူမည်ကဲ့သို့ ငြင်းပယ်နိုင်တော့မည်နည်း?
ရှုကျိုးသည် စိတ်ထဲတွင်သာ ကြိတ်၍သက်ပြင်းချနေတော့သည်၊ ကြည့်ရတာတော့ နတ်စွမ်းရည်မျိုးစေ့ ဖြစ်လာအောင် လုပ်မဲ့ကိစ္စကို ခဏတော့ လက်လျော့ထားရဦးမဲ့ပုံပဲ။
သူသည် ခေါင်းကိုမော့ကာ စကားပြောရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ရှားလီကော်မှ အပြုံးဖြင့် ပြောလာခဲ့သည် “ ကြည့်ရတာတော့ မင်းက ဘိုးဘေးနဂါးခြင်ဆီနဲ့ ပတ်သက်ပြီးတော့ အတွေးတစ်ချို့ရှိနေတဲ့ပုံပဲ။ စိတ်မပူပါနဲ့၊ မင်းစဥ်းစားဖို့ ငါအချိန်ပေးမှာပါ “
“ မင်းစိတ်ဆုံးဖြတ်ပြီးသွားပြီဆိုရင် ငါကိုလာရှာလိုက် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည် “ အကြီးအကဲရှား၊ အကြီးအကဲက ကွမ်ဟန်မှာ စခန်းချထားတာလေ၊ အားလပ်ချိန်ကလည်း နည်းနည်းလေး …….. “
“ စိတ်ပူစရာ မလိုပါဘူး “ ရှားလီကော်မှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ထူးခြားတဲ့ ပါရမီရှင်တွေကို သေချာပေါက် မျက်နှာသာပေးရမှာပေါ့။ ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနရဲ့ အဆင့်မြင့် မျိုးစေ့တစ်ခုပဲလေ၊ ပြီးတော့ အမြင့်ပိုင်း အဆင့်တွေကြားမှာ ပြိုင်ဘက်ကင်းလမ်းကြောင်းကို လျှောက်ဖို့အတွက် အလားအလာအကောင်းဆုံး လူတစ်ယောက်ပဲ “
“ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ငါသူ့ကို အချိန်မရွေး ကူညီပေးနိုင်တယ်။ ငါ့အတွက်တော့ ဒါက ကိစ္စသေးသေးလေးတစ်ခုပါပဲ “
“ ဒါပင်မဲ့ ရှုကျိုးအတွက်ကတော့ ဒါက စမ်းသပ်မှု တစ်ခုဆိုလည်း ဟုတ်တယ်၊ တကယ်လို့ သူက အဲ့တာကို သူ့ဘာသာ ဖြေရှင်းနိုင်မယ်ဆိုရင်၊ သူက အကျိုးအမြတ်တွေ သေချာပေါက် ရသွားလိမ့်မယ် “
ရှားလီကော်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ပြီးတော့၊ အဲ့ဒီဘိုးဘေးနဂါးခြင်ဆီက သားရဲမျိုးနွယ်ဝင်တွေ အိမ်မက်မက်တောင့်တနေရတဲ့ အရာတစ်ခုပဲ။ တကယ့်နဂါးတွေကတောင် အဲ့တာကို လိုချင်နေကြတာ “
“ အဲ့တာကို ယဥ်ပါးအောင် လုပ်ဖို့က လူသားတွေအတွက် တော်တော်လေးကို ခက်တယ် “
“ ဒါပင်မဲ့ ရှုကျိုးကသာ အဲ့တာကို အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင်၊ အဲ့တာက သူ့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ် “
ရှန့်ဝမ်ချန်းသည် ခေါင်းငြိမ့်နေရုံသာ တတ်နိုင်တော့သည်။
ရှုကျိုးသည် လက်သီးဆုပ်၍ အရိုအသေပြုကာ ကျေးဇူးတင်စကား ပြောလိုက်သည် “ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ “
အကြီးအကဲရှား၏ စကားများသည် သူ့ကို အတော်အတန် အံ့ဩသွားစေခဲ့သည်။ နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးသည် သူ၏ဆုံးဖြတ်ချက်အတွက် စောင့်ဆိုင်းနေပေးရန် ဆန္ဒရှိနေခဲ့သည်။
ရှုကျိုးသည် ကျေးစွပ်တတ်သည့် လူမဟုတ်သည့်အပြင် သူ့အပေါ် ကောင်းစွာဆက်ဆံခဲ့သူများကိုပါ မှတ်မိနေတတ်သည့် လူတစ်ဦး ဖြစ်သည်။
ရှန့်ဝမ်ချန်းမှ စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ ကိစ္စက အဲ့လိုဖြစ်နေမယ်ဆိုရင်တော့ မင်းပြန်လို့ရပြီး။ ငါက အကြီးအကဲရှားနဲ့ ကိစ္စလေးတစ်ချို့ ဆွေးနွေးရဦးမယ် “
“ ဟုတ်ကဲ့ပါ “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ အမြန်လှည့်ထွက်သွားတော့သည်။
…
ရှုကျိုး ထွက်သွားခဲ့သည့်နောက်တွင်
ရှန့်ဝမ်ချန်းသည် ရှားလီကော်ကို ထပ်ကြည့်၍ ပြောလာခဲ့သည် “ အကြီးအကဲရှား၊ ရှုကျိုးက အဲ့ဒီဘိုးဘေးနဂါးခြင်ဆီကို သူ့ဘာသာဖြေရှင်းနိုင်မယ်လို့ တကယ်ထင်နေတာလားဗျ? “
သူသည် အဆိုပါ ဘိုးဘေးနဂါးခြင်ဆီက ရှုကျိုး၏ နဂါးသွင်ပြေင်းခြင်း သားရဲစွမ်းရည်မှ ဖြစ်ပေါ်လာသည်ဆိုသည်ကို မှန်းဆမိနေခဲ့သည်။
အကယ်၍ ၎င်းက ထိုမျှလောက် ဖြေရှင်းရလွယ်ကူနေမည်ဆိုပါက သားရဲစွမ်းရည်သည် ကျင့်ကြံရ အလွန်ခက်ခဲနေခဲ့မည် မဟုတ်ပေ။
ရှားလီကော်သည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ သူက အဲ့တာကို လုံးဝမဖြေရှင်းနိုင်ပါဘူး “
“ အဲ့တာက ဘိုးဘေးနဂါးရဲ့ အဆီအနှစ်လေ၊ နတ်သားရဲသွေးမျိုးဆက်တွေကြားမှာ အသန့်စင်ဆုံး နဂါးသွေးမျိုးဆက်ကနေ ဆင်းသက်လာတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်။ သူ့ရဲ့ပင်ကိုဗီဇက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တယ်။ အဆင့်မြင့် ပညာရှင်တွေကတောင် အဲ့တာကို အလွယ်တကူ မဖြေရှင်းနိုင်ကြဘူး “
“ ဒုတိယအဆင့်မှာပဲ ရှိသေးတဲ့ ရှုကျိုးဆိုရင်တော့ ပြောမနေနဲ့တော့ “
သူ့အတွက်ကား သူသည် များပြားသော နတ်စွမ်းရည်များကို အသုံးပြုမှသာလျှင် အဆိုပါဘိုးဘေးနဂါးခြင်ဆီကို ဖယ်ထုတ်နိုင်မည်ဖြစ်သည်။
၎င်းကို ယှဥ်ပါးအောင် ပြုလုပ်ခြင်းကမူ …………
သန့်စင်သော သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် နဂါးတစ်ကောင်ကို ယဥ်ပါးအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။
“ ဒါပင်မဲ့ တကယ်လို့ သူကသာ လနတ်ဘုရားဂိုဏ်းက အဲ့ပစ္စည်းကို ရနိုင်မယ်ဆိုရင်တော့၊ သူကိုယ်တိုင် အဲ့တာကို ဖြေရှင်းနိုင်လောက်တယ် “
ရှားလီကော်မှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့တာက အပြတ်ရှင်းတဲ့နည်းပဲ၊ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်အောင်လုပ်ဖို့ကတော့ တော်တော်လေးကို ခက်တယ် “
သူသည် သူ၏ဦးခေါင်းကို ခါယမ်းပြလိုက်သည် “ ရှုကျိုးရဲ့ ရုပ်ဆိုင်ရာခွန်အားနဲ့ဆိုရင် အဲ့လိုကြမ်းတမ်းတဲ့အရာမျိုးကို တောင့်ခံနိုင်ဖို့ တော်တော်ခက်တယ် “
ရှန့်ဝမ်ချန်း စိတ်ရှုပ်ထွေးသွားတော့သည် “ အဲ့တာဆိုရင် ခုနတုန်းက ….. “
ရှားလီကော်မှ ရှင်းပြလာခဲ့သည် “ ဒီကိစ္စက ရှုကျိုးကို လေ့ကျင့်ပေးတယ်လို့ သတ်မှတ်လိုက်လို့ရတယ်။ ပြီးတော့ သူက နှောင်းပိုင်း ဒုတိယအဆင့်ကို မြန်မြန်ဆန်ဆန် ရောက်လာခဲ့တာ၊ သူ့ကို အခြေအနေ တည်ငြိမ်သွားအောင် လုပ်ခွင့်ပေးလိုက်တာလည်း ကောင်းတဲ့အရာပဲလေ “
“ သူက အဲ့တာကို သူကိုယ်တိုင် မဖြေရှင်းနိုင်ဘူးလို့ နားလည်သွားတဲ့အချိန်ကျရင် ငါက သူ့အတွက် အဲ့ဆူးခလုတ်ကို ဖယ်ပေးလိုက်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရှားလီကော်၏ အာမခံမှုကြောင့် ရှုကျိုး၏ ဒုတိယအဆင့် အထွတ်အထိပ်သို့ မတက်နိုင်သည့် ကိစ္စကို သူစိုးရိမ်ပူပန်နေရန် မလိုတော့ပေ။
သို့သော် လနတ်ဘုရားဂိုဏ်းအတွက်ကမူ …..
ရှန့်ဝမ်ချန်းသည် မျက်မှောင်ကြုတ်သွားကာ စကားဆက်ပြောလာခဲ့သည် “ လနတ်ဘုရားဂိုဏ်းမစ်ရှင်ကတော့ ကျွန်တော်က ရှုကျိုးကို သွားခိုင်းဖို့ မလိုအပ်ဘူးလို့ထင်တယ်၊ ကျွန်တော်ကြားတာတော့ အဲ့ကိစ္စက ……… “
သူ၏မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုအရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
သို့သော် ရှားလီကော်မှ ခေါင်းခါပြလာခဲ့သည် “ ဒီစစ်ဆင်ရေးမှာ ကိစ္စကြီးတွေ ဖြစ်လာလိမ့်မယ်၊ အဲ့တာက ရှုကျိုးကို အမြင်ကျယ်သွားစေလိမ့်မယ် “
ရှန့်ဝမ်ချန်း အတွေးနက်သွားတော့သည်။
အစပိုင်းတွင် သူသည် လနတ်ဘုရားဂိုဏ်း၏ ရတနာပစ္စည်းက ရှုကျိုး၏ ဘိုးဘေးနဂါးခြင်ဆီကို သန့်စင်ရာတွင် ကူညီပေးနိုင်သောကြောင့် အဆိုပါစစ်ဆင်ရေးတွင် ရှုကျိုးကို ပါဝင်ခိုင်းလိုက်ခြင်းဖြစ်သည်။
သို့သော် ယခုတွင်ကား ရှားလီကော်၏ ကတိစကား ရှိထားပြီဖြစ်သောကြောင့် သူသည် ရှုကျိုးက ထိုစစ်ဆင်ရေးတွင် ပါဝင်ရန် မလိုအပ်ဘူးဟု ခံစားသွားခဲ့ရသည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 299 )
အသက်လဲပွဲ ၂
အရေးအကြီးဆုံးမှာ သူရရှိထားသော သတင်းဖြစ်သည်၊ ဤစစ်ဆင်ရေးသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ၊ တုန်လှုပ်ဖွယ်ကောင်းသော အစီအစဥ်များပါ ပါဝင်လာခဲ့ပြီဖြစ်သည်။
ရှန့်ဝမ်ချန်းသည် ရှုကျိုးအား ထိုကိစ္စများထဲသို့ ဝင်မပါစေချင်ပေ။
“ နောင်မှာ သူက ကွမ်ဟန်ကို သွားရတဲ့ အချိန်ကျရင်၊ ဒီလိုကိစ္စတွေကို အနှေးနဲ့အမြန်ဆိုသလို သိလာရမှာပဲ “
ရှားလီကော်မှ ရယ်ရယ်မောမောဖြင့်ပြောလာခဲ့သည် “ ဒီကိစ္စထပ် ငါက ယန်တျန်ဒုံကို တားမြစ်ဆေးပေးလိုက်တဲ့လူက ဘယ်သူလဲဆိုတာကို ပိုပြီးတော့ သိချင်တယ် “
ရှန့်ဝမ်ချန်းမှ ခေါင်းခါပြ၍ ပြန်ပြောလာခဲ့သည် “ အကြီးအကဲကွေ့နဲ့ တစ်ခြားလူတွေကလည်း အဲ့ကိစ္စကို စုံစမ်းနေကြပါတယ်၊ ဒါပင်မဲ့ အခုထိ ဘာမှ ရှာမတွေ့သေးဘူး “
ထိုကဲ့သို့သော စုံစမ်းစစ်ဆေးမှုများသည် လျှို့လျှို့ဝှက်ဝှက်သာ လုပ်ဆောင်ရလေ့ရှိသည်။
ထိုကိစ္စထဲတွင် တစ်ချို့သော အကောင်ကြီးများ ပါနေမည်မှာ သေချာလှပေသည်။
ရှန့်ဝမ်ချန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ တကယ့်ပြဿနာက ဌာနနှစ်ခုရဲ့ တိုက်ပွဲပြီးသွားမှသာ ဖြစ်လာမှာ …… အဲ့လိုမျိုးလုပ်ရဲတဲ့ လူတွေက လူနည်းနည်းလောက်ပဲ ရှိတယ် “
ရှားလီကော်မှ အေးအေးလူလူ ပြောလာခဲ့သည် “ လက်ရှိ အစီအစဥ်တွေအရတော့ နတ်သိုင်းဌာနက ကျဆုံးလာတာနဲ့ ဆေးကုမ္ပဏီကြီးတွေက ထိန်းချုပ်ထားတဲ့ အရင်းအမြစ်တွေက နှစ်အနည်းငယ်အတွင်းမှာပဲ သေချာပေါက် တန်ဖိုးကျလာလိမ့်မယ်။ သူတို့က အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ် ပျော်နိုင်ကြမှာလဲ? “
“ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေက ဆေးလောကရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘဲ၊ ကွမ်ဟန်နည်းဗျူဟာဌာနရဲ့ လက်ထဲမှာပဲ ရှိတယ်။ အစစ်အမှန် သိုင်းပညာဌာနရဲ့ လူသားမျိုးနွယ်စု တိုးတက်ရေးက ဆေးလောကရဲ့ အကျိုးစီးပွားတွေကို လျှော့ချပစ်ဖို့ ကံပါလာခဲ့တယ် “
ရှားလီကော်မှ အော်ငေါက်လာတော့သည် “ အဲ့ကောင်တွေက လက်ဝါးကြီးအုပ်တတ်တဲ့ အရင်းရှင်တွေ ဖြစ်နေကြပြီ၊ မကြာသေးခင်ကမှ ငါ့ဌာနကို ရောက်လာခဲ့ပြီး၊ အမြတ်တွေရဲ့ ၃၀%ကို သိမ်းချင်နေကြတယ်၊ တကယ့်သောက်ရူးကောင်တွေ “
“ ၃၀%လား? “ ရှန့်ဝမ်ချန်း အံ့ဩသွားတော့သည်။
ရှားလီကော်သည် အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည် “ ကွမ်ဟန်နည်းဗျူဟာဌာနနဲ့ စစ်တပ်ရေးရာဌာနတွေရဲ့ အကျိုးအမြတ်တွေ အကုန်လုံးက ရှေ့တန်းက စစ်သည်တော်တွေနဲ့ပဲ ဆိုင်တာလေ။ ဆေးလောကကကောင်တွေက အဲ့တာတွေကိုပါ လောဘလာတက်နေတယ်၊ တကယ်ကို မတန်မရာမှန်းနေတဲ့ကောင်တွေပဲ “
ရှန့်ဝမ်ချန်းမှာလည်း သက်ပြင်းတချချ ဖြစ်သွားတော့သည်၊ ဆေးလောကမှ အကောင်ကြီးများက ကွမ်ဟန်နည်းဗျူဟာဌာနထံမှ အကျိုးအမြတ်များ တောင်းဆိုနေခြင်းသည် အတော် ထူးဆန်းသော ကိစ္စတစ်ခုဖြစ်သည်။
သူသည် မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့မည်ဟု ခံစားနေခဲ့ရသည်။
…
ထိုအချိန်၌ ရှုကျိုးသည် သူ၏စံအိမ်သို့ပင် ပြန်ရောက်နေခဲ့ပြီဖြစ်သည်။
“ နဝမအဆင့် အထွတ်အထိပ် ပညာရှင် …………. ဆရာဘိုးဘိုးက အဲ့လို ပညာရှင်မျိုးနဲ့ သိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ရှုကျိုးသည် စိတ်ခံစားချက်များ အနည်းငယ် ဖြစ်ပေါ်သွားခဲ့သည်၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးက သူ့ကို ကူညီပေးရန် ကမ်းလှမ်းလာခြင်း၊ ထိုကဲ့သို့သော မျက်နှာသာပေးမှုသည် အမှန်ပင် လေးလံလွန်းလှသည်။
ရှားလီကော်က သူ့အား ထိုမျှလောက်မှ မျက်နှာသာပေးနေရသည်မှာ သူက သူ၏စွမ်းရည်ကို မြင်တွေ့ထားသောကြောင့်ဖြစ်သည်။
အကယ်၍ ရှာကျိုးကသာ သွေးကြောမှတ် လည်ပတ်မှုကို မဖွင့်ထားဘဲ၊ အဆင့်ကျော်တိုက်ခိုက်နိုင်သည့် တိုက်ခိုက်ရေး စွမ်းအားကို မပြသခဲ့ဘူးဆိုပါက ရှန့်ဝမ်ချန်းနှင့် ပတ်သက်ဆက်နွယ်နေမည်ဆိုလျှင်တောင်မှ ရှားလီကော်သည် သူ၏ဆုံးဖြတ်ချက်ကို စောင့်ပေးရလောက်သည့်အထိ စိတ်ရှည်နေမည် မဟုတ်ပေ။
“ တကယ်တော့ စွမ်းရည်ကို ပြကိုပြရမှာပဲ “
ရှုကျိုးသည် အစွမ်းထက်နေသည့် အချိန်တွင် အားနည်းချင်ယောင်ဆောင်တတ်သည့် စိတ်ကူးကို မကြိုက်ပေ။
ဤကမ္ဘာကြီး၌ ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီကို ပြသမှသာလျှင် လူများက သင့်ထံတွင် ရင်းနှီးမြှုပ်နှံကာ မျက်နှာသာပေးကြမည်ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သင်၏ ဘဝခရီးလမ်းကြောင်းက ပို၍ခက်ခဲကြမ်းတမ်းနေလိမ့်မည် ဖြစ်သည်။
“ အေးဆေးပါ၊ လနတ်ဘုရားဂိုဏ်းကို ရှင်းမဲ့ စစ်ဆင်ရေးကိုပဲ စောင့်ကြတာပေါ့ကွာ “
ရှုကျိုးမှ တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ တကယ်လို့ ငါက အဲ့ပစ္စည်းကို မရှာနိုင်ဘူးဆိုရင်၊ စီနီယာရှားရဲ့ အကူအညီကို တကယ်ကြီးလိုလာနိုင်တယ် “
“ နတ်စွမ်းရည်မျိုးစေ့နဲ့ ယှဥ်လိုက်မယ်ဆိုရင် အမြင့်ပိုင်းအဆင့်တွေကို ရောက်ဖို့က ပိုပြီးတော့ အရေးကြီးပါတယ် “
နတ်စွမ်းရည်များသည် သူက စတုတ္ထအဆင့်သို့ ရောက်ရှိသွားသည့်နောက်တွင် ထပ်မံ၍ ရရှိရန် အခွင့်အလမ်းများ ရှိနေစဲပင်ဖြစ်သည်။
သို့သော် အကယ်၍ သူကသာ ဒုတိယအဆင့်နယ်ပယ်တွင် ပိတ်မိနေမည်ဆိုပါက လွန်စွာအခက်တွေ့သွားရမည် ဖြစ်သည်။
ထို့ကြောင့် လာမည့် ဂိုဏ်းရှင်းလင်းရေး မစ်ရှင်သည် လွန်စွာအရေးကြီးလှသည်။
“ အဲ့ကိစ္စမတိုင်ခင်မှာတော့ ငါ့ရဲ့စွမ်းအားကို ရသလောက် မြှင့်ထားမှရမယ် “
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားပြီး စည်းတံဆိပ်တစ်ခုကို ရုတ်တရက် ရေးဆွဲလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းတွန့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
“ ဝုန်းးး !! “
သူ့လက်အတွင်းတွင် ရှိနေသည့် စည်းတံဆိပ်တည်ရှိရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် အနည်းငယ် တုန်ခါသွားခဲ့သည်၊ ရှုကျိုး ခန္ဓာကိုယ်အတွင်းရှိ ချီ-သွေးမှာလည်း အရူးအမူးမြင့်တက်လာခဲ့ပြီး၊ သူ့အား ချက်ချင်း ခြောက်ကပ်သွားစေခဲ့သည်။
ဇွီ !!
မကြာခင်မှာပင် အလင်းတန်းတစ်ခုသည် ရှုကျိုး၏ လက်ဝါးပေါ်တွင် ဖြစ်တည်လာခဲ့သည်။
“ လူသားဧကရာဇ် စည်းတံဆိပ် !! “
ရွှေရောင် စည်းတံဆိပ်တစ်ခုသည် လေးထောင့်ပုံသဏ္ဍာန်ရှိကာ လျှို့ဝှက်ဆန်းကြယ်သော ရုန်းများဖြင့် ပြည့်နှက်နေပြီး၊ ဟင်းလင်းပြင်အတွင်းတွင် ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ စည်းတံဆိပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် နဂါးတစ်ကောင်၏ တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်၊ ထို့နောက်တွင် နဂါးအရှိန်အဝါများ ပေါ်ထွက်လာကာ လေတိုးသံများပင် ပေါ်ထွက်လာခဲ့သည်။
“ ဒီရက်တွေအတွင်းမှာ ငါက ဒီမပြည့်စုံတဲ့ အမွေအနှစ်ကို သေချာနားလည်သွားတယ်၊ ဒီကောင့်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ကြတာပေါ့ကွာ “
ရှုကျိုးသည် သူ၏စံအိမ်ထဲမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ကျောင်းအနောက်ဘက်ရှိ တောင်တန်းတစ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။
“ သွား !! “
ရှုကျိုးမှ သူ၏လက်ကို ရိုက်ထုတ်လိုက်ရာ၊ လူသားဧကရာဇ်၏ စည်းတံဆိပ်သည် လေတိုက်တိုင်း ကြီးထွားလာခဲ့ပြီး၊ မီတာပေါင်းများစွာရှိသည့် ကြီးမားသော စည်းတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
တောက်ပနေသည့် ဥက္ကာပျံကဲ့သို့ပင် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
၎င်းကျော်ြဖတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် စုတ်ပြဲသွားပုံရကာ ကျယ်လောင်သော အသံများ ဆက်တိုက်ထုတ်လွှင့်လာခဲ့သည်။
“ ဝုန်းးး !!! “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် လူသားဧကရာဇ်စည်းတံဆိပ်သည် အဝေးရှိ တောင်တစ်တောင်ကို တိုက်ချသွားကာ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ဖြစ်ပေါ်သွားစေခဲ့သည်။
တောင်သည် ချက်ချင်းဆိုသလိုပင် ပြိုကွဲသွားခဲ့သည်၊ ပြင်းထန်သော ထိတွေ့မှုကြောင့် တောင်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်၊ မီတာ ၁၀၀ကျော်အကွာရှိ ရှုကျိုးကပင် တုန်ခါမှု လေလှိုင်းလုံးများကို ခံစားလိုက်ရသည်။
များပြားသော ကျောက်တုံးများသည် ကောင်းကင်ပေါ်မှ ရွာချလာသည့် မိုးစက်များကဲ့သို့ ကျဆင်းလာခဲ့သည်။
ရှုကျိုးမှ အရှေ့ဘက်သို့ ပျံထွက်သွားပြီး၊ အဆိုပါ တောင်တန်းကို သွားကြည့်လိုက်ရာ၊ တောင်တန်းပေါ်တွင် မီတာ ၃၀ကျယ်ဝန်းကာ ၁၀မီတာကျော်နက်သည့် တွင်းပေါက်တစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ စွမ်းလှချည်လားဟ !! “ ရှုကျိုးသည် မနေနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။
“ တကယ်လို့ ငါကသာ သွေးကြောမှတ်တွေ အကုန်လုံးကို အသက်သွင်းလိုက်ပြီးတော့ ဒီစည်းတံဆိပ်ကို သုံးလိုက်မယ်ဆိုရင်၊ နှောင်းပိုင်းတတိယအဆင့် ပညာရှင်တွေကတောင် ကြောက်ချီးပန်းသွားလောက်တယ် “
တတိယအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် အဆင့်သေးတစ်ခုချင်းစီတိုင်း၏ ကွာဟချက်သည် တဖြည်းဖြည်း ကြီးမားလာမည်ဖြစ်သည်။
အလယ်အလတ် တတိယအဆင့်နှင့် နှောင်းပိုင်းတတိယအဆင့်တို့ကြားတွင် သုံးဆတိတိ ကွာခြားနေမည်ဖြစ်သည်။
အကယ်၍ ရှုကျိုးကသာ ဤစည်းတံဆိပ်ကို ပြိုင်ပွဲကာလအတွင်းတွင် အသုံးပြုခဲ့မည်ဆိုပါက၊ ယန်တျန်ဒုံသည် သူ၏ ဖိနှိပ်မှုကို ချက်ချင်းခံလိုက်ရမည်ဖြစ်သည်။
“ ဒါပင်မဲ့ ဒီစည်းတံဆိပ်ရဲ့ စွမ်းအင်စားသုံးမှုက တော်တော်ကြီးကို များတယ်၊ ငါ့ရဲ့ချီ-သွေးစွမ်းအားကတောင် ချက်ချင်းကြီး လျော့သွားတယ် “
ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည် “ တကယ်လို့ ငါ့ဆီမှာသာ အင်မော်တယ်စွမ်းရည် မရှိဘူးဆိုရင်၊ အခုချိန်လောက်ဆို ငါမှောက်နေလောက်ပြီ “
စွမ်းအင်စားသုံးမှု မြင့်မားသော်လည်း ရှုကျိုးသည် အဆိုပါ လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအားနှင့် ပတ်သက်၍ အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။
သူသည် သူ၏ဝှက်ဖဲတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
“ ဒါက မပြည့်စုံသေးဘူး၊ ပုံစံပဲပေါ်သေးတယ်၊ အနှစ်သာရ မပါသေးဘူး “ ရှုကျိုးသည် တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည်။
“ တကယ့် လူသားဧကရာဇ် စည်းတံဆိပ်နဲ့ယှဥ်လိုက်မယ်ဆိုရင်၊ ဒါက အဲ့တာရဲ့ စွမ်းအားကို ၁%လောက်ပဲ ထုတ်သုံးနိုင်တယ် “
၎င်း၏ စွမ်းအား ၁%ကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 300 )
အသက်လဲပွဲ ၃
လူသားဧကရာဇ်၏ တကယ့်စည်းတံဆိပ်ထံတွင် မည်ကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်နည်း?
အရေးအကြီးဆုံး အရာမှာ ဤနည်းစနစ်သည် ကြီးထွားတိုးတက်ရေး သိုင်းပညာတစ်ခုဖြစ်ပြီး၊ ရှုကျိုး၏ စွမ်းအားက မြင့်တက်လာသည်နှင့်အမျှ ၎င်းမှာလည်း လိုက်ပါ၍ တိုးတက်လာမည်ဖြစ်သည်။
သူ၏စွမ်းအားက ကောင်းလေလေ၊ သူထုတ်သုံးနိုင်သည့် စွမ်းအားက ပိုကြီးလေလေဖြစ်သည်။
“ ဒါပင်မဲ့ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ အရေးအကြီးဆုံး စွမ်းရည်က မျိုးနွယ်စုတစ်သောင်းကို အမိန့်ပေးတာပဲ “ ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
တစ်နေ့နေ့တွင် သူသည် သားရဲထိန်းချုပ်ဌာနသို့ သွားရောက်ကာ ၎င်းကို စမ်းသပ်ကြည့်နိုင်လေသည်။
သို့သော် စည်းတံဆိပ်က မပြီးပြည့်စုံသေးသည့်အတွက် ထိုကဲ့သို့ ပြုလုပ်ရန် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းနေရဦးမည်ဖြစ်သည်။
“ ငါက အမွေအနှစ် ထပ်ရအောင် ဘာတွေလုပ်ရမှာလဲ? “
ရှုကျိုးသည် တွေးတောစဥ်းစားနေတော့သည် “ တကယ်လို့ ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင်ရော၊ လူသားဧကရာဇ်ရဲ့ အမွေအနှစ် ဆက်ခံမှုကို ဆင့်ခေါ်နိုင်ဦးမှာလား? “
ဆွစ်ရှ် !!!
ထိုအချိန်၌ ပုံရိပ်တစ်ချို့သည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး၊ ယခုလေးတင် ပေါက်ကွဲသွားခဲ့သည့် တောင်တန်းကို အံ့ဩတကြီး ငေးကြည့်နေကြတော့သည်။
ရှုကျိုးသည် လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
“ ဘယ်သူလဲ? “
“ အတင့်ရဲလိုက်တာ၊ ငါတို့ကျောင်းနောက်က တောင်တန်းကို ဖောက်ခွဲရဲတယ်ပေါ့၊ သူ့ကို မြန်မြန်လိုက်ဖမ်းကြ “
ပုံရိပ်တစ်ချို့သည် မီတာ ၃၀ရှိသည့် တွင်းပေါက်ကြီးကို ကြည့်ကာ တအံ့တဩဖြစ်သွားကြပြီး၊ ထို့နောက်တွင် ဒေါသတကြီးဖြစ်သွားကြသည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် ပြဿနာရှာရဲခြင်းမှာ တကယ့်အာဂသတ္တိပင်ဖြစ်သည် !!
ထိုအချိန်တွင် ထိုလူများထဲရှိ လူတစ်ဦးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ နေဦး၊ အဲ့လူကို ကြည့်ရတာက ရင်းနှီးနေသလိုပဲ၊ သူက …… ရှုကျိုးနဲ့တူသလိုပဲ “
“ ဘာကြီး? တကယ်ကြီးကို သူဖြစ်နေတာလားဟ? “
“ ရှုကျိုးရဲ့ စွမ်းအားက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား? “
“ မေ့လိုက်တော့၊ အခုအချိန်မှာ အဲ့ကလေးက ငါတို့ကျောင်းရဲ့ ရတနာဖြစ်နေပြီ၊ မမြင်ချင်ယောင်ဆောင်ပေးလိုက်ကြပါ “
သူတို့သည် ကူရာကယ်ရာမဲ့နေသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
…
ထိုအချိန်၌ ရှုကျိုးသည် စံအိမ်ထဲသို့ ပြန်ရောက်နေကာ တင်ပျဥ်ခွေထိုင်နေခဲ့သည်။
“ နည်းနည်းလေးပေါ့ဆမိသွားတာပဲ “ သူသည် သူ၏ချွေးများကို သုတ်လိုက်သည်။
သူသည် လူသားဧကရာဇ်၏ စည်းတံဆိပ်က တောင်တန်းကို ချက်ချင်း ဖောက်ခွဲလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
အကယ်၍ သူသာ ကြိုသိနေခဲ့မည်ဆိုပါက၊ အနောက်ဘက်တောင်တန်းသို့သွားကာ စမ်းသပ်ကြည့်မည် မဟုတ်ပေ။
“ နောက်ရက် နည်းနည်းလောက်နေရင်တော့ လျော်ကြေးပေးရမယ် “
ရှုကျိုးသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည်။
ထို့နောက်တွင် သူသည် ထိုကိစ္စကို လျစ်လျူရှုထားလိုက်ပြီး၊ စနစ်၏ မျက်နှာပြင်ကို ဖွင့်ကာ ကြည့်ရှုစစ်ဆေးနေတော့သည်။
ဤနှစ်ရက်အတွင်းတွင် သူ၏ချီ-သွေးနှင့် ကိုယ်ပွား၏အဆင့်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
“ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက နတ်နဂါးသားရဲကြီးက ကံကောင်းသွားပြီးတော့ နတ်သားရဲသွေးမျိုးဆက်ရှိသည့် သားရဲအုပ်တစ်အုပ်ကို တွေ့ခဲ့တယ်၊ နတ်သားရဲအူတိုင်တစ်ချို့တောင် ရခဲ့တယ် “
“ သားရဲအူတိုင်တွေက အဆင့်တက်လာအောင်ပဲ လုပ်နိုင်တယ်၊ အလေးချိန်မပါဘူး၊ အဲ့တာတွေက ကိုယ်ပွားအတွက် တန်ဖိုးအရှိဆုံး အစာပဲ “
“ နတ်သားရဲအူတိုင်တစ်ခုက အဆင့်တစ်ဆင့်တိတိ မြင့်တက်သွားစေခဲ့တယ် “
ယခု၌ သူ့ကိုယ်ပွား၏ အဆင့်သည် ဒုတိယအဆင့် အဆင့်၅ ( ၈၀% )အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
နှစ်ရက်အတွင်းမှာပင် အဆင့်သေးနှစ်ဆင့်တိတိ မြင့်တက်လာခဲ့သည်။
“ အဆင့်မြင့်လာတာနဲ့အတူ ဟင်းလင်းပြင် စွမ်းရည်ကလည်း တိုးတက်မှုလက္ခဏာတွေ ပြလာတယ် “
ရှုကျိုးမှာ စဥ်းစားခန်းဖွင့်နေတော့လေသည် “ ကိုယ်ပွားက နောက်တစ်ခါ အဆင့်တက်သွားရင် ဟင်းလင်းပြင် စွမ်းရည်ကလည်း ထပ်ပြီးတော့ တိုးတက်လာနိုင်တယ်၊ ဟင်းလင်းပြင် စွမ်းရည်အသစ်တွေတောင် ရလာနိုင်တယ် “
ဟင်းလင်းပြင် စွမ်းရည် !!
၎င်းက မည်မျှ အစွမ်းထက်လဲဆိုသည်ကို စကားလုံးများဖြင့် ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။
တည်နေရာ ကူးပြောင်းခြင်းတစ်ခုတည်းကပင် ရှုကျိုးကို တိုက်ပွဲများအတွင်းတွင် ကြီးကြီးမားမား ကူညီပေးနေနိုင်ပြီဖြစ်သည်။
သို့သော် တည်နေရာ ကူးပြောင်းခြင်းသည် ဟင်းလင်းပြင် စွမ်းရည် အခြေခံအကျဆုံး (သို့) အရိုးရှင်းဆုံး လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
ပို၍နက်နက်နဲနဲ တူးဆွလိုက်မည်ဆိုပါက ဟင်းလင်းပြင် စွမ်းရည်က ယူဆောင်ပေးလာမည့် တိုးတက်မှုများမှာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားရလိမ့်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ အခုလက်ရှိ နတ်နဂါးသားရဲကြီးက ထောင်းထျဲ့ကို ကိုင်တွယ်နိုင်သင့်နေပြီ “
ထိုအချိန်က သူတွေ့ခဲ့သည့် ထောင်းထျဲ့သည် အလယ်အလတ်အဆင့် နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခဲ့သည်။
အကယ်၍ သူကသာ ၎င်းကို စားသောက်နိုင်မည်ဆိုပါက တိုးတက်မှုသည် အလွန်မြန်ဆန်သွားလိမ့်မည် ဖြစ်သည်။
သူသည် ၎င်းကို ရက်ပေါင်းများစွာကြာသည်အထိ တွေးတောနေခဲ့ခြင်းဖြစ်သည်။
သူသည် အကယ်၍ မသေမျိုးနတ်နဂါးသားရဲကြီးကသာ ၎င်းကို အမှောက်သိပ်နိုင်ခဲ့မည်ဆိုပါက နတ်နဂါးသားရဲကြီး၏ အဆင့်က ထပ်မံ၍ မြင့်တက်လာခဲ့ကာ သူ၏မူလကိုယ်ကလည်း ဟင်းလင်းပြင် စွမ်းရည်၏ လုပ်ဆောင်မှု အသစ်များကို နားလည်နိုင်လိမ့်မည်ဟု ဝေဝေဝါးဝါး ခံစားနေခဲ့ရသည်။
…
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွင်း၌
မသေမျိုးနတ်နဂါးသားရဲကြီးသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လာခဲ့ပြီး၊ စိတ်အားထက်သန်နေသည့် အမူအရာဖြင့် တစ်နေရာရာကို စိုက်ကြည့်နေလျက်ရှိသည်။
“ ဝုန်းးး !!! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ရွှေရောင်တောင်ပံများ ရုတ်တရက် လှုပ်ခါလာခဲ့ပြီး၊ ကြီးမားသော ရွှေနက်ရောင် ပုံရိပ်ကြီးတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။
မိုင်၂၀၀အကွာ၌
သိုးဦးချိုနှင့် ကျားခန္ဓာရှိသည့် ထောင်းထျဲ့သားရဲသည် ကျောက်လှေကားပေါ်တွင် လှဲလျောင်းနေလျက်ရှိသည်။
၎င်း၏ ဝမ်ဗိုက်နားတွင် နို့စို့ရန် ကြိုးစားနေသည့် သားရဲပိစိလေးများလည်း တည်ရှိနေခဲ့သည်။
“ ကလေးတို့၊ မြန်မြန်ကြီးလာကြပါတော့ …… “
ထောင်းထျဲ့သည် လေသံတိုးတိုးလေးဖြင့် ရေရွတ်ပြောဆိုနေလျက်ရှိသည် “ နောက်လပိုင်းလောက်ဆိုရင် လူသားတစ်အုပ်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်လာကြတော့မှာ။ အမေ့နောက်ကို လိုက်ပြီးတော့ သူတို့အားလုံးကို သတ်ပစ် ……. “
“ ပြီးတော့ နောက်ဆုံးတစ်ခေါက်တုန်းက ငတုံးကောင် ရွှေရောင်သားရဲကိုရောပဲ၊ အဲ့ကောင်ကတော့ သွေးနှော ဟုတ်ပုံမရဘူး ……. “
“ မကြာခင်မှာပဲ အဲ့ကောင်ကို လိုက်ရှာမယ်၊ အဲ့ကောင်ရဲ့ အသားတွေက တော်တော်လေးကို အရသာရှိနေမှာ “
ထောင်းထျဲ့သည် လောဘများ ဖုံးလွှမ်းနေသည့် မျက်လုံးများဖြင့် နှုတ်ခမ်းတသပ်သပ်ဖြစ်သွားခဲ့သည်။
“ ဘုမ်းးး !!! “
ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ ဟမ်? “
အစတွင် ထောင်းထျဲ့သည် ၎င်းကို လျစ်လျူရှုထားခဲ့သည်၊ သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားခဲ့ကာ ချက်ချင်း မတ်တပ်ထရပ်လာတော့သည်။
အွစ် !!
၎င်းသည် ၎င်းခြေထောက်အောက်ရှိ သားပေါက်လေးတစ်ကောင်ကို မတော်တဆ ချေမွမိသွားခဲ့သည်။
ထောင်းထျဲ့သည် ၎င်းကို လျစ်လျူရှုထားပြီး ဒေါသများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်နေခဲ့သည်။
ဟိုကောင်ကျုးကျော်သူပဲ !!
ရွှေရောင်တောင်ပံနဲ့ ငတုံးကောင် !!
ဒီကို တကယ်ကြီး ထပ်လာရဲနေတယ်ပေါ့လေ !!
“ ဝေါင်းး !! “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ထောင်းထျဲ့သည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။
၎င်းသည် မြေပြင်ကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်ချလိုက်ကာ ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့သည်။
၎င်းမှာ နတ်သားရဲသွေးမျိုးဆက်တို့၏ ကြောက်မက်ဖွယ်ကောင်းသည့် အချက်တစ်ချက်ဖြစ်ပြီး၊ ၎င်းတို့သည် တတိယအဆင့် သားရဲကောင် မဟုတ်ဘူးဆိုလျှင်တောင်မှ ပျံသန်းနိုင်ကြပေသည်။
“ ဟမ်? “
နတ်နဂါးသားရဲကြီးသည် ပြိုင်ဘက်က သူ့ဆီသို့ အလောတကြီး ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် တအံ့တဩဖြစ်သွားခဲ့သည်။
သို့သော် ၎င်းသည် လုံးဝကြောက်ရွံ့မသွားဘဲ၊ တောင်ပံများကို အပေါ်သို့ မြှောက်ကာ စမတ်ဒေါင်း ဆော့ကစားကိုင်ပေါက်နေသကဲ့သို့ ထိပ်တိုက်ရင်ဆိုင်၍ ရိုက်ချလာတော့သည်။
ယခုလက်ရှိ နတ်နဂါးသားရဲကြီးသည် ဒုတိယအဆင့်နယ်ပယ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။
၎င်း၏တိုက်ခိုက်မှုကို တတိယအဆင့်သို့ ရောက်ခါစဖြစ်သည့် သားရဲတစ်ချို့ကပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
ထောင်းထျဲ့သည် လုံးဝမရှောင်ရှားဘဲ၊ ၎င်း၏ပါးစပ်ကို ဖွင့်ကာ မီးလုံးများ ပစ်လွှတ်လာခဲ့သည်။
“ ဝုန်းးး !! “
မီးလုံးများသည် တောင်ပံများကို ချက်ချင်းထိမှန်သွားခဲ့သည်။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ရမ်းသွားခဲ့ပြီး၊ အပူဒဏ်ကို ချက်ချင်းခံစားသွားခဲ့ရသည်။
မီးလုံးများထဲတွင် စွမ်းအင်တစ်ချို့ ပါဝင်နေပုံရပြီး၊ အရေပြား၊ အသားနှင့် အရိုးများကိုပင် ချက်ချင်းလောင်ကျွမ်းသွားစေခဲ့သည်။
သို့ရာတွင် အင်မော်တယ်စွမ်းရည် ပိုင်ဆိုင်ထားသည့် နတ်နဂါးသားရဲကြီးအတွက်မူ ၎င်းတို့မှာ အသေးအမွှား ဒဏ်ရာလေးမျှသာ ဖြစ်နေခဲ့သည်။
“ အလယ်အလတ်အဆင့် နတ်သားရဲက ထင်ထားတဲ့အတိုင်းပဲ၊ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ဖြုံလောက်တယ် “ နတ်နဂါးသားရဲကြီးမှ တိတ်တဆိတ် တွေးတောနေတော့သည်။
သို့ရာတွင် ထောင်းထျဲ့မှာ ၎င်းထပ်ပို၍ အံ့ဩသွားခဲ့သည်။
“ ဒီကောင်က ငါ့မီးတွေ ထိသွားပြီးတော့ ဘာမှမဖြစ်သွားဘူးလား? “
ထောင်ထျဲ့၏ စိတ်နှလုံးသားသည် ချက်ချင်း လေးလံသွားတော့သည် “ အဲ့ကောင်က သွေးနှောကောင် မဟုတ်ဘဲ၊ နတ်သားရဲကောင် ဖြစ်နေတာများလား? “
“ ဝေါင်း !! “
နတ်နဂါးသားရဲကြီးသည် တွေးတောစဥ်းစားနေခွင့်မပေးဘဲ၊ ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
ဟင်းလင်းပြင်စွမ်းရည်၊ တည်နေရာကူးပြောင်းခြင်း !!
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်နဂါးသားရဲကြီးသည် ထောင်းထျဲ့၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ ဘာကြီး?? ” ထောင်းထျဲ့သည် ကြက်သီးများပင် ထသွားတော့သည်။
ထို့နောက်တွင် ပြိုလဲကျသွားသည့် တောင်တစ်ခုကဲ့သို့ ကြီးမားသည့် တောင်ပံတစ်ခု ကျဆင်းလာခဲ့သည်။
ဘမ်း !!
ထောင်းထျဲ့ လွင့်ထွက်သွားတော့သည်။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ထောင်းထျဲ့သည် ကောင်းကင်ထက်မှ ပြုတ်ကျလာသည့် ဥက္ကာပျံတစ်ခုကဲ့သို့ မြေပြင်နှင့် တိုက်မိကာ မီတာ ၁၀၀ကျော် ကျယ်ဝန်းသည့် ချိုင့်ဝှမ်းတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
ထောင်းထျဲ့သည် တွင်းထဲမှ တွားသွားထွက်လာခဲ့သည်၊ ၎င်း၏ပခုံးတစ်ဖက် အက်ကွဲကြောင်းတစ်ခု ရှိနေကာ သွေးများ ဖြာထွက်နေခဲ့သည်။
သို့သော် ၎င်းသည် ထိုအရာများကို လုံးဝလျစ်လျူရှုထားခဲ့သည်။
“ မဖြစ်နိုင်ဘူး !! အဲ့ကောင်ဆီမှာ ဒီလိုစွမ်းရည်မျိုး ဘယ်လိုလုပ် ရှိနေရတာလဲ? “
ထောင်းထျဲ့သည် အံ့ဩတုန်လှုပ်မှုအပြည့်ဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်နေလျက်ရှိသည်။
ဟင်းလင်းပြင်စွမ်းရည် !!
၎င်းမှာ အဆင့်မြင့် နတ်သားရဲများသာ ပိုင်ဆိုင်နိုင်သည့် စွမ်းရည်ဖြစ်သည် !!
“ မဟုတ်ဘူး၊ တကယ်လို့ အဲ့ကောင်က ဟင်းလင်းပြင်စွမ်းရည် ပိုင်ထားတယ်ဆိုရင်တောင်မှ၊ သူ့ကို ချက်ချင်း သတ်နိုင်မယ်ဆိုရင် ….. “ ထောင်းထျဲ့၏ စိတ်ထဲတွင် အတွေးစိတ်ကူးများ ပလူပျံလာခဲ့သည် “ ဒီကောင်က တည်နေရာကူးပြောင်းခြင်း နိယာမကို မတော်တဆ ဖမ်းဆုပ်မိထားတာပဲ ဖြစ်ရမယ် “
ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ ၎င်းသည် သားရဲမျိုးနွယ်စုများကြားမှာပင် အလွန်တရာ ထူးခြားနေခဲ့ပြီဖြစ်သည်။
ဟင်းလင်းပြင် စွမ်းရည်၏ အခြေခံနည်းစနစ်ကပင် သားရဲတော်တော်များများကို ရူးသွပ်သွားအောင် ပြုလုပ်နိုင်ပေသည်။
ဟင်းလင်းပြင် စွမ်းရည်၏ အနှစ်သာရကို အပြည့်အဝ နားလည်သဘောပေါက်သွားမည်ဆိုပါက ဟင်းလင်းပြင် ဖောက်ခွဲခြင်း၊ ဟင်းလင်းပြင် ဆုတ်ဖြဲခြင်းတို့ကဲ့သို့သော လုပ်ဆောင်မှုများကို တတ်မြောက်သွားကာ တတိယအဆင့် နတ်သားရဲကိုပင် ချက်ချင်း သတ်နိုင်မည်ဖြစ်သည်။
ထောင်းထျဲ့ အတွေးနက်နေသည့် အချိန်တွင် နတ်နဂါးသားရဲကြီးသည် တိုက်ခိုက်မှုများကို ထပ်မံ၍ပြုလုပ်နေတော့သည်။
“ ငါနင့်ကို မကြောက်ဘူး !! “ ထောင်းထျဲ့မှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းမှ ၎င်း၏ သွေးမျိုးဆက်ကို လောင်ကျွမ်းလိုက်ရာ စွမ်းအားများ ချက်ချင်း မြင့်တက်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ထောင်းထျဲ့သို့ ကောင်းကင်ပေါ်သို့ ထပ်တက်လာကာ နတ်နဂါးသားရဲကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။
၎င်းသည် နတ်နဂါးသားရဲကြီးကို ဆုတ်ဖြဲရန် စိတ်ပိုင်းဖြတ်ထားခဲ့ပြီဖြစ်သည်။
“ ဝေါင်း !! ဝေါင်း !! “
သားရဲနှစ်ကောင်သည် ကောင်းကင်ထက်တွင် စီးချင်းထိုးကာ ဟိန်းဟောက်နေကြသည်။
တိုက်ပွဲသည် တဖြည်းဖြည်း ရက်စက်ကြမ်းတမ်းလာခဲ့သည်။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ သားရဲနှစ်ကောင်လုံး လွင့်ထွက်သွားကြသည်၊ နှစ်ကောင်စလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
နတ်နဂါးသားရဲကြီးသည် ပြိုင်ဘက်ကို ငေးကြည့်ကာ ၎င်း၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်လိုက်သည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။ တစ်ဖက်မှ သားရဲမ၏ စွမ်းအားသည် သူမျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။
သို့သော် ထို့ကြောင့်ပင် ထောင်းထျဲ့ကို အနိုင်ယူချင်နေသည့် သူ၏ဆုံးဖြတ်ချက်မှာ ပို၍ခိုင်မာသွားခဲ့သည်။
ရှုကျိုးသည် သူကသာ အဆိုပါ ထောင်းထျဲ့ကို အမှောက်သိပ်နိုင်မည်ဆိုပါက သူ၏ခွန်အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
နတ်နဂါးသားရဲကြီးနှင့် ထောင်းထျဲ့နှစ်ကောင်စလုံးမှာ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။
ထောင်းထျဲ့သည် ဤမျှ စိတ်ရှုပ်ထွေး(သို့) စိတ်ညစ်ရသည့် တိုက်ပွဲမျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။
ယနေ့တွင် သူမကသာ အောင်နိုင်သူဖြစ်ရမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ကြုံးဝါးနေလျက်ရှိသည်။
“ ဝေါင်းး !! “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သားရဲနှစ်ကောင်သည် ထိပ်မံ၍ တိုက်ခိုက်ကာ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေကြတော့သည်။
အဆုံးသတ် တိုက်ပွဲ စတင်ပြီဖြစ်သည် !!
………………………………………………………………………………………………………………………………..